+Public Health+
ဆံသားကလည်းအသားအရေလိုပဲ ကိုယ်တွင်းကျန်းမာရေးအခြေအနေကို
ဖော်ပြပေးနေတဲ့အရာတစ်ခုပါ။
ဆံသားမှာဖွဲ့စည်းထားတဲ့ ဆဲလ်တွေကိုလည်း နေ့စဉ်အာဟာရဖြည့်တင်းပေးဖို့လိုပါတယ်။
ဆံသားအတွက်ဖြည့်ဆည်းပေးသင့်တဲ့အာဟာရဓာတ်တွေကဘာတွေလဲ
ဆိုတာကြည့်လိုက်ရအောင်ပါ။
**ပရိုတင်း**
ဆံပင်တစ်ပင်ချင်းစီအတွက် အရေးပါဆုံးသော အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်
လုံလောက်အောင်မစားဘူးဆိုရင်
ဆံပင်ကျွတ်တာနဲ့ ဆံပင်ပါးတာတွေအပါအဝင်
ဆံသားပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်။ ဆံပင်မကျွတ်စေချင်ဘူး
ဆိုရင်တော့
ဥအမျိုးမျိုး၊ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုးနဲ့ အခွံမာသီးတွေစားသုံးပေးပါ။
**သံဓာတ်**
ဆံသားအတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓာတ်တစ်မျိုးပါ။ သံဓာတ်အရမ်းနည်းနေရင်
ဆံပင်ကျွတ်နိုင်ပါတယ်။
နောက်တစ်ချက်က သံဓာတ်အဆမတန်နည်းနေမယ်ဆိုရင် သွေးအားနည်းဝေဒနာကိုခံစားရနိုင်ပါတယ်။ကိုက်လန်၊
ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊
ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိပြီး သံဓာတ်ပါဝင်တဲ့အစားအစာတွေကိုစားသုံးပေးလို့ 
ရပါတယ်။ ကြက်သား၊ ငါးနဲ့ ဥအမျိုးမျိုးလည်း စားသုံးပေးလို့ရပါတယ်။
**Omega 3 fatty acids**
ပြင်ပအစားအသောက်တွေကနေပဲရရှိနိုင်တဲ့ အဆီဓာတ်တစ်မျိုးပါ။ ဦးရေပြားပေါ်ကဆဲလ်တွေမှာတွေ့ရတတ်တဲ့အဆီ
တစ်မျိုးပါ။ ဦးရေပြားနဲ့ဆံသားအစိုဓာတ်ကိုထိန်းပေးပါတယ်။
ငါး၊ ဖရုံစေ့၊ အခွံမာသီး
တွေနဲ့ ထောပတ်သီးတွေကနေ ရရှိနိုင်ပါတယ်။
**ဇင့်**
ဇင့်ဓာတ်အားနည်းနေမယ်ဆိုရင် ဆံသားတွေမှာ ပရိုတင်းဓာတ်ပြောင်းလဲမှု
ဖြစ်ပြီး ဆံပင်ကျွတ်တာ၊ အမြစ်မခိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆံပင်အသစ်
ထွက်လာရင် လည်း ခပ်မြန်မြန်ကျွတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဆံပင်လည်း
ဖြူစေနိုင်ပါတယ်။ အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊ ဥအမျိုးမျိုးနဲ့ ပဲပိစပ်တွေလို
မျိုး အစားအသောက်တွေ စားသုံးပေးလို့ရပါတယ်။
**Vitamin C**
ဗီတာမင်စီ ခန္ဓာကိုယ်ရဲ့သံဓာတ်စုပ်ယူနိုင်စွမ်းကိုတိုးတက်စေနိုင်ပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်တွေကိုစားသုံးတဲ့အခါသံဓာတ်ပါတဲ့
အစားအစာတွေနဲ့တွဲစား ပေးသင့်ပါတယ်။
လိမ္မော်သီး၊ ကီဝီသီး၊ မာလကာသီး၊
စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ သင်္ဘောသီးနဲ့ ကန်စွန်းဥတို့မှာ ဗီတာမင်စီ
ကြွယ်ဝစွာပါဝင်နေပါတယ်။
မအေးသီမွန်
[ref: www.Practo.com.]
ကုမုဒြာ
Showing posts with label x ပညာပေး). Show all posts

Monday, December 4, 2017
Monday, November 20, 2017
လူထုကျန်းမာရေး(လေဖြတ်တာနဲ့ လေတက်တာ)
+Public Health+
လေ တက် ရင် လေဖြတ် နိုင်သလား။ နှိပ်တာနဲ့ လေ တတ် တာ ဘယ်လို
ဆက်စပ်မှုရှိလဲ။ မေးခွန်းက အမေးများတယ်။ သက်ကြီးရွယ်အိုလူနာတွေ မကြာခဏမေးတတ်တဲ့မေးခွန်းမျိုးပါ။ ကိုယ့် မိသားစု မှာ သက်ကြီးရွယ်အိုတွေ
ရှိရင် သတိထားမိမယ်။ တနေရာရာကို နှိပ်လိုက်တိုင်း တဂေ့ဂေ့နဲ့ လေထွက်တာမျိုး။ ဘေးလူတွေအတွက်တော့  စိတ်ပျက်စရာကြီးပေါ့။မသိရင် တမင်တကာ
လုပ်နေတယ်ထင်ရအောင်ကို လေတက်ကြတာလား။ ဒီလို လေတက် တာ
ရောဂါ လား၊ဘာဖြစ်တာလဲ ဘာ့ကြောင့်လဲ၊စိုးရိမ်ရလား သိချင်ကြမှာပဲ။
အဲဒီတော့ ဆရာဝန်တွေကို မေးကြတယ်။ ဘာ့ကြောင့် ဖြစ်ရလဲ။ ဆေးပညာ က
တိုးတက်နေပြီဆိုပေမယ့် ဇီဝကမ္မပြောင်းလဲမှု၊သက်ရောက်မှုတွေ မသိတာ၊
နားမလည်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ အနောက်တိုင်း ဆရာ က
အနောက်တိုင်းဆန်ဆန်၊တိုင်းရင်းဆေးဆရာက တိုင်းရင်းဆေးပညာအလိုအရ
ပြောပါလိမ့်မယ်။
ပုံမှန်အားဖြင့် ဗိုက် ထဲမှာ လေ တွေပြည့်နေတဲ့အခါ လေထွက်တာ၊လေတက်တာ
ရှိတယ်။ ဂတ်စ်ပါတဲ့အချိုရည်၊ဟင်းရည်ပူပူသောက်တဲ့ စုပ်တဲ့အခါ လေ တွေ
အများကြီး အစားအသောက်နဲ့အတူ ဗိုက်ထဲဝင်သွားတယ် ဟုတ်ပါတယ်။ ဒါပေမယ့် အဲလိုဝင်သွားတဲ့လေမျိုးက စားပြီးမကြာဘူး။ ချက်ချင်းတန်းထွက်ပါတယ်။
နာရီဝက် အတွင်း ဝင်သွားတဲ့လေတွေ ပြန်ထွက်သွားလိမ့်မယ်။ အစာအိမ်ထဲမှာ
လေတွေပြည့်နေလို့ အပေါ် ပြန်ထွက်တာရှင်းတယ်။ အူထဲရောက်တဲ့လေကျတော့ အထက်ကမထွက်တော့ဘူး။ အောက်ကနေပြန်ထွက်တယ်။ ဒါက အူလမ်းကြောင်းက
လေထွက်တဲ့ အခြေခံသီအိုရီဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ် မှာ လေဝင်ပြီး
ထွက်တဲ့နေရာသုံးနေရာ ရှိတယ်။တခုကပါးစပ်။ စားသောက်တဲ့အခါ ဝင်လာတဲ့
လေက အစာအိမ် နဲ့အူလမ်းကြောင်း ရောက်တယ်။ ဝင်ပြီးတာနဲ့ အပေါ်(သို့)
အောက်အပေါက်က ထွက်လိမ့်မယ်။ နောက်နေရာတခုက အဆုတ်ဖြစ်ပါတယ်။
လေကိုရှုသွင်းတဲ့အခါ နှာခေါင်းကတဆင့်လေပြွန်ထဲရောက် နောက်ဆုံးအဆုတ်မှာ ရှိတဲ့လေအိတ်(alveoli)ထဲ ဝင်ရောက်တယ်။ ဝင်သွားတဲ့လေကအောက်စီဂျင်ဖြစ်ပေမယ့်
ပြန်ထွက်တဲ့လေကျတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်တယ်။
နောက်ဆုံးလေဝင်တဲ့ နေရာတခုက နား ဖြစ်ပါတယ်။ နား ဆိုတာ
လေဝင်လေထွက်ဖို့ သဘာဝကပေးထားတဲ့ ပြတင်းပေါက်နဲ့ တင်စားကြတယ်။ လေထုဖိအားပြောင်းလဲမှုကို သူက ခံစားနိုင်တယ်။ တောင်တက်တောင်ဆင်း ကားစီး၊လေယာဉ်စီးတဲ့အခါမျိုးမှာ နားအူတာ၊ခေါင်းမူးတာတွေ ခံစားရတယ်။
အိမ်ပတ်ပြေးတဲ့အခါ ချာချာလည်မူးရင်လည်း အတူတူပဲ။ နားအတွင်းပိုင်းမှာ
လေထုဖိအား ရုတ်တရက် ပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်
အခုဟာက စားပြီသောက်ပြီးလို့ ထွက်တဲ့လေမျိုး
မဟုတ်ဘူး။ ခန္ဓာကိုယ်တနေရာရာ(ကုတ်၊ကျောပြင်၊ခြေထောက်)စတဲ့
နေရာတွေကို နှိပ်လိုက်တိုင်း လေထွက်တာဖြစ်တယ်။ တမျိုးပြောရရင်
အကြောတခုခုကို ထိလိုက်တိုင်း ခန္ဓာကိုယ်က ပြန်တုံ့ပြန်တဲ့သဘောမျိုးပါ။
ဘာမှ မထိရင်တော့ ဘာမှမဖြစ်ပါဘူး။ အများစုက အသက်(၆၀)ကျော်
အဖိုး၊အဖွားအရွယ် တွေမှာ ဖြစ်တယ်။ ဇရာလက္ခဏာဆိုရင် မှန်သလိုလို
ရှိပေမယ့် ကလေးတွေလည်း ရိှပါတယ်။ ရှားတော့ရှားတာပေါ့။
ဒီလိုဖြစ်ကြတော့ လူ့သဘော ရောဂါများလားဆိုပြီး သွေးစစ်၊ဆီးစစ်၊ဓာတ်မှန်ရိုက်
ကြတယ်။ အများစုက အကုန်ကောင်းပါတယ်။ ရောဂါကြောငိ့ မဟုတ်ရင်
ဘာကြောင့်များလဲ တွေးစရာရှိလာပါပြီ။ ဘာ့ကြောင့် ဒီလိုဖြစ်ရလဲ ဆေးကျောင်းသား
တိုင်း ဒုတိယနှစ် ရောက်ရင် ခန္ဓာဗေဒ၊ ဇီဝ ကမ္မ နဲ့ ဇီဝ ဓာတုဆိုပြီး သင်ရပါတယ်။
ဇီဝ ကမ္မဆိုတာ ကိုယ်ခန္ဓာ ဇီဝ ဖြစ်စဉ်ပြောင်းလဲခြင်းကို လေ့လာရတာဖြစ်တယ်။
လူ့ခန္ဓာကိုယ် မှာ သိစိတ်မဲ့ အာရုံကြောလှုပ်ရှားမှုကို ဖြစ်စေတဲ့ စနစ်တွေထဲမှာ
parasympatheticဆိုတဲ့ စနစ်တခု ရှိပါတယ်။ လူတယောက် အနားယူတဲ့
အချိန်မှာ ဖြစ်ပေါ်တဲ့ ဇီဝပြောင်းလဲမှုကို ဒီစနစ်က ထိန်းချုပ်ပေးတယ်။
ဥပမာအားဖြင့် ကျွန်တော် တို့စိတ်ကမသိဘဲ အသက်ရှုနေတာ သူ့ကျေးဇူးပါ။
ထမင်းစားပြီး ထိုင်နေပေမယ့် ဗိုက်ထဲက အစာအိမ်လှုပ်ရှားအောင်၊အစားအစာ
ချေဖျက်အောင် ဒီ စနစ် က သူ့ဘာသာလုပ်ဆောင်ပေးနေတယ်။ ဒီစနစ်ကို
ထိန်းချုပ်ပေးတဲ့ အာရုံခံဆဲလ်တွေက ဦးနှောက်နဲ့ ကျောရိုးဆစ်မကြီး က
ထွက်လာတယ်။ အထူးသဖြင့် အပေါ်ဆုံး ဦးနှောက်ကထွက်လာတဲ့ cranial nerveနဲ့
အောက်ဆုံး မြှီးညောင့်ရိုးဆစ်ကထွက်လာတဲ့ sacral nerveက တွေက
parasympathetic ပြောင်းလဲမှုကို ထိန်းချုပ်ပေးတယ်။
အဲဒီထဲမှာမှ ဦးနှောက် က ထွက်လာတဲ့ vagus nerve ဆိုတာ ခန္ဓာကိုယ်
အတွက် အခရာကျတယ်။ သူ့ရဲ့ တာဝန်တွေက မသေးပါဘူး။
နှလုံး ခုန်တာ၊အစာခြေတာ၊ချွေးထွက်တာ စတဲ့သိစိတ်မဲ့တုံ့ပြန်မှု
မှန်သမျှကို ထိန်းချုပ်ပေးတယ်။ လည်ချောင်း၊လည်မြိုမှာရှိတဲ့
ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေတာကြောင့် အသံထွက် တာ၊
အသက်ရှုတာစတဲ့ဖြစ်စဉ်တွေပေါ် သက်ရောက်စေသတဲ့။ လူ့ခန္ဓာကိုယ်
ကို နှိပ်တဲ့အခါ vagus nerveကို သွားရောက်လှုံ့ဆော်လို့ လည်ပင်းကြွက်သား
၊အစာမြိုပြွန်တွေ သိစိတ်မဲ့လှုပ်ရှားလာပါတယ်။ အဲလို လှုပ်ရှားမှု တွေကနေ
အသံတွေထွက်လာတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကို နှိပ်တဲ့အခါ တဂေ့ဂေ့နဲ့
လေထွက်တာ vagus nerveကြောင့်ပါ။ နှိပ်တဲ့အခါ သွေးကြော(မြန်မာလို
လေကြောခေါ်မလား)ကို ဖိမိတဲ့အခါ သွေးလည်ပတ်မှုအားကောင်းလာတယ်။
ဒီလိုနည်းနဲ့ skeletal muscle ကြွက်သား တွေ ပြေလျှော့ လာပြီး အကြောအခြင်တွေ၊
အညောင်းအညာတွေ သက်သာစေတယ်။ အညောင်းအညာ ပြေပျောက်သွားပြီး
နေလို့ထိုင်လို့ ပိုကောင်းလာတယ်။ လူနာကတော့ နှိပ်လိုက်လို့ လေတက်
၊လေတက်လို့ အနေရခက်တာတွေ သက်သာသွားတယ်လို့ ထင်ပါတယ်။
ဒါ့ကြောင့် နှိပ်လိုက်တိုင်း လေတက်တာ စိုးရိမ်စရာမဟုတိပါဘူး။ ရောဂါ လည်း
မဟုတ်ပါဘူး။ တချို့တွေးသလို လေဖြတ် တာမျိုးလည်း မဖြစ်နိုင်ဘူး။
ဒီတပတ်အတွက် လေဖြတ်တာနဲ့ လေတက်တာ ဘာမှမဆိုင်တဲ့အကြောင်း
ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
Credit: ဒေါက်တာအေးမင်းထူး

Labels:
x ပညာပေး)
Wednesday, November 15, 2017
လူထုကျန်းမာရေး(ကြောက်စရာကောင်းတဲ့ တောက်တဲ့တွေကို ဖယ်ရှားနိုင်တဲ့နည်းလမ်းများ)
+Public Health+
တောက်တဲ့ တွေရှိတဲ့အိမ်က လာဘ်လာဘတွေ ကောင်းတယ် လို့လည်း
ယုံကြည်ကြသူတွေရှိသလို တောက်တဲ့တွေ ကြောက်သူတွေလည်း
ရှိပါတယ်။ အထူးသဖြင့် သစ်တောသစ်အုပ်တွေနဲ့နီးတဲ့ အိမ်တွေမှာ
တောက်တဲ့တွေ နေတတ်ပါတယ်။ တောက်တဲ့တွေက အိမ်တွေရဲ့
ဟိုကြား ဒီကြားတွေ၊ ပြူတင်းပေါက်ဘောင် ကြားတွေ စတာတွေမှာ
နေတတ်လေ့ရှိပါတယ်။
အိမ်မြှောင်အကြီးစားဖြစ်ပြီး အသေးဆုံး တောက်တဲ့ တောင်
လက်တစ်ဖဝါးစာ ကျော်လောက်ရှိပြီး “တောက်တဲ့“ ဆိုပြီး
အော်လေ့ရှိပါတယ်။
**ကြက်ဥခွံ**
ကြက်ဥအခွံတွေကို တောက်တဲ့တွေ နေတဲ့နေရာနားမှာ ချထားပါ။
ကြက်ဥအခွံတွေကို အိမ်ပတ်လည်၊ တောက်တဲ့တွေ နေတဲ့နေရာနားမှာ
ချထားပေးပါ။ ကြက်ဥ အခွံက ထွက်တဲ့အနံ့ကို တောက်တဲ့တွေက
မကြိုက်ပါဘူး။ တောက်တဲ့တွေ အိမ်ကနေ ထွက်ပြေး သွားမှာပါ။
#ကြက်သွန်ဖြူ*
တောက်တဲ့ကလည်း ကြက်သွန်ဖြူရဲ့ အနံ့ကို မခံနိုင် ပါဘူး။ ဒါကြောင့် တောက်တဲ့လာတတ်တဲ့နေရာတွေမှာ ကြက်သွန်ဖြူတွေထားပေးထားလို့
ရပါတယ်။ ဒါမှ မဟုတ်လည်း ကြက်သွန်ဖြူကိုကြိတ်ပြီး ကြက်သွန်ဖြူ အရည်ကို
ရေအနည်းငယ်နဲ့စပ်ပြီး သူတို့နေတတ်တဲ့ နေရာတွေမှာ ဖြန်းပေးထားပါ။
**ပရုတ်လုံး**
ပရုတ်လုံးကလည်း တောက်တဲ့တွေကို ဖယ်ရှားနိုင် ပါတယ်။ ပရုတ်လုံးရဲ့
အနံ့ကို တောက်တဲ့တွေက မခံနိုင် ပါဘူး။ဒါကြောင့် တောက်တဲ့ရှိတဲ့နေရာ
တွေမှာ ထား ထား ပေးပါ။ #ရေအေး* တောက်တဲ့တွေကို ဖမ်းရတာလည်း
ခက်ပါတယ်။ ဒါပေမယ့် ရေအေး ဒါမှမဟုတ် ရေခဲရေကို စပရေးဗူးထဲ
ထည့်ပြီး ဖြန်းပေးရင် နေရာမှတင်ရပ်သွားပါတယ်။ ဒါဆို ရင် ဖမ်းပြီး
လွှတ်ပစ်လို့ရပါတယ်။
#ငှက်မွှေးထားပါ*
ကိုယ့်ဗီဒိုပေါ်မှာ တောက်တဲ့တွေရှိနေတာကြောင့် ည အိပ်မပျော်တာ
တွေဖြစ်တတ်ပါတယ်။ကိုယ့်အခန်းထဲကို မလာစေချင်ရင်
ငှက်မွှေးတွေနဲ့ အလှဆင်ထားတဲ့ပစ္စည်းတွေ ထားပေးပါ။
Credit: MyFood Myanmar
လွင်ပြင်

Monday, November 13, 2017
လူထုကျန်းမာရေး(လူတိုင်းအိမ်မှာ ဆေးဖြစ်ဝါးဖြစ် ဆောင်ထားသင့်တဲ့ဆေးဖက်ဝင်လောက်သေရွက်)
+Public Health+
ဒီနေ့ ဆရာမတစ်ယောက်က လောက်သေရွက် ကို ရေနွေးကြမ်းလိုမျိုး
ကျိုသောက်တာ ချောင်းဆို တကယ်သက်သာသွားတယ်ဆိုလို့ စာဖတ်သူ
တို့ကို ပြန်ပြီးမျှဝေချင်တာနဲ့ ဆရာမတွေဆီကလည်း နည်းနည်း စပ်စုကြည့်ရင်းအွန်လိုင်းစာမျက်နှာပေါ်ကနေလည်းစာတွေပြန်ရှာ
ဖတ်ကာ အသုံးဝင်မယ်လို့ ထင်တဲ့ ဆေးနည်းတချို့ကို ပြန်ပြီး
မျှဝေလိုက်ပါတယ်။ လောက်သေရွက်ကို စာဖတ်သူတို့အားလုံးသိကြမယ်
ထင်ပါတယ်နော်။ စိုစွတ်တဲ့ဒေသတွေမှာ သဘာဝအလျောက်
ပါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ လောက်သေရွက်က အရွက်ကော
အမြစ်ပါ ဆေးဖက်ဝင်ပါတယ်။ ငပိလုပ်ငန်းတွေမှာလည်း အသုံးပြုကြပါတယ်။
မြန်မာဆေးကျမ်းများအဆိုအရ လောက်သေပင်ဟာ လေ နဲ့ သလိပ်၊
သည်းခြေကို နိုင်တယ်လို့ ဆိုပါတယ်။ ရေဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး
တွေကို သေစေနိုင်ပြီး ဖျားနာတာကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။
+ဆေးဖက်ဝင်အဖြစ် အသုံးပြုပုံ+
လောက်သေရွက်ကို ရေနွေးကြမ်းလိုမျိုး ကျိုပြီးသောက်ပေးရင်
ချောင်းဆိုး သက်သာပျောက်ကင်းစေသလို သလိပ်အတွက်လည်း
ကောင်းမွန်ပါတယ်။ ချောင်းဆိုးတာနဲ့ သလိပ်သာမက နှာစေး တာကိုလည်း
သက်သာစေပါတယ်။ လက်ဖက်ခြောက်လိုမျိုး အခြောက်ထားပြီး
ကျို သောက်သုံးမယ်ဆိုရင်လည်း ရပါတယ်။ ဆီးပူ၊ ဆီးအောင့်နဲ့
ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။
လောက်သေရွက် မနုမရင့်ကို ပြုတ်ပြီး သုပ်စားတာ၊ တို့စားတာမျိုး
လုပ်မယ်ဆိုရင် ဝမ်းကိုက်တာ၊ ဝမ်းဖော ဝမ်းရောင်တာနဲ့ ကလေးတွေ
သန်ဝမ်းကိုက်တာ ရင်ပြည့်ရင်ကယ်ဖြစ်တာကို သက်သာစေပါတယ်။
**အဆုတ်သန့်စင်စေဖို့**
ဆေးလိပ်သောက်သုံးသူတွေအတွက်လည်း ဆေးတစ်ခွက်အဖြစ်
အသုံးပြုနိုင်ပါတယ်။ အဆုတ်ကို သန့်စင်ပေးပါတယ်။ လောက်သေရွက်ကို
၅ ကျပ်သားလောက်နဲ့ ရေမောက်ခွက် ၃ ခွက်လောက်နဲ့ ပြုတ်ကာ ကျိုလိုက်ပါ။
ရေ ၃ ခွက်ကို ၁ ခွက်စာကျန်အောင်ကျိုပါ။ ပြီးရင် အအေးခံပြီး တစ်နေ့တည်း
ကုန်အောင်သောက်ပေးပါ။ ပုံမှန်သောက်ပေးမယ်ဆိုရင် အဆုတ်ကို
သန့်စင်ပေးနိုင်ပါတယ်။ အနည်းဆုံး ၁၀ ရက်တိတိ ပြုတ်သောက်သင့်ပါတယ်။ တခြားဆေးဖက်ဝင်နည်းတွေလည်း အများကြီးရှိပါသေးတယ်။
အချိန်ရကာမှ ပြန်ပြီး မျှဝေပါဦးမယ်။ စာဖတ်သူတို့အားလုံး သက်ရှည်
ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
-မှတ်ချက် –
အွန်လိုင်းစာမျက်နှာများမှာ ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
မူရင်းရေးသားသူများအားလုံးကို Credit ပေးပါသည်။
Share from My Style

Sunday, November 12, 2017
လူထုကျန်းမာရေး(အသည်းကင်ဆာမဖြစ်အောင် သဘာဝဆေးနည်းများဖြင့် ကာကွယ်တားဆီးလို့ ရပါတယ်)
+Public Health+
ဆိုးရွားစွာ ခံစားနေရသော အသည်း ကင်ဆာ ကို သဘာဝ ဆေးနည်း
တွေနဲ့ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသဖို့ ဆိုတာတော့ သိပ်ပြီး
အာမမခံပါ။ ကံကောင်းရင်လည်း သဘာဝ ဆေးနည်း တွေနဲ့
ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ဆေးစားတော့ မှန်ရမှာပေါ့။
အသည်း ကင်ဆာ ကို ကြိုတင်ကာကွယ်တားဆီးဖို့နဲ့
အသည်း ကင်ဆာေ ရာဂါ စတင်ဖြစ်ပွားနေသူများအတွက် သဘာဝ ဆေးနည်း
ကောင်း များကို ဖော်ပြပေးပါ့မယ်။ စမုံစပါးစေ့ ( Cumin ) ကို အမှုန့်ကြိတ် ၍
နေ့စဉ်ပုံမှန် လက်ဖက်စားဇွန်းနဲ့ မနက်ည ရေအေးဖြင့် သောက်သုံးပေးပါက
အသည်းကင်ဆာ ရောဂါကို ကာကွယ်တားဆီး ပေးပါတယ်။
( Cumin ) ဟာ ဇီရာစေ့ မဟုတ်ပါဘူးနော် မှားနေမှာစိုးလို့။ ဂျင်း ( Ginger )
တက်ကို နေအခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ရရှိလာသော ဂျင်းအမှုန့် ကို
လက်ဖက်စားဇွန်းဖြင့် မနက်ည ရေအေးဖြင့် သောက်သုံးပေးပါ။
နနွင်း ( Turmeric ) အမှုန့် ကို ရေအေးဖြင့် မနက်ည ပုံမှန် သောက်သုံးပေးပါ
ကလည်း အသည်းကင်ဆာကို ပျောက်ကင်းသက်သာ စေပါတယ်။
ကြက်သွန်ဖြူ ( Garlic ) ကို နံနက်အိပ်ယာထ မျက်နှာ မသစ်ခင်
အစိမ်းစားပေးပါက အသည်းကင်ဆာရောဂါကို ကာကွယ်တားဆီး
ပေးပါတယ်။
share from : Search myanmar

Friday, October 13, 2017
=လူထုကျန်းမာရေး (ငါးရက် အတွင်း ပွေး ညှင်း တင်းတိတ် ဝက်ခြံ သက်သာပျောက်ကင်းစေတဲ့နည်း)=
+Public Health+
ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံ ဖု မပေါက်ဖူးတဲ့သူမရှိပါဘူး။
ပေါက်ဖူးတဲ့ သူတွေပါပဲ။ စိုးရိမ်စရာ ရောဂါ အနာ မဟုတ်ပေမယ့်
မျက်နာ ပေါ်မှာ အပေါက် များတဲ့ ရောဂါ တွေဖြစ်လို့ အလှပျက်၊
မျက်နာ ပြရခက်ပါတယ်။ ငါးရက် အတွင်း သက်သာပျောက်ကင်းစေတဲ့
မြန်မာ့ရိုးရာ လိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော် ဖို့ကလည်း
အလွန်လွယ်ကူပါတယ်။
-ဆေးနည်းမှာ-
ကြက်သွန်နီ ဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။
ပြီးရင် ကြွေပုဂံလုံး ထဲ ထည့်ပြီး သံပရာသီး တစ်လုံးကို အရည်ညစ်ချလို့
ရောဖျော်ပါ။ သင့်ရဲ့ပွေးကွက် ၊ ညှင်းကွက် ၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို
လိမ်းပေးပါ တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ ညပိုင်းမှာ မျက်နာကို ရေနွေး နဲ့
သန့်စင်ပြီး သနပ်ခါး အမြစ်လိမ်းပြီး အိပ်ပါ။ ငါးရက်လောက်
ဆက်တိုက်လုပ်ရင် သင့် မျက်နာ ဟာ ကြည်လင်ရှင်းသန့်ပြီး
ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။
Credit : ဓမ္မစကူးလ်ဆုံရာ

Tuesday, October 10, 2017
=လူထုကျန်းမာရေး (အခန်းထဲမှာရှိတဲ့ အစိုပြန် မှိုတက်မှု တွေကို ဖယ်ရှားဖို့)=
မှို တွေကတော့ မျက်လုံးနဲ့မြင်နိုင်တာတွေ ရှိသလို မမြင်နိုင်တဲ့ မှို တွေ
လည်းရှိပြီး မှို တွေက နေရာတိုင်းမှာ ရှိနေပါတယ်။တခါတလေ
မိုက်ခရို စကုပ် နဲ့မှ မြင်နိုင်တဲ့ မှို တွေက ရေချိုးခန်းမှာရှိနေသလို
ကိုယ်စားတဲ့ အစားအစာ၊ အ၀တ်လျှော်စက် စတဲ့ နေရာမျိုးစုံမှာ
ရှိနေတတ်ပါတယ်။ တခါတလေ မှို တွေနဲ့မတည့်ရင် နှာချေတာ၊
မျက်လုံး ယား၊ မျက်ရည်ကျ၊ လည်ပင်းနာ၊ ချောင်းဆိုး စတာတွေ
ဖြစ်တတ်ပါတယ်။ မှိုတွေနဲ့ ထိတွေ့တာများပြီး ဓာတ်မတည့်ရင်
ကိုယ်ခံအား ကို ပြန်တိုက်တဲ့ ရောဂါ အမြင်တွေေ၀၀ါးအ၀လွန်စိတ်ဖိစီးမှုများခေါင်းကိုက်ရောင်ရမ်းအဆစ်အမြစ်ရောင်
စိတ်ရှုပ်ထွေးပြီး သတိမေ့ခြင်း အသားအရေ ယားယံခြင်း စတာတွေ
ခံစားရပါတယ်။ မှို တွေကို Tea Tree အဆီ နဲ့ဖြန်းပြီး ဖယ်ရှားလိုက်ပါ။
*ပါဝင်ပစ္စည်း*
ရေဖြန်းလို့ရတဲ့ ဗူး ရေ ၂ ခွက် Tea Tree Oil လက်ဖက်ရည်ဇွန်း ၂ ဇွန်း
(City Mart နဲ့ တချို့ အလှအပဆိုင်ရာ ဆိုင်တွေ မှာရနိုင်ပါတယ်။)
*ပြုလုပ်နည်း*
Tea Tree Oil နဲ့ ရေ ကို ရောပြီး ရေဖြန်းတဲ့ ဗူးထဲထည့်ပါ။ မှို များများရှိမယ့်
နေရာကို ဖြန်းပါ။ မှို တွေက ၂၄ နာရီအတွင်း သေသွားမှာပါ။
Credit : Myfood myanmar
လွင်ပြင်
Labels:
x ပညာပေး)
Sunday, October 8, 2017
=လူထုကျန်းမာရေး (အိမ်ထဲရှိပုရွက်ဆိတ် တွေကို ဒီနည်းနဲ့ မောင်းထုတ်ပါ)=
၁။ ပုရွက်ဆိတ် ဝင်လာတတ်တဲ့ မုန့်ဘူး တွေရှိလား။ ဘူးအဖုံးအရစ် ကို
အပြင်ကနေ တိပ် နဲ့ပတ်ထားပါ။ မုန့်ဘူး ရဲ့ ဘေးပတ်လည်ကိုလည်း
တိပ် နဲ့စည်းသားကာ ကျုံးလို လုပ်ထားလိုက်ကြည့်။ ပုရွက် တွေတွေက
တိပ်ကိုကျော်လာတာ ရှားပါတယ်။
၂။ နောက်တစ်နည်းကလည်း တိပ် နဲ့စည်းသားတာနဲ့ အတော်ဆင်ပါတယ်။ ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ မြေဖြူခဲနဲ့ မျဉ်းသားထားပါ။
မြေဖြူမှာပါတဲ့ ကယ်လ်ဆီယံ ကာဘွန်နိတ်ကို ပုရွက်ဆိတ် တွေက
ကြောက်ပါတယ်။
၃။ သံပရာ/သံပရိုသီးကလည်း တကယ်စွမ်းတယ်နော်။
မီးဖိုချောင် မှာ ပုရွက်ဆိတ် တွေကို မမြင်ချင်ဘူးဆိုရင် ပုရွက်ဆိတ်လာတဲ့
နေရာတွေကို သံပရာရည် ဖြန်းထားလိုက်။ ကြမ်းပြင်တွေကို တိုက်ဆေးရင်
လည်း ရေနဲ့သံပရာရည် ရောပြီး ပွတ်တိုက်ပေးထားလိုက်ပါ။ ပုရွက်ဆိတ်
တွေ မလာတော့ပါဘူး။
၎။ ငြုပ်ကောင်းမှုန့်ရဲ့ အနံ့ကိုလည်း ပုရွက်ဆိတွေက မနှစ်သက်ပါဘူး။
အိမ် ထဲမှာ ပုရွက်ဆိတ် တွေ အုံဖွဲ့နေရင် ပုရွက်ဆိတ် အုံပေါ်ကို
ငြုပ်ကောင်းမှုန့် ဖြူးလိုက်ပါ။ ပြောင်းရွှေ့သွားကြပါလိမ့်မယ်။
၅။ Talcum Powder လို့ခေါ်တဲ့ ပူရှိန်းရှိန်း ပေါင်ဒါ လေးတွေကလည်း
ပုရွက်ဆိတ် မလာအောင် တားဆီးပေးပါတယ်။
ပေါင်ဒါထဲမှာပါတဲ့ tartar, borax, sulfur နဲ့ လေးညှင်းဆီတို့က
ပုရွက်ဆိတ်တွေမလာအောင် တားဆီးပေမှာပါ။
၆။ ရှာလကာရည်ကို သုံးပြီးတော့ ပုရွက်ဆိတ် မလာအောင်လည်း
တားဆီးနိုင်ပါသေးတယ်။
ရေနဲ့ ရှာလကာရည် ကို ဆတူရောပြီး ပုရွက်ဆိတ်လာတဲ့နေရာတွေကို
ဖြန်းထားပေးလိုက်ရမှာ ဖြစ်ပါတယ်။
Posted By : Ra Wai (ShweProperty.com)
လွင်ပြင်
Labels:
x ပညာပေး)
Saturday, October 7, 2017
=လူထုကျန်းမာရေး(( (ရေသည် အသက်ကယ်ဆေး)=
+Public Health+
ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်ရှည်ဆေး
ဖြစ်သွားနိုင်ပါ၏။ ထို့ကြောင့် ဤစာကို ဖတ်ပြီးလျှင် ဝေမျှပေးရန်မမေ့ပါနှင့်။
ဤစာသည် တစ်စုံတစ်ယောက်၏ အသက်ကို ကယ်တင်ကောင်း
ကယ်တင်နိုင်ပါ၏။ နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်း သောက်သော
အလေ့အထ သည် ယနေ့ ဂျပန်ပြည် တွင် ခေတ်စားနေ၏။ သိပ္ပံပညာ
စမ်းသပ်ချက် များသည်ပင် နံနက်ခင်းရေသောက်ခြင်း အလေ့အထ ၏
တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ ကျွန်ုပ်တို့စာဖတ်သူပြည်သူများ အတွက်
ရေ၏ အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ ဤရေကုထုံးဖြင့်
အသက်ကြီးရောဂါ၊ ပြင်းထန်သော ရောဂါများနှင့် ခေတ်သစ်ရောဂါများကို
တစ်ရာ ရာခိုင်နှုန်း ပျောက်ကင်းနိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့ အစည်း
တစ်ခုက တွေ့ရှိခဲ့ပါ၏။ ပျောက်ကင်းနိုင်သော ရောဂါ များမှာ ခေါင်းကိုက်ခြင်း ၊
ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင် ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါ
အမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်း ရောဂါ များ၊ ခန္ဓာကိုယ်ကိုက် ခဲခြင်း၊
အဆစ် အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်
ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ် နာရောဂါ၊ဝမ်းလျှောရောဂါ၊
လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများ
ရာသီလာ မမှန်ခြင်း တို့ဖြစ်၏။
**လိုက်နာရန် နည်းလမ်းများ**
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့် သို့မဟုတ်သုံးပုံနှစ်ပုံခန့်သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေသောက်ပြီး
လေး ဆယ့်ငါးမိနစ် အတွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံအတိုင်း မနက်စာကို
စားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအတွင်း
မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်နိုင်သည့်
ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့် သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်းမာပျော်ရွှင်သော ဘဝ
တစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်ကင်းအောင် ကုသနိုင်ပါ၏။
အောက်တွင် ရောဂါ အမျိုးအစား အလိုက် ပျောက်ကင်းသက်သာ လျှော့ နည်း
စေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ – ရက်ပေါင်း ၃၀ ရက် (၂) အစာအိမ်ရောဂါ – ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ – ၃၀. ရက် (၄) ဝမ်းချုပ်ခြင်း – ၁၀. ရက်
(၅) ကင်ဆာရောဂါ – ၁၈၀. ရက် (၆) တီဘီရောဂါ – ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ – ၃ ရက် – ၂ ပတ်
ရေကုထုံး တွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤ ရေကုထုံး ကို ကျွန်ုပ်တို့၏
ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်ကောင်း၏။ ကျန်းမာပြီး
တက်ကြွသောဘဝကို ရေသောက်ပြီးပုံဖော်နိုင်ပါ၏။
Credit : Myawady Health

Subscribe to:
Posts (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)