ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label သတင်း.. Show all posts
Showing posts with label သတင်း.. Show all posts
Friday, February 12, 2016
=ဘန်ကောက်မြန်မာသံရုံးမှာထိုင်း-မြန်မာနှစ်နိုင်ငံရွှေ့ ပြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူများ၏အကြိုညှိနှိုင်း အစည်းအဝေးယနေ့ ကျင်းပ=
(ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်မှအဖွင့်အမှာစကားပြောကြား)
+(ဖေဖော်ဝါရီလ၁၁ရက်-၂၀၁၅-သောင်ရင်းနဂါး)+
ထိုင်း-မြန်မာနှစ်နိုင်ငံရွှေ့ ပြောင်းအလုပ်သမားရေးရာကျွမ်းကျင် သူများ၏အကြိုညှိနှိုင်းအစည်းအဝေးဘန်ကောက်မြန်မာသံရုံးမှာ ယနေ့ ကျင်းပကြသည်။ယခုကြိုတင်ညှိနှိုင်းအစည်းအဝေးမှရရှိ လာသောအချက်အလက်အချို့ ကိုဖေဖော်ဝါရီလ(၁၂-၁၃)ရက်များတွင် ထိုင်းနိုင်ငံချွန်ဘူရီမှာကျင်းပမည့်ထိုင်း-မြန်မာနှစ်နိုင်ငံရွှေ့ ပြောင်း အလုပ်သမားရေးရာကျွမ်းကျင်သူများ၏ညှိနှိုင်းအစည်းအဝေးတွင် မြန်မာဘက်မှဆွေးတွေးတင်ပြနိုင်ရန်ရည်ရွယ်လျက်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
(မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်-ဦးမျိုးအောင်
မှထိုင်းနှင့်မြန်မာနှစ်နိုင်ငံအစည်းအဝေး တွင်တင်ပြမည့်အကြောင်းအရာများကိုရှင်းပြနေစဉ်)
ထိုင်းနိုင်ငံဆိုင်ရာသံအမတ်ကြီးဦးဝင်းမောင်ကအဖွင့်အမှာစကား ပြောကြားရာတွင်*သူ၏တစ်နေ့ အလုပ်ချိန်၁၂၀နာရီမှာ၈နာရီခန့် သည် မြန်မာရွှေ့ ပြောင်းအလုပ်သမားပြသနာအဖြာဖြာအတွက်ဖြစ်ခဲ့ကြောင်း၊ ဒို့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာမိမိကိုယ်ကျိုးအတွက် လာရောက်စီးပွားရှာကြသူတွေလို့ မသတ်မှတ်ပဲတတ်နိုင်သမျှကူညီကြရမှာ ဖြစ်ကြောင်း၊မြန်မာရွှေ့ ပြောင်းအလုပ်သမားအရေအတွက်အင်မတန် များပြားတဲ့ထိုင်းနိုင်ငံမှာအမှု၁၀ခုရှိရင်၂ခု၃ခုလောက်ကူညီနိုင်တာကိုက ပူးပေါင်းဆောင်ရွက်ကြခြင်းရဲ့ ရလာဒ်ကောင်းတွေဖြစ်ကြောင်း၊ဒီ့ ထက် ဆက်လက်ကူညီကြရမှာဖြစ်ကြောင်း၊အောက်ခြေကွင်းထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကိုစိတ်ဝင်တစားအားပေးထောက်ကူနေတဲ့ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်ကိုရော၊တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအသီးသီးကအကြီးအကဲတွေနဲ့ မြန်မာေ၇ွှ့ ပြောင်း အလုပ်သမားရေးရာNGOsတွေ၊လူမှုအသင်းအဖွဲ့ တွေကိုပါ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း* ပြောကြားသည်။ ယနေ့ အစည်းအဝေးနှင့်ပတ်သက်ပြီးဘန်ကောက်အခြေစိုက် *မြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ရက်(ဘန်ကောက်)မှဒေါါ်သက်သက်ဦး က*ဒီနေ့ အစည်းအဝေးလကပြီးခဲ့တဲ့လရန်ကုန်အစည်းအဝေးရဲ့  အဆက်ဖြစ်ပါတယ်။၆နှစ်ဗီဇာသက်တမ်းပြည့်အလုပ်သမားတွေဘ ဏ်စုငွေပြန်ထုတ်ယူဖို့ အခက်အခဲရှိတာရယ်၊HIVရောဂါပိုးရှိသူ တွေဟာတသက်စာ ဆေးဆွဲပြီးသောက်ရတဲ့အနေအထားမှာမြန်မာပြည်မှာMouပြန်ပြုလုပ်ရတဲ့ အတွက်နောက်တစ်ကြိမ်ပြန်ဖြစ်မယ်၊မဖြစ်မယ်မသေချာပဲသောက်ဆေး ပြတ်လပ်မယ့်ရောဂါသည်တွေကြောင်း၊အိမ်တွင်းမှုအလုပ်သမားတွေက ၆နှစ်ပြည့်ပြီးမလည်အပတ်ဗီဇာကြေး၁၉၀၀ဘတ်နဲ့ ပတ်စ်ပို့ စာအုပ်ကြီး ပြုလုပ်ပြီး၂လ၁ခါဗီဇာသက်တမ်းတိုးရပြီးငွေအပိုကုန်နေရတဲ့အကြောင်း၊ CI(မည်သူမည်ဝါဖြစ်ကြောင်းယာယီသက်သေခံအထောက်အထား) ထုတ်ပေးရင်အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်)မှာပါတဲ့အမည်နဲ့ မြန်မာနိုင်ငံ သန်းခေါင်စာရင်းထဲမှာပါတဲ့အမည်ဟာကွဲလွှဲနေရင်ထိုင်းဥပဒေအတိုင်း နစ်နာကြေးခံစားခွင့်ရယူနိုင်အောင်အမည်၂ခုတွဲထည့်ပေးဖို့ ကျမတင်ပြ ခဲ့ပါတယ်*ဟုပြောပြသည်။
 (မဲဆောက်ဒေသကြီးမှဦးမိုးကြိုး(JACBA) ရှင်းလင်းတင်ပြနေတာပါ။)
 (ခိုင်မာတဲ့အချက်အလက်တွေနဲ့ ထောက်ပြ ပြောဆိုနေသူ၁ဦးပါ။)
ဆက်လက်ပြီးတက်ရောက်လာကြသော့ မြန်မာေ၇ွှ့ ပြောင်း အလုပ်သမားရေးရာNGOsတွေ၊လူမှုအသင်းအဖွဲ့ တို့ ၏တင်ပြဆွေးနွေး ချက်များကိုမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြန်လည်ဖြေကြားသည်။ထိုင်း-မြန်မာနှစ်နိုင်ငံရွှေ့ ပြောင်း အလုပ်သမားရေးရာကျွမ်းကျင်သူများ၏ညှိနှိုင်းအစည်းအဝေးကြီးကို ချွန်ဘူရီမြို့ တွင်ဖေဖော်ဝါ၇ီလ၁၂ရက်နှင့်၁၃ရက်များတွင်ဆက်လက် ပြုလုပ်မည်ဖြစ်သည်။
Read More...
Tuesday, December 1, 2015
**ပရဟိတစိတ်ထက်သန်သည့်ဝါရင့်အန်ဂျီအိုဝန်ထမ်းဆရာနေဦး အသက်ဆုံးခဲ့ရသည့်မဲဆောက်မြို့ က၁၄နှစ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ချီတက်ပွဲ နှင့်အခမ်းအနားမြင်ကွင်းစုံ**
ဟုတ်ကဲ့ပါ။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာ၁၄နှစ်သက်တမ်းရှိပြီဖြစ်တဲ့ *ကမ္ဘာ့ ခုခံအားလျော့နည်းကျဆင်းတဲ့နေ့ (World AIDS Day)စုပေါင်းလမ်းလျှာက်ချီတက်ပွဲ*ဟာအခုနှစ်မှာအင်မတန်ဝမ်းနည်းစရာ ကောင်းလှတဲ့ဖြစ်ရပ်တစ်ခုနဲ့ 
မနက်စောစောစီးစီးရင်ဆိုင်ကြုံတွေ့ ခဲ့ကြရပါတယ်။ ဒီကနေ့ စုပေါင်းလမ်းလျှာက်ချီတက်ပွဲ*မှာပါဝင်ဆင်နွှဲကြမယ့်လူ၅၀၀လောက်ဟာ မနက်စောစော(၈)နာရီမထိုးမီမဲဆောက်မြို့ နယ်ရဲစခန်းဟောင်းမှာစုရပ်အဖြစ်စုရုံး ကြရပါတယ်။အဲဒီနေရာမှာပဲဒီနေ့ မနက်(၇း၅၀)လောက်မှာဆရာနေဦးဟာ လမ်းလျှောက်ချီတက်မှုအစီအစဉ်အတွက်ဦးမိုးကြိုး(ဆရာမိုး)နဲ့  အခြား၃ဦးလောက်နဲ့ စကား၃ခွန်းလောက်ပဲပြောနေစဉ်မှာရုတ်တရက်လဲကျပြီး လှုပ်နိုးလို့ မရဖြစ်တော့တာပါပဲ။(အဖြစ်အပျက်ကအိပ်မက်လိုလို၊ကျည်ဆံရထား လိုလိုအလွန်မြန်လှပြီးမြင်ရသူတွေကြောင်စီစီဖြစ်ကြရပါတယ်။) ဒီလိုနဲ့ ဆရာနေဦးကိုလုပ်ဖော်ကိုင်ဖက်တွေကရောဂါရင်းကိုမသိပဲလှုပ်နိုးလို့  ရအောင်သတိပြန်ရအောင်အလျင်အမြန်ကူညီဆောင်ရွက်ကြပါသေးတယ်။ ဒါပေမယ့်...သူပြန်မနိုးတော့ပါဘူး။ထိုင်းကယ်ဆယ်ရေးကားနဲ့ ဆရာနေဦးကို မဲဆောက်မြို့ အထွေထွေရောဂါကုဆေးရုံကြီးကိုသယ်၊သူ့ ဇနီးကိုအမြန်ဆက်သွယ်၊ စတာတွေလုပ်နေကြရင်းလူ၅၀၀လောက်ကိုစုဝေးထားတာမို့ မူလဦးတည်ရာ စုပေါင်းလမ်းလျှာက်ပွဲကိုလည်းဟန်မပျက်အောင်ထိန်းသိမ်းဆောင်ရွက်ကြရပါတယ်။
(ဘာပဲဖြစ်ဖြစ်လမ်းလျှောက်ချီတက်ပွဲရဲ့ ၁၄နှစ်တာကာလအတွင်းဝမ်းနည်းကြေကွဲ စရာဖြစ်ခဲ့သလိုမူလကထိုင်းနိုင်ငံတော်သီချင်းကိုမနက်၈နာရီသီဆိုအပြီးမှာ စုပေါင်းလမ်းလျှောက်ချီတက်ပွဲစတင်တဲ့အလုပ်ဟာလည်းမိနစ်၄၀လောက် နောက်ကျခဲ့ရပါတယ်။)
ဒီလိုနဲ့ စိတ်မရွှင်မလန်းနဲ့ စုပေါင်းလမ်းလျှောက်ချီတက်ပွဲဆင်နွှဲကြသူ(၅၀၀) ယောက်လောက်ဟာ
ကမ္ဘာ့ ခုခံအားလျော့နည်းကျဆင်းတဲ့နေ့ (World AIDS Day)အခမ်းအနားကျင်းပမယ့်မယ်တော်ဆေးခန်းဆီကိုေ၇ာက်လျှင်ရောက်ချင်း မကြာမီမှာပဲတာဝန်ထမ်းဆောင်ရင်းရုတ်တရက်ကွယ်လွန်ရရှာတဲ့ ဆရာနေဦး(၃၈နှစ်WorldVision)အတွက်ဥိးမိုးကြိုး(ဆရာမိုး)။ စိုင်းနောင်။ချမ်းလင်းအေးတို့ ကစင်ပေါါ်မှာဝမ်းနည်းကြေကွဲ စကားအနည်းငယ်ပြောဆိုအပြီးမှာရှိရှိသမျှပရိသတ်အပေါင်းနဲ့ အတူ မတ်တပ်ရပ်ကာကြေကွဲမှု၁မိနစ်စာကိုဖော်ဆောင်ပေးခဲ့ကြပါတယ်။
အဲဒီနောက်မှာလူ့ ဘုံခန်းဝါရဲ့ သဘောသဘာဝအတိုင်းကံဇာတ်ဆရာရဲ့  အလိုတော်ကျအတိုင်းအခမ်းအနားကိုဆက်လက်ကျင်းပကကြပါတယ်။ ခါတိုင်းတစ်နည်ဒမဟုတ်တစ်နည်းစင်မြင့်အောက်မှာရော၊စင်မြင့်ပေါါ်တက်လို့ ပါ လောင်စိန်လုပ်
တတ်ကြသူတွေဟာဆရာနေဦးကိုလေးစားခင်မင်သမှု (၀မ်းနည်းမှုနဲ့အတူ)နဲ့ အသာအယာငြိမ်ကုတ်နေကြတာတွေ့ ရပါတယ်။ 
ဒီကနေ့ မှာမဲဆောက်မြို့ ဆေးရုံကြီးကတာဝန်ရှိသူတစ်ဦး၊မြ၀တီမြို့ ဘက်က IOMကျန်းမာရေးစီမံချက်ကဒေါက်တာထက်ကိုကိုအောင်စသူတွေရဲ့  အဟောအပြောတွေအပြင်HIVပိုးနဲ့ နေထိုင်သူ၂ဦးရဲ့ အတွေ့ အကြုံ၊ မြ၀တီကလာတဲ့သွပ်ပြားတို့ 
လိင်တူချစ်သူတွေရဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်တဲ့ကကွက်တွေ၊ဇာတ်လမ်းတိုတွေ စသဖြင့်ပရိသတ်တွေရှုစားကြရပါတယ်။ 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 
+သောင်ရင်းနဂါး+
Read More...
Friday, September 11, 2015
**ဒီနေ့ ထုတ်ဖားစည်သံသတင်းဂျာနယ်ပါသတင်း၁ပုဒ်**
==အလုပ်သမားဝန်ကြီးထံသို့မဲဆောက်အခြေစိုက်မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီမှအစိရင်ခံစာပေးပို့ ==
ကရင်ပြည်နယ်အတွက်တစ်ခုတည်းသောသတင်းဂျာနယ်ဖြစ်တဲ့ *ဖားစည်သံသတင်းဂျာနယ်*ပါသတင်း၁ပုဒ်ပါဗျ။ သတင်းထောက်-မင်းမြတ်ခန့် ကျော်ရဲ့ သတင်းတင်ဆက်မှုဖြစ်ပါတယ်။
Read More...
Wednesday, September 2, 2015
**မြန်မာပြည်တွင်းထုတ်စောင့်ကြည့်သတင်းဂျာနယ်နဲ့  ဖားစည်သံသတင်းဂျာနယ်မှာပါရှိတဲ့ မဲဆောက်ဒေသကြီး ၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်းလုပ်သားတွေရဲ့ ရေဘေးအလှူ**
အရေးအကြီးဆုံးလတ်ဆတ်တဲ့သတင်းတစ်ခုတော့ရှိပါတယ်။ ကျနော်တို့ မဲဆောက်ဒေသကြီး ၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်းလုပ်သားတွေရဲ့ ရေဘေးအလှူက ဒီသတင်းတွေမေးမြန်းတဲ့အချိန်မှာ၃၁သိန်းကျပ်ပဲဖြစ်ပြီးလက်ရှိ တကယ်တမ်းလှူမှာကအနည်းဆုံးမြန်မာငွေ၃၂သိန်းကျပ်ဖြစ်ပါကြောင်းး၊ ရုပ်ရှင်သရုပ်ဆောင်Wai Lu Kyawလက်ထဲထည့်သွင်းလှူဒါန်းနိုင်ဖို့ အချိန်ယူစောင့်ဆိုင်းနေကြတာ ဖြစ်ပါကြောင်း
ကြေညာမောင်းခတ်အပ်ပါတယ်။
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။
+မင်းသူ+ 
 Rest of your post
Read More...
Thursday, May 28, 2015
==မဲဆောက်မြို့ အထည်ချုပ်စက်ရုံအလုပ်သမား၁ဦးလုပ်အားခမရပဲ အလုပ်ဖြုတ်ခံရသဖြင့် ထိုင်းအလုပ်သမားရုံးတိုင်ကြား==
(ဓာတ်ပုံ--ထိုင်းအလုပ်သမားဝန်ကြီးဌာနအလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒိကန်-LPO)ရှေ့ မှာဒီနေ့ တွေ့ ရတဲ့ကိုသော် နဲ့ ဆရာမိုး)
+(မေလ၂၈ရက်၊၂၀၁၅-သောင်ရင်းနဂါး)+
မကြာခဏဆိုသလိုအလုပ်လုပ်ရပြီးလုပ်အားခမရတတ်ကြသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများရှိကြရာ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာအလားတူလုပ်အားခမရပဲအလုပ်ဖြုတ်ခံရသည့်ဖြစ်စဉ်တစ်ခုပေါါ်ပေါက်
ခဲ့သည်။။နေရာက မဲဆောက်မြို့ ငှေ့ မုရွာရှိTextအထည်ချုပ်စက်ရုံတွင်ဖြစ်သည်။
အဆိုပါအမှုနှင့်စပ်လျဉ်းပြီးကာယကံရှင်အလုပ်သမားကိုသော်က**မနေ့ ညကပဲအလုပ်ဖြုတ်ခံရတာပါ။
ကျနော်မကြာခဏ နေမကောင်းဖြစ်တိုင်းဆေါ်ရုံဆေးပေးခန်းရဲ့ အထောက်အထား(ဓာတ်မှန်ကစပြီး)
စက်ရုံရုံးခန်းကိုပူးတွဲတင်ပြပါတယ်။ ကျနော်တို့ စက်ရုံမှာအလုပ်ရှင်(ထိုင်း)အသိုင်းအ၀ိုင်းကဆက်ဆံရေးရိုင်းပျပါတယ်။
မနေ့ ညကအရက်တောင်မသောက်တတ်တဲ့ ကျနော့် ကို ဆေးသမားလို့ စွပ်စွဲဆဲဆိုပြီးအလုပ်ဖြုတ်ပစ်
လိုက်တာပါ၊ဒါကြောင့်JACBAဆရာမိုးဆီဆက်သွယ်ပြီးလုံးဝမပေး၇သေးတဲ့၂၀ရက်စာလုပ်ခလစာရယ်၊ ကျနော့် လုပ်သက်က၁နှစ်ရှိတာမို့ လုပ်သက်အလိုက်နစ်နာကြေး၃လရဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို
လာရောက်ဆက်သွယ်တိုင်ကြားရတာပါ** ဟုရှင်းပြသည်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်တရားဝင်စက်ရုံအလုပ်ရုံပေါင်း(၂၀၀)ကျော်ရှိပြီးတရားမ၀င်
အိမ်တွင်းမှုအလုပ်ရုံ(ခေါါ်)အိမ်ရုံငယ်ပေါင်း၁၀၀၀ကျော်ရှိသည်။ အဆိုပါတရားဝင်နှင့်တရားမ၉င်စက်ရုံများတွင်ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသောမြန်မာရွှေ့ ပြောင်း
အလုပ်သမားအများစုမှာထိုင်းအစိုးရကသတ်မှတ်ထားသောနေ့ စားခ(၃၀၀)ဘတ်နှင့်အချိန်ပို၁နာရီလျှင်
၅၆ဘတ်မရကြသော်လည်းကြိုတင်အကြောင်းမကြားပဲ(အလုပ်သမားဘက်ကိုမည်သည့်ပြင်ဆင်ခွင့်မှ
မပေးပဲ)ရုတ်တရက်ဆိုသလိုအလုပ်ဖြုတ်ပစ်မှုများမှာတိုးပွားဖြစ်ပေါါ်နေကြောင်း၊ထိုင်းအလုပ်သမား
ဝန်ကြီးဌာနအလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါဒိကန်-LPO)သို့ ရောက်ရှိသည့်အခါတွင်လည်းယခုစစ်အစိုးရသက်တမ်း၁နှစ်ကျော်အတွင်းနှေးကွေးသော
တရားစီရင်မှုကြောင့်ရွှေ့ ပြောင်းအလုပ်သမားများမှာများစွာနစ်နာရကြောင်း ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ကသုံးသပ်တင်ပြသည်။
Read More...
Thursday, March 5, 2015
==မဲဆောက်မြို့ မက်ပ်ရေဒီယိုမှထိုင်းတပ်မတော်ရေဒီယိုတစ်ခုကို ကွင်းဆင်းလေ့လာ==
**ရွှေ့ ပြောင်းတွေအတွက်
အရပ်ဘက်စစ်ဘက်
 ဘယ်ဘက်လာလာ
ဝင်သာလေအောင်
စွမ်းဆောင်နိုင်သော
 ဦးလူချော၊ဒေါါ်လူချောတို့ 
အပြောမဟုတ်
 အလုပ်သက်သေ
ရှုကြပါလေ...ရှုစမ်းဟေ...။**
+(မတ်လ၅ရက်၊၂၀၁၅-သောင်ရင်းနဂါး)+
ထိုင်း-မြန်မာနယ်စပ်=မဲဆောက်မြို့ ရှိ့ မက်ပ်ရေဒီယို(102.50MHz)မှ မဲဆောက်မြို့ တောင်ဘက်ရာ၄၄ကီလိုမီတာအကွာအဝေးရှိ-ရာခေလတိုက်နယ် ထိုင်းတပ်မတော်ရေဒီယိုတပ်စု(106.75MHz)သို့ ယနေ့ မနက်ပိုင်းက ကွင်းဆင်းလေ့လာခဲ့ကြသည်။
ယနေ့ ကွင်းဆင်းလေ့လာမှုနှင့်ပတ်သက်ပြီးမက်ပ်ရေဒီယို(102.50MHz)မှ ဒီဂျေဆရာဇော်..က**အင်မတန်ထူးခြားပါတယ်။ဘာဖြစ်လို့ လည်းဆိုတော့အခမဲ့ အကျိုးပြုရေဒီယိုတွေကိုထိုင်းစစ်ကောင်စီကခဏရပ်နားခိုင်းတာကျနော်တို့  မက်ပ်ရေဒီယိုတစ်ခုထဲအောက်မေ့တာ။ဒီ106.75MHzရောက်မှသူတို့ လည်းခဏ ရပ်ထားရတာပဲတဲ့။၁လရှိပါပြီတဲ့။ဆိုတော့ကာထိုင်းစစ်တပ်ကသူတို့ အုပ်ချုပ်နေတဲ့အချိန်မှာ သူတို့ ရဲ့ အခမဲ့ပညာပေးရေဒီယိုတစ်ခုကိုအရပ်ဘက်၊စစ်ဘက်မခွဲခြားပဲ ယာယီရပ်နားခိုင်းတာဟာအင်မတန်အတုယူစရာကောင်းတယ်။မိမိလုပ်ချင်ရာ လုပ်နိုင်ပေမယ့်တန်းတူညီမျှခြင်း(Equality)ဆိုတာကိုသူတို့ အလေးထားတယ်။ အရင်ထိုင်းနိုင်ငံမှာအကြိးဆုံးရေဒီယိုစာရင်းဝင်NBT(မဲဆောက်ဌာနခွဲ)တို့ ၊ ထိုင်းနဲ့ မြန်မာ၂ဘာသာလွှင့်တဲ့Blue FMတို့ ၊ခရစ်ယန်ဘာသာရေးရေဒိယို 106.5MHzစတာတွေကိုကွင်းဆင်းလေ့လာခဲ့ပြီးပါပြီ။ ကျနော်တို့ မက်ပ်ရေဒီယိုကနေ့ စဉ်မြန်မာရွှေ့ ပြောင်းလုပ်သားပရိသတ်အနည်းဆုံးး ၃-၄သောင်းရှိတယ်လေ။ဆရာမိုးနဲ့ ကျနော်တို့ အပတ်စဉ်ထုတ်လွှင့်နေတဲ့စနေနေ့  ဆိုရင်ပရိသတ်အများဆုံးနားထောင်ကြတယ်။စနေနေ့ မှာပရိသတ်အနည်းဆုံးး ၄-၅သောင်းရှိတယ်လေ။မဲဆောက်ဒေသမှာကမက်ပ်ရေဒီယှိုကလွဲလို့ ကျန်တဲ့ရေဒီယို ၁၁လုံးကထိုင်းဘာသာနဲ့ ထုတ်လွင့် တာချည်းပဲဖြစ်သလိုစီးပွားရေး လုပ်ငန်းကြော်ငြာတွေနဲ့ ပဲအဓိကရပ်တည်ကြတာပါပဲ။ဟောဒီထိုင်းတပ်မတော် ရေဒိယိုတပ်စု(106.75MHz)ကလည်းကျနော်တို့ လိုပဲအခမဲ့ပညာပေးဖြစ်တယ်။ ဘာအကျိုးအမြတ်မှမရယူပဲပညာပေးသက်သက်ပဲဗျ.။၁၀ကီလိုမီတာအကွာအဝေး ပျံနှံ့ နူန်းရှိတယ်ဆိုတော့ကျနော်တို့ ထက်တော့နယ်းတယ်။ဒါပေမယ့်အခါ အားလျော်စွာအခြား တိုင်းရင်းသားခွန်မုံ(မျှော့)၊အခါ၊လားဟူစတာတွေကိုထုတ်လွှင့်ခွင့်ပြုတဲ့အပြင် မြန်မာအလုပ်သမားတွေအတွက်အရေးကြီးတဲ့သတင်းအချက်အလက်တွေရှိရင် သူတို့ ဆီမှာလာလွှင့်ပေးဖို့ ဖိတ်ခေါါ်ထားပါတယ်...**ဟုရှင်းပြသည်။
ယနေ့ ကွင်းဆင်းလေ့လာရေးအဖွဲ့ မက်ပ်ရေဒီယိုဒီဂျေများမှာမန်နေဂျာဦးနော်ခမ်း၊ ဆရာမိုး၊ဆရာဇော်၊လေးဘွိုင်း၊ရောင်စဉ်၊ချမ်းလင်းဟိန်းထိုင်းဘာသာထုတ်လွှင့်သူ မိစ်အန်းန်၊အဘွိုင်းစသည်ဖြင့်၇ဦးပါဝင်သည်။
Read More...
Sunday, December 21, 2014
== မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီအလုပ်လုပ်ခွင့် လက်မှတ်ပြုလုပ်ပေးနေ==
+(ဒီဇင်ဘာ ၂၀ရက်၊ ၂၀၁၄ခုနှစ်-KICကရင်သတင်းစဉ် စဖန်းရှောင်း)+
ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရရန် ထိုင်းအစိုးရက ပြုလုပ်ပေးနေသည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်(ပန်း ရောင်ကဒ်) ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြုလုပ်သင့်ကြောင်း Migrant Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့ဝင်နှင့် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ပြော သည်။
 ၎င်းက “မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပန်းရောင်ကဒ်ကို လုပ်တဲ့ဦးရေက အကြောင်းအမျိုးမျိုးကြောင့် အရမ်းနည်း နေသေးတယ်။ အဲဒီကဒ်ကို မလုပ်ရင် ရသင့်တဲ့ အခွင့်အရေးကို ဆုံးရှုံးမယ်။ လုပ်ခဲ့ရင်တော့ အခွင့်အရေး အပြည့်အ၀ရမှာမို့ လုပ် သင့်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
 အဆိုပါကိစ္စများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့ရှိ Centara Maesot Hill Hotel တွင် ဒီဇင်ဘာလ ၁၈ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့)တွင် ကျင်းပခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားစိစစ်ရေး မူဝါဒ စီစဉ်ဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် ထိုင်း-မြန်မာနှစ်ငံတာဝန်ရှိသူများ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသော NGO များက နိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီ အလုပ်သမားလက်မှတ်လုပ်ပြီးလျှင် ဆက်လုပ်ရမည့် နိုင်ငံကူးလက်မှတ်စာ အုပ်ကြီးအကြောင်း၊ ဆေးရုံတွင် ဆေးဝါးကုသနိုင်မှု အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ကို ထိုင်းနိုင်ငံ တာ့ခရိုင် ၉မြို့နယ်အတွင်းရှိ ခန့်မှန်းမြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ(၄)သိန်း အတွက် သြဂုတ်လ ၄ရက်နေ့မှစတင်ကာ One Stop Service Centre (OSSC) ရုံးများ ဖွင့်လှစ်ကာ ပြုလုပ်ပေးခဲ့သော်လည်း ၄၁,၂၇၇ဦးနှင့် မိသားစုဝင် ၁,၃၁၂ဦးသာ လာရောက်မှတ်ပုံတင်သေးကြောင်း သိရသည်။
ထိုသို့ ကဒ်ပြုလုပ်သူ လျော့နည်းရခြင်းအပေါ် အလုပ်သမားအခွင့်အရေးအတွက် သင်တန်းများပေးနေသည့် National Catholic Commission on Migration=NCCM မှ ဆွေးနွေးပွဲတက်ရောက်သူ Project Officer စခန့်ကျော်ဇင်က ယခုလို ပြောသည်။ “အဓိက ကတော့ တာ့ခရိုင်အတွင်းမှာဆို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ လုပ်ခလစာ အရမ်းနည်းတယ်။ အလုပ်သ မားတွေရဲ့ အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတယ်။ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အမှုတစ်ခုဖြစ်မယ်ဆိုရင် အရမ်းလည်း ကြာတယ်။ ထိုင်းရဲတွေက သိပ်ပြီးမဖြေရှင်းပေးချင်ဘူး။ အဲဒီတော့ ရသင့်တဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရတဲ့ အခက်အခဲ တွေ ရှိနေတုန်းပဲဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
  မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယာယီအလုပ်လုပ်ခွင့်လက်မှတ် အပါအ၀င် ထိုင်းအစိုးရ သတ်မှတ်ထားသည့် အထောက်အထားများ ခိုင်လုံပါက မည်သူမျှ ဖမ်းဆီးနှောက်ယှက်၍ မရသလို တရားဝင် လုပ်အားခ၊ အလုပ်သမားဥပဒေအရ အကာအကွယ်ပေးမှုနှင့်အတူ ဘတ် ၃၀သာကုန်ကျရုံဖြင့် မည်သည့်ဆေးရုံဆေးခန်းတွင်မဆို လွတ်လပ်စွာ ဆေးကုသခွင့်ရမည် ဖြစ်သည်။ အဆိုပါ တနှစ်သက်တမ်းရှိ ယာယီအလုပ်သမားလက်မှတ်ပြုလုပ်မည်ဆိုပါက အရွယ်ရောက်သူတစ်ဦးလျှင် ၃၀၈၀ဘတ်၊ အသက် (၇)နှစ်မှ (၁၅)နှစ်အထိ ၂၁၈၀ဘတ်ကုန်ကျမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ပြီးပါက နိုင်ငံကူးလက်မှတ်ကို ထပ်မံပြုလုပ်ရမည် ဖြစ်သည်။ ထိုင်းအစိုးရက တစ်နိုင်ငံလုံးရှိ အထောက်အထားမရှိသော ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီ အလုပ်လုပ်ခွင့်လက် မှတ်(ပန်းရောင်ကဒ်)ကို နိုင်ငံတစ်ဝှမ်းလုံးမှ ခရိုင် ၇၇ခရိုင်တွင် လက်မှတ်ပေါင်း (၁၄)သိန်း ပြုလုပ်ပေးရန် ရည်မှန်းထားသော် လည်း ယနေ့အထိ ကဒ်ပြုလုပ်သူ (၆)သိန်းခန့်သာရှိသေးကြောင်း (JACBA)၏ စာရင်းများအရ သိရသည်။ 
 ကေအိုင်စီ - KIC News > သတင်း > မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပေးနေ
Read More...
Tuesday, September 9, 2014
==မဲဆောက်မြို့ ဂျဂွါ(စတီးလ်စက်ရုံ)ပြသနာထိုင်းအလုပ်သမားရုံးမှာ နှစ်ဦးနှစ်ဘက်သဘောတူစာချုပ်ချုပ်ဆိုပြီးစီးပါပြီ==
++မဲဆောက်မြို့ ဂျဂွါ(စတီး)စက်ရုံပြသနာကို နိဂုံးချုပ်ပေးကြသူတွေပါ။ဂျဂွါ(စတီး)စက်ရုံကအလုပ်သမားကိုယ်စားလှယ်၅ဦးနဲ့  ဆရာမိုး-ဒေါါ်လှသိန်း(JACBA)++
+(စက်တင်ဘာလ၉ရက်၊၂၀၁၄-သောင်ရင်းနဂါး)+
 ပြီးခဲ့တဲ့၂၀၀၅ခုနှစ်မှစပြီးအလုပ်သမားပြသနာ
(၁၀)ကြိမ်ြ်ဖစ်ပွားခဲ့ပြီး ၁၀ကြိမ်စလုံးမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ကထိုင်းဥပဒေနဲ့ အညီတောင်းဆိုပေးခဲ့ပြီး(၆)ကြိမ်မှာထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်ခရိုင်ခွဲအလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(LPO-ဆ၀ါဒီကန်)ရုံးမှာ ရှင်းလင်းနှစ်ဦးနှစ်ဘက်သဘောတူစာချုပ်ချုပ်ဆိုပြီးစီးတာချည်းပါပဲ။၎ကြိမ်ကတော့ အလုပ်ရှင်ကိုယ်တိုင်အလုပ်သမားတွေ နဲ့ တိုက်ရိုက်ထိတွေ့ ဆွေးနွေးပြီးပွဲပြီးသွားတာပါ။ဒီတော့မဲဆောက်မြို့ ဂျဂွါ(စတီးလ် စက်ရုံ)ဟာJACBAအဖွဲ့ ရဲ့ ပြသနာဖောက်သည်လို့ တောင်ကင်ပွန်းတပ်နိုင်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့အချက်၆ချက်ကိုအခြေခံတဲ့ နှစ်ဦးနှစ်ဘက်သဘောတူစာချုပ်ချုပ်ဆိုပြီးစီးခဲ့တာပါ။
(နှစ်ဦးနှစ်ဘက်သဘောတူစာချုပ်ချုပ်လက်မျတ်ရေးထိုးကြ)
ကဲ....ဂျဂွါ(စတီးလ်စက်ရုံ)ဖောက်သည်တွေရေ....တလက်စထဲနောက်တစ်ခါ ပြသနာကဘယ်တော့
ထပ်လာအုံးမှာလဲလို့ သူတို့ (စက်ရုံရဲ့ တူညီအစိမ်းဝတ်စုံ ဆင်မြန်းထားသူ၆ဦး)စက်ရုံကကြိုပို့ ကားပေါါ်တက်ခါနီးမှာဆရာမိုးကလူရင်းတွေမို့  စလိုက်တော့*လက်၅ချောင်းထောင်ပြီးနောက်၅လမှာ*လို့ ဖြေသွားတယ်ဗျ။
+သောင်ရင်းနဂါး+
Read More...
Tuesday, August 26, 2014
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် နယ်စပ်မြို့ သုံးမြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်
+(သြဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။နန်းဝေဖြိုးဇာ-ကရင်သတင်းစဉ်- KIC News)+
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီ လိတ်မြို့များတွင် သာမန်နိုင်ငံကူးလက်မှတ်(Passpost)ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောဆိုလိုက်သည်။
ယင်းနိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)၊ မှတ်ပုံတင်အိမ်ထောင်စုစာ ရင်း ယာယီနိုင်ငံကူးလက်မှတ်(ဘတ်)၊ အလုပ်လုပ်ခွင့်လက်မှတ်(Work Permit) စသည့်အထောက်အထားများ အဓိက လိုအပ် ကြောင်း၊ မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မရှိသူများအနေဖြင့် မိမိနေထိုင်ခဲ့သည့် နေရပ်တွင် ပြန်လည်ရယူရ မည်ဖြစ်ကာ ထိုသို့ပြန်ယူမည့်သူများကို သက်ဆိုင်ရာက ဦးစားပေး ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် အထောက်အ ထားပြ ထောက်ခံချက် ရယူနိုင်ကြောင်း သံရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ထောက်ခံချက်တင်ရင် အဓိက အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် နောက်ပြီး အထောက်အထားတွေပြည့်စုံရင် သံရုံးကိုလျှောက် လို့ရတယ်”ဟု ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံရုံးမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ အဆိုပါထောက်ခံချက်ဖြင့် မိမိရပ်ရွာမြို့များသို့ လွယ်ကူချောမွေ့စွာ ပြန်နိုင်ပြီး ထိုင်းနှင့် မြန်မာရဲများ၊ လူဝင်မှုကြီးကြပ်ရေးဌာနများ က ငွေကြေးတောင်းခံ၍ မရသလို အထောက်အထားများ ပြန်လည်ရရှိလာပါက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အထက်ပါ မြို့ သုံးမြို့၌ မြန်မာအစိုးရအစီအစဉ်ဖြင့် သာမန်နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်ကြီး Passpost)ကို လွယ်ကူစွာ ပြုလုပ်နိုင်မည် ဟု မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားရေးကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
 ၎င်းက “အနီရောင် ပတ်စပို့ကြီးလုပ်ဖို့ကို မှတ်ပုံတင်/အိမ်ထောင်စုစာရင်းက ရှိရမယ်။ အဲဒါတွေမရှိရင် ထိုင်းနိုင်ငံ မြန်မာသံရုံးက နေပြီး ဒီအလုပ်သမားက ထိုင်းနိုင်ငံမှာ တကယ်အလုပ်လုပ်တဲ့လူဖြစ်တယ်။ သူ့မှာ အလုပ်သမားလက်မှတ်လည်း ရှိပါတယ်။ သူ့ မှာ စာရွက်စာတမ်း မပြည့်စုံသေးတဲ့အတွက် အိမ်ထောင်စုစာရင်း အမျိုးသားမှတ်ပုံတင် လုပ်ပေးလိုက်ပါလို့ အဲလို ထောက်ခံ ချက်တွေကို ပေးလိုက်မယ်။ အဲဒီထောက်ခံချက်ကိုယူပြီး မိမိဒေသမှာ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ကို တစ်ရက်ထဲ လွယ်ကူ စွာပြန်လုပ်လို့ရတယ်”ဟု ဦးမိုးကြိုးက ပြောသည်။
လက်ရှိ မြန်မာမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မရှိသေးဘဲ မဟာချိုင်ဒေသတွင် အလုပ်လုပ်သည့် နန်းမိုင်မိုင်က “ကျမ အိမ် ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်မရှိဘူး။ အဲဒါကို မြန်မာပြည်မှာ ကျမကလေးတွေကို ကျောင်းပြန်ထားဖို့ ကျမမှာ ဘာမှမရှိလို့ ကလေးတွေကို ကျောင်းအပ်လို့မရဘူး။ ထိုင်းမှာ အလုပ်သမားကဒ်တော့ အကုန်ရှိတယ်။ အဲဒါကို အိမ်ထောင်စုစာရင်းလုပ်ဖို့ သံရုံးက ထောက်ခံချက်ပေးရင် ကောင်းမယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ယခင်က နိုင်ငံကူးလက်မှတ်ကို မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး ၁၅မြို့တွင်သာ သွားရောက်ပြုလုပ်ရသည်ဟု သိရပြီး ယခုအချိန် တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် လွယ်ကူစွာ လုပ်ပေးနိုင်ရန် မြန်မာအ လုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
 နန်းဝေဖြိုးဇာ ကေအိုင်စီ -
 KIC News http://www.kicnews.org
Read More...
Wednesday, June 25, 2014
==ထိုင်းစစ်အစိုးရရဲ့ ရွှေ့ ပြောင်းလုပ်သားများအပေါါ် လူ့ အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း===
ဇွန်လ၂၁ရက်နေ့ ထုတ်The Daily Elevenသတင်းစာပါသဘောထားအမြင် အချို့ ပါ။
Read More...
Thursday, March 6, 2014
===ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင်မြန်မာအလုပ်သမားတစ်ဦး အမှိုက်သိမ်းယာဉ်ပေါ်မှ ပြုတ်ကျပြီးသေဆုံး===
(ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှမြန်မာလုပ်သားအချို့ )
(ဖူးခက် မတ် ၅)
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး အမှိုက်သိမ်းယာဉ်ပေါ်မှ ပြုတ်ကျပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ၏သတင်းဌာနတစ်ခုဖြစ်သော မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြပါရှိကြောင်းဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association in Thailand(MAT)က ဆက်သွယ်ပြောကြားခဲ့သည်။ ဖြစ်စဉ်မှာ ဖူးခက်မြို့ ၀ိချစ်ရပ်ကွက် ဒါလားဆမွတ်ထောင်းန် စာသင် ကျောင်းရှေ့တွင် မြို့တော်စည်ပင် အမှိုက်သိမ်းယာဉ်ပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးကြောင်း သတင်းအရ ၀ိချစ်ရဲစခန်းမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြရာ အဆိုပါမြန်မာအလုပ်သမားမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း တာဝန်ကျရဲမှူး ဆာနစ်နူခုန်းက မီဒီယာများအားပြောကြားခဲ့ကြောင်း သိရသည်။
အမှိုက်သိမ်းယာဉ်မောင်း၏ထွက်ဆိုချက်အရ သေဆုံးသူမှာ မြန်မာ အလုပ်သမား ဦးမောင်ဝင်း(၅၁)နှစ်ဖြစ်ကြောင်းနှင့် အဆိုပါ အမှိုက်သိမ်း ယာဉ်နှင့် လိုက်ပါအလုပ်လုပ်ကိုင်နေသော အမှိုက်သိမ်းတာဝန်ကို ယူထားကြောင်းသိရပြီး ၎င်းင်းသည် နံနက် ၉ နာရီလောက်က စက်္ကူထုပ်များကို ကားခေါင်မိုးပေါ်သို့ တင်ဆောင်စဉ် ခြေချော်ကျပြီး မြေပြင်နှင့် ဦးခေါင်း ဆောင့်မိကြောင်း၊ ၎င်းကိုဆေးရုံပို့ရန် အခြားအလုပ်သမားနှင့်အတူ သယ်ဆောင်စဉ် သေဆုံးနေပြီဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ အဆိုပါသေဆုံးသူအား ဆေးစစ်ချက်ရယူရန်အတွက် ၀ချီရဆေးရုံသို့ ပို့အပ်လိုက်ကြောင်းနှင့် အမှိုက်သိမ်းယာဉ်မောင်းသူ (ထိုင်းနိုင်ငံသား)နှင့် အတူယာဉ်ပေါ်ပါရှိသည့် အခြားအလုပ်သမားတစ်ဦးကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဟု တာဝန်ကျရဲမှူး၏ ပြောပြချက်ကို ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်း သတင်းတွင်ဖော်ပြထားကြောင်း သိရသည်။
Ref---ယနေ့ ထုတ်ကြေးမုံသတင်းစာ
Read More...
Friday, February 21, 2014
==မဲဆောက်မြို့ ၀မ်းဒါးဖူးအထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၁၃ ဦး နစ်နာကြေး ဘတ် ၃ သိန်းရရှိ==
(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်၊အလုပ်သမားကာကွယ်ရေးရံးရှေ့ မှာ
ရစရာရှိသူတွေစုရုံးစုရုံးနဲ့ )
+ (ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၄၊ သောင်ရင်းနဂါး)+
ထိုင်းတရုတ် အလုပ်ရှင်မှ ကြိုတင်အကြောင်းမကြားပဲ အလုပ်ပိတ်သိမ်းပစ်ခဲ့သဖြင့် အလုပ်ပြုတ်ခဲ့ကြရသော ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ အမှတ်ရ ရပ်ကွက်ရှိ ၀မ်းဒါးဖူး(အရပ်အခေါ်-ဟန်ထိုင်း) အထည်ချုပ်စက်ရုံ မှ မြန်မာလုပ်သား ၂၁၀ ဦးအနက်၊ အလုပ်ရှင်ကို တရားစွဲဆိုခဲ့ကြသည့် မြန်မာလုပ်သား ၁၁၃ ဦးတို့သည် ယနေ့ နစ်နာကြေးအနေဖြင့် ထိုင်းနိုင်ငံသုံးငွေ ဘတ် ၃ သိန်း ရရှိကြကြောင်း သတင်းရရှိသည်။
(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်၊အလုပ်သမားကာကွယ်ရေးရံးရှေ့ မှာ
ရစရာရှိသူတွေစုရုံးစုရုံးနဲ့ )
အဆိုပါ စက်ရုံသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကြိုတင်အကြောင်းမကြားပဲ အလုပ်ပိတ်သိမ်းခဲ့သဖြင့် စက်ရုံရှိ မြန်မာလုပ်သား ၂၁၀ ဦးတို့မှာ အလုပ်ပြုတ်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်ခရိုင်၊အလုပ်သမားကာကွယ်ရေးရုံး၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့မှ စပြီး အလုပ်ရှင်ကို တိုင်ကြားခဲ့ကြရာ ယနေ့ (၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်) နေ့၌ အလုပ်ရှင်က နစ်နာကြေး ဘတ် ၃ သိန်းပေးရန် သဘောတူ ခဲ့ခြင်းဖြစ်၏။
(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်၊အလုပ်သမားကာကွယ်ရေးရံးဘေးကစောင့်ဆိုင်း
နားနေရာမှာရစရာရှိသူတွေစုရုံးစုရုံးနဲ့ )
ယနေ့ နစ်နာကြေးများရရှိမှုနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စာလှယ် မောင်နန်းဦးက “ကျနော်တို့ အလုပ်သမား ၁၁၃ ဦး ရှိရာမှာ တစ်ဦးကို (၂၆၅၅) ဘတ်စီ နစ်နာကြေးရကြပါတယ်။ ထိုင်းဥပဒေအတိုင်း ရင်ဆိုင်ပြီး နစ်နာကြေးရရှိမယ်ဆိုရင် ဘတ် (၁၈) သိန်းလောက် ရဖို့ရှိပါတယ်။ ဒါပေမယ့် အလုပ်ရှင်က မပေးလိုတာရယ်၊ ထိုင်းဥပဒေအတိုင်း ရင်ဆိုင်ရင် အချိန်ကာလ ၄/၅ နှစ် လောက်ကြာမှာ ရယ်ကြောင့် အခုရရှိတဲ့ ဘတ် ၃ သိန်းကိုပဲ လက်ခံလိုက်တာပါ။ မြန်မာသံရုံးက အလုပ်သမားသံမှူး ဦးကျော်ကျော်လွင်၊ JACBA ဆရာမိုးနဲ့အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောပြသည်။
 ဤ ၀မ်းဒါးဖူး အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော မီးဖောင်မျှောပွဲတော်နေ့ (လွိုင်းကထုံး) သည် ထိုင်းအစိုးရ၏ တရားဝင်ရုံးပိတ်ရက်ဖြစ်သော်လည်း စက်ရုံပိတ်မ ပေးသဖြင့် အလုပ်သမားများ ဆန္ဒပြခဲ့ရာမှ အလုပ်သမား ၁၇ ဦးကို ဦးစွာ အလုပ်ဖြုတ်ပစ်ခဲ့သည်။ သို့ရာတွင် အဆိုပါ ၁၇ ဦးက မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံးသို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA )မှ တဆင့် ဆက်သွယ်တိုင်ကြားခဲ့ရာ အလုပ်ရှင်က နစ်နာကြေး ဘတ် ၁ သိန်းခွဲ ပေးခဲ့ရသည်။ ထိုမှ တဆင့် မြန်မာအလုပ်သမား ၂၁၀ ဦးတို့က အလုပ်ရှင်နှင့် အလုပ်သမား စာချုပ်ပါအချက်အလတ်များကို မလိုက်နာသော အလုပ်ရှင်အား တရားစွဲဆိုပေးရန် မဲဆောက်မြို့ အလုပ်သမား ကာကွယ်ရေးရုံးတွင် တောင်းဆိုခဲ့ကြသည်။ နောက်ဆုံးတွင်မူ အဆိုပါ အလုပ်သမား ၂၁၀ ဦးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စက်ရုံ ပိတ်သိမ်းသည်ဟု အကြောင်းပြကာ အလုပ်ဖြုတ်ပစ်ရာမှ ယခုလို နစ်နာကြေးများ ဆက်ကာဆက်ကာ ပေးခဲ့ရခြင်းဖြစ်သည်။
(ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှအလုပ်သမားသံမှူးးဦးကျော်ကျော်လွင်ထိုင်းအလုပ်သမားဝန်ကြီးဌာန
 မဲဆောက်ခရိုင်အလုပ်သမားကာကွယ်ရေးရံးသိုရောက်ရှိစဉ်က)
 ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှအလုပ်သမားသံမှူးး
ဦးကျော်ကျော်လွင်သည်ယခုလဖေဖော်ဝါရီလ၁၁ရက်နေ့ ကထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်
၊အလုပ်သမားကာကွယ်ရေးရံးသိုရောက်ရှိကာ့ ရှောင်တခွင်ကွင်းဆင်းဆွေးနွေးခဲ့ရာတွင်´ဤ ၀မ်းဒါးဖူး အထည်ချုပ်စက်ရုံပြသနာသည်ပထမဦးစားပေးအကြောင်းအရာဖြစ်ခဲ့သည်။
(၁ယောက်ကို၂၆၅၅ဘတ်စီရကြပါသတဲ့ )
Read More...
Tuesday, February 18, 2014
==မြန်မာ ရွှေ့ ပြောင်းအလုပ်သမားများ အရေးပေါ်ဆက်သွယ်ရန် ဖုံးနံပါတ်များ==
(၁)UNIAP အရေးပေါ် ဖုံးလိုင်း - 080 456 5560 (မြန်မာဘာသာ)
(၂)လူကုန်ကူးမှု့ဆိုင်ရာ အကူအညီပေးရေးထိုင်းအစိုးရအဖွဲ့ -1300(ထိုင်းဘာသာ) (၃)ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးငှာန -02 245 6520 (ထိုင်းဘာသာ)
 (၄)ကလေးသူငယ် ပျိုရွယ်သူနှင့် အမျိုးသမီးများငှာန (ထိုင်းရဲ) 1191-0-512-2678 (ထိုင်း) (၅)လူကုန်ကူးမှု့တားဆီးနှိမ်နှင်းရေးအထူးအဖွဲ့(မြဝတီမြို့) 058 -50268 (မြန်မာ)
(၆)ရဲအုပ် ထွန်းထွန်း -089 706 3831(ဒုရဲအုပ်ကျော်မျိုးမြင့်) 083 626 7199 (မြန်မာဘာသာ) (၇)နေပြည်တော် ရဲတပ်ဖွဲ့ -067 412 666 (မြန်မာဘာသာ)
(၈)မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု့ကော်မတီ(မဲဆောက်) 087 849 6549 (မြန်မာ)
(၉)မြန်မာပြည်သားများကူညီကယ်ဆယ်ရေး(ရတ်စ်ထိုင်း-ဖောင်ဒေးရှင်း)034 434828(မဟာချိုင်)
(၁၀)ထိုင်းနိင်ငံမြန်မာနိင်ငံသားများအဖွဲ့(MAT) ဘန်ကောက်- 084 670 5727(မြန်မာဘာသာ)
(၁၁)MAP ဖောင်ဒေးရှင်း(ချင်းမိုင်)081 706 4468(မဲဆောက်) 055 536 657(မြန်မာဘာသာ)
(၁၂)C.A.R အဖွဲ့(ချွန်ဘူရီ- အချောင်ဆိပ်ကမ်း)081 0019 591(မြန်မာဘာသာ)
(၁၃)ဦးအောင်မင်း(RaksThai)ရတ်စ်ထိုင်းဖောင်ဒေးရှင်း-082 364 9918(မဟာချိုင်)
(၁၄)ဦးကျော်သောင်း(MAT)အဖွဲ့-084 670 5727 (ဘန်ကောက်-ဘန်ဘော်ဈေးအနီး)
(၁၅)ရေလုပ်သားများအကူအညီပေးရေးအဖွဲ့(ပင်လယ်ပျော်)
ကိုသူရ-083 305 7832(မြန်မာ)ဘန်ကောက် ရုံးဖုန်းနံပါတ် က ၀၂ ၆၇၂ ၉၀၉၉ နဲ့  ရန်ကုန်ရုံးက ၀၁ ၃၈၀ ၃၅၇
(၁၆)ဦးအောင်ကျော်(အလုပ်သမားအခွင့်အရေးကွန်ယက်)086 7555 337(မဟာချိုင်)
(၁၇)မဇာ-အလုပ်ရုံတွင်းထိခိုက်မှု့များကူညီရေးအဖွဲ့(HRDS) 086 756 0835
(၁၈)မြန်မာပြည်သားများကိုကူညီပေးနေသောဆရာတော်ဦးဇောတိက-082 495 6289
(၁၉)မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးကျော်ကျော်လွင်-086 7746825-083 981 2175
(၂၀)ရဲမင်း(RaksThai)ရတ်စ်ထိုင်းဖောင်ဒေးရှင်း-0867969 649-ကိုနိင်-0894119044(မဟာချိုင်)
 *ရဲမင်း (ခေတ္တ့=လူပြည်)*
Read More...
Wednesday, April 18, 2012
ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ
ဖုတ်ဖရမြို့နယ်၊ဘန့်ဟတ်ရွာ(မြန်မာတို့အခေါ်-၄၄ကီလိုမီတာ)
(ဧပြီလ ၁၈ရက်၊ ၂၀၁၂)
ဘန်ကောက်ပြည်နယ် ဒေသများမှ သင်္ကြန်တွင် ခေတ္တပြန်လာကြသော သားသမီးများက မတည်ပြီး ဒုလ္လဘရဟန်းခံနှင့်ရှင်ပြုပွဲ တစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်) ခရိုင် ဖုတ်ဖရမြို့နယ်၊ဘန့်ဟတ်ရွာ(မြန်မာတို့အခေါ်-၄၄ကီလိုမီတာ) အကြန့်ဝင်း တနေရာ၌ ယနေ့ကျင်းပကြရန်ရှိကြောင်း၊ ဒုလ္လဘရဟန်းတပါး၊ ကိုရင် ၅ ပါးအနည်းဆုံးပါဝင်ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဧပြီလ ၁၇ရက်၊ ၂၀၁၂)
ဖြစ်ရပ်၁။ ။ ထိုင်းနိုင်ငံတောင်ပိုင်းမှ ယာယီပတ်စ်ပို့နှင့် ဗီဇာပြုလုပ်ရန် မဲဆောက်သို့ ဆင်းလာကြရင်း အဖမ်းခံကြရသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၀) ဦး အနက် ၂ ဦး ယနေ့ မွန်းလွဲပိုင်းတွင် မဲဆောက်လ၀ကုအချုပ်ခန်း၌ သေဆုံးသွာားကြောင်း သတင်းရရှိသည်။ မဲဆောက်အခြေစိုက် အန်န်ဂျီအိုတစ်ခုက ဤသတင်းကြားသိရသဖြင့် သွားရောက်စုံစမ်းမေးမြန်းရာတွင် ၄င်းတို့မှာပင်တာဝန်ရှိသဖြင့် အလောင်းမြေကျသည်အထိ အစစတာဝန်ယူပါကြောင်း မဲဆောက်လ၀က ရုံးက ပြန်လည်ပြောကြားကြောင်း အန်န်ဂျီအိုနှင့် လိုက်ပါသွားသော စီဘီအိုတစ်ဦးဖြစ်သူ သကိုးသီဟဇော်က ပြောကြားသည်။ (မြန်မာပြည်သားသတင်းစဉ်)
>ဖြစ်ရပ်၂။။ ၆၅နှစ်နှင့် အထက် သက်ကြီးဝါကြီး (၇၀၀) ခန့်ကို ပူဇော်ကန်တော့ကြသော ၁၂ ကြိမ်မြောက် စုပေါင်းသက်ကြီး ပူဇော်ပွဲအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ စီဒီစီအထကကျောင်း၌ ယနေ့ကျင်းပသည်။ ဤအခမ်းအနားကျင်းပနိုင်ရန်အတွက် ဆရာမဒေါက်တာစင်သီယာမောင်နှင့် ကျင်းပရေးကော်မတီဝင်များက ဒေသတွင်းရှိ အန်န်ဂျီအိုများ၊ စီဘီအိုများ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ လှူဒါန်းငွေများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဧပြီလ ၁၆ရက်၊ ၂၀၁၂)
ယနေ့သည် ထိုင်းသင်္ကြန်အတက်နေ့ ဖြစ်သည့်အားလျော်စွာ တနှစ်ပတ်လုံးညစ်ထေးခဲ့သည်များကို ဆေးကြောသည့်အနေဖြင့် မဲဆောက်မြို့လုံးကျွတ်ရေဆေးကြော သန့်စင်ခြင်းပွဲတော်ကို အကြိမ် ၂၀ မြောက်အဖြစ် မဲဆောက်စည်ပင်သာယာရုံးမှ ကြီးမှူးပြီးအလှပြယာဉ် ၁၀ စီး၊ ထိုင်းရိုးရာယဉ်ကျေးမှု ယာဉ်၃၀စီး ပါဝင်ပြီး၊ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဧပြီလ ၁၅ရက်၊ ၂၀၁၂)
ထိုင်းသင်္ကြန်ဒုတိယအကြတ်နေ့
(ဧပြီလ ၁၄ရက်၊ ၂၀၁၂)
ထိုင်းသင်္ကြန်ပထမအကြတ်နေ့
(ဧပြီလ ၁၃ရက်၊ ၂၀၁၂)
ထိုင်းသင်္ကြန်အကျနေ့
(ဧပြီလ ၁၂ရက်၊ ၂၀၁၂)
---ထိုင်းသင်္ကြန်အကြိုနေ့--
ဖြစ်ရပ်၁။ ။ ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် မယ်ရမတ်မြို့နယ် မယ်ချရောင်းတိုက်နယ်၊ ဆမ်ပါလိုက် ကျေးရွာပြောင်းခင်းတနေရာတွင် ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူနှင့် ဆွေမျိုးတသိုက်ကသတ်ဖြတ်ခဲ့သော ရာဇ၀တ်မှုတခု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်)
ဖြစ်ရပ်၂။ ။ မလေးရှားကို မြန်မာအိမ်ဖော် အလုပ်သမားတွေ စေလွှတ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေးကို အကာကွယ်ပေးနိုင်မဲ့ အခြေခံ သဘောတူညီချက်တွေကို မလေးရှားအစိုးရနဲ့ ဦးစွာကတိက၀တ် ပြုထားဖို့လိုကြောင်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia အဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရကို ပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။(RFA)
ဖြစ်ရပ်၃။ ။ နိုင်ငံတကာ အလှူရှင်များအနေနှင့် ပြည်တွင်းထဲသို့ ပံ့ပိုးကူညီမူများ တိုးမြှင့်ပြုလုပ်နေချိန်တွင် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မူများကို လျှော့ချ၊ ဖြတ်တောက်ခြင်းများအပေါ် စိုးရိမ်သည်ဟု ထိုင်း-မြန်မာ နယ်စပ် နယ်စပ်ဒေသတလျှောက် လှုပ်ရှားနေသည့် လူမူကူညီရေးအဖွဲ့ ၃၆ ဖွဲ့က ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ကရင်ပြည်နယ်အတွင်း နယ်လှည့် ဆေးကုပေးနေသည့် ကျောပိုးအိတ်အဖွဲ့မှ ကိုမန်းမန်းက “အထူးသဖြင့် နော်ဝေအစိုးရက ချမှတ်ပေးတဲ့ အကူအညီတွေပေါ့။ လက်ရှိငြိမ်းချမ်းရေး ရန်ပုံငွေကိုပဲ ဦးစားပေးပြီး နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ဖြတ်တောက်မယ်လို့ သိနေရတယ်။ ကျနော်တို့အဖွဲ့ ရန်ပုံငွေ တချို့လည်း ရပ်သွားတာမျိုးရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။(ဧရာဝတီ)
(ဧပြီလ ၁၁ရက်၊ ၂၀၁၂)
ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။
ယနေ့မနက် ၇နာရီအချိန်တွင် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာခဲ့ပြီး နေ့လည် ၁၂နာရီဝန်းကျင်းတွင် နယ်စပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယခုခရီးစဉ်အပေါ် အားရပ်ကျေနပ်မှု ရှိသည်ဟု ဆိုသည်။(KIC)
(ဧပြီလ ၁၀ရက်၊ ၂၀၁၂)
မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
(နိရဉ္စရာ)
(ဧပြီလ ၁၀ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ရောက်ရှိနေကြသော မဲဆောက်ဒေသမှ လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၂ ဦးတို့သည် ယနေ့တွင် ထိုင်းနိုင် ဘန်ကောက်မြို့လယ်တစ်နေရာ၌ကျင်းပသော တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏မိသားစုဝင် ကလေးများနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေး ကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
ဖြစ်ရပ်၂။ ။ မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ထွန်း မှုများ ကမ္ဘာ့ မျက်နှာစာ၌ ပွင့်လင်း မြင်သာ လာသည်နှင့် အမျှ နိုင်ငံရပ်ခြားသို့ တရားဝင်ရော၊ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား များအား ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆွဲဆောင်လျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ အလုပ် သမားများ အများဆုံး ဝင်ရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် လုပ်သား ပြတ်လပ်မှုအား ကြိုတင် ပြင်ဆင် ထားကြရန် စက်မှု လုပ်ငန်း ကြီးများမှ ထိုင်းမီဒီယာ များသို့ ထုတ်ဖော် ပြောကြားထားပါသည်။
kanyong လျှပ်စစ် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ supachai sarethsathian ကမူ “ကျွန်တော်တို့ ထိုင်းနိုင်ငံအတွက်တော့ အခု ကြုံတွေ့ နေရတဲ့ လုပ်သား ပြတ်လပ်မှု ပြသနာဟာ ရေရှည်မှာ ပိုမို ဆိုးရွားလာဖွယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာ လုပ်သားတွေ နေရပ်ပြန်တာပေါ့။ နောက်တစ်ခုက ထိုင်းပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍတွေရဲ့ ထုတ်ကုန်တွေ ဈေးမြင့်လာတာနဲ့အမျှ စက်မှုလုပ်ငန်း လုပ်သားတွေလည်း စိုက်ပျိုးရေး ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ဆွဲဆောင်တဲ့ အချက်ဖြစ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထိုင်းပြည်တွင်း မီဒီယာများအား ပြောကြား သွားပါသည်။( ရွှေဟင်္သာ သတင်းဌာန)
ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင်က ပင်လယ်စာ စက်ရုံတွင် လစာနည်းသည့် အတွက် တိုးပေးရန် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ် သမားများက ယမန်နေ့က ဆက်လက် ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ထိုဒီစက်ရုံမှ မြန်မာ အလုပ် သမားတဦးက ပြောပါသည်။
ပင်လယ်စာ ထုတ်လုပ်သည့် ဆဖတ်ထနာ စက်ရုံတွင် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ ခန့် အလုပ်လုပ် ကိုင် နေပြီး လုပ်ခ လစာနှင့် အလုပ်သမား ရပိုင်ခွင့်တွေ အတွက် တပါတ်ခန့် ဆန္ဒပြနေကြခြင်း ဖြစ်ပါသည်။
အာဏာပိုင်များကလည်း ဆန္ဒပြမှုကို ထိမ်းသိမ်းသည့် အနေဖြင့် သေနတ်သံဖေါက်ပြီး ထိမ်းသိမ်းခဲ့ရသည်ဟု အလုပ်သမား များကဆိုပါသည်။ဆန္ဒပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံး ပါဝင်ပြီး ယမန်နေ့က ဆန္ဒပြမှုမှာတွင် မြန်မာ အလုပ်သမား ၄၀၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။ အလုပ်သမားများသည် တရားဝင် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး စာချုပ်ပါ သဘောတူညီ ချက် အတိုင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများကို လုပ်ဆောင်မှု မရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ပါသည်။
( ရွှေဟင်္သာ သတင်းဌာန)
(ဧပြီလ ၉ရက်၊ ၂၀၁၂)
ဆယ်စုနှစ် နှင့်ချီပြီး တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးပါတီဝင်ခွင့် ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး မလေးရှားပါလီမန်က ယနေ့ပယ်ဖျက်လိုက်သည်။ သို့ရာတွင် တက္ကသိုလ်ကျောင်းသားများအနေဖြင့် နိုင်ငံရေးပါတီဝင် ရိုးရိုးအဖြစ်သာ ပါတီဝင်နိုင်ပြီး ခေါင်းဆောင်နေရာ ပါဝင်ခွင့်နှင့် ကျောင်းသားသမဂ္ဂများတွင် ခေါင်းဆောင်မှု ရယူခွင့်ကို ပိတ်ပင်မြဲပိတ်ပင်ထားကြောင်း သိရသည်။ (RFA)
(ဧပြီလ ၈ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်အေ ခြ စိုက် ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။ ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။
မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ (VOA)
(ဧပြီလ ၆ရက်၊ ၂၀၁၂)
ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ဧပြီလ ၁-၂ ရက်နေ့များက မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ဗုဒ္ဓဘာသာနှင့် ခရိယာန်ခေါင်းဆောင်များ၊နိုင်ငံရေး သမားများနှင့် DKBA ခေါင်ဆောင်များ ပါဝင်ဖွဲ့စည်းလိုက်သော ကလူထူးဘော ကရင်အစည်းအရုံး KKO ၏ မူနှင့် လိုက်လျောညီထွေ ရှိစေရန် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးစောလုံ့လုံက ပြောသည်။(မဇ္စျိမ)
(ဧပြီလ ၅ရက်၊ ၂၀၁၂)
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲကို မနေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNLA တပ်မဟာ ၅ ရဲ့ စစ်ရေးပြကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြနှယ်စိမ်းစိမ်း (အင်းစိန်)
(ဧပြီလ ၄ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)က အနာဂတ်တွင် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နိုင်ရန် ရည်ရွယ်၍ ကလို့ထူးဘော ကရင်အစည်းအရုံး Klo Htoo Baw Karen Organization (KKO)ဟု ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။KKO ဖွဲ့စည်းခြင်းကို ယခုလ ၁ ရက်နှင့်၂ ရက်နေ့က ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာ သူးမွဲခီး ဘုန်းတော်ကြီး ကျောင်းတွင် ညီလာခံခေါ်ယူ၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေး ဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး အပါအ၀င် စုစုပေါင်းဌာန ၁၄ ခု ပါရှိမည်ဖြစ်ကြောင်း KKO တွဲဖက်အတွေင်းရေးမှူး ၂ စောလုံ့လုံ က ပြောသည်။( ဧရာဝတီ)
ဖြစ်ရပ် ၂။ ။ မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၁ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။
ယခုလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်တွင် KNUအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့်ကိစ္စ၊ နယ်မြေဖြတ်သန်းသွားလာခွင့်ကိစ္စနှင့် နယ်မြေပိုင်းခြားသတ်မှတ်ခြင်း ကိစ္စရပ်များကို၊ ပြည်နယ်အဆင့်အနေဖြင့် ထပ်မံဆွေးနွေးရန်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ဘားအံမြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။ သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
Read More...
Monday, April 16, 2012
မြို့လုံးကျွှတ် သန့်စင်ခြင်း မင်္ဂလာမဲဆောက်မှာကျင်းပ
ဟုတ်ကဲ့ပါခင်ဗျာ။ ထိုင်းသင်္ကြန်နဲ့ မြန်မာသင်္ကြန်ရက်သတ်မှုကတရက် ကွာခြားတာမို့ ထိုင်းနှစ်ဆန်းတစ်ရက် (မြန်မာတွေ အနေနဲ့ဆိုရင် မြန်မာသင်္ကြန်အတက်နေ့)မှာပဲ မြို့လုံးကျွတ် ရေဆေးကြောခြင်း (၀ါ) မြို့လုံးကျွတ် သန့်စင်ခြင်း မင်္ဂလာအခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ယနေ့ကျင်းပကြတာတွေ့ရပါတယ်။ ဒီနှစ်အဖို့ မြူနီစီပါယ်ရုံးက ထုတ်ပေးတဲ့ ဇင်ပြာအင်္ကျီတွေဝတ်လို့ပေါ့။ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ဆယ်ခုနှစ် နှစ်ခုလောက် ကျင်းပလာကြတဲ့ ဒီမင်္ဂလာပွဲမှာ နှစ်စဉ်မပျက် တက်ကြွစွာပါဝင်ခဲ့ကြတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေဖြစ်ကြတဲ့ (၀ပ်ပါကောင်(ခ) တောရကျောင်း၊ ၀ပ်ပါမိုင် (ခ) ကျောင်းသစ်ကျောင်း၊ မယ်တော်ကျောင်း၊ ၀ပ်တာ့(မ်) အာန်ကျောင်း )စတာတွေ မပါဝင်တာပါပဲ။
အဲဒီလို မြန်မာဘုန်းတော်ကြီးကျောင်း အများစုမပါဝင်ပေမယ့်၊ ၀ပ်လွမ်(ခေါ်) ကျောင်းကြီးကျောင်း၊ ၀ပ်မဏိကျောင်း၊ ၀ပ်အလန်းကျောင်း စတဲ့ ထိုင်းဘုန်းကြီးကျောင်းတွေက စီစဉ်တဲ့ အလှပြယာဉ်တွေမှာ မြန်မာသင်္ကြန်ယိမ်းအကအဖွဲ့တွေ၊ ဒိုးပတ်အဖွဲ့တွေ ပါသေးလို့ တော်သေးတာပေါ့။ နို့မဟုတ်ရင် မဲဆောက်မြို့နေ လူထုရဲ့ လူများစုကြီးဖြစ်တဲ့ မြန်မာပြည်သားတွေဟာ မိမိတို့ရဲ့ သင်္ကြန်ရနံ့ကို ထိုင်းသီချင်းတွေ၊ ထိုင်းအကတွေနဲ့ပဲ ပြီးရတော့မလို့ ...။
*(မဲဆောက်မြို့၊ ယာဉ်ထိန်းရဲဌာနအနီး တစ်လမ်းမောင်းကွေ့က မြင်ကွင်း--
မီးသတ်ကားနဲ့ အလှပြကားများအပြိုင်ပေါ့*)
ကဲ…. ပြောနေတာကြာပါတယ်။ ဟောဒီ ဓာတ်ပုံတွေကို ရှုစားလိုက်ကြပါဦး…..။ ။
** ထိုင်းယဉ်ကျေးမှုအတိုင်း ရိုးရာဝတ်စုံ များနဲ့ မြန်မာအလုပ်သမလေးများ**
**မဲဆောက်မြို့ မြူနီစီပါယ်ရုံး အရာရှိမှ မင်္ဂလာစကားပြောကြားနေစဉ်**
*(မဲဆောက်မြို့၊ နာရီစင်အ၀ိုင်း၊ မဟာပိန္နဲနတ်စင်အနီးက ကကြခုန်ကြပွဲ)*
*(မဲဆောက်ဈေးကြီးအနီး ရောက်တော့အပေါ်က စတိတ်ရှိုး၊ အောက်ကရှိတ်တဲ့အမျိုးတွေ)*
**သောင်ရင်းနဂါး**
Read More...
Wednesday, April 11, 2012
ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
(မဲဆောက်ဒေသမှ CBO များ ဘန်ကောက်မြို့တော်မှာ အမှတ်တရ စုပေါင်းဓါတ်ပုံ)
**(ဘန်ကောက်၊ ဧပြီလ ၁၁ ရက်၊ ၂၀၁၂)**
ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တနေရာ၌ ယမန်နေ့က ကျင်းပသည်။
ဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၊ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများ၏အဖွဲ့အစည်း (IOM) ၊ (ADRA-Thailand) ၊ (USAID Department of Employment ၊ Migrant working Group (MWG) တို့မှဦးစီးကျင်းပခြင်းဖြစ်သည်။
(မဲဆောက်ဒေသမှ တက်ရောက်လာသော လူထုအခြေပြုအဖွဲ့အစည်း (CBO) ကိုယ်စားလှယ်များ၊)
ဆွေးနွေးပွဲသို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းအမျိုးသားလုံခြံရေးကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘန်ကောက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းများသာမက၊ မဲဆောက်မြို့အခြေစိုက်လူထုအခြေပြုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် (၁၂) ဦးတို့သည်လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
(ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်မှ အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားနေစဉ်)
ဆွေးနွေးပွဲတွင် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ အကြောင်းချင်းရာပေါင်းစုံကို ခြံငုံသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့တက်ရောက်လာသော ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ(NSC)၀င်နှင့် ထိုင်းနိုင်ငံဥပဒေပြုအဖွဲ့ဝင် လူကြီးမင်းက ထိုင်းနိုင်ငံဥပဒေတွင် ခွင့်ပြုထားသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏ကလေးများနှင့်စပ်လျဉ်းသည့် ထိုင်းနိုင်ငံစည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ ထိုင်းနိုင်ငံဥပဒေတွင်ခွင့်မပြုထားသော စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ အသေးစိတ်ရှင်းလင်းတင်ပြသွားသည်။
(မဲဆောက်ဒေသမှ တက်ရောက်လာသော လူထုအခြေပြုအဖွဲ့အစည်း (CBO) ကိုယ်စားလှယ်များ၊)
ထို့အပြင်ထိုင်းအလုပ်သမားဝန်ကြီးဌာန၊အလုပ်ကိုင်ရှာဖွေရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ခွန်း….က
လည်းထိုင်းအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုထားသော ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တော် လူဝင်မှုကြီးကြပ်ရေးဌာနမှ လ၀ကရဲ ဒုတိယဗိုလ်မှူးကြီးက ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေ (BE – 2522) တွင်ပါဝင်သောလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ၄င်းကပင် လ၀က ရဲများ၏လာဘ်စားမှုများကို အလုပ်များ၍ ၀င်ငွေနှင့်မလုံလောက်သောကြောင့် အချို့နယ်စပ်ဒေသမှ လ၀ကရဲများသည် လာဘ်စားနေကြရသည်ဟု ထင်မြင်ပါကြောင်း ဟာသနှော၍ပြောဆိုသွားသည်။ ထို့အပြင် ထိုင်းနိုင်ငံခြားဝန်ကြီးဌာန၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းကျန်းမာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များကလည်း မိမိတို့နှင့်သက်ဆိုင်သောဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြသွားသကဲ့သို့ တက်ရောက်လာသူများ၏သိရှိလိုသော မေးခွန်းများကိုလည်း ဖြေကြားသွားကြသည်။
(ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီဝင်နှင့် ထိုင်းနိုင်ငံဥပဒေပြုအဖွဲ့ဝင် လူကြီးမင်းမှ ရှင်းလင်းဆွေးနွေးနေစဉ်)
(ထိုင်းနိုင်ငံဘန်ကောက်မြို့တော် လူဝင်မှုကြီးကြပ်ရေးဌာနမှ လ၀ကရဲ ဒုတိယဗိုလ်မှူးကြီးမှဟာသနှော၍ပြောဆိုနေစဉ်)
(မဲဆောက်မှသည် ဘန်ကောက်ဆီသို့ မဲဆောက်ဒေသမှ CBO များခရီးတထောက်အမှတ်တရ၊)
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး
*
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)