ဝိဒေဟရာဇ် ခေတ် မှတကောင်စ နှစ်ကောင်စကျန်ခဲ့သော
ပုတ်သင်ညိုများသည်၂၁ ရာစုထဲတွင်မျိုးပွားမှုနှုန်း လျင်လျင်မြန်မြန်ဖြင့် အုံလိုက်ကျင်းလိုက် ကြီးထွားလာနေကြပါသည်။
ထို ပုတ်သင်ညိုတို့သည် မိမိကိုယ် မိမိတို့ ကမ္ဘာဦး ဒိုင်နိုဆောများမှတဆင့် ရွေ့လျားဆင်း သက်လာကြသူများဟု
သက်ဝင် ယုံကြည်ကြပါသည်။
ပုတ်သင်ညိုတို့ ၏ သမိုင်းခေတ် ဖြတ်သန်းမှု အတွေ့အကြုံများအရ ရာစုသစ်ထဲတွင် အရောင်ပြောင်းရုံမျှဖြင့် လုံခြုံမှုမရှိတော့ဘူးဆိုခြင်း
ကို သိရှိလာကြပြီး ပုတ်သင်ညို ပါရာဒိုင်း အပြောင်းအလဲဖြစ်ဖို့
ပုတ်သင်ညို ရီဗော်လူးရှင်း တခု ပြုလုပ်ချင်လာကြပါသည် ။
ထို့ကြောင့် ပုတ်သင်တို့သည် . . .
အမြဲတန်းသင်ယူနေရမည့် ပုတ်သင်ညို အဖွဲ့အစည်းဟု ခံယူလိုက်
ကြပြီး ၊ပုတ်သင်ညို ဂျင်နရေးရှင်းများ ၏ ဇီဝမျိုးစိတ် မြှင့်တင်ရေး
အတွက် ကမ္ဘာအရပ်ရပ်ရှိ မြို့တော် အသီးသီး၏ မြေပေါ် ၊
မြေအောက် နေ ကြွက်များ ဆီမှ သင်ယူလေ့ကျင့်ခြင်း (တပါးသူများ
သိုလှောင် သိမ်းဆည်းထားခြင်းမှ အလစ်အငိုက် ရှာဖွေ စားသောက် တတ်စေရန် ) ၊ ကမ္ဘာ့ တိုက်ကြီးများ အသီးသီးတွင် မှီတင်းနေထိုင်ကြ ကုန်သော ကျီးကန်းများဆီမှ သင်ယူခြင်း (ကျီးကန်းများ ၏ အမူအကျင့်
ဓလေ့ စရိုက်များကိုမူ မြန်မာ့ စွယ်စုံ ကျမ်း များတွင် အကျယ်ရှုရန် ။
မှတ်ချက် ။ ။ဘရန်ဒွန်လီ၏ The Crow ဇာတ်ကားကို ပုတ်သင်များ
အသဲစွဲ ကြိုက် နှစ်သက်ကြပါသည် ။ ) ပုတ်သင်များသည် မိမိတို့၏ ပညာရည် မြင့်မားရေး ၊ ကျမ်းကြီး ၊ကျမ်းခိုင် များနှင့် စာကြီးပေကြီး
များတွင် ကျွမ်းကျင် နှံ့စပ် နိုင်ရေးအတွက် ပိုးဟတ်များ၊ ခြများ
ဆီမှလည်း သင်ယူလေ့ကျင့် ကြပါသေး သည် ။
ပုတ်သင်များသည် နိုင်ငံတကာ အသိုင်းအဝန်းနှင့်တကွ လူမှုအဖွဲ့အစည်း အသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးအတွက် စားဖားများ ၊ဖားပြုတ်များ ၊ ဖားခုံညင်းများ ၊ ဖားလတက်များ ၊ ကျော်စံကေးများ
( ဖားဟူသည့် အက္ခရာ စာလုံးပေါင်းပါဝင်သည့် သက်ရှိများမှ အစ၊ စွတ်ဖားလှည်းအဆုံး ) ထံမှ လည်း အပတ် တကုတ် ၊ကြိုးစားပမ်းစား သင်ယူလေ့ကျင့်ခဲ့ ကြပါသည် ။ ( ဤနေရာတွင် ပုတ်သင်များ၏ ကြိုးစားအားထုတ်မှု ကို လေးနက်ပေါ်လွင်အောင် မည်ကဲ့သို့
ရေးသားရမည်ကို ကျွန်ုပ် အမှန်တကယ် မသိရှိခဲ့ပါ ။ )
ပုတ်သင်များ သည် အမြင်ကျယ်စေရေးအတွက် ဇီးကွက်များ ထံမှ
သင်ယူခြင်း ၊ မြင့်မြင့်ပျံ၍ ဝေးဝေးမြင်နိုင်စေရန် လဒများ ဆီမှ
သင်ယူခြင်း ၊ အညှီ ၊ အဟောက်ရှိရာ ဆီသို့ အုပ်ဖွဲ့ ပျော်ပါးနိုင်ရေး
အတွက် ယင်ကောင်များ ဆီမှ သင်ယူခြင်း ၊ အစရှိသည့် အကြောင်း
အရာများ ကိုမူ ဤနေရာမှ နေ၍ အကျယ်တဝင့် မရေးသား မပြောဆိုလိုတော့ပါ ။
ပုတ်သင်များသည် ကမ္ဘာပြားပြီ ဟူသော အယူအဆကိုလဲ လက်ခံယုံကြည်ကြပါသည် ။ ထို့အပြင် ပုတ်သင်များ သည်ခေတ်သစ် စိတ်ပညာကို ကျွမ်းကျင်လာကြသည့် အလျှောက် ၊ စိတ်ပညာ
သဘောတရား အရ အုပ်စုဖွဲ့ ဖိအားပေးခြင်းသီဝရီ ( ကိုကိုလင်း စိတ္တဇ ဆန်သောရင်ထဲကခံစားချက် pressure ) ကို တွင်တွင်ကျယ်ကျယ်
အသုံးချ လာနိုင်ကြပါသည် ။ ထို့ကြောင့် . . . pokethinnyo@gmail.
com ဟူ၍ မေးလ် အကောင့်တခု ပြုလုပ်ကာ ကမ္ဘာ့ နေရာဒေသ
အသီးသီးရှိ ပုတ်သင်များကို ဆက်သွယ်၍ ချက်တင်များတွင် ပုတ်သင်
ပဓါန ဝါဒ ကို တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူး ခြင်း ၊ ပုတ်သင် မျက်နှာ
စာအုပ် အမည်ရဆိုရှယ် နက်ဝေါ့ ကင်း ဝဘ်ဆိုဒ်များတွင် ဖန်ကလပ်များ ထူထောင်ကြခြင်း ၊
ထို့အပြင် မိမိတို့၏ ဝါဒရေးရာများကို စိစစ်ဖြတ်တောက်ခြင်း အန္တရာယ်မှ လွတ်ကင်းရန် အလို့ငှာ ဂူဂယ်မှ အလကားပဲတင်းကို ဈေးမဆစ်ပဲ ရသောဘလော့များတွင် www.http//pokethinnyo.blogspot.com
ဟူသော စာမျက်နှာကိုဖန်တီးကာ ပုတ်သင်ညိုအနုပညာ အမည်ရ
ကဗျာ ၊ စာပေ၊ ဆောင်းပါး၊ အက်ဆေး များကို ရေးသားတင်ပြ
လာကြပါသည်။ ထိုအချိန်မှ စ၍ Art For Pokethinnyo Sake
အနုပညာသည် ပုတ်သင်ညို များ အတွက် ဟူသောဝါဒတခုသည်လည်း ပျံ့နှံ့တွင်ကျယ်လာပါတော့သည် ။
ဤကဲ့သို့ ဂုဏ်အရည်အချင်းများနှင့် ပြည့်ဝသော ပုတ်သင်များကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံကြီးတနိုင်ငံမှ ထုတ်လုပ်
သော ကွန်ဒုံများကို ပုတ်သင်များ ဖြင့်အမှတ်အသားလိုဂို ပြုလုပ်ကာ
အဖော် ဟူသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချခဲ့ပါတော့သည် ။
နောက်ဆက်တွဲအနေဖြင့် ထပ်မံသိရှိရသည်မှာ ရောခ့်ပုတ်သင်
စတီးဝပ် သီဆိုသော ယောယိမ်းလိုက် ဘသား ယိမ်း လိုက် အမည်ရှိသော ရောခ့် တေးဂီတ အယ်လ်ဘမ်မှာ ပုတ်သင်များ
ကြားတွင် အရောင်းရ အတွင်ကျယ်ဆုံး ဖြစ်နေခြင်းပင် ဖြစ်ပါသည် ။
ဤတွင် အက်ဆေးဟူသော လေဘယ်လ်ကပ်၍ ကျွန်ုပ် ရေးချင်ရာ လျှောက်ရေးသော အကြောင်းအရာများ နိဌိတံ ပါ၏။
.........................................................
+ဖုန်းမြင့်+
(ခေတ္တ ပုတ်သင်ညို ယဉ်ကျေးမှု ထွန်းကားရာအရပ် )
Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts
Wednesday, March 8, 2017
Tuesday, January 12, 2016
=၂၀၁၅ အလုံးများ - (ရွှေရေးထင်ထင်)=
တစ်နေ့သော် အကျွန်ုပ်သည် စာမူအသစ်လေးများ
ရေးသားရန် အလို့ငှာ လတ်တလော ရေပန်းအစားဆုံး သတင်းလေးများအား လိုက်လံရှာဖွေနားစွင့် ကြည့်လိုက်၏
။ အလိုလေ…. ဤရက်ပိုင်း ပြည်သူများအကြား အလွန်
ရေပန်းစားသော ကိစ္စနှစ်ခုရှိနေပါကလား။ ရေပန်းစားသော သတင်းနှစ်ခုလုံးသည် ခပ်လုံးလုံး အကြောင်းအရာပေါ်မှာ မူတည်နေတာကလည်း ထူးဆန်းလှပေစွ ထူးဆန်းလှပေစွ။
ပထမတစ်ခုက Facebook လောကတွင် ရွှေရေးထင်ထင်ဆိုသော မိန်းမပျို၏ လုံးဝန်းသော ခန္ဓာကိုယ် အပေါ်ပိုင်းအကြောင်း။
ဒုတိယ တစ်ခုက မြန်မာ့ဘောလုံးအကြောင်း။ လုံးသည့်
ပစ္စည်းခြင်း မတူပေမယ့် လုံးတာခြင်းတော့ တူသည်။
လူစိတ်ဝင်စား ခံရတာခြင်းလည်း တူသည်။ တစ်နိုင်ငံလုံးက
ယခုဆိုလျှင် ထိုလုံးသောအရာ နှစ်ခုအကြောင်းပဲ ပြောနေကြ
ပါရော့လား။ သို့နှင့်ပင် ထိုလုံးသောအရာ နှစ်ခုအား ချဉ်းကပ်
စူးစမ်းရန် အကျွန်ုပ် ဆုံးဖြတ်လိုက်တော့၏။ Facebook
ထဲဝင်၍ အတင်း သတင်းတွေ စနည်းနာ၏။ ပြင်ပတွင်
ရုံးစုရုံးစုဖြစ်နေသော လူငယ်တွေနား အသာကပ်ကာ
စနည်းနာ၏။ အိုဘယ့်... အံ့သြစရာပါကလား။
ပထမ အလုံးသည် အနည်းငယ် ပြဿသနာ ရှိနေ၏။
ထိုအလုံးသည် အတုဆိုပဲ။ သို့ဆိုရသော် အရင်မလုံး အခုလုံး အဘယ်ဖြစ်သတုန်းပေါ့။ လူတွေ လူတွေကြားထဲမှာ
ဒီလို စကားတွေ ပျံ့လွင့်လို့။ ဤသို့ဆိုလျှင် ဒီကိစ္စရဲ့ အခြေခံ
အနေမှန် ဇစ်မြစ်ကို ဖော်ထုတ်ပြသပါက လူအများ
စိတ်ဝင်စားကြမည်ပဲ။
သို့ကလိုနှင့် အကျွန်ုပ်သည်ရွာထိပ်က ညောင်ပင်ကြီးရှိရာသို့သာ
ပြေးရတော့၏။ “လူမစွမ်း နတ်မ” ဆိုထားသည် မဟုတ်လား။
အကျွန်ုပ်လို လူသားတစ်ဦးအတွက် ဤကိစ္စအား အမှားအမှန် မသိနိုင်ရလေတော့ကား ညောင်ပင်စောင့် ရုက္ခစိုး နတ်မင်းကိုသာ တိုင်တည်အားကိုး ရလေတော့မည်။ အကျွန်ုပ်သည်
ညောင်ပင်စောင့် နတ်မင်းကြီးအား အကြိမ်ကြိမ်ပင့်ခေါ်၏။
အတော်ကြာမှ နတ်မင်းက သုန်မှုန်နေသော မျက်နှာထားနှင့် ပေါ်ထွက်လာ၏။
“ဘာကိစ္စလဲ”
မာကြောလှသည့် အသံ။
“နတ်မင်းရယ်... အကူအညီလိုလို့ပါ... အခုနာမည်ကြီးနေတဲ့ ရွှေရေးထင်ထင်နဲ့ ပတ်သက်လို့ပါ”
ကျွန်ုပ်က ထိုသို့ပြောလိုက်သည်နှင့် နတ်မင်းသည် ကြောက်လန့်
တကြား တုန်ယင်ကာ...
“ဟေ့လူ တိုးတိုးပြောပါဟ .
..ရွှေရေးထင်ထင်ဆိုတဲ့ နာမည်ကို ခပ်ကျယ်ကျယ် မပြောစမ်းပါနဲ့။ သူ့ကြောင့် မနေ့ညကတင် ကျုပ်Ladyနဲ့ စကားများထားရတာ။ အခုလည်း ညောင်ပင်ပေါ်ကျုပ်Lady ကြားသွားရင် ဆင်းလာပြီး ပြဿသနာရှာဦးမယ်”
“ဟင်...ရုက္ခစိုးနတ်မှာလည်း Ladyတွေ ဘာတွေရှိသလား။
တစ်ခါမှ မကြားဖူးရပါလား”
အကျွန်ုပ်သည် အလိုက်ကန်းဆိုးမသိ ထိုသို့မေးမိရာ
ရုက္ခစိုးနတ်သည် သူ့ကိုယ်ရေးကိုယ်တာ ထိပါး ရသလားဟု ပြစ်တင်အကြည့်ဖြင့် အကျွန်ုပ်အား ကြည့်
လေတော့၏။ ပြီးမှ အကျွန်ုပ်အား ညောင်ပင်နှင့် ဝေးရာသို့
အသာလေး လက်ဆွဲ ခေါ်သွားကာ... ဓမနေ့ညကဗျာ..
ကျုပ် Facebook သုံးတယ်လေ။ ရွှေရေးထင်ထင်ဆိုပြီး
နာမည်ကြီးနေလို့ သူဘယ်သူလဲ ရှာဖွေကြည့်မိသပေါ့။
ဒါနဲ့ ကလေးမလေး သရော် စာရေးထားတာ သွားတွေ့မိတယ်။ ဖတ်ကြည့်မိတော့ ရေးထားတာလေး မဆိုးရှာဘူးပေါ့လေ။
ဒါနဲ့ပဲ Like လုပ်မိတယ်ဗျာ။ အဲဒါကို ကျုပ် Ladyက တွေ့တော့ ဒေါသပုန်ထပါရောလား။ ကောင်မလေးကို
နှာဘူးကျပြီး Likeလုပ် ပေးတယ်ပေါ့ဗျာ။ ကျုပ်က
စာအရေးအသားလေး အားပေးချင်တ ပါ။ ဒါပေမဲ့ ခက်သား...ကောင်မလေးရဲ့ Body structureက
လာရှုပ်နေတော့ ကျုပ်မှာ သူ့ကို အားပေးရင်ပဲ နှာဘူးလို
့ ထင်ခံရပြန်ရော...”
နတ်လောကတွင်တောင် ထိုသို့...ထိုသို့ ရှုပ်ထွေးစေသော ရွှေရေးထင်ထင်ပါတကား။
“ဒါနဲ့ဗျာ...ပိုဆိုးတာက ကျုပ်Ladyက ကျုပ် Facebook Account
ကိုသုံးပြီး ဒီကလေးမအကြောင်း ဝေဖန်တဲ့ Postတွေ ရေးတင်
တော့တာပဲ။ မသိတဲ့သူတွေက ကျုပ်ရေးတင်တယ် ထင်ကြမှာပေါ့။ ကျုပ်Lady ရေးတင်တယ်လို့ ဘယ်သိပါ့မလဲ...ခက်တယ်.. ခက်တယ်”
နတ်မင်းက ခေါင်းခါရင်း သက်ပြင်းအကြိမ်ကြိမ်ချသည်။
ကျွန်ုပ်သည် နတ်မင်း၏ စကားစ ပြတ်မှပင် လိုရင်းအား
မေးမြန်းရတော့၏။ “ဒီလိုပါ နတ်မင်းရယ်... အကူအညီလေး
တောင်းပါရစေ ..အခုနာမည်ကြီးနေတဲ့ ရွှေရေးထင်ထင်က
ခန်္ဓာကိုယ်မှာ ခွဲစိတ် ပြုပြင်ထားသလား။ နဂိုအစစ်လား
ဆိုတာလေးကို အများသူငါက ဝေဖန်ငြင်းခုံနေကြလေရဲ့။
ဘယ်ဟာက အမှန်လဲဆိုတာလေးကို နတ်မင်းကပဲ နတ်မျက်စိနဲ့ သေချာကြည့်ရှုစစ်ဆေးပေးပြီး အတည်ပြုပေး
လို့ ရမလားဟင်”
“ဘာ...”
နတ်မင်းသည် လွန်စွာဒေါသ ထွက်သွားသည်ထင့်။
မျက်နှာကြီး နီမြန်းသွား၏။ အသားတွေ တဆတ်ဆတ်
တုန်သွား၏။ အကျွန်ုပ်ပြောသည့်ထဲ ဘာများ ဒီလောက်
စိတ်ဆိုးစရာ ပါသွားသနည်း.... “မင်းတို့လူတွေဟာ တော်တော်ခက်တာပါလား...
အေးဆေးဆေးဆေးနေတဲ့ နတ်ကို ပြဿသနာ လာရှာသကိုး။
ကျုပ်က နတ်မျက်စိနဲ့ ကြည့်ပေးလိုက်ပါပြီတဲ့။ အစစ်လို့မြင်ရင် အစစ်လို့ ပြောရမယ်။ အတုလို့မြင်ရင် အတုလို့ ပြောရမယ်။
ကဲ ပြဿသနာက ဒီမှာတင်ပြီးသလား...မပြီးဘူးလေ။
ကျုပ်က နတ်မျက်စိနဲ့ ရွှေရေးထင်ထင်ရဲ့ပစ္စည်း စစ်/မစစ် ကြည့်ပေးလိုက်ကြောင်း မင်းဖွလို့ တစ်လောကလုံး
သိသွားလိမ့်မယ်။ ဒီလိုဆို ကျုပ် Lasyလည်း သိသွားလိမ့်မယ်။
ကျုပ်Lady သိသွားရင် ကျုပ်ဘာဖြစ်သွားမယ်ထင်သလဲ။ တော်...တော်...တော်တော့ သူ့ပစ္စည်းစစ်/မစစ် သိချင်ရင် မင်းဘာသာမင်း ပင်အပ်တစ်ချောင်းနဲ့ သွားထိုးကြည့်ပါလား... ဘာလို့ ကျုပ်ကို လာဆွဲထည့်နေသတုန်း” နတ်မင်းသည် ပြောပြောဆိုဆိုနှင့် ဆောင့်ကြီးအောင့်ကြီး ထွက်သွားလေတော့သည်။ ခက်ချေပြီတမုံ့။ အကျွန်ုပ်သည် အများ ပြည်သူအတွက် အလွန်စိတ်ဝင်စားစရာ ကောင်းပြီး
စစ်မှန်သော သတင်းကို ထုတ်ဖော်ပေးလိုသော်ငြားလည်း
လူမစွမ်းသလို နတ်လည်း မမသောကြောင့် ထိုသတင်းအား လက်လျော့ လိုက်ရလေတော့၏။
သို့နှင့်ပင် ပထမ လုံးဝန်းခြင်းအား လစ်လျူရှုလိုက်ရကာ
ဒုတိယ လုံးဝန်းခြင်းဖြစ်သော မြန်မာ့ဘောလုံးပွဲ သတင်းဖက်ကိုသာ အာရုံစိုက် လိုက်ရလေတော့သည်တကား။
။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ရွှေရေးထင်ထင်+
Myanmaalinn
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ရွှေရေးထင်ထင်+
Myanmaalinn
Labels:
သရော်စာ
Tuesday, October 27, 2015
== မြက်နုရာမှ ပဋိပက္ခ=
ဒီဆယ်ပေ ပတ်လည် အခန်းကျဉ်းကျဉ်းတွင် ဒေါက်တာ xxx
ဟူသော ငါးလက်မသာသာ ရှိသည့် ဆိုင်းဘုတ်ကို သူအကြိုက်ဆုံးဖြစ်လေသည်။ ကြည့်လိုက်လျှင်
ထင်းကနဲ လင်းကနဲ နေတတ်သော ထိုဆိုင်းဘုတ်ပေါ်မှ မိမိအမည်ကိုလည်း သဘောကျနေ၏။ ကြည့်စမ်း…
ဝင့်ထည်လိုက်တဲ့ နာမည်၊ ခေါ်ရတာပင် လေးလေးပင်ပင် ရှိလှသည်။ လောကကြီးမှာ ရှိသော အသိဥာဏ်အားလုံးတို့က ကိုယ့်စိတ်ထဲ ကိန်းအောင်းလာသလို အထင်မျိုးနှင့် ဒေါက်တာဖြစ်နေရသည်ကို မျောက်အုန်းသီး
ရသလို ဂုဏ်ယူနေတော့၏။ ဆိုင်းဘုတ် ရကာစက ဆိုလျှင်
တစ်နေ့ကို အခါနှစ်ဆယ်လောက် ဖုံသုတ်ရသည်။ နာမည်ဆိုတာ မှေးမှိန်လို့ ကောင်းတဲ့ အရာမျိုး မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကို ဒေါက်တာဟု မေ့လောက်သော ပတ်ဝန်းကျင်မှာမို့ ထိုဆိုင်းဘုတ်ကို ပေးထားသည်ဆိုသည်ကိုတော့ သူထည့်မစဉ်းစားမိ။
ယနေ့မနက်တော့ ဒေါက်တာကြီးသည် ခေါင်းတဆစ်ဆစ် ကိုက်ခဲလို့ နေသည်။ ဘေးနားက ဖြတ်သွားသူတို့ကို အခါတိုင်းမှာလို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ရန်ပင် စိတ်မပါပေ။ အကြောင်းမှာ မနေ့ညက အိမ်နီးချင်းကလေးသည် နံရံပါးပါးတို့ကိုမှ အားမနာပါးမနာ သံကုန်ဟစ်ကာ ငိုလေသောကြောင့် ဖြစ်သည်။ အိမ်နီးချင်းလင်မယားမှာ လေးလအရွယ် ကလေးတစ်ယောက်ရှိသည်ဟု သိထားရ၏။ ကလေးဆိုတော့လည်း အတင်းတိတ်ခိုင်း၍ မရ။ မျက်လုံးများ ကျယ်လျက်က အိပ်ချိန်လျှော့ဦးမည်ကို ကြိုသိနှင့် ပြီးလေတော့ စိတ်တိုရသေးသည်။ နာရီကြည့်တော့ မနက်နှစ်နာရီ ဆယ့်ရှစ်မိနစ်။ အိပ်ယာထဲ လူးလူးလိမ့်လိမ့် ဖြစ်နေဦးမည့် ကိုယ့်အဖြစ်ကို သနားနေမိတော့သည်။ အိပ်ဖို့ရန် စိတ်စောနေလေ ပို၍အိပ်လို့
မရလေပေ။ ဒီတော့ ဒေါက်တာကြီးသည် အိပ်ဖို့ရာ အကူအညီယူဖို့ ဆုံးဖြတ်လိုက်သည်။
အိပ်ယာထဲမှ ခြေဖော့နင်းပြီး ဆင်းခဲ့သော် နိုးချင်လျက် လက်တို့ဖြစ်နေသော မိန်းမလည်း နိုးလေသည်။ ကလေးကလည်း ငိုလိုက်တာနော်ဟု ညီးညူလေသည်။ ပြီးလျှင်တော့ လင်မယားနှစ်ယောက်လုံး မီးဖိုထဲမှ ၀ိုင်ပုလင်းကို စိတ်တူ
သဘောတူ ဖွင့်လျက်က ၀ိုင်တစ်ခွက်ဆီ မော့ချလိုက်လေသည်။ ထို့နောက်တွင်တော့ ခပ်သုတ်သုတ်ပင် အိပ်ယာထဲ ၀င်ခွေကာ စောင်ခြုံလျက် တိတ်ဆိတ်နေကြသည်။ ခဏနေလျှင် သောက်ထားသော ၀ိုင်၏ အရှိန်ကြောင့် ရှိန်းတိန်းတိန်း နွေးတေးတေး ဖြစ်လာကာ၊ မူးလာကာဖြင့်
အိပ်ချင် လာတော့မည့် အချိန်ကို မြန်မြန်ရောက်ပါစေတော့ဟု စိတ်စောနေကြသည်။ အိပ်ဖို့အရေးကိုသာ စိတ်ဖိစီးနေရသေးသည်။ ဆယ်နာရီကနေ ဆယ့်နှစ်နာရီလောက် အထိ ရှည်တတ်သော နေ့ကိုရင်ဆိုင်ဖို့ အရေးအိပ်ဖို့ လိုသည် မဟုတ်လား။ မနက်ကျလျှင်အစည်းအဝေးကလည်း ရှိသေးသည်။ ဒီလိုနှင့်
ဝိုင်၏ တန်ခိုးပြလာချိန်တွင်တော့ ဆိတ်ငြိမ်မှုငါးနာရီခန့် ရလေသည်။
ငါးနာရီအဆုံးတွင် ကျယ်လောင်၍ မုန်းတီးဖွယ်ကောင်းသော နှိုးစက်မြည်သံသည် တိတ်ဆိတ်ခြင်းကို ဖြိုဖျက်လေ၏။ ကျိန်းစပ်သော မျက်စိများနှင့် ကားကိုယ်စီမောင်းကာ အိမ်မှထွက်လာခဲ့ချိန်တွင်တော့ မနက်ခုနစ်နာရီ ရှိနေလေပြီ။
မနက်ယနေ့ အစည်းအဝေးကိုတော့ တက်ဖြစ်အောင်
တက်ရမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထား၏။ အကြောင်းမှာ ယနေ့အစည်းအဝေးမှာ ကော်ဖီကောင်းကောင်းနှင့် မနက်စာ ပူပူနွေးနွေးကို တည်ခင်းဧည့်ခံမည် ဟူသော သတင်းကို ကြိုတင်ပြီး ရထားသောကြောင့်တည်း။ ထို့ကြောင့်ပင် ယနေ့ မနက်စောစော ကတည်းက အစည်းအဝေးခန်းမှာ ရှေ့ဆုံးမှပင် နေရာယူခဲ့သည်။ အစည်းအဝေးစတော့ ဒေါက်တာကြီးသည် လွတ်လပ်စွာ ပြောဆိုတွေးခေါ် နိုင်ပါသည်ဟူသော စာတမ်းကြီးကို လက်မှာ ကိုင်၍ ယပ်ခတ်ရင်းက အထက်ကပြောသည်များကို ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်လေသည်။
ဒီနေ့ လူများလို့ ထင်ပါရဲ့၊ အခန်းက နည်းနည်း လှောင်နေသည်။ အားလုံးက ကော်ဖီကို တစိမ့်စိမ့်သောက်လျက်က မနက်စာကို တစိမ့်စိမ့် စားလျက်ရှိကြသည်။ ပြောရေးဆိုခွင့် ရှိသူတစ်ယောက် ပြောသည့်ဆိုသည့် အရာကို သံယောင်လိုက်ကာ ပြောကြသူလည်း ရှိ၏။ ဘယ်အချိန်ကနေ စသည်မသိ၊ စိတ်ထဲရှိသည့် မကျေနပ်စရာများကို အစည်းအဝေးမှာ ကျဲကနဲ ချလိုက်သူလည်း ရှိ၏။ ပြောသမျှကို ဘုတော၊ မေးခွန်းများမေးကာ ပြောသူကို ချောက်ကျစေသူလည်း ရှိ၏။ မနက်စာ စားပြီးသည်နောက်မှတော့ အသံတိတ်၍ ဆိတ်ဆိတ်နေကာ ကော်ဖီသောက်ရင်း ဘေးထွက်ထိုင်နေသူကတော့ များပါ၏။ ဇာတ်လိုက်ကျော် ဒေါက်တာကြီးကတော့…
“ကောင်းပါတယ်။ ကောင်းပါတယ်။”
ဒါကတော့ သူ၏ လက်သုံးစကား ဖြစ်လေသည်။ အစစ အရာရာကို ဒီစကားနဲ့ ဖြေရှင်းလိုက်ရသည်မှာ လွယ်လေ၏။
ဒီမိုကရစ်တစ် အဖွဲ့အစည်း တစ်ခု၏ လက်အောက်မှာ ထိုစကားသည် နေသားကျကာ ၀ပ်ပြားသေသပ်လျက် ရှိလေသည်။ တကယ်တော့လည်း အာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ရသော ကလေး တစ်ဦး ဖြစ်လေတော့ ဇာတ်လိုက်ကျော် ဒေါက်တာကြီးသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာ တွေးခေါ်ခွင့် ဟူသော အခွင့်အရေးများကို ကြေငြာမောင်းခတ်လျက် လက်တွေ့လည်း အကောင်အထည်ဖော်သော အမေရိကန်နိုင်ငံတွင်မှ အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်လာရသည်ကို ဂုဏ်ယူမဆုံး ဖြစ်နေလေတော့၏။
ဆယ်စုနှစ်တစ်ခုစာမျှ နာမည်ကြီး တက္ကသိုလ်များတွင် ပညာဆည်းပူးပြီးနောက် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီးသည် အမေရိကန်တို့၏ အိပ်မက်ကို မက်နိုင်ပြီဟု တစ်ယောက်တည်း လက်ခမောင်းခတ်ခဲ့သည်။ ဒီနိုင်ငံ၏ စည်းမျဉ်း၊စည်းကမ်းများကိုလည်း နားလည်ခဲ့ပြီ။ ဒီစည်းများအတိုင်း ကစားနိုင်လျှင် သူသည်လည်း တစ်နေ့မှာ ထိပ်ဆုံးတစ်နေရာ ရရမည်ဟူသော မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထားလေသည်။ စည်းချိုးနေသည့်လူများ အညွန့်တလူလူ ဖြစ်တတ်သည့် အစဉ်အလာမှာ သူ၏ အတိတ်မှာသာ ဝေေ၀၀ါးဝါးကျန်ခဲ့ပြီဟု တုံးအစွာ ယုံကြည်လျက်ရှိ၏။ ပညာရှိလျှင် ဘယ်နေရာ မဆို လူရာဝင်တယ်ဆိုသည့် ဆုံးမစကားသည် ဒေါက်တာကြီး၏ စိတ်ထဲတွင် သံမှိုနှက်သလို စွဲလျက်ရှိပေပြီ။ သို့ပေမယ့် ထိုပညာများကြောင့် ဦးနှောက်ဖောက်စား ခံရသည့် အကြောင်းကိုတော့ သူလေ့လာခဲ့သော စာပေကျမ်းဂန်
များတွင် မဖတ်ခဲ့ရသည်မို့ ဒေါက်တာကြီးတစ်ယောက် မသိရှာပေ။
အစည်းအဝေး ခန်းမအလယ်တည့်တည့်မှ အရင်းရှင်ဟူသော အရိပ်၏ မျက်စောင်းဒဏ်ကိုတော့ ဒေါက်တာကြီးနှင့် အပေါင်းအပါအားလုံးတို့ ကောင်းကောင်းခံရလေသည်။ ထိုအရိပ်မည်းမည်းက ခါးထောက်ကာ၊ စီးမိုးကာ ကြည့်နေသည်ကိုတော့ နေသားကျနေသဖြင့် ရှိလို့ရှိမှန်းပင် မသိတော့ချေ။ အခန်းလယ်က ဆင်ကိုမှ မမြင်နိုင်သူတည်း။ အဖြစ်က မျက်မမြင် ပုဏ္ဍား ခြောက်ယောက်ထက်ပင် ဆိုးတော့သည်။ ထောက်ပံ့ကြေးငွေ၊ ချီးမြှင့်ငွေ၊ ဘယ်လိုပင် ဆိုစေတော့ နိဂုံးချုပ်လေတော့ ပိုက်ဆံသည်သာ အားလုံး၏ တူညီသော ပန်းတိုင် ဖြစ်နေလေတော့သည်။ ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ…ဟူသော စကားကို လှလှပပနှင့် ပညာရှိတို့က ပညာရှိဆန်ဆန် တင်ပြကြလေသည်။ အသိပညာအတွက်၊ အတတ်ပညာအတွက်ဟူသော ခေါင်းစဉ်အောက်က ပြူထွက်လာတတ်
သော အတ္တများသည် တခါတရံ ထိန်းမနိုင် သိမ်းမရအောင် ရှိလေ၏။ ဒီအတွက်ကြောင့် အရင်းရှင်စနစ်သည် အသိပညာဟူသော ပုဝါပါးပါးကို လွှမ်းခြုံ၏။ အတတ်ပညာဟူသော မတော့်တတော့် အကျီံကို မရမက ၀တ်ဆင်လေ၏။
ထိုပ၀ါပါး၊ အကျီံပါးနှင့် မခို့တရို့ အရင်းရှင်စနစ်အောက်တွင် ဒေါက်တာကြီးနှင့် မျက်နှာဖြူ၊ မျက်နှာမည်း၊ မျက်နှာညို၊ မျက်နှာဝါ အပေါင်းအပါ ဒေါက်တာတို့သည် မျက်နှာကို အောက်ချကာ၊ လူသားအကျိုးကို မနိုင့်တနိုင် သယ်ပိုးကာသာဖြင့် ခေတ်သစ် ငွေဝယ်ကျွန်များ သဖွယ် တကုပ်ကုပ် အလုပ်ကြိုးစားကြလေသည်။ အခန်းလယ်က ဆင်ကိုတွန်းဖယ်ပြီး
လျှင်ဖြင့် မည်သူကမျှ အသိအမှတ် မပြုလေသော်လည်း နှမ်းတစ်မှုန်တစ်ရွေး မဖန်တီးရသေးလျှင်…နေခွင့်ဟူသော တုတ်ဖြင့် ခြိမ်းခြောက်လား ခြောက်ရဲ့။ တက်လမ်းဟူသော ဓားကို
မိုးလား မိုးရဲ့။ ကိစ္စလေးတစ်ခုလောက် ချွတ်ချော်တိမ်းစောင်း
သွားခဲ့လျှင် အပြစ်ကို ပုံချရန် အတွက် ခေါင်းတစ်လုံးကို
အလွယ်တကူ ရှာနေကြသော ပတ်ဝန်းကျင်တွင် ဒေါက်တာကြီးသည် နေသားကျလျက်ရှိ၏။ သို့ပေမယ့်လည်း ထိုကဲ့သို့ ခေါင်းလေးတွေကို ထိုးပေးနိုင်ဖို့ကိုပဲ အလုအယက် နေရာဝင်ယူရသည် မဟုတ်လား။ သို့နှင့်ပင် ဒေါက်တာကြီးနှင့် အပေါင်းအပါတို့သည် အိပ်ရေးပျက်
လျက်က အစည်းအဝေးတွင် တိုက်သော ကော်ဖီကောင်းကောင်း ခါးခါးကိုပဲ ဖိသောက်ရင်း ပိုနေမြဲကျားနေမြဲ အနေအထားကို မပျက်စီးအောင် ကြိုးတန်း လမ်းလျှောက် ကာသာ
နေကြလေတော့သည်။ (ထို့ကြောင့်ပင် အစည်းအဝေးများတွင် ကော်ဖီကောင်းကောင်း တိုက်သည် ထင်ပါရဲ့။)
သို့နှင့်ပင် ဒေါက်တာကြီးသည် တစ်ခါတစ်ရံ သူ့မိန်းမကို
လည်းသူ မမှတ်မိသလောက် ဖြစ်ချင်လာသည်။ သို့ပေမယ့် နှစ်ဆယ့်တစ်ရာစုကြီးက တိုးတက်လေတော့
အိုင်ဖုန်း၏ အကူအညီဖြင့် မိန်းမဘယ်လိုပုံလဲဆိုသည်ကို
အချိန်မရွေး ထုတ်ကြည့်နိုင်လေသည်။ မိန်းမကလည်း
အိုင်ပက်၊ အိုင်ဝက် စသည့် ကိရိယာမျိုးစုံဖြင့် ဒေါက်တာကြီးကို
လှမ်း၍ ဆက်သွယ်နိုင်လေသည်။ စက်ပစ္စည်းအစုံအလင်နှင့် နှစ်ဆယ့်တစ်ရာစု၏ အရင်းရှင် ယန္တရားအောက်မှ စက်ရုပ်လင်မယားသာတည်း။ ဒီညတော့ မအားသေးဘူးမောင်ရေ…ပြန်တာ နောက်ကျမယ်နော်
ဟူသောစကားကို အရုပ်မြင် အသံကြား စနစ်ဖြင့်လည်း
ပြောနိုင်သည်။ အားသော တစ်နာရီလောက်လေးတွင် နေ့လည်စာစားရန်လည်း
text ပို့ကာ ချိန်းနိုင်သည်။ (text နှင့်အတူ အသည်းလေးတွေ နှလုံးလေးတွေလည်း အပိုဆာဒါး
ပါသေးသည်ပေါ့။) မိန်းမက ခုရိုက် ခုပို့ လုပ်လာသော
ဓာတ်ပုံများကိုလည်း ချက်ချင်းပင် ကြည့်နိုင်သည်။ လူလစ်လျှင်ဖြင့် ဖန်သားပြင်ကိုတောင် ခိုးနမ်းနိုင်သေး၏။ အဲဒီတော့ ဘာများလိုသေးသနည်း။ အော်… နည်းပညာတိုးတက်မှုများ… အံသြဖို့ကောင်းလိုက်တာ… ငါတို့လို ပညာတတ်တွေကြောင့်ဟု ဂုဏ်ယူမဆုံး ရှိတော့သည်။
နည်းပညာကို ဂုဏ်ယူမဆုံး ရှိဆဲမှာပင် ဒေါက်တာကြီး၏ ဥာဏ်ဖုံးက ထမြည်လေသည်။
“ဟယ်လို…။ ခုပြောနေတာ ဒေါက်တာxx ပါ။”
“သား…အဖေပါ။”
မိသားစုအကြောင်း၊ ရာသီဥတုအကြောင်း စသည်ဖြင့်
ပြောပြီးလျှင် သား၏ အောင်မြင်မှုကို ရိုးသားစွာ ဂုဏ်ယူနေတတ်သော အဖေသည် ခါတိုင်းလိုပင် သားလုပ်နေသော အရာများကို အထင်တကြီး မေးမြန်းနေ၏။ အဖေ့အတွက်တော့ သားလုပ်နေသော အရာများသည် ကြီးကျယ်ခမ်းနားကာ ထူးခြားနေတော့သည်။
“ဒါနဲ့ မင်းက အခုဘာတွေ သုတေသနလုပ်နေတာလဲ။”
“ကင်ဆာ ကြီးထွားမှု အကြောင်းလေ။ ကင်ဆာကို
ဘယ်လို ကာကွယ်ရမလဲ။ ကင်ဆာကို ဘယ်လိုနှေးအောင်
လုပ်ရမလဲဆိုတဲ့ အကြောင်း။ ကျွန်တော်တို့ အခုလုပ်နေတဲ့
သုတေသနက အောင်မြင်လို့ ရှိရင် နာမည်ကြီး ဆေးကုမ္ပဏီ
တစ်ခုက နည်းပညာအတွက် ငွေပံ့ပိုးပေးမယ်လို့ ကမ်းလှမ်းထား
တယ် အဖေရ။ ကျွန်တော့်က အဲဒီအဖွဲ့ထဲမှာ ပါတယ်။
ကျွန်တော်တို့ လုပ်တာ အခုဆိုရင်…xxxx…။”
ဒေါက်တာကြီးက အားရပါးရ ဂုဏ်ယူစွာဖြင့် အဖေ့ကို ပြောပြလေသည်။ ဒါပေမယ့် သူ့အဖေပြောသော စကားကြောင့် ကြီးမားသော စကားလုံးတို့သည် လည်ချောင်းတွင် အားလုံးနင်ကုန်လေ၏။ “အေး ကောင်းတယ်ကွ။ အဲဒါပြီးလို့ရှိရင် မင်းတို့ တီဘီရောဂါတို့၊ ငှက်ဖျားရောဂါတို့ အကြောင်း သုတေသန လုပ်ဦးကွာ။ကင်ဆာဆိုတာက သူဌေးနိုင်ငံက ရောဂါကွ။” “ပိုက်ဆံ….အဖေ… ပိုက်ဆံ…” ဒေါက်တာကြီး ပြောသောစကားတို့ လမ်းခုလတ်မှာပင် ပျောက်ကုန်၏။ “ဘာပိုက်ဆံ တုန်းကွ။ မင်းနေတဲ့ နိုင်ငံက ဒီလောက်တိုးတက်နေတဲ့ နိုင်ငံကို။ ကဲ…လိုင်းကလည်း သိပ်မကောင်းဘူးကွာ။ ချလိုက်တော့မယ်။” အမြတ်မရှိလျှင် ဦးစားပေးနောက်ဆုံးဆင့် ထားခံရသော အရင်းရှင် နိုင်ငံလုပ် ဆီဘူးလေးများသည် ဒေါက်တာကြီး၏ နက်မှောင် ပြောင်လက်သော စားပွဲခုံပေါ်တွင် အစီအရီရှိနေကြသည်။ ရေကြည်ရာ မြက်နုရာ ရှာရင်းမှ ကောက်ရိုးများကိုချည်း ၀ါးရလွန်း၍ တိုနေသောအံကို ကြိတ်လျက်က ဒေါက်တာကြီးသည် ကော်ဖီခါးခါးတစ်ငုံကို ကျိုက်ချလိုက်လေတော့သည်။
/////////////////////////////////////////////////////////////////////////////////
+ပုံရိပ် +
ဒေါက်တာကြီးက အားရပါးရ ဂုဏ်ယူစွာဖြင့် အဖေ့ကို ပြောပြလေသည်။ ဒါပေမယ့် သူ့အဖေပြောသော စကားကြောင့် ကြီးမားသော စကားလုံးတို့သည် လည်ချောင်းတွင် အားလုံးနင်ကုန်လေ၏။ “အေး ကောင်းတယ်ကွ။ အဲဒါပြီးလို့ရှိရင် မင်းတို့ တီဘီရောဂါတို့၊ ငှက်ဖျားရောဂါတို့ အကြောင်း သုတေသန လုပ်ဦးကွာ။ကင်ဆာဆိုတာက သူဌေးနိုင်ငံက ရောဂါကွ။” “ပိုက်ဆံ….အဖေ… ပိုက်ဆံ…” ဒေါက်တာကြီး ပြောသောစကားတို့ လမ်းခုလတ်မှာပင် ပျောက်ကုန်၏။ “ဘာပိုက်ဆံ တုန်းကွ။ မင်းနေတဲ့ နိုင်ငံက ဒီလောက်တိုးတက်နေတဲ့ နိုင်ငံကို။ ကဲ…လိုင်းကလည်း သိပ်မကောင်းဘူးကွာ။ ချလိုက်တော့မယ်။” အမြတ်မရှိလျှင် ဦးစားပေးနောက်ဆုံးဆင့် ထားခံရသော အရင်းရှင် နိုင်ငံလုပ် ဆီဘူးလေးများသည် ဒေါက်တာကြီး၏ နက်မှောင် ပြောင်လက်သော စားပွဲခုံပေါ်တွင် အစီအရီရှိနေကြသည်။ ရေကြည်ရာ မြက်နုရာ ရှာရင်းမှ ကောက်ရိုးများကိုချည်း ၀ါးရလွန်း၍ တိုနေသောအံကို ကြိတ်လျက်က ဒေါက်တာကြီးသည် ကော်ဖီခါးခါးတစ်ငုံကို ကျိုက်ချလိုက်လေတော့သည်။
/////////////////////////////////////////////////////////////////////////////////
+ပုံရိပ် +
Labels:
သရော်စာ
Tuesday, April 14, 2015
==အမှားခြင်းထပ်နေတဲ့ခေတ်မှာ သိကြားမင်းမြတ်နဲ့ တွေ့  ဆုံခြင်း ( သရော်စာ )==
သိကြားမင်းသည် လူ့ ပြည်ဆင်းလာတိုင်း ခေတ်အဆက်ဆက် စစ်အာဏာရှင်အသစ်စက်စက်များ အာဏာရှင် အဟောင်းအဆွေးပေါင်းများစွာနဲ့ ဘောင်းဘီချွတ်လျက်တစ်မျိုး ခေါင်းပေါင်းဝတ်
ကာတစ်ဖုံ တစ်ခါတစ်ရံ ပုဆိုးဝတ်ကာ အောက်စလွှတ်ပြနေတဲ့ အိပ်မောကျနေသော လွှတ်တော်အမတ်မင်းများနဲ့ တွေ့ ပြီး လူ့ ပြည်ကို မဆင်းချင်လောက်အောင် စိတ်ဓာတ်ကျဆင်းခဲ့ဘူးသည် ။
သိကြားမင်း လူ့ ပြည်မဆင်းချင်တာကို အပြစ်တင် မစောကြနဲ့ ဦးလေ..။့ မုသာဝါဒကို ခါးဝတ်ပုဆိုးလို မြဲမြဲဝတ်ထားသူတွေက ပြောင်းလဲပါပြီလို့ အော်ကြီးဟစ်ကျယ် မျက်နှာပြောင်တိုက်ခါ ကြွေးကြော်နေသော်လည်း နာမည်ပျက်စာရင်း ခွေးပုရပိုဒ်မှာ ဒီလူတွေသာ နှစ်စဉ်နေရာယူထားသည်က မခက်ပေဘူးလား..။တိုင်းပြည်မှာ မီးပျက်လိုက် ဓာတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ အပြိုင်တက်နေတဲ့ ခေတ်မှာ သိကြားမင်းအနေနဲ့ လည်း လူ့ ပြည်မဆင်းပဲ ချွေတာရေးပဲဆိုဆို အလိမ်ထပ်မခံရအောင်လို့ ပဲပြောပြော
ခွေးပုရပိုဒ်ထဲက နာမည်ပျက်စာရင်းတွေကို အစိုးရသက်တမ်း ( ၅ )နှစ်စာ ကော်ပီ
ကူးကာ အထက်ကို တင်ပြလိုက်၍ ရသည် ။ သို့ သော် ဒီမိုကရေစီလိုလားကာ
ဒီမိုကရေစီ အသိတရားရှိသော ပြည်သူပြည်သားများက နောက်တကြိမ်ရွေးကောက်
ပွဲတွင် မှိုတက်နေသော ၀ရဇိန်လက်နက်ကို အသုံးပြုကာ လူဆိုးလူမိုက် အစိုးရအဖွဲ့ ကို မဖြိုခွင်းပဲထားလျက် သိကြားမင်းကိုယ်တိုင် လာဘ်စားနေပြီ အထင်ဖြင့် သိကြားမင်း အသစ်ကို ရွေးချယ်တင်မြောက်လိုက်လျှင် မခက်ပေဘူးလား ။
ကဲတွေးနေတာကြာတယ် ဒီ၂၀၁၅ နှစ်သစ်မှာ လူ့ ပြည်လူ့ ရွာကို ကျည်ကာ အကျီ
ဝတ်ကာ သံခမောက်ပါစောင်းပြီး ဆင်းစေသော်...............။
အရင်နှစ်တွေ တုန်းကတော့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး ဆင်နွှဲနိုင်တာကို ကြံကြံဖန်ဖန် ဂုဏ်ယူတတ်တဲ့ ဦးနှောက်မဲ့ အာဏာရှင်များလက်ထက်မှာ အပစ်အခတ်တွေကြား ကျည်ကာအင်္ကျီဝတ်ပြီးဆင်းခဲ့ဘူးတယ်..။
** စောက်ကျင့်တွေခိုင်
နောက်တဆင့်ယိုင်မှ
ခြောက်ပွင့်ဆိုင်ချင်တဲ့ နိုင်ငံ...။**
အခုတော့ ခြောက်ပွင့်ဆိုင်တယ်ပြောပြီး အပစ်အခတ်များ ရပ်စဲထားတယ်ဆိုပေမဲ့ ကျည်ဆံများမှာ မျက်စိမပါလေတော့ ကျည်ကာ အင်္ကျီဝတ်ကာ သံခမောက်ပါစောင်းပြီး ဆင်းခဲ့မိပြီ..။ ယခုခေတ်မှာ အစိုးရအာဏာပိုင်များက ခရိုနီများနဲ့ ပေါင်းစားကာ ပြည်သူကို မျက်နှာပြောင်တိုက်ပြီး မိဘပြည်သူများ ခဗျာလို့ လေချိုသွေးကာ ပြောင်ပြောင်တင်းတင်း အကြမ်းဖက်တတ်သော ထိပ်ပြောင်သူတွေ ဦးဆောင်တဲ့ အစိုးရလို့ ကြားတယ်..။ မတရားဥပဒေတွေ စိုးမိုးနေတော့ သစ်တောတွေ ပြုန်းပြုန်းပြုတ်ကာ တောင်ကတုံးများဝိုင်းရံထားတဲ့ နိုင်ငံမှာ လူတွေ ဖောက်ပြန်သလို ရာသီဥတုလည်း ဖောက်ပြန်မြစ်ရေတွေလည်း ခမ်းခြောက်လျက် လူထုများသာ မျက်ရည်ကျကာ ပူလောင်းပြင်းပြသည်ကတကြောင်း ၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော လက်ပံတန်းအကြမ်းဖက်မှုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားကျောင်းသူတွေကို စွမ်းအားရှင် အပါအ၀င် ပြည်သူ့ ရဲအမည်ခံ အာဏာရှင်လက်ကိုင်တုတ်တွေက နံပါတ်ဒုတ်နဲ့ ရိုက်တဲ့ သတင်းများ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွေမှာ တွေ့ နေရသည်ကတကြောင်းတို့ ကြောင့် ပူလောင်တဲ့ ရာသီကို အံတုကာ ကျည်ကာ အင်္ကျီဝတ်ယုံမက သံခမောက်ပါအစစ်ဆောင်းကာ လူ့ ပြည်လူ့ ရွာကို တစ်နှစ်တခါ ထုံးစံအတိုင်း ချီတက်ခဲ့ပေပြီ..။
မီးပျက်သွားပါသဖြင့်........................ ဆက်လက်ဖော်ပြပါမည် ။
နှစ်သစ် မင်္ဂလာမှာ ကို.ယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်းဆိုးမင်းညစ်ဒဏ်ကလွတ်မြောက်ကာ လိုအင်ဆန္ဒများပြည့်ဝကြပါစေ..
+အောင်ခိုင်မြင့်+
၁၃ ဧပြီလ ၂၀၁၅
** စောက်ကျင့်တွေခိုင်
နောက်တဆင့်ယိုင်မှ
ခြောက်ပွင့်ဆိုင်ချင်တဲ့ နိုင်ငံ...။**
အခုတော့ ခြောက်ပွင့်ဆိုင်တယ်ပြောပြီး အပစ်အခတ်များ ရပ်စဲထားတယ်ဆိုပေမဲ့ ကျည်ဆံများမှာ မျက်စိမပါလေတော့ ကျည်ကာ အင်္ကျီဝတ်ကာ သံခမောက်ပါစောင်းပြီး ဆင်းခဲ့မိပြီ..။ ယခုခေတ်မှာ အစိုးရအာဏာပိုင်များက ခရိုနီများနဲ့ ပေါင်းစားကာ ပြည်သူကို မျက်နှာပြောင်တိုက်ပြီး မိဘပြည်သူများ ခဗျာလို့ လေချိုသွေးကာ ပြောင်ပြောင်တင်းတင်း အကြမ်းဖက်တတ်သော ထိပ်ပြောင်သူတွေ ဦးဆောင်တဲ့ အစိုးရလို့ ကြားတယ်..။ မတရားဥပဒေတွေ စိုးမိုးနေတော့ သစ်တောတွေ ပြုန်းပြုန်းပြုတ်ကာ တောင်ကတုံးများဝိုင်းရံထားတဲ့ နိုင်ငံမှာ လူတွေ ဖောက်ပြန်သလို ရာသီဥတုလည်း ဖောက်ပြန်မြစ်ရေတွေလည်း ခမ်းခြောက်လျက် လူထုများသာ မျက်ရည်ကျကာ ပူလောင်းပြင်းပြသည်ကတကြောင်း ၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော လက်ပံတန်းအကြမ်းဖက်မှုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားကျောင်းသူတွေကို စွမ်းအားရှင် အပါအ၀င် ပြည်သူ့ ရဲအမည်ခံ အာဏာရှင်လက်ကိုင်တုတ်တွေက နံပါတ်ဒုတ်နဲ့ ရိုက်တဲ့ သတင်းများ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွေမှာ တွေ့ နေရသည်ကတကြောင်းတို့ ကြောင့် ပူလောင်တဲ့ ရာသီကို အံတုကာ ကျည်ကာ အင်္ကျီဝတ်ယုံမက သံခမောက်ပါအစစ်ဆောင်းကာ လူ့ ပြည်လူ့ ရွာကို တစ်နှစ်တခါ ထုံးစံအတိုင်း ချီတက်ခဲ့ပေပြီ..။
မီးပျက်သွားပါသဖြင့်........................ ဆက်လက်ဖော်ပြပါမည် ။
နှစ်သစ် မင်္ဂလာမှာ ကို.ယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်းဆိုးမင်းညစ်ဒဏ်ကလွတ်မြောက်ကာ လိုအင်ဆန္ဒများပြည့်ဝကြပါစေ..
+အောင်ခိုင်မြင့်+
၁၃ ဧပြီလ ၂၀၁၅
Labels:
သရော်စာ
Subscribe to:
Posts (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)




