ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 12, 2016

=၂၀၁၅ အလုံးများ - (ရွှေရေးထင်ထင်)=

>
တစ်နေ့သော် အကျွန်ုပ်သည် စာမူအသစ်လေးများ ရေးသားရန် အလို့ငှာ လတ်တလော ရေပန်းအစားဆုံး သတင်းလေးများအား လိုက်လံရှာဖွေနားစွင့် ကြည့်လိုက်၏ ။ အလိုလေ…. ဤရက်ပိုင်း ပြည်သူများအကြား အလွန် ရေပန်းစားသော ကိစ္စနှစ်ခုရှိနေပါကလား။ ရေပန်းစားသော သတင်းနှစ်ခုလုံးသည် ခပ်လုံးလုံး အကြောင်းအရာပေါ်မှာ မူတည်နေတာကလည်း ထူးဆန်းလှပေစွ ထူးဆန်းလှပေစွ။ ပထမတစ်ခုက Facebook လောကတွင် ရွှေရေးထင်ထင်ဆိုသော မိန်းမပျို၏ လုံးဝန်းသော ခန္ဓာကိုယ် အပေါ်ပိုင်းအကြောင်း။ ဒုတိယ တစ်ခုက မြန်မာ့ဘောလုံးအကြောင်း။ လုံးသည့် ပစ္စည်းခြင်း မတူပေမယ့် လုံးတာခြင်းတော့ တူသည်။ လူစိတ်ဝင်စား ခံရတာခြင်းလည်း တူသည်။ တစ်နိုင်ငံလုံးက ယခုဆိုလျှင် ထိုလုံးသောအရာ နှစ်ခုအကြောင်းပဲ ပြောနေကြ ပါရော့လား။ သို့နှင့်ပင် ထိုလုံးသောအရာ နှစ်ခုအား ချဉ်းကပ် စူးစမ်းရန် အကျွန်ုပ် ဆုံးဖြတ်လိုက်တော့၏။ Facebook ထဲဝင်၍ အတင်း သတင်းတွေ စနည်းနာ၏။ ပြင်ပတွင် ရုံးစုရုံးစုဖြစ်နေသော လူငယ်တွေနား အသာကပ်ကာ စနည်းနာ၏။ အိုဘယ့်... အံ့သြစရာပါကလား။ ပထမ အလုံးသည် အနည်းငယ် ပြဿသနာ ရှိနေ၏။ ထိုအလုံးသည် အတုဆိုပဲ။ သို့ဆိုရသော် အရင်မလုံး အခုလုံး အဘယ်ဖြစ်သတုန်းပေါ့။ လူတွေ လူတွေကြားထဲမှာ ဒီလို စကားတွေ ပျံ့လွင့်လို့။ ဤသို့ဆိုလျှင် ဒီကိစ္စရဲ့ အခြေခံ အနေမှန် ဇစ်မြစ်ကို ဖော်ထုတ်ပြသပါက လူအများ စိတ်ဝင်စားကြမည်ပဲ။ သို့ကလိုနှင့် အကျွန်ုပ်သည်ရွာထိပ်က ညောင်ပင်ကြီးရှိရာသို့သာ ပြေးရတော့၏။ “လူမစွမ်း နတ်မ” ဆိုထားသည် မဟုတ်လား။ အကျွန်ုပ်လို လူသားတစ်ဦးအတွက် ဤကိစ္စအား အမှားအမှန် မသိနိုင်ရလေတော့ကား ညောင်ပင်စောင့် ရုက္ခစိုး နတ်မင်းကိုသာ တိုင်တည်အားကိုး ရလေတော့မည်။ အကျွန်ုပ်သည် ညောင်ပင်စောင့် နတ်မင်းကြီးအား အကြိမ်ကြိမ်ပင့်ခေါ်၏။ အတော်ကြာမှ နတ်မင်းက သုန်မှုန်နေသော မျက်နှာထားနှင့် ပေါ်ထွက်လာ၏။ “ဘာကိစ္စလဲ” မာကြောလှသည့် အသံ။ “နတ်မင်းရယ်... အကူအညီလိုလို့ပါ... အခုနာမည်ကြီးနေတဲ့ ရွှေရေးထင်ထင်နဲ့ ပတ်သက်လို့ပါ” ကျွန်ုပ်က ထိုသို့ပြောလိုက်သည်နှင့် နတ်မင်းသည် ကြောက်လန့် တကြား တုန်ယင်ကာ... “ဟေ့လူ တိုးတိုးပြောပါဟ . ..ရွှေရေးထင်ထင်ဆိုတဲ့ နာမည်ကို ခပ်ကျယ်ကျယ် မပြောစမ်းပါနဲ့။ သူ့ကြောင့် မနေ့ညကတင် ကျုပ်Ladyနဲ့ စကားများထားရတာ။ အခုလည်း ညောင်ပင်ပေါ်ကျုပ်Lady ကြားသွားရင် ဆင်းလာပြီး ပြဿသနာရှာဦးမယ်” “ဟင်...ရုက္ခစိုးနတ်မှာလည်း Ladyတွေ ဘာတွေရှိသလား။ တစ်ခါမှ မကြားဖူးရပါလား” အကျွန်ုပ်သည် အလိုက်ကန်းဆိုးမသိ ထိုသို့မေးမိရာ ရုက္ခစိုးနတ်သည် သူ့ကိုယ်ရေးကိုယ်တာ ထိပါး ရသလားဟု ပြစ်တင်အကြည့်ဖြင့် အကျွန်ုပ်အား ကြည့် လေတော့၏။ ပြီးမှ အကျွန်ုပ်အား ညောင်ပင်နှင့် ဝေးရာသို့ အသာလေး လက်ဆွဲ ခေါ်သွားကာ... ဓမနေ့ညကဗျာ.. ကျုပ် Facebook သုံးတယ်လေ။ ရွှေရေးထင်ထင်ဆိုပြီး နာမည်ကြီးနေလို့ သူဘယ်သူလဲ ရှာဖွေကြည့်မိသပေါ့။ ဒါနဲ့ ကလေးမလေး သရော် စာရေးထားတာ သွားတွေ့မိတယ်။ ဖတ်ကြည့်မိတော့ ရေးထားတာလေး မဆိုးရှာဘူးပေါ့လေ။ ဒါနဲ့ပဲ Like လုပ်မိတယ်ဗျာ။ အဲဒါကို ကျုပ် Ladyက တွေ့တော့ ဒေါသပုန်ထပါရောလား။ ကောင်မလေးကို နှာဘူးကျပြီး Likeလုပ် ပေးတယ်ပေါ့ဗျာ။ ကျုပ်က စာအရေးအသားလေး အားပေးချင်တ ပါ။ ဒါပေမဲ့ ခက်သား...ကောင်မလေးရဲ့ Body structureက လာရှုပ်နေတော့ ကျုပ်မှာ သူ့ကို အားပေးရင်ပဲ နှာဘူးလို့  ထင်ခံရပြန်ရော...” နတ်လောကတွင်တောင် ထိုသို့...ထိုသို့ ရှုပ်ထွေးစေသော ရွှေရေးထင်ထင်ပါတကား။ “ဒါနဲ့ဗျာ...ပိုဆိုးတာက ကျုပ်Ladyက ကျုပ် Facebook Account ကိုသုံးပြီး ဒီကလေးမအကြောင်း ဝေဖန်တဲ့ Postတွေ ရေးတင် တော့တာပဲ။ မသိတဲ့သူတွေက ကျုပ်ရေးတင်တယ် ထင်ကြမှာပေါ့။ ကျုပ်Lady ရေးတင်တယ်လို့ ဘယ်သိပါ့မလဲ...ခက်တယ်.. ခက်တယ်” နတ်မင်းက ခေါင်းခါရင်း သက်ပြင်းအကြိမ်ကြိမ်ချသည်။ ကျွန်ုပ်သည် နတ်မင်း၏ စကားစ ပြတ်မှပင် လိုရင်းအား မေးမြန်းရတော့၏။ “ဒီလိုပါ နတ်မင်းရယ်... အကူအညီလေး တောင်းပါရစေ ..အခုနာမည်ကြီးနေတဲ့ ရွှေရေးထင်ထင်က ခန်္ဓာကိုယ်မှာ ခွဲစိတ် ပြုပြင်ထားသလား။ နဂိုအစစ်လား ဆိုတာလေးကို အများသူငါက ဝေဖန်ငြင်းခုံနေကြလေရဲ့။ ဘယ်ဟာက အမှန်လဲဆိုတာလေးကို နတ်မင်းကပဲ နတ်မျက်စိနဲ့ သေချာကြည့်ရှုစစ်ဆေးပေးပြီး အတည်ပြုပေး လို့ ရမလားဟင်” “ဘာ...” နတ်မင်းသည် လွန်စွာဒေါသ ထွက်သွားသည်ထင့်။ မျက်နှာကြီး နီမြန်းသွား၏။ အသားတွေ တဆတ်ဆတ် တုန်သွား၏။ အကျွန်ုပ်ပြောသည့်ထဲ ဘာများ ဒီလောက် စိတ်ဆိုးစရာ ပါသွားသနည်း.... “မင်းတို့လူတွေဟာ တော်တော်ခက်တာပါလား... အေးဆေးဆေးဆေးနေတဲ့ နတ်ကို ပြဿသနာ လာရှာသကိုး။ ကျုပ်က နတ်မျက်စိနဲ့ ကြည့်ပေးလိုက်ပါပြီတဲ့။ အစစ်လို့မြင်ရင် အစစ်လို့ ပြောရမယ်။ အတုလို့မြင်ရင် အတုလို့ ပြောရမယ်။ ကဲ ပြဿသနာက ဒီမှာတင်ပြီးသလား...မပြီးဘူးလေ။ ကျုပ်က နတ်မျက်စိနဲ့ ရွှေရေးထင်ထင်ရဲ့ပစ္စည်း စစ်/မစစ် ကြည့်ပေးလိုက်ကြောင်း မင်းဖွလို့ တစ်လောကလုံး သိသွားလိမ့်မယ်။ ဒီလိုဆို ကျုပ် Lasyလည်း သိသွားလိမ့်မယ်။ ကျုပ်Lady သိသွားရင် ကျုပ်ဘာဖြစ်သွားမယ်ထင်သလဲ။ တော်...တော်...တော်တော့ သူ့ပစ္စည်းစစ်/မစစ် သိချင်ရင် မင်းဘာသာမင်း ပင်အပ်တစ်ချောင်းနဲ့ သွားထိုးကြည့်ပါလား... ဘာလို့ ကျုပ်ကို လာဆွဲထည့်နေသတုန်း” နတ်မင်းသည် ပြောပြောဆိုဆိုနှင့် ဆောင့်ကြီးအောင့်ကြီး ထွက်သွားလေတော့သည်။ ခက်ချေပြီတမုံ့။ အကျွန်ုပ်သည် အများ ပြည်သူအတွက် အလွန်စိတ်ဝင်စားစရာ ကောင်းပြီး စစ်မှန်သော သတင်းကို ထုတ်ဖော်ပေးလိုသော်ငြားလည်း လူမစွမ်းသလို နတ်လည်း မမသောကြောင့် ထိုသတင်းအား လက်လျော့ လိုက်ရလေတော့၏။ သို့နှင့်ပင် ပထမ လုံးဝန်းခြင်းအား လစ်လျူရှုလိုက်ရကာ ဒုတိယ လုံးဝန်းခြင်းဖြစ်သော မြန်မာ့ဘောလုံးပွဲ သတင်းဖက်ကိုသာ အာရုံစိုက် လိုက်ရလေတော့သည်တကား။ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ရွှေရေးထင်ထင်+

 Myanmaalinn

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)