
" ဆရာဝန်ပေါ့ဆမှုကြောင့်လူနာများအသက်ဆုံးရှုံးမှုများဖြစ်ပေါ်မှုကို သတိထားစေချင် "
(သို့)
" အသက်တစ်ချောင်း ဘာနဲ့လျော်မလဲ "
............................................................................
ပုတုဇဉ်လူသားတိုင်းမှာကိုယ်စီကိုယ်စီမေ.မရတဲ.အကြောင်းကိစ္စတွေ၊အစားထိုးမရတဲ.ဆုံးရှုံးမှုတွေရှိခဲ.ဘူး
ကြမယ်။အခုလည်းသေရာပါသွားမယ်.ဘ၀စာမျက်နှာအချို.ကိုပြန်းပြောင်းပြောပြချင်မိတယ်ရင်ဖွင့်လိုက်လို့
ရင်ထဲပေါ့သွားမယ့်ကိစ္စမျိုးတော့မဟုတ်ပေမယ့်...ပြောပြချင်တာထက်သိစေချင်တယ်။သိစေချင်တာထက်သ
ိသင်.တယ်ထင်လို. ဓါတ်ပြားဟောင်းကြီးကိုရင်နာနာနဲ့ ပြန်ဖွင့်ရမဲ့နာကျင်မှုမျိုး။ထိုလူတွေ (သင်္ဃန်းကျွန်းဆေးရုံ တွဲဖက်ပါမောက္ခ သားဖွားမီးယပ် OG ဒေါ်ချိုချို )ကတော.သိနိုင်မှာတဲ့လား။
(၂.၈.၂၀၁၀)တနင်္လာနေ့၊ထိုနေ့က.......ထိုနေ့က.......ကျွန်မတို့မိသားစုအဖို. အမှောင်ဖုံးခဲ့ရတဲ့နေ့။ ဘ၀မှာအကြီးမားဆုံး တုန်လှုပ်မှုဖြစ်စေခဲ့တာ နံနက်(၈း၄၅)နာရီ ၊ဘယ်တော့မှထပ်မရောက်ချင်တဲ့နေရာက အဲဒီတုန်းက ကျွန်မတို.ရဲ့ အမှောင်ကမ္ဘာ(သင်္ဃကျွန်းစံပြဆေးရုံကြီး)မှာပေါ့....တကယ်ကိုစံပြလောက်တဲ. နေရာတစ်ခုမှာ ကျွန်မတို.ရှိနေခဲ.တာပါ.၊ ဆေးရုံကုတင်ပေါ်မှာက ကျွန်မရဲ့ချစ်လှစွာသောအစ်မ......ဝေဒနာတွေကိုတစ်ပွေ.တပိုက်ကြီးခံစားရပြီးများ အကြောင်းမဲ. သေသွားရတဲ့ အချစ်ဆုံးအစ်မ မချိုချိုခိုင်(ခ) ပိစိ(၂၉)နှစ်ပါ။ "မမှားသောရှေ့နေ " ဆိုတာမရှိပေမယ့် ဆရာဝန်တွေမှားပြီဆိုရင်တော့ လူ.အသက်တစ်ချောင်းပေးလိုက်ရတာကလွဲပြီး......ဒါက ကံကြမ္မာအလိုတဲ့လား? ဟမ္ဘူရာဘီရဲ့ ကိုဒ ဥပဒေအတိုင်းတောင်လက်မခံနိုင်ဘူး။ game ပွဲမဟုတ်လို့ အရှုံးအနိုင် အလျော်အစားလဲ မလိုချင်ပါဘူး။ တန်ဖိုးမဖြတ်နိုင်ဆုံးလူ့အသက်မှာ ဘယ်လိုအမှားအယွင်းမှ မခံနိုင်တာ သူတို့ဆရာဝန်တွေ အသိဆုံးပါ။
ဖြစ်ပုံက(၂၉.၇.၂၀၁၀) ညနေ(၆:၀၀) တိတိမှာ ကျွန်မအစ်မ ကလေးမီးဖွားဖို. အောင်ရတနာ ဆေးခန်းမှာ တတ်ခဲ့ပါတယ်။ နောက်နေ့မနက်(၃၀.၇.၂၀၁၀) သောကြာနေ့ နံနက် (၇:၃၀)မှာ သားဦးလေးမွေးခဲ့တယ်။မွေးပြီးပြီးချင်း ကလေးကို မိသားစုများရှိရာကို လာပြပါတယ်။ဒါပေမဲ့ အစ်မကတော့ ခွဲခန်းထဲက တော်တော်နဲ့ထွက်မလာလို့ ခွဲခန်းအပြင်မှာ စောင့်နေခဲ့တဲ့ကျွန်မတို့မိသားစု တော်တော်လေးစိတ်ပူရပါတယ်။ ထွက်လာတော့ အစ်မကသူခေါင်းအရမ်းကိုက်တယ်လို့ မိသားစုကိုပြောပါတယ်။ဒါ့ကြောင့် ဆေးခန်းကတာဝန်ရှိတဲ့သူတွေကို ခေါင်းကိုက်နေကြောင်းကျွန်မတို့အကြောင်းကြားခဲ့တယ်။သူတို့ကမေ့ဆေးအရှိန်ကြောင့်လို့ပြန်ပြောပါတယ်။
နေ့လည်အစ်မနိုးလာတော့"ငါအရမ်းနာနေတယ် ဗိုက်ထဲမှာအရမ်းနာနေတယ်၊ ခွဲခန်းမှာတုန်းက ငါ့ကိုဗိုက်ခွဲရင်း သွေးကြောထိသွားလို့ သွေးတွေ ပန်းထွက်တယ်၊OG တောင် လေဆာနဲ့ပြန်ဖာရတယ်၊OG မှာချွေးတွေပျံနေလို့ ငါ့လက်ပေါ်တောင် ချွေးတွေကျသေးတယ်လို့ပြောပါတယ်" ၊ တကယ်တော့Operation Theatre ထဲမှာရှိတဲ့ ခွဲစိတ်ရာမှာသုံးတဲ.မီးဝိုင်းဟာဆရာဝန်တွေ ကိုယ့်ကိုဘာလုပ်နေတယ်ဆိုတာကို တစွန်းတစမြင်ရပါတယ်။ Local Anaesthesia ပဲပေးထားတာမို့ အစ်မဒါတွေကို မြင်ခဲ့ရတယ်ထင်ပါတယ်။ အဲဒီ(၃၀.၇.၂၀၁၀)နေ.က တစ်နေ့လုံးOG တစ်ချက်လေးတောင်ပြန်လာမကြည့်ပါဘူး။ အဲနေ့ကသာလာကြည့်မယ်ဆိုရင် အစ်မဒီလိုဖြစ်မယ် မထင်ပါဘူး။ အဲတာကလည်းတာဝန်မဲ့တာလေ။ ညဘက်မှာ အစ်မကိုသွားကြည့်တော့ မျက်နှာက ဖြူဖတ်ဖြူရော်နဲ့..........ဆရာဝန်ဘာပြောသွားသေးလဲ မေမေ့ကို ကျွန်မမေးကြည့်တော့ ဆရာဝန်က ကောင်းပါတယ်တဲ့လေ။ ဒီအခြေအနေရောက်နေတာတောင် ကောင်းတုန်းပဲလို့ ပြောခဲ့ပါတယ်။နောက်နေ့ နံနက်(၃၁.၇.၂၀၁၀)ရက် (၈း၀၀)လောက်OGလာကြည့်တယ် အဲဒီအထိသူကိုမေးကြည့်တော့ကောင်းနေတုန်းပဲတဲ့ ။ကြည့်ပြီးတော့ ပြန်သွားတယ်လေ။ ဘာမှပြောမသွားဘူး။OG ပြန်သွားတော့ အစ်မမျက်နှာကပိုပြီးတော့ ဖြူဖွေးသွားတယ်။ ဆေးခန်းကတာဝန်ရှိသူတွေကိုသွားပြောတော့ သွေးပေါင်လာချိန်ကြည်.တော.သွေးပေါင်က မရတော့ဘူး။ အဲဒီနေ့ဟာ ကျွန်မတို့ မိသားစုအတွက် မုန်တိုင်းကြီးရဲ့ အရိပ်အရောင် စပြီ ပြမဲ့နေ့ဆိုတာ.........နေ့လည်ပိုင်း အစ်မရဲ့ ဗိုက်ကဖောင်း ဖောင်းလာ
တယ်။ဘာဖြစ်လို့ လဲ အစ်မကိုမေးကြည့် တော့  " လေမလည်သေးလို့ ဖြစ်မှာပေါ့ "
ပြာလို့  ကျွန်မထင်လိုက်တာက ဟုတ်လေမလားပေါေ့။တဖြည်းဖြည်းကြာလာရင်း နောက်ဆုံးမှာ
အစ်မမျက်နှာက လုံးဝဖြူဖွေးသွားတယ်။ပြီးတော့ OG ရောက်လာတယ်။ဗိုက်ကိုပုတ်ကြည်
့တယ်...ဒါနဲ့မရတဲ့ အဆုံး syringe နဲ့ ထိုးပြီးစုပ်ကြည်
့တယ်။အိုး...သွေးတွေ...ဗိုက်ထဲမှာသွေးတွေပြည့်နေပြီတဲ့ ။ဒါ့ကြောင့်
နောက်တစ်ခါဗိုက်ထပ်ခွဲပြီး uterus( သားအိမ်)ကို ထုတ်ပစ်ရမယ်တဲ
့။ချက်ချင်းမှထပ်မခွဲရင် နာရီပိုင်းအတွင်း expireဖြစ်မယ်(သေမယ်)လို
့ပြောပါတယ်။သနားစရာကောင်းလှတဲ့ အစ်မက
ဗိုက်ခွဲရမှာအင်မတန်ကြောက်သူတစ်ယောက်၊သားလေးမျက်နှာကြောင့် ကြောက်တဲ
့စိတ်ဖျောက် သေမင်းနဲ့အံတုခဲ့ ရသူပါ။အခုကိစ္စက သွေးနုနုကလေးမွေးပြီးကာစ မီးနေသည်ကို နောက်တကြိမ်ဗိုက်ထပ်ခွဲမယ်ဆိုတော့ ...။နာရီပိုင်းအတွင်းမှ မခွဲရင် expire ဖြစ်မယ်ဆိုတဲ့စကားကြောင့် မိသားစုတစ်ခုလုံးပူဆွေးနေတုန်း စံပြဆေးရုံကိုပြောင်းမယ်လို့ ပြောပါတယ်။ဘာသဘောပါလိမ့်။လူနာမှာ တခုခုအပြောင်းအလဲရှိနေပြီ၊ မှားယွင်းနေပြီဆိုတဲ့ သဘောလား? ကျွန်မ OGကိုသွားပြောပါတယ်။ဗဟိုအမျိုးသမီးဆေးရုံကိုပဲ ပြောင်းတင်ပါရစေလို့ ။ဒါပေမဲ့  ခွင့် မပြုခဲ့ ဘူးလေ။"စံပြဆေးရုံပဲခေါ်သွားမယ် ဟိုမှာပစ္စည်းအစုံအလင်ရှိတယ် ဘာမှစိတ်မပူပါနဲ့ " ပြောလို့ ကျွန်မတို့ လက်လျော့ လိုက်ရတယ်။သဘောတူခဲ့တာမဟုတ်ဘူး..အတင်းခေါ်သွားကြတာပါ။အစ်မက လက်ရှိအောင်ရတနာမှာ အသက်လုနေရလို့  ဆေးရုံပြောင်းတင်ဖို့ အတွက် လူနာတင်ကားခေါ်ပြီးပြင်ဆင်နေတုန်းပေါ့ ။ အောင်ရတနာက staff တယောက်က ကိုယ်ချင်းမစာလိုက်ပုံများ၊ အခန်းခမရှင်းရသေးလို့ တဲ့ အတင်းလိုက်တောင်းပါတယ်။ဘယ်လောက်တောင်လူမဆန်သလဲဆို....ပိုက်ဆံမရသေးလို့  လူနာတင်ကားကို ၁၇မိနစ်ကြာအောင် ထွက်မပေးခဲ့ဘူး။သြော်....လူတွေများ.....အသက်တချောင်းထက် သူတို့ အတွက်ငွေကို ပိုလူရာသွင်းထားပုံရတယ်။(၃၁.၇.၂၀၁၀) ညနေပိုင်းလောက်မှာ အစ်မကို2nd time operation လုပ်ပြီး uterus ထုတ်လိုက်ကြတယ်။အဲဒီတဲက လုံးဝသတိမေ့သွားတာပါပဲ။(၁.၈.၂၀၁၀)တနေ့ လုံးမိသားစုဝင်တွေ ရင်ကွဲထွက်မတတ်ပါပဲ။အစ်မရဲ့ နှလုံးက သိပ်ပြီးအလုပ်မလုပ်တော့ဘူးလေ။မပြောမဖြစ် point ရှိသေးတယ်။အစ်မကမွေးရာပါ heart disease ရှိတယ်။တကယ်တော့ အစ်မမီးဖွားတဲ့ ကိစ္စမှာ စဉ်းစားစရာအချက်တွေ ရှိခဲ့ပါတယ်။မွေးခါနီး နှလုံးဆရာဝန်ဦးထွန်းထွန်းဦးနဲ့ ပြတော့  heart specialist ခွဲခန်းထဲမလိုက်ဘဲ မွေးလို့ ရတယ်ပြောပါတယ်။2nd time operation ထပ်လုပ်ပြန်တော့ လည်း heart disease သမားကို general anaesthesia (မေ့ ဆေး) ပေးခဲ့ပါတယ်။အမှန်ဆို နှလုံးရောဂါသည်ကို မေ့ဆေးပေးလို့မရဘူးဆိုတာ medical field ကလူမဆိုထားနဲ့၊ လူပိန်းတွေတောင် သိပြီးကိစ္စပါ။ (1.8.2010) ညနေ အစ်မလည်ပင်းကိုဖောက်ပြီး နှလုံးကိုတိုက်ရိုက်ဆေးထည့်ရင် recovery ဖြစ်နိုင်မယ်ဆိုလို့ ကျွန်မတို့ခေါင်းညိတ်ခဲ့တယ်။ဒါပေမဲ့ အစ်မကuterus ထုတ်ပြီးကတည်းက (reproductive organs) တွေဖယ်ပြီးကတည်းက ခုထိ*coma*ပါပဲ။ဒီလိုနဲ့(2.8.2010)နေ့ကို ကျွန်မတို့ထိပ်တိုက်တွေ့ ရတော့မှာပါ။တိတိကျကျပြောရရင် နံနက်(8:45)နာရီဟာ ကျွန်မတို့မိသားစုဝင်တွေအတွက် တကယ့်ငရဲကျတဲ့နေ့ပါ။ ချစ်လှစွာသော အစ်မက လောကီကိုစွန့်ပြီး မနိုးသောအိပ်စက်ခြင်းနဲ့ မှေးစက်သွားပါပြီ။ သူ့ အသက်နဲ့ အလဲအလှယ်လုပ်ပြီး လူ့ လောကထဲရောက်လာတဲ့ သူ့ သားလေးအပါအ၀င် ကျွန်မတို့အားလုံးကို ထာဝရခွဲခွာသွားပါပြီ။ကျွန်မတို့အော်ခေါ်သော်လည်း သူကြားနိုင်တော့ဘူး။ ကျွန်မတို့ မျက်ရည်တွေလည်း သူမမြင်တော့ပါဘူး။တကယ်ပါ သေခြင်းတရားကို အင်မတန်ကြောက်ရှာတဲ့ အစ်မရဲ့ လက်ကို မလွှတ်တမ်း ဖမ်းဆုပ်ထားချင်မိခဲ့တယ်။ဒါပေမဲ့လည်း.........ခုချိန်မှာ ဒါတွေမဲ့ခဲ့ပါပြီ။
လူတစ်ယောက်လုံး သေခဲ့ပါပြီ။ "Everything is the best" ဖြစ်သမျှအကြောင်း အကောင်းလို့ကျွန်မတို့ သဘောထားရဦးမှာလား.....? တရားမရှိဘူးပဲပြောပြော အစ်မရဲ့ သေခြင်းက အချိန်တန်လို့မဟုတ်ဘူး။ လက်သရမ်းခြင်းကြောင့်ပါ။ဒါတောင် deadbody တစ်ခုကိုသူတို့အလွတ်မပေးခဲ့ကြဘူး။"လူနာကိုဆေးထည့်တာဒီလောက်ကောင်းရဲ့ သားနဲ့ ဘာလို့နှလုံးကအလုပ်မလုပ်တာလဲဆိုတာ post-mortem (ရင်ခွဲခြင်း) လုပ်ချင်သေးတယ်လို့ တောင်းဆိုလာပါတယ်။ ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့လူနာကို ကောင်းကောင်းမွန်မွန် ပေးမသေဘဲ လူနာရှင်တွေကို ဒီလိုတောင်းဆိုမှုမျိုး ပြောထွက်ရက်ပါတယ်။ကျွန်မ အမြဲဆုတောင်းမိပါတယ်။နောင်သံသရာဘ၀များ ရေစက်ရှိခဲ့ရင် ကျွန်မတို့မိသားစုရော၊ အချစ်ရဆုံး အစ်မပါ ဒီလိုကြမ္မာဆိုးမျိုး ကင်းဝေးရပါ၏။ အလားတူဖြစ်ရပ်မျိုး ထပ်ပြီးမဖြစ်ပွားစေချင်လို့၊ဆင်ခြင်ချင့်ချိန်နိုင်အောင်လို့ ရင်ထဲက သွေးအတိပြီးတဲ့ဖြစ်ရပ်မှန်ကို အင်တာနက်စာမျက်နှာပေါ် တင်ပြမိပါတယ်။
Doctor is the noblest person,whose job is to treat patients and to save their lives and actually not to kill patients. Sometimes, someone has done mistake which may be happened without intending to do so,denpending on the varities of circumstances.As a consequence,therefore,it leads to unacceptable mischance for human beings.
A true story
By
deepsmile225@gmail.com
Sunday, December 5, 2010
" ဆရာဝန်ပေါ့ဆမှုကြောင့်လူနာများအသက်ဆုံးရှုံးမှုများဖြစ်ပေါ်မှုကို သတိထားစေချင် "
Saturday, December 4, 2010
အပျိုကြီးများအတွက် ကြေညာစာတမ်း(2010)

အားလုံးသတိ...........................
**အပျိုကြီးများအတွက် ကြေညာစာတမ်း(2010)**
ကြေညာချက်အမှတ် ၃/၂၀၁၀ ( အပျိုကြီးများသိသာရန် )
၁. သတ်မှတ်ချက်(က)
အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ
အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါက ဆုပ်လည်း
ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် .. အော် ... လက်ပြောပါတယ်..) ယခင်က
experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက်
အခြေအနေကိုသာဆိုလို သည်။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ
လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါက
ပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။
၂. သတ်မှတ်ချက်(ခ)
လက်ရှိရည်းစားရှိသော်လည်း လစာကိုလည်းကောင်း
ကုန်ဈေးနှုန်းကိုလည်းကောင်း
အမျိုးမျိုးအကြောင်းပြပြီး လက်ထပ်ရန်အချိန်ဆွဲနေသူများသည်လည်း
နောက်တိုးစာရင်းဖြင့်အကျုံးဝင်ကြောင်း ရှင်းလင်းစွာသိရှိစေရမည်။
**တားမြစ်ချက်(က/၁)**
အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော
အပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း
အုပ်ဖွဲ့ပြီးသော်လည်းကောင်း
ငယ်ရွယ်သူအမျိုးသမီး ငယ်လေးများကိုသော်လည်းကောင်း
ယောက်ျားမကောင်းကြောင်း
ပြောကြားပါက အပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး
သီလရှင်ဝတ်ပေးခံရမည်ဖြစ်သည်။(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)
တားမြစ်ချက်(က/၂)
**အချစ်ရေးနှင့်ပါတ်သတ်ပြီး**
အချစ်ရေးနှင့်ပါတ်သတ်ပြီး အချစ်သည်မကောင်းကြောင်းအထက်ပါအတိုင်း
ကျူးလွန်ပါက မြို့လည်ခေါင် လူစည်ကားရာ(ရန်ကုန်မြို့ဖြစ်ပါက
ဆူးလေအ၀ိုင်း၊
အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁နာရီတိတိ
မချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။ (သို့မှသာ
အပြစ်ကို
အကျိုးဆောင်ပြီး ကျေစေနိုင်မည်ဖြစ်သည်)
တားမြစ်ချက်(က/၃)
**အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး**
အထက်ပါ အကျုံးဝင်သူအပျိုကြီးများသည် အိမ်ထောင်ရေးမကောင်းကြောင်းကို
(ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း ပြောကြားခဲ့သည်ဖြစ်သော်
အိမ်ထောင်ရေးကောင်းကြောင်း နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင်
စာတွေ့လက်တွေ့ကို ကာလအပိုင်းအခြားတခုအထိ သင်တန်းတက် ရောက်ရမည်။
မှတ်ချက်(၁) ။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ်
အလေးအပေါ့
ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်းသိရှိစေရမည်။
တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြဆရာ များ
အလိုရှိနေသည်ဖြစ်ရာ
ယောက်ျားတို့တတ်အပ်သောပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း အသက်
အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ
လာရောက်လျောက်ထားနိုင်သည်။(လူဦးရေကန့်သတ်မထားသော်လည်း
ဦးရာလူနေရာကောင်း
ရမည်)
မှတ်ချက်(၂)။ ။အဆိုပါအပျိုကြီးများပြစ်မှုကျူးလွန်ရာတွင်
ပါးစပ်ဖြင့်မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း
Mail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။
** Final တားမြစ်ချက**်
ယောက်ျားများ၏အချစ်သည်မယုံကြည်ရသောကြောင့်
၎င်းတို့နှင့်အိမ်ထောင်မပြုသင့်ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက်
(၁။က/ခ/ဂ)တို့အားတပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃)
ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။
**နောက်ဆုံးပိတ်ကြေညာချက်**
အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား
အချိန်မရွေးပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ် ပြီး
အပြည်ပြည်ဆိုင်ရာ
လူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီးမှ
နေ့ညမပြတ်စောင့်ကြည့်ခြင်းခံရမည်။ အခါအခွင့်သင့်သော
လူသားမျိုးနွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွ
ရှုံ့ချခြင်းခံရမည်။
အပျိုကြီးများ ရှင်းလင်းစွာနားလည်သဘောပေါက်စေလိုသည်မှာ
မိမိတို့ညံ့ဖျင်းသောကြောင့်သာ ဘ၀ကြင်ဖော်ရှာမရသေးသည် ဖြစ်ကြောင်းပင်
ဖြစ်သည်။
(ကြေညာချက် ၄/၂၀၁၀မကြာမီ မျှော် ... )
အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီး
မြန်မာပြည်ရုံးခွဲ
**foreverfriend.naing.com မှဖော်ပြသည်။
To: မုတ်သုံ
Thursday, October 14, 2010
မဲမပေးနဲ့ဟေ့....
......
အာဏာတည်ရန် ရေးဆွဲထားတဲ့ မတရားဥပဒေနဲ့ .... ပြည်သူတွေကို နှိပ်စက်ဖို့အတွက် ထပ်ကြိုးစားကာနေ... သက်ဆုံးထိတိုင် အုပ်စိုးဘို့ရာ ..စစ်အစိုးရဟာလေ...
၂၀၀၈ ဥပဒေ ရေးဆွဲခဲ့ပေ....။ မြန်မာပြည်မှာ စိုးအုပ်ကြတဲ့ ဗိုလ်ချုပ်တစုဟာလေ... ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်ရန် မတရားနည်းတွေနဲ့....
လူထုများကို လှည့်စားပြီးကွာ....အယုံသွင်း လုပ်ကြံနေ.... မဲထည့်ဖို့လေ... အတင်းခိုင်းလို့နေ...။
တို့ ပြည်သူတွေ အတွက်လေ တိုးတက်ဖို့လဲ မလုပ်ခဲ့... တိုင်းပြည်ဟာ မွဲတေ ... ပြည်သူတွေမှာ တနှစ်ထက် တနှစ်သာ...ကြာလေကြာလေ ငတ်ပြတ်မွဲနေ..
ဒီအကြောင်း ဒီအကြောင်းလေးတွေ ... တွေးကြည့်ကာလေ....မဲ မထည့်နဲ့ဟေ့.... မဲ မမေးနဲ့ဟေ့..........။
မြန်မာပြည်ကို မွန်းကြပ်သွားအောင် သူတို့ လုပ်ဆောင်ပေ.... အချိန်တွေသာကြာ အနှစ်နှစ်ဆယ်အတွင်းမှာ .. ပိုဆိုးခဲ့တာတွေ ... နိုင်ငံတဝှမ်းလုံးမှာ ..
စုတ်ပြဲလို့ သာ ..ဘာမှ ဖြစ်မလာပေ....မရွေးလိုက်နဲ့ဟေ့.... မဲ မပေးနဲ့ဟေ့..။
ကြံဖွတ်ပါတီ တခုက လွဲရင် ... အကုန်လုံး အရေးယူနေ... ပါတီတွေကို မဲ ဆွယ်မရအောင် သူတို့ ပိတ်ပင်နေ.....ပြည်သူ့ဥစ္စာ .. ယူသုံးစွဲကာ..
အာဏာရဖို့ ကြံနေ.... တရားမမျှတပေ... မဲမပေးနဲ့ဟေ့....။
စစ်အာဏာရှင်စနစ်ကို အသက်ဆက်သွပ်သွင်းရေးမို့ ...အရပ်ဝတ်အသွင်ပြောင်းကာ.... ရွေးကောက်ပွဲကို ကျင်းပလို့လေ.. . သန်းရွှေဆက်လက် အုပ်ချုပ်ဖို့လေ...
အမည်ပဲ အမည်ပဲပြောင်းမှာ ... သိကြရင်လေ.... မဲမပေးနဲ့ဟေ့.... ဒုက္ခရောက်မဟေ့..... မဲမပေးနဲ့ဟေ့........။
**From Wai Phyo Email**
Thursday, June 3, 2010
ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့ 
သူငယ်ချင်းတို့ရေ......။ ဒို့တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင်ဘယ်လိုအရေးအခင်းဘဲဖြစ်ဖြစ်
ဒို့ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်ခဲ့တာဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာလည်း
သူရဲ့နိုင်ငံရေးလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဘ၀ကစခဲ့တာပါဘဲ။ ၁၉၈၈
အရေးအခင်းမှာဆိုအလယ်တန်းကျောင်းသား အဆင့်တောင် ပါဝင် ဆင်နွှဲခဲ့ကြတယ်။
ဒို့လက်ထက်ကျမှတော့ သမိုင်းအရိုင်းမခံကြနဲ့တော့ သူငယ်ချင်းတို့ရေ။ ငါတို့တွေလည်း
မညံ့ဘူးဆိုတာပြကြဖို့ အချိန်ရောက်ပြီ သူငယ်ချင်းတို့ရေ။
ဒို့တွေဟာ မိဘရင်ခွင်မှ စွန့်ခွာကာ တက္ကသိုလ် ပညာကို သင်ကြားနေကြတဲ့ အရွယ်ရောက်ပြီး
လူငယ်တွေဖြစ်တယ်။ ဒို့တွေဟာ အရင်တက္ကသိုလ်ကျောင်းသားဘ၀တွေနဲ့
နှိုင်းယှဉ်ရင် အင်မတန်မှဆိုးဝါးနေတဲ့ ပညာရေးကိုသင်ကြားနေရတာလည်း လူတိုင်းအသိပါဘဲ။ အခုဆို
စစ်အစိုးရ ရဲ့နှိပ်ကွပ်မှုကြောင့်ဒို့တွေရဲ့ပညာရေးအဆင့်အတန်းဟာလည်း ရေစုန်မျောနေပြီ ။
ငါတို့ကို ဒုက္ခအမျိုးမျိုးရောက်အောင် ပညာရေးနဲ့ အလှမ်းဝေးအောင် ကျောင်းတွေကို
မြို့ပြင်ထုတ်တယ်။ နိုင်ငံခြားကလာဖွင့်တဲ့ သူတို့အဖေတွေကျောင်းကြတော
မြို့ထဲကအကောင်းဆုံးဆိုတဲ့နေရာတွေကိုပေးထားတယ်။ သူတို့၇ဲ့မျိုးဆက်တွေကြတော့
ဒို့တိုင်းသူပြည်သားတွေရဲ့ ချွေးနှဲစာရယ် ၊ တိုင်းပြည်ရဲ့သယံဇာတ တွေကိုရောင်းချပြီး
နိုင်ငံခြားကပညာရေးတွေကို သင်ပေးနေကြတယ်။ ငါတို့တွေကျတော့ ဘွဲ့ရပြီးရင်တောင်
အသိအမှတ်မပြုတဲ့ ပညာရေးကိုပေးနေတယ်။ ဘွဲ့ရပြီးရင်တော့ မြန်မာပြည်မှာ ပညာသင်ပြီး
တိုင်းတပါးကိုထွက်ပြီး ကျွန်ခံဖို့အတွက် အခြားသင်တန်းတွေအတွက်
တက်ရအုံးမယ်။ ကိုယ်တိုင်းပြည်မှာလုပ်ပြန်တော့လည်း ထမင်းနပ်မှန်ဖို့အတွက်တောင် အမျိုးမျိုးလာဘ်စားကာ
ဆင်းရဲသားလူတန်းစားတွေကိုဒုက္ခပေးရအုံးမယ်။
တွေးမိတိုင်းလည်း ရှက်မိတယ်။ အခုလိုဖြစ်နေတာ ဒို့တွေ ပျော့ညံ့လို့လဲပါတယ်
ဆိုတာကိုစဉ်းစားမိတယ်။
ဒို့တွေ ဒီလိုဖြစ်နေရတာ ဒို့ကျောင်းသားတွေဖက် မားမားမတ်မတ်ရပ်တည်ပေးမယ့်
အဖွဲ့အစည်းမရှိခဲ့လို့ဘဲ။ ဒီတော့ ဒို့တွေ ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ် ။
ဒို့ကို ခေါင်းဆောင်နိုင်မယ့်ကျောင်းသားခေါင်းဆောင်တွေကို ရှာမယ်။ လက်ရှိပညာရေးစနစ်ကိုဆန့်ကျင်ကြမယ်။
ထောင်ထဲရောက်နေတဲ့ကျောင်းသားခေါင်ဆောင်တွေအတွက် တောင်းဆိုမှုတွေလုပ်ရမယ်။
ငါတို့လိုတက္ကသိုလ်ပညာသင်ကြားပြီး သက်ဆိုင်ရာမှာ
ဘွဲ့အသီးသီးအပ်နှင်းခြင်းခံရတဲ့သူတွေတောင် အလုပ်တခုရ
ဖို့ခက်နေရင် ပညာမသင်ကြားနိုင်တဲ့ ဆင်းရဲသားမိသားစုတွေရဲ့အနာဂါတ်ဆိုရင်
မတွေးဝံ့စရာဘဲသူငယ်ချင်းတို့ရေ။ တာဝန်ဆိုတာ ယူတတ်မှရတယ်။ ယနေ့ခေတ်ရဲ့ သမိုင်းပေးတာဝန်ကို
ငါတို့ကျောင်းသားတွေယူရမယ် သူငယ်ချင်းတို့ရေ။
ပထမဆုံးမိမိတို့ သက်ဆိုင်ရာကျောင်းအလိုက် အဖွဲ့တွေဖွဲ့ရမယ်။
အားလုံးစုစည်းမှုရပြီးသွားရင်သတ်မှတ်ထားတဲ့နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများတွေ့ဆုံပွဲကို တက်ကြမယ်။ အဲဒီမှာကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ်။ ငါတို့ရဲ့ စည်းလုံးညီညွတ်မှု
ခွန်အားတွေကိုပြမယ့်အကြံညဏ်တွေကိုဖလှယ်ကြမယ်။ ကျောင်းသားများအရေးသည် စစ်တပ်နှင့်မသက်ဆိုင်။
ကျောင်သားသမဂ္ဂနှင့်သာ ဆိုင်ရမည်။ လက်ရှိအစိုးရ၏ ပညာရေးစနစ်ကို အမြစ်လှန်ပြစ်ကြမယ်။
ငါတို့တွေဟာ သူတို့ ကြိုးဆွဲတိုင်းကတဲ့ရုပ်သေးရုပ်တွေ
မဟုတ်ဘူးဆိုတာပြကြမယ်။ ကြာလာလေပိုဆိုးလေဘဲ
သူငယ်ချင်းတို့ရေ ။ အခုဆိုထမင်းတောင်နပ်မမှန်တဲ့သူတွေများလာပြီ ရေတောင်
သောက်စရာမရှိတာကိုထိုင်ကြည့်နေတဲ့အစိုးရ တိုင်းပြည်ကထွက်တဲ့ လျှပ်စစ်ကို
သူတို့ကိုယ်ကျိုးအတွက်ရောင်းချပြီး တိုင်းပြည်ကို
အမှောင်ချထားတဲ့အစိုးရ။ ငါတို့ကဘာကိုသွားပြီး အားကိုးရမှာလဲ။
ငါတို့တွေပညာသင်တယ်ဆိုတာတိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးချဖို့။ အခုတော့သူတို့တွေ
ဇိမ်ခံဖို့ငါတို့တွေကျွန်ခံရအုံးမယ်။။
ကဲသူငယ်ချင်းတို့ရေ မင်းတို့လဲ ငါ့တို့လိုဘဲ ခံစားရမယ်လို့ ထင်ပါတယ်။
မသိသေးတဲသူငယ်ချင်းတွေကိုလည်းဖြန့်ဝေပေးကြပါနော်။
ပထမဆုံးအနေနဲ့ နီးစပ်ရာလူတွေကို တတ်နိုင်သလောက် အကူအညီပေးကြပါ။ ငါတို့သည်
ပြည်သူများမှပေါက်ဖွားလာကြခြင်းဖြစ်သည်။ ထို့ကြောင့်ငါတို့သည်
တိုင်းသူပြည်သားများ၏အရေးကို တတ်နိုင်သလောက်
အကူအညီပေးကြမယ်။ ငါတို့ပတ်ဝန်းကျင်က မတရားမှုတွေကို ငါတို့ကျောင်းသားတွေ
တတ်နိုင်တဲ့ဘက်ကကူညီဖြေချင်းပေးကြမယ်။
အထူးမှာကြားချင်တာကတော့ စည်းလုံးညီညွတ်ကြပါ။ ငါတို့တွေရဲ့စိတ်ဓါတ်ကို
ပျက်စီးစေမယ့်စကားတွေရှောင်ကြဉ်ကြပါ။ ငါတို့ကိုသွေးခွဲမယ်လူတွေကို ဆန့်ကျင်ကြပါ။
ကျောင်းသားတစ်ယောက်၏အရေးသည် ကျောင်းသားတိုင်းနှင့်သက်ဆိုင်သည်။
ငါတို့ကျောင်းသားတွေကိုစော်ကားရန်ပြုလာပါက အားလုံးဝိုင်းဝန်းတွန်းလှန်ပြစ်ရမယ်။ဘယ်နေရာကိုရောက်ရောက်
ကျောင်းသားများသည် စည်းလုံးညီညွတ်ကာ မိမိတို့တိုင်းပြည်၏ရန်သူများအား
တွန်းလှန်ဖယ်ရှားနိုင်သူများဖြစ်အောင် သက်သေပြရမယ်။
သိပ်မကြာခင်အချိန်တွင်းမှာ ကျောင်းသားပေါင်းစုံတွေ့ဆုံပွဲမှာ ပြန်ဆုံကြပြီး
ငါတို့သမိုင်းမရိုင်းရအောင် သက်သေပြကြမယ် သူငယ်ချင်းတို့ရေ။
နိုင်ငံလုံးကျွတ်ဆန္ဒပြပွဲကိုလည်းငါတို့ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေနဲ့လက်တွဲပြီး
နောင်အနာဂါတ်မှာ လူတိုင်းတမ်းတရတဲ့သမိုင်းတစ်ခုဖြစ်အောင် ငါတို့ထုထောင်ကြမယ် သူငယ်ချင်းတို့။
(အားလုံးကို ခင်မင်လေးစားလျှက်...အာကာ မိုးဝေ)
(မေးလ်းကတဆင့် ပြန်လည်ဖော်ပြတာပါ။ ပို့ပေးတဲ့ဗမာ့သွေးကိုလည်း ကျေးဇူးတင်ပါတယ်။)--
Posted By မောင်ပါလ to ခရီးသည်မှတ်တမ်း at 6/03/2010 08:05:00 PM
Thursday, February 11, 2010
လူနှစ်ထောင်ကျော်ရဲ့တိုက်ပွဲပဲ ဒါပေမယ့် သန်းခြောက်ဆယ်နဲ့တိုက်ရိုက်ဆိုင်တယ
်"ဒီနေ့မေးလ်ဖွင့်တဲ့အခါ သူငယ်ချင်းတစ်ယောက်က မေးလ်ကနေ ကဗျာလေးကို နှလုံးသားနဲ့ဖတ်ပါလို့ မှတ်မှတ်ရရ ပေးပို့လာတယ်။ ကျွန်မ တကယ်ဝန်ခံပါတယ်။ ကဗျာဖတ်ဖတ်ပြီးပြီးချင်း မျက်ရည်ကျမိတယ်။
“ အဲဒီနေ့က လစာနှစ်သောင်းခွဲအတွက်ပါ ”
**အဲဒီနေ့က ကမ္ဘာကြီးအတွက်သာမန်နေ့ပါဘဲ
ကျွန်တော်ဘယ်မေ့နိုင်ခဲ့မလဲ…..
အဲဒီနေ့မှာ လှိုင်သာယာမှာ ဆန္ဒပြတယ်
ဒီဟါကို အရှင်းဆုံးပြောရရင်
အမြတ်ဆုံးလူတန်းစားရဲ့
အရိုးဆုံးအသံထွက်တစ်ခုပါ…။
**ဒီအထည်ချုပ်သမလေးတွေရဲ့ ငိုညည်းသံ
ဒါဟါ မင်းဆိုးမင်းညစ်တွေအတွက်
ငရဲလားတေးသွားသံဖြစ်မယ်….
လူစစ်လူမှန်တွေရဲ့
အမောက်ထောင်တွန်ကျူးသံလည်းဖြစ် တယ်..။
**သူတို့လေးတွေခမျာ
ကါးခဈေးတက်ရင်လည်းခံရတယ်
ဆီဈေးဆန်ဈေတက်လည်းခံရတယ်
ဘဝပျက်ရင် ဖာခံရတယ်…
ခံဖို့သက်သက် ဘဝထွက်လားသလားလို့တောင်
အားတုံ့အားနာတွေမိပါတယ်…။
**အသန့်ရှင်းဆုံးငွေကြေးကို
အရင်းအနှီးအကြီးဆုံ: ပေးဆပ်မှုတွေနဲ့
သူတို့တွေခမျာ ရှာဖွေနေရှာတယ်….။
သူတို့လေးတွေရဲ့လောကဓံဇာတ်ဝင် ခန်းဟါ
နိုဘယ်ဆုရသူထက်လည်းသာတယ်
အော်စကါဆုရခဲ့သူတွေထက်လည်းသာတယ်
အကယ်ဒမီရှင်တွေထက်လည်း မြင့်မြတ်ပီပြင်နေခဲ့တယ်
ဒါပေမယ့် သူတို့လေးတွေခမျာ
ရသင့်တဲ့ဆုအားလုံးနဲ့တော့လွဲခဲ့ ရရှာတယ်…..။
**ငါမအားတဲ့ကြားကနေ အသံတစ်သံကြားလိုက်တယ်
လှိုင်သာယာမှာ ဆန္ဒပြနေကြတယ်တဲ့
မဖြစ်နိုင်ဆုံးပုံပြင်တစ်ပုဒ်ြ ဖစ်လို့……
အသောအထေ့ပြက်လုံးဖြစ်လို့…..
ဇုံလုံးမှိတ်ငါ ယုံလို့ဖြစ်မလား
ဒီလိုနဲ့
အဲဒီကိုငါရောက်ရှိသွားခဲ့တယ်……။
ငါသွားတော့ရောဘာဖြစ်မှာလည်း
အဲဒါဟါ နအဖလမ်းသစ်ဖွင့်ပွဲဆို ငါဘယ်သွားမလဲ
နိုင်ငံရေးပါတီတွေရဲ့ အင်အားပြပွဲဆိုလည်း ငါဘယ်သွားမလဲ
သူတို့လေးတွေဟါ
ဘဝပျက်ကွဲနေပေမယ့်
မသိခြင်း ကြောက်ရွံ့ခြင်းကြားမှာ
အသံတွေတိတ်ဆိတ်နေခဲ့တယ်
အခု ပွင့်အာလာခဲ့ပြီ…တောက်ပခတ်ပွင့် ခဲ့ပြီ
နအဖအတွက်တော့ ခြောက်အိပ်မက်ဖြစ်မယ်ထင်တယ်…။
**အထည်ချုပ်သမဆိုတာမသိရင် ငွေနှစ်သောင်းခွဲကိုပြေးမြင်လို က်
အဲဒီငွေဟါ ၂၅ဒေါ်လာနီးပါးနဲ့ညီမျှတယ်
အဲဒီငွေဟါ ဘဝတစ်ခုစာနဲ့ညီမျှတယ်
အဲဒီငွေဟါ အဖေအိုကို ကျေးဇူးဆပ်နေတာနဲ့ညီမျှတယ်
အဲဒီငွေဟါ ကလေးကျောင်းစရိတ်နဲ့ညီမျှတယ်
အဲဒီငွေဟါ ကမ္ဘာကြီးကို အဝတ်ဝတ်ပေးနေတာနဲ့ညီမျှတယ်
အဲဒီငွေဟါ တီဘီဖြစ်နေတဲ့မောင်လေးအတွက် အသက်ကယ်ဆေးလည်းဖြစ်တယ်
အဲဒီငွေဟါ အိတ်ချအိုင်ဗွီဖြစ်နေတဲ့လင်သား အတွက် ဆန်ပြုတ်လေးတိုက်ဖို့ဖြစ်တယ်
အဲဒီငွေဟါ ဖာမဖြစ်ရေးအတွက် ဂုဏ်သိက္ခာနဲ့အစာအိမ်ရဲ့ ထွန်ကြောင်းရာလည်းဖြစ်တယ်
အဲဒီငွေဟါ တရုတ်ပြည်ကြီး ချမ်းသာကြီးပွားနေတာနဲ့ ညီမျှတယ်
အဲဒီငွေဟါ နအဖအာနာတည်မြဲနေတာနဲ့ ညီမျှတယ်
ငါတို့ခေတ်မှာ ငါတို့ခေတ်ရဲ့ရတနာမိခင်တွေ
ဘယ်လောက်ဘဝနစ်မွန်းခဲ့ရတယ်ဆိုတာ နဲ့ ထပ်တူအချိုးကျတယ်….
အဲဒီတစ်သောင်းခွဲဟါ သူတို့လေးတွေရဲ့ တစ်လစာဖြစ်တယ်
အဲဒီတော့
အဲဒီငွေနဲ့ အဲဒီသမလေးတွေဟါ သမိုင်းသက်သေနဲ့ညီမျှနေရှာတယ်။
**ဒါပေမယ့်
အထည်ချုပ်သမလေးတွေခမျာ
တစ်လမှာမြန်မာငွေသောင်းခွဲ
တစ်ရက်ပျက်ရင် တစ်ထောင်ကျပ်ဖြတ်ခံရတယ်
နေ့ထူးနေ့မြတ်ရုံးပိတ်ရက် လာနောက်မနေနဲ့
ကော်ဖီဘရိတ်မရှိဘူး
ရီထရိခရီးမရှိဘူး
အိုင်အယ်လ်အိုကိုမသိဘူး
အလုပ်သမားအခွင့်အရေးမသိရှာဘူး
မီးဖွားခွင့် ရှောင်တခင်ခွင့် နေမကောင်းခွင့်
ဟုတ်ကဲ့ရှင် စာအုပ်ထဲမှာလို့တောင်
သူတို့မင်းကိုပြန်မဖြေနိုင်မှာ မဟုတ်ဘူး
သူတို့သိတာ တစ်လနှစ်သောင်းခွဲအပြည့်ရရေး….
သူတို့သိတာ ဒီအလုပ်လေးမပြုတ်ရေး။
တစ်ရက်မှာ ၉နာရီ
မတ်မတ်ရပ်၊ မြန်မြန်ချုပ်၊
ကိုကိုတရုတ်ပြည်ကြီးအတွက်
အချိန်တိုတိုမှာ များများထုတ်ဖို့လေ
ကန်တော့ပါရဲ့
ရာသီလာတဲ့ ဂွမ်းစထုတ်တောင်
သူ့ပေါင်ကြားကဆွဲမထုတ်အားဘူး
သူတို့အလုပ်ရှုပ်ခဲ့ရရှာတယ်။
အော်……တစ်လတစ်သောင်းခွဲရယ်
ပေါက်ဖော်ကြီးလုပ်ရဲတယ် နအဖထောက်ခံတယ်
ဒီအထည်ချုပ်သမလေးတွေဟါ
ငါတို့မြန်မာပြည်ရဲ့ရတနာလေးတွေ ပါ
ငါတို့တိုင်းပြည်ရဲ့မိခင်လောင်း တွေပါ
ငါတို့တိုင်းပြည်ရဲ့စက်မှုဇုံတွေ ပါ
ငါတို့တိုင်းပြည်ရဲ့လူ့အခွင့်အေ ရးတွေပါ
ငါတို့တိုင်းပြည်ရဲ့
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရွှေပြည်တော်သာလမ်းမကြီးနံဘေးက
မြင့်မြတ်မညှိုးပန်းတွေပါ
အခုတော့
သူတို့ကို ပေါက်ဖော်ကြီးကလုပ်တယ်
နအဖကချုပ်ပေးတယ်…။
**အဲဒီ
ဘဝမုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးတွေဟါ
ငါတို့တိုင်းပြည်ရဲ့ အနာဂတ်မိခင်တွေ
ငါတို့တိုင်းပြည်ရဲ့နှမသားချင်း တွေ
ငါ့တို့တိုင်းပြည်ရဲ့ ချွေးစက်တွေ
အခုတော့ နအဖရဲ့ယုတ်မာမှုအောက်
တရုတ်ကမုဒိန်းကျင့်ကောက်ကျစ်မှုေ အာက်.
………………….
………..။
သူတို့ခမျာ
သူတို့နိုင်ငံရေးလည်းနားမလည်ရှာ ပါဘူး
လစာလေးတိုးတောင်းတာကို
အဖြေမညှိဘဲ
အဓိကရုန်းခေါဘဏီတပ်ကြီးချီလို့
တပ်မတော်သာအမိ တပ်မတော်သာအဖ
လူကြီးမင်းများခင်မျာ
ဝန်းရံဖြေရှင်းလိုက်ပုံများ
ဒိုင်းလွှားကားသေနတ်များနဲ့
သွေးမြေကျရင်ဆေးဖို့ထင်ပါ့
နိုင်ငံတကာကလှူထားတဲ့ မီးသတ်ကားများတောင်ပါလာပါသေးသမို့
အော်…လုပ်ရက်ပေတယ်လို့သာ…။
**အထည်ချုပ်တဲ့လက်ပါရှင်
တိုင်းပြည်ဖျက်ချင်ရင်……
ဆူပူဆန္ဒပြချင်ရင်.……
အထည်ချုပ်စက်ရုံရှေ့မှာလစာတိုးေ တာင်းပြီး
အချိန်ကုန်ခံပါမလားရှင်လို့
သူတို့ပြောခွင့်ရရင် ( လူကြီးမင်းတို့ကြားမှာပါ )
နားထောင်ရဲဖို့သာ သတ္တိခွန်အားမွေးထားကြပါ…။
သေနတ်ကြီးတကါးကါးနဲ့ လူကြီးမင်းများခင်ဗျာ:
သူတို့ဟါ
ငတ်နေတာလေး ကြိုးညှိဖို့
လခလေးတိုးတောင်းမိတာပါဗျာ….။
သေနတ်ကြီးတကါးကါးနဲ့လူကြီးမင်း များခင်ဗျာ
သူတို့လစာတိုးတောင်းတာဟါ
လူကြီးမင်းတို့ လူကြီးမင်းအချင်းချင်း
လစာတိုးပေး မသထာရေစာတန်းညှိရေးမှာ
အခြေခံစားကုန် ဗြောင်းဆန်ကုန်လို့
လစာတိုးတောင်းမိရှာတာပါခင်ဗျာ…။
**သူတို့ခမျာ
သူတို့ခများ ဘိန်းမှောင်ခိုလည်း မကူးခဲ့ပါဘူး
ပြည်ပလည်းအားမကိုးပြီး ပုဆိန်လည်းအရိုးခဲ့ပါဘူး
တပ်မတော်ဖြိုခွဲဖို့လည်း အားမထုတ်ခဲ့ရှာပါဘူး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လည်း မဖြိုခွဲခဲ့ပါဘူး
တိုက်လေယဉ်တွေလည်း ဝယ်ဖို့မစီစဉ်ခဲ့ပါဘူး
လျှပ်စစ်ဓာတ်အားနဲ့ တွင်းထွက်ရတနာများလည်း ရောင်းမထုတ်နိုင်ခဲ့ပါဘူး
ထမင်းနပ်မှီဖို့အရေး
ရသင့်ရက်မရတဲ့လစာလေး
နှစ်သောင်းခွဲကနေ သုံးသောင်းခွဲဖြစ်ရေးတောင်းဆို မိတာလေးပါ
အဲဒီနေ့ကသူတို့လက်ထဲမှာ
မနေ့ညကထမင်းကြမ်းခဲနဲ့ ပဲပြုပ်ဆီမဆမ်းထည့်ထားတဲ့
ထမင်းချိုင့်လေးဘဲပါပါတယ်။
အဲဒီနေ့က သူတို့လက်ထဲမှာ
ပျက်လုလုဘဝတစ်စုံ
မျှော်လင့်ချက်မဲ့တုန်တုန်ရင် ကိုင်ထားတာဘဲ
ကျွန်တော်မြင်မိပါတယ်။
**အဲဒီနေ့က
သူတို့အရှေ့မှာ
ဒိုင်းလွှားသေနတ်တကါးကါးနဲ့လူကြီးမင်းများခင်ဗျား….
သံဃာတောင်သတ်ရဲသူခင်ဗျားတို့အတွ က်
ကျွန်တော်ဘက်မှာတားစရာ စကားမဲ့ပါတယ်
တစ်ခုဘဲတောင်းပန်ပါစေ
သူတို့ရှာနေရတဲ့ လစာတစ်သောင်းခွဲထဲမှာ
ခင်ဗျားတို့ကိုတိုးပေးဖို့ထားတဲ့  လစာလေးတွေပါပါတယ်…
ကျွန်တော် မျက်ရည်တွေဝေ့သွား၊
အသက်ရှုတွေကြပ်သွားလို့
အဲဒီအရှေ့ကနေလှည့် ပြန်လာခဲ့လိုက်တယ်…
နောက်နေ့သတင်းတွေမှာသာ
ခင်ဗျားတို့ဆက်နားထောင်ပါတော့ဗျာ…..။ ။
ခင်ဗျားတို့နားရောက်ပြီးမှ မကြည့်ရက်တော့လို့ ကျွန်တော်လှည့်ပြန်လာမိတာကိုခွ င့်လွှတ်ကြပါဗျာ။ နှမတို့ လောက်မှ သွေးမရဲ၊ သတ္တိမရှိတဲ့ ကျွန်တော်ဟါ ဒီကဗျာလေးတစ်ပုဒ်နဲ့တော့ ခင်ဗျားတို့ကို ဂုဏ်ပြုပူဇော်ပါရစေ ။ ခင်ဗျားတို့ တိုးလိုချင်တဲ့ လစာလေးများလည်းရရှိခံစားနိုင်ြ ကပါစေလို့ ဒီည ကျွန်တော်ဆုတောင်းပေးပါတယ်..။ အငြိမ်းချမ်းဆုံး တရားဓမ္မထွန်းကါးရာ ကျွန်တော်တို့တိုင်းပြည်မှာ တရားမျှတမှုမရှိဆုံး အဖြစ်ပျက်တွေ ဖြစ်ပျက် နေတာ ဘယ်တော့များမှဆုံးမှာလည်းလို့ လည်း ယောင်္ကျားတန်မဲ့ မျက်ရည်ဝဲမိပါတယ်ဗျာ.။ အသန့်ရှင်းဆုံးနေ ရာမှာ အယုတ်ညံ့ဆုံးလူတွေရှိနေသရွေ့တော့  ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးသောသူတွေရဲ့ ဘဝတွေ ရင်း နှီးပျက်စီးပေးရဦးမှာပေါ့လေ..။
နိုင်ငံပြုသစ္စာဖြင့်
***ရွက်သစ်**
၉၊ ၂၊ ၂၀၁၀
လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲသို့ဒီကဗျာလေးအပြီးမှာ ဆို့နစ်နာကျင်မူတွေနဲ့ ထပ်မျက်ရည်ကျတယ်။ လေးလဲ လေးစားမိတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ တိုက်ပွဲကို အောင်မြင်စွာ အနိုင်တိုက်နိုင်ပါစေလို့ ဆုတောင်းတယ်။
တိုက်ပွဲဝင်နေတဲ့ အစ်မတွေ ညီမလေးတွေအတွက် ဂုဏ်ပြုကဗျာလေးကို နှလုံးသွေးနဲ့ ရေးစပ်ခဲ့တဲ့ ရွက်သစ်ကိုလဲ တကယ့်ကို လေးစားမိပါတယ်။
Posted by မဆုမွန် at Wednesday, February 10, 2010
Wednesday, January 20, 2010
လူထုအားနဲ့ အမြန်ဆုံး ဖြုတ်ချကြပါစို့လား…
အို… တိုင်းရင်းသားပေါင်းတို့…
တကယ်တော့ လုံးဝမဖြစ်သင်ဘူးလို့ ထင်တယ်။ ဘယ်မှာလာပြီး ကျနော်တို့ တိုင်းရင်းသားတွေ စည်းလုံးမှုဆိုတဲ့ အရာရှိတော့မှာလဲ။ အားနွဲ့သူကို အနိုင်ကျင့်၊ အားကြီးသူကြတော့ ဖအေလို အမပေးလို မျက်နှာမျိုးနဲ့ အသားထဲက လောက်ထွက်တဲ့ လူများကတဖုံ၊ သူများနိုင်ငံမှာ ကျွန်လာခံတာခြင်း အတူတူတောင် မသိနားမလည်တဲ့ တောသူ တောင်သား တိုင်းရင်းသားတွေကို စက်ရုံအလုပ်ရုံတွေမှာ လုပ်နေကြတဲ့ ရှမ်းခွေးလိုလို အကောင်ခပ်ကြီးကြီးတွေက မောက်မာ ရိုင်းပြတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ ကိုယ်ထိလက်ရောက်စော်ကားမှုတွေဟာ ကျွန်သက်ရှည်စေမဲ့ အပြုအမူတွေပါ။ တကယ်ဆို တိုင်းရင်းသား အချင်းချင်း နားလည်မှုလေးတွေကော့ ရှိသင့်၊ ထားသင့်တာပေါ့။ အခုတော့ ငါဘို့ ငါ့ဆွေမျိုးဘို့ဆိုတဲ့ နွားတွေလို တဘို့ထဲသမားတွေကြောင့် မနစ်နာသင့်ဘဲ နစ်နာခဲ့ရတဲ့ အလုပ်သမားတွေအများကြီး၊ မဲဆောက်စက်ရုံတိုင်းလိုလိုမှာ ကြားနေရတယ်။ သိနေရတယ်။ ရှမ်းကို အဖေခေါ် တိုင်းရင်းသားအချင်းချင်းကြတော့၊ အနိုင်ကျင့် ဂုတ်သွေးစုတ်၊ အမြတ်ထုတ်နေကြတဲ့ လူမျိုးများရှိနေသရွေ့တော့ ကျနော်တို့ အလုပ်သမားတွေကြားမှာ စည်းလုံးမှုဆိုတာ ဘယ်တော့ရရှိမှာလဲ ဘယ်မှာလာပြီး တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်းကူညီကြတော့မှာလဲ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားတွေ ဖြစ်ကုန်ကျပြီပေါ့။ သွေးစည်းဘို့ ဆိုတာဝေးရော။
တကယ်နိုင်ငံအတွက် အလုပ်လုပ်နေကြတဲ့ ပြည်တွင်းထဲက နိုင်ငံရေးသမားတွေကျတော့ ထောင်နန်းမှာ ထမင်းကြမ်းတောင် နပ်မမှန်၊ အသက်စွန့်ပြီး လုပ်နေကြရတယ်။ ညှင်းပန်းနှိပ်ဆက်ခံနေကြရတယ်။ တချို့က နိုင်ငံရေးဗန်းပြ တတိယနိုင်ငံ ရောက်နေကြတဲ့ သူတွေကျတော့ စည်းစိမ်တွေယစ်မူးနေကြပြီး အဝေးကနေပြီး အသံနဲ့ ဖိအားတွေပေးနေကြတယ်။ ဘ၀အာမခံချက်တွေ ရရှိပြီးနေနေကြတဲ့ နိုင်ငံခြားရောက် ရွှေမြန်မာများကတော့ အေးအေးဆေးဆေးပေါ့။ ပြည်တွင်း အနီးမှာကပ်ပြီးလှုပ်ရှားနေကြတဲ့ အဖွဲ့တွေကတော့ ဘယ်နေ့သေမလဲ ဘယ်နေ့လှုပ်ရှားမှုတွေ လုပ်ကြမလဲပေါ့။ စားဝတ်နေရေးတဖက် နိုင်ငံရေးတဖက်နဲ့ လုပ်ကိုင်နေကြရတာပါ။
*** ဒါကြောင့် မတရား အုပ်ချုပ်ပြီး မင်းလုပ်နေတဲ့ နအဖ စစ်အုပ်စုကို လူထုအားနဲ့ အမြန်ဆုံး ဖြုတ်ချကြပါစို့လား….။
***ဒီဇင်ဘာ (အလင်းတန်း)မဲဆောက်စက်ရုံအလုပ်သမား***
Saturday, January 16, 2010
သန်လျင် GTC ကျောင်းက ရင်ဖွင့်သံ…
့အကို
ကျွန်တော်တို့က သန်လျင်GTC ကျောင်းကပါ ကျွန်တော်တို့ရဲ့ခံစားနေရတာတွေကိုပြောပြချင်လို့ပါ ကျွန်တော် တို့ ကျောင်းရဲ့စည်းကမ်းကမတရားတင်းကျပ်နေလို့ပါဗျာ။ စည်းကမ်းရှိတာနဲ့ စည်းကမ်းအတင်းကျပ်တာနဲ့ မဆိုင် ဘူးထင်တယ်နော် အခုကျွန်တော်တို့ ကျောင်းကိုပါချုပ်အသစ်ပြောင်းလာပါတယ် အရင်ပါချုပ်ဆရာ မကြီးကမှ အခုဆရာကြီးထက်စာရင် ပိုသဘောကောင်းအုန်းမယ်ခင်ဗျာ အခုပါချုပ်ကဗျာကျွန်တော်တို့ကို လပတ်တောင် တခုံမှာ နှစ်ယောက် ဖြေခိုင်းတယ် ဘယ်တက္ကသိုလ်မှ မရှိပါဘူး လပတ်ကိုဖြေခိုင်းတာ။
ထားပါရပါသေးတယ် ကျောင်သားတွေ ကိုပညာတတ်စေချင်လို့ သဘောထားလို့ ရပါသေးတယ်နောက်ပိုင်းကျတော့ ဗျာဆံပင်နဲနဲရှည်တာနဲ့ ကျောင်းသားကဒ်သိမ်တယ်နားကပ်တတ်လည်း သိမ်းတယ်ဆံပင်ဆေးဆိုလည်းသိမ်းတယ်ယူနီဖောင်းမပြည့် စုံလည်းသိမ်းတယ်အကုန်ဘဲဗျာ အဲတော့ ကျောင်းသားတွေက ကြောက်ပြီးတော့ လမ်းတွေက၀င်ရော ကျောင်းသားတွေ မြွေကိုက်မှာတောင် ဆိုးရတယ် တောလမ်းမှာ သတ္တ၀ါတွေ အကုန်ရှိတယ် ကျောင်းသားဆိုတာ လူငယ်ဘဲလေ လွတ်လပ်လပ်တော့ နေချင်တာပေါ့ လူငယ်ဘဲနဲနဲတော့ ဆံပင်ရှည်ချင်ကြတာပါ ကျွန်တော် တတ်နေတာ အထက်တန်းကျောင်းမှ မဟုတ်တာ အထက်တန်းကျောင်းလို့ လာအုပ်ချုပ်တော့  သေရောပေါ့ ဗျာ ကျောင်းသားတယောက်မှာ အရေးကြီးဆုံးက ကျောင်းစာရပြီး ကျောင်းနေရတာပျော်ဖို့ ဘဲ
အခုတော့ ကျောင်းနေရတာ မပျော်ကြတော့ ဘယ်လိုလုပ်ကြမလည်း တက္ကသိုလ်တတ်တယ်ဆိုတာ ပျော်ဖို့ မကောင်းဘဲစိတ် ညစ်ဖို့ ကောင်းနေတယ် GTC ကျောင်းချင်းတူတူ မှော်ဘီတို့ ၊ လှိုင်သာယာတို့ ကတောင် ပျော်စရာကောင်းသေးတယ်ဗျာ
လွတ်လပ်တယ်။ သူတို့ ဆီမှာကျောင်းသားကဒ်သိမ်းတာလည်းမရှိဘူး ကျွန်တော်တို့ ကျောင်းက ပါချုပ်ကတော့ ရောင်းစားဖို့ လားမသိတော့ဘူးဗျာ။ ကျွန်တော် ကျောင်းသားတွေလည်း တောလမ်းက၀င်နေရတာတွေ့စေချင်တယ်။ မိန်းကလေးတွေ ပါဝင်တာနော် မယုံရင်လာကြည့် နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ လည်း ဂိတ်ပေါက်က၀င်ချင်တာပေါ့ တက္ကသိုလ်ကျောင်းသားဆိုပြီး ရင့်ကော့ပြီး အခုတော့ ရင်တောင်မကော့ ရဲဘူး။ ကျောင်းသားကဒ်သိမ်းမှာဆိုးလို့။ နောက်ပြီးတော့ ပါချုပ်ပြောင်းမှာ ဒုကျောင်းအုပ်ကလည်း ကျောင်းသားတွေဆီက သိမ်းမယ်ဆိုဘဲ ကျောင်းသားကဒ၊် တော်တော်ဆိုးတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ ဘ၀ကတော်တော်ဆိုးပါတယ်။ တက္ကသိုလ်တတ်ရတယ်နဲ့ မတူဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရမလည်းမသိတော့ ဘူးဗျာ။ အခုပါချုပ်ကတော့ အရင်ကနာမည်ကြီးခဲ့ တဲ့ ဇာနည်အောင်ဆိုတယ်ပါချုပ်ထက်ဆိုးမလားသိဘူး
ခင်ဗျာ ကျွန်တော်တို့ ကျောင်းသားတွေကိုယ်စာ့းကျွန်တော် တို့ ဖွင့် ပြောရတာပါဗျာ။ ဘာရယ်တော့ မဟုတ်ပါဘူး ကျွန်တော်တို့ သန်လျင်ကျောင်းသားများ ခံစားနေရတာကိုရင်ဖွင့် တာပါဗျာ။ *Forward* လေးလုပ်ပေးကြပါနော်။
***ပေါက်ကွဲသံစဉ်အဖွဲ့ (သန်လျင်GTC)***
Monday, November 2, 2009
တပ်မတော်သည် ပြည်သူ့အတွက်လား၊ ပြည်သူ့အခက်လား (အယ်ဒီတာ့ထံပေးစာ)
ဂိတ်ဖွင့်တောင်းခိုင်းခြင်း၊ ရပ်ကွက်လူကြီးမှတဆင့် ခေါ်ယူတောင်းခိုင်းခြင်း၊ အပါအ၀င် ၄င်းတို့၏ တနေ့တာ ၀င်ငွေမှာ ကျပ်သိန်း ၃၀-မျှရှိပြီး ညပိုင်းတွင်လည်း ဆိုင်လ်ကယ်များ၊ ကားများဖြင့် လှည့်လည်ကာ တပည့်များအား ငွေတောင်းခိုင်းပါသည်။ မြ၀တီမြို့တွင် အခြေစိုက်သော အဖွဲ့အစည်းများနှင့် ဂိတ်များအားလုံးကိုလည်း ငွေတောင်းလာခဲ့သည်မှာ နှစ်အတန်ကြာပါပြီ။ အားလုံးသော ဂိတ်တို့သည် ဗိုလ်မှူးကြီး ခင်မောင်ဌေးထံသို့ တလလျှင် ကျပ် ၃-သိန်း ပေးသွင်းရပါသည်။ မဲဆောက်ဘက်သို့ မြ၀တီမှ ကူးသော အောက်လှေဂိတ် ၁၇-ဂိတ်ရှိပါသည်။ အဆိုပါဂိတ်များသည် လစဉ် လိုင်းကြေး ပုံမှန်ပေးသွားပါက အခြေချစစ်ဗျူဟာမှ မသိချင်ယောင်ဆောင်ပေးသော ဖြစ်ရပ်များစွာရှိပါသည်။ ကစားဝိုင်းများဆိုလျှင်လည်း တညကို ကျပ် ၂-သိန်းပေးရပါသည်။ ဤကဲ့သို့ တပ်မတော်၏ အစိတ်အပိုင်း ကလေးတစ်ခုမှ အကျင့်ပျက်ခြစားနေပါလျှင် တပ်မတော်တစ်ခုလုံး၏ တတိုင်းပြည်လုံး အတိုင်းအတာနှင့်ဆိုပါလျှင် မည်မျှလောက်ထိ အကျင့်ပျက်ခြစားနေမည်ကို လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသော သာဓကများ နယ်ပေါင်းစုံ အရပ်ပေါင်းစုံ၌ ရှိနေကြပါသည်။
***ပေးပို့သူ- ကိုဦး (မြ၀တီ)***
Sunday, November 1, 2009
ယာတောဆီက- ငိုရှိုက်သံ(အယ်ဒီတာ့ထံပေးစာ)
အရပ်ကတို့ရေ… ကံကြမ္မာတွေရဲ့ အလှည့်အပြောင်းကို ငဲ့စောင်းပြီး မကြည့်တတ်ဘူးဆိုရင်တောင် ကျုပ်တို့ ယာတောတွေဆီမှ ဒုက္ခသည်များကိုတော့ သတိထားကြပါဦးဗျာ။ ပေးစရာကလည်း ငွေမရှိ၊ ပြေးစရာကလည်း မြေမရှိ တောတောင်အစ၊ လျှိုမြောင်အဆုံးမှာ ချွေးလုံးပေါက်ပေါက် ကျအောင် လှုပ်ရှား ရုန်းကန်နိုင်မှ ထမင်း နပ်မှန်တဲ့ ဘ၀သမားတွေကို ၂၁- ၁၀- ၂၀၀၉-ရက်နေ့က ထုပ်ပြန်တဲ့ သတင်းက ထိုင်းနိုင်ငံရောက် အလုပ်သမားဗီဇာ မလုပ်ရင် မနေရဆိုတော့ ကျုပ်တို့လို ဘ၀သမားတွေဟာ ဘယ်လိုလုပ်နိုင်ကြမှာလဲ။ ကျုပ်တို့ မိသားစု ငါးယောက် တနှစ်ပါတ်လည်လုံး ကြုံရာ ကျဘမ်း လုပ်နေလို့ သုံးလေးထောင် ပြည့်အောင် မစုဆောင်းနိုင်ခဲ့ဘူး။ ဗီဇာအတွက် ၆၀၀၀၊ ၇၀၀၀-ဘတ်လောက် ကုန်ကျမယ်ဆိုတော့ မိမိကိုယ်ကို သတ်သေလိုက်ရင်တောင် အဖမ်းအဆီးက ကင်းပါဦးမယ်ဗျာ။
ကျုပ်တို့သူဌေး ပြောတာကတော့ ခင်ဗျားတို့ ဗားမားနိုင်ငံက လာတောင်းဆိုတာတဲ့ သူတို့ တောင်းဆိုမှုကို မလိုက်လျှောဘူးဆိုရင် သူပြည်သူတွေကို သွေးဆောင် ဖြားယောင်း ခိုးယူသူဟု စွပ်ဆွဲမှာတဲ့။ ဒါကြောင့် ဒို့ထိုင်းလူကြီးက တရားဝင် ကြေငြာပေးရတာပါသတဲ့။ ရင်နာစရာကောင်းလိုက်ပါဘိ အရပ်ကတို့ရယ်။ ကျုပ်တို့များဟာ ရိုးရိုးသားသား တောင်သူ လယ်သမားတွေပါဗျာ။ ကိုယ့်တိုင်း ကိုယ်ပြည်တွင်းမှာ ဆင်းရဲဒုက္ခရောက်လွန်း အားကြီးလို့ သူများနိုင်ငံမှာ လာရောက် လုပ်ကိုင်စားပါတယ်။ ဒါကို ဒုက္ခထပ်ပေးပြန်တယ်ဆိုတော့ ကျုပ်တို့ ဘယ်လို နေထိုင်လုပ်ကိုင် စားရတော့မှာလဲဗျ။
ပေးဆောင်ဘ.ိုလည်း ငွေမရှိ ပြေးရှောင်ဘို့လည်း မြေမရှိ။ အတိဒုက္ခရောက်နေတဲ့ ကျုပ်တို့ပြည်သူတွေ စစ်ဖိနပ်အောက်မှာ ငတ်မွတ်ခေါင်းပါး ဒုက္ခဘေးနဲ့သေရမယ့်အစား နိုင်ငံအပေါ်မှာ တန်ခိုးထက်နေသလောက် ပြည်သူအားလုံး မတိုးတက်နိုင်တဲ့ ဒီအစိုးရကို သွေးတစ်စက်နဲ့ တစ်စက္ကန့်လေး အသက်ရှင်နေရင်းလည်း တိုက်ပွဲဝင်ရတော့မယ်ထင်ရဲ့ဗျာ…။
***ယမကာလုလင် (ယာတောမြေ- မဲဆောက်)**
Friday, October 30, 2009
လူသတ်သမား သနားလို့ အလုပ်သမားများ ချမ်းသာ…(အယ်ဒီတာ့ထံပေးစာ)
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရားမြို့နယ် ဘန့် ဆန်ကျေုးရွာတွင်နေထိုင်သော မုံ(ခေါ်)မျှော့ လူမျိုးသဌေးအမည်ခံ အချန့် ဆိုသူ အလုပ်ရှင်တစ်ဦးသည် မဲဆောက်မြို့နယ် နောင်နန်းခီရို ကျေးရွာအနီး ပုသုကျေးရွာရှိ မန်ကျည်းခြံတွင် မြန်မာပြည်သူပြည်သား ၃၀- ယောက် ကျော်အားတစ်နေ့ လျှင်လုပ်အားခ ၈၀ ဘတ် ပေးမည်ဟုပြောပြီး မန်ကျည်းခြံအတွင်း ပဲ၊ သခွါး၊ ခရမ်းချဉ် ၊စပါး စသည့်သီးနှံများကိုရာသီအလိုက် နနက် ၇း၀၀ နာရီ မှနေ့လည် ၁၂း၀၀ ထိ နေ့လည် ၁း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီထိ ခိုင်းပြီးလုပ်အား ခကြတော့ ၇- ရက်အလုပ်လုပ်မှ ဘတ် ၁၀၀- ပဲထုတ်ပေးပါသည်။ အလုပ်သမားများ၏ ပြောပြချက်အရ ၄င်း သူဌေးအမည်ခံ အချန့် ဆိုသူသည် အလုပ်သမားများအား ( ၇) ရက်အလုပ်လုပ်ပေးမှ ဘတ်ငွေ (၁၀၀) ပဲပေးပြီး အလုပ်ရက်တစ်ရက်ပျက်ပါက
အရင်ကလုပ်ထားသည့်ရက်အတွက်ငွေ (လုံးဝ) မပေးပါ။ ဆိုလိုသည်မှာ .. အလုပ်သမားတစ်ဦးသည်အလုပ်ရက်(၆) ရက်လုပ်ထားပြီး သူဌေးဆီမှာအလုပ်မရှိ၍့ အခြားသူဌေးတစ်ဦးစီမှာ အလုပ်သွားလုပ်လျှင် အရင်လုပ်ထားသော (၆) ရက်စာကို လုံးဝ မပေးပါ၊အလုပ်သမားများကိုယ်လည်း အပြင်သို့ ပေးမထွက်ပါ။ အလုပ်သမားများက ငွေလို၍့ လုပ်အားခငွေတောင်းလျှင်လည်း အချိန်ကိုဆွဲထားပြီး အကြောင်းအမျိုးမျိုးပြကာ မပေးပဲအလုပ်ကိုသာလျှင် ဖိခိုင်းပါသည်။ ကျန်းမာရေးမကောင်း၍့ အလုပ်နားရန် ခွင့်တောင်းလျှင်လည်း ခွင့်မပေးပဲ ဆဲဆိုကြိမ်းမောင်း၊ သေနတ်ပြပြီးခြိမ်းခြောက်တော့ အလုပ်သမားများကကြောက်ပြီး လုပ်နေရပါသည်။ အလုပ်သမားအများစုသည် မြန်မာပြည်မှာမပြေလည်၍ အလုပ်လာလုပ်သော တောသူတောင်သားတွေဖြစ်ပါသည်။ ဘာမှအသိပညာမရှိပါ၊ ငွေရရင်အလုပ်လုပ်မည်ဆိုကာ လာကြခြင်းဖြစ်ပါသည်။ သူဌေးကလည်း သူဌေးကလည်းဟိုနေ့ ပေးမယ်၊ ဒီနေ့ ပေးမယ်ဆိုပြီးချော့ခိုင်းလိုက်၊ ခြောက်ခို်င်းလိုက်ဆိုတော့ အလုပ်သမားတွေဟာ လုပ်အားခကိုယ်တစ်နေ့ ရနိုး တစ်နေ့ ရနိုးနဲ့  အလုပ်တွေလုပ်လာခဲ့ကြတာ ၁ နှစ်နဲ့  ၆ လလောက်ကြာတော့ သူဌေးက အလုပ်သမားတွေရဲ့ ငွေကိုမပေးချင်ဘူး။ ဒါကြောင့် လူသတ်သမားငှားပြီး သတ်ခိုင်းတော့တာပဲ၊ဲ လူသတ်သမားတွေကလည်း အလုပ်သမားတွေရဲ့ရုပ်တွေကိုကြည့်ပြီး သနားတာနဲ့  မသတ်ဘဲနဲ့ သူဌေးငွေတွေယူပြီး ထွက်ပြေးသွားတယ်၊ သူမသွားခင်မှာ သူဌေးကသူ့ ကိုယ်ငွေပေးသတ်ခိုင်းတယ်ဆိုတဲ့ အကြောင်းပြောသွားလို့  အလုပ်သမားတွေဟာ ညတွင်းချင်းပဲ မဲဆောက်မြို့ သို.်ထွက် လာကြခြင်းဖြစ်ပါသည်။
***(အလုပ်သမားများရဲ့ ရင်ဖွင့်သံ)***
Tuesday, September 29, 2009
အခွင့်အရေးတွေကို လမင်းကြီးလိုပြည့်ဝစေချင်ပေမယ့်…
*** အထည်ချုပ်နေရင်းနဲ့
ကိုကို့ရုပ်သွင်က တစ်ချက် တစ်ချက်ဝင်လာ
ဓာတ်ပုံပမာ ရှင်းရှင်းကြီး မြင်ရတာမို့
လက်ကိုဒဏ်ရာမရဖို့နဲ့ ပျက်ထည်တွေမကျဖို့ကို
ရင်ဖိုနေတဲ့ကြားကပဲ (ကိုကို့ ဓာတ်ပုံကို မှောက်လျက်ပြန်ထားလို့)
ကျမလက်ကို အသားကျအောင် ကြိုးစားရပါတယ်…။
*** မဲဆောက်က ကိုကိုဟာ
ဘန်ကောက်က ကျမဆီကို
လေလှိုင်းဆီကနေ
မေတ္တာတွေ ကရုဏာတွေ ပို့ဝေနေတာမို့
ကျမမှာ ကျေနပ်လို့၊ ပြုံးလို့၊ ပျော်လို့နေရတာပေါ့ရှင်…။
*** နေ့စားခက ဘတ်နှစ်ရာကျော်
အိုတီကြေးက တစ်နာရီသုံးဆယ့်ခြောက်ဘတ်နဲ့
မူးမေ့လဲမတတ် အထည်တွေချုပ်၊ ဖြုတ်၊ တပ်၊ ပြင် လုပ်နေရပေမယ့်
ိုံ့စက်ရုပ် မဟုတ်တဲ့ လူသားစစ်စစ်ကျမတို့မှာလည်း
တနင်္ဂနွေနေ့ တစ်နေ့အပြင် ထိုင်းနိုင်ငံရဲ့ နေ့ကြီးရက်ကြီးတွေမှာ
နားနေချင်၊ အမောဖြေချင်တာပေါ့ရှင်…။
*** အဲဒီလို နားရက်တွေမှာလည်း လုပ်အားခနှစ်ဆ၊ သုံးဆ ရရမယ်လို့
ို ထိုင်းဥပဒေသိလေလေ၊ ရပိုင်ခွင့်တွေတောင်းချင်လေလေ ဖြစ်ပေမယ့်
နိမ့်ကျနေတဲ့ ကိုယ့်ရပ်ဌာနေဆီကို
အလုပ်ပြုတ်ပြီးပြန်ရရင်လည်း
ဘာမှ မသေချာတာမို့
`မသာလည်းတ၊ သာလည်းတရတဲ့´
ညအခါက လမင်းဝင်းဝင်းပပကြီးကိုသာ
ပြည့်ဝတဲ့ အခွင့်အရေးအဖြစ်
အခုအခါမှာ ချစ်နေရအုံးမှာပါပဲလေ…။ ။။
ခံစားတင်ပြသူ- လှယမင်း(ဘန်ဖွန်း၊ ဘန်ကောက်ပြည်နယ်)ရွှေ့ပြောင်းလုပ်သားတစ်ဦး
Friday, September 25, 2009
အချိန်တန်ပြီ- နွားပိန်ကန်ကြစို့လား…
*** ဘ၀အမော တွေကို
တောအရက်နဲ့ ဖြေသူဖြေ…
ထမင်းရည်သောက်ပြီး ဖျောက်သူဖျောက်…
ဗိုက်မှောက်ပြီး “တက်”ခေါက်သူခေါက်နဲ့
သူတောင်းစားလည်း ခွက်ပျောက်
ဘိန်းစားလည်း ဗိုက်အောင့်
သူဌေးလည်း သင်္ဘောမှောက်ရပြီမို့
“သောက်သုံးမကျတဲ့ ဒီအစိုးရ”ကို
ဝိုင်းဝန်း ဖြိုဖျက်ကြပါတော့လား
ကိုင်း…. သိပ်စဉ်းစားမနေကြနဲ့
လုပ်ကြစို့… စုပေါင်းကြစို့ကွဲ့….။
ခံစားတင်ပြသူ- လူဇော်(ဘန်ကောက်) ရွှေ့ပြောင်းလုပ်သားတစ်ဦး
Wednesday, September 23, 2009
*** ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ စာမျက်နှာ…
***(ဒို့တာဝန်အရေး (၃)ပါး)***
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး …….. ဒို့အရေး
အမျိုးသားရင်ကြားစေ့ရန် တွေ့ဆုံဆွေးနွေးအဖြေမှန်ပေးရေး ……. ဒို့အရေး
၁၉၉၀ ရွေးကောက်ပွဲအသိအမှတ်ပြုရေး ……… ဒို့အရေး
နိုင်ငံရေးအကျဉ်းသား အမြန်လွှတ်ရေး ……….. ဒို့အရေး
- နအဖ သက်တမ်း ၂၀၀၉ နောက်ဆုံး
-
လူ့သတ်အစိုးရ အလိုမရှိ
- ရဟန်းဖမ်းသတ်တဲ့ အစိုးရအလိုမရှိ
- အကြောင်းပြဖမ်းဆီးထားသူ အကုန်လွှတ်ပေး
- နအဖ ကိုတတ်တဲ့နည်းနှင့် ဆန့်ကျင်ကြ
- နအဖ ကိုတိုက်ဖို့ ဆန့်ကျင်ဘို့ စည်းလုံးကြ
- ငြိမ်းချမ်းရေးအဖွဲ့တွေ စည်းလုံးကြ
- ငြိမ်းချမ်းရေး ယူတာဘာအတွက်လဲ…..
(ရွှေ့ပြောင်းသံဃာတစ်ဦး) မဲဆောက်
*** အချိန်ကို လေးစားပါ ****
- နအဖ ကိုဖြုတ်ချရန် အချိန်ရောက်ပြီ
- နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အယုံအကြည်မရှိ
- နအဖ ရဲ့သွေးထိုးမှု ရပ်တန်းကရပ်
- နအဖ ထောက်တိုင်တွေအားလုံးကို အမြဲဆန့်ကျင်ကြ
- နအဖ ရဲ့ ငြိမ်းချမ်းရေးစဖောက်ပြန်ပြီ
- ငြိမ်းချမ်းရေး ယူတာစစ်တိုက်ဘို့ မဟုတ်၊ ခြံစည်းရိုးရှောက်ခွေးလုပ်ဘို့မဟုတ်
- အမျိုးသား စိတ်ဓါတ် မရှိတဲ့သူ ခြံစောင့်ခွေးလုပ်
- ဒီမိုကရေစီ တောင်းမရရင်တိုက်ယူကြ
***(၂၀၁၀ ဘာလဲ) ***
- စစ်အစိုးရ ငြိမ်းချမ်းရေးအတု အလိုမရှိ
- နအဖ အမြန်ကျရှုံးပါစေ
- ဒီမိုကရေစီ နအဖ ပေးတာအလိုမရှိ ရွှေရည်စိမ်ရွေးကောက်ပွဲ ဆန့်ကျင်ကြ……။
မောင်မောင်လေး (ရွှေ့ပြောင်းလုပ်သားတစ်ဦး- မဲဆောက်)
*** တိုင်းရင်းသား စည်းလုံးရေး***
- နအဖ ပြောတိုင်း ကရင်အချင်းချင်း သတ်တာ မျိုးချစ်စိတ်လား….?
- ကရင့်ကံကြမ္မာ ကရင်းဖန်တီးနိုင်ပြီလား
- ကရင်ဆိုတာ တကိုယ်ကောင်း သမားမဟုတ်
- တိုင်းရင်းသားတွေ စည်းလုံးသင့်ပြီ
- ဆင်းရဲခြင်းကင်းအောင် နအဖကို တိုက်ကြ
(ကရင် ရွှေ့ပြောင်းတစ်ဦး)
*** ဒို့အရေး ***
- ဒီမိုကရေစီ နအဖ ပေးမှာ မဟုတ်
- နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရွှေရည်စိမ်အလိုမရှိ
- နအဖ ကို နီးစပ်ရာ ဆန့်ကျင်ကြ
- ဆင်းရဲခြင်းကင်းအောင် နအဖ ကို ၀ိုင်း၍ဖြတ်ကြ
- နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ်ပေးရေး ဒို့အရေး…..။
*** သမိုင်းလူလိမ်တွေ ****
- သွေးကရေးတဲ့ သမိုင်း နအဖ အမျိုးယုတ်လိမ်လည်ဘို့လုပ်
- ကရင်ဆိုတာ ခြံစည်းရိုးစောင့်ခွေးမဟုတ်
- ငြိမ်းချမ်းရေးယူတာ စစ်တိုက်ဘို့မဟုတ်
- ကြောက်ရွံခြင်းကင်းအောင် နအဖကို တိုက်ထုတ်ဆန့်ကျင်ကြ….။
(ရွှေ့ပြောင်းမွန်တစ်ဦး)
*** သတ္တိရှိ ဘို့လိုတယ် ***
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ်
တိုင်းရင်းသားတွေကို မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ စစ် နအဖ ကိုဆန့်ကျင်ကြ
အမျိုးသားရေးစိတ်ရှိသူတိုင်း နအဖကို ဆန့်ကျင်ကြ
သံဃာတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖျက်တဲ့ နအဖကို ဆန့်ကျင်ကြ
ငြိမ်းချမ်းရေး ယူတာအမျိုးသား သစ္စာဖောက်ဘို့မဟုတ်….။
(မြန်မာရွှေ့ပြောင်းတစ်ဦး)
*** ၂၀၀၉- ဘာလဲ/ ၂၀၁၀- ဘယ်လဲ ***
- မျိုးချစ်စိတ်ရှိသူတိုင်း နအဖ ကို နည်းလမ်းမျိုးစုံက ဆန့်ကျင်ကြ
- လူ့အခွင့်အရေး ချက်ခြင်းပေး။ ၂၀၀၉- နအဖ နောက်ဆုံး။
- ဒီမိုကရေစီကို နအဖ ကပေးမှာ မဟုတ်
- နအဖ ပေးတဲ့ ဒီမိုကရေစီ အလိုမရျိ
- သွေးမရှိတဲ့ ဆန္ဒပြပွဲက ဝေးဝေးနေ
- မျိုးချစ်စိတ်ရှိသူတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြ….။
(ရွှေ့ပြောင်းသံဃာတစ်ဦး- မဲဆောက်)
Sunday, September 20, 2009
ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ စာမျက်နှာ…
.*** ကြံကြံဖန်ဖန် မြန်မာအလုပ်သမားဘ၀ရဲ့ ခဏတာသူဌေးလုပ်ရမှု**
“ကျနော်တို့ အလုပ်ရှင်(သူဌေး)က သူပိုးသတ်ဆေးဝယ်ဖို့ ပိုက်ဆံမရှိလို့ ကျနော်တို့ ဆီက ပိုက်ဆံချေးတယ်။ ရတော့ ပိုးသတ်ဆေးဝယ်ပြီး သူ့ရဲ့စိုက်ခင်းကို ဆေးဖျန်းတယ်။ အခု သီးနှံတွေလည်း ထွက်လာရော ကျနော်တို့ ပိုက်ဆံဈေးထားတဲ့ ၆-ယောက်ကို အလုပ်ဖြုတ်ပစ်လိုက်ပါလေရော…။
ကျနော်တို့ဆီက တစ်ယောက်ကို (၁၀၀၀)ဘတ်ဆီ ချေးတယ်ဗျ၊ ဖြစ်နိုင်ရင် အဲဒီပိုက်ဆံ ၁၀၀၀ စီကို ကျနော်တို့ ပြန်လိုချင်ပါတယ် ဆရာ”တဲ့။ ဒါကတော့ ထိုင်း-မြန်မာနယ်စပ် တာ့ခ် ခရိုင်အတွင်းက မဲဆောက်တောင်ဘက်မှာရှိတဲ့ ဖုတ်ဖရားမြို့နယ် ၄၂-ကီလိုမီတာ ကျေးရွာက ခွေးတွေမွေးလွန်းလို့ “ခွေးသူဌေးမ”လို့ ၀ိဂြိုလ်ပြုခေါ်ကြတ
ဲ့ စိုက်ခင်းထဲက ဖြစ်ရပ်တစ်ခုပါ။ ကျနော်တို့ မြန်မာပြည်သားတွေဆီက မျှော့(ခေါ်)မုံလူမျိုး၊ ထိုင်းနိုင်ငံသားအလုပ်ရှင်က ပိုက်ဆံချေးပြီး သူ့ရဲ့လုပ်ငန်းကိုင်ငန်းကို ဆောင်ရွက်ရတာမို့လို့ ကျနော်တို့ မြန်မာပြည်သားတွေက “တခဏတာ သူဌေး”ဖြစ်လိုက်ရတာပေါ့ဗျာ၊။
ဟုတ်ကဲ့ပါ…. မဲဆောက်မြို့တောင်ဖက်ဖျားက မြို့နယ်ဧရိယာအဆုံးက မြန်မာအလုပ်သမားတစ်ဦးက ပြောပြတာက…..
“ကျမဆံပင်လေးကို ကျမယောင်္ကျား အရက်သောက်ဖို့ ရောင်းခဲ့ရပါတယ်…”
မမြင့်- စိုက်ပျိုးရေးလုပ်သားတစ်ဦး (ကြယ်ဒီခို့တိုက်နယ်- မဲဆောက်)
***ခံစားတင်ပြသူ- ဓူဝံ (ဖုတ်ဖရားမြို့နယ်)**
Monday, September 7, 2009
ဘ၀ ကောက်ကြောင်းကို ခပ်စောင်းစောင်း ကြည့်ရှုခြင်း….
***(ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ)***
မိုးက တစိမ့်စိမ့်ရွာနေခိုက်
`ကျစိမ့်´တီး(Tea)အရသာနဲ့ မျောချပစ်လိုက်သမျှ
`လောကနီတိ´နဲ့ `လောဘနီတိ´ကျမ်းစာ နှစ်စောင်တွဲ
ဘ၀ကို ခပ်ရဲရဲနဲ့ မရဲတရဲ ဖြတ်သန်းဆဲ
ကျောမွဲတွေရဲ့ ၀မ်းခေါင်းအော်သံဟာ
ရှစ်လေးလုံး အားမာန်လို အမြဲညံနေသတဲ့
`အောင်လံမလဲတမ်း´နဲ့ `ထောင်မာန်အမြဲတမ်း´
တမ်းတတိမ်းညွတ် တွယ်တာ တောင့်တခဲ့တဲ့
ကျမ်းစာ၊ ကျမ်းကိုး၊ ကျမ်းညွှန်း တွေဟာလည်း
`ဇိနုတ္ထပကာသနီ´ကျမ်းကြီး ပမာထားပြီး
ကုလားလက်ထဲက ပတ္တားနီလိုဖြစ်ရ
အဆစ်မရတဲ့ မသာအခေါင်း
ဘယ်သူမှလည်း အဆစ်မတောင်းခဲ့ကြ
ပုံပြင်ဟောင်း၊ ဒဏ္ဍာရီဟောင်းအပေါ်
မျက်စေ့အညောင်းခံပြီး ဖတ်ခဲ့တာတွေကို
အခုဆို လေးလုံးဖြစ်မှ နောက်ကျနောင်တရကြ
အမျှ- အမျှ- အမျှ ယူတော်မူ ကြပါကုန်လို့
(အမ- ညီမ ပေးချင်သူတွေက)
တောင်းဆုအကြုံ၊ ပန်ဆုအဆုံမှာ ပုံအောလိုက်ကြ
ညအခါ တစ်ရေး၊ နှစ်ရေးနိုးခဲ့ တာတွေဆို
ဇော်ဂျီဖိုဝင်သား စားရသလို
လူကိုမြောက်ကြွ မြောက်ကြွရယ်နဲ့
ဟုတ်ကဲ့… ဘာဆက်ရေးရမယ်မသိတော့ ဘူးဗျ….။
*** အာလူးပူတီ (ရွှေ့ပြောင်းတစ်ဦး) ဘန်ကောက်
Sunday, September 6, 2009
ချစ်သူနဲ့ ကျနော်…
***(ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ)***
** ချစ်သူက ဘန်ကောက်သွားတော့
ကျနော်က ဒန်ပေါက်ကို နင်းကန်စား…
(ဘုန်းကြီးကျောင်းနဲ့ အလှူအိမ်တွေ လိုက်ခါစား)
ချစ်သူက အစားကြီး
ကျနော်က ချားစီး
(ဘုရင်ကွင်းက ပွဲမှာ ကလေးတွေနဲ့အတူ ချားရဟတ်စီးတာကို ပြောတာ)
** ချစ်သူက အများကြီးလို့ပြော၊ အများကြီး ဆိုပြီးချစ်
ကျနော်က အားကီးလို့ပြောပြီး အားစီး
(မိမိမှာရှိတဲ့ ခွန်အားတွေကို စိတ်ရေယာဉ်ကြောမှာ စီးမျောစေခဲ့တာ)
*** ချစ်သူက ဘန်ကောက်အမည်ခံနဲ့ မဟာချိုင်ရောက်
ကျနော်က မဲဆောက်မှာ တောရောက်. တောင်ရောက် သေးလျှောက်ပေါက်
အောက်အီးအီးအွတ်တွေ တိုက်ချင်လည်းတိုက်
ကလေးဗိုလ်လုပ်ပြီး ကလေးနဲ့ ပြိုင်မိုက်ချင်လည်း မိုက်
ဖိုက်တင်ပလေးဆိုပြီး နွားက မျက်စေ့နောက်လို့ မာရသွန်ပြေးခဲ့ရ
ပြန်လိုက်တဲ့ချွေးကတော့ ရေချိုးထားသလိုပဲခင်ဗျ
ဆောင်းချမ်းညမှာကွေး ရတာက ဂိုင်စီးကွေးရတာလည်း ခဏခဏ
လအခါ လသာသာမှာ ခွေးတွေကဟောင်၊ ဖင်ကပြောသနဲ့
ငဖောင်ရိုးသာသာ ပေါင်နဲ့ ခြေသလုံး မကွဲပြားကြ (မခွဲခြားနိုင်ကြ)
မှားတဲ့ အခါလည်း ငါ.သမီးလေး တစ်ခါမှားတာ ဆိုက္ကားသမား ငါးရာနဲ့ မှားခဲ့ကြ
“ခွေးမသား၊ နွားမသား၊ ဖွတ်ကျားမသား ရယ်လို့
(နအဖ) ဓါးပြသား၊ စောရသား တွေကို ဆဲသွားကြ”
ဒါဆိုရင် မြန်မပြည်သူ၊ ၅၆-သန်းဟာ အချားယိုးတွေ၊ ဘရားဗိုးတွေ ၀မ်းစမိုးတွေ ဆူညံသွားကြ
မှန်လိုကတဲ့ လူထုအသံ ရယ်လို့ သောသောညံညံ ထောက်ခံခဲ့ကြ
ဒါတွေကို မဟာချိုင်က ချစ်သူတွေ အသိရော သတိပါရှိကြ
ဘန်ကောက်က ချစ်သူတွေလည်း အဲဒီ သာဓက
တော်မော ကြောက်ရ တမလူး(ရဲ)ကြောက်ရ
ကောက်ရတာက ပြားငါးဆယ်(ပွိုင့်)စေ့မို့ ၀ယ်စားမရ
မြန်မာငွေတွေ ခဏခဏ ကောက်ရလို့ စိတ်ပိန်ရ
နိမ်. ဆောင်. ဆမ်. ဆီ. ဟာ့(တ်) လို့ မပြောနိုင်သမျှ
ထိုင်းစာ (အ)သုံးလုံးကို အလွတ်မရ။။
+++အာလူးပူတီ (ရွှေ့ပြောင်းတစ်ဦး)+++
Saturday, September 5, 2009
ဟုတ်တုတ်တုတ်နှင့် ရွှေ့ပြောင်းဇာတ်လမ်းစုံ…
(ရွှေ့ပြောင်းတို့ရဲ့ ရင်ဖွင့်သံ စာမျက်နှာ)
*** ချစ်သူထံက ဖုန်းကိုမျှော်
အော်သွားတဲ့ ကျီးကန်းခဲနဲ့ဆော်
ကလေးတွေက ကရော်ကရော်
ဘော်ဒါတွေက သရော်တော်တော်
ညအိပ်တော့ ဖင်ကပေါ်
မာမရှိန်းပြောတဲ့ နော်ကိုနော်
သင်္ဘောစီးတော့ ဘော်ဘူးဘော်
မီးသတ်ကားက တော်တီးတော်
အကြော်ဆိုင်က ညှော်ပြီးညှော်
ညည့်ငှက်မတွေ ခေါ် ပြီးခေါ်
အမြန်ယာဉ်တွေ ကျော်ပြီးကျော်
ကိုကြီးကျော်လည်း ကျော်ပြီးကျော်
ဖက်ရှင်မော်ဒယ် ဖော်ပြီးဖော်
ဒေါ်လာစားတို့ ကော်ပြီးကော်
ထိုင်းနိုင်ငံအနှံ ပျော်ပြီးပျော်
ဒို့ ရွှေ့ပြောင်းတွေ ပျော်သူပျော်၊ မော်သူမော်
အော်သူတွေက “အမေလေးဗျာ၊ အမေလေးရှင့်၊ အမေလေးသောက် ပလုတ်တုတ်”
ဆော်သာဆော်၊ အော်တာက သူ့အလုပ်လို့
အမြတ်ထုတ်သူတွေက ဂုတ်သွေးစုတ်နေဆဲ
ခေါင်းကုတ်လို့ အကြံတွေ၊ အသိုးတွေထုတ်
ဒို့ မြန်မာပြည်က ရထားစုတ်
မီးခိုးထုတ်တော့ အသံထုတ်
“ဟုတ်တုတ်တုတ်၊ ဟုတ်တုတ်တုတ်
ဟုတ်တုတ်တုတ်၊ ဟုတ်တုတ်တုတ်
ဟုတ်တုတ်တုတ်၊ ဟုတ်တုတ်တုတ်………”
***အာလူးပူတီ*** (ရွှေ့ပြောင်းတစ်ဦး)
Wednesday, September 2, 2009
မင်းပဲအပြောကောင်းတယ်၊ မင်းပဲဓါးပြတိုက်လွန်းတယ်…
(ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ)
*** ကိုကိုရေ…
သူများကိုလေ၊ ဖုန်းကဒ်ထည့်ပေးပါဦး
အကြွေးလေး ဆပ်ပေးပါဦး
သုံးလုံးအပိုက်ကွက်လေး စိုက်ထိုးပေးပါဦး
ရှေ့အပတ် အလုပ်ပိတ်ရက်မှာ
ခရီးစရိတ်စိုက်ပြီး
ဘန်ကောက်တ၀ိုက်ကို လိုက်ပြပါဦး
ဒို့ သိပ်ကြိုက်တဲ့ ရက်ပ်အခွေတစ်လှေကြီး
အနီးအနားက ငှားခဲ့ပါဦး
ဦး…………. ဦး …………….. ဦး
မထူးပါဘူး ဆွီတီရာ
မင်းရုံးက ပြာတာသာ လုပ်ခိုင်းပါတော့…..။
*** ဟော… လာပြန်ပါပြီ
မျက်နှာကပြီ တီတီနဲ့
အီစီကလီကလည်း လုပ်သလား မမေးနဲ့
အလဲ့ကိုကို…. ဈေးသွားမလို့လား
ဟိုဟာလေး ၀ယ်ခဲ့ပါဦး
ဒါလေးလည်း အကြုံဆွဲခဲ့ပါဦး
ဟိုဥစ္စာလေးလည်း သူများ နေ့တိုင်းသုံး မို့လို့တဲ့
သေစမ်းဟဲ့…. ရယက လူကြီးရေ
ကျနော့် မိဘတွေတောင် ဒီလိုမခိုင်းခဲ့ပါဘူးဗျာ….။
*** မဲဆောက်မှာတုန်းကလည်း ဒီပုံခိုင်းခဲ့
ဘန်ကောက်ရောက်သွားတော့လည်း ဒီနည်းမောင်းခဲ့
ပုတီးနဲ့ တရားစာအုပ်တွေ ဆွဲလို့
နီးစပ်ရာ ထိုင်းဘုရားထဲ ကျနော်ရောက်သွား
ဘုရားကို သန့်ရှင်းရေး နည်းနည်းလုပ်
ဒီနေ့က လစာထုတ်ရက်မို့ အလုပ်ကပိတ်တယ်လေ
အနီးကပ် နှိပ်စက်နေတဲ့ သူမနဲ့ ဝေးရာဆီ
အဓိဌာန်ပြီး အခိုင်းခံဘ၀က လွတ်စေကြောင်းရယ်လို့
ဘုရားနဲ့ နတ်ဒေ၀တာအပေါင်းထံ ဆုတောင်းနေခိုက်မှာ
ဟိုက်……. ဟိုက်……… ဟိုက်
ကျနော့် ရှေ့မှာလက်ပိုက်ပြီး မကြည်ကြည့် ကြည့်နေတဲ့သူမ
ဘုရားရှေ့ရောက် ကျနော် ဘုရားသာ အကြိမ်ကြိမ်တနေမိပါရဲ့ဗျာ……..။
***လူဇော် (ဘန်ကောက်- ရွှေ့ပြောင်းတစ်ဦး)***
Wednesday, August 26, 2009
(ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ စာမျက်နှာ)
***ထိရှ- ကြေကွဲ- လွမ်းဆွတ်နေရဆဲပါ***
*** သူ့ဆီက နေ့စဉ်နေ့တိုင်း
ဖုန်းလိုင်းက ကျမဆီ ရောက်လာတယ်လေ…။
*** သူက မဲဆောက်
ကျမက ဘန်ကောက်မှာမို့
အသံပို့လို့ပဲ စိတ်အာသာ ဖြေကြရတယ်ပေါ့…။
*** အရင် ၃-နှစ်၊ ၄-နှစ်ကတော့
ကျမရော၊ သူပါ မဲဆောက်မှာ အတူတကွပေါ့…။
*** နှစ်ယောက်အတူ စက်ချုပ်ကြ
နှစ်ယောက်တစ်ဘ၀ အိပ်မက် မက်ကြနဲ့
ဒါဟာ တသက်တာလေလား
ထင်မှတ်မှားခဲ့ကြချိန်ပေါ့…။
*** နှစ်မကြာပါဘူး… ဘန်ကောက်က အလုပ်တွေများကောင်းချိန်မှာ
သူဟာ မဲဆောက်မှာပဲ နေချင်တယ်
ကျမမှာ ဘန်ကောက်ကို သွားချင်တယ်နဲ့
အငြင်းပွားကြ၊ အချင်းများကြနဲ့
အိပ်မက်များလည်း တခန်းရပ်လို့
နူတ်ဆက်လမ်းခွဲကြဖို့ သဘောတူလိုက်ကြတယ်…။
*** ကျမက ဘန်ကောက်မှာ
သူက မဲဆောက်မှာနဲ့ ၃-နှစ်လောက်အဆက်ပြတ်သွားကြလို့
ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်မိဘကိုကိုယ် ရှာကျွေးနေရချိန်မှာ
အကြွေးတွေလည်း တစတစကြေလာ
ဝေဒနာအသစ်တွေလာပေးသူကလည်း မရှားပါဘူး…။
*** အဲဒီ ဝေဒနာ အသစ်ကို
မိသားစု ချစ်စိတ်နဲ့ပဲ ငြင်းပယ်လို့
ကိုယ့်ဖာသာကိုယ် တည်ငြိမ်စွာ ဖြတ်သန်းနေခိုက်မှာ
ဝေဒနာဟောင်း (သူ့ဆီက…)ဖုန်းဝင်လာပါရော…။
“တောင်းပန်ပါတယ်၊ မင်းမှန်ပါတယ်”တဲ့
“တို့ရဲ့ ဇာတ်လမ်းကို ပြန်ဆက်ရအောင်”တဲ့…
ဟုတ်ကဲ့… သူသိစေချင်တာက
ကျမမှာ… အခုထိ၊ သူနဲ့ပတ်သက်သမျှ
ထိရှ- ကြေကွဲ- လွမ်းဆွတ်နေဆဲပါရှင်…။
+++လှယမင်း- (ဘန်ကောက်- အထည်ချုပ် ရွှေ့ပြောင်းတစ်ဦး)
**အယ်ဒီတာဆရာခင်ဗျား…..
ကျနော်တို့ ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ဘက်မှာ ကျပန်းအလုပ်(ဆောက်လုပ်ရေးနဲ့ အထွေထွေ)အလုပ်တွေမှာ မြန်မာပြည်သားကန်ထရိုက်တွေက အလုပ်လုပ်ပြီး ပေးရမယ့်ပိုက်ဆံကို မပေးကြပါ။ မြန်မာပြည်သားတွေ ဆိုရာမှာ ကုလားအချို့၊ ကရင်အချို့၊ မွန်အချို့ပါကြပြီး ရှမ်း(ထိုင်း)စကားကို ကျနော်တို့ထက် ပိုမိုကျွမ်းကျင်ပြီး အာဏာပိုင်တွေကိုလည်း ကျနော်တို့ထက် ပိုပေါင်းနိုင်ပါတယ်။ ပြီးခဲ့တဲ့ လတွေက အလုပ်ဆင်းရတာ ၂၁-ရက် လောက်ရှိခဲ့တဲ့ ကျနော်နဲ့ ဘ၀တူ ကျပန်းအလုပ်သမား ၃၀-ဦးလောက်ဟာ အခုထိ နေ့စားခတွေ မရှင်းရသေးပါ။ ဒါကို ဆရာတို့ မြန်မာပြည်သာ:က အကူအညီပေးဖို့ စာစောင်ထဲမှာ ပါတဲ့ ဖုန်းကတဆင့် ဆက်သွယ်ပါတယ်ခင်ဗျား…။
ရင်ဖွင့်သူ…. မောင်ဇော်(ဆူရတ်ဌာနီ- ကျပန်းလုပ်သားတစ်ဦး)