ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label တဘောင်. Show all posts
Showing posts with label တဘောင်. Show all posts

Friday, April 13, 2012

သင်္ကြန် သံချပ်ပါ


ဓါတ်ငွေ့ သိုက်ကြီး ဖင်ခုထိုင်.(ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)

ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို့ ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)

မီးခွဲတမ်းကို စောင့် ရတာ..(လေးသင်္ချေ နဲ့  ကမ္ဘာ တသိန်း)

ဝါယာရှော့ တွေ..ကြောက်စရာ…(ဈေးကြီးတွေ ရေ…သတိ..သတိ)

ဈေးသစ်ဆောက်ဖို့ ..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)

သူများမျက်ရည်..ချွေးနည်းစာ.. (မညှာ မတာ..သူတို့ ခြေဆေး)

အသက်ငင်နေတဲ့  မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို့ တဲ့ )

ပိုလျှံ နေလို့ ..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ့ ပါးစပ်ကြီး)၂

သူ့ ဇနီးနဲ့  သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂

ဟေ့ ..စိန်လား…ဟေ့ …ရွှေလား..

(ငါ့ ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)

ဟေ့လား..ရွှေတို့ ဝါး..။



မူရင်းရေးသူမသိပါ။

Read More...

Friday, May 20, 2011

တဘောင်


ငှက်ကျတော့လယ်တီ
လယ်တီတော့ထွန်ဆင်း
ထွန်ဆင်းတော့ မိုးရွာတယ်လေ
ဒီတခါရွာတဲ့ မိုးချိုးဖြစ်အောင်ချိုးတဲ့ 
တချို့ ကလဲ မိုးရေမချိုးချင်ဘူးဆိုတော့
မိုးရွာတော့ဖားအော်တယ်လေ
ဖားအော်သံလေးနားထောင်ကြတယ်ပေါ့

ငှက်ကျ ငှက်တွင်းဆရာတော်ဘုရား
လယ်တီ လယ်တီဆရာတော်ဘုရား
ထွန်ဆင်း
ထွန်ထောင်ဆရာတော်


စွန်းလွန်းဆရာတော်
မိုး
မိုးကုတ်ဝိပသသနာ
လေ
တချို့ ကလဲ မိုးမချိုးချင်ဘူးဆိုတော့ မိုးရွာတော့ဖားအော်တယ်လေ
ဖားအော်သံလေးနားထောင်ကြတယ်
ဖားအောက်တောရကိုပြောတာပါ



**Myo Oo**


Read More...

Wednesday, November 3, 2010

မြန်မာပြည်က ပေးပို့လာတဲ့ တဘောင်စာ...


မြန်မာပြည်ကနာမည်ကျော် ဝေဒပညာရှင် တစ်ဦး ပေးပို့လာတဲ့ တဘောင်လေးတစ်ခုကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ ကျွန်တော် မြန်မာပြည် အနယ်နယ်အရပ်ရပ်နဲ့ မဇ္ဈိမဒေသတွေမှာ ဘုရားတည်.. ကျောင်းဆောက်နေတဲ့ မြန်မာအမျိုးသမီးကြီး တစ်ဦးပေးပို့လာတဲ့ တဘောင် စာသားလေးကို ပေးပို့လာပါတယ်..။ အားလုံးမြင်ဘူး ကြားဘူးကြမှာ မဟုတ်ပေမယ့် ဒီတဘောင်ကို ဆက်ပြီးဖြန့်ပေးပါလို့ သူကကျွန်တော့်ကို တိုက်တွန်းသွားပါတယ်.... ။ ကျွန်တော်တို့ နိုင်ငံမှာ လာမယ့်ရက်ပိုင်း လပိုင်းအတွင်းမှာ အကြီးအကျယ် အပြောင်းအလဲတွေနဲ့ ကြုံတော့မယ်လို့ အဲ့ဒီအမျိုးသမီးကြီးက ပြောပြတယ်လေ.. အုပ်ချုပ်မင်းလုပ်သူ တစ်ယောက်ရဲ့ နောက်ဆုံး အချိန်လို့ ပြောလို့ ရတဲ့ အချိန်ကို ရောက်နေပြီတဲ့။ နောက်အခုလက်ရှိ အုပ်ချုပ်မင်းလုပ်သူက တဘောင်တွေ ဘာတွေ ထွက်လာရင် ကြောက်လည်းကြောက် ယုံလည်းယုံတယ်တဲ့.. ကိုဒီမိုရဲ့ သတင်းဘလော့(ဂ်)နဲ့ မဆိုင်ပေမယ့် ဒီတဘောင်ကို အများသိစေဘို့ ဖော်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်..။ တဘောင်ကတော့..

**ရွှေလရယ်သာ...
မောင်ဘယ်က လာသတုန်း....
ထိုင်စရာဖျာမရှိ၊
ရော့ဟဲ့ ငါ့...တုံး....

**ထိုင်သာထိုင်
ပိုင်တယ်လို့ ထင်သလား
ဒီနှစ်ခါ တန်ဆောင်မုန်း
ပေးဟဲ့ ငါ့....တုံး..
အထက်ပါ တဘောင်ကို ပေးတဲ့ ဆရာက အကြမ်းဖျဉ်း ပြောပြသွားတာတော့ .. ယခုလက်ရှိ မင်းလုပ်အုပ်ချုပ်သူဟာ အခုလို ၁၉၉၂ ခုနှစ် မှာအာဏာကို ရရှိခဲ့တာ ဖြစ်ပြီး ပေါင်းရင် ၁+၉+၉+၂=၂၁= ၃ဂဏန်းရရှိပြီး ယခုနှစ် ၂၀၁၀ဟာလည်း ၃ဂဏန်း ရရှိတဲ့ နှစ်ပါတဲ့..။ ဒါကြောင့် သူဟာလက်ရှိအာဏာကို ဆက်ပြီး ဆွဲကိုင် လိုတာကြောင့် ဒီဂဏန်းကို အတင်းအကြပ် ရအောင်လုပ်ယူနေတာပါတဲ့..။ အခြေအနေ ကံအကြောင်းကြောင့် ကိုယ်လာတဲ့ အရပ်ကိုယ်မသိပဲ အကုသိုလ် ကံတွေ ဆက်တိုက်ကျူးလွန် နေတဲ့ အတွက် သူလက်ရှိထိုင်နေတဲ့ နေရာကိုလည်း အပိုင်လို့ထင်နေခဲ့တာပါတဲ့..။ သူ့ရဲ့ကံဟာလည်း ဒီနှစ်နောက်ဆုံးပါတဲ့..

ဒါကတော့ အကြမ်းဖျဉ်းပါ.. တခြားထက်ပြီး ပေးပို့လာတဲ့ အထဲမှာ ပါတဲ့ ကျွန်တော်တို့ လိုက်မမှီ မတွေးခေါ်နိုင်တဲ့ မမြင်ရတဲ့ အကြောင်းအရာတွေကိုတော့ မဖော်ပြတော့ပါဘူး..။ တိုက်တိုက်ဆိုင်ဆိုင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာလည်း မြန်မာပြက္ခဒိန်အရ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့ပါပဲ..။ ဘာပဲဖြစ်ဖြစ် လောကကြီးမှာ ကိုယ်မမြင် မသိတဲ့ အကြောင်းအရာတွေကို မရှိနိုင်ဘူး မဖြစ်နိုင်ဘူးလို့ မပြောဆိုနိုင်တဲ့ အတွက် ယခုလို အရေးကြီးတဲ့ အချိန်မှာ တစ်ထောင့်တစ်နေရာက ဖော်ပြပေးလိုက်ပါတယ်..။

ကျွန်တော်ကိုယ်တိုင်မသိတဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် အောက်မှာ တေးအေးရိပ်ရဲ့ တဘောင်ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သတ်ပြီး ရှင်းပြထားတဲ့ ၂၀၀၈ခုနှစ်က ပိုစ့်တစ်ခုကို ဖော်ပြလိုက်ပါတယ်။

တဘောင်ဟူသည် လက်ရှိပစ္စုပ္ပာန်မှ အနာဂတ်အရေးအတွက် မျှော်တွေးပြောဆိုခြင်းဖြစ်သည်။ အရူးစကား၊ သဘင်သည်စကား များကို တဘောင်ဟု မှတ်ယူကြသည်။ သီပေါမင်း ထီးနန်း ဆက်ခံရမည့်အရေးကို အရူးမ တစ်ယောက်မှ “ရွှေမိုးရွာလို့ မယ်မအေး၊ ငွေမိုးရွာလို့ မယ်မအေး၊ ပထမပြန်ရှင်လိန်ထွက်၊ နန်းတက်မှအေး“ ဟူ သီဆိုခဲ့သည်ကို ပညာရှိများက သီပေါမင်း ထီးနန်းစံရမည် ဟု တဘောင်ဖတ်ခဲ့ကြသည်။ တဘောင်စကားအား ယခုခေတ်တွင် အရူးများ၊ ဇာတ်သဘင်များ၊ လူရွှင်တော်များ ထံမှ ကောက်ယူနိုင်ပေသည်။

လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က ရန်ကုန်မြို့ တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့သေးသည်။ “ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ “ ဟူသော တဘောင်စကား ပေါ်ထွက်လာခဲ့သည်။ ၄င်းအချိန်ကာလအတွင်း မြေငလျင်တုန်လှုပ်မှုများ အရှေ့ တောင် အာရှ တွင် ဖြစ်ပွားလျက်ရှိကြသည်။ ထိုတဘောင် ၏ ဆိုလိုရင်းအား အမျိုးမျိုး ကောက်ယူခဲ့ကြသည်။

အချို့ လူများက ရန်ကုန်မြို့ ကြီး မြို့ ပျက်စီးကာ အုတ်ပုံမျှပင်ကျန်ခဲ့မည်။ မန္တလေးမြို့ ကြီးကား မီးလောင်မှုကြောင့် ပြာပုံအတိ ဖြစ်မည်ဟု တဘောင် ဖတ်ကြသည်။ သို့ သော်လည်း အခြားဘက်မှ စဉ်းစားမည်ဆိုပါက ရန်ကုန်မြို့ တွင် ယခင်ကထက် ပိုမိုပြီး လူအများ အုတ်အုတ်ကျက်ကျက်၊ စုရုံးစုရုံး၊ သတင်းစကားများပိုမို ဖြစ်မည်။ မန္တလေးမြို့ တွင် လူအများ၊ ရဟန်းသံဃာတော်များ ပျာယာခတ်မည်။ ပြာပုံအား ပြောင်းပြန်ယူပါက ပြုံပါ- တစ်ပြုံလုံးပါမည် ။ ထို့ ကြောင့် အကြောင်းအရာတစ်ခုခုဖြစ်ပွားမည် ဆိုပါက ရဟန်း၊ ရှင် ၊ လူအများ စုစည်းကာ တစ်ပြုံလုံးပါလာမည် စသဖြင့် တဘောင် ကောက်ယူနိုင်ပေသည်။




http://www.demowaiyan.co.cc/
ဓာတ်ပုံပေးပို့လာတဲ့ ဆရာအား ကျေးဇူးတင်ပါသည်..

အပြည့်အစုံ ဖတ်ချင်ရင်တော့ http://www.ainmat.com/index.php?/archives/561-unknown.html

Read More...

ကြပ်ပြေး ယတြာအလံစာ..

မြန်မာသက္ကရာဇ်၁၃၇၂ တော်သလင်းလပြည့်ကျော် ၁၃ရက် ခရစ်နှစ် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင် သရ အမည်ရှိသာ မြေဖုတ်ဘီလူးသည်.. မနပလ ဆိုသော မြန်မာပြည်၏ အရှေ့တောင် အရပ်မှ ကက အမည်ရှိသော ဥစ္စာစောင့်မိန်းမမှ ခိုးယူလာ သည့် အရောင်လေးမျိုးပါသည့် အဝတ်တစ်ခုကို ကိုင်ကာ လဒကိုစီးလျှက် ကြပ်ပြေးဆိုသော အရပ်သို့ ဆင်းလေသည်.. ထိုနေ့ကားနတ်ပြည်၌ ရက်ရာဇာ.. လူ့ပြည်၌ ပြည်သူလူထုအတွက် ရက်ရာဇာ ဖြစ်ပြီး မတရားအုပ်ချုပ်နေသူများ အတွက် ပြဿဒါးနေ့ဖြစ်၏.. ဤကား ယတြာအလံ အကျတည်း။

ထိုမှ မြန်မာ၃နာရီ ၃၃မိနစ်အချိန်တွင် မဟာရန်ကုန်မြို့လယ်ကောင် တည့်တည့်၌ အသလဆိုသော မြို့စောင့် ပြိတ္တာသည် .. ခေါင်း၌ ခေါင်းပေါင်းမပါ.. ပြိတ္တာနှင့် မလိုက်ဖက်သော မည်းသောကိုယ်၌ ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးကာ.. ပြိတ္တာ ပရိသာတ် အပေါင်းခြံရံလျှက် မြေဖုတ်ဘီလူး သရယူဆောင်လာသော အရောင်လေးမျိုးပါသော အဝတ်စအား ယတြာတိုင်သို့ လွှင့်လေသည်..ထိုအချိန်၌ ကဆအမည်ရှိသော မည်းမည်းပုပု အသံစာစာနှင့် မျက်မှန်တပ်ထားသော မျှင်စာသည် အောင်ပြီအောင်ပြီဟု သုံးကြိမ်တိုင်တိုင် အော်လေသည်..။ ထိုအချိန်၌ ကြပ်ပြေးဆိုသော အရပ်၌ အရောင်အဆင်းမရှိသော ဆင်တစ်ကောင်အား အချိန်ကိုက်၍ အနောက်အရပ်မှ မြို့သို့ အတင်းဓမ္မ မောင်းသွင်းစေလေသည်။ ဤကား ယတြာအလံအကြတ်တည်း။

ယခုနှစ် ယတြာအလံစာ အရ အသလဆိုသော မြို့စောင့် ပြိတ္တာသည် ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးလျှက် အဝီဇိ အရပ်မှ ဝင်ရောက်လာသောကြောင့် ယခုနှစ် အဖြူရောင်နှင့် အစိမ်းရောင် ပုဆိုးကို ဝတ်ဆင်သော တိရိစ္ဆာန်ပုံ ပါသော ခွေးခြင်္သေ့ပါတီ ရွေးကောက်ပွဲ လုပ်ခဲ့သည်ရှိသော်.. ခွက်ခွက်လန်ရှုံးအံ့ ရခိုင်ပုဆိုးနှင့်တူသော အရာကို ဝတ်ဆင်ထားသောကြောင့် ရခိုင်ပြည်နယ်အတွင်း လေဘေးကျအံ့ .. ပြည်သူအချင်းချင်းမှ ဒုက္ခရောက်နေသူများအား ကူညီအံ့.. အသလဆိုသော မြို့စောင့် ပြိတ္တာသည် စင်ကြယ်ဖိနပ်ကို စီးလျှက်တွေ့ရသည့် အတွက် နေပြည်တော်မှ မင်းအစိုးရများ စောက်ကျိုးနည်းအံ့.. ကိုယ့်ရှူးကိုယ်ပတ်အံ့.. စောက်ထိုး ခွေးကျကျအံ့.. ယတြာအလံသည် စင်ပြိုင်အစိုးရတစ်ရပ်၏ အလံဖြစ်နေသည့်အတွက် ထိုနေ့မှစ၍ မကြာသော ကာလ၌ စင်ပြည်အစိုးရတစ်ရပ် ပေါ်ပေါက်အံ့.. ယခုနှစ် ယတြာအလံစာသည် အတုအပလုပ်ထားသည့် အတွက် အတုအယောင် ပြုလုပ်ထားသော အလံ တံဆိပ် စသည့် ပါတီ အဖွဲ့အစည်းများ ကိုယ်ကျိုးနည်းအံ့.. ပြည်သူတို့၏ ဆန့်ကျင်ခြင်းကို ခံရအံ့..
ယနေ့မှစ၍ ခုနှစ်ရက်သားသမီးတို့ အတွက် ယတြာကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ အိမ်ထဲမှ အိမ်ပြင်မထွက်ပဲ နေသူများ ကောင်းကျိုးချမ်းသာများ ဧကန်မုချရရှိအံ့... အကယ်၍ ထိုနေ့ အိမ်တွင်းမှ မထွက်မနေ ထွက်ရပြီး မသွားမဖြစ်သွားရသော အရပ် မဲရုံစသည့် နေရာဋ္ဌာနများသို့ သွားရောက်ကြကုန်သော ခုနှစ်ရက်သားသမီးများအတွက် ယတြာအလို့ငှာ လူပုံများပါသော မဲစာရွက် အပေါ်ရှိ လေးထောင့်ကွက်များ၌ ရှိသမျှ အမှားခြစ်၍သော် လည်းကောင်း ပြုလုပ်ဆောင်ရွက်ပါသော်.. လာမည့် နှစ်၊လ၊ရက်များအတွင်း ကောင်းကျိုးချမ်းသာကို ဧကန်မုချ ရရှိခံစားရပါပေလိမ့်မည်..။
ထိုယတြာအလံကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ သရ မည်သော မြေဖုတ်ဘီလူးသည်.. ခွက်စုတ်ကို ကိုင်ကာ နအဖ ဆိုသော အပေါင်းအပါများနှင့် ကမ္ဘာမြေ၏ အောက်တည့်တည့်ဖြစ်သော အဝီဇိ အရပ်သို့ ပြန်လည်ဆင်းသက်အံ့ ဤကား ယတြာအလံ အပျက်တည်း.။

ဤကား ကြပ်ပြေး ယတြာလံစာ အလိုတည်း...။

နအဖနှင့် အပေါင်းအပါများမှ လွှဲ၍ ခုနှစ်ရက် သားသမီးများ ကျန်းမာ ချမ်းသာကြပါစေ..

**မြန်မာပြည်မှ ဆရာဝေဒ**.

Read More...

Wednesday, October 13, 2010

13 Oct, 10// မဟာတဘောင်တော်ကြီး

**၀လေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့
ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တတ် နင်းလတ္တံ့
သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။
မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။

၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။
ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တက်လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။
သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။


**အရှင်သုမန**
__._,_.___

Read More...

Tuesday, September 7, 2010

သန်းရွှေနိဂုံး


`သန်းရွှေတန်ခိုး
ပကိုး(ပဲခူး)မှာ ဆုံးမည်
ပြည်လုံးအနှံ့၊ လွတ်လပ်ကြအံ့…´

** အယူတော်မင်္ဂလာ- ဂုရုဆန် **

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)