ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Friday, April 6, 2012

((တရားသူကြီးရဲ မတရားမှုက..........၆၄ သန်းကျော်ပေါ်တိုက်ရိုက်သက်ဆိုင်တယ်))) ကျေးဇူးပြုပြီးဒီသတင်းလေး...လက်ဆင့်ကမ်းပါ

(မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး)


(၂၅၊ ၃၊ ၂၀၁၂)ရက..နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော
ပဲခူးမြ...ို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ
ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို
ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင်
ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ
လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ
ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ်
ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန်
တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို
့၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊
သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး
ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏
ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ
ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊
သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊
အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော
နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ်
မိန်းခလေးတစ်ဦးဖြစ်ပါသည်။

=================== ==============================
မင်္ဂလာပါ.....ဒီအမှုအတွက်ကောမက်တချို့ ကိုဖတ်ကြည့်ရင်.....ကျမတို
့မှာလိုအပ်နေတာက....
ပြည်သူတေါ သိစေဖို့ ပါဘဲ.....အမှန်သတင်းမရချင်းတော့...ဆက်ကြိုးစားနေမှာပါ...
ဆက်လက်ဖြန့် ဝေပေးစေချင်ပါသည်။

လေးစားသော
ရွှေအိမ်စည်

http://www.facebook.com/note.php?note_id=366339800043826

Read More...

Wednesday, April 4, 2012

**အချုပ်ခန်းဖောက်မှုကြောင့် သေနတ်ဖြင့်ပစ်ခတ် နှစ်ဦးသေ ဆယ်ဦးဒဏ်ရာရ ရန်ကုန် ၊ ဧပြီ ၃**

(ကချင်ပြည်နယ် မိုးညှင်းမြို့နယ်)
................................................................
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အမျိုးသားအချုပ်ခန်းမှ တရားခံများက ဧပြီ ၂ရက်နေ့ နံနက် ၂နာရီ ၁၅မိနစ်ခန့်တွင် အချုပ်ဖောက်ရန် ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အချုပ်သား နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ရဲစခန်း အချုပ်ခန်းအမှတ် (၃) ခန်းတွင် သစ်သားဖြတ်သံ ကြားရသဖြင့် တာဝန်ကျကင်းမှ ကြည့်ရှု့ စစ်ဆေးရာ အချုပ်တံခါးသစ်တန်းသားများကို ဖျက်ဆီးကာ ဘူးဝ တံခါး (အချုပ်ခန်း အပြင်တံခါး) သို့ ရောက်ရှိနေပြီဖြစ်၍ ၀ိုင်းဝန်းတာဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သေနတ် ၅ချက် အပေါ်ထောင်ဖောက်ကာ ချောက်လှန်ရာတွင် အချုပ်သားများက စောင်၊ အ၀တ်အစားတို့ကို မီးရှို့သည်အတွက် သေနတ် ၅ချက် ပစ်ခတ်သောလည်း ငြိမ်သက်မှုမရှိသောကြောင့် ၇ချက် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းက ပြောဆိုထားကြောင်း မိုးညှင်းမြို့ခံများက The Voice Weekly သို့ ပြောကြားသည်။ မိုးညှင်းမြို့နယ် ရဲစခန်းတွင် ကျားအချုပ်ခန်း ၄ခန်း နှင့် မ အချုပ်ခန်း ၁ခန်းရှိပြီး အမျိုးသားတရားခံ ၁၁၅ ဦး၊ အမျိုးသမီး တရားခံ ၃၀ ဦး ရှိပြီး ပစ်ခတ်ထိန်းသိမ်းခဲ့သည့်ဆိုသော အချုပ်ခန်းအမှတ် ၃ တွင် အချုပ်သား ၇၀ ဦး ရှိသည်။ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒဏ်ရာ ရရှိသူ အချုပ်သားတစ်ဦး၏ မိသားစုဝင်ကို ဆက်သွယ်မေးမြန်ရာ “အချုပ်ခန်းကို ဖြတ်ကြတာတော့ဟုတ်ပါတယ်။ ဘူးဝကို မရောက်သေး ပါဘူး။ သေနတ်ထောင်ပစ်တယ်။ပြီးတော့ ၀ပ်ဆိုပြီး ကျည်ဆန်ကို ကပ်လိုက်ဆွဲ(ပစ်)သွားတာလို့ ပြောတယ်” ဒဏ်ရာရသူအချုပ်သား၏ ပြောဆိုချက်ကို ကိုးကားကာ ပြောဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက အချုပ်ခန်းတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းမှုကြောင့် မူးယစ်ဆေးဝါမှုဖြင့် ဖမ်းဆီးထားသော အချုပ်သား အောင်မြင့်သန်း (၃၇နှစ်) နှင့် လက်နက်မှုအချုပ်သား မောင်ဇော် (၃၅ )နှစ်တို့မှာ သေဆုံးခဲ့ပြီး ၁၀ဦးမှာ မိုးညှင်းမြို့ ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ်ကုသနေကြောင် ၀န်း ထမ်းအရာရှိတစ်ဦးက ပြောကြားသည်။ မိုးညှင်းမြို့ဒေသခံတစ်ဦးကမူ “ သေတဲ့တစ်ယောက်ကတော့ နဖူးမှာ မှန်ပြီး နောက်စေ့ပွင့်(ပေါက်)ထွက်သွားတယ်။ နောက်တစ်ယောက်က လည်ပင်မှာ မှန်တယ်။ခု ဆေးရုံမှာ နောက်တစ်ယောက်လည်း အခြေနေမကောင်းဘူး”ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မြင့်နိုင်မှ ဦးစီးကာ စုံစမ်းစစ်နေသည်။

The Voice Weekly

**လင်းဇော်ထက်**

Read More...

အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင် ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။ အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။ ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။


(YPI)


**လင်းဇော်ထက်**

Read More...

Sunday, April 1, 2012

လေးဖြူတော့ ပွဲကြမ်းနေပြီ




**လင်းဇော်ထက်**

Read More...

ပခုက္ကူ အရှေ့သီရိ ဇီးကုန်းရွာမ မှ ရွာအုပ်ချုပ်ရေးမှုး ဦးလှဝင်းကို အရေးယူပေးပါ

(ပခုက္ကူ)

Sunday, April 1, 2012
Posted by Co2zeиith အကြောင်းအရာ အရေးယူပေးပါရန်
ပခုက္ကူ အရှေ့သီရိ ဇီးကုန်းရွာမတွင် မကျန်းမာ၍ ကြိုတင်မဲပေးလိုသူများကို NLD အား မဲပေးည်စိုးသဖြင့် ရွာအုပ်ချုပ်ရေးမှုး ဦးလှဝင်းက ကြိုတင်မဲထုတ်မပေးခဲ့ကြောင်း သိရသည်။

Election Monitoring Network.88

Read More...

Tuesday, March 27, 2012

ပြောတော့ ကူညီပါရစေ ..တဲ့


၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။

သတ္တိခဲ ( Myanmar Police Force )

By: New MyanmarFoundation

-

◄██▓░ Ѧя Ƨσяcɛяɛя ░▓██►

Read More...

Thursday, March 22, 2012

အကျဉ်းကျသံဃာများ လွတ်မြောက်ရေး ဆုတောင်းဝတ်ပြု(မတ်လ၂၂ရက်နေ့ )


(မန္တလေး၊ မတ် ၂၂ )

ယနေ့နေ့လည် တစ်နာရီဝန်းကျင်က မန္တလေးမဟာမုနိဘုရားကြီးတွင် ဆရာတော်အရှင်ဝီရသူဦးဆောင်သော သံဃာတော်များက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော သံဃာတော်များ အမြန်လွှတ်မြောက်စေ၇န် ဆုတောင်းဝတ်ပြုပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဆရာတော်များနှင့်အတူ အကျဉ်းကျသံဃာတို့၏ မိသားစုဝင်များ၊ ဒကာဒကာမများကလည်း ပူးပေါင်းပါဝင် ဆုတောင်းခဲ့ကြသည်။ ဘုရားဝတ်ပြုအပြီး နေ့ခင်း(၂)နာရီကျော်တွင် ဆရာတော်များနှင့် အကျဉ်းကျသံဃာတို့၏ မိသားစုဝင်(၃၀)ကျော်တို့က "ရွေးကောက်ပွဲသည်လည်း ပြည်သူ့အတွက်အရေးကြီးသလို လွတ်မြောက်ရေးသည်လည်း အကျဉ်းသားတို့အတွက် အရေးကြီးသည်"၊ "သူတို့ကိုမလွှတ်ပေးနိုင်၇င် ၀ီရသူကို ပြန်ဖမ်းပါ။ သူတို့နဲ့ နေပါရစေ"၊ "အကျဉ်းကျသံဃာများစာရင်း" အစရှိသည့် စာသားများပါဝင်သည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ဘုရားဝတ်ပြု ဆန္ဒပြဆုတောင်းပွဲတွင်သံဃာတော်အပါး(၂၀)၀န်းကျင်ခန့် ပါဝင်ခဲ့သည်။(7day news)

**လင်းဇော်ထက် **

Read More...

Tuesday, March 20, 2012

သစ်ထူးလွင်ကို ပိတ်လိုက်ပြီ


ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.com ကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထု ၀င်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။

www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်း
သတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အများပြည်သူ ကြည့်ရှုနေတဲ့
အင်တာနက်စာမျက်နှာကို ပိတ်ဆို့ လိုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊
သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို
ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

**လင်းဇော်ထက်**

Read More...

Sunday, March 18, 2012

တစ်နှစ်အရွယ် ကလေးငယ် တစ်ဦးမိခင်ဟု ယူဆရသူကွန်ကရစ်လမ်းပေါ် ပစ်ချ(update)

(One-year-old Saw Linn before (top) and after the corrective operation.
Pic: Supplied)

အသက် တစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို စိတ်မူမှန်သည့် ၎င်း၏ မိခင်ဟု ယူဆရသူ အသက် ၃၀ ခန့် အမျိုးသမီးတစ်ဦးက လက်တွင်း ပွေ့ချီထားရာမှ ကွန်ကရစ်လမ်းပေါ် ပစ်ချခဲ့သော ဖြစ်စဉ်တစ်ခု ယနေ့ည ၇ နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်မြို့ ၃၃ လမ်း အပေါ်ဘလောက်တွင် ဖြစ်ပွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အခင်းဖြစ်ပွားရာရှိ မျက်မြင်အချို့၏ ပြောကြားချက်အရ အဆိုပါ အမျိုးသမီးမှာ အခြေအနေမဲ့ တစ်ဦးဖြစ်ပြီး “ ဒီကလေး ရှိရင် ကျွန်မ ဘယ်လိုမှ ရှာဖွေစားသောက်လို့ မရဘူး” ဟု ပြောကြားကြောင်း၊ ကလေးငယ်အား ကွန်ကရစ် လမ်းပေါ် ပစ်ချပြီးချိန်တွင် အဝေးသို့ ထွက်ခွာသွားရန် ကြိုးစားသဖြင့် လမ်းအတွင်း နေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။

ပစ်ချခံခဲ့ရသော ကလေးငယ်မှာ နားနှစ်ဖက်နှင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး သွေးများ ထွက်နေသဖြင့် ကလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထပ်မံသိရှိရသည်။

**thevoice**

**လင်းဇော်ထက်**

Read More...

Thursday, March 15, 2012

ဝန်ထမ်းများအားထောက်ပံ့မှု


အစိုးရ လခစားဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ) ၀န်ထမ်းများကို ဧပြီလ၁ ရက်နေ့မှ စတင်၍ ထောက်ပံ့ကြေး တစ်ဦးလျှင် သုံးသောင်းကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန၏ ၁၀၀/၂၀၁၂ အရ မတ်လ ၁၄ ရက်နေ့ တွင် ထုတ်ပြန် ကြေညာလိုက်သည်။

နေ့စားဝန်ထမ်းများကို တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် လုပ်ခလစာ တစ်ရက်လျှင် ၁၁၀၀ ကျပ် ရရှိ နေရာမှ ကျပ်တစ်ထောင်တိုးမြှင့်ကာ ၂၁၀၀ ကျပ်သို့လည်းကောင်းတို့မြှင့်ပေးလိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သမ္မတကြီး ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

**The Voice Weekly**
*From- -လင်းဇော်ထက်**

Read More...

Wednesday, March 14, 2012

**ခြောက်ထပ်ကြီးဝင်းအတွင်းရှိ ဇေယျသုခဘုန်းကြီးကျောင်းမီးလောင်မူ့**

ရန်ကုန်မြို့ခြောက်ထပ်ကြီးဝင်းအတွင်းရှိ ဇေယျသုခဘုန်းကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ လောင်ကျွမ်းလျှက်ရှိသော မီးသည် နံနံက် ၁၁နာရီ ၂၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။




**ဓါတ်ပုံ/သတင်း -လင်းဇော်ထက်**

Read More...

Tuesday, March 13, 2012

စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ


**(ရန်ကုန်တိုင်း(မ်)ဂျာနယ်. ၁၂ မတ်လ ၂၀၁၂)**

ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။
အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။”ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်” ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။ ‘သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက် စည်းမျဉ်းတွေနဲ့ ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ” ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဒောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့် အထိ ရှိသော တန်ဖိုးကြီးစိန် တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။


**လင်းဇော်ထက်**

Read More...

Monday, March 12, 2012

Fortune International ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီးအတွက် မြန်နှုန်းမြင့် အင်တာနက်လှိုင်း စတင်ဝန်ဆောင်မှုပေး


FTTH (Fiber to the home ) ခေါ်သော ဖိုက်ဘာကေဘယ် တစ်ချောင်းတည်းဖြင့်
တယ်လီဖုန်းမြန်နှုန်းမြင့် အင်တာနက်နှင့် ရုပ်သံလှိုင်းတို့ ပါဝင်သော
ဝန်ဆောင်မှုတစ်ခုကို dk For-tune Interantional ကုမ္ပဏီက
ရန်ကုန်တိုင်းဒေကြီးအတွက် စတင်ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းစနစ်သည် G-Pon(Gigabit Passive Optical Network ) နည်းပညာကို
အသုံးပြု၍ အဆင့်မြင့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ထားခြင်းဖြစ်သည်။

FTTH စနစ်တွင် ပါဝင်သည့် VOIP စနစ်သည် ကြည်လင်ပြတ်သားပြီး
ပြည်တွင်းပြည်ပသို့ အလွယ်တကူ ဖုန်းခေါ်ဆိုနိုင်ခြင်း၊ ရုပ်သံလိုင်းတွင်
IPTV စနစ်ပါရှိသဖြင့် အခမဲ့ရုပ်သံ(၃) လိုင်းနှင့် အခပေးရုပ်သံ (၁၇)
လိုင်း စုစုပေါင်း ရုပ်သံလိုင်း (၂၀) ပါဝင်ပြီး အင်တာနက်စနစ်မှာလည်း
လက်ရှိအင်တာနက် စနစ်များထက် ပိုမိုကောင်းမွန်ကာ
ဈေးနှုန်းချိုသာခြင်းနှင့် လျှပ်စစ်ပါဝါ သုံးစွဲမှုများစွာ သက်သာခြင်း
စသည့် အားသာချက်များရှိကြောင်း သိရသည်။ ယင်းစနစ်ကို အသုံးပြုလိုပါက
လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် လျှောက်ထားမည်ဆိုပါက
နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ရပ်ကွက်ထောက်ခံစာနှင့်
ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့ လိုအပ်မည်ဖြစ်ပြီး
ကုမ္ပဏီတစ်ခုအနေဖြင့် လျှောက်ထားလိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိတ္တူ၊
ပုံစံ (၉) နှင့် ပုံစံ (၂၆) မိတ္တူတို့ပြင် ကုမ္ပဏီမိတ္တူလည်း လိုအပ်ကြောင်း
သိရသည်။

ဝန်ဆောင်မှု အမျိုးအစားအလိုက် ကနဦး တပ်ဆင်ခြင်းနှင့် နှစ်စဉ်ကြေးအတွက်
ကုန်ကျစရိတ်များမှာ ၅၁၂ KPS (ဖုန်း+အင်တာနက်) ကနဦးတပ်ဆင်ခ ကျပ်
(၇၅၀၀၀၀)၊ နှစ်စဉ်ကြေးကျပ် (၆၀၀၀၀)၊ (ဖုန်း+အင်တာနက်+ရုပ်/သံ)
ကနဦးတပ်ဆင်က ကျပ် (၉၀၀၀၀၀)၊ နှစ်စဉ်ကြေးကျပ် (၈၄၀၀၀၀)၊
(အင်တာနက်သီးသန့်) လစဉ်ကြေး ကျပ် (၄၅၀၀၀) ဖြစ်ပြီး၊ 1Mbps
(ဖုန်း+အင်တာနက်) ကနဦးတပ်ဆင်ခမှာ ကျပ် (၇၅၀၀၀၀)၊ နှစ်စဉ်ကြေးကျပ်
(၆၀၀၀၀)၊ (ဖုန်း+အင်တာနက်+ရုပ်/သံ) ကနဦး တပ်ဆင်ခကျပ် (၉၀၀၀၀၀)
နှစ်စဉ်ကြေး ကျပ်(၈၄၀၀၀၀)၊ (အင်တာနက်သီးသန့်) လစဉ်ကြေး ကျပ် (၇၅၀၀၀)
ဖြစ်သည်။ 2Mbps (ဖုန်း+အင်တာနက်) ကနဦးတပ်ဆင်ခမှာ ကျပ် (၇၅၀၀၀၀)၊
နှစ်စဉ်ကြေးကျပ် (၆၀၀၀၀)၊ (ဖုန်း+အင်တာနက်+ ရုပ်/သံ) ကနဦးတပ်ဆင်ခ ကျပ်
(၉၀၀၀၀၀) နှစ်စဉ်ကြေး ကျပ် (၈၄၀၀၀၀)၊ (အင်တာနက်သီးသန့်) လစဉ်ကြေး ကျပ်
(၁၂၅၀၀၀)တို့ဖြစ်သည်။ 4Mbps (ဖုန်း+အင်တာနက်) ကနဦးတပ်ဆင်ခ ကျပ် (၇၅၀၀၀၀)
နှစ်စဉ်ကြေးကျပ် (၆၀၀၀၀)၊ (ဖုန်း+အင်းတာနက်+ရုပ်/သံ) ကနဦးတပ်ဆင်ခ ကျပ်
(၉၀၀၀၀၀) နှစ်စဉ်ကြေး ကျပ် (၈၄၀၀၀၀)၊ (အင်တာနက်သီးသန့်) လစဉ်ကြေး ကျပ်
(၂၇၅၀၀၀) အသီးသီး ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်း Fortune International ကုမ္ပဏီမှ ဝန်ဆောင်မှု ပေးနေသည့်
မြန်နှုန်းမြင့် အင်တာနက်လှိုင်းစနစ်ကို ယခုလတ်တလောတွင်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊
စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် ဗဟန်းမြို့နယ်များ၌
တပ်ဆင်ပေးလျက်ရှိပြီး တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်းနှင့်
တောင်ဥက္ကလာပမြို့နယ်များသို့ လာမည့် ဇွန်လအတွင်း ဝန်ဆောင်မှုပေးနိုင်ရန်
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် မြို့နယ်များသို့
ဝန်ဆောင်မှု ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


******************
[7greendays google group]

Read More...

အလုပ်အကိုင် ရှာဖွေလိုသူနှင့် လုပ်သားလိုသူ ကုမ္ပဏီများအတွက် Get Myanmar Job ဝဘ်ဆိုက်ဖွင့်


အလုပ်အကိုင် ရှာဖွေသူများနှင့် လုပ်သားလိုအပ်သည့် ကုမ္ပဏီများအတွက်
အင်တာနက်မှ တစ်ဆင့် ဝန်ဆောင်မှု ပေးနိုင်မည့် Myanmar Job Portal ကို
ဖွင့်လှစ်ထားကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယင်းဝဘ်ဆိုက်အား www.getmmjob.com အမည်ဖြင့် ဖွင့်ထားပြီး မည်သူမဆို
အလွယ်တကူ အသုံးပြု ရှာဖွေနိုင်ကြောင်း သိရသည်။ အဆိုပါဆိုက်မှာ အလုပ်
လုပ်ကိုင်လိုသူများ အတွက်သာမက ကုမ္ပဏီများ အနေဖြင့်လည်း လိုအပ်သလို
ကြော်ငြာ ထည့်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ကြော်ငြာ ထည့်သွင်းရာတွင်
မိမိတို့စိတ်ကြိုက် ဒီဇိုင်းအနေအထား ဖန်တီးနိုင်ပြီး အားသာချက်အဖြစ်
ကြော်ငြာထားသည့် ကာလအတွင်း ဒီဇိုင်းနှင့် စာသားများကို လိုအပ်သလို
ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထည့်သွင်းလိုသော လုပ်ငန်းရှင်များ အနေဖြင့် ပထမဦးစွာ ရွှေဂုံတိုင်
ကမ္ဘောဇဘဏ်တွင် ဦးဇော်ဝင်းအောင်၏ ဘဏ်စာရင်းသို့ ငွေလွှဲဟူသော စကားရပ်ဖြင့်
ကျသင့်ငွေ ကျပ် ၈၆၀၀ သွင်းရမည်ဖြစ်ပြီး လက်ခံ ရရှိပြီးပါက တစ်လ
ကြော်ငြာခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝဘ်ဆိုက်တွင်
ပညာရပ်ဆိုင်ရာနှင့် အသက်မွေးဆိုင်ရာ ကဏ္ဍ အမျိုးမျိုးအတွက် အလွယ်တကူ
ရှာဖွေနိုင်အောင် ဖန်တီးပေးထားပြီး အသေးစိတ် သိလိုပါက zawwinaung@gmail.
com နှင့် ဖုန်း ၀၉ ၅၀၃၇၇၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

[7greendays google group]

Read More...

လူထုကျန်းမာရေး (၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် သူများအတွက် ကျန်းမာစွာ နေထိုင်နည်းများ)



**Public Health**

တက္ကသိုလ်ဝင် စာမေးပွဲ ပိုမိုနီးကပ်လာသော အချိန်တွင် ဖြေဆိုမည့်
ကျောင်းသားများအတွက် အသွားအလာ၊ အနေအထိုင် ဆင်ခြင်သင့်သည်များ အထူး
သတိထားစရာ ဖြစ်လာသည်။ စားချိန်၊ အိပ်ချိန် မမှန်ခြင်း၊ ဓာတုဆေးဝါး
သောက်သုံးမှုများကြောင့် တစ်နှစ်တာအတွင်း ကြိုးစားထားသည်များ အားလုံး
ဆုံးရှုံးခဲ့ခြင်းများကို မကြာခဏ တွေ့နေရကြောင်း၊ အဓိက လိုအပ်ချက်မှာ
အိပ်ချိန်၊ စားချိန်နှင့် စိတ်ဖိစီးမှုများ လျှော့ချခြင်းပင် ဖြစ်ကြောင်း
သီရိစန္ဒာဆေးရုံ၏ ဓာတ်ခွဲခန်းနှင့် သုတေသနအကြံပေး ဒေါက်တာမြင့်ဦးက
အကြံပြု ပြောကြားသည်။ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား
အောက်ပါ ဆောင်ရန်၊ ရှောင်ရန်များ အတိုင်း နေထိုင်ကြရန်လည်း တိုက်တွန်း
ပြောဆိုသွားသည်။

**တစ်ရက်တာ အိပ်ချိန် ဘယ်လိုယူမလဲ**
အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား လူငယ်တစ်ဦးအတွက် တစ်ရက်လျှင် အိပ်ချိန် ၆
နာရီမှ ၈ နာရီခန့် ရှိသင့်ပါသည်။ စာကျက်ချိန်ကို ညဘက် ၇ နာရီမှ ၁၁
နာရီအထိ ကျက်ပြီး မနက် စောစော ၅ နာရီမှ စတင်ကျက်လျှင် အိပ်ချိန်
လုံလောက်နိုင်ပါသည်။ နေ့လယ်နေ့ခင်းအတွက် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ
တစ်ရေးအိပ်လျှင် ဦးနှောက်ကြည်လင် လန်းဆန်းစေပါသည်။

**အချိန်ကြာကြာ စာကျက်နည်း**
အကောင်းဆုံး စာကျက်နည်းမှာ စာရေးကျက်ခြင်းဖြစ်ပြီး အလွယ်တကူ
မှတ်မိစေနိုင်သည်။ စာကျက်လျှင် မိနစ် ၃၀ ခန့် ကျက်ပြီးတိုင်း မျက်လုံးကို
အနားပေးသင့် (ဥပမာ-လမ်းလျှောက်ခင်း၊ မိသားစု သို့မဟုတ် သူငယ်ချင်းနှင့်
စကားပြာခြင်း) ပါသည်။ တစ်ရက်ကို ၁၅ မိနစ် (ဝါ) ၃၀ မိနစ်ခန့်
မိသားစုများနှင့် တီဗီကြည့်ခြင်းမျိုးကဲ့သို့ ဦးနှောက်ကို
အနားပေးခြင်းများ လိုအပ်သည်။

**အစားအသောက် ရွေးချယ်မှု**
စာကျက်နေစဉ် အိပ်မပျော်ရန် လက်ဖက်ရည် သောက်ခြင်း၊ လက်ဖက်သုပ်
စားခြင်းနှင့် ကော်ဖီသောက်ခြင်းများကို ရှောင်ကြဉ်သင့်ပြီး ယင်းအစား
သဘာဝအသီးဖျော်ရည်များ (သံပရာသီး ဖျော်ရည်)၊ လတ်ဆတ်သော နွားနို့၊
ဒိန်ချဉ်များ သောက်သုံးနိုင်သည်။ ကြက်ဥ စသော ပရိုတိန်းဓာတ် ပါသည့်
အစားအစာများ ရွေးချယ်စားသင့်ပါသည်။ အစားအစာ ရွေးချယ်မှုသည် အရေးကြီးသော
ကဏ္ဍတစ်ခုဖြစ်သောကြောင့် အဆိုပါ စာမေးပွဲ မဖြေခင်နှင့် ဖြေနေစဉ်ရက်များတွင်
ငါးသေးသေး၊ ပဲကြီး၊ ကုလားပဲ၊ သဘာဝအချိုရည် စသော အစားအစာများ ရွေးချယ်
စားသောက်သင့်ပါသည်။

**ဖျားနာခြင်း ကင်းဝေးအောင် နေထိုင်မှု**
စာမေးပွဲနီးလျှင် အအေးမိ ဖျားနာခြင်းကြောင့် စာကျက်ချိန်
လျော့မသွားနိုင်အောင် ရေချိုးချိန်ကို အထူးသတိထားသင့်သည်။ အရေးကြီးသည့်
အချက်မှာ အချိန်ကြာမြင့်စွာ ရေချိုးခြင်းမျိုး ရှောင်ကြဉ်သင့်ပြီး
ညဥ့်နက်မှ ရေချိုးခြင်းမျိုး မပြုသင့်ပေ။ လူထူထပ်သော နေရာများ
(ရုပ်ရှင်ရုံ၊ ပွဲလမ်းသဘင်) ကို ရှောင်ကြဉ်သင့်ပါသည်။ တစ်ကိုယ်ရေ
သန့်ရှင်းမှု လိုအပ်သည်။ အိပ်မပျော်နိုင်သော ဆေးဝါးများ သောက်သုံးခြင်း
မပြုသင့်ဘဲ ဆရာဝန်ညွှန်ကြားမှသာ အားဆေးသောက်သုံးခြင်းများ
ပြုလုပ်သင့်ပါသည်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းများ
အထူးရှောင်ကြဉ်ရန် လိုအပ်သည်။

**စိတ်ဖိစီးမှုများ လျှော့ပါ**
စာမေးပွဲဖြေဆိုချိန် ကျောင်းသားအများစုတွင် ဖြစ်ပေါ်လေ့ရှိသော
စိတ်ဖိစီးမှုများသည် အထက်ပါအတိုင်း အစားအသောက်၊ အနေအထိုင် ဆင်ခြင်လျှင်
မဖြစ်နိုင်တော့ပါ။ စာကျက်လျှင်လည်း မီးအလင်းရောင်နှင့် မနီးလွန်း၊
မဝေးလွန်းနေရာတွင်သာ စာကျက်သင့်သည်။

အကောင်းဆုံး စိတ်ဖြေလျှော့ခြင်းမှာ
စာမကျက်ခင် မျက်စိနှင့် ဦးနှောက်အတွက် ၁၅ မိနစ် (ဝါ) နာရီဝက်ခန့်
တရားထိုင်ပေးခြင်းပင် ဖြစ်သည်။ စာမေးပွဲအတွက် ပြင်ဆင်ချိန်တွင်
အခြားလူမှုရေး ကိစ္စရပ်များကို မစဉ်းစားသင့်ပါ။ စာမေးပွဲ ဖြေနေစဉ်တွင်လည်း
မေးခွန်းစာရွက်ရလျှင် မေးခွန်းအားလုံးကို နှစ်ကြိမ်ဖတ်ပြီးမှ မိမိရသော
မေးခွန်းများကို ပထမဦးဆုံး ဖြေဆိုသင့်သည်။ ပြီးမှ ကျန်မေးခွန်းများကို
ဖြေဆိုသင့်သည်။ အဆိုပါ အချက်များအတိုင်း ပြုမူနေထိုင်မည်ဆိုလျှင်
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အခက်အခဲ၊ စိတ်ဖိစီးမှုမရှိဘဲ
ဖြေဆိုသွားနိုင်မည်ဖြစ်သည်။ စာကျက်ချိန်ကို စနစ်တကျ သတ်မှတ်ပြီး
ကျက်သင့်သကဲ့သို့ အိပ်ချိန်၊ စားချိန်ကိုလည်း အထူးဂရုစိုက်မည်ဆိုလျှင်
တစ်နှစ်တာ ကြိုးစားထားသည်များ အကျိုးရှိနိုင်ကြောင်း လုပ်သက် ၄၀ ကျော်ရှိ
ကျန်းမာရေး အရာထမ်း ဆရာဝန်တစ်ဦးက အကြံပြုလိုက်သည်။


*************************************
[7greendays google group]

Read More...

ဂျပန်ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးနှင့် အခြားပိုးများတွေ့ရ


ရန်ကုန်မြို့တွင် ရောင်းချနေသည့် ဂျပန်ထမင်းလိပ်များတွင်
အီးကိုလိုင်ပိုးနှင့် အခြား ဘက်တီးရီးယား ရောဂါပိုးများ ပါဝင်နေကြောင်း
သုတေသန ပြုလုပ်ချက်များအရ သိရသည်။ အဆိုပါ သုတေသနအား
စားသောက်ဆိုင်ကြီးများ၊ ထမင်းလိပ် သီးသန့်ရောင်းသော ကောင်တာများ၊
အစားအသောက်ရောင်းသော စူပါမားကက်များမှ ဝယ်ယူ၍ ဘက်တီးရီးယားပိုး
ပါဝင်မှုကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သုတေသနတွင် စူပါမားကက်များ၌
ရောင်းချသည့် ထမင်းလိပ်များသည် သန့်စင်မှုအားနည်းပြီး အီးကိုလိုင်
ရောဂါပိုး ပါဝင်မှုများပြားကာ ပင်လယ်စာများ ပါဝင်သော ထမင်းလိပ်များ
အထူးသဖြင့် ဝက်ပေါင်ခြောက် ကဲ့သို့ ပြုပြင်ထားသည့် အသားများ ပါဝင်သော
ထမင်းလိပ်များတွင် အီးကိုလိုင် ပိုးမွှားပမာဏ မြင့်မားစွာ ပါဝင်နေကြောင်း
ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) မှ
ပညာရှင်ရှစ်ဦးတို့က သုတေသန ပြုထားသည်။

ထမင်းလိပ်တွင် ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများ သန့်ရှင်းမှု
အားနည်းခြင်း၊ ပြင်ဆင်ရာတွင် သန့်ရှင်းမှု မရှိခြင်း စသည့်
အကြောင်းအရာများကြောင့် ပိုးများပါဝင်ပြီး သိုလှောင်ရောင်းချသည့်
နေရာတွင် ပိုးမွှားများ မပေါက်ဖွားစေရန် လုံလောက်သော အအေးဓာတ်
မရှိခြင်းကလည်း ပိုးများပါဝင်မှု များပြားခြင်း၏ အကြောင်းရင်းများ
ဖြစ်ကြောင်း သုတေသန ပြုလုပ်ခဲ့သူ ပညာရှင်တစ်ဦးက ပြောသည်။
သုတေသနတွင်အီးကိုလိုင် မျိုးစိတ်များ EAEC သည် ၄၀ ဒသမ ၆ ရာခိုင်နှုန်း၊
EIEC သည် ၂၇ ရာခိုင်နှုန်း၊ EPEC သည် ၂၅ ရာခိုင်နှုန်း၊ EHEC ၅
ရာခိုင်နှုန်းနှင့် ETEC ၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ပါဝင်နေပြီး အခြား
Staphylococcus aureus နှင့် Bacillus cereus ပိုးမွှားများလည်း
ပါဝင်ကြောင်း သိရသည်။ ထမင်းလိပ်များတွင် ပိုးများပါဝင်မှု နည်းပါးစေရန်
သန့်ရှင်းမှုကို အလေးပေးခြင်းနှင့် လုံလောက်သော အအေးပေးစနစ်များ
အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

အီးကိုလိုင် ရောဂါပိုးသည်
ခန္ခာကိုယ်အတွင်း ရောက်ရှိသွားပါက ဝမ်းလျှောခြင်း၊ အန်ခြင်းအပြင် အသက်ပါ
သေဆုံးစေသည့် ရောဂါများ ဖြစ်ပွားစေနိုင်သည်အထိ အန္တရာယ် ကြီးမားကြောင်း
ကျွမ်းကျင် ဆရာဝန်များကလည်း သတိပေး ပြောကြားထားသည်။


[7greendays google group]

Read More...

Sunday, March 11, 2012

မိမိတို့ အိမ်ခြံမြေ အသိမ်းခံရလျှင် သင်ဘာလုပ်မည်နည်း?


**စိုက်ပျိုးရေးဇုန် စီမံကိန်းအတွက် ဒဂုံအရှေ့ ရပ်ကွက် 11ခု မြေကွက်များ
ပြန်လည်ပယ်ဖျက်**

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်11ခု
ကို ခေတ်မီစက်မူလယ်ယာ စံပြအထူး စိုက်ပျိုးရေးဇုန်အဖြစ် ဖော်ဆောင်ရွက်သည့်
ဧရီယာအတွင်း ပါဝင်သဖြင့် ယခင်မြေကွက်ချထားမူများ အားပယ်ဖျက်ကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွှာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက
မတ်လ 7ရက်နေ့တွင်ထုတ်ပြန်သည်။
အဆိုပါ မြေကွက်ချထားမူ ပယ်ဖျက်သည် ရပ်ကွက်များမှာ ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့
နယ် အင်းဝလမ်း အရှေ့ဘက်ခြမ်း
မြေတိုင်းရပ်ကွက်အမှတ်
121၊122၊123၊126၊127၊128၊129၊157၊158/159/160ရပ်ကွက်တို့ ဖြစ်ကြောင်း
ယင်းဌာနနထံမှ သိရှိရသည်။
အဆိုပါမြေကွက်များကို ပယ်ဖျက်ပြီး မြို့ရွှာနှင့် အိုးအိမ်ဖွံဖြိုးရေး
ဦးစီးဌာနက မူလပေးသွင်းခဲ့သည့် မြေကွက်တန်ဖိုးငွေများကို
ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ယင်းအတွက်ကြောင့် မတ်လ8ရက်နေ့မှ
31ရက်နေ့အထိ မြေချပါမစ် မူရင်း မြေဌားစာချူပ် မူရင်းနှင့်
နိုင်ငံသားစီစ်ရေးကဒ်ပြား သို့မဟုတ် ၀န်ထမ်းကဒ်များ ယူဆောင်လျှက်
ယင်းအိုးအိမ်ရုံးသို့ လာရောက်ဆက်သွယ်ရန် မတ်လ7ရက်နေ့ထုတ် နိုင်ငံပိုင်
သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ယခုအခါ ယင်းရပ်ကွက်များတွင် ရှိသော အလျှားပေ40၊ အနံ ပေ 60၊
မြေကွက်များမှာ သိန်း20မှ ကျပ်သိန်း25သိန်းအထိ ဈေးရှိကြောင်း ၊ယခင်
မြိုရွှာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံသို့ ပေးသွင်းခဲ့ရသော
ငွေမှာ ကျပ်တစ်သောင်းငါးထောင်ခန့်သာဖြစ်ပြီး ယခု ကာလမြေပေါက်ဈေးနှင့်
မူလပေးသွင်းသောငွေ ပြန်အမ်းမည့်ငွေမှာ ကိုက်ညီမူမရှိသောကြောင့်
ယင်းအတွက်ကြောင့် လျှော်ကြေးကိုလည်း ယခုကာလ ပေါက်ဈေးအတိုင်း
ပေးစေလိုကြောင်း 128ရပ်ကွက်နေထိုင်သူက ပြောကြားသည်။
--

**ko pae lay**

Read More...

ပဲခူးတိုင်း ကွန်ပျူတာအသင်း ဖွဲ့စည်းမည်


ပဲခူးတိုင်းဒေသကြီးအတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ပဲခူးတိုင်းဒေသကြီး)နှင့်
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း(ပဲခူးတိုင်းဒေသကြီး)တို့ကို
(၂၄.၃.၂၀၁၂)ရက်နေ့ ပဲခူးမြို့တွင် စတင်ဖွဲ့စည်းတည်ထောင်မည်ဖြစ်၍
အလုပ်အမှုဆောင် နှင့် အသင်းဝင်လျှောက်ထားလိုသူများ အသင်းဖြစ်မြောက်ရေးကော်မတီသို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ဦးထိုက်လင်း (ပဲခူး) ၀၉-၅၃၀၀၆၆၃
ဦးဝင်းအောင် (ပဲခူး) ၀၅၂-၂၄၀၁၅
ဦးမျိုးဝင်းဆက် (ပဲခူး) ၀၉-၅၁၈၀၇၈၃
ဦးကျော်မိုးခိုင် (ပြည်-သာယာဝတီ) ၀၉-၅၃၁၀၅၈၇
ဦးနေလင်းဦး (ပြည်-သာယာဝတီ) ၀၉-၅၃၇၀၇၅၀
ဒေါ်မင်းမင်းသိမ့် ၀၉-၄၃၀၅၂၉၉၅
ဒေါ်ခင်နွယ်ဝင်း (တောင်ငူ) ၀၉-၆၃၀၀၈၅၂ ၊ ၀၅၄-၂၃၁၀၀
ဦးကျော်စွာဦး ၀၉-၅၀၄၂၅၈၈
ဒေါက်တာဘဆွေ (တောင်ငူ) ၀၉-၅၃၅၁၃၀၁

**Kaung Khant Zan**

Read More...

Friday, February 24, 2012

အမျိုးသမီးများ၏ တင်ပါးများအား ဓားဖြင့် လိုက်လံထိုးမှုများ ဖြစ်ပေါ်နေ


မန္တလေး တိုင်း ဒေသ ကြီး၊ ပြင် ဦး လွင်မြို့ တွင် အသက် ၄၀ အရွယ် ခန့် အမျိုး သား တစ်ဦးဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသမီး များအား ရွေးချယ်ကာ နောက်မှ လိုက်ပြီး အမျိုးသမီး များ၏ တင်ပါးအား ဓားဖြင့် ထိုးခွဲကာ ထွက်ပြေး သွားသော စိတ္တဇဆန်ဆန် ပြစ်မှု ကျူးလွန်မှုများ ဖြစ်ပေါ်နေကြောင်း နှင့် အဆိုပါဖြစ်စဉ်များနှင့် ပတ် သက်၍ မြို့လူထုမှ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီအချိန်ခန့်က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၈၊ ပြည်သာ ယာလမ်း၊ အမှတ် (..)နေ မ.. (၃၈) နှစ်သည် နှစ်နှစ်အရွယ် သမီးကို စက်ဘီးပေါ်တွင်တင်၍ ကံ့ကော် လမ်းအတိုင်း စက်ဘီးကိုတွန်းလာ စဉ် တောရ ရွှေစည်းခုံ ဘုန်းကြီး ကျောင်းအနီး အရောက်တွင် အသက် ၄၀ အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာပြီး ၄င်း၏တင်ပါးအား ဓားဖြင့်ထိုးခွဲ ထွက်ပြေးသွားသဖြင့် အဆိုပါ ဖြစ်စဉ်အား ပြင်ဦးလွင် ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ပ-၃၁/ ၂၀၁၂၊ ပြစ်မှု ပုဒ်မ ၃၅၄/ ၃၂၄ ဖြင့် အရေးယူ ဆောင်ရွက်ထား သည်။
အလားတူ ဇန်နဝါရီ ၂၀ ရက်၊ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့် က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၈၊ သိင်္ဂီလမ်း၊ အမှတ် (..)နေ မ...(၂၇) နှစ်သည်ယောက္ခမဖြစ်သူနှင့်အတူ သိင်္ဂီလမ်း အတိုင်း လမ်းလျှောက် လာစဉ် ကျားညီနောင် အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ရှေ့ အရောက်၌ နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသူက ၄င်း၏ဘယ်ဘက် တင်ပါးအား ဓားဖြင့်ထိုးခွဲ ထွက် ပြေးသွားသဖြင့် အဆိုပါ ဖြစ်စဉ် အား ပြင်ဦးလွင်ရဲစခန်းသို့ တိုင် ကြားရာ ပ-၃၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၄ အရ အရေးယူ ဆောင် ရွက်ထားသည်။
တစ်ဖန် ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၁၊ ထုံးဘို လမ်းနေ မ... ၃၃ နှစ်သည် သူငယ် ချင်းဖြစ်သူနှင့်အတူ စက်ဘီးစီးနင်း လာစဉ် ရွှေမြင်တင် ဘုရားနှင့် ထုံးဘို လမ်းဆုံ အရောက်တွင် နောက်မှ ဆိုင်ကယ် စီးနင်းလာသူ အမျိုးသား က ၄င်း၏ ဘယ်ဘက် တင်ပါးအား ဓားဖြင့်ထိုးခွဲပြီး ထွက်ပြေးသွားရာ အဆိုပါ ဖြစ်စဉ်အား ပြင်ဦးလွင် ရဲစခန်းသို့ တိုင်ကြားရာ ပ-၄၁/ ၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄ /၃၂၄ အရ အမှုဖွင့် အရေးယူထားသည်။
အဆိုပါ ပုံစံတူ ကျူးလွန်မှု အား သက်ဆိုင်ရာ ပြင်ဦးလွင် ရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက အပူတပြင်း ရှာဖွေဖော် ထုတ်လျက်ရှိရာ အဆိုပါ ပြစ်မှု ကျူးလွန်သော အမှုများနှင့် ပတ် သက်၍ သင်္ကာမကင်းသူ ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး (..)နေ မောင် ... ၃၂ နှစ်အား ခေါ်ယူစစ်ဆေး လျက်ရှိသည်။

**မန်းမောင်မောင်**

http://yoyarlay.com/local-news/local-news/crime/23160-2012-02-21-08-39-03

**From-ko yehlinhtun**

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)