ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း. Show all posts
Showing posts with label ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း. Show all posts

Monday, February 10, 2014

ယခုလအတွင်း ဟို အကြောင်း ဒီအကြောင်း သူတို့ အကြောင်း



 ယခုလအတွင်း ဟို အကြောင်း ဒီအကြောင်း သူတို့ အကြောင်း

Description: http://news.bbcimg.co.uk/media/images/72847000/jpg/_72847095_ednehazard1.jpg
ချယ်လ်ဆီးထိပ်ဆုံးတက်လာ
အင်္ဂလိပ်ပရီမီယာလိပ် ပွဲစဉ် (၂၅)အဖြစ် ချယ်လ်ဆီးက နယူးကာဆယ်ကို သုံးဂိုးပြတ်ဖြင့်နိုင်ပြီး ဇယားထိပ်ဆုံးတက်လာသည်။ ချယ်လ်ဆီးအတွက်အနိုင်ဂိုးသုံးဂိုးစလုံးကိုအီဒင်ဟာဇတ်ကသွင်းယူပေးခဲ့သည်။ နယူးကာဆယ်
အသင်းမှ ဆစ်ဆိုကို သွင်းယူသည့်ဂိုးကို ချယ်လ်ဆီးဂိုးသမားပီတာဆက်ကာကွယ်နိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းအတွက်အဖွင့်ဂိုးကို ဟာဇတ်က အီဗာနိုဗစ်၏ ဖြတ်တင်ဘောမှတစ်ဆင့်သွင်း
ယူခဲ့သည်။ ဒုတိယဂိုးကို ပထမပိုင်းမပြီးမီ၎င်းကပင် သွင်းယူခဲ့သည်။ တတိယဂိုးကို ဆမ်မြူရယ်
အီတူးကို ကြမ်းတမ်းစွာကစားခဲ့ရာမှရသည့် ပယ်နယ်တီကိုဟာဇတ်က သွင်းယူခဲ့သည်။ ယင်း
ပြိုင်ပွဲအပြီး ချယ်လ်ဆီးကရမှတ် ၅၆ မှတ်ဖြင့် ထိပ်ဆုံးသို့ရောက်ရှိလာသည်။ လီဗာပူး
ကို ဂိုးပြတ်ရှုံးနိမ့်သွားသော အာဆင်နယ်က တစ်မှတ်လျော့ပြီး ဒုတိယနေရာမှ လိုက်လာသည်။
 နော့ဝှစ်နှင့် ဂိုးမရှိသရေကျသွားခဲ့သော မန်စီးတီးက တတိယနေရာတွင်ရပ်တည်လျက်ရှိသည်။
 (ကြေးမှုံ)

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ တက်မှာလား Description: http://www.bubblews.com/assets/images/news/573152597_1372168985.jpg
စပိန်ဘုရင့်ဖလားအကြိုဗိုလ်လုပွဲဒုတိယအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်မှာ အကြိတ်အနယ်ကစားကြတော့မှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲတက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲဖြစ်တာမို့ ပြိုင်ပွဲဝင်အသင်းတွေရဲ့အားထုတ်မှုကို အမြင့်ဆုံးမြင်တွေ့ကြရမြှာ
ဖြစ်ပေမယ့်အသင်းကြီးတွေဖြစ်တဲ့ဘာစီလိုနာနဲ့ရီးရဲမက်ဒရစ်တို့ကြောင့်ပွဲစဉ်တွေကစိတ်ဝင်
စားစရာကောင်းနေပါတယ်။ အသင်းကြီးတွေကို ခံကစားမယ့် အက်သလက်တီကိုနဲ့ ဆိုစီဒက်တို့
စွမ်းရည်တွေကို အကဲခတ်ကြရတော့မှာဖြစ်ပါတယ်။
 Rest of your post 


အက်သလက်တီကိုနှင့် ရီးရဲမက်ဒရစ်စပိန်ဘုရင့်ဖလား ပြိုင်ပွဲသမိုင်းမှာ
ဒီနှစ်သင်းဆုံတွေ့မှုက စုစုပေါင်း ၁၉၆ကြိမ်ရှိခဲ့ပြီး ရီးရဲမက်ဒရစ်က ၁၀၃
ကြိမ်နိုင်ခဲ့သလို အက်သလက်တီကိုတို့ကလည်း ၄၈ ကြိမ်နိုင်ခဲ့ကာ သရေပွဲ
၄၅ ပွဲဖြစ်ထားပါတယ်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ သမိုင်းမှတ်တမ်းအရ
ကတော့ ရီးရဲမက်ဒရစ်တို့က အသာစီးရခဲ့တာများပေမယ့် လောလောဆယ်
ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံမှုသုံးကြိမ်မှာတော့ ရီးရဲမက်ဒရစ်တို့က
တစ်ကြိမ်သာ အောင်ပွဲခံနိုင်ခဲ့ပြီးနှစ်ကြိမ်ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်
ယခုစပိန်ဘုရင့်ဖလားအကြိုဗိုလ်လုပွဲပထမအကျော့ ဘာနေဗျူးကွင်းမှာ
တော့ ရီးရဲမက်ဒရစ်က သုံးဂိုးပြတ်အနိုင်ယူထားတာမို့ ဒုတိယအကျော့
ပွဲစဉ်မှာ အက်သလက်တီကိုတို့မောင်းနှင်အားကောင်းမှ အခြေအနေ
ကောင်းပါလိမ့်မယ်။ နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားဖို့ရှိနေပြီး ရီးရဲမက်
ဒရစ်တို့ အဓိကကစားသမားတွေအကုန်ထုတ်သုံးပါလိမ့်မယ်။ အိမ်ကွင်း
မှာ ကစားတိုင်း အက်သလက်တီကိုဟာ ရီးရဲမက်ဒရစ်ကို ဖိအားပေး
ကစားနိုင်ပြီး ရလဒ်ကောင်းအောင်လည်း အားထုတ်နိုင်စွမ်းရှိပါတယ်။
ဒီပွဲမှာ အိမ်ရှင်တို့ အားသာချက်ရှိပြီးအနိုင်ရအောင်ကြိုးစားရမှာမို့ ပွဲကောင်း
ဖြစ်မှာ သေချာပေမယ့် နောက်ဆုံးဗိုလ်လုပွဲကိုတော့ ရီးရဲမက်ဒရစ်တို့ပဲ
ဆက်လက်ချီတက်ဖို့များနေပါတယ်။ဆိုစီဒက်နှင့် ဘာစီလိုနာ
ပထမအကျော့မှာ ရှုံးထားတဲ့ဆိုစီဒက်တို့ အခုပွဲအိမ်ကွင်းဆိုပေမယ့်
မချောင်ပါဘူး။ ဒီနှစ်သင်းဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲသမိုင်းမှာ စုစုပေါင်း
၁၆၅ ကြိမ်ဆုံတွေ့ခဲ့ပြီး ဘာစီလိုနာတို့က ၉၄ ကြိမ်နိုင်ကာ ဆိုစီဒက်က
၃၂ ကြိမ် နိုင်ပွဲရထားတဲ့မှတ်တမ်းရှိပြီးသရေပွဲက ၃၉ ကြိမ်ဖြစ်ပါတယ်။ အခု
လောလောဆယ် နောက်ဆုံးတွေ့ဆုံမှုသုံးကြိမ်မှာ ဘာစီလိုနာတို့က နှစ်ကြိမ်
နိုင်ထားတဲ့အပြင် တစ်ဦးချင်းရောအသင်းလိုက်ကစားအားပါ ဆိုစီဒက်
တို့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါပေမယ့်ဆိုစီဒက်ဟာ အိမ်ကွင်းမှာ ဘာစီလိုနာ
ကို အနိုင်ကစားနိုင်တဲ့ အသင်းဖြစ်တာမို့ ဘာစီလိုနာတို့ ဒီပွဲမှာလွယ်လွယ်
နဲ့ အနိုင်မရနိုင်တာ အမှန်ပါပဲ။
စုစည်းဘာသာပြန်- ကောင်းမြတ်သူ၊ မိုးမြင့်လင်းလက်၊

Description: http://www.myanmarlatestnews.com/wp-content/plugins/wp-o-matic/cache/545b0cf3d3_jeni.jpg
ခင်ပွန်းဟောင်းအား သံယောဇဉ် မပြတ်သေးဟုဆိုလာသူ ဂျေလို
ဟောလိဝုဒ်ငွေကြယ်ပွင့် ဂျနီဖာလိုပက်ဇ်က ခင်ပွန်း
ဟောင်းဖြစ်သည့် အမေရိကန်မင်းသားနှင့် တေးသံရှင်
မက်ခ်အန်သိုနီသည် ကွဲကွာချိန်အထိ သူ့အားအထောက်
အပံ့များစွာပေးခဲ့သည့် ပုဂိ္ဂုလ်တစ်ဦးဖြစ်ကြောင်း၊ ယခု
အချိန်ထိ ၎င်းင်းအား သံယောဇဉ် မကုန်သေးကြောင်း
Glamour မဂ်္ဂဇင်းသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
American Idol မှ အကဲဖြတ်ဒိုင်အဖွဲ့ဝင်တစ်ဦးဖြစ်
သူ ဂျေလိုသည် ““မာ့ခ်ကို ကလေးတွေရဲ့ဖခင်တစ်ဦးအနေ
နဲ့ရော ကျွန်မရဲ့သူငယ်ချင်းတစ်ယောက် အနေနဲ့ပါ
သံယောဇင် ပိုပါသေးတယ်။ သူဟာအရမ်း လေ့လာလို့
သူတစ်ယောက်ဖြစ်ပြီး ကျွန်မရဲ့လိုအပ်ချက်တွေကို အချိန်တိုင်း
စောင့်ကြည့်ပေးနေသူတစ်ဦးပါ။ နောက်ပြီးတော့ ကျွန်မရဲ့
အမာခံပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်””ဟု အဆိုပါ
မဂ်္ဂဇင်းသို့ ဖြေကြားခဲ့သည်။
ဆက်လက်ပြီး ဂျေလိုက သရုပ်ဆောင်မာ့ခ်နှင့် ကွဲကွာ
ပြီး နောက်ပိုင်း စာအုပ်များရေးသားကာ ဒဏ်ရာများကုသခဲ့
ရပြီး ယင်းအချိန်များသည် သူ့ဘ၀၏ အခက်အခဲဆုံးအချိန်
များဖြစ်ကြောင်း၊ မကြာမီထွက်ရှိလာမည့် ဂျေလိုရေးသား
သည့် True Love အမည်ရှိ စာအုပ်တွင် ၎င်းင်း၏ ပထမဆုံး
အကြိမ်ကမ်္ဘာလှည့်ဖျော်ဖြေပွဲမှ ကိုယ်တွေ့မှတ်တမ်းများကို
ရေးသားသွားမည်ဖြစ်ကြောင်း သိရသည်။

                                          
Independence Day 2 တွင် ပါဝင်သရုပ်ဆောင်ရန် အစီအစဉ်မရှိသည့် ၀ီလ်စမစ်သ်
Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4jPg1T5iXbC0ZCj3lWJ8ICoLTbdx0VCNx-bDR0zIQl6U_G1YFltu1WRVvvkgIuTheZHAkEIBy-CfHQKnQPl0hY8YDlcUqlq4ut7FpRQDFZrqachizIQdqG8SUB2ENzfVDHf6vd6Sf4T1l/s1600/l_116629_a017af74.jpgအထူးဆွဲဆောင်နိုင်သည့် ဟောလိဝုဒ်ကြယ်ပွင့် ၀ီလ်စမစ်သ်က ၁၉၉၆ ခုနှစ်
က နာမည်ကျော်ကြား လူကြိုက်များခဲ့သည့် Independence Day
၏ နောက်ဆက်တွဲဇာတ်ကား Independence Day  2 တွင်ပါဝင်
သရုပ်ဆောင်ရန် အစီအစဉ်မရှိဟုထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရ
သည်။ ဒါရိုက်တာ Roland Emmerich ၏ လက်ရာဖြစ်သည့် အဆိုပါ
Independence Day ဇာတ်ကား၏နောက်ဆက်တွဲ ဇာတ်ကားသစ်ကို
၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်တွင်စတင်ပြသနိုင်ရန် စီစဉ်ထားကြောင်း၊
ဒါရိုက်တာ Roland Emmerich အနေဖြင့် ၀ီလ်စမစ်သ်အား ဗိုလ်ကြီး
စတီဗင်ဟေလာအဖြစ် ဆက်လက်ပါဝင်စေလိုသော်လည်း ၀ီလ်စမစ်သ်
က ငြင်းဆိုထားဆဲဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သည့်
After Earth ဇာတ်ကားအပါအ၀င်စိတ်ကူးယဉ် သိပ်္ပံဇာတ်ကားပေါင်းများ
စွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်သရုပ်ဆောင် ၀ီလ်စမစ်သ်သည်
ဟောလိဝုဒ်ဇာတ်ကား ၆၀ အနက်ဇာတ်ကားပေါင်း ၂၀ မှာ အမေရိကန်
ဒေါ်လာသန်း ၁၀၀ ကျော်ဖြင့် ကမ်္ဘာ့ဝင်ငွေ အများဆုံးစာရင်းတင်နိုင်ခဲ့ပြီး
ငါးကားမှာ ၀င်ငွေအမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်ဖြင့် ကမ်္ဘာ့ရုံဝင်ငွေ
အများဆုံး ဇာတ်ကားများအဖြစ်ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့
သည့် ဟောလိဝုဒ်မင်းသားတစ်ဦးလည်း ဖြစ်သည်။ (ကြေးမှုံ)
စုစည်းဘာသာပြန် - မျိုးစန္ဒာမောင်

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)