ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ကျန်းမာရေး ပညာပေး. Show all posts
Showing posts with label ကျန်းမာရေး ပညာပေး. Show all posts

Thursday, October 24, 2013

--လူထုကျန်းမာရေး(ရောဂါကို ငွေ ပေးဝယ်ယူသူများ(သို့မဟုတ်) ငွေကို မီးရှို့သူများ)---

 
**Public Health**
ကမ်္ဘာပေါ်ရှိ လူသားတိုင်း အသက်ရှင်ကျန်းမာရေးအတွက် အစားအစာများကို နေ့စဉ် မှီဝဲစားသောက် နေကြရပေသည်။ နေ့စဉ် မှီဝဲကြသော အစားအစာများကို ကျောင်းသင်ခန်းစာများမှာ အုပ်စုသုံးစုခွဲ၍ သင်ကြား ခဲ့ကြရပါသည်။ အင်အားဖြစ်စေသော အစားအစာများ၊ ခန်္ဓာကိုယ်ကြီးထွားစေသော အစားအစာများနှင့် ရောဂါ ကာကွယ်စေသော အစားအစာများဟူ၍ ဖြစ်ပါသည်။ ဤသို့ဆိုလျှင် စာရေးသူအနေဖြင့် ကျန်းမာရေးကို အထောက်အကူပြုသော အစားအစာများနှင့် ရောဂါ ဖြစ်စေသော အစားအသောက်များကို ခွဲခြားတင်ပြလိုပေ သည်။ လူ၏ ခန်္ဓာကိုယ်အာဟာရဖြစ်စေပြီး ကျန်းမာစေသည့် အစားအသောက်များသည် ကျန်းမာရေးကို အထောက်အကူပြုသော အစားအသောက်များ ဖြစ်ပါသည်။ ;ရောဂါဖြစ်စေသော အစားအသောက်များမှာကား ဆေးလိပ်၊ အရက်၊ ဘိန်း၊ ဘိန်းဖြူ၊ ကစော်၊ လှော်စာ၊ ထန်းရည်၊ ဘင်း၊ ယခုခေတ်ပေါ် ကျွဲရိုင်းအရက်၊ ဘီယာ မျိုးစုံ၊ ရမ်၊ ၀ိုင် စသည်တို့ဖြစ်ပါ၏။ နောက်ဆက်တွဲတိုးလာခဲ့သော စွဲစွဲလမ်းလမ်းဖြစ်စေသည့် မူးယစ်ဆေး တစ်မျိုးမှာ ကွမ်းယာဖြစ်ပါသည်။ ကွမ်းယာသည်လည်း တစ်ယာစ၊ နှစ်ယာစစမ်းဝါးမိရာမှ တဖြည်းဖြည်း စွဲလမ်းကာ ဖြတ်မရသည့် အနေအထား ရောက်သွားပါသည်။ ဖြတ်မရဘဲ ရှိနေသည့် အရာမှန်သမျှကို မူးယစ်ဆေးဟု သတ်မှတ်ထားရာ ဖော်ပြရေးပြခဲ့သော အစားအသောက်များသည် ရောဂါဖြစ်စေသော အစားအသောက်များသာဖြစ်ပါသည်။  ရောဂါတကယ်ဖြစ်စေကြောင်း ဆရာဝန်များက လူနာများမှတစ်ဆင့် ဟောပြောတားမြစ် ပညာပေးပါသည်။ စာအုပ်၊ ဂျာနယ်၊ မဂ်္ဂဇင်း၊ စာစောင်များကလည်း ရောဂါဝယ်ယူသူများ(သို့မဟုတ်)ငွေကိုမီးရှို့သူများ ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွ ဆေးပြား အစရှိသော အစားအသောက်များသည် ရောဂါ ဖြစ်ေ စနိုင်ကြောင်း၊ ကုရာနတ်္ထိ ဆေးမရှိ၊ ဖြစ်ပေါ်ခံစားရ ပြီဆိုပါက ငွေကုန်ကြေးကျများကာ အသက်ငယ်ငယ်နှင့် လူ့ဘ၀ကျောခိုင်းရကြောင်း ရေးကြ မှတ်သားတင်ပြကြသည်ကို တွေ့ကြရပါသည်။ 


မီဒီယာများကလည်း စွဲလမ်းစေသော မူးယစ်ဆေးမှန်သမျှ ကွမ်းယာမှအစ လုံးဝဆိုးကျိုးများကို သာ ဖြစ်ေ စ ကြောင်း ဖော်ပြ ပါရှိပါသည်။ သို့တိုင် ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ ဘိန်း အစရှိသော မူးယစ်ဆေးဝါးများအား စားသော က်နေကြဆဲဖြစ်သည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရသည်။ ကျန်းမာရေးကို လုံးဝ အထောက်အကူ မပြုကြောင်း၊ ရောဂါမျိုးစုံရစေကြောင်း၊ ကုသရ ငွေကုန်ကြေးကျ များကြောင်း၊ ကုမရဘဲ အသက်ဆုံး ရှုံးရကြောင်း၊ အသက် မသေခင်မှာပင် အမှားများစွာ သံသရာအထိ ကြုံရနိုင် ကြောင်း၊ သုံးစွဲသူကိုယ်တိုင်မက သုံးစွဲသူနှင့်အတူနေ မိသားစုများ၊ ပတ်ဝန်းကျင်များကိုပါ နာမည်ဆိုးဖြင့် လုံးဝကောင်းကျိုးမပြုခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ဆိုးကျိုးဖြစ်သည်ကို သိပါလျက် မြို့ရော တောပါ လူငယ်များစွာ သောက်စားစွဲ လမ်းနေကြပါသည်။ ဆရာဝန်များ အဆုံးအမ၊ မိဘဆရာသမား အဆုံးအမ၊ သတင်းစာ၊ ဂျာနယ်၊ မဂ်္ဂဇင်း၊ စာစောင်များ၏ တင်ပြတားမြစ် ဆုံးမဟန့် တားမှုများကိုလည်း လုံးဝနားမလည် လက်မခံကြပေ။ အသိခေါက် ခက် အ၀င်နက်၊ မရှိတာထက် မသိတာခက် ဆိုသကဲ့သို့ ဖြစ်နေကြပါသည်။ ကျွန်တော့်အနေဖြင့် အဆင့်တက်၍ပင် ဆိုချင်ပါသည်။  ဘာမှ အာဟာရမဖြစ်၊ ကျန်းမာရေးကို လုံးဝ အထောက်အကူမပြုသော ဆေးလိပ်၊ အရက်မျိုးစုံ၊နှင့် မူးယစ်ဆေးမှန်သမျှ သုံးစွဲနေကြသူများသည် ရောဂါကို ငွေ ပေးဝယ်ယူသူများ(သို့မဟုတ်) ငွေကို မီးရှို့သူများဟူ၍ ပင်။ ယခင် ကမ်္ဘာပေါ်တွင် ကွမ်းယာအစားဆုံးနိုင်ငံမှာ အိန်္ဒိယနိုင်ငံဟု စာရေးဆရာ သော်တာဆွေက မြ၀တီ ဂျာနယ်မှ ဟိုအကြောင်း ဒီအကြောင်း တစေ့တစောင်းဟူ၍ တင်ပြရေးသားခဲ့ပါသည်။ ယခုအခါ ကွမ်းယာ အစားဆုံး နိုင်ငံ များတွင် မြန်မာနိုင်ငံပါ ထိပ်ဆုံးနေရာမှ ပါဝင်လာခဲ့ပြီဟု ဆိုရပါတော့မည်။ ကျောင်းသားပိုင်းက အစ ဆရာ ဆရာမများကပါ ကွမ်းယာစားပြရာမှ အတုယူကြပြီး လိုလိုလားလား ခုံခုံမင်မင်စားပြနေကြတော့သည်။ ရှေးယခင်က စားပြီး စွဲလမ်းစေသော အရာကို မူးယစ်ဆေးစာရင်းသွင်းခဲ့ကြသည်။ ယခုအခါမှာ ကွမ်းယာ သည်လည်း စားပြီးစွဲလမ်း ဖြတ်မရအနေအထားရောက်လာရာ မူးယစ်ဆေးတစ်မျိုးဟုသာ အမှန်မှတ်ယူကြ ရပါတော့မည်။ ကွမ်းယာစား၍ အကျိုးမများ၊ ပါးစောင်ကင်ဆာ၊ သွားဖုံးကင်ဆာ၊ ခံတွင်းကင်ဆာ၊ ပါးပေါက်နာ၊ အဆုပ်ကျောက်တည်၊ အာဟာရချို့တဲ့မှုဝေဒနာ၊ အားအင်ကုန်ခန်းမှုရောဂါ စသည်တို့ကို ဖြစ်စေကြောင်း ဖတ်ဖူးမှတ်ဖူးထားပါသည်။ ရာဇ၀င်ဇာတ်တော်မှာပင် ဗျတ်ဝိခမျာ သိဒ်္ဓိလျှောကျ ဘ၀ပျက်၊ အသက်ဆက်ခဲ့ရသည်မှာ ကွမ်းတစ်ယာ ကြောင့်ပင် မဟုတ်ပါလား။ ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ မူးယစ်ဆေးမှန်သမျှ ဆိုးကျိုးကိုသာဖြစ်စေပြီး ကျန်းမာ ရေးကို လုံးဝအထောက်အကူမပြုသော အစားအသောက်များကို ဆင်ခြင်ရှောင်ရှားကြရန် ဖြစ်ပါသည်။

သို့မဟုတ်ဘဲ ဆက်ပြီး သုံးစွဲစားသောက်နေပါလျှင် ရောဂါဝယ်ယူသူများ(သို့မဟုတ်)ငွေကို မီးရှို့သူများ စာရင်းတွင် တင်သွင်းရပါမည့်အကြောင်းထပ်လောင်း တင်ပြရေးသားရပါသတည်း။ ။

+ကန့် ဘလူကံတင်အောင်(ပထ၀ီ)+

Read More...

Friday, February 3, 2012

လူထုကျန်းမာရေး (ကြို့ထိုးခြင်းနှင့် သိပ္ပံနည်းကျကုထုံး)

** Public Health **
နှာစေးချောင်းဆိုးရောဂါကဲ့သို့ လူတိုင်းလိုလို ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးရှိသည်။ သာမန်အားဖြင့် ခဏတစ်ဖြုတ်နှင့် ပျောက်သွား တတ်သောကြောင့် ရောဂါဟုပင် သတ်မှတ်လေ့မရှိကြပါ။ သို့သော် ရက်ရှည်လများ ခံစားနေရသော သူများအတွက်တော့မူ ခံရခက်သော ရောဂါဝေဒနာတစ်မျိုး ဖြစ်တော့၏။ ကြို့ထိုးခြင်းဆိုသည်မှာ ဝမ်းဗိုက်အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ြွကက်သား လှုပ်ရှားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု အကြမ်းဖျင်းကြားဖူးထားပါ သည်။
ယင်းဒိုင်ယာဖရမ်ြွကက်သား သည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့မရှိဘဲ အကြောင်းတစ်ခုခု တိုက်ဆိုင် လာသောအခါ လှုပ်ရှားလာသဖြင့် ကြို့ထိုးခြင်းဟူသော ဝေဒနာ ဖြစ်ပေါ် လာရခြင်းဖြစ်သည်။ ကြို့ထိုးခြင်းနှင့် ပတ်သက်၍ ဆေးနည်းတိုပေါင်းမြောက်မြားစွာ တင်ပြရေးသားကြသည်။ ကြို့ထိုးလျှင် ရေသောက်ရမည်ကို လူတိုင်းသိကြသည်၊ ကြို့ထိုးသူတိုင်းအားလည်း ရေသောက်ခိုင်းကြသည်။
ရေသောက် ပြီး ပျောက်သွားတာလည်း ရှိပါသည်။ မပျောက်မချင်း ရေသောက်ကြသဖြင့် ဝမ်းဗိုက်ကယ်သွားပြီး ထမင်းစားပျက် ရ၏။ နောက်ဆုံးဖတ်လိုက်ရသော မဂ္ဂဇင်းတစ်အုပ် တွင်သောက်ရေဖန်ခွက်အတွင်း ရေထည့်၊ ကြေးပြားတစ်ခု ထည့်ပြီးသောက်ရန် နည်း တစ်ခု ပေးထားပါသည်။ ကျွန်တော်တင်ပြချင်သည်မှာ လည်း ရေသောက်နည်းပင် ဖြစ်ပါသည်။ ဤနည်းမှာ နက္ခတ္တ ရောင်ခြည်မဂ္ဂဇင်းထဲမှ ဖတ်ရှုခဲ့ရသော နည်းပင်ဖြစ်ပါသည်။
ကြို့ထိုးသူ၏ နားရွက်နှစ်ဖက်အား အခြားသူတစ်ဦးက တင်းကျပ်စွာ လေလုံအောင် ပိတ်စေပြီး ကြို့ထိုးသူကို အသက်အောင့်ပြီး ရေသောက်စေသောနည်းပင်ဖြစ်သည်။ မိမိကြို့ထိုးနေစဉ် အနား၌ နားရွက် ပိတ်ပေးမည့်သူမရှိပါက မိမိခံတွင်း၌ ရေကို ဆံ့သရွေ့ ငုံထားပြီး မိမိဘာသာ နားရွက်ကို လေလုံအောင်ပိတ်ပြီး အသက်အောင့်၍ ရေကိုမျိုချပါ။ ရေတစ်ငုံစာနှင့်ပင် ကြို့ထိုး လက်တွေ့ ပျောက်ခဲ့ရပါသည်။ ဤနည်းသည် သိပ္ပံနည်းကျ လက်တွေ့ဆန်သော နည်းဖြစ်သည် ဟု စဉ်းစားမိပါသည်။ အသက်ရှူ အောင့်ထားခြင်းအားဖြင့် အဆုတ်တွင်း ၌ လေများဖြင့် တင်းခံထားစဉ် နားရွက်ကို ပိတ်ထားခြင်းဖြင့် နားရွက်မှ လေမထွက်နိုင်၊ ထိုအချိန်တွင် အသက်အောင့်၍ ရေကို မျိုချလိုက်သောအခါ ဝမ်းဗိုက်အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ြွကက်သားပြင်အားအောက်သို့ တွန်းချ လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဒိုင်ယာ ဖရမ်ြွကက်သားပြင်သည် အထက်သို့ ဆောင့်ဆောင့်တက်ခြင်းအားဖြင့် ကြို့ ထိုးနေရာမှ အောက်သို့ ဖိအားပြင်း စွာဖြင့် တွန်းချခြင်းခံလိုက်ရသောအခါ အပေါ်သို့ ဆောင့်ဆောင့်တက်သော အကျင့်ပျောက်သွားပြီး ကြို့ထိုးခြင်း ဝေဒနာလည်း ပျောက်ကင်းသွားရ လေသည်။ ရေတစ်ငုံမျိုချပြီး မပျောက်ကင်းပါက ဒုတိယတစ်ငုံထပ်ပြီး အထက်ပါနည်းအတိုင်း မျိုချပါ။ ရေတစ်ဖန်ခွက် မကုန်မီမှာပင် လက်တွေ့ပျောက်ကင်းမည် ဖြစ်ပါသည်။ လုပ်ကိုင်ရတာ လွယ်ကူ၊ ပစ္စည်း ရှာရတာမခက်ခဲ၊ အမှားအယွင်း အ္တ ရာယ်မရှိနိုင်သော သိပ္ပံနည်းကျ လက်တွေ့နည်းမို့ ကြို့ထိုးနေသောသူများ လက်တွေ့စမ်းသပ်ကြည့်ရန် ရေးသား တင်ဆက်လိုက်ရပါသည်။

Ref:Health Digest
မေမွန်ကျော်


Rest of your post

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)