ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဓာတ်ပုံသတင်း..။. Show all posts
Showing posts with label ဓာတ်ပုံသတင်း..။. Show all posts

Monday, March 19, 2012

မဲဆောက်မြို့တဖက်ကမ်း မဲ့ထော်သလေးကျေးရွာ မြန်မာ့အလှူပွဲ၊ နေ့သစ်အလကကျောင်းက ပါဝင်ဆင်နွဲ

(ကျောင်းကားလေးနဲ့ တူပျော်ပျော်---မဲ့ထော်သလေးခရီးနော်)

အမေလေးလေး… မနင်းရတာကြာလှပြီဖြစ်တဲ့ မြန်မာ့မြေ၊ မြန်မာ့ရေကို ဦးနဂါးတို့ ဆိုက်ဆိုက်နဲ့မှ မြိုက်မြိုက်ကြီးကို နင်းရပါပကော။ အဖြစ်ကတော့ မနှစ်ကနဲ့တင်မကပဲ ဘယ်နှစ်ကနဲ့မှကို မတူတော့ပါဘူး။
ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့တဖက်ကမ်း၊ သောင်ရင်းမြစ် (သောင်ရင်းချောင်း) ခြားနားထားတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲထော်သလေးကျေးရွာက မြန်မာ့ရိုးရာ အလှူပွဲတစ်ခုကို ဦးနဂါး ဦးစီးတဲ့ မဲဆောက်မြို့ နေ့သစ်အလကကျောင်းက ဆရာ၊ ဆရာမတွေဟာ ရောက်ရှိခဲ့တဲ့ ကြည်နူးစရာသတင်းမြင်ကွင်းလေးတစ်ရပ် အကြောင်း ပြောပြချင်လို့ပါဗျာ။

(အလှူရှင်နဲ့မဲ့ထော်သလေးကျေးရွာသူတွေအခုလို ကခုန်နေကြပုံကကြည်နူးစရာ)

မဲဆောက်တဖက်ကမ်းက မြ၀တီမြို့နယ်အပိုင်မဲ့်ထော်သလေးရွာကြီးက နေ့သစ်အလကကျောင်းက ကျောင်းသားတွေကို ကိုရင်ဝတ်ကြတဲ့ ကိုရင် ၅ ပါးနဲ့ ဦးပဉ္ဖင်း ၃ ပါးပါဝင်တဲ့ အလှူပွဲအကြောင်းပါ။ အလှူရှင် ဦးခင်မောင်နဲ့ ဒေါ်သန်းသန်းဦးတို့ကလည်း မဲဆောက်မြို့ နေ့သစ်အလကကျောင်းရဲ့ ကျောင်းသားမိဘတွေမို့လို့ အထူးပြောစရာမလိုကြပါဘူး။ မြန်မာ့ရေ၊ မြန်မာ့မြေကို (သောင်ရင်းမြစ်ရေ တိမ်တိမ်၊ ဒူးခေါင်းလောက်ကို )ဟောဒီလိုနင်းခွင့်ရတဲ့အခါ၊ မြန်မာပြည်သားမိသားစုတွေနဲ့ မြန်မာမုန့်တွေကိုစား၊ မြန်မာ့ယဉ်ကျေးမှုကို အခုလိုခံစားရတာ တော်တော်ကြီး အားရှိသွားကြတာပေါ့ဗျာ။

**( လှေကြီးနဲ့ သောင်ရင်းမြစ်တွင်း ခရီး)**



(အရက်ဆိုင်ကြော်ငြာနေတာမဟုတ်ဘူးဗျို့... မဲ့ထော်သလေးရွာမှန်းသိအောင် အရက်ဖြူဆိုင် ဆိုင်းဘုတ်နဲ့သက်သေပြတာ)


(အလှူရှင် မိသားစုနဲ့ နေ့သစ်အလက ကျောင်းသား မိသားစု စုပေါင်းဓာတ်ပုံ)




သြော်...ပြောလက်စနဲ့ပြောရဦးမယ်စာရှုသူတို့ရေ........။ မဲဆောက်မြို့ကကျောင်းသား(၅၂၁)ဦးတက်ရောက်နေကြတဲ့နေ့သစ်အလကကျောင်းနဲ့ မဲဆောက်မြို့မြောက်ဘက်မဲ့ရမတ်မြို့နယ်၊ မဲ့ချရောတိုက်နယ်ဆီက အခုနှစ်ကျောင်းသား ၆၅ ဦး တက်ရောက်နေတဲ့ “ငါတို့လမ်းသစ် အမက ကျောင်း” ဆိုတာတွေက မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ရဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားညီကိုမောင်နှမတွေနဲ့အတူ လမ်းဆက်လျှောက်နေဆဲ အိပ်မက်တွေဘဲမဟုတ်ပါလားခင်ဗျာ။


သတင်းနှင့်ဓာတ်ပုံ - သောင်ရင်းနဂါး

Read More...

Wednesday, February 29, 2012

ငါတို့လမ်းသစ်ကျောင်း၊ ကျောင်းပိတ်ပွဲ မယ့်ချရောင်းတိုက်နယ်မှာဆင်နွဲ

(ကျောင်းအုပ်ချုပ်သူများ၊ ဆရာများ၊ မိဘများ၊ ကျောင်းသားများ၊ စုပေါင်းအမှတ်တရ)

မင်္ဂလာပါခင်ဗျာ။ ။ အခု (၂၀၁၁-၂၀၁၂) ပညာသင်နှစ်အတွက် “ငါတို့လမ်းသစ်ကျောင်း” (Our New Road Learning Centre) ရဲ့ ကျောင်းပိတ်ပွဲနဲ့ မိဘများ၊ ကလေးများပျော်ရွှင်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မယ့်ချရောင်းတိုက်နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ ဟောဒီငါတို့လမ်းသစ်ကျောင်းဆိုတာက မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နဲ့ ဒေသခံ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ့ရဲ့ ၂၀၁၁ ခုနှစ်မှာ အတူတူမက်ခဲ့တဲ့အိပ်မက်တစ်ခုပဲမဟုတ်ပါလား။ ဟောဒီဓာတ်ပုံတွေက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မြောက်ဘက် ၂၈ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ တာ့(ခ်)ခရိုင်၊ မယ်ရမတ်မြို့နယ်၊ မယ့်ကျရောင်းတိုက်နယ်ဆီက ငါတို့လမ်းသစ်ကျောင်းကျောင်းပိတ်ပွဲက အမှတ်တရဓာတ်ပုံတွေပဲဖြစ်ပါတယ်။

**မိဘများကခုန်နေကြပုံ**


**မိဘများနဲ့ကလေးများကခုန်နေကြပုံ**



**မင်္ဂလာပါသီချင်းဖြင့်ကလေးများသီဆိုနေပုံ*


**အတန်းတင်စာမေးပွဲ ဖြေဆိုခဲ့သောကလေးများအားလက်ဆောင်ပစ္စည်းပေးနေစဉ်**


**ကလေးများက ဆရာများ၊ မိဘများ အား ကန်တော့နေစဉ်**


*ငါတို့လမ်းသစ်ကျောင်းဟု ကြွေးကြော်နေကြစဉ်**

**သောင်ရင်းနဂါး**

Read More...

Wednesday, January 4, 2012

မြန်မာ့လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများနှင့် နေ့သစ်အလကကျောင်း (၆) နှစ်မြောက်ဖြတ်သန်းခြင်း.. မဲဆောက်မှာကျင်းပ


**(ဇာတ်စင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ကပြနေသော ကျောင်းသားမိဘအချို့ )**

မင်္ဂလာပါ။ ။ အားလုံးသိကြတဲ့အတိုင်း ဒီနေ့ဟာ ၁၉၄၈ ခုနှစ်ဇန်န၀ါရီလ ၄ ရက်နေ့ကစခဲ့တဲ့မြန်မာ့လွတ်လပ်ရေးနေ့ဟာအခု ဆိုရင် (၆၄) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ အဲဒီမြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ နေ့သစ်အလကကျောင်းရဲ့ (၆) နှစ်မြောက်ဖြတ်သန်းခြင်း အခမ်းအနားတစ်ခုကို ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့မှာ အခုလို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြပါတယ်။

*ကလေးများ- ကျောင်းသားမိဘများပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြစဉ်*


** နေ့သစ်အလကကျောင်း(၆) နှစ်မြောက် အမှတ်တရနေ့မှာ JACBA ဥက္ကဌမှ နှုတ်ခွန်းဆက်မင်္ဂလာစကား**



**အငြိမ့်မင်းသမီးလေး “ဆောင်း” ရဲ့ အကအလှ**


**ထွင်ထွင်ကျီကျီကစားကြပြန်ပြီဆိုတဲ့ ပုလင်းထဲဖယောင်းတိုင်ထည့်နေကြသူ ကျောင်းသားမိဘများ**


**ပူဖောင်းကို ပေါက်အောင် ဖင်ထိုင်ချမယ်နော်**


*စေတနာ့ဝန်ထမ်းအင်္ဂလိပ်စာ ဆရာမကလည်းမြန်မာလိုကကြည့်တယ်လေ**


*ကလေးများပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြစဉ်*


*ကလေးများပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြစဉ်*


**သတင်း-သောင်ရင်းနဂါး**

Read More...

Sunday, December 18, 2011

စုပေါင်းလမ်းလျှောက်ပွဲမှသည် လှယဉ်ကျေးမယ် ပြိုင်ပွဲများနှင့် မဲဆောက်ရွှေ့ပြောင်းလုပ်သားနေ့

(မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းလမ်းလျှောက်ချီတက်နေကြစဉ်၊)

မင်္ဂလာပါခင်ဗျာ။ ။ ဒီကနေ့ဟာ “နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့” ဖြစ်ပါတယ်။ ဒီနေ့မနက် (၈း၃၀) နာရီခန့်မှာ မဲဆောက်ဒေသက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ရင်သွေး၊ ပူးပေါင်းအင်အား (၅၀၀)ခန့်ဟာ ပထမစုရပ်ဖြစ်တဲ့ ကျောင်းကြီးဘုန်းတော်ကျောင်း ယနေ့ ဒုတိယစုရပ်ဖြစ်တဲ့ မဲဆောက်မြို့ စည်ပင်သာယာဘောလုံးကွင်း အထိစုပေါင်းလမ်းလျှောက်ကြရာမှာ “ပျော်ရွှင်တဲ့အလုပ်သမားတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ မဲဆောက်မြို့တော်သစ်ဆီသို့” အလုပ်သမားအခွင့်အရေးသည် လူ့အခွင့်အရေး” “တရားမ၀င်တဲ့လူသားဆိုတာမရှိပါ” “အမျိုးသမီးအခွင့်အရေးသည် လူ့အခွင့်အရေး” “ကလေးအခွင့်အရေးသည် လူ့အခွင့်အရေး” “သင့်တင့်မျှတတဲ့လုပ်ငန်းခွင်ရရှိရေး” “စတဲ့ လုပ်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ပြီး ဘင်ခရာတီးဝိုင်းနဲ့အတူ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုချီတက်ကြရာမှာ စက်ရုံအလုပ်သမားများက လူနည်းစုဖြစ်ပြီး ပြင်ပအလုပ်သမားများ (ခေါ်) စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဈေးသည် စတာတွေက လူအများစုဖြစ်ပါတယ်။ ဒီလိုနဲ့ ဒုတိယစုရပ်ဖြစ်တဲ့ မဲဆောက်စည်ပင်သာယာရုံး ဘောလုံးကွင်းကြီးဆီကို ရောက်သွားကြတာပေါ့။

ဒီမှာပဲ ဒီကနေ့ ကျရောက်တဲ့ (၂၁) ကြိမ်မြောက် “နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့” အခမ်းအနားကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ မဲဆောက်မြို့ပိုင်ရုံးက ဦးစီးအရာရှိတစ်ဦးရယ်၊ အလုပ်သမားကာကွယ်ရေးရုံး ဦးစီးအရာရှိတစ်ဦးရယ်တို့က အသီးသီးအမှာစကားတွေပြောကြားခဲ့ပါတယ်။

(အလုပ်သမားကာကွယ်ရေးရုံး ဦးစီးအရာရှိမှ အမှာစကားပြောကြားနေစဉ်၊)


(မဲဆောက်မြို့မြို့ပိုင်ရုံးဦးစီးအရာရှိမှ အမှာစကားပြောကြားနေစဉ်၊)
အဲဒါပြီးတာနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေရဲ့ အဆိုအကအလှအစီအစဉ်တွေ၊ ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိတွေ မေးကြဖြစ်ကြနဲ့ပေါ့။ အဲဒါ အဲဒါတွေအပြီးမှာ မဲဆောက်မြို့အနဲ့ဆိုရင် (၈) ကြိမ်မြောက် ကျင်းပခဲ့တဲ့ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့လှယဉ်ကျေးမယ်ပြိုင်ပွဲကို တင်ဆက်သွားတော့တာပါပဲ။ ကဲ….. ပြောနေတာကြာပါတယ်။ ဟောဒီဓာတ်ပုံတွေကို ရှုစားလိုက်ပါဦး။

( ရွှေ့ပြောင်းကျောင်းသားလေးများရဲ့ ချစ်စရာအက၊)


( ဉာဏ်စမ်းပဟေဠိ မေးသူနဲ့ ဖြေသူတွေ၊)




(လှယဉ်ကျေးမယ် ပြိုင်ပွဲဆိုတာက ဒီလိုပါ၊)



သတင်းစဉ် - သောင်ရင်းနဂါး

Read More...

Thursday, November 3, 2011

ဘန်ကောက်ပြန်ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးရိက္ခာအချို့ဖြင့် မဲဆောက်မှာယနေ့လှုပ်ရှား


မင်္ဂလာပါခင်ဗျာ။ ။ ADRA-Thailand လို့ခေါ်တဲ့ အန်ဂျီအိုအဖွဲ့တစ်ဖွဲ့ဟာ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ လူထုအခြေပြုလှုပ်ရှားရာနယ်မြေများအတွင်းက ဘန်ကောက်ပြန်ရေဘေးဒုက္ခသည်(၆၀)ယောက် အတွက် ကယ်ဆယ်ရေးဆိုင်ရာရိက္ခာအချို့ ဖြန့်ဝေတာကို ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ဒီနေ့လှုပ်ရှားခဲ့ကြပါတယ်။ မဲဆောက်မြို့အနောက်မြောက်ပိုင်းက ဘန့်စောင်ခွဲရပ်ကွက်ကြီး၊ မဲဆောက်မြို့အနောက်ပိုင်းက ဝှေ့မုတ်ရွာစသဖြင့် စိုက်ခင်းပျိုးခင်းများထဲအထိမကျန် အလုပ်သမားတန်းလျားများအထိကို ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြတာကို ဟောဒီဓာတ်ပုံတွေက သက်သေပြပါလိမ့်မယ်။ ကိုင်း - တချက်ကလေးရှုစားကြရအောင်...။

**စိုက်ခင်းပျိုးခင်းတွေထဲ သူတို့ရောက်ရှိစမြဲပဲတဲ့**


**ကျပန်းအလုပ်သမားတန်းလျားတွေလည်းကွင်းဆင်းနေမြဲပဲတဲ့**


**ကျပန်းအလုပ်သမားတန်းလျားတွေလည်း ကွင်းဆင်းနေမြဲပဲတဲ့**



**ကျပန်းအလုပ်သမားတန်းလျားတွေလည်း ကွင်းဆင်းနေမြဲပဲတဲ့**


**စိုက်ခင်းပျိုးခင်းတွေထဲ သူတို့ရောက်ရှိစမြဲပဲတဲ့**



သတင်းမှတ်တမ်း -မြန်မာပြည်သား

Read More...

Thursday, September 29, 2011

ဒီ ပုံလေးကို သာ .. ကလေးအမေသာ မြင်မိလို့ ကတော့..........!!!


ကမ္ဘောဒီးယားနိင်ငံမှ ကလေးငယ်တစ်ဦး နွားပေါက်ကလေးကဲ့ သို့  နွားမ၏နို့ အားစို့ ရင်း ပျော်မွေ့ လျက်ရှိ.........
ကမ္ဘောဒီယားနိုင်ငံက ကလေးငယ် (တစ်နှစ်နဲ့ ရှစ်လသား) သူ့အမေက..ယိုးဒယားမှာ အလုပ်သွားလုပ်တော့...
ကလေး ခမျာ... နို့ ဆာတိုင်း...နွားမကြီး တစ်ကောင်ရဲ့  နို့ ကို သူ့ အမေနို့ ..လိုသဘောထားပီး စို့ နေရရှာတာပေါ့ ဗျာ...။
ကျွန်တော် ဒီ ပုံ လေးပါတဲ့  သတင်းလေးကို..ဓါတ်ပုံပါတဲ့  ရက်စွဲ လေးက.. မြ၀တီ သတင်းစာမှာ.. ဖတ်လိုက်ရတာပါ..။
ကလေးပုံလေးကိုကြည့်ပီး... သြော်..... သူ့ အမေ သာမြင်ရင်.. ဆိုတဲ့  အတွေးလေးက ၀င်လာပီး စိတ်မကောင်း ဖြစ်မိခဲ့ တယ်..။
အဲဒီကလေးဟာ..ကမ္ဘောဒီးယားမှာပဲ သူ့ အဖိုးဖြစ်သူနဲ့ ကျန်ခဲ့ တာပေါ့ ... အိမ်မှာမွေးထားတဲ့  နွားမရဲ့  နို့ ကို စို့ နေတာကို..တစ်နေ့ မှာ..သူအဖိုးကမြင်တော့...ကလေးကို မစို့ ဖို့ တားတာပေါ့ နော်... ရောဂါရမှာစိုးလို့ ..၊
ကလေးက ငိုတယ်တဲ့ ဗျ.... နောက်ဆုံး ..တားမရတော့.. အဲလိုပဲ ပေးစို့ နေရတယ်တဲ့ ဗျ... တစ်နေ့ ကို နှစ်ကြိမ် သုံးကြိမ်.. ပုံမှန်ပဲ.
နွားမ နို့ လေးကို စို့ လာတာ..ယနေ့ ထိ အောင်ပဲတဲ့ ...၊ နွားမကြီးရဲ့ မေတ္တာကလည်း.. ကြီး သဗျ...
ကလေး ကို ရန်မူခြင်း..မရှိပါဘူးတဲ့ ...၊ မိခင်မေတ္တာ စိတ်အပြည့်နဲ့ .. နို့ တိုက်နေရှာတဲ့ ..နွားမလေးရဲ့ ..အကြည့်.လေးကို
ပုံ မှာပါတဲ့ အတိုင်း..တွေ့ မြင်နိုင်ပါတယ်...( သြော်...ကြီးမှားလှပေစွ....မေတ္တာတရားပါလားနော်...)

ပုံ မှာပါတဲ့  အတိုင်း နွားမကြီးရဲ့  ခြေထောက်လေးကို ဖက်ပီး စို့ နေတဲ့ 
ဒီပုံလေးကို သာ .. ကလေးအမေသာ မြင်မိလို့ ကတော့......ဆိုတဲ့  အတွေးကလေးနဲ့ ပဲ............................
ကလေးတိုင်း............ မိခင်ရဲ့ နို့ ရည်ကို ၀၀ကြီး စို့ နိုင်ပါစေလို့ ... ဆုတောင်း ပေးမိပါတယ်ဗျာ.........။


**thurein lay**

Read More...

Wednesday, September 14, 2011

မိုးဒဏ်လေဒဏ်ကြောင့်မဲဆောက်မြို့မြောက်ဘက်က မယ်ကုဆာမ်ထာ့တံတားပဲ့ကျ


တနေ့ကဖြစ်ပွားခဲ့တဲ့ မိုးဒဏ်လေဒဏ်ကြောင့်မဲဆောက်မြို့မြောက်ဘက်က မယ်ကုဆာမ်ထာ့တံတားပဲ့ကျ ခဲ့ကြောင်းတွေ့မြင်ရပါတယ်။မယ်ကုဆာမ်ထာ့တံတားဆိုတာကထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက်(၁၂)ကီလိုမီတာအကွာအဝေးမှာရှိပါတယ်။

်စည်ပင်သာယာအဖွဲ့နဲ့ကျေးလက်နှင့်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(အောဘောတော)ရဲ့အလျင်
အမြန်ပြုပြင်မှုကြောင့်အခုဆိုရင်ဆိုင်ကယ်၊ကားသေး၊ကားလတ်တွေသွားနိုင်နေပါပြီးဟောဒီဓါတ်ပုံတွေကိုရှူ့စားပြီး
တံတားကျိုးတယ်ဆိုတဲ့သတင်းဖြစ်ပေါ်မှုနေရာမှာတံတားပဲ့တယ်ဆိုတဲ့သ တင်းအစစ်အမှန်ကိုတွေ့မြင်ကြ
ရမှာကဒီလိုပါ။





သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)