ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ခရီးသွား.ဆောင်းပါး. Show all posts
Showing posts with label ခရီးသွား.ဆောင်းပါး. Show all posts

Monday, September 3, 2012

-ကာတွန်း ဟာသ-

Read More...

Friday, March 2, 2012

မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ ကော့စမွေကျွန်းဆီသို့ (နိဂုံးပိုင်း)


**ကော့စမွေကျွန်းမှ အပြန်၊ ထိုမှ ဘန်ကောက်မှ အပြန်ခရီး**

(၁-၂-၂၀၁၂)နေ့တွင် မိမိတို့ မဲဆောက်ခရီိးသည်များသည် စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် ညအိပ်ခဲ့ရပါသည်။ ညစာကိုလည်း ဈေးကြီးကြီးဝယ်စားရသော ပင်လယ်ညစာနှင့် စားခဲ့ရသလို ညပိုင်းတွင် ပြုလုပ်နေကြဖြစ်ဟန်တူသော မီးအက၊ မျက်လှည့် စသည်တို့ကိုလည်း ညစာစားနေကြရာ ပင်လယ်ကမ်းခြေ၊ သဲသောင်ပြင်၌ ကြည့်ရှုကြရပါသည်။ နောက်တစ်နေ့ (၂-၂-၂၀၁၂) နေ့တွင် နံနက်ပိုင်းတစ်ကျော့ ပင်လယ်လှိုင်းစီးခြင်းကို သောင်ရင်းနဂါး၊ ဗညားတဲနှင့် ကိုသန့်တို့က ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် အငှားဆိုင်ကယ်လ်ကို မနေ့ကလို ၁ နာရီ (၁၀၀) ဘတ်ဖြင့် ငှားမနေပဲ ၂ နာရီိ (၂၀၀) ဘတ် အပြတ်ငှားကာ ကျွန်းပတ်ချိန်လုံလောက်စေရန် စီစဉ်ကြပါသည်။ ဟော… ကျွန်းပတ်ကြ ပြန်လာပြီး၊ သောင်ရင်းနဂါးနှင့် ကိုဇော်က တစ်တွဲ၊ ကိုသန့်နှင့် မောင်မျိုးက တစ်တွဲပေါ့၊ ဒီတစ်ခါတော့ Ban Phe မြို့နယ်ခွဲ ရုံးစိုက်ရာ ကော့စမွေကျွန်းမြို့ထဲပိုင်းသို့ ချီတက်ကြပါသည်။ ကမ္ဘာလှည့်ခရီးသည်များကိုကား ဟိုကြား၊ ဒီကြားမှ လမ်းလျှောက်ထွက်လာတာကိုရော၊ သုံးဘီးဆိုင်ကယ်၊ လေးဘီးကားငယ်တို့ဖြင့်ပါ တွေ့မြင်ကြရပါသည်။
(ကော့စမွေကျွန်းမြို့ထဲပိုင်း)

မြို့ထဲပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် တော်တော်များများရှိနေပြီး၊ ပင်လယ်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် လေယာဉ်ပျံကွင်း လုပ်ငန်းခွင်တို့ကိုပါ လှမ်းမြင်ကြရပါသည်။ ထိုင်းအလုပ်သမားများကိုသာမက ကမ္ဘောဒီးယားနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်လည်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် တွေ့မြင်ရပါသည်။ တစ်နေ့ လုပ်အားခမှာ ဒေသအလိုက် စံနှုန်းအရ (၂၀၆) ဘတ်ဖြစ်ပါသည်။
၂ နာရီမပြည့်မှီ အငှားဆိုင်ကယ်လ်ဖြင့် လှည့်ပတ်ခြင်းကို ရပ်တန့်ကြရပြီး ပင်လယ်လှိုင်း စီးခြင်းကို အလွမ်းပြေ နာရီဝက်စီးကာ ကော့စမွေကျွန်းမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြရပါသည်။ ကော့စမွေကျွန်းမှ အပြန်ခရီးတွင် မဲဆောက်ရောက်လျှင် ကျောင်းသား အချို့တွင် တွေ့ရသော ယားနာတို့အား ကုသရန် `ပင်လယ်ရေ´ကို ရေသန့်ဗူးဖြင့် ခတ်ယူလာကြပါသည်။ မွန်းလွဲ (၁၂း၃၀) နာရီတွင် `နေရစ်တော့ ကော့စမွေကျွန်းရေ၊ တကယ်ဆို ADRA Thailand ကသာ လိုက်မပို့ရင် ဒို့တစ်သက် ဒီလို အပန်းဖြေနေရာမျိုးကို ရောက်ဖို့မလွယ်ဘူး။ ဟု တိုးတိုး ဖွဖွရွတ်ဆိုမိပါသည်။



အပြန်ခရီးတွင်တော့ ကော့စမွေကျွန်းဆီ လာကြတုန်းက လိုမျိုးမဟုတ်တော့ပါ။ ပင်လယ်လှိုင်း မမူးစေရန် လူအကုန်လုံးက သတိထားကာ ကြိုတင်ပြင်ဆင်ထားကြပါသည်။ ဤသို့ဖြင့် ဘန့်ဖေးမြို့နယ် ဆိပ်ကမ်းသို့ မွန်းလွဲ (၁း၃၀) ရောက်ရှိပြီး နူတ်ဆက် ပင်လယ်အစားအစာကို စားကြပါသည်။ (၂း၁၅) နာရီတွင် ဘန့်ဖေးမြို့နယ် ဈေးကြီးတွင် ပင်လယ်ထွက် အစားအစာများ၊ ပင်လယ်ထွက် လက်ဆောင်ပစ္စည်းများ ၀ယ်ကြပါသည်။ ထို့နောက် (၂း၄၅) နာရီတွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာကြပါသည်။ ဘန်ကောက်နှင့် ဘန့်ဖေးမြို့နယ်သည် (၇၉) ကီလိုမီတာ ကွာဝေးပါသည်။ ညနေစောင်းတွင် ဘန်ကောက်သို့ ပြန်လည်ရောက်ရှိကြရာ နွမ်းနွမ်းလျလျဖြစ်နေကြသော်လည်း ရောက်တုန်းရောက်ခိုက် ကိုယ့်အစီအစဉ်နှင့် ကိုယ်လည်ပတ်ကြပါသည်။ `မြ ဘုရားသွားချင်တယ်။ မြဘုရားသွားချင်တယ်။´ ဟူ၍ လမ်းခရီးတလျှောက် အဆိုပြုခဲ့သော မစ္စလှကတော့ မည်သူကမှ တုပ်တုပ်မလှုပ်ကြသဖြင့် သူမ စိတ်မှန်းကသာ မြဘုရားရောက်ရပါတော့သည်။
(၃-၂-၂၀၁၂) နေ့တွင် ဘန်ကောက်မြို့တနေရာတွင် ကျင်းပသော MRPWG (Migrant Rights Promotion Working Group) အစည်းအဝေးသို့ တက်ရောက်ကြပါသည်။ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းများဆိုင်ရာ ထိုင်းပညာရေး ၀န်ကြီးဌာန၏ မူဝါဒသစ် အကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်မှုဆိုင်ရာ သတင်းများနှင့် အခြားသတင်းအချက်အလက်များကို ဖလှယ်ကြသော ပွဲဖြစ်ပါသည်။ ဤအစည်းအဝေးကို နေ့တစ်ဝက်သာ တက်ရောက်ကြပြီး မွန်းလွဲ (၁၂း၃၀) နာရီ နေ့လယ်စာစားပြီးကြသောအခါ ဘန်ကောက် မှသည် မဲဆောက်ပြန်ကြရေး စီစဉ်ကြရပါသည်။ မဲဆောက်မှ လေ့လာရေး ခရီးသည်များသည် မိမိတို့ အိမ်ကို မည်မျှအထိ ပြန်ချင်နေကြသည်ကို အပြန်ခရီးက သိသာလွန်းပါသည်။ မြန်မြန်ပြန်ရောက်လေ ကောင်းလေဟု အများစုက ယူဆကြပါသည်။ ဟုတ်တာပေါ့…. ပဲဆောက်က ထွက်လာကြတာ (၈) ရက်တောင် ရှိပြီပဲကိုး။

(တလာမူဆေး ရွာကြီးကတောဝက်သား)

ဤသို့ဖြင့် ည (၇း၃၀) နာရီတွင် တာ့(ခ်)မြို့နယ်၊ တလာမူဆေး ရွာကြီးသို့ ရောက်ရှိကြရာ ဤနေရာမှ ရနိုင်သော တောဝက်သားကို ကားပေါ်မှ ဆင်းကာ ၀ယ်ယူကြပါသည်။ ထို့နောက် မဲဆောက်မြို့သို့ ည(၀၉း၀၀) နာရီတွင် လုံးဝ ရောက်ရှိလာကြပါသည်။
မိမိတို့ မဲဆောက်မှ လေ့လာရေးခရီးသည်များသည် (၂၇-၁-၂၀၁၂) နေ့မှ (၃-၂-၂၀၁၂) နေ့အထိ ၈ ရက်ကြာ ခရီးထွက်ခဲ့ကြရပါသည်။ လုပ်အားခ အလွန်နည်းပါးပြီး ဆင်းရဲနွမ်းပါးသော အလုပ်သမားများရှိနေကြရာ မဲဆောက်ကဲ့သို့သော မြို့သေးသေးလေးမှ မြို့တော်ကြီးများ၊ မြို့ကြီးများသို့ ဖြတ်သန်းလေ့လာခဲ့ရပါသည်။ မိမိတို့ လေ့လာရေး ခရီးသည်များသည် သဘာဝမတူသော လူမျိုးများ (၀ါ) နေထိုင်ကျင့်ကြံပုံကွဲပြားသော ရွှေ့ပြောင်းအလုပ်သမားများအား လေ့လာခွင့် ရခဲ့ပါသည်။
ဤသို့ လေ့လာရသည့်အတွက် ADRA Thailand အား ကျေးဇူး တင်ပါသည်။ အပျော်ခရီးဆိုတာထက် တွေ့မြင်ရမှုအစုစုကို ရွှေ့ပြောင်းအလုပ်သမားတို့ အကျိုးငှာ `ငါတို့ ဘာလုပ်ပေးကြရမလဲ။ ငါတို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ငါတို့ ဘယ်လို ပါဝင်နိုင်ကြမလဲ´ ဆိုသည့်မေးခွန်းများကို မဲဆောက်ခရီးသည်အားလုံး မိမိကိုယ်ကို မေးစေချင်ပါသည်။ တဆက်တည်းမှာပင် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို စသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းအလုပ်သမား သမဂ္ဂများ ညီနောင်အချင်းချင်း သွေးစည်းညီညွတ်ကြစေရန်၊ နက်ရှိုင်းသော နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်သွားကြစေရန် အထူးတလည် အာသီသ ဖြစ်မိပါသတည်း…..။


** Labor Rights is Human Rights.

** No human being is illegal.


**သောင်ရင်းနဂါး**




**The way From Mae sot to Bangkok, Rayong and Koh smet island(Conclusion)**

**Drive back home from Bangkok**

We have slept at that koh smet island.At there we have our dinner with expensive
Sea food and we can see their traditional dance, fire dance and magic show on the
Sandy beach.

Next day on 2nd Feb,2012,Thaung yin nagar, Banyar hut and Ko Thant riding
Sea wave repeat in the morning.Then we have planded to round the island
With taxi motor bike 200 bahts/ two hours. We drove round the island with
Thaung yin nagar and Ko Zaw one pair ,another pair is Ko Thant and Maung
Myo.
This way we intered in the Koh Smet island. We saw tourists whish they came
Out here and there. Some were many construction work sites new jetty construction
Sites and air port sites. We have seen even Thai labours, Cambodian and Burmese

Migrant workers there. Their daily wages norm is 206 bahts/ day.At the 12:30 PM we
have by to Koh Smet island with great sorry.This journey which we have difficult to
reach if without help by ADRA-Thailand.
Then we arrived the shore of Ban Phe at 1:30 PM and have a lunch with farewell sea food . We bought sea foods and presents at the market of Ban Phe . Then we return to Bangkok at 2:45 PM. The way between Bangkok and Ban Phe is
About 79 kilo meters. At that day in the evening we have arrived back Bangkok .
We visited by own plan in Bangkok. Mrs Hla whispered often.” Want to pray royal
Jade pagoda, royal Jade pagoda.”

We have attend the meeting of MRPWG (Migrant rights promoting working group) at thev one place of Bangkok. On that meeting there were useful agendas.
The new plan for migrant schools by ministry of education , new informations for
Passport and other informations. We have participated there about half day and
Planed to return Maesot. We all would like to return home urgently. Because of
the journey duration only eight days.

Thus we have been arrived Talar Musay village market, Tak area at 7:30 PM,which there we can get to buy the meat of wild creatures. Then we have
arrived back our Maesot 9:30 PM at night. Thus our excursion trip duration was
only eight days. The journey days were 27th Jan , 2012 to 3rd Feb ,2012.

We have chance to observation poor workers in small Maesot. Then we through the
big cities . We have seen majority of different nature peoples(or) different character of peoples.So, we have very thanks to ADRA-Thailand, and never forget their kindness.
We would like to accept the many questions from our migrants.

--Conclusion-----our great desire is to stay with solidarity between Burmese, Cambodian and Laos migrant workers each others.To contact with Thai labour
Union, with collaboration, solidarity and very….very delighted understanding………


**Labour Rights is Human Rights***
**No Human being is illegal**



**Dragon of Moei River(Thaung Yin Nagar)**

Read More...

Sunday, February 26, 2012

**မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ ကော့စမွေကျွန်းဆီသို့*


**ကော့စမွေကျွန်းပေါ်ဝယ် **

ဟောကြည့်…စူရတ်ဋ္ဌာနီခရိုင်ထဲကဘန့်ဖေးမြို့နယ်ထဲမှာပါဝင်သောနာမည်ကျော်အပန်းဖြေစခန်း(သို့)
ကော့စမွေကျွန်းကို မိမိတို့ရောက်ရှိလာကြပါပြီ။
ကော့စမွေကျွန်းကိုရောက်ရောက်ချင်းလှိုင်းမူးလာကြတာကိုအရင်ဆုံးဖြေဖျောက်ကြပြီးတည်းခိုကြမည့်အမျိုးသမီးများ၏
သီးသန့်အိမ် (A5) တွင် Advocacy တည်ဆောက်ကြရန် ပြင်ဆင်ကြပါသည်။ ADRA မှ ဗညားတဲ (Banyar Hut)က Facilator အဖြစ်တာဝန်ယူပြီး အရှည်ဆုံးတံတား၊ အခိုင်ခန့်ဆုံးတံတား၊ အလှပဆုံးတံတားတစ်စင်းကို (၄၅) မိနစ်အတွင်း စုပေါင်းတည်ဆောက်ကြရန် အချက်ပေးလိုက်ပါသည်။ ADRA – Thailand မှ မန်နေဂျာအမျိုးသမီးကြီး အပါအ၀င် ၆ ဦးအဖွဲ့က တစ်အုပ်စု၊ ADRA Thailand မှ ၀န်ထမ်း ကိုသန့်နှင့် ၅ ဦးအဖွဲ့က တစ်အုပ်စုစသည်ဖြင့် စတင်တည်ဆောက်ကြရပါသည်။

(စုပေါင်း Advocacy တည်ဆောက်)

စုပေါင်း Advocacy တည်ဆောက်ရန်အထောက်အကူပစ္စည်းများမှာ ရိုးရိုးစက္ကူကြမ်း၊ ဆိုလိုတိတ်၊ ရောင်စုံစက္ကူ စသည်ဖြင့် ဖြစ်ပါသည်။
မန်နေဂျာ အမျိုးသမီးကြီးနှင့် သောင်ရင်းနဂါးတို့ပါဝင်သော အုပ်စုမှာ အရှည်ဆုံးတံတားမဖြစ်ဖြစ်အောင်ရိုးရိုးစက္ကူကြမ်းကြီးကို ခပ်ရှည်ရှည် ဖြန့်ထုတ်ပါသည်။ ပြီးသော် အတောင့်ဆုံး၊ အခိုင်ဆုံးဖြစ်အောင် အောင်ခြေတံတားတိုင်များကို ကျစ်ကျစ်လစ်လစ် ဆောက်ပါသည်။
တဖက်မှ ကိုသန့် မစ္စလှတို့ပါဝင်သော အဖွဲ့သည် တံတားတိုတိုနှင့် လှလှ ဖြစ်အောင် တည်ဆောက်နေကြတာတွေ့ရပါသည်။ ကဲ… ၄၅ မိနစ် သတ်မှတ်ချိန်အပြီးမှာတော့ “The longest bridge” ဟုအမည်ဆိုင်းဘုတ်တင်ထားသော မန်နေဂျာ အမျိုးသမီးကြီးတို့ အဖွဲ့က အမှတ်အကျောဖြင့် အနိုင်ရခဲ့ပါသည်။
Facilator ဗညားတဲ (Banyar Hut) က အရှည်ဆုံး၊ တံတားဖြစ်ခြင်း၊ အလှဆုံးတံတားဖြစ်ခြင်း၊ အခိုင်မာအတောင့်တင်းဆုံးတံတားဆိုသည်ထက် ဤသို့ဖြစ်လာအောင်တည်ဆောက်ရသော Advocacy ကသာအဓိကဖြစ်ကြောင်း၊ ဦးဆောင်မှု၊ အပြန်အလှန်လေးစားမှု၊ အကန့်အသတ်ရှိမှု၊ ဆက်သွယ်ရေးလမ်းကြောင်း၊ စွမ်းဆောင်ရည်၊ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ရရှိခြင်းက သာလျှင် ပဓာနဖြစ်ကြောင်း ပြန်လည်သုံးသပ်ပြပါသည်။



(ကမ္ဘာလှည့်ခရီးသည်များကျွန်းပတ်လမ်းကြမ်းဆိုင်ကယ်စီးကြ)

ထို့နောက် ထိုနေ့ 1.2.2012 နေ့ ညနေပိုင်းတွင် ကော့စမွေကျွန်းအား လှည့်ပတ်ကြည့်ရှုရန် ဆိုင်ကယ်ငှားကြပါသည်။ သောင်ရင်းနဂါးနှင့် ကိုဇော်ကတစ်တွဲ၊ ကိုသန့်နှင့်မောင်မျိုးကတစ်တွဲ၊ ကော့စမွေကျွန်းပတ်လမ်းကြမ်းအတိုင်းပတ်ကြပါသည်။ ကျွန်းပတ်လမ်းကြမ်းတွင် ကမ္ဘာလှည့်ခရီးသည်များလည်း ဆိုင်ကယ်စီးကြရာ တဘိုင်းဘိုင်းလဲကြတာကိုတွေ့ရပါသည်။ ဤနေရာတွင်လမ်းကြမ်းဆိုသည့်အတိုင်းအနိမ့်အမြင့်၊ အကွေ့အကောက်သာမက ရွှံ့ဗွက်များ၊ ကျောက်မြေကြမ်းများနှင့် တော်တော်ကိုစီးရခက်သောလမ်းဖြစ်ပါသည်။

(တွန်းထားဟေ့...တွန်းထား၊ ဆိုင်ကယ်မတက်တော့ လူဆင်းတွန်းပေါ့)

(ဤနေရာနှင့် မြန်မာပြည် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များအတွက်ဆွဲဆောင်မှုနှိုင်းယှဉ်လျှင် မြန်မာ
အတွေးအတိုင်းတွေး၍ ကတ္တရာလမ်းခင်းမည်မှာ သေချာပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံကမူ ဤကျွန်းပတ်လမ်းကို သည်အတိုင်းလမ်းကြမ်းအဖြစ်သာထားသည်ကို သတိပြုဖွယ်ဖြစ်ပါသည်။) ကျွန်းပတ်လမ်းအတိုင်းသွားရာ လမ်းတစ်လျှောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် အချို့၌ကမ္ဘောဒီးယားနှင့်မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ကိုလည်း တစေ့တစောင်း ငဲ့စောင်းအကဲခပ်ကြရပါသည်။ လမ်းကြမ်းတွင် ဆိုင်ကယ်စီးပြီးအပြန်တွင် မဲဆောက်လေ့လာရေး ခရီးသည်အဖွဲ့မှ မဒီများက ပင်လယ်လှိုင်းစီးနေကြသဖြင့် ကျွန်းပတ်လေ့လာရေးခရီးသည်လေးဦးကလည်း ပင်လယ်လှိုင်းစီးကြ၊ သူမတို့နှင့် လေမှာပျံဝဲ ပျော်ရွှင်ပွဲ အသွင်ဖြင့်အမှတ်တရဓာတ်ပုံရိုက်ကြစသည်ဖြင့် အပြုံးပေါ်အပျော်ဆင့်ကြပါသည်။ မိမိတို့ လေ့လာရေးခရီးသည်အများစု ပင်လယ်လှိုင်းစီးနေကြစဉ် လက်တစ်ဖက်တွင်တူနှစ်ချောင်းကို ပြောင်းပြန်ကိုင်ထားသော မစ္စလှသည်လည်း ကျောက်ဆောင်ပေါ်တွင်ထိုင်ကာ ကင်မရာတစ်လက်ဖြင့်အလုပ်ရှုပ်နေပါတော့သည်။



(ဆက်လက်ဖော်ပြပါမည်)

**သောင်ရင်းနဂါး-( မြန်မာပြည်သား)**










**The way From Mae sot to, Bangkok, Rayong and Koh smet island**

**Koh smet island**

Look…!
We have arrived at famous restful resort (or) Kohsmet island.
As soon as we reached at kohsmet island, we got away our one of problem waving headache. Then we prepared for advocacy at the A 5, which reserved for women. Mr. Banyar Hut, who was as facilator in this program.

**Our souvenir motivation**

(Advocacy Building)

Group motivation was, to build a bridge, which is the longest, the most beautiful and the strongest. There were two groups, one was the manager of ADRA -Thailand lady and partaners, another was Ko Thant and 5 partaners. Supporting materials were construction spare parts, which are rough sheets, solo tape, and color papers.
Mr. Thaung Yin Nagar and manager lady built a longest, strongest bridge used with materials and also Ko Thant and Mrs. Hla group built another bridge, which is short and beauty.
That motivation the lady manger’s group won the first.
Mr. Banyar Hut evaluated that thus we made this motivation; we can get many experiences such as leadership, due to respect, limitation communication and collaboration……etc.
We visited around the island with taxi motor bike, on that 1.2.2012 in the evening. That road, are not smooth really as a rough, we have seen the visitors falling from motor bike and lieing on the ground. The roads around the Koh smet island were middy, swampy and very rough surface. They never maintenance left original.
Our excursion team observed on 1.2.2011 a part of our trip and on the 2nd feb 2012 we observed inter the koh smet island. One pair passenger Thaung yin Nagar and Ko Zaw, another pair was Ko Thant a Maung Myo,
While we rode the motor bike around the island, we wet some of construction sites, and we have inquiry a little. We met Burmese workers and Cambodia workers at there. Drove back we met the lovely ladies riding wave in the sea.
They took photographs on the rocks, and other view points. Mrs Hla was holding reverse small sticks and sitting the shore.
However, these are souvenir for us.

(To be continue)

Thaung Yin Nagar

Read More...

Wednesday, February 22, 2012

မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ကော့စမွေ ကျွန်း ဆီသို့

(အမြန်ရေယာဉ်ပေါ်မှာတွေ့ရသည့် မဲဆောက်မှလေ့လာရေးခရီးသည်များ)


**ဘန့်ဖေး နှင့်ကော့စမွေ ကျွန်း ဆီိ ချီတက်ကြပါပြီ **
ရယောင်းဒေသမှ ၁၉ ကီလိုမီတာ အကွာအဝေးခန့်တွင် ကော့စမွေကျွန်း တည်ရှိပါသည်။ မဲဆောက်မှ လာကြသော လေ့လာရေးခရီးသည်များသည် ရယောင်းဒေသသို့ စရောက်သည်မှစ၍ အပြောကျယ်သော ရွှေပင်လယ်၊ ငွေပင်လယ်ကြီးအား စတင်ပြီး နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြရပါပြီ။
`ထိုင်း ပင်လယ်ကွေ့´ဟု ပထ၀ီထဲတွင် ဖတ်ရှုဖူးသော ပင်လယ်၏ အငွေ့အသက်ကို (၃၀-၁-၂၀၁၂)နေ့မှ (၂-၂-၂၀၁၂)နေ့အထိ လေ့လာရေးခရီးသည်များ ခံစားကြရပါသည်။
`ရွှေပင်လယ်ပြာ ကြီး ××× ကာဆီးထားစမ်းပါ ××× ငါးကလေးလို ××× ကူးလာခဲ့မယ် ×××´ ဟူသော ရေဒီယို သီချင်းတစ်ပုဒ်ကိုလည်း ကြားယောင်ခံစား မိပါသေးသည်။
`ပင်လယ်ပြင် ××× တကယ်ကျယ်ဝန်းတာ ××× ဒို့အချစ်နဲ့ ××× နှိုင်းယှဉ် ××× ပါတော့ကွာ ××× ပင်လယ်ပြင် ××× တကယ်နက်ရှိုင်းတာ ××× ဒို့အချစ်နဲ့ ××× တိုင်းတာရင်လည်းတာ ××× ပင်လယ်ပြင် ခန်းခြောက် ××× မသွားသလို ××× ဒို့အချစ်နဲ့ ဥပမာ ××× ဆို တော့ကွာ ××× ပင်လယ်ပြင် ××× ပိုင်းဖြတ်မရသလို ××× ဒို့အချစ်နဲ့ သက်သေတင်ထားပါ´ ဟူသည့် စတူဒီယို အဆိုတော် အနိုင်၏ သီချင်းကိုလည်း တွေးတောရင်း၊ ငေးမောရင်း ပင့်သက်အခါခါ ရှိုက်မိပါသည်။


(`ကော့စမွေ´ ကျွန်း သွား-ကမ္ဘာလှည့် ခရီးသည်များ)


ဘန့်ဖေးမြို့နယ်သည် စူရတ်ဌာနီခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်ပြီး ဘန့်ဖေးမြို့နယ်မှ ပင်လယ်ပြင်အတိုင်း ၅ကီလိုမီတာခန့် ခရီးနှင်လျှင် အခုတလော နာမည်ကြီး နေသော `ကော့စမွေ´ ကျွန်းသို့ ရောက်ရှိပါသည်။ ဘန့်ဖေးမြို့နယ်ရော၊ ကော့စမွေ ကျွန်းကြီးကပါ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် အဓိက အသက်မွေး ကြတာတွေ့ရပါသည်။ ပင်လယ်ပြင်တွင် အမြန်ရေယာဉ်ငယ် (Speed boat) စီးသောအခါ လေ့လာရေးခရီးသည်များ လှိုင်းမူးကြပါသည်။ မိမိတို့ ခရီးသည် များထဲမှာ အမြဲမူးနေချင်သော `ကိုဇော်´သည်ပင်လျှင် လှိုင်းမူးခြင်းသည် ကွမ်းမူးတာ၊ အရက်မူးတာ၊ ထန်းရည်မူးတာထက် ဆိုးမှန်းကို အမူးဋိကာ ချဲ့ကာ ဖွဲ့ဆိုပြပါသေးသည်။

ဤသို့ဖြင့် အမြန်ရေယာဉ်ငယ်၏ အမြန်နှုန်းနှင့် နာရီဝက်ခန့် ခရီးနှင်လိုက်ရာ ဘန့်ဖေးမြို့နယ်မှ ကော့စမွေကျွန်းသို့ ရောက်ရှိလာပါတော့၏။ ထိုနေ့ကား (၁-၂-၂၀၁၂) ဖြစ်ပါသည်။ အမြန်ရေယာဉ်ငယ်ပေါ်မှ မဆင်းမီ ကမ်းခြေဆီ လှမ်းမျှော်ကြည့်သော် ဘီကီနီနှင့် လုံမပျို၊ လုံမအိုများ၊ ဘောင်းဘီတိုနှင့် လုလင်ပျို၊ လုလင်အိုများ စသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို ဦးစွာမြင်ကြရပါသည်။ ခရီးသည် ကိုဇော်မှာတော့ `အခုမှ အမူးပြေတော့တယ်´ဟု မှတ်ချက်စကားပြောကြားသည့် အခိုက်တွင် လေ့လာရေးခရီးသည်များသည် ပြုံးဖြဲဖြဲ နှင့် ၀ါးလုံးကွဲ ရီမောကြရပါတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
**သောင်ရင်းနဂါး**



**The way from Mae Sot to Bangkok, Rayong and Koh met island.**

** Happy Journey to Ban Phe and Kohmet island. **

Kohmet island is about 19 kilometer for from Rayong Province. The visitors who come from Mae Sot really met the wide golden sea, silver sea when they reached Rayong.
We really met “Gulf of Thailand” which we have been learn in Geography subject since at high school Now we saw “Gulf of Thailand” with surprising on (30-1-2012) to (2-2-2012).
Once I heart the happy song from radio “How a bout the wide silver sea ××× Blocking to wards me ××× I come and swimming as fish indeed,.”
“How a bout really wide the sea indeed ××× Lets measure ××× the seas’ depth and our love ××× unable to diversity ××× proof with our love ×××.
That a song of the famous Burmese steerio singer A Naing.

The Ban Phe district is one of including Town in Suratthani province. If start from Ban Phe by the sea way may be arrive famous Koh met island .
Ban Phe district and Koh met island’s main professional is Tourism.
All of us felt waving headach, when we cross the sea with speed boat, which is very fast. Ko Zaw, who is one of our participant evaluated that waving headache is worse than betel. nut, alcohol and toddy.
Thus, we move on our Journey with speed boat and arrived at koh met island which situ action in Ban Phe district . Thats 1st February 2012.
We saw, before climbed down from speed boat, small and old ladies and men who were wearing with Bikini and short Pans.
Now, Ko Zaw suddenly shouted “Ha, Ha I am ok. My waving headache gone away!”
So, we all together very happy and laughing at all.

(To be continue)


**Thoung Yin Nagar**

Read More...

Thursday, February 16, 2012

မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ ကော့စမွေကျွန်းဆီသို့.


**သမိုင်းစာအုပ်ထဲက ကမ္ဘာဒီးယားနှင့် ကျနော်တို့ မျက်စိရှေ့က ကမ္ဘာဒီးယန်း**

ကမ္ဘာဒီးယန်းရွှေ့ပြောင်းအလုပ်သမားများသည် ၄င်းတို့၏ အမိနိုင်ငံမှ ထိုင်းနိုင်ငံသို့ ၀င်ရောက်ပါလျှင် (၂၀၀၀฿ မှ ၂၅၀၀฿) ခန့်သာ ကုန်ကျသည်။ ထို့အပြင် ကားပေါ်တွင် အေးအေးဆေးဆေးထိုင်လိုက်ရုံသာဖြစ်သည် စသည်ဖြင့် သိလိုက်ရချိန်၌ “သြော် ... ငါတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့တော့ အကွာကြီး ကွာပေစွ။ ငါတို့မှာတော့ အိမ်ပေါင်၊ ခြံပေါင်လုပ်သူလုပ်ရနဲ့ ပါလားနော်။ ဒါတောင်ငါတို့မြန်မာအလုပ်သမားတွေဟာ မဲဆောက်လောက်ရောက်ဖို့တောင် တော်တော်ကြီး ချွေတာမှ၁၅၀၀ ဘတ်လောက်နဲ့ ရောက်ကြမှာ။ ရခိုင်ပြည်နယ်တို့၊ စစ်ကိုင်းတိုင်းတို့ ချင်းပြည်နယ်တို့၊ မန္တလေးတိုင်းတို့ဘက်က ဆိုရင် အနည်းလေး ဘတ်(၃၀၀၀၀-၄၀၀၀၀) လောက်ရှိမှ မဲဆောက်ကိုရောက်မှာ၊ ဒါတောင်မဲဆောက်ရောက်ရင် ဒေသခံထိုင်းရဲတို့၊ ဘာတို့နဲ့တိုးရင် ရဲကိုပေးဖို့ပါပိုပြီးငွေဆောင်ထားကြရမှာဖြစ်ပါတယ်။ ဒီကြားထဲထိုင်းရဲရဲ့ နောက်မြီးဆွဲအသားထဲကလောက် လောက်ကောင်တွေကလည်း များမှများပဲ။ အင်း...သူတို့ကမ္ဘာဒီးယန်းတွေမှာတော့ကံကောင်းလိုက်တာ”
ခမာတို့၏နိုင်ငံ၊ မွန်ခမာလူသားမျိုးနွယ်စု၊ ပိုပေါ့နှင့် လူ ၂သန်း သတ်ခဲ့သော Killing Field ဆိုသော ထိုနိုင်ငံ
နအဖအစစ်အစိုးရကဲ့သို့ပင် ရက်စက်ပြင်းထန်သော ၀န်ကြီးချုပ် ဟွန်ဆန်တို့၏နိုင်ငံ၊ နိုင်ငံ၏ဥသျှောင်မင်းသားကြီး သီဟာနူ၊ လက်ရှိဘုရင် သီဟာမုနိ၊ သီဟာနူ၏သားတော်မင်းသားရာနာရစ်၊ သီဟာနူ၏ ညီတော်-ဆမ်ရိန်ဆီ၊ ခမာနီခေါင်းဆောင်ဟောင်း ခီယူဆန်ဖန်၊ တာမော့ တို့ရှိနေသော ထိုတိုင်းပြည်၊ မွန်လူမျိုးတို့နှင့် တော်တော်ကြီးတူညီနေသော ဗုဒ္ဓဘာသာ တိုင်းပြည်၊

“ဖနွမ်းပင်” မြို့တော်မှသည် “ရီယာယ်” ငွေကြေးစနစ်၏ ဒိုင်ယာရီမှတ်တမ်းများ… စသည်၊ စသည့်ကမ္ဘာဒီးယားနိုင်ငံ၏ အတိတ်နှင့် ပစ္စုပ္ပန်အကြားရှိ သမိုင်းပန်ချီကား၊ ပထ၀ီနိုင်ငံရေး ရုပ်ပုံလွှာ အချို့ကားကျွန်ုပ် ဖတ်မိ၊ သိရှိခဲ့သမျှ မျက်လုံးထဲမှာ ပြက်ပြက်ထင်ထင်စွဲထင်နေဆဲပါလေ။ ဟော… ယခုတော့ဖြင့် ကျွန်ုပ်တို့တိုင်းပြည်မှ မွန်ယောက်ျား၊ မွန်မိန်းကလေးများနှင့် တော်တော်ကြီးကိုဆင်တူလှသည့် ရယောင်းခရိုင်ရောက် ကမ္ဘာဒီးယန်းတို့နှင့် လေ့လာရေးခရီးတကွေ့၌ ခဏတာတွေ့လိုက်ရပေပြီ။ စကားပြောလျှင် တိုးတိုးအုပ်အုပ်နှင့်၊ ရယ်မောလျှင်လည်းတိုးတိုးအုပ်အုပ်နှင့် ပါပေ။ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ကြသဖြင့် ရယောင်းခရိုင်ရှိဒေသခံ ထိုင်းလူမျိုးများနှင့် လိုက်လျောညီတွေရှိသော ဆက်ဆံရေးကို ၄င်းတို့က ကောင်းစွာတည်ဆောက်ထားနိုင်ခဲ့ပါသည်။

(To be continue )


Thaung Yin Nagar .

..................................................

**The way from Mae Sot to Bangkok, Rayong and Casmet Island**

**Former in history of Cambodia and Present Cambodians**

While I heard is Cambodians inter to Thailand’s cost of entrance is 2500฿
to 3000฿. Then they transter to Thailand with peacefully car. So, “I surprised thats differents between from our Burmese migrants. We all our Burmese migrants have many troubles, if they would like to reach Maesot. Some are lead. They spent money about 2500฿. Very long far state and divesions such as Arakan, Sagaing division, Chin state and Mandalay division, They are use atleast 5000-6000฿, they can reach MaeSot.
When they having Mae Sot, Thai police annoy them, So they have well plan keep surplux money to supply for Thai police and Burmese naughty spy who serve under Thai police.
“oh, Good luck for Canbodians”
Cambodia, which is Khamar, Man Khamar generative, two million population were killed by the cruel Popop government.
The famous country of prime minister Hon San, famous great prince his Ha nook present king his Siha Mu Ni, prince Ranarit, former leader of Red Khamar Khi Yu San Fan, Tamolt and that so…so…so .
They some with Mon generation and pure Buddhist country. The capital of “PhanonPhin” and diary of “currency” so, and so, I have studied for Cambodia’s past and present of history views, Geography views were keep an never forget in my eyes and mind.
Cambodian males and females are as look like as our nation Mon boy and girls. I met Cambodian who are migrants in Rayone district and see moment. Good habit, telling whisper laughing whisper.
They skill speaking in Thai language, So that’s different nation but good sociably dealing.


(To be continue)

Thaung Yin Nagar.


Read More...

Saturday, February 11, 2012

မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ ကော့စမွေကျွန်းဆီသို့

((FAR ရုံးကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေ နှင့် တွေ့ဆုံဆွေးနွေး)


**ကမ္ဘာဒီးယန်း ရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း-တစေ့တစောင်း**

ထိုင်းနိုင်ငံအရှေ့ပိုင်း ဒေသတစ်ခုဖြစ်သော ရယောင်းခရိုင်သို့ (၃၀-၁-၂၀၁၂) နေ့တွင် မိမိတို့ လေ့လာရေးခရီးရောက်ရှိခဲ့သည်။ ပထမဦးစွာ Foundation for AIDS Rights (FAR) ရုံးသို့ဝင်ရောက်လေ့လာခဲ့ရသည်။ FAR ရုံးသည် ရွှေ့ပြောင်းအလုပ်သမားများအတွင်း AIDS အခွင့်အရေးရရှိစေရေးအတွက် ဆောက်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သော်လည်း ထိုဒေသရှိ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများ အလုပ်သမားပြဿနာပေါ်ပေါက်လျှင်လည်း အလုပ်ရှင်နှင့် တိုက်ရိုက်ဆွေးနွေးကာ အဖြေရှာပေးနေကြောင်းလည်း သိလိုက်ရသည်။ ရယောင်းခရိုင်တွင် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများက ၇၀% ရှိပြီး ကျန်သော ၃၀% မှာ လာအို၊ မြန်မာနှင့် ဗီယက်နမ်ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ FAR ရုံး တာဝန်ခံ မစ္စတာ ဆမ်သည် ထိုင်းနိုင်ငံသား ဖြစ်ပြီး ကျန်သော စေတနာ့ဝန်ထမ်းများမှာ ကမ္ဘာဒီးယားရွှေ့ပြောင်းအလုပ်သမားများဖြစ်နေကြလျက် မအိအမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦးကတော့ တစ်ယောက်တည်းပဲ၊ ဒါပေမယ့် ပစ်တိုင်းထောင်ဆိုသည့် မိန်းမသားမျိုးပါပင်။ မအိသည် မိမိတို့အားတွေ့ရသည့် ခဏအတွင်းမှာပင် ခင်မင်ရင်းနှီးပြီးဘာကိုသဘောကျသည်မသိ။ ရီပြီးရင်းရီနေတော့သည်ပင်။

(ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ရေလုပ်ငန်းခွင်)

ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေလည်းဖြစ်၊ FAR အဖွဲ့၏ စေတနာ့ ၀န်ထမ်းတွေလည်းဖြစ်ကြသော သူတို့၊ သူမတို့ကို မိမိတို့လေ့လာရေးအဖွဲ့က “ဒီရယောင်းဒေသမှာအလုပ်သမားပြဿနာဘယ်လောာက်များများရှိသလဲ။ ဘာပြဿနာတွေအဖြစ်များပါသလဲ၊ ဘယ်လိုဖြေရှင်းကြပါသလဲ“ စသည်ဖြင့်မေးမြန်းကြပါသည်။ FAR အဖွဲ့က အလုပ်ရှင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးကာ အဖြေရှာပေး၊ အကူအညီပေးသည်။ ပြဿနာကလည်း သိပ်ပြီး များများစားစားမရှိပါ။ မိမိတို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အေးအေးဆေးဆေး၊ ဆိတ်ဆိတ်ငြိမ်ငြိမ်ပင် လုပ်ကိုင်ကြပါသည်။ အရက်မူးပြီး ဘေးပတ်ဝန်းကျင်ကို မူးယစ်ရမ်းကားတာမျိုးလည်း မရှိပါ။ မိသားစု အတွင်း၊ အိမ်အတွင်းတွင်အိမ်တွင်း အကြမ်းဖက်မှုမျိုးလည်းများများစားစားမရှိပါ စသည်ဖြင့် ဖြေကြပါသည်။ ဤအဖြေမှန်လျှင် မိမိတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် အကွာကြီး ကွာပေစွ။ ရှေ့ရှေ့က နိမိတ်ပြ မေးခွန်းများသည် မိမိတို့မြန်မာရွှေ့ပြောင်းအလုပ်သမားလူမှုအသိုင်းအ၀ိုင်းအတွင်း ဖြစ်ရိုးဖြစ်စဉ် နှင့် ဖြစ်လေ့ဖြစ်ထရှိသော စရိုက်သဘာဝ များပင် မဟုတ်ပါလား။

(ဆက်လက်ဖော်ပြပါမည်)
**သောင်ရင်းနဂါး**


**Point of view for Cambodian migrants**

(The observational passengers From Maesot in Rayong)

Our excursion team had arrived at Rayong district on 30th January 2012. At first we observed at foundation for AIDS rights (FAR) office. The FAT office is not only the organization which served to get AIDS rights for labors, but also renovated to peaceful within Cambodia, Myanmar and Vietnam When they have any problems.


There are 70% Cambodia of labor in Rayong district and other left 30% are Laos, Myanmar and Vietnam migrant workers.
Mr.Samm who is the head office of FAR is Thai nationality and other volunteers are Cambodia migrants, among them only one of Myanmar female is Ma Ei. She is very Rick girl also more useful than the male.
Our team met Ma Ei, at that office and we have friendly in the moment not for a long time. She is always laughing we do not Know what she likes.
We asked to them about of labors problems in their region and what’s are majorities problems at there. Also FAR team helped us to discuss directly with Employers. Not more problems there they are working peacefully in their each work sites. They gave us solution that their area have not heavy drinking men and not more violence in domestic or in families.


If their solution may surely, that’s very different between in our Myanmar migrant workers.
I thought and considering that the former of our questions are natural characters and habits in our social organize of Myanmar migrants.


(To be continue)


Dragon of Moei river(Thaungyin Nagar).

Read More...

Tuesday, February 7, 2012

မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ ကော့စမွေကျွန်းဆီသို့

(အရှေ့ပိုင်းဒေသ ထိုင်းအလုပ်သမားသမဂ္ဂက Advocacy သင်တန်းပေးခဲ့)

**ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းအလုပ်သမားသမဂ္ဂများ သွေးစည်းညီညွှတ်ရေးမှသည်**

ADRA – Thailand ၏ ပံ့ပိုးကူညီဖြင့် မိမိတို့ မဲဆောက်ဒေသအခြေစိုက် (CBO) အဖွဲ့အစည်း ၄ ခုတို့သည် (၂၇ ဇန်န၀ါရီလ ၂၀၁၂) နေ့စွဲမှ (၃ ဖေဖော်ဝါရီလ ၂၀၁၂) နေ့စွဲ အထိ မဲဆောက်မှ ဘန်ကောက်၊ ထိုမှ ရယောင်း၊ ထိုမှ ကော့စမွေကျွန်းအထိတိုင်အောင် လေ့လာရေး ခရီးသွားခဲ့ကြရသည်။ ဘန်ကောက်မြိုတွင် အာဆီယံဒေသဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်၏ အစည်းအဝေးနှင့် MWG (Migrant Working Group) အစည်းအဝေးများကို တက်ရောက်ခဲ့ရသည်။
(အာဆီယံဒေသဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်၏ အစည်းအဝေးမှာမဲဆောက်ဒေသအကြောင်းတင်ပြ)

မိမိတို့မဲဆောက်ဒေသတွင် ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့်ရှိကြောင်း၊ စက်ရုံအလုပ်ရုံအလုပ်သမားများမှာ လူဦးရေ၏ ၄ ပုံ ၁ ပုံသာ ဖြစ်ပြီး ကျန်သော ၄ပုံ ၃ ပုံမှာမှု ပြင်ပလုပ်ငန်းခွင်များရှိ အလုပ်သမားများဖြစ်ကြောင်း၊ ပြင်ပလုပ်ငန်းခွင်များဆိုရာ၌ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှုနှင့် ကျပန်းအလုပ်သမာများမှာ မဲဆောက်ဒေသတွင် လူများစုဖြစ်ကြောင်း၊ အမျိုးသမီးအလုပ်သမားဦးရေမှာ ၆၀% ဖြစ်ပြီး ၄၀% မှာ အမျိုးသားအလုပ်သမားများဖြစ်ကြောင်း မိမိတို့မဲဆောက်ဒေသတွင် လုပ်အားခ အလွန်နည်းပါးပြီး အလုပ်သမားတစ်ဦးသည် ပျှမ်းမျှအားဖြင့် နေ့စဉ်လုပ်အားခ (၅၀ ဘတ်မှ ၁၀၀ဘတ်) ကြားသာရရှိကြကြောင်း၊ အချိန်ပိုကြေးများကိုလည်း မာမားခေါက်ဆွဲခြောက်ဖြင့် ပေးလိုပေး၊ ၅ ဘတ် ၁၀ ပေးလိုပေးစသဖြင့် ရှိနေကြောင်း၊ ထိုင်းဥပဒေတွင် ပြဋ္ဌာန်းထားသော အမှန်တကယ်လုပ်အားခမှာ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်အတွင်းရှိ ၉ မြို့နယ်မှာ နေ့စားခ ၁၆၂ ဘတ်အချိန်ပို ၁ နာရီ ၂၇.၅၀ ဘတ်ဖြစ်ကြောင်း၊ သို့သော် ဤနှုန်းအတိုင်း မည်သည့်အလုပ်သမားမှ မရရှိကြကြောင်း၊ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်ဒေသသည် မြန်မာပြည်မှထိုင်းနိုင်ငံသို့ တရားမ၀င်လမ်းအသီးသီးမှ ၀င်ပေါက်ကြီးကဲ့သို့ ဖြစ်နေသဖြင့် လူကုန်ကူးမှုများ အလွန်များပြားကြောင်းအလုပ်သမားလက်မှတ် လက်ဝယ်ရှိကြသည့်အလုပ်သမားအရေအတွက်မှာ (၅ သောင်း) ခန့်သာရှိကြပြီး တာ့(ခ်)ခရိုင်တစ်ခုလုံးတွင် ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းခန့် ရောက်ရှိနေသဖြင့် အလွန်နည်းပါးနေသေးကြောင်း၊ အလုပ်သမားလက်မှတ် ရရှိရေးသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်သွေးကြာပမာဖြစ်သော်လည်း အလုပ်ရှင်များကမှု ၄င်းတို့၏ အလုပ်သမားများ၌ လက်မှတ် မရှိပါမှ ပိုမိုအမြတ်ထုတ်နိုင်မည့်အပြင် ဘန်ကောက်နှင့် အခြားလုပ်အားခစံနှုန်းများပြားသော ဒေသများသို့ ဤ အလုပ်သမားများ မပြောင်းရွှေ့စေရေးအတွက်လည်း လက်မှတ် မရှိခြင်းကို အလုပ်ရှင်များက ပိုမိုလိုလား ဟန်ရှိကြကြောင်း၊ ထိုင်းနိုင်ငံ၏ အလုပ်သမားကာကွယ်ရေးဥပဒေ (BE-2541/1998)၊ လျော်ကြေးဥပဒေ(BE - 2537/1994) နှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ (BE-2522/1979) တို့သည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အကာအကွယ်ပေးရန်ထက် ဖိနှိပ်ရေး ဥပဒေများပုံစံဖြစ်တည်နေကြောင်း၊ အကြောင်းမှာမှုခင်းရဲ ၊ လူဝင်မှုကြီးကြပ်ရေးရဲတို့၏ ဘတ်(၁၀၀၊ ၂၀၀) တောင်းခြင်းမှစ၍ လက်မှတ်ရှိ၊ မရှိ စစ်ခြင်းကို အကြောင်းပြုပြီး၊ မဲဆောက်ဒေသတခုလုံးရှိ ရွှေ့ပြောင်းအလုပ်သမားများနေ့စဉ်ခံစားနေကြရကြောင်း ယခုအခါ ယာယီနိုင်ငံကူးလက်မှတ်ရှိပါမှ ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဟု ကြေညာထားသဖြင့် မူလကမှ အလုပ်သမားလက်မှတ်ပင် မရှိကြသောရွှေ့ပြောင်းလုပ်သမားများမှာ အခတ်အခဲကြီးစွာ တွေ့ကြုံကြရကြောင်း၊ မဲဆောက်မြို့တွင် ယာယီနိုင်ငံကူးလက်မှတ်ကို ကုမ္ပဏီများမှ လာရောက်လုပ်ကိုင်ပေးနေကြရာ မူလတန်ဖိုးထက် အဆမတန်ကုန်ကျစရိတ်ကြီးမားကြောင်း၊ မူလကြေညာထားသည်မှာ မြန်မာပြည်ဘက်သို့ကျပ် (3000Ks) ထိုင်းနိုင်ငံဘက်သို့ (500฿)သာဖြစ်ပြီး ယခုအမှန်တကယ်ပေးရသည်မှာ မြ၀တီမှာလုပ်လျှင် (5000฿) တာချီလိပ်မှာလုပ်လျှင် (8000฿ မှ 10000฿)၊ ကော့သောင်းမှာလုပ်လျှင် (7000฿) စသဖြင့် ကုန်ကျစရိတ်များပြားနေကြောင်း ထိုသို့ WP အပြင် TPP ကိုပါ လုပ်နေကြရသော်လည်း ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးများကို ခံစားကြရမည်ဟု လုံးဝအာမခံမှုမရှိကြောင်း ကလေးများကိုကြည့်လျှင်လည်း မိမိတို့ တာ့(ခ်)ခရိုင်တွင် ကလေးအလုပ်သမားအလွန်များပြားနေကြောင်း၊ အသက် ၁၅ နှစ်အောက်ကလေးအလုပ်သမားတို့မှာ ကျောင်းနေချိန်တွင် ကျောင်းမနေနိုင်ပဲ စားဝတ်နေရေးအခြေအနေအရလုပ်ငန်းခွင်ဝင်နေကြရကြောင်း၊ အမျိုးသမီးများကို ကြည့်လျှင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများဆိုလျှင် အလုပ်ရှင်က အလုပ်မှထုတ်ပယ်ပစ်သည်အထိ ရှိနေကြောင်း၊ လုပ်ငန်းခွင်အတွင်းနှင့် အပြင်တွင် အမျိုးသမီးအလုပ်သမားများကို ကိုယ်ကာယပိုင်းအကြမ်းဖက်စော်ကားမှုများရှိနေကြောင်း စသည်ဖြင့် မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင် ၉ မြို့နယ်မှ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘ၀ အခြေအနေအကြမ်းဖျင်းကိုတင်ပြကြပါသည်။


(FAR officeမှာ)

ထို့အပြင် ထိုင်းနိုင်ငံ အရှေ့ပိုင်းအလုပ်သမား သမဂ္ဂတည်ရှိရာ (ရယောင်း) ခရိုင်သို့ လည်း မိမိတို့လေ့လာရေးအဖွဲ့ရောက်ရှိကြပြီး FAR(Foundation of AIDS Rights) office၊ FAR နှစ်သိမ့်ဆွေးနွေးရေးဋ္ဌာနတို့သို့ပါ လေ့လာခဲ့ရပါသည်။ ကမ်ပူးချားရွှေ့ပြောင်းအလုပ်သမားတို့၏ ငါးဖမ်းလှေများကိုလည်း လေ့လာခဲ့ရပါသည်။ ရယောင်းမြို့ ပင်လယ်ကမ်းခြေရှိ Willinton Hotel တွင် အရှေ့ပိုင်းဒေသ ထိုင်းအလုပ်သမားသမဂ္ဂက Advocacy သင်တန်းပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ၄င်းတို့သမဂ္ဂက လိုက်ပို့ခဲ့သော ကမ်ပူးချား ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဧည့်သည်မဲဆောက်အဖွဲ့က မည်သို့မည်ပုံ ရှုမြင်ကြသလဲ။ ထို့အပြင် ၄င်းတို့ထိုင်းအလုပ်သမား သမဂ္ဂများက ရွှေ့ပြောင်းအလုပ်သမားများနှင့် မည်သို့မည်ပုံဆက်စပ်ပြီး Advocacy လုပ်ရမလဲ မေးခွန်းထုတ်ခဲ့ပါသည်။ မိမိတို့က ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအလုပ်သမားသမဂ္ဂများက ထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှုကို ကွင်းဆင်းသင်ကြားပေးခြင်း၊ ထိုင်းရပ်ရွာလူထုက ရပ်ရွာအတွင်း သားရေး၊ နာရေး၊ လူမှုရေး ကိစ္စများရှိပါလျှင် ရပ်ရွာအတွင်းရှိရွှေ့ပြောင်းအလုပ်သမားများသို့လည်း ဆက်သွယ်အကြောင်းကြားကာ အတူတကွပူးပေါင်းဆောင်ရွက်ချင်အောင် စေ့ဆော်တိုက်တွန်းခြင်း၊ ထိုင်းအလုပ်သမားသမဂ္ဂရုံးများကို မဲဆောက်ဒေသတွင်လည်း လာရောက်အခြေစိုက်ကာ မဲဆောက် CBOs များ၏ အကူအညီဖြင့်အတူတကွစည်းရုံးလှုံ့ဆော်ကြခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အကြံဉာဏ်များပေးခဲ့ပါသည်။
(ကမ်ပူးချား ရွှေ့ပြောင်းအလုပ်သမားများ)

အရှေ့ပိုင်းဒေသ အလုပ်သမားသမဂ္ဂသည် အထူးတလည် လှိုက်လဲပျူဋ္ဌာပြီး ၄င်းတို့၏ စည်းရုံးရေးနယ်မြေအတွင်းရှိ ဒေသအာဏာပိုင်များနှင့် အလုပ်ရှင်များကို ထိစပ်ပြောဆိုနိုင်ကြောင်းကို ၄င်းတို့ လိုက်ပို့ခဲ့သော ပင်လယ်ရေထွက်ပစ္စည်းလုပ်ငန်းများတွင် သက်သေပြခဲ့ပါသည်။ ဤသည်ပင်လျှင် Labour Solidarity ဟာဆိုရမည်လား။
ကြည်နူးလိုက်ပါဘိ။


(ဆက်လက်ဖော်ပြပါမည်)

**သောင်ရင်းနဂါး**


......Within Solidarity Migrant labors and Thai Labor’s union…to......

We have done our excursion trip from 27th January 2012 3rd Febuary 2012 sponsor by ADRA (Thailand). Our journey started from Mae Sot, to Bangkok, than Rayong and the island of Koh Samet. There were 4 CBOs participated in the excursion team. We have attendend the convocation of Migrant working Group (MWG) Which help in Bangkok.
At the meeting, we informed that about of migrant workers of Mae sot, TAK province. There are (200000) population of migrant workers in the Mae Sot AREA, 25% of migrants are factories workers and other left 75% are other work sites, Such as construction, Agriculture, cattle farming, Domestics and Jobbers. Majorities of Jobbers in here (Mae Sot) Participate 60% is women and other 40% is males.
In our Mae Sot area, the daily labours charges is very very a little such as everage (50 bahts to 100 baths not more than 100 baths. Overtime charges must be get full charges for labors.
Over time charges (OT fees) they get not only justice fees but also they get mar mar dry noddles, and5 baths, 10 baths one hour. So, in this Mae Sot area, the employers has narrow minded and naughty character.
The cost of labour charges in Mae Sot is 162 baths/hr Which describe in Thailand Labour law really. Then (OT fees) is 27.50 baths/hr for labours within (9) townships in Tak province. But our migrants cann’t get norm and nobody cann’t it.
Mae Sot area is the main entrance for Burmese migrants, which they can enter easily. Many Human trafficking cases happen here.
Then there are about (50000) labours which have wp (work permit) in this area and other about (400000) are less wp workers. So there is a little population also everybody of migrant workers would like to get wp, (work permit) but majorities of employers do not agree with transfer to other better regions. The Labours protection law (BE.2541/1998) and Compensation law (BE. 2537/1994) Immigration law (BE.2522/1979) of Thailand Government are unable to protect for labors and that’s are form of pressure law for them. The migrants form Mae sot region have annoyance by the Thai Surveillance police and Immigration police daily. The character loose police claim by force to our migrant labours bath 100-200 each another.
Now Thai Government has declared for migrants they will accept labors. Who has complete passport. That is very very difficulties for our migrants, because everybody would like to make legally passport but nobody would like to make legally passport but nobody cann’t do because many expensive cost.
Former notification was one of passport cost is (3000 Kyats) in Bumese currency plus 500 Baths Thai Currency. But now really cost for one passport + (5000฿) in Myawaddy township, (8000 to 10000 baths)in Tachileick township and (7000฿) in Kawhthoung township. Although migrants do Workpermit (WP) and TPP (Temporary passport) they have no to get thai labour Rights.
For the Chlid Labors. we Know the most child labors are in Tak province. The Children under 15 years are unable to learn their education, for their life. They do as a labour on condition that their settlement, we can observe for the women point of view they are defeated by the cruel employers.
Some of Pregnancy women were dismissed by the employers. That’s are very very wild behaviour. Then we Know our Burmese women migrant workers felt violate by the Thai employer, and some are rape cases. This is generally condition for migration of (9) districts in Tak province.


(A quarter of Cambordian fishery workers from Rayong)

Then our excursion team have trip to (Ra young) province which situation in eastern Thailand. Observe in FAR (Foundation of AIDS Rights)office, and FAR department of Relief centre. lot of Cambordian fishery workers (or) fishermen of cambordian doing in their worksite at Rayong beach.

(Cambordian fishery workers from Rayong)

The Thai labours union of eastern region help advocacy training at the wellinton hotel.
We ask many questions there, such as their evaluation on Cambordian migrants, How to make contact Advocacy with labour union and migrants,
There We met Thai labour union take field trip and Teach Cambordian migrants Thai language and culture. Public of Thai nations if they hane religious affairs and social welfare, they invite and relay to migration with collaboration. Then we invited to Thai labour unions to settle in Mae sot area, and we would like to make friendship and collaboration with our CBOs. That a nice suggestion by us to Thai labour union.

(one cambodian migrant and her bicycle)

We evaluated our excursion trip the eastern Thai labour union is very warm. Hearted and warmness organization especially they can orgnezed with regional authoritatives.
They can make collaboration with employers and regional authoritatives. That is our Souvenir experience of labour excursion Journey in Thai Land.
So, these experiences are “Labour Solidarity” or what I call and How to call!
How to Take Pleasure in!


(To be continue)


Dragon of Moei river(Thaung yin Nagar).

Read More...

Saturday, February 4, 2012

မဲဆောက်မှသည် ဘန်ကောက်၊ ရယောင်း၊ ကော့စမွေကျွန်းဆီသို့

(ရယောင်းခရိုင် ကော့စမွေကျွန်းတွင် ဒီလိုလွတ်လပ်ပေါ့ပါးစွာလေထဲပျံဝဲနေကြသူတွေ)


မိမိတို့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေစိုက်သော လူထုအခြေပြုအဖွဲ့အစည်း (CBO) ဖြစ်ကြသည့် အားလျော်စွာ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်အတွင်းရှိ မြို့နယ် (၉) ခုမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အနည်းနှင့် အများထိစပ်ပတ်သက်နေကြရပေသည်။
ဟော…အခုလည်း ကြည့်ပါ။ မိမိတို့ မဲဆောက်ဒေသအခြေစိုက် (CBO) အဖွဲ့အစည်း ၄ ခုကို
အထောက်အပံ့ပေးလျက်ရှိသော ADRA-ThaiLand အဖွဲ့အစည်းက `မဲဆောက်မှသည် ဘန်ကောက်၊ထိုမှရယောင်း၊ထိုမှအခုတလောနာမည်ကြီးလာနေသော ကော့စမွေကျွန်းအထိ´ လေ့လာရေးခရီး
စဉ်သွားကြမည်။ အာဆီယံဒေသဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများကွန်ရက်အစည်းအဝေး၊ ဘန်ကောက်မြို့အခြေစိုက်ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းဆိုင်ရာကွန်ရက်အစည်းအဝေးနှင့်ထိုင်းအလုပ်သမားသမဂ္ဂများနှင့် တွေ့ဆုံဆွေးနွေးကြမည်။ သွားကြမည့် (CBO) အဖွဲ့အစည်း တစ်ဖွဲ့စီမှ ကိုယ်စားလှယ် ၂ ဦးစီစာရင်းပေးကြပါ “ဟု အကြောင်းကြားလာပါသည်။

(အာဆီယံဒေသရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းဆိုင်ရာကွန်ရက်အစည်းအဝေးမှာ)

သို့နှင့်ခရီးစတင်ထွက်ခွာကြမည် (၂၇-၁-၂၀၁၂) နေ့တွင် မဲဆောက်မြို့ အရှေ့ပိုင်း ADRA ရုံးအနီးစုရပ်တွင် မည်သူမည်ဝါတွေပါကြသနည်းဆိုသည်ကို ရှင်းရှင်းကြီးသိလိုက်ရပါသည်။ ကဲ…ဘယ်သူတွေပါနေကြသလဲ။ မဲဆောက်ဒေသအခြေစိုက် CBO အဖွဲ့အစည်း ၄ ခု ဖြစ်သော မြန်မာပြည်သားမျာအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ၂ ဦး၊ အမျိုးသမီးများလူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ (SAW) မှ ၂ ဦး၊ ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှု ကော်မတီ (CPPCR) မှ ၂ ဦး၊ မြန်မာပြည်နိုင်ငံ ရှေ့နေများကောင်စီ (BLC)၏ Legal Aid Section မှ ၁ ဦး၊ ADRA မှ မန်နေဂျာ အမျိုးသမီးကြီး အပါအ၀င် ADRA ရုံးဝန်ထမ်း ၅ဦး၊ ကားဆရာ ၁ ဦးစသည်ဖြင့် စုစုပေါင်း (၁၃) ဦးတို့ လေ့လာရေးခရီးစဉ်တွင် လိုက်ပါလာကြသည်။ မဲဆောက်မှ နံနက် (၈း၅၀) နာရီတွင် စတင်ထွက်ခွာကြပြီး မဲဆောက်အပါအ၀င် ၉ မြို့နယ်၏ခရိုင်မြို့တော်ဖြစ်သော တာ့(ခ်)၊ ထိုမှ ကန်ဖယ်ဖစ်၊ ထိုမှ နခေါစ၀မ်စသည်ဖြင့် မော်တော်ယာဉ်၏ ခေါ်ဆောင်ရာနောက်ကိုအလိုက်သင့်လိုက်ပါရင်းလေ့လာရေး ခရီးသည်များမှာ လမ်းဘေးဝဲယာတစ်လျှောက်ကြည့်ရှုလိုက်၊ ကားနားချိန်မှာ အချိုရည်သောက်လိုက်၊ ကော်ဖီသောက်လိုက်လုပ်သူလုပ်၊ အမှတ်တရဓာတ်ပုံရိုက်သူရိုက်နှင့်ပျော်စရာကြီးဖြစ်ပါသည်။ သို့နှင့် မွန်းလွှဲ(၁၂း၄၅) နာရီတွင် နခေါစ၀မ်ခရိုင်ဒေသတနေရာ၌ နေ့လယ်စာစားကြပါသည်။

(ဆက်လက်ဖော်ပြပါမည်။ )


**သောင်ရင်းနဂါး(မြန်မာပြည်သား)**

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)