ကိုကို့ရုပ်သွင်က တစ်ချက် တစ်ချက်ဝင်လာ
ဓာတ်ပုံပမာ ရှင်းရှင်းကြီး မြင်ရတာမို့
လက်ကိုဒဏ်ရာမရဖို့နဲ့ ပျက်ထည်တွေမကျဖို့ကို
ရင်ဖိုနေတဲ့ကြားကပဲ (ကိုကို့ ဓာတ်ပုံကို မှောက်လျက်ပြန်ထားလို့)
ကျမလက်ကို အသားကျအောင် ကြိုးစားရပါတယ်…။
*** မဲဆောက်က ကိုကိုဟာ
ဘန်ကောက်က ကျမဆီကို
လေလှိုင်းဆီကနေ
မေတ္တာတွေ ကရုဏာတွေ ပို့ဝေနေတာမို့
ကျမမှာ ကျေနပ်လို့၊ ပြုံးလို့၊ ပျော်လို့နေရတာပေါ့ရှင်…။
*** နေ့စားခက ဘတ်နှစ်ရာကျော်
အိုတီကြေးက တစ်နာရီသုံးဆယ့်ခြောက်ဘတ်နဲ့
မူးမေ့လဲမတတ် အထည်တွေချုပ်၊ ဖြုတ်၊ တပ်၊ ပြင် လုပ်နေရပေမယ့်
ိုံ့စက်ရုပ် မဟုတ်တဲ့ လူသားစစ်စစ်ကျမတို့မှာလည်း
တနင်္ဂနွေနေ့ တစ်နေ့အပြင် ထိုင်းနိုင်ငံရဲ့ နေ့ကြီးရက်ကြီးတွေမှာ
နားနေချင်၊ အမောဖြေချင်တာပေါ့ရှင်…။
*** အဲဒီလို နားရက်တွေမှာလည်း လုပ်အားခနှစ်ဆ၊ သုံးဆ ရရမယ်လို့
ို ထိုင်းဥပဒေသိလေလေ၊ ရပိုင်ခွင့်တွေတောင်းချင်လေလေ ဖြစ်ပေမယ့်
နိမ့်ကျနေတဲ့ ကိုယ့်ရပ်ဌာနေဆီကို
အလုပ်ပြုတ်ပြီးပြန်ရရင်လည်း
ဘာမှ မသေချာတာမို့
`မသာလည်းတ၊ သာလည်းတရတဲ့´
ညအခါက လမင်းဝင်းဝင်းပပကြီးကိုသာ
ပြည့်ဝတဲ့ အခွင့်အရေးအဖြစ်
အခုအခါမှာ ချစ်နေရအုံးမှာပါပဲလေ…။ ။။
ခံစားတင်ပြသူ- လှယမင်း(ဘန်ဖွန်း၊ ဘန်ကောက်ပြည်နယ်)ရွှေ့ပြောင်းလုပ်သားတစ်ဦး
*** အထည်ချုပ်နေရင်းနဲ့

No comments:
Post a Comment