အသက် (၆၅) နှစ်နှင့် အထက် သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေကို မယ်တော်ဆေးခန်းက ကြီးမှူးပြီးတော့ ဒေသတွင်းက စီဘီအိုတွေ၊ စီအက်စ်အိုတွေက ၀ိုင်းရံကြ၊ စုပေါင်းအလှူငွေကောက်ခံကြ၊ မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမတ် ၃ မြို့နယ်က မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့က အလှူငွေတွေဝိုင်းထိည့်ကြနဲ့ ဟော… ၁၂ကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ကို အဖက်ဖက်က ၀ိုင်းဝန်းပုံဖော် တည်ဆောက်လိုက်ကြတာက ဒီနေ့ဆိုရင် စည်စည်ကားကားသိုက်သိုက်မြိုက်ဖြစ်သွားပါရော လား။
၁၉၈၉ ခုနှစ်ကတည်းက မယ်တော်ဆေးခန်း (MTC) ကို ဒေါက်တာစင်သီယာမောင်၊ မန်းစိန်ဟန်၊ ဆရာမနော်တူးတို့ ၃ ဦးက ပူးတွဲတည်ထောင်ခဲ့ကြပြီးတော့ မဲဆောက်ဒေသမှာ သာမက ဖုတ်ဖရ၊ မယ်ရမတ်၊ အုန်းဖန်၊ ထဆောင်ယန်း၊ မယ်တန်၊ တာ့(ခ်) စတဲ့ တာ့(ခ်)ခရိုငအတွင်းက မြို့နယ်တွေကသာမက မြန်မာပြည်ဘက်က (မဲဆောက်ရဲ့တဖက်ကမ်း၊ သောင်ရင်းမြစ်ခြားနားထားတဲ့ မြန်မာပြည်ဘက်က) ကရင်ပြည်နယ် မြ၀တီ၊ ကောကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ဖားအံ စတဲ့ မြို့နယ်တွေ၊ မွန်ပြည်နယ် သထုံ၊ ပေါင်၊ မော်လမြိုင် စတဲ့ မြို့နယ်တွေသာမက မြန်မာပြည်အတွင်းပိုင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေဘက်က လာရောက် ကုသမှုခံယူကြတဲ့ မှတ်တမ်းတွေရှိပါတယ်။
ထိုင်းနိုင်ငံမှာအလုပ်သမားလက်မှတ်ရှိတဲ့သူကလည်း သက်ဆိုင်ရာ ဆေးရုံတွေမှာ ဘာသာစကားအခတ်အခဲရှိတာကြောင့် မယ်တော်ဆေးခန်းကို အားကိုးရသလို၊ ဘာအထောက်အထားစာရွက်စာတမ်းမှ မရှိသူတွေ (အများစုပေါ့များ) ကလည်းမယ်တော်ဆေးခန်းကလွဲလို့ ဘယ်မှာများကုသလိုရမှာလဲဗျာ။
ဟော…၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ သက်ကြီးပူဖော်ပွဲအခမ်းအနားဟာ ဒီကနေ့ဆိုရင် ၁၂ ကြိမ်မြောက်ခဲ့ပြီ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိဘစုတွေ၊ အိုင်ဒီိပီတွေရဲ့ မိသားစုတွေဟာ မယ်တော်ဆေးခန်းကို လုံးဝလုံးဝ အားကိုးအားထားပြုနေရဆဲပါပဲလေ။
ကိုင်း………ပြောနေတာကြာပါတယ်။ ဒီကနေ့အခမ်းအနားစီရင်ကျင်းပပုံ အခင်းအကျင်းအစုံစုံကို ဓါတ်ပုံတွေနဲ့ သက်သေပြကြစို့ရဲ့။ လာထား…လာထား မှတ်တမ်းဓါတ်ပုံများလားဟေ့။
**(ဒေါက်တာစင်သီယာမောင်ဦးဆောင်သော သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီများစုပေါင်းဓါတ်ပုံ)**
(ဒေါက်တာစင်သီယာမောင်နဲ့ JACBA)
သတင်းနှင့်ဓါတ်ပုံ - သောင်ရင်းနဂါး
Tuesday, April 17, 2012
၁၂ ကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ပွဲ မဲဆောက်မှာ ယနေ့ကျင်းပ
Wednesday, April 4, 2012
တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားရပိုင်ခွင့်အတွက် ကွင်းဆင်းကြားနာ၊ ဖြေရှင်း
ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်နှင့် မဲဆောက်ဒေသအလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) မှ ဦးစီးအရာရှိ-မဲ့တာ ဦးစီးသောထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ ၀န်ထမ်းများသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်အားခအပါအ၀င်ရပိုင်ခွင့်အချို့အတွက် ယမန်နေ့နှင့် ယနေ့တွင် ကွင်းဆင်းကြားနာ၊ ဖြေရှင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ယမန်နေက့မူ မဲဆောက်မြိ့၊ ထဆိုင်လွတ်ရပ်ကွက်ကြီး၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး၊ ပရိဘောဂအလုပ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး၏ ရပိုင်ခွင့်အတွက်လည်းကောင်း၊ ယနေ့တွင်မူ မဲဆောက်မြို့၊ အနောက်မြောက်ပိုင်း၊ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ စိုက်ပျိုးရေးလုပ်သား ၅ ဦး၏ ရပိုင်ခွင့်အတွက်လည်းကောင်း၊ အဆိုပါအကြီးတန်းအရာရှိ ဦးစီးလျက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကောင်မတီ (JACBA) အဖွဲ့ကပါလိုက်ပါကူညီကာ ဆောင်ရွက်ပေးခဲ့သည်။ ကာယကံရှင်အလုပ်သမား ၂ စုသည် ယင်းတို့၏ ထိုင်းနိုင်ငံသားအလုပ်ရှင်များထံမှ လုပ်အားခများကို (ဆ၀ါဒီကန်)၏ စီမံဆောင်ရွက်ချက်အရ ရရှိကြဘွယ်ရှိကြောင်း သိရသည်။
**သောင်ရင်းနဂါး**
Friday, December 2, 2011
“ မလေးရှားနိုင်ငံရှိ ကုမဏီတခုတွင် မြန်မာမိန်းကလေး နှစ်ဦးအား သဌေးမှ လုပ်ငန်းခွင်အတွင်း ရိုက်နက် ထိုးကြိတ်မှုဖြစ်ပွား ”

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်၊ ဗက်တာဝေါမြို့နယ်၊ နာဂါဆာရီအနီး (Weng Keong Jewel (M) SDN BHD 5 Lorong Nagasari 4, Taman Nagasari, Perai 13000 Pulau Pinang) မိသားစုတပိုင်တနိုင် လုပ်ငန်း ကုမဏီတခုတွင် အလုပ်လုပ်နေသော မြန်မာမိန်းကလေး အယောက်၇၀ ခန့်ရှိပြီး အခြား ဆာဗားလူမျိုး(မလေး) မိန်းကလေး၄၀ ခန့်ရှိသော ကုမဏီတွင် ၃၀.၁၁.၂၀၀၁ ရက်နေ့ မနက် ၁၁နာရီ ၀န်းကျင်ခန့်တွင် သဌေးမှ မြန်မာမိန်းကလေးငယ် နှစ်ဦး ရိုက်နှက် ထိုးကြိတ်မှု ဖြစ်ပွားခဲ့သည်။
အကြောင်းစုံမှာ လုပ်ငန်ခွင်အတွင်း သဌေး၏ အစ်မဖြစ်သူနှင့် လုပ်ငန်းနဲ့ပတ်သက်ပြီး တရုတ်လူမျိုး(မိန်းကလေး) အချင်းများရာမှ သူမ၏ ဒေါသများအား တဖတ်လှည့်ခါ မြန်မာမိန်းကလေး တယောက်အပေါ် လုပ်ငန်းအကြောင်း အကြောင်းပြခါ ပါးနှစ်ချက် ရိုက်လိုက်လေသည်။ မခံမရပ်နိုင်ဖြစ်သော မိန်းကလေးက ပြန်လည်လက်တုံ့ပြန်မည် ပြုရာ ဘေးလူများက တားထားစဉ် တခြားသော မြန်မာမိန်းကလေး ဖြစ်သူ(ယောကျာင်္းစိတ်ပေါက်နေသူ) က အကျိုးသင့်အကြောင်းသင့် ၀င်ရောက်ရှင်းပြလေ၏။ ထိုကဲ့သို့သော လက်တုံ့ခွန်းပြန် မလေးမစားအမှုအယာ ပြရမလာဆိုပြီး သဌေး၏ အစ်မဖြစ်သူသည် သူဌေးနှင့် သူဌေး၏ ညီဖြစ်သူကို သွားရောက်တိုင်တန်းရာ။ သဌေးနှင့် သဌေးညီဖြစ်သူတို့ ဒေါသကြီးစွာ ရောက်ရှိလာပြီး။ အခင်းဖြစ်ပွားခဲ့သော မိန်းကလေးနှစ်ယောက်နှင့် စကားပြန်မိန်းကလေးတို့အား ရုံးခန်းထဲ ခေါ်သွားစဉ် ရုံးခန်းထဲ အရောက် သဌေး၏ ညီဖြစ်သူမှ စဖြစ်သောမိန်းကလေးအား ပါးကို အထပ်ထပ်ရိုက်ခြင်း၊ ၀င်ရောက် ဖြေရှင်းပြောဆိုသော မိန်းကလေး(ယောကျာ်းစိတ်ပေါက်နေသူ)အား လူစွမ်းကောင်းလားဆိုပြီး လက်သီးနှင့် မျက်နာအားထိုးကြိတ်ခြင်း၊ လည်ပင်းမှ ဆွဲယူခါ ခေါင်းနှင့် ကြောတို့အား ထိုးထုနှက်ခြင်းများ ပြုလုပ်ခဲ့သည်။ စကားပြန် မြန်မာမိန်းကလေးမှာလဲ ကြောက်ရွှံတုန်လှုပ်စွာ အံ့သြမင်သက်မိနေသည်။ ထိုဖြစ်စဉ်အား သဌေးမှ လက်ပိုက်ကြည့်နေပြီး သဌေးအစ်မဖြစ်သူမှ ဘေးမှနေ၍ ပါးစပ်မှ တတွတ်တွတ် ခြိမ်းချောက်ပြောဆိုခဲ့လေသည်။ ထို ကုမဏီတွင် မည်သို့သော မိန်းကလေး အလုပ်သမားများအား.. သဌေးမှ လုပ်ငန်းခွင်အတွင်း သဌေးမှ လက်ဖြင့်ရိုက်နှက် ဆုံးမခြင်း၊ ဆံပင်အား ဆောင့်ဆွဲခြင်း၊ မိန်းကလေးတယောက် ကာယအိနြေ္ဒပျက်ပြားသည်အထိ၊ အပေါ်ဝတ်ရုံ ကျွတ်သည်အထိ လိုက်လံရိုက်နှက်ခြင်း၊ သဌေး၏ ညီဖြစ်သူမှ မနက်စက်ရုံအ၀င်ဝတွင် မြန်မာမိန်းကလေးများအား စနောက်ပုံစံဖြင့် သည်းခံတက်သူအား တင်ပါးအား ကိုင်တွယ်တက်ခြင်း၊ မနက်အလုပ် နောက်ကျခဲ့ပါက အ၀င်မှနေစောင့်၍ ထိုမိန်းကလေး၏ တင်းပါအား ကျင်စက်ဖြင့် တို့တက်ခြင်း၊ လုပ်ငန်းခွင်အတွင်း မိန်းကလေးတယောက် မကြားဝံ့မနာသာသော ကာမစကားပုံ အပျက်အချော်များ ပြောကြားခြင်းများကို မကြားခဏ လုပ်ဆောင်နေသော နာမည်ပျက် ကုမဏီတခုဖြစ်သည်။
ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာမိန်းကလေးများ အပါအ၀င်၊ ဆာဗား(မလေး) အလုပ်သမားများ၊ တရုတ်အလုပ်သမားများကပါ မိန်းကလေးများဘက်က မကျေနပ်၍ မြန်မာသံရုံးဖြစ်စေ၊ မလေးရှားအလုပ်သမားရေရုံးကိုဖြစ်စေ၊ မြန်မာပြည်မှ အေးဂျင့်ကိုဖြစ်စေ တိုင်တန်းရန် ကာယကံရှင်မိန်းကလေး နှစ်ဦးကို ပြောဆိုခဲ့ကြသည်။ သို့သော် ကာယကံရှင် မိန်းကလေးနှင့် တခြားသော မြန်မာမိန်းကလေးများမှာမှု မတိုင်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုတော့ မျိုးချစ်စိတ်ဓာတ် မရှိ၍မဟုတ်၊ သည်းခံတက်လွန်း၍ မဟုတ် ထိုထဲမှ မိန်းကလေးတချို့၏ မြန်မာပြည် နောက်ပိုင်းရေးမှာ အိမ်ပေါင်၍လာရခြင်း၊ မိသားစု တကယ်ပဲ အဆင်မပြေခြင်း၊ အလုပ်သမား အသစ်အဖြစ် ရောက်လာသည်မှာ လပိုင်းမျှသာရှိခြင်းကြောင့် နောက်ပိုင်းမှာ အကြွေးများတင်ကျန်နေ၏။ အကယ်၍များ တိုင်းတန်းလို့ ပြဿနာ တစုံတရာ ဖြစ်ခဲ့မှု အခြေမလှခဲ့လို့ မြန်မာပြည်သို့ ပြန်ပို့ခဲ့သော် သူတို့တွေရဲ့ ဘ၀ ပျက်ဖို့ရှိပါတော့သည် ဟူ၏။ ဒါကြောင့် မည်သူကမှလဲ ခေါင်းဆောင်မလုပ်ဝံ့။ ခေါင်းငုံခါ ခံနေရတော့၏။
ဒါပေမဲ့ နောက်ဆုံး အားလုံးသော မြန်မာမိန်းကလေးတွေဟာ တညီတညွတ်ထဲ ဖြစ်ချင်ရာဖြစ် သူတို့ရဲ့ မြန်မာလူမျိုးပီသစွာ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့လုပ်ဆောင်နေပါပြီ။ ပထမအချက်အနေနဲ့ မြန်မာသံရုံးကို အကြောင်းမကြားရသေးသော်ညား သံရုံးကို တိုင်တန်းဖို့ စီစဉ်နေပါပြီ။ အဆင်ပြေမပြေတော့ သေချာမသိသေး။ မြန်မာပြည်မှ အေးဂျင့်ဖြစ်သူကလဲ ချက်ချင်းဆိုသလို သတင်းပေါက်ကြားပြီး သဌေးဖြစ်သူအား သတိပေး ဖုန်းဆက်လာပါတယ်။ နောက်တဆင့်ကတော့ မလေးရှား အလုပ်သမားရေးရာရုံးကို တိုင်းတန်းဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ရှေ့ဘာဆက်ဖြစ်မလဲ ဆိုတာ ဘာမှမသေချာသေးဘာ။ ခုတော့ ဒီမိန်းကလေးတွေမှာ သူတို့ရဲ့ စိတ်ထဲမှာ ငရဲကိုရောက်နေသလိုပါပဲတဲ့။
ဒီနေရာမှာ ဒီမိန်းကလေး ခုနှစ်ဆယ်ရဲ့ အကြောင်းကို ပြောပါရစေ။ ဒီမိန်းကလေး ၇၀ ဟာ သာမန်မိန်းကလေးတွေ မဟုတ်ကြပါဘူး။ အင်မတန်မိန်းကလေး ပီသတဲ့ မိန်းကလေးငယ်လေးတွေ ဖြစ်သလို၊ အင်မတန်မွန်မြတ်တဲ့ မိန်းကလေးငယ်လေးတွေပါ။ သူတို့နေသော နာဂါဆာရီရပ်ကွက်ရှိ ‘ သုခကာရီ ’ ပရဟိတလူမှုရေး အသင်းဝင်လေးများ ဖြစ်သည်။ ထိုအသင်းမှ မြန်မာနိုင်ငံရှိ ဘိုးဖွားရိပ်သာများ၊ မိဘမဲ့ကလေး ဂေဟာများ၊ ရေဘေးပြည်သူများကို သူတို့၏ ချွေးနည်းစာထဲမှာ ထောက်ပံ့လှူဒါန်းနေသော အဖွဲ့လေး ဖြစ်သည်။ ထိုအသင်း၏ တနင်္ဂနွေနေ့တိုင်း ဓမ္မစကြာရွတ်ဖက်သော ဓမ္မစကြာမယ်လေးများ ဖြစ်သည်။ ဒီမွန်မြတ်လှတဲ့ သူတို့ ဓမ္မစကြာအဖွဲ့လေးဟာ ပီနန်မြို့ ပီနန်ဆရာတော်ကြီးကျောင်း၊ ဘီအမ် မြန်မာဘုန်းတော်ကြီးကျောင်း၊ ကူလင်း(လူးနက်စ်) တရုတ်-မြန်မာ တရားဓမ္မကျောင်းတို့ရဲ့ အားကိုးအားထားရာ အဖွဲ့လေး ဖြစ်ပါသည်။ အပတ်စဉ်တိုင်း ကုသိုလ်ရေးမှာ လက်မနှေးပဲ ကုသိုလ်ရေးတွေလုပ်နေတဲ့ အဖွဲ့လေးပါ။ ဒီလို မိန်းကလေးပီသပြီး မွန်မြတ်လှတဲ့ ဘုရားတရားရိပ်အောင်မှာ ခိုလုံနေတဲ့ ဒီမိန်းကလေးငယ်လေးတွေ ဒီလို အဖြစ်မျိုးတွေ ဖြစ်နေကြောင်းကြားသိရတော့ မခံစားနိုင်သလို၊ မြန်မာမိန်းကလေးများ သူများလက်ဝါးအောက်မှာ လုပ်ချင်သလို လုပ်တာ ခံနေရတော့ မြန်မာဟေ့ဆိုတဲ့ စိတ်ဓာတ်နဲ့ အသည်းထဲမှာ နစ်နေအောင် နာကျင်ရခံစားရပါတယ်။
ခု ဒီမိန်းကလေးတွေ တိုင်တန်းမဲ့ တိုင်တန်မှုလေး အောင်မြင်ပါစေ၊ အကယ်၍ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့လျင် သူတို့တွေ တခြားကောင်းသော အလုပ်တွေ ပြောင်းရွေနိုင်ပါစေလို့ ဆိုတောင်းပေးရုံမှတပါး အခြား မရှိတော့ပါ။ ဒီစာကို ဖတ်ကြတဲ့ တအူတုံဆင်း မြန်မာလူမျိုးစုံ ဘာသာစုံ ညီအကိုတို့ကလဲ ကိုယ်ချင်းစာ ကူညီတဲ့အနေနဲ့ လက်ဆင့်ကမ်း * Share * ပေးကြပါ၊ ၀ိုင်းဝန်း အကြံပေးကူညီကြပါလို့ အနူးညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။……။
**ဒဿဂီရိ**
• December 1, 2011 ရက် ၊ 10:12pm တွင် လင်းလင်း ( Piano ) ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
Thursday, September 8, 2011
၇၂ နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနား ဘန်ကောက်တွင်ကျင်းပ
(Sep-8 ၊မြတ်ညို-အလွတ်သတင်းထောက်)
၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဖလန်ဆောင် ထက်ခမ်း အရပ်ရှိ ၀ပ်ထက်ခမ်း ဘုန်းတော်ကြီးကျောင်းတွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ရခိုင်လူငယ်များစုပေါင်း ကျင်းပခဲ့ကြသည်။
အခမ်းအနား ကျင်းပရေးကော်မတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်း) ဥက္ကဋ္ဌ ဦခိုင်အံ့မောင်က “မြန်မာနိုင်ငံမှာ ကျေးဇူးကြီးမားတဲ့ ဆရာတော်ဦးဥတ္တမ လို ဗိုလ်ချုပ်အောင်ဆန်း တို့လို လူတွေကို မှေးမှိန်အောင်ပပျောက်သွားအောင် မြန်မာအစိုးရ အဆက်ဆက် လုပ်လာကြတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ကျေးဇူးရှိတဲ့ ဒီ ပုဂိုလ်တွေကို ကျနော်တို့ မမေ့မလျော့ရှိကြပါတယ် ဆိုတာကို ပြ ကြတာပါ’’ဟု ပြောသည်။
မြန်မာပြည်တွင်း၌ ဦးဥတ္တမ နေ့ကို ပေါ်ပေါ်ထင်ထင် ကျင်းပခွင့်မရရှိပေ။
မြန်မာနိုင်ငံ၌ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်သည့် ခေတ်တွင် အကြမ်းမဖက်နည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်ဟု အခမ်းအနား သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ မြန်မာ သတင်းသမဂ္ဂ ဒု ဥက္ကဌ ဦးဇင်လင်းကလည်း ပြောဆိုသည်။
“ဆရာတော်ဟာ ရခိုင်လူမျိုးပေမယ့် ရခိုင်အတွက်လုပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်ဖြစ်နေတဲ့ မြန်မာတစ်နိုင်ငံလုံး လွတ်လပ် ရေး အတွက် ကြိုးပမ်းခဲ့သူဖြစ်တယ်၊ ဒါ့အပြင် အာရှတိုက် လွတ်မြောက်ရေးအတွက်ပါကြိုးပမ်းခဲ့သူဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၁၈ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံဖြစ်သော ဆာဂျီရယ် ကရက်ဒေါက် အား “ကရက်ဒေါက် ဂက်အောက်(ကရက်ဒေါက် မြန်မာပြည်မှ ပြန်ထွက်သွားပါ)”ဟု သူရိယ သတင်းစာမှဆောင်းပါးရေးပြီး အင်္ဂလိပ်အစိုးရကို ဆန့်ကျင် စိန်ခေါ် ခဲ့သူဖြစ်သည်။
“အစိုးရမကောင်းရင် မကောင်းဘူးလို့ ဝေဖန်ခွင့်ဟာ ငါတို့မှာရှိတယ်။ ခေါင်းငုံ့မခံကြနဲ့ ကြောက်လျှင်ပြန် ရဲလျှင်ကြံ။ လွတ်လပ် ရေး ဆိုတာ တကာတကာမတို့၏ ကြိုးကုတ်လုံ့လ ကြီးမားမှုပြုလျှင် ဧကန်မုချရမည်မလွဲ ’ဟု ဆရာတော် မိန့်ကြားခဲ့ဖူးသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့ နယ် ညောင်တုန်း ကျောင်း တိုက်တွင် ပျံလွန်တော်မူခဲ့ပြီး ထိုနေ့ကို ဆရာတော်ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယခု ကန်တော်မင် (ကန်တော်မင်္ဂလာ) ပန်းခြံမှာ ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ခဲ့သော ပန်းခြံဖြစ်သည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် မဲဆောက်မြို့တွင် ကျင်ပမည်ဖြစ်ပြီး စက်တင်ဘာလ၁၁ ရက် တနင်္ဂနွေနေ့တွင်လည်း ထိုင်းနိုင်ငံ မဟာချိုင်မြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဆရာတော် ဦးဥတ္တမ နေ့ အခမ်းအနား ကျင်းပကြမည်ဖြစ်ကြောင်း သိရှိရသည်။
မဆလ ခေတ်က ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ အခြေခံပညာ ကျောင်းသုံးဖတ်စာအုပ်တွင် သင်ကြားရန် ပြဌာန်းခဲ့ပြီး နအဖ ခေတ်တွင်မူ ဆရာတော်၏ အခန်းကဏ္ဍကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
Tuesday, March 8, 2011
ရွေးစရာမရှိသောရွေးလမ်းအစီရင်ခံစာထုတ်ဝေ

(မတ်လ ၇၊၂၀၁၁)
ထိုင်းအခြေစိုက်BNI ခေါ် နိုင်ငံတကာ မြန်မာသတင်း က ယနေ ဘန်ကောက်မြို့ရှိနိုင်ငံခြားသတင်းထောက်များအသင်းတွင် ရွေးစရာမရှိတဲ့ ရွေးလမ်းဟု အမည်ပေးထားသော စာမျက်နှာ ၁၃၅ မျက်နှာပါ အစီရင်ခံစာ တစ်စောင်ကိုထုတ်ဝေလိုက်သည်။
မြန်မာနိုင်ငံတွင်ကျင်းပပြီးစီးသွားခဲ့သော၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းနအဖ အစိုးရက ကြောထောက်နောက်ခံပေးထားသည့်
ကြံ့ဖွံ့ပါတီအနိုင်ယူခဲ့ပုံများနှင့်ယခုကျင်းပနေသော ပြည်သူ့ လွှတ်တော်အစည်းဝေးအတွင်းအနေအထားများအား အချက်အလက်အထောက်အထားများ၊ဓါတ်ပုံများဖြင့် ပြည်ပအအခြေစိုက် တိုင်းရင်းသားသတင်းဌာနပေါင်းစုံတို့ က စုပေါင်းတင်ပြထားကြခြင်းဖြစ်သည်။
မွန်သတင်းဌာန အယ်ဒီတာ နိုင်ကဆော့မွန်က“နိုင်ငံတကာ က ကျနော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲပြီးသွားပြီ၊အခြေအနေတွေကောင်းမွန်တော့မယ်၊လို့ ယူဆနေကြမယ်။ ကျနော်တို့ က ရွေးကောက်ပွဲ အတွင်းမှာ ကြံ့ဖွံ့ပါတီဘယ်လိုအနိုင်ယူသွားတယ်၊ဘယ်လိုမတရားလုပ်သွားတယ်
ဆိုတာကို အတိအကျသိကြစေချင်လို့ ခုလိုသတင်းစာရှင်းလင်းပွဲလုပ်ရတာပါ” ဟုပြောသည်။
တိုင်းရင်းသားသတင်းဌာများက ပြည်နယ်အလိုက် မဲအနိုင်/အရှုံး၊ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသည့်
ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ပါတီ မှ ကြိုတင်မဲများဖြင့် အနိုင်ယူသွားပုံတို့ အား အသေးစိတ်တင်ပြထားကြသည်။
ရှမ်းသံတော်ဆင့် အယ်ဒီတာဦးခွန်ဆိုင်းကတော့ “အစီရင်ခံစာ နာမည်ကို Hobson’s Choice လို့ ရွေးရတာက ၁၇ ရာစုလောက်က ကင်းဗရစ်မြို့ က မြင်းငှါးစားတဲ့လူက သူခြံထဲမှာရှိတဲ့မြင်းကိုပဲငှါးရမယ်ဆိုပြီးပြင်ဆင်ထားသလို…ခုနအဖ ကျင်းပပြီးစီးသွားခဲ့တဲ့ရွေးကောက်ဟာလည်းခင်ဗျားကြိုက်တဲ့လူကိုရွေး ဒါပေမယ့် ကျနော့်လူပဲဖြစ်ရမယ် ဆိုတာကို ထပ်တူ ဥပမာပေးထားတာဖြစ်တယ်”ဟုပြောသည်။
နှစ် ၂၀အတွင်း ပထမဦးဆုံးအကြိမ်ကျင်ပသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား နိုင်ငံတကာသတင်းထောက်များနှင့်
ပြည်တွင်းသတင်းထောက်များအား သတင်းယူခွင့်မပြုခဲ့ပေ။အလားတူ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တို့ ကိုလည်း ဖိတ်ခေါ်ခြင်းမရှိပဲကျင်းပခဲ့သဖြင့်နိုင်ငံတကာမှ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲအဖြစ် အသိအမှတ်မပြုကြပေ။
ကရင်သတင်းစဉ် အယ်ဒီတာ နန်းဖေါ့ကေ ကတော့“ရွေးကောက်ပွဲပြီးတာနဲ့ နောက်တစ်ရက်ကနေ စပြီးတော့ ကျမတို့ ကရင်ပြည်နယ်မှာတိုက်ပွဲခုထိ ဆက်တိုက်ဖြစ်တုန်းပဲရှိသေးတယ်။ မြ၀တီမြို့တွင်းတိုက်ပွဲကနေ ခုဆို တောတွင်တိုက်ပွဲ နေ့ စဉ်ရက်ဆက်ပဲ။ ခု ပြည်သူ့ လွှတ်တော် ခေါ်နေတဲ့အချိန်မှာလည်းတိုက်နေကြတာပဲ၊ရွေးကောက်ပွဲပြီးပေမယ့် ပြည်တွင်းစစ်ကတော့ ပြီးမယ့်အနေအထားမရှိသေးဘူး၊ကျမတို့ ကရင်ပြည်နယ်အတွက်ဝန်ကြီးရွေးထားတာလည်း နအဖ တပ်ထွက်ဖြစ်နေတာမို့  သူတို့ ထင်တိုင်းချယ်လှယ်နေအုံးမယ်လို့ ပြောလို့ရပါတယ်” ဟုဆိုသည်။
၂၀၀၈ခုနှစ်ကဧရာဝတီတိုင်း၌ လူပေါင်းသိန်းချီသေဆုံးပြီးသန်းချီဒုက္ခရောက်နေကြချိန်တွင် အဓမ္မအတည်ပြုခဲ့သော နာဂစ်ဖွဲ့ စည်းပုံအတိုင်း ကျင်းပခဲ့သည့် ၂၀၁၁ ရွေးကောက်ပွဲတို့ မှာ ဗိုလ်ချုပ်ခင်ညွန်ချမှတ်ခဲ့သော လမ်းပြမြေပုံအတိုင်း ဆက်လက်လုပ်ဆောင်နေကြကြောင်း အဆိုပါအစီရင်ခံစာကဆိုသည်။
နအဖသည် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် NLD ပါတီအား အပြတ်အသတ်ရှုံးနိမ့်ခဲ့ကတည်းကအထူးသင်ခန်းစာရရှိခဲ့သည်။
ထို့ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့ ပါတီဖြစ်သော ကြံ့ဖွံ့ပါတီ ကိန်သေပေါက် အနိုင်ရရှိစေရန် စံနစ်တကျ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်။
သတင်း .. ဦးကျော်သောင်း (ဘန်ကောက်)
Tuesday, February 8, 2011
ပတ်စပို့ လုပ်မည့်မြန်မာအလုပ်သမားတစ်ရာကျော် မဲဆောက်မှာအခက်ကြုံနေ

(ဖေဖေါ်ဝါရီလ ၈ ရက်၊၂၀၁၁)
မဲဆောက်မြို့မှ ကော့သောင်းမြို့သို့ ယာယီပတ်စပို့ လုပ်ကိုင်ရန်သွားကြမည့်အလုပ်သမား ၁၀၈ ဦးတို့ အား ထိုင်းလုပ်ငန်းရှင်အချို့ကမဲဆောက်မြို့မှထွက်ခွာခွင့်မပြုပဲနှောက်ယှက်နေပြီးကုမ္ပဏီမှကိုယ်စားလှယ်ပွဲစားတစ်ဦးအား
မဲဆောက်မြို့ မှ ပြည်နှင်ဒဏ်ပေးလိုက်သည်။
ပြီးခဲ့သည့်ဖေဖေါ်ဝါရီ ၄ ရက်နေ့ က ဘန်ကောက်မြို့မှ ယာယီပတ်စပို့ အကျိုးဆောင်ကုမ္ပဏီမှ ကိုယ်စားလှယ်
ပွဲစား ကိုကိုမောင် ဆိုသူက မဲဆောက်မြို့ မှ ယာယီပတ်စပို့ လျှောက်ထားသည့် မြန်မာအလုပ်သမား ၁၀၈
ဦး တို့ အား ဘန့်ဆောင်ကွဲရပ်ကွက်တွင် စုဆောင်းပြီး ကားပေါ်သို့ တင်ဆောင်ရန် ပြင်ဆင်နေစဉ်
မဲဆောက်မြို့မှ စက်မှုလုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ဘန့်ဆောင်ကွဲ ရပ်ကွက် ရွာလူကြီးနှင့်ရပ်ကွက် လှုပ်ရှားတက်ကြွသူများနှင့် မဲဆောက်မြို့စက်မှုလုပ်ငန်းရှင်များ
အသင်းဝင် အိုမီဂ္ဂါ အလုပ်ရုံပိုင်ရှင်၊ TK အလုပ်ရုံပိုင်ရှင်နှင့်PEPSI နှင့်ကွမ် တုံ အလုပ်ရုပ်ပိုင်ရှင်တို့ က မဲဆောက်
်ရဲများနှင့်အတူ အရေးယူခဲ့ခြင်းဖြစ်သည်။ လ၀က၊အလုပ်အကိုင်ရှာဖွေရေးရုံးနှင့်လူမှုဖူလုံရေး အစရှိ သည့် ဌာနဆိုင်ရာ
များက အလုပ်သမားများတစ်ဦးချင်းစီတို့၏ စာရွက်စာတမ်းများအား ကွန်ပျူတာဖြင့် စစ်ဆေး ခဲ့ရာ အလုပ်သမားများ
လက်ဝယ်ရှိသော စာရွက်စာတမ်းများအားလုံးတို့ မှာ တရားဝင်အစစ်အမှန်များ အဖြစ် တွေ့ ရှိခဲ့သည်။ယာယီပတ်စပို့ လုပ်ရန်ထွက်ခွာကြမည့်အလုပ်သမားများမှာ အထက်ပါစက်ရုံများမှဖြစ် သည်။
ထို့ ကြောင့်ရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ခြင်းမပြုသော်လည်း အလုပ်သမားများအား မဲဆောက်ရဲစခန်းရှေ့ မြေကွက်လပ်တွင်တစ်နေကုန်ထားခဲ့ပြီး ညဉ့် ၁၂နာရီခန့် တွင် တရုတ်ဘုံကျောင်းတစ်ခု၌တစ်ညအိပ်စေ ခဲ့ သည်။ယခုအခါဝတ်အလန်ဟူသည့်ဘုန်းတော်ကြီးကျောင်းတွင်အကျယ်ချုပ်သဘောမျိုးနေထိုင်နေကြရသည်။
ကုမ္ပဏီ ကိုယ်စားလှယ်ဆိုသူ ကိုကိုမောင်က“ ကျနော့်ကို Work Permit က သားရေအိပ်ချုပ်လုပ်တဲ့
အလုပ်နဲ့ လုပ်ထားတာပါ။ဒီအလုပ်နဲ့ ကတခြားစီဖြစ်နေတာကြောင့်တရားရုံးက ၅ရက်နေ့မှာဒဏ်ငွေ
ဘတ် ၈၀၀ ချမှတ်ပြီးတော့ ပြန်လွှတ်ပါတယ်၊အဲဒါကို အိုမီဂ္ဂါအုပ်စုတွေက မကျေနပ်တဲ့အတွက်
လ၀က ကိုထပ်ပြီးခေါ်သွားပါတယ်။ ကျနော့်စာအုပ်မှာ တုံးထုပြီးတော့ ပြည်နှင်ဒဏ်ပေးပါတယ်။
ကျနော်စာအုပ် သုံးမရတော့ဘူးလို့ လည်းပြောပါတယ်။ကျနော့်ကို Thai Myanmar
Enterprise ကုမ္ပဏီ က တရားဝင်လုပ်ကိုင်ခွင့် စာရွက်စာတမ်းနဲ့ ကျနော်လူလာခေါ်တာပါ။
ထိုင်းနဲ့ မြန်မာ အစိုးရတို့ အကောင် အထည်ဖေါ်နေတာကို မဲဆောက်ကုန်သည်ကြီးများအသင်း
က လာပြီးနှောက်ယှက်တာပါ၊သူတို့ ကဒီအလုပ် သမားတွေပတ်စပို့လုပ်ဖို့ကိုလုံးဝမလိုလားဘူးဖြစ်နေပါတယ်”
ဟုပြောဆိုသည်။
အကျယ်ချုပ်ကျခံသည့်သဘောဖြင့် ၀တ်အလန်ဘုန်းကြီးကျောင်းဝင်းတွင် ရောက်ရှိနေကြသည့် မြန်မာအလုပ်သမား
မနွေးနွေးလှိုင်က“ ကျမတို့ ကို ဘန်ကောက်က ပတ်စပို့ ပွဲစား ကိုကိုမောင် က ၅၅၀၀ဘတ်နုန်းနဲ့ ပတ်စပို့ 
လုပ်ပေးဖို့ အတွက်လာခေါ်တာပါ၊ခုကျမတို့ ကို စက်ရုံတွေက ထိုင်းသူဌေးမတွေလာပြီးစာရွက်တွေကို လာလုယူကြတယ်၊ဆဲကြတယ်၊ကျမတို့ ကို သူတို့ လက်ခုတ်ထဲကရေလို သဘောထားပြီး လုပ်ချင်ကြတယ်။
မဲဆောက်က ဘယ်အဖွဲ့ ကမှအကူအညီပေးတာမရှိဘူးသေးဘူး၊ဒီနေ့ တစ်နေကုန်မြို့ပိုင်ရုံးမှာထိုင်နေ ရတယ်”
ဟုပြောသည်။
အဆိုပါ ပွဲစား မောင်မောင် ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် နေ့ က မဲဆောက်နှင့်ဘန်
ကောက်မြို့တို့ မှ ရနောင်းမြို့သို့ ယာယီပတ်စပို့ လုပ်ကိုင်ရန် သွားခဲ့ကြစဉ် စာရွက်စာတမ်းအတုများ
ကြောင့်မြန်မာအလုပ်သမား ၇၈ ဦးမှာ မြန်မာပြည်ဘက်သို့ ဖမ်းဆီးပြန်ပို့ ခံခဲ့ရပြီးဖြစ်သည်။
ဘန်ကောက်အခြေစိုက် ပတ်စပို့ ကုမ္ပဏီ တစ်ခုမှ အမည်မဖေါ်လိုသည့် မြန်မာဒါရိုက်တာတစ်ဦက“အယင်
တစ်ခါလည်း ဒီ ကိုကိုမောင် ဆိုတဲ့ ကောင်က Ocean Sun Co,ltd ကုမ္ပဏီ အမည်ခံပြီး မဟာထိုင်း
စာရွက်အတုနဲ့ လုပ်သွားတယ်၊ ခုတစ်ခါလည်း Thai Myanmar Enterprise ကုမ္ပဏီ ဆိုပြီးလုပ်ပြန်ပြီ၊
ကုမ္ပဏီ ကိုတစ်ပြားမှမသွင်းပဲ ဒီကောင် ကောက်လုပ်နေတာ။ကုမ္ပဏီ ကို သူ ငွေသွင်းထားရင် ဒီလောက်
ဘယ်ကြာမလဲ၊ကျနော်တော့မထင် ဘူးဗျ” ဟုပြောသည်။
အလုပ်သမားများ ရနောင်းသို့ မထွက်ခွာမီ အခန်းစုပေါင်းငှါးရမ်းပြီး အသုံးအဆောင်ပစ္စည်းအချို့ တို့ အား
ထည့်ထားခဲ့သည်။ ထိုအခန်းကို ယမန်နေ့ နံနက်ပိုင်းက အိုမီဂ္ဂါအလုပ်ရုံမှ တာဝန်ရှိသူတစ်ဦးက
၎င်းတို့ စက်ရုံမှ ပစ္စည်းများအား မြန်မာအလုပ်သမားများ ခိုးယူထားပါက တရားစွဲနိုင်ရန်
သံဇကာများဖြင့် လာရောက်ကာရံ လိုက်သဖြင့်မည်သူမှ မိမိပစ္စည်းများကိုယူ၍မရတော့ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦး ကပြောသည်။အလုပ်သမားများ၏တရားဝင်စာရွက်စာတမ်း
မျာအား မဲဆောက်ရဲစခန်းတွင် ပြီးခဲ့သည့် စနေနေ့ က အမည်မသိအမျိုးသမီးကြီးတစ်ဦးသိမ်းယူထားကြောင်း ၄င်းစာရွက်စာတမ်းများမရမချင်း ယခုနေထိုင်သည့် ဘုန်းကြီးကျောင်းမှ အလုပ်သမားများထွက်ခွာမည်မဟုတ်ကြောင်းအလုပ်သမားများကပြောသည်။
တာ့ခရိုင်၊မဲဆောက်တွင် အစိုးရက တစ်နေ့ လုပ်အားခ ယခင်၁၅၉ဘတ်သတ်မှတ်ထားသည်။
၂၀၁၁တွင် တစ်နေ့လုပ်အားခ ၁၆၂ဘတ် သတ်မှတ်ထားသော်လည်းမြန်မာအလုပ်သမားများ
တစ်နေ့ ၈နာရီလုပ်အားခ ၇၀ ၀န်းကျင်သာရရှိကြသည်။ မဲဆောက်တွင် အလုပ်ရုံနှင့်အိမ်တွင်း
မှုလုပ်ငန်းပေါင်း ၅၀၀ကျော်ဝန်းကျင်ရှိသည့်အနက် မည်သည့်အလုပ်ရုံကမှ အစိုးရသတ်မှတ်ဈေး
မပေးချေ။ထို့ ကြောင့် မဲဆောက်မြို့မှမြန်မာ အလုပ်သမားများ တို့  သည် တရားဝင်နေထိုင်ခွင
့်ရရှိပြီးပါက တစ်နေ့လုပ်အားဘတ်၂၀၀ ၀န်းကျင်ရရှိကြသောဘန်ကောက်မြို့နှင့် အခြားမြို့ကြီးများ
သို့ သွားရောက်လိုကြကြောင်း အလုပ်သမား များ ကပြောသည်။
........................................................
ယခုထိုင်းစံတော်ချိန် ၆နာရီတွင်ကိုကျော်ဇင်လတ်၊ကိုနိုင်သိန်း မခင်ချောစုလှိုင် နှင့် အမည်မသိ အလုပ်သမ တစ်ဦး
တို့ အား စစ်ဆေးစရာရှိသည်ဆိုပြီး ထိုင်းအာဏာပိုင်များက
ခေါ်ယူသွားသည်။ အလုပ်သမားများအားလုံးတို့ အား မဲဆောက်မြို့ပိုင်ရုံးတွင် ညအိပ်ရမည်ဖြစ်သည်။ ဘန်ကောက်မြို့ဘန်ခေ
အရပ်ရှိ အထည်ချုပ်စက်ရုံမှ ထိုင်းတာဝန်ရှိသူတစ်ဦးက မဲဆောက်သို့ လာရောက်ဖြေရှင်းနေကြောင်း ယခု သိရှိရသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)
Wednesday, February 2, 2011
မဲဆောက်-မြ၀တီ တံတားအောက် ကားကုမ္ပဏီနှင့်ထိုင်းလ၀ကများ မတရားငွေကောက်ခံ

(ဖေဖေါ်ဝါရီလ ၂ ရက် ၊၂၀၁၁)
ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားအောက်ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးစခန်းတွင် အာဏာပိုင်များနှင့်
ကားကုမ္ပဏီတို့ပူးပေါင်း၍ ရွှေ့ပြောင်းမြန်မာအလုပ်သမားထံမှ ငွေများကောက်ခံနေကြောင်းသိရှိရသည်။
ထိုင်းနှင့်မြန်မာအစိုးရတို့က ယာယီပတ်စပို့လုပ်ကိုင်ထားသူကို ဖမ်းဆီးခြင်း အခွန်ကောက်ခံခြင်း တားဆီးစစ်ဆေးခြင်း မရှိစေရကြောင်းနှင့်ထိုင်းအလုပ်သမားများနှင့်တန်းတူ အခြားအခွင့်အရေးရရှိစေရမည်ဟု ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုခဲ့သော်လည်း ယခု မဲဆောက်ကိုဆင်းသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၂၀ စီကုန်ကျနေကြောင်း ကိုယ်တိုင်ကုန်ကျခဲ့ရသည့် အလုပ်သမားများပြောပြချက်များအရ သိရှိရသည်။
မဲဆောက်မြို့သို့ ဆေးဝါးကုသရန်သွားကြသူများ မိသားစုများနှင့်တွေ့ဆုံရန်သွားရောက်ကြသူများ နှင့် အလည်
အပတ်သွားရောက်ကြသူတိုင်း မည်သူမဆိုအဆိုပါရုံးတွင် ဘတ်ငွေ ၁၈၂၀ စီ ပေးသွင်းရကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် ဘန်ကောက်မြို့မှ အလုပ်သမား ကိုအောင် ကပြောပြကြသည်။
“ကျနော်မဲဆောက်ကိုလာရင် တံတားအောက်မှာလာပြီးတော့ မဲဆောက်ဘယ်နေရာမှာတည်းမယ် ဆိုတာ လိပ်စာကိုပြောရတယ်။ ၂ရက်အတွင်းမှာ သူတို့ ဆီလာပြီးတုံးမထုလို့  ရှိရင် တစ်နေ့ ကိုဒဏ်ငွေ ဘတ်၄၀၀စီ ပေးဆောင်ရမယ်လို့ ထိုင်းလ၀က ကပြောတယ်။ထိုင်းနဲ့ မြန်မာ၂နိုင်ငံ ကျနော်တို့ ကိုင်နေတဲ့ ယာယီပတ်စပို့ နဲ့ 
ထိုင်းနိုင်ငံအတွင်းလွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်လို့ ၂နိုင်ငံအစိုးရတို့ အာမခံပြီးပြောခဲ့ကြတယ်။ ခုဖြစ်နေတာက ပတ်စပို့ ကြီးနဲ့ လာအို ကိုအထွက်ပြရသလိုဖြစ်နေတယ်။မဲဆောက်က ထိုင်းနိုင်ငံမဟုတ်ဘူး လားလို့ မေးချင် ပါတယ်” ဟုပြောသည်။
အလုပ်သမားများ မဲဆောက်သို့ဆင်းလာခဲ့စဉ် မိမိကိုယ်တိုင် တုံးထုပြီးသော်လည်း ဘန်ကောက်ကိုပြန်တက်
ရန် အတွက်တုံးထပ်မံထုရန် ၂ရက်ကြာမြင့်မည်ဖြစ်သည်။အဆိုပါ လူဝင်မှုကြီးကြပ်ရေး စခန်းအနီးရှိ ထိုင်းပွဲစား ကားကုမ္ပဏီမှကားလက်မှတ်ဝယ်ပါက ဘတ်၈၀၀ ပေးလျှက် နေ့ ချင်းတက်ရောက်နိုင်သည်။ မဲဆောက်မှဘန်ကောက်သို့အ၀င်တုံးထုရာတွင် ထိုင်းလ၀ကရုံးသို့ ဘတ်ငွေ ၁၁၀၀ ပေးသွင်းရသော်လည်း ဘောင်ချာတွင် ဘတ် ၁၀၀၀ သာရေးပြီး လိုက်လံဆောင်ရွက်ပေးသော ထိုင်းပွဲစားက ဘတ်၁၀၀ ယူသည်။ထိုနောက် ကားခ ၅၀၀ဘတ်ပေးရပြီးနေ့ ချင်းပေါက် တက်ရောက်နိုင်ရန် အကျိုးဆောင်ပေးခ ၂၂၀ ဘတ်၊(စုစုပေါင်း မြန်မာအလုပ်သမားတစ်ယောက်စီ ဘတ်ငွေ ၁၈၂၀ )ကုန်ကျနေကြရသည်။
ဘန်ကောက်သို့တက်သည့် ကားကြီးများ၏ လက်မှတ်ဈေးနုန်းမှာ ၃၉၇ ဘ တ်သာရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မဟာချိုင်မှ ကိုလှခိုင် ကြုံတွေ့ ခဲ့ရပုံမှာလည်းတစ်မျိုးဖြစ်သည်။
မဟာချိုင် လ၀က ရုံးတွင် ပြန်လည်ပြည်ဝင်ခွင့်ဗီဇာ re-entry တုံးထုသည့်အခါ ရုံးကို ဘတ် ၁၀၀၀ ပေး
ရပြီး ပွဲစားခဘတ်၂၀၀ ပေးရသည်။ ထိုသို့ ပွဲစားခမပေးပါက လုပ်ငန်းရှင်နှင့်အလုပ်လုပ်ကိုင်ခွင့် ထောရော ၃၈/၁ စာရွက်ပါမှ ထုမည် စသည်ဖြင်အရစ်ရှည်တတ်သဖြင့် လွယ်ကူစေရန်ပေးရသည်။
မဟာချိုင်သို့ ပြန်လာရန် ပြင်ဆင်စဉ် မဲဆောက် လ၀ကရုံးအတွေ့ အကြုံများအား ကိုလှခိုင်က ရှင်းပြရာတွင်
“အ၀င်ရောအထွက်ပါဆိုရင် လူပေါင်း ၄၀၀ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ မနက် ၅နာရီကတည်းက
တန်းစီတာ နေ့ လည် ၁နာရီထိုးသွားလည်း လူတန်းကလုံးဝမရွေ့ဘူး။ ဘာဖြစ်လို့ လဲကျနော်မေးတော့ သူတို့ 
ကို ၂၅၀ ပေးချက်ချင်းထုပေးမယ်ပြောတယ်။ကားခက ၅၀၀ယူတယ်။ အထက်ကတုံးထုလာတာဖြစ်ပေမယ့် မဲဆောက်ကိုလာခ အတွက်ဒဏ်ရိုက်တယ်ဆိုပြီး လ၀က က ဘတ်၅၀၀ ယူပြန်တယ်။အဲဒါတောင် သူတို့ ကား
နဲ့ ပြန်မယ်လို့ ဆိုမှ လုပ်ပေးတာ။ လ၀က ကလည်း ကားကုမ္ပဏီက စာရွက်ပါမှ လက်မှတ်ထိုးပေးတာ” ဟု
ကိုပြောသည်။
ပွဲစားခလည်းပေး တနေကုန်လည်း တန်းစီပြီးမှ မသွားရသဖြင့် ကိုလှခိုင်က ပွဲစားထိုင်းသူဌေးအားမေးရာ ကြိုက်သည့်နေရာ သွားတိုင်နိုင်ကြောင်းပြောသည်။ ထို့ ကြောင့် ချစ်ကြည်ရေးတံတားအောက် အနီးရှိ ရဲစခန်းသို့ သွားရောက်အမှုဖွင့်ရာ ရဲအရာရှိ ကိုယ်တိုင်ဖွင့်လှစ်ထားသော ကားကုမ္ပဏီဖြစ်သဖြင့် အခြားနေရာများသို့ တိုင်တန်းခြင်းမပြုရန်ပြောဆိုပြီး ပွဲစားခ ၂၅၀ ဘတ်ကိုဖြတ်ယူထားလိုက်ပြီး ကားခ ငွေ ၅၀၀ ဘတ်ကိုသာကိုလှခိုင်အား ပြန်ပေးခဲ့သည်။
ထိုသို့ လ၀ကနှင့်ပူးပေါင်းကားကုမ္ပဏီတို့ တောင်းခံသော ငွေများကိုပေးသွင်းထားပြီးဖြစ်သော်လည်း အပေါ်သို့ 
မတက်ရသေးပဲ အဆိုပါ လ၀က ခြံဝင်းတွင် အခင်းမပါ၊စောင်မရှိ ပဲ သမံတလင်း ပေါ်တွင် တစ်ညတာ အိပ်ကြရပြန်သည်။ထိုသို့ တစ်ညအိပ်ခအဖြစ်လူတစ်ဦးဘတ်၈၀နုန်းကောက်ခံပါသည်။ ညအိပ်သူပေါင်း၂၀၀ ထက် မနည်း ရှိသည်။
ပြည်မဘက်မှတက်လာသည့်ကားများမှာ မြ၀တီမြို့ သို့ ညနေ၃နာရီဝန်းကျင်တွင်ရောက်ရှိသဖြင့် မဲဆောက်သို့ ကူးလာသည့်အခါ ၄နာရီ၅နာရီခန့် မှရောက်ရှိကြသည်။မိမိတို့အလုပ်လုပ်နေသည့်နေရာများသို့ ပြန်လည် တက်ရောက်လိုသည့် မြန်မာအလုပ်သမားများအပေါ် ထိုင်းရဲ၊ထိုင်းလ၀ကနှင့်ကားကုမ္ပဏီတို့ မတရားစီးပွား ရှာနေကြခြင်းဖြစ်ကြောင်းအလုပ်သမားများကပြောသည်။
ဇန်န၀ါရီလဆန်းက ထိုင်း/မြန်မာ၂ဘာသာဖြင့် နယ်စပ်ဒေသ သွားလာရေးလွယ်ကူစေရန် ဆောင်ရွက်ပေး နေကြောင်း တာ့ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် နယ်စပ်ကို ဆင်းသွားကြသည့် မြန်မာအလုပ်သမားများ မတရားသဖြင့်ငွေကြေးကုန်ကျနေကြဆဲဖြစ်ကြောင်းသိရှိရသည်။
သတင်း.-ကို ကျော်သောင်း (ဘန်ကောက်) **
Thursday, December 9, 2010
မြန်မာအလုပ်သမတစ်ဦး မနေ့ကပစ်သတ်ခံရ၊ ထိုင်းရှေ့နေအဖွဲ့အကျိုးဆောင်သဖြင့်ယနေ့လျော်ကြေးရ
(LLC-ကွန်ယက်များမှအမှုကိုမဲဆောက်ရဲစခန်းအတွင်းကူညီအကျိုးဆောင်နေကြစဉ်)Photo-JACBA
.....................................................................................................................................................................
(ဒီဇင်ဘာလ ၉၊၂၀၁၀)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဟွေ့ခလုတ်ကျေးနယ်၊နောင်ပူတဲနယ်မြေတွင်ယမန်နေ့ နံနက်ပိုင်းကမြန်မာအလုပ်သမတစ်ဦး ပစ်သတ်ခံရကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွားပုံမှာဒေါ်မြညွန့် (၅၇) နှစ်သည်အခြားလုပ်ဖေါ်ကိုင်ဘက်၆၀ယောက်နှင့် အတူတောင်ယာလုပ်ကာ ထိုင်းအလုပ်ရှင်ကမခိုင်းဘဲရေသွားခပ်နေစဉ်အလုပ်ရှင်ဒေါသ ဖြစ်ပြီးသေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း၊မဲဆောက်ဆေးရုံအရောက်တွင်သေဆုံးသွားကြောင်းမိသားစုဝင်များက
ပြောသည်။ ၎င်း အမှုကိုထိုင်းရှေ့နေများကောင်စီဥပဒေအထောက်အကူ ပြုဌာန(LLC)မှကွင်းဆင်းလေ့လာပြီးကျေးရွာလူကြီးနှင့်မိသားစုဝင်များထံသို့လည်းကောင်း
မဲဆောက်ရဲစခန်းတာဝန်ရှိသူများထံသို့လည်းကောင်းစုံစမ်းမေးမြန်းကာထိုင်းရာဇ၀တ်မှု ဥပဒေ BE 2544 အတိုင်းလေ့လာသုံးသပ်လျက်အောင်မြင်အောင်ဆက်စပ်ဆောင်ရွက်နိုင် ခဲ့သည်ကိုတွေ့ရသည်။ဥပဒေလမ်းကြောင်းအတိုင်းကာယကံရှင် ၏သဘောထားကိုဦးစားပေးရသည့်အနေအထားဖြစ်ပေရာအသတ်ခံရသူ၏မိသားစုမှပြစ်မှုကျူးလွန်သူထိုင်း
အလုပ်ရှင်ပေးသောလျော်ကြေးငွေဘတ် (၇၀၀၀၀)ကိုလက်ခံပြီးရွာလူကြီးမှလည်းအသုဘ အတွက်တာဝန်ယူမည်ဟုကတိပေးကြသဖြင့်အစစအရာရာအဆင်ပြေသွားသည်ကိုတွေ့ရသည်။ထိုင်းရှေ့နေ
များကောင်စီဥပဒေအထောက်အကူ ပြုဌာန(LLC)မှလိုက်ပါဆောင်ရွက် ခဲ့သောအမှုများတွင်ယနေ့လုပ်၍ယနေ့ရသောအမှုတခုဖြစ်ပြီးကာယကံရှင်၏သဘော ထားအတိုင်းလေးစားလိုက်နာစွာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သတင်း-သောင်ရင်းနဂါး(မြန်မာပြည်သား)
Saturday, November 27, 2010
ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများဖမ်းဆီးနှိမ်နင်းရေးတာဝန်ပေးအပ်
(ဘီဘီစီ၊ နိုဝင်ဘာလ ၂၇)
ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများအား ဖမ်းဆီးနှိမ်နင်းအရေးယူနိုင်ရေးအတွက်၊ထိုင်းစစ်တပ်၊ထိုင်း
ရဲနှင့်ဌာ န ဆိုင်ရာ တာဝန်ရှိသူတို့ အား တာဝန်ပေးအပ်ပွဲကိုယမန်နေ့ ကဘန်ကောက်မြို့ရှိအလုပ်သမား ၀န်ကြီးဌာန တွင်ကျင်းပခဲ့သည်။
ယခင်နှစ်က မြန်မာ၊ကမ္ဘောဒီယားနှင့်လောနိုင်ငံသား၊တရားဝင်နိုင်ငံခြားသားအလုပ်သမား ပေါင်း၁၄သိန်းကျော်ရှိခဲ့သော်လည်း၂၀၁၀နှစ်အတွက်အလုပ်သမားသက်တမ်းတိုးသည့်အခါ စုစုပေါင်းအလုပ်သ
မား ၅သိန်းကျော်လျော့နည်းနေခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနမှညွှန်ကြားရေးမှုးထနွန်နွိုင် က“ မှတ်ပုံတင်သက်တမ်းလာမတိုးတဲ့ဒီအလုပ်သမား ၅သိန်းကျော်ဟာထိုင်းနိင်ငံအတွင်းမှာအလုပ်လုပ်နေတုန်းပဲလား၊ဒါမှမဟုတ်နေရပ်ရင်းကိုပြန်သွားကြပြီလား၊
ဒါကိုအတိအကျသိနိုင်ဖို့ အတွက်ရဲ၊စစ်တပ်နဲ့ ဌာနဆိုင်ရာတွေကိုတာဝန်ပေးရတာဖြစ်ပါတယ၊်ဒါမှ တရားမ၀င် အလုပ်သမားတွေကိုရော၊တရားမ၀င်အလုပ်သမားတွေကိုငှါးရမ်းတဲ့သူဌေးတွေကိုပါအရေးယူနိုင်မှာဖြစ်ပါ
တယ်”ဟုဘီဘီစီကိုပြောသည်။
လာမည့်ဇန္န၀ါရီလ၁ရက်နေ့တွင်စတင်မည့်အလုပ်သမားသက်တမ်းတစ်နှစ်ထပ်တိုးပေးအတွက်ဖိအားပေးဆောင်ရွက်
ခြင်းလည်းဖြစ်ကြောင်း၊အလုပ်သမားအသစ်များအတွက် တရားဝင်ကဒ်ပြားထုတ်ပေးရေးကို အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စတင်ဆောင်ရွက်နေပြီးဖြစ်သော်လည်း အစိုးရ၀န်ကြီးများကအတည်ပြုပေးရန်လိုအပ်နေသေးသည်။
အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ထားသော နေရပ်ရင်းပြန်ပို့ စရိတ် ဘတ်၂၄၀၀ ကိုဒီဇင်ဘာလမှစတင် ကောက်ခံတော့မည်ဖြစ်သည်။တစ်လလျှင်ဘတ်ငွေ၄၀၀နုန်းဖြင့် ၆လကောက်ခံသွားမည်ဖြစ်သည်။
တရားဝင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၃သိန်းကျော်တို့ အား ယာယီပတ်စပို့ ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်
ကြောင်းညွှန်ကြားရေမှူးကပြောသည်။
Monday, November 22, 2010
နိုဝင်ဘာလ (၂၁) ရက်နေ့ထုတ် မသိချွှန် သတင်းစာမှ “အလုပ်သမားဝန်ကြီးမှ ရွှေ့ပြောင်းအလုပ်သမားများအားထိမ်းချုပ်ရန်အချိန်တန်ပြီ - ကိုယ်ဝန်မရှိအောင်တားဆီးရန်လို”
**( နိုဝင်ဘာလ (၂၁) ရက်နေ့ထုတ် မသိချွှန် သတင်းစာမှ “အလုပ်သမားဝန်ကြီးမှ ရွှေ့ပြောင်းအလုပ်သမားများအားထိမ်းချုပ်ရန်အချိန်တန်ပြီ - ကိုယ်ဝန်မရှိအောင်တားဆီးရန်လို”အားဆီလျှော်စွာဘာသာပြန်ထားပါသည်။)**
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးနိုင်ချလယ်မ်ချား စီအော်န်မှ မည်သည့်အထောက်အထားမှမရှိသော ရွှေ့ပြောင်းအလုပ်သမားများ၏စီမံခန့်ခွဲရေးလုပ်ငန်းစဉ်ကို လွန်ခဲ့သည့်(၂၁)ရက်နေ့တွင်ကျင်းပခဲ့သော ရွှေ့ပြောင်းအလုပ် သမားများကြီးကြပ်ရေးကော်မတီ (ကောဘောရော)၏ဆပ်ကော်မတီအစည်းအဝေးသို့တင်ပြခဲ့ပါသည်။ အစည်းအဝေးမှ ၀န်ကြီး၏တင်ပြလာချက်ကိုစိစစ်၍ မည်သည့်အထောက်အထားမှမရှိသေးသော ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်၍တရားဥပဒေနှင့်အညီနေထိုင်အလုပ်လုပ်ကိုင်သွားနိုင်ရန်အတွက် ဆောင်ရွက်သွားရန် သဘောတူကြောင်း အတည်ပြုခဲ့ကြပါသည်။ ယခုလက်ရှိတွင်မှတ်ပုံမတင်ထားသောရွှေ့ပြောင်းအလုပ်သမားဦးရေပေါင်း (၁)သန်းထက်မနဲ ရှိမည်ဟုခန့်မှန်းထားသောလည်း အတိအကျစားရင်းမရှိသေးပေ။ မှတ်ပုံတင်ပေးမည့်အလုပ်စဉ်အတွက် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဌာနမှ ပုံစံ(၂)မျိုးဖြင့် လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊
၁) နိုင်ငံသားစိစစ်ရေးလုပ်စဉ်အတိုင်းစောင့်ဆိုင်းပြုလုပ်သွားရန်၊
၂) ပြန်လည်ဖမ်းဆီးပို့ဆောင်၍နှစ်နိုင်ငံသဘောတူစာချုပ်အရ ပြန်လည်တင်သွင်းလာမည့်အလုပ်သမားများအား မှတ်ပုံတင် ပြုလုပ်ပေးရန်၊
< အတည်ပြုချက်မှာ လက်ရှိမည်သည့်အထောက်အထားမှမရှိသော(သို့)တရားမ၀င်နေထိုင်လျက်ရှိသော အလုပ်သမား မည်မျရှိကြောင်းကိုသိရှိနိုင်ရန်နှင့် ထုတ်ပေးမည့်အလုပ်လုပ်ပိုင်ခွင့်လက်မှတ်(ဘတ်) အသစ်မှာလည်းနိုင်ငံကူးလက်မှတ် (ပတ်စပို့)နည်းတူ ဓါတ်ပုံ၊ လက်ဗွေရာ၊ ကိုယ်ရေးမှတ်တမ်းနှင့်မည်သည့်နယ်မြေတွင်အလုပ်လုပ်ကိုင်နေကြောင်း စသောအချက်များစွာပါဝင်မည်ဖြစ်ပြီး အလုပ်အကိုင်နေရာဒေသသို့ပြောင်းလဲပါက လွယ်ကူစွာစစ်ဆေးနိုင်မည်သည်။ “လက်ရှိဘတ်နှင့်မတူဘဲ ဘတ်အသစ်ဟာစစ်ဆေးရန်ပို၍လွယ်ကူကြောင်းနှင့်ပြဿနာများကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ အဓိကအရေးကြီးသောအရာမှာ မှတ်ပုံတင်ပြုလုပ်ပေးခြင်းဖြင့်ကျန်းမားရေးဆေးစစ်မှုပြုလုပ်နိုင်ပြီး ကူးစက်ရောဂါရှိမရှိကို သိရှိနိုင်ကြောင်း၊ မည်သည့်အထောက်အထားမှမရှိသော အလုပ်သမားများစွာသည်နိုင်ငံအတွင်းတရားမ၀င် နေထိုင်၍ အလုပ်လုပ်ကိုင်နေကြောင်းကို သက်ဆိုင်ရာဌာနအားလုံးလက်ခံသင့်ကြောင်း၊ ဤသူများကိုမှတ်ပုံတင်မပြုလုပ်၍ စာရင်းမကောက်ထားပါက မည်သို့မှထိမ်းချုပ်၍ရမည်မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံသို့ပြန်ပို့ရမည်ကိုလည်းသိရှိနိုင်မည် မဟုတ်ကြောင်း၊ ဤပြဿနာကို ဖြေရှင်းရန်လိုအပ်ပြီဖြစ်ကြောင်း” ၀န်ကြီးကပြောကြားသွားပါသည်။ “အကယ်၍တရားမ၀င်နေထိုင်လျက်ရှိသောအလုပ်သမားအားလုံးအားဖမ်းဆီး၍မိမိနိုင်ငံသို့ပြန်ပို့ပါက ထိုင်းနိုင်ငံ၏စီးပွားရေးကို မလွဲမသွေထိခိုက်မှာဖြစ်ကြောင်း၊ ယခုလက်ရှိဦးရေမည်မျှရှိကြောင်းကိုမည်သူမှတိတိကျကျမသိကြောင်း၊ အကယ်၍၄င်းတို့အားလုံးကို မှတ်ပုံတင်ပေး၍တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုလုပ်ပေးလိုက်ပါက ထိုင်းလူမှု အသိုင်းအ၀ိုင်းနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်းအား ထိုင်းနိုင်ငံအစိုးရမှ၎င်းတို့၏လူ့အခွင့်အရေးများကိုမည်ကဲ့သို့ထောက်ပံ့ ပေးနေကြောင်းကိုအသိပေးရာရောက်မှာဖြစ်ကြောင်း၊ အရေးကြီးသည့်အရာမှာ ၄င်းတို့အားအကာအကွယ်ပေးမှုမှာ ပို၍ထိရောက်လာမည်ဖြစ်၍ လူကုန်ကူးမှုအားတားဆီးသွားနိုင်မှာဖြစ်ကြောင်း” ဆက်လက်၍ပြောကြားသွားပါသည်။ “နှစ်စဉ်၎င်းတို့၏ကလေးများ မည်မျမွေးဖွားကြောင်းကို သေချာစွာမသိရကြောင်း၊ အချို့နိုင်ငံများဆိုလျင် ရွှေ့ပြောင်းအလုပ်သမများကိုယ်ဝန်ရှိပြီဆိုလျင်မိမိနိုင်ငံသို့ပြန်ပို့၍ ကလေးမွေးဖွားစေကြောင်း၊ ဒါ့ကြောင့်ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည်ဆိုလျင် ကိုယ်ဝန်မရှိအောင်တားဆီးရန်လိုကြောင်း၊ အကယ်၍ မတားဆီးဘဲကိုယ်ဝန်ရှိပါက မိမိနိုင်ငံသို့ ပြန်ပို့ရန်လိုအပ်လျင်ပြန်ပို့ရမည်ဖြစ်ကြောင်း၊ လူသားခြင်းစာနာထောက်ထားမှုအရ ၄င်းတို့အားကြည့်ရှုရန်လိုအပ်၍ ကိုယ်ဝန်မရှိအောင်တားဆီးရန်မှာအလွန်ပင်အရေးကြီးကြောင်း၊ ကိုလည်းဆက်လက်ပြောကြားသွားပါသည်။ From: Andy Hall [mailto:andy@hrdfoundation.org] Sent: Monday, November 22, 2010 9:14 AM To: 'Andy Hall' Subject: หวั่นลูกแรงงานต่างด้าวล้นเมืองเฉลิมชัยเสนอคุมกำเนิดหวังจัดการให้เป็นระบบ/"รมว.แรงงาน"ลุยจัดระเบียบแรงงานข้ามชาติหวั่นลูกต่างด้าวล้นเมืองเสนอคุมกำเนิด-ตั้งท้องส่งกลับ http://www.ryt9.com/s/nnd/1032599 หวั่นลูกแรงงานต่างด้าวล้นเมืองเฉลิมชัยเสนอคุมกำเนิดหวังจัดการให้เป็นระบบ หนังสือพิมพ์แนวหน้า -- จันทร์ที่ 22 พฤศจิกายน 2553 01:53:31 น. นายเฉลิมชัย ศรีอ่อน รมว.แรงงาน เปิดเผยว่า ที่ประชุมอนุกรรมอำนวยการบริหารแรงงานต่างด้าวทั้งระบบมีความเห็นที่จะให้มีการดำเนินการจัดการแรงงานต่างด้าวที่ยังไม่ได้ขึ้นทะเบียนและอยู่นอกระบบ ซึ่งคาดว่ามีไม่ต่ำกว่า 1 ล้านคน ให้เข้าสู่ระบบถูกต้องตามกฎหมาย โดยกรมการจัดหางานจะเป็นหน่วยงานที่ดำเนินการใน 2 รูปแบบ คือ 1.ดำเนินการตามกระบวนการ เพื่อรอการพิสูจน์สัญชาติ และ 2.ดำเนินการขึ้นทะเบียนผู้ที่ยังไม่มีการพิสูจน์สัญชาติ แต่เป็นกรณีเพื่อรอการส่งกลับและนำตัวเข้ามาอย่างถูกต้องตามข้อตกลงหรือเอ็มโอยูที่ทำไว้กับประเทศต้นทาง โดยระบบทะเบียนรูปแบบใหม่ของกรมการจัดหางานที่เสนอต่อที่ประชุมนั้น ในใบอนุญาตขอทำงานจะมีลักษณะคล้อยกับพาสปอร์ต ซึ่งเก็บข้อมูลทั้งหมด อาทิ รูปถ่าย ลายนิ้วมือ ประวัติถิ่นที่อยู่ รวมถึงการจดทะเบียนทำงานอยู่ในพื้นที่เขตไหน เพื่อให้ตรวจสอบได้เมื่อมีการย้ายสถานที่ทำงาน รมว.แรงงาน กล่าวอีกว่า ในแต่ละปีมีแรงงานต่างด้าวมาคลอดลูกในประเทศไทยจำนวนมาก ซึ่งเราไม่ได้มีมาตรการควบคุมดูแลอย่างชัดเจน โดยส่วนตัวจึงมีแนวคิดว่าควรให้มีการคุมกำเนิดแรงงานต่างด้าว อย่างไรก็ตาม หากใครเห็นว่ามีแนวที่ดีกว่าก็เสนอเข้ามา มิฉะนั้นก็จะมีคำถามอยู่ตลอดเวลาว่าจะทำอย่างไรกับลูกของแรงงานกลุ่มนี้ ที่สำคัญ คือ ประเทศอื่นๆ สามารถกำหนดกติกาสำหรับแรงงานต่างชาติที่เข้าไปทำงาน บางประเทศถึงขนาดออกมาตรการเข้ม หากแรงงานข้ามชาติท้อง เขาส่งตัวกลับทันที "เพราะฉะนั้นจึงต้องมีการคุมกำเนิด ถ้าไม่คุมก็ต้องถูกส่งตัวกลับ โดยหลักมนุษยธรรม เราต้องดูแลพวกเขาอยู่แล้ว แต่หากเราป้องกันไว้ก่อนจะไม่ดีกว่าหรือ ซึ่งก็ถึงเวลาแล้วที่ประเทศไทยควรจัดระเบียบแรงงานข้ามชาติให้เป็นระบบเสียที ไม่ใช่แค่แรงงานพม่า ลาวและกัมพูชาเท่านั่น แต่ยังมีแรงงานเวียดนาม อินโดนีเซีย บังคลาเทศ เนปาล และชาติอื่นๆ ด้วย ว่าทำอย่างไรให้แรงงานเหล่านี้อยู่ในประเทศไทยอย่างถูกต้อง"นายเฉลิมชัย กล่าว
http://www.matichon.co.th/news_detail.php?newsid=1290339067&grpid=&catid=19&subcatid=1904
Tuesday, October 19, 2010
မြန်မာနိုင်ငံအရှေ့ ပိုင်းရှိ အမျိုးသမီးနဲ့ ကလေးငယ်များကျန်းမာရေးပြဿနာအစီရင်ခံစာထုတ်ဝေ

အောက်တိုဘာ ၁၉
ဘန်ကောက်မြို့နိုင်ငံခြားသတင်းထောက်ကလပ်တွင် နယ်လှည့်ကြောပိုးအိပ်
ိအဖွဲ့ ၊မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း BMA ၊အမျိုးသားကျမ္မာရေးနှင့်ပညာရေးကော်မတီ N့HEC နဲ့ မွန်၊ ကရင်နှင့်ရှမ်း၊ တိုင်းရင်းသားဒေသတွင်းကကျမ္မာရေးဌာန၊အဖွဲ့၎ဖွဲ့ တို့ ကပူးပေါင်း၍စာမျက်နှာ၅၀ပါ၊ DIAGONOSIS: CRITICALမြန်မာနိုင်ငံအရှေ့ ပိုင်းရှိ အမျိုးသမီးနဲ့ ကလေးငယ်များ ကျန်းမာရေး ပြဿနာဆိုးရွားစွာခံစားနေရခြင်းအမည်ရှိ အစီရင်ခံစာတစ်စောင်ကို ယနေ့ ထုတ်ဝေလိုက်သည်။မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသ တွင်နေထိုင်ကြသောပဋိပက္ခမျာနဲ့ ကြုံတွေ့နေရသော၊ဒေသမှပြည်သူများ၏ ကျမ္မာရေးအခြေအနေတွေကိုတင်ပြထားခြင်းဖြစ်
သည်။ကာလကြာမြင့်နေသောပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသများအတွင်းမှလူ့အခွင့်အရေးချိုး ဖေါက်ခံနေရခြင်းများ၊ ကျန်းမာရေးအဆင့်အတန်းနိမ့်ကျနေခြင်းများကို ဖေါ်ပြထားသည်။မယ်တော်ဆေးခန်းတာဝန်ခံ ဆရာမကြီး ဒေါက်တာ စင်သီ ယာမောင်က“ဒီပဋိပက္ခဖြစ်နေတဲ့ဒေသတွင်းက ပြည်သူပြည်သားတွေဟာ အေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်စားသောက် လို့ မရဘူးလေ၊လယ်ယာမြေတွေအသိမ်းခံရတာတွေ၊အတင်းအဓ္ဓမပြောင်းရွေ့ခံရတာတွေ၊လုပ်အားပေးရတာတွေ
ကြောင့် သူတို့ ရဲ့စားဝတ်နေရေးကိုဖန်တီးခွင့်မရရှိကြဘူး၊မြန်မာစစ်တပ်ကြောင့် အမြဲပုန်းရှောင်၊ပြေးလွှားနေရတာကြောင့် ငှက်ဖျားရောဂါ၊အ
ထူးသဖြင့် ၀မ်းပျက်ဝမ်းလျောရောဂါနဲ့အသက်ရှုလမ်းကြောင်းရောဂါတွေကြောင့် ကလေးတွေသေဆုံးမှုများနေရခြင်း ဖြစ်ပါါတယ်”ဟုပြောသည်။ဤအစီရင်ခံစာကိုအထက်ဖေါ်ပြပါလူထုကျမ္မာရေးအဖွဲ့အစည်းများက လူဦးရေ ၂၇၀၀၀ကျော် တို့ ၏စစ်
တမ်းများအားအခြေခံ၍ရေးသားထားခြင်းဖြစ်သည်။အစီရင်ခံစာအရ ကလေး၄၀ ရာခိုင်နုန်းမှာ အဟာရချို့ တဲ့နေပြီး၊ ကလေး ငယ်သေဆုံးရခြင်းအကြောင်းရင်း ၆၀ ရာခိုင်နုန်းမှာလည်း ကာကွယ်ကုသလို့ ရနိုင်သော်လည်း၊ဒေသတွင်အနေအထားဆိုးတွေ
ကြောင့်လို့ ထောက်ပြထားသည်။ဒါ့အပြင် အမျိုးသမီး ၁၄ဦးမှာ တစ်ဦးကငှက်ဖျားရောဂါကူးစက်ခံနေရသည်။အရှင်မွေးသောက
လေး(၇)ဦးအနက်၁ဦးက ၅နှစ်မပြည့်မီအသက်ဆုံးရှုံးနေရသည်။မြန်မာနိုင်ငံမှ တရားဝင်ထုတ်ပြန်သောစါရင်းဇယားနှင့်နှိုင်းယှဉ်
ပါက ၅နှစ်အောက်ကလေးသေဆုံးမှုနုန်းမှာ ၂ဆနီးပါးမြင့်မားနေသည်။မိခင်သေဆုံးနုန်းမှာလည်း ၃ဆနီးပါးမြင့်မား နေသည်ကိုတွေ့ရှိရကြောင်းအစီရင်ခံစာမှာဆိုထားသည်။နယ်လှည့်ကြောပိုးအိပ်အဖွဲ့ က ကိုနိုင်အေးလွင် က“တိုင်းပြည်ဝင်ငွေတွေကို ခွဲဝေ သုံးစွဲတဲ့အခါမှာစစ်အစိုးရကစစ်တပ်အင်အားကြီးမားရေးမှာအများကြီးသုံးစွဲပြီးတော့၊ကျမ္မာရေးနဲ့ပညာရေးအခန်းကဏ္ဍတိုင်းပြည်
ဝင်ငွေရဲ့ တစ်ဒဿမရှစ်ရာခိုင်နုန်းပဲသုံးစွဲပါတယ်။ကျနော်တို့ုတိုင်းပြည်မှာ ကျမ္မာရေးနဲ့ပညာရေးနဲ့လူမှုရေးအခန်းကဏ္ဍတွေကို တိုးမြှင့်ချင်ရင် ငွေတွေကို ပိုမိုပြီးတော့ခွဲဝေသုံးစွဲဖို့ လိုမယ်လို့ ကျနော်နားလည်ပါတယ်” ဟုပြောသည်။ဒီအစီရင်ခံ စာထုတ်ဝေတဲ့သတင်းစာရှင်းလင်းပွဲသို့ နယ်လှည့်ကြောပိုးအိပ်အဖွဲ့ က ကိုနိုင်အေးလွင်၊မယ်တော်ဆေးခန်းတာဝန်ခံ ဆရာမကြီး ဒေါက်တာစင်သီယာမောင်၊ရှမ်းအမျိုးသမီးလှုပ်ရှားမှုကွန်ယက်မှ ဒါရိုက်တာနန်းချန်တောင်း နှင့်အမေရိကန်အခြေစိုက်
Johns Hopking တက္ကသိုလ်က ဒေါက်တာVit Suwan Vanichkijတို့ အသီးသီးကအခမ်းအနားကိုတက်ရောက်လာသောနိုင်ငံ
တကာ သတင်းထောက်များနှင့်လေ့လာသူများအားဟောပြော၊ဖြေကြားသွားခဲ့ကြသည်။
သတင်း .. ဦးကျော်သောင်း(ဘန်ကောက်)
Monday, October 18, 2010
ခေါင်ကယ်ငါးဖမ်းပိုက်စက်ရုံမှဆန္ဒပြအလုပ်သမားများအလုပ်အကိုင်နေသားတကျဖြစ်ပြီ



(အောက်တိုဘာ ၁၈၊၂၀၁၀)
ထိုင်း-လာအိုနယ်စပ် ခေါင်ကယ်ငါးဖမ်းပိုက်စက်ရုံ မှဆန္ဒပြ အလုပ်သမားများ ယာယီပတ်စပို့ များအားကိုင် ဆောင်ခွင့်ရရှိခဲ့ပြီးနောက်လျှက် ယနေ့တွင်ထိုင်းနိုင်ငံနေရာအနှံ့အပြားတို့တွင်အလုပ်အကိုင်များနေသားတကျ
ဖြစ်သွားပြီးဖြစ်သည်။
ဘန်ကောက်၊မဟာချိုင်၊စူရဌာနီ၊ခိုလတ်နှင့်မဲဆောက်တို့ တွင် အလုပ်သမားအာလုံး တရားဝင်ပြန်လည်အလုပ်
လုပ်ကိုင်ခွင့်ရရှိသွားကြပြီးဖြစ်သည်။ယမန်နေ့ကအထိ နေရာအပြောင်းအလဲရှိခဲ့ကြသော်လည်း ယနေ့ တွင်အား
လုံးအဆင်ပြေသွားခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့်အောက်တိုဘာလ၁၃ ရက်မှ ၁၅ရက်အတွင်း စက်ရုံတာဝန်ခံနှင့် ထိုင်းရှေ့နေများကောင်စီနှင့်MAP ဖေါင်ဒေးရှင်းနှင့်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း(BAT) တို့ မှ ၃ ရက်တိုင်တိုင် ညှိနှိုင်းခဲ့ကြပြီးနောက်ပိုင်းအလုပ်သမားများတောင်းဆိုချက်များတစ်ခုအနက်၆၅၈ဦးမှာယာယီပတ်စပို့ ကိုင် ဆောင်ခွင့်ရရှိခဲ့ကြပြီးဖြစ်သည်။
အလုပ်သမထိပ်တင်အေးက“သမီးတို့ ပတ်စပို့ ကိုခုမှမြင်ဖူးတော့တယ်။ ဘယ်လိုဝမ်းသာမှန်းမသိတော့ဘူး
ပြောမပြတတ်အောင်ပါပဲ၊အားလုံးကိုကျေးဇူးတင်ပါတယ်”ဟုပြောသည်။
အောက်တိုဘာ ၁၃ ရက်နေ့ ကလုပ်ငန်းရှင်ဘက်မှအလုပ်မဆင်းပဲဆန္ဒပြနေသည့်အလုပ်သမားများအား ပေးရန်ကျန်ရှိသည့်လုပ်အားခငွေ များကိုစက်ရုံဝင်း အတွင်းမှာထုတ်ပေးမှာမဟုတ်ပဲ။အပြင်တစ်နေရာ တွင်ထုတ်ပေးမည်ဖြစ်ကြောင်းထိုင်းရှေ့နေများသို့ တောင်းဆိုခဲ့သည်။
ထိုင်းရှေ့ နေများကလည်း စက်ရုံနှင့် ၃ကီလိုအကွာ (ဟွာလန်း)ထိုင်းဘုန်းတော်ကြီးကျောင်းတွင်နေရာချထား
ခဲ့ပြီး ၂ရက်တိုင်တိုင် ဖြေရှင်းခဲ့ကြရသည်။
MAP ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မမိုင်က“လုပ်ငန်းရှင်ကတိမတည်ဘူး၊အပြင်ကိုထွက်ဖို့ သူ အကွက်ဆင်ခဲ့တာ၊တကယ်လည်းအလုပ်သမားတွေထွက်လာရော့ ထုတ်ပေးတဲ့ပိတ်ဆံတွေလျော့နေတယ်
ဒါပေမယ့် ကျမတို့ တရားစွဲပြီးပြန်တောင်းမယ်။ အလုပ်သမားတွေအပေါ်မှာဖိနှိပ်ထားတာတွေကိုတရားစွဲမယ်၊
အလုပ်သမားတွေအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုတောင်းဆိုသွားမှာဖြစ်ပါတယ်”ဟုပြောသည်။
ဘုန်းတော်ကြီးကျောင်းတွင်ကျောင်းထိုင် ဆရာတော်မှ ညနေစာထမင်းအားကျွေးမွေးလှူဒါန်းပါသည်။
အလုပ်သမားခေါင်ဆောင်တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းလွင်က“ကျနော်တို့ ရဲ့ ညီညွတ်မှုကြောင့်ပါ။BAT
အဖွဲ့ ကခေါင်းဆောင်တွေညွန်ကြားတာတွေ၊မမိုင်ညွန်ကြားတာတွေကို ကျနော်တို့ အတတ်နိုင်ဆုံးအကောင်
အထည်ဖေါ်ပါတယ်။ကျနော်တို့ အကျဉ်းအကြပ်ထဲရောက်နေတဲ့အချိန်မှာ ခုလိုထိထိရောက်ရောက်ကူညီ
ပေးတဲ့အဖွဲ့ တွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ”ဟုပြောသည်။
အလုပ်သမားများပြဿနာဖြေရှင်းနေစဉ်အတွင်း ပင်လယ်ပျော်သမဂ္ဂ SUB မှ ဘတ်ငွေ ၁၀၀၀၀၊ ပညာရေးဖွံ့ဖြိုးမှုဖေါင်ဒေးရှုင်း( FED )မှ ၅၀၀၀ ဘတ်နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ အရပ်ရပ်အလှူကောက်ခံငွေ ၇၂၀၀ဘတ်တို့ အား အလုပ်သမားခေါင်းဆောင်များလက်သို့ ပေးပို့ ကူညီနိုင်ခဲ့သည်။
BAT အဖွဲ့ မှ အမျိုးသမီးရေးရာနှင့်စည်းရုံးရေးမှူးဒေါ်သက်သက်ဦးက“ပထမတစ်ကြိမ်တုန်းက ကျမတို့ အဝေးကပဲအကူအညီပေးခဲ့တယ်။ဒီတခါတော့ ကျမတို့ အဖွဲ့ က၃ယောက်လိုက်သွားပြီးတော့ ထိုင်းရှေ့ နေအဖွဲ့ ၊MAP တို့ နဲ့ ညှိနှိုင်းပြီးတော့ အနီးကပ်ကူညီနိုင်ခဲ့တယ်။ အလုပ်သမားတွေဟာ ကျမတို့ ကိုတွေ့ တာနဲ့ အားတက်သွားကြတယ်။ ကျမတို့ ကလည်းနေ့ ရောညပါ အစွမ်းကုန် ကူညီပေးခဲ့တယ်။ အခြားအဖွဲ့ အစည်းတွေကိုလည်း ကျမတို့ ပဲအလုပ်သမားတွေကိုယ်စားအကူညီငွေအလှူခံခဲ့တာဖြစ်တယ်။ ကျမတို့ အတွက်တန်ဘိုးဖြတ်မရတဲ့အတွေ့ အကြုံတွေရရှိတယ်၊သင်ခန်းစာတွေရရှိခဲ့တယ်။ နောင်လည်းကျမတို့ တတ်နိုင်တာတွေကိုဆက်လက်လုပ်ကိုင်နေမှာဖြစ်ပါတယ်”ဟုပြောသည်။
ထိုင်းရှေ့ နေများကောင်စီမှ ရှေ့ နေကြီး Nassir Achwarin နှင့် MAP ဖေါင်ဒေးရှင်းမှ Pradittha Pariyakaewfah တို့ မှာ အထူးပင်ပန်းခံလုပ်ကိုင်ခဲ့ကြသည်။ အလုပ်သမားများနှင့် ဘုန်းကြီးကျောင်းတွင်
အတူစား၊အတူအိပ်သည်။မိုးရွာထဲတွင်သွားလာနေခဲ့ကြသည်။မမိုင်မှာလည်းအလုပ်သမားများအား စါရင်း
သွင်းရန်အကြိမ်ကြိမ်ပြောထားသော်လည်း စါရင်းလာမသွင်းသဖြင့် အားမရဖြစ်ခါ ငိုကြွေးသည်အထိ စေတနာ
ဖြစ်ခဲ့ရသည်။ BAT အဖွဲ့ သား ၃ဦးတို့ မှာလည်း ၄င်းတို့ နည်းတူ အအိပ်အစားပျက်ပင်းပန်းခံလုပ်ကိုင်ခဲ့ကြ
သည်။ပြဿနောက်ဆုံးနေ့ ဖြစ်သော အောက်တိုလ ၁၅ ရက်နေ့ တွင်MAP မှ ကိုနစ်နှင့် ရှေ့ နေများကောင်စီမှ
ခွန်းထနူးတို့ အင်အားလာရောက်ဖြည့်ဆည်းခဲ့ကြသည်။
ယခုဒုတိယအကြိမ် ဆန္ဒပြပွဲကိုလဆန်း၇ ရက်နေ့ ကစတင်ခဲ့သည်။ ၈ရက်နေ့ က ဘန်ကောက်အခြေစိုက်အဖွဲ့ ၈ဖွဲ့ တို့ အစည်းဝေးလုပ်ပြီးတာဝန်ခွဲဝေခဲ့ကြသော်လည်း အဆိုပါစက်ရုံက မည်သည့်အဖွဲ့ အစည်းကိုမှ အ၀င်မခံ
ခဲ့ချေ။ ထိုင်းရှေ့ နေများကောင်စီတစ်ခုတည်းကိုသာဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ကျောင်းဝင်းအတွင်းအလုပ်
သမားများနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်တို့ ပြဿနာရှင်းလင်းကြစဉ်၊ဒေသခံဆ၀ါဒီကန်ရုံးမှတာဝန်ရှိသူများ၊ဒေ
သခံထိုင်းရဲတပ်ဖွဲ့ ဝင်များနှင့်အရာရှိကြီးများ၊ကျေးရွာပြည်သူ့စစ်တို့ ကစောင့်ရှောက်ခဲ့ကြပါသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းသို့  နေရာအစုံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များလာရောက်ပြီးအလုပ်သမား
များအားတရားဝင်ခေါ်ယူခဲ့ကြသည်။
**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**
Wednesday, September 15, 2010
ဆန္ဒပြ ပိုက်စက်ရုံအလုပ်သမားများနှင့်လုပ်ငန်းရှင်တို့ သဘောတူလက်မှတ်ရေးထိုး


(စက်တင်ဘာ ၁၄၊၂၀၁၀)
တစ်ပတ်ကြာဆန္ဒပြတောင်းဆိုနေကြသည့်၊ထိုင်း-လာအိုနယ်စပ်ခေါင်ကယ်ပိုက်စက်ရုံမှအလုပ်သမားများတောင်းဆိုနေသည့်အချက် များအနက်မှ အလုပ်သမားများအဓိကတောင်းဆိုချက်ဖြစ်သော ယာယီပတ်စပို့ လက်ဝယ် ကိုင်ဆောင်ခွင့်ကို လာမည့်သောကြာနေ့ တွင်အလုပ်သမားများလက်သို့ ပေးအပ်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်က အဖွဲ့ ပေါင်းစုံရှေ့တွင်သဘောတူလက်မှတ်ရေးထိုးလိုက်ကြသည်။
အလုပ်သမားများတောင်းဆိုသည့်အချက်များမှာ-
(၁)ယာယီပတ်စပို့ အပါအ၀င်စာရွက်စာတမ်းများမိမိလက်ဝယ်ကိုင်ဆောင်ခွင့်ရရှိရေး။
(၂)ထိုင်းအလုပ်သမားဆိုင်ရာဥပဒေအတိုင်းတန်းတူခံစားခွင့်ရရှိရေး။
(၃)ဆန္ဒပြအလုပ်သမားများအား အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ပြုရေး။ နှင့်ဆန္ဒပြခြင်းကိုတစ်စုံတစ်ခုအပြစ်ပေး
အရေးယူခြင်းတို့ မပြုလုပ်ရန်တို့ ဖြစ်သည်။အလုပ်သမားများတောင်းဆို
သည့်အချက်အလက်များအား လုပ်ငန်းရှင်ဘက်မှ လိုက်လျှောသဘောတူညီလိုက်ပြီးနောက်၊ လုပ်ငန်းရှင်ဘက်ကလည်းအောက်ပါအချက်များကိုတောင်းဆိုသည်။
(၁)ရက်ပေါင်း၉၀ တစ်ကြိမ် လူဝင်မှုကြီးကြပ်ရေးသို့ သတင်းပို့ ခြင်း၊ကုန်ကျသောငွေကြေးကိုမိမိ
ကိုယ်တိုင် တာဝန်ယူခြင်း၊ရက်လွန်သွားပါကလျှော်ကြေားကိုမိမိကိုယ်ပေးဆောင်ရမည်ဖြစ်သည်။
စာရွက်စာတမ်းပျောက်ဆုံးခြင်း
၊ပျက်စီးခြင်းများအားအလုပ်သမားများကိုယ်တိုင်ထိန်းသိမ်းရမည်ဖြစ်သည်။သွားလာရင်ပုလိပ်ဖမ်းက
လည်းလုပ်ငန်းရှင်မှတာဝန်မယူပါ။လုပ်ငန်းရှင်နှင့်မည်သို့ မျှမသက်ဆိုင်ပါ။အလုပ်သမားများကိုင်ဆောင်
်ထားသည့် ပတ်စပို့ မှာနိုင်ငံ တကာသို့ သွားလို့ ရသည့်ပတ်စပို့ မဟုတ်ပါ။ထိုင်းနိုင်ငံအတွင်းမည်သည့်နေရာ
တွင်သွားလာ နေသည်ဖြစ်စေ ၊၃လပြည့်သည့်အခါ
ခေါင်ကယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင်လာရောက်တုံးထု(သတင်းပို့ )ရမည်ဖြစ်သည်။
ပထမတစ်ကြီ မ် ပြန်လည်သတင်းပို့ ခြင်းမရှိလျှင်လျှော်ကြေးပေးဆောင်ရမည်ဖြစ်သော်လည်းဒုတိယ အကြိမ် မြောက်လာရောက်သတင်းမပို့ ပါက ယာယီပတ်စပို့အားပယ်ဖျက်ခံရမည်ဖြစ်သည်။အခြား နေရာသို့ လုပ်ငန်းရှင်မသိပဲထွက်သွားခွင့်မပြုခြင်းတို့ ပါဝင်သည်။အလုပ်သမားများအတွက် ဆေးကုသခွင့်မှာလည်း
ခေါင်ကယ်ဆေးရုံတွင်သာသွေးစစ်ထားသဖြင့်ဤဆေးရုံတွင်သာကုသခွင့်ရှိသည်။အလုပ်သမားများမိမိပတ်
စပို့ ကိုမိမိတို့ ကိုင်ဆောင်ထားသဖြင့် သူ့ရှေ့ တွင်သေသွားလည်းတာဝန်မယူကြောင်း။အလုပ်သမားများ၏
ပတ်စပို့ များကိုအသုတ်လိုက်ကြေညာပေးမည်ဖြစ်ပြီး၊မိမိသဘောနှင့်မိမိ ယူလိုကယူနိုင်ကြောင်း၊နက်ဖြန်တွင်
အလုပ်ဆင်ကြရမည်ဖြစ်ကြောင်း၊လုပ်ငန်းရှင်ဖက်မှစည်းကမ်းများချမှတ်သည်။
(၂) ထိုင်းနိုင်ငံ အတွင်းသတ်မှတ်ထားသောစည်းကမ်းစည်းမျဉ်းများအတိုင်းအခွင့်အရေး များပေးသွားမည်ဖြစ်ကြောင်းနယ်မြေသတ်မှတ်ဈေးနုန်းအတိုင်းပေးသွားမည်ဖြစ်သော်လည်း၊ထိုင်းအလုပ်သမား
များနည်းတူ သတ်မှတ်သောစံချိန်စံညွှန်းမီအောင်ကုန်ပစ္စည်းများထုတ်လုပ်ပေးရမည်ဖြစ်သည်။ နံနက်၈နာရီမှ ညနေ၅နာရီထိ၁၅၇ဘတ်ပေးမည်ဖြစ်ကြောင်းလုပ်ငန်းရှင်ကပြောသည်။အချိန်ပိုဆိုသည်မှာအလုပ်ရှင်သဘော
အတိုင်းပေးမည်ဖြစ်သည်။
ယခင်က နံနက်၈နာရီမှ ညနေ၅နာရီထိ၁၄၀ ဘတ်ရရှိသည်။၅နာရီမှ ၆နာရီခွဲအထိ(၁နာရီခွဲ)ကိုယာယီပတ်စပို့ 
အတွက်လုပ်ပေးရပြီး၊ခြောက်နာရီခွဲမှ ညနေ၈နာရီအထိ ၁နာရီခွဲအချိန်ပို အတွက် ဘတ်၂၀ ပေးခဲ့သည်။
အလုပ်ရှင်အနေဖြင့် အချိန်ပိုကို ခိုင်းလိုသည့်လူကိုပေးမည်ဖြစ်ပြီး။မြန်မာအလုပ်သမားများကလည်းဆင်းလိုမှ
ဆင်းနိုင်ပါသည်။
(၃)အလုပ်သမားများ အလုပ်ရုံမှသတ်မှတ်သောစည်းကမ်းချက်များအတိုင်းလိုက်နာရမည်။ဖြစ်သည်။
၂ရက်တိုင်တိုင်သွားရောက်ဖျန်းဖြေပေးနေသူတစ်ဦးဖြစ်သည့်အလုပ်သမားအရေးဆောင်ရွက်နေသော၊လူ့
အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး HRDF အင်ဂျီအိုမှ ကိုယ်စားလှယ်ကိုစိန်ဌေးက“ ဒီခေါင်ကယ်နယ်မြေမှာ ဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့အခွင့်အေ၇းဖြစ်ပါတယ်။အောင်မြင်တယ်လို့ ပြောလို့ ရပါတယ်။ အားလုံးဝိုင်းဝန်းလုပ်ကြတဲ့ရလဒ်လို့ ပြောလို့ ရပါတယ်၊ဒီကနေ့ သဘောတူညီချက်ကို အဓိကထိုင်းရှေ့နေများ
ကောင်စီနဲ့ လူ့အခွင့်အရေးကော်မရှင်တွေအပြင် ကျနော်တို့ အင်ဂျီအို၃ဖွဲ့ ရော၊ခရိုင်အဆင့် အာဏာပိုင်တွေ
ရောပါဝင်ပါတယ်။အလုပ်သမားဘက်ကမှားရင်လည်းအလုပ်သမားခံရမယ်၊လုပ်ငန်းရှင်ဘက်ကမှားရင်လည်း
လုပ်ငန်းရှင်ကခံရမှာဖြစ်ပါတယ်” ဟုပြောသည်။
ချိုးဖေါက်ခံနေရသည့် အလုပ်သမားအခွင့်အရေးများရရှိရေးအတွက် ဆန္ဒပြနေကြသည့် အလုပ်ရုံသို့ ယမန်နေ့ 
နံနက်ပိုင်းက အဆိုပါပိုက်စက်ရုံသို့ MAPဖေါင်ဒေးရှင်း၊ အလုပ်သမားအရေးဆောင်ရွက် နေသော၊ လူ့အခွင့်အရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့HRDF ၊ဘန်ကောက်မြို့ မှလူ့ အခွင့်အရေးကော်မရှင်ရုံးတာ ၀န်ရှိသူများ၊အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး၊
ဒေသအခြေစိုက် အလုပ်သမားလူမှုဖုံလုံရေးအဖွဲ့ ရုံးနှင့်ထိုင်းရှေ့နေများကောင်စီတို့ သွားရောက်ကြားနာခဲ့သည်။
အလုပ်သမားများဘက်မှ ရွေးချယ်ထားသည့်ကော်မီတီဝင်၈ဦးနှင့် လုပ်ငန်းရှင်ဖက်မှ ကိုယ်စားလှယ်များအား
မြန်မာဘာသာပြန်များမှတစ်ဆင့်အပြန်အလှန် ကြားနာစစ်ဆေးမေးမြန်းခဲ့ကြသည်။
အလုပ်သမားကိုယ်စားလှယ်၈ဦးအနက်မှ မနန်းအေးမွန်က“ကျမတို့ အထူးဝမ်းသာပါတယ်၊၀ိုင်းဝန်းကူညီပေး
ကြတဲ့အဖွဲ့ အစည်းအားလုံးကိုကျေးဇူးတင်ပါတယ်၊ကျမတို့ ညီညွတ်မှုရဲ့ ရလဒ်ကိုလက်တွေ့ သိလိုက်ပါပြီ”ဟု
ပြောသည်။
ခေါင်ကယ်နယ်မြေ DECHAPANICH FISHING NET FACTORY LTD PART အမည်ရှိငါးဖမ်းပိုက်
စက်ရုံတွင် ယာယီပတ်စပို့ နှင့်အလုပ်လုပ်ကိုင်ခွင့်ကဒ်တို့တွင်အလွဲအချော်များပြုပြင်ထားပြီးအလုပ်သမား
၆ဦးအားစက်တင်ဘာလ၇ ရက်နေ့ ကအလုပ်ထုတ် ပယ်ခဲ့သည်။ ဤအခွင့်အရေးချိုးဖေါက်ခံနေရမှုအား
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းသို့ စတင်အကူအညီတောင်းခံခဲ့သည်။ထိုမှတစ်ဆင့်အင်ဂျီအို
အဖွဲ့ အစည်းများသို့ ဆက်သွယ်အကူညီတောင်းခံခဲ့သည်။
အဆိုပါအဖွဲ့ မှ မသက်သက်ဦးက“ယခုအကြပ်ကိုင်တဲ့ကိစ္စတွေဟာဘာမှမဟုတ်တဲ့ကိစ္စတွေပဲလေ။ထိုင်းနဲ့ မြန်
မာအလုပ်သမားတွေယှဉ်လုပ်ရင်၊မြန်မာအလုပ်သမားတွေပို လုပ်နိုင်တာပေါ့၊သူတို့ အလုပ်ရုံက အလုပ်သမား
တွေရဲ့ပတ်စပို့ တွေ၊စာရွက်စာတမ်းတွေကိုသိမ်းထားတယ်ဆိုတာ ကျမတို့ အလုပ်သမားတွေရဲ့ လုပ်အားတွေ
အပြင်ကိုထွက်မသွားချင်တဲ့အတွက်သိမ်းထားတာပါ။ဒီထိုင်းနိုင်ငံကအလုပ်ရုံတွေမှာမြန်မာအလုပ်သမားတွေရဲ့
လုပ်အားကမရှိမဖြစ်လိုအပ်နေတယ်လေ။ဒီနေ့ အောင်မြင်သွားတဲ့အလုပ်သမားတွေရဲ့ နေရာကို ကျမတို့ အ
နေအထားတစ်ခုအရ ကိုယ်တိုင်မသွားလိုက်နိုင်ပေမယ့် အချိန် ပြည့်အလုပ်သမားတွေကို အကြံပေးနေတယ်၊
အားပေးနေတယ်၊ဒီကသွားကြတဲ့အဖွဲ့ တွေကိုလည်းကျမတို့ ရရှိတဲ့သတင်းအချက်အလက်တွေကိုပြောပြပေးပါ
တယ်၊ဓါတ်ပုံတွေကိုအီးမေးတွေပို့ ပေးတာပေါ့နှော်၊အလုပ်သမားတွေတောင်ဆိုတာတွေရတဲ့အတွက်ကျမတို့ 
တစ်ပတ်တိုင်တိုင်ပင်ပန်းလာတာတွေအတွက်ကျေနပ်ပါတယ်”ဟုပြောသည်။
ယမန်နေ့ က အလုပ်သမားများကတင်ပြသည့်အချက်အလက်များမှာ ယာယီပတ်စပို့ အစစ်အမှန်အားလက်ဝယ်တွင်ကိုင်ဆောင်ခွင့်ရရှိရေ၊တစ်နှစ်စာချုပ်ပြည့်သည့်အခါလွတ်လပ်စွာအခြားနေရာများ
သို့ ထွက်ခွာခွင့်ရရှိရေ။ ကျမ္မာရေးစောင့်ရှောက်မှုအပြည့်အ၀ရရှိရေး၊ တနင်္ဂနွေနေ့ များတွင်အလုပ်ဆင်းရခြင်း၊
အလုပ်သမားများအား ထိုင်းနှင့်မြန်မာအုပ်ချုပ်ရေးအဖွဲ့တို့ က ရန်သူများသဖွယ် ဖမ်းဆီးရိုက်နှက်ခြင်း၊လုပ်အားခများမှာ အစိုးရသတ်မှတ်ထားသောဈေးနုန်းထက်နည်းပါးနေခြင်း၊ဘာမှန်းမသိပဲမတရားဖြတ်တောက်နေသည့်ငွေများအားမဖြတ်
တောက်ရေး။တို့ အား တင်ပြခဲ့ကြသည်။
အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုသီဟက“ကျနော်က သူဌေးကိုပြောချင်တာနှစ်ခုရှိတယ်၊မင်းတို့ 
သူဌေးဆိုပြီးလုပ်ချင်တိုင်လုပ်လို့ မရဘူးဆိုတာယုံလိုက်တော့လို့ လေ။ပြီးတော့ ကျနော်တို့ ဆီကိုလုံးဝရောက်
မလာခဲ့တဲ့ခေါင်ကယ်က ဖိဆယ်ယပ်ဆိုသူနဲ့ ဘန်ကောက်က ဒေါ်သက်သက်ဦးတို့ ကို
အလုပ်သမားတွေကသတိမထားမိကြတာကိုပါ၊ဒါပေမယ့် ကျနော်တစ်သက် ဒီလူတွေနဲ့ ဒီBAT အဖွဲ့ကိုတော့
တစ်သက်လုံးသတိရနေမှာပါ”ဟုပြောဆိုသွားသည်။
အဆိုပါစက်ရုံတွင်ယာယီပတ်စပို့ လုပ်ကိုင်ထားသူပေါင်းနှစ်ထောင်ကျော်ရှိပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်
နှင့်လုပ်ကိုင်နေသူပေါင်း ၃၀၀ ၀န်းကျင်ခန့် ရှိသည်။
ပတ်စပို့ များအားလုံးအားအလုပ်သမားများထံသို့ လာမည့်စက်တင်ဘာ၁၇ ရက်နေ့ သောကြာနေ့ ပေးအပ်မည်။
အဆိုပါစက်ရုံတွင် မြန်မာအုပ်ချုပ်ရေးအဖွဲ့တို့ လက်စွမ်းပြရိုက်နှက်ထားသောပြစ်မှုများအတွက်ကိုမူ ယခုအလုပ်သမားဆိုင်ရာအခွင့်ကူညီဆောင်ရွက်သူများက ဖြေရှင်းမပေးခဲ့သေးပေ။
**သတင်း… ကိုကျော်သောင်း (ဘန်ကောက်)**
Tuesday, July 27, 2010
ရောင်းစားခံထားရာမှ မြန်မာအလုပ်သမား၎ဦးလွတ်မြောက်လာ
**(ဇူလိုင်၂၇၊၂၀၁၀)**
ဘန်ကောက်အနီးမဟာချိုင်မြို့ရှိပင်လယ်အစားအစာထုတ်လုပ်သည့်စက်ရုံတစ်ခုတွင်ရောင်းစားခံထားရသည့်
မြန်မာအလုပ်သမား၎ဦးတိုအားဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း(BAT)
ကကယ်တင်နိုင်ခဲ့သည်။
မြန်မာအလုပ်သမား ၇၀ ကျော်ခန့် ရောင်းစားခံထားရသည့် မဟာချိုင်မြို့မှ အမည်မသိ ပင်လယ်အစား အစာ အလုပ်ရုံတစ်ရုံတွင်တစ်နေ့ လျှင်၁၈နာရီ ခန့် နေ့စဉ်အလုပ်လုပ်ရကြောင်းထွက်ပြေး
လွတ်မြောက်လာ သည့်မြန်မာအလုပ်သမားများကပြောပြသည်။
ထွက်ပြေးလွတ်မြောက်လာသူများမှာထောက်ကြံ့မြို့မှ အသက်၂၇နှစ်အရွယ်ကိုသက်ဝေနှင့်အသက် ၂၁နှစ်
အရွယ်ကိုချစ်ထွန်း၊ပဲခူးမြို့မှအသက်၂၆နှစ်အရွုယ်မဝေေ၀လွင်နှင့်မော်လမြို့မြို့မှသက်၂၃နှစ်အရွယ်မဌေးဌေးဝင်း
တို့ ဖြစ်ကြသည်။ထိုသူတို့ မှာ၄၅ ရက်တိုင်တိုင် အလုပ်လုပ်ကိုင်ခဲ့သော်လည်းလုပ်အားခတစ်ပြားတစ်ချပ်မှရရှိ
ခြင်းမရှိခဲ့ကြပေ။
ထွက်ပြေးလွတ်မြောက်နိုင်ရေးအတွက်ဦးဆောင်စီစဉ်သူဖြစ်သော ကိုချစ်ထွန်း က“ ပြီးခဲ့တဲ့၃ ရက်နေ့ ကမိုးတွေ
တော်တော်ကြီးပါတယ်။ အဲဒီနေ့ မှာ ထွက်ပြေးဖို့ အတွက်ကျနော်ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ကျနော် ဒီစက်ရုံ
ကိုရောက်ကတည်းက လူတစ်ယောက်လို မလုပ်ခဲ့ရ၊မစားခဲ့ရ၊မအိပ်ခဲ့ရဘူး၊ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာခံရ
တယ်။ကျနော်ဘယ်လိုလွတ်နိုင်မလဲလို့ အမြဲလေ့လာနေခဲ့တယ်။ ကျနော်တို့ ကိုလှောင်ထားတဲ့အခန်းက သွပ်
တွေနဲ့ ကာထားတဲ့အခန်းဖြစ်တယ်။ဒါပေမယ့်နောက်ဖက်က အထပ်သားတွေနဲ့ ကာထားတယ်။ ရှေ့ကကျနော်တို့ ကိုအမြဲသော့ခတ်ထားတယ်၊အဲဒါကိုကျနော်
ဓါးနဲ့ နဲနဲစီနေ့ တိုင်းလှီးထားတယ်။ထုတ်ချင်းပေါက်နီးနီးဖြစ်အောင်ကိုလုပ်ထားတာ၊မိုးရွာတဲ့နေ့ မှာ အခွင့်ကောင်းယူပြီး၊
ပြီးနိုင်သမျှ ကျနော်လုပ်ထားတယ်”ဟုပြောသည်။
မဝေေ၀လွင်တို့  မောင်နှမ ၃ဦး တို့ မြ၀တီမြို့တွင်လက်သမားနှုင့်ပန်းရံအလုပ်ကိုလုပ်ကိုင်ပြီး မြန်မာကျပ်ငွေ
တစ်သောင်းခွဲသာပွဲစားကိုပေးနိုင်ခဲ့သည်။ အလုပ်သမားများအနေဖြင့် အလုပ်ပင်ပန်းသော်လည်းလုပ်ခရရှိပါက
ယခုကဲ့သို့ ထွက်ပြေးမည်မဟုတ်ကြောင်းတက်လာသည့်အဖိုးအခမကျေသေးသည်ကိုကိုယ်ချင်းစာကြောင်း၊သို့ ရာတွင်လူတစ်ယောက်ကဲ့သို့ ဆက်ဆံမခံရခြင်းကိုအထူးစိတ်မကောင်းသဖြင့်လွတ်မြောက်အောင်လုပ်ခဲ့ရကြောင်းထွက်ပြေးလာသူကိုသက်
ဝေကပြောပြသည်။
အလုပ်သမားများအားနေ့ စဉ်နံနက်၃နာရီမှ ညဥ့်၈နာရီထိအလုပ်လုပ်ရပြီးအစားအစာများကိုမူဖြစ်ကတတ်ဆန်း
ကျွေးမွေးကြောင်း၊အလုပ်သမားများနေထိုင်သည့်အခန်းမှာမိုးမလုံသဖြင့် မိုးရွာလျှင် စုဝေးထိုင်နေရကြောင်း
အိမ်သာတက်၍အချိန်ကြာလျှင်လည်း အပြင်မှ အိမ်သာတံခါးကိုရိုက်ပုတ်နေပြီး တစ်တွတ်တွတ်ဆဲဆိုနေ
ကြောင်း၊ရေးချိုးလျှင်လည်းထိုင်စောင့်နေကြောင်း၊အိပ်ခါနီးစကားပြောနေလျှင်လည်းမီးပိတ်ပြီးဆဲဆိုကာအိပ်စေ
ကြောင်းအလုပ်သမားများကပြောပြကြသည်။
ပဲခူးမြို့မှ မဝေေ၀လွင်က“ကျမတို့ ဒီအစ်ကိုတွေ ထွက်ပြေးမယ်ပြောတော့လိုက်မယ်လို့ ပြောထားတယ်။ကျမတို့ 
ငရဲခန်းလောက်ဆိုးဝါးတဲ့အလုပ်ရုံကနေ ခုန်ဆင်းလိုက်တော့ အခြားအလုပ်ရုံက
အစောင့်ရောက်လာတယ်။ မဌေးဌေးဝင်း က ထိုင်းလိုကောင်းကောင်းပြောတတ်တယ်။ သူက အစောင့်ခြေ
ထောက်ကိုဖက်ပြီးတော့ငိုပြီးပြောတယ်၊တောင်းပန်တယ်။ ထိုင်းအစောင့်ကသနားသွားပြီးတော့သူ့ ခြံကိုကျော်
ခိုင်းတယ်၊ကျမတို့ လည်းလွတ်ရင်ပြီးရော့ ကျိုးချင်လည်းကျိုးပစေ၊အုတ်နံရံခြံစည်းရိုးအမြင့်ကခုန်းဆင်းကြ
တယ်”ဟုပြောသည်။
ထိုင်းဘာသာစကားကိုကျွမ်းကျင်သည့် မဟာချိုင်ဒေသတောရွာတစ်ရွာတွင်မွေးဖွားကြီးပြင်းလာသည့် မဌေး
ဌေးဝင်းက“ကျမတို့ ဆင်ရဲနွမ်းပါးတာတွေ၊ရောင်းစားခံရတာတွေ၊အနှိပ်စက်ခံရတာတွေကို ကျမငိုယိုပြီး ပြောပြတယ်။ကျမ အမေမုဆိုးမကိုလုပ်ကျွေးချင်လို့ တက်လာတာတွေကိုပြောပြတယ်။ကျမတို့ ကို လွှတ်ပေးတယ်။ခြံကျော်ခုန်ချပြီးကျမတို့ တောတစ်ခုထဲကို ၀င်နေခဲ့ကြတယ်။မနက်မိုးလင်းတော့ အလုပ်ရုံက ၀ဏ္ဏနဲ့ အဲဒီသမီးတို့ ကိုအမြဲစောင့်ပြီးဆဲနေတဲ့ ကရင်
တို့ လာမေးတယ်။ သမီးတို့ ပုန်းနေကြတယ်။
အနီးအပါးမှာနေကြတဲ့မွန်ဗမာတွေက မတွေ့ လိုက်ဘူးလို့ပြောကြတယ်။သမီးတို့ ကိုသူတို့ ခြင်ဆေးခွေတွေ။
ထမင်းတွေလာပို့  ကြတယ်။ သမီးတို့ အဲဒီဓနိတောထဲမှာ ၂ရက်ပုန်းနေခဲ့ရတယ်။သူတို့ ဖုန်းတွေနဲ့ ဘန်ကောက်
ကဒီအလုပ်သမားအဖွဲ့ကိုဆက်သွယ်ရပြီးဒီကိုရောက်လာခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။
ထွက်ပြေးလာသူများမှ တစ်ဆင့်ပြီးတစ်ဆင့်စုံစမ်းအကူအညီတောင်းရင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအသင်းသို့ဆက်သွယ်ရရှိခဲ့သည်။ တောထဲတွင်ပုန်းအောင်းနေရသည့် အလုပ်သမား
များမှာ မိမိတို့ ရောက်ရှိနေသည့်နေရာကို သေချာစွာမပြောပြနိုင်သဖြင့် ကယ်ထုတ်ရန်အထူးခက်ခဲနေခဲ့သည်။
ထို့ ကြောင့် အဆိုပါအလုပ်သမားများအား ထမင်းထုတ်များပေးပို့ နေသည့် မွန်အမျိုးသမီးအား တက္ကစီသမား
ကို ငှါးရမ်းခိုင်းပြီး တစ်ဦးအတွက် ဘတ်ငွေ ၅၀၀နုန်းထားဖြင့် လာရောက်ပို့ ဆောင်စေခဲ့သည်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ ထိုင်းဘာသာကျွမ်းကျင်သူ ကိုနေလင်းအောင်က“ကျနော်နဲ့ 
ကျနော်တို့ အဖွဲ့ ခေါင်းဆောင်တို့ တိုင်ပင်ပြီးလုပ်ကြတယ်၊ တစ်ရက်ကုန်သွားတယ်။ နေရာကိုအတိအကျမရနိုင်
ခဲ့ဘူး၊ နောက်ကျတော့မထူးတော့ဘူး၊ကိုယ်လက်ထဲကိုမြန်မြန်ရောက်ဖို့ အရေးကြီးတယ်လို့ ဆုံးဖြတ်ပြီးတော့
ဒီလိုပဲပို့ ခိုင်းလိုက်ရတော့တယ်။ ကျနော်တို့ ဆီမှာ တစ်ရက်တည်းခိုကျွေးမွေးပြီးတော့ အ၀တ်အထည်တွေ
ပေးတယ်၊လောလောဆယ်သုံးဖို့  ပိတ်ဆံတွေပေးကြတယ်။ယောက်ျား၂ယောက်တော့ ဖယောင်းပုံစံ လောင်းတဲ့ နေရာမှာအလုပ်သွင်းပေးလိုက်ပြီ။မိန်းကလေး၂ယောက်ကိုတော့ဗမာမတစ်ဦးခေါင်းဆောင်ပြီးအလုပ်လုပ်နေတဲ့ ထမင်းဆိုင်တစ်ဆိုင်မှာအလုပ်သွင်းပေးလိုက်ပြီးဖြစ်ပါတယ်”ဟုပြောသည်။
သူတို့ ပြီးခဲ့သည့်ဇွန်လ၂ရက်နေ့ ကမဲဆောက်မြို့မှယောက်ျားအလုပ်သမား၁၂ဦးနှင့်မိန်းကလေးအလုပ်သမား၆ဦးတို့ တောလမ်းခရီမှ တက်လာခဲ့သူများဖြစ်ကြသည်။ သူတို့ ကို မြ၀တီမြို့၊…..ရပ်ကွက်….လမ်း….မှ အသက်….နှစ်အရွယ် မွန်အမျိုးသမီးတစ်ဦးက လက်ဆင့်ကမ်းသယ်ယူခဲ့ခြင်းဖြစ်သည်။
မြ၀တီမြို့၌လူစုစဉ် ပွဲစားမက မဟာချိုင်ငါးသေတ္တာရုံတွင်လုပ်ရမည်ဖြစ်ပြီး စရိတ်ငြိမ်း တစ်လလျှင်ဘတ်
ခြောက်ထောင်ရမည်ဖြစ်ကြောင်း၊ကယ်ရီခအား တစ်လလျှင် ၃၀၀၀စီဖြတ်တောက်မည်ဖြစ်ကြောင်းအကြွေး
ကျေသည့်အခါ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်လုပ်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်ဟု အလုပ်သမား
များကပြောပြကြသည်။
မဟာချိုင်သို့ ရောက်သည့်အခါ ယောက်ျား၈ဦးအားမဟာချိုင်လှေများတွင်လူတစ်ဦးစီ ဘတ်ခြောက်သောင်းဖြင့်
ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊နောက်ရခိုင်တစ်ဦးနှင့်ရန်ကုန်မှ အလုပ်သမားတစ်ဦးတို့ ကိုမူအင်ဒိုလှေသို့ ရောင်းချ ခဲ့ကြောင်းအတူတူတက်လာခဲ့ကြပြီး အစ်ကိုအရင်းရောင်းစားခံခဲ့ရသူ မဝေေ၀လွင်ကပြောပြသည်။
အဖွဲ့ ခေါင်းဆောင် ကိုချစ်ထွန်းက ယောက်ျားများအတွက်မဟာချိုင်တွင် ကုန်းတွင်အလုပ်မရှိကြောင်း၊လှေ
လိုက်မှ ငွေစုမိကြောင်းပြောဆိုသော်လည်းကိုချစ်ထွန်းနှင့်ကိုသက်ဝေတို့ က ခေါင်းမာစွာဖြင့်အမြဲငြင်းဆိုနေ
ခဲ့သဖြင့်လှေပေါ်ရောင်းစားမခံရပဲကျန်နေခဲ့ခြင်းဖြစ်သည်။
အလုပ်ပင်ပန်းလွန်း၍ဖြစ်စေ၊နေထိုင်မကောင်း၍ဖြစ်စေ အလုပ်မဆင်းပါက မျက်နှာကိုလက်ညှိုးထိုးပြီး ပြည့်
တန်ဆာရုံတွင်ရောင်းစားမည်ဖြစ်ကြောင်း ယောက်ျားများကိုမူ အင်ဒိုလှေသို့ ရောင်းစားမည်ဖြစ်ကြောင်းမြန်မာ
အလုပ်သမားများ၏လုပ်အားခအားထုတ်ယူပြီးစောင့်ကြပ်ဆဲဆိုနေသည့်ကရင်ပွဲစားတစ်ဦးကအမြဲကြိမ်းမောင်း ခြိမ်းခြောက်ပြောဆိုလေ့ရှိသည်။၎င်းတို့ ၎ဦးထွက်ပြေးလွတ်မြောက်လာသော်လည်းကျန်နေခဲ့သည့်အလုပ်သမားများအတွက်အထူးစိုးရိမ်ကြောင်းလည်း
ပြောပြကြသည်။မဟာချိုင်တွင်အလားတူရောင်းစားခံနေရမှုများစွာရှိ
ကြောင်းမဟာချိုင်မှအလုပ်သမားများကပြောပြ၍သိရှိရသည်။မဲဆောက်မှတက်လာရာလမ်းတစ်လျှောက်တွင်
လည်းထမင်းကိုဖြစ်သလိုစားရ၊အိပ်ရခြင်းများ၊တောလမ်းခရီးကိုလေးငါးရက်လမ်းလျှောက်လာခဲ့ရသည်။
ကားစီးမည့်နေရာသို့ ရောက်သည့်အခါ ထိုင်းပွဲစားများရိုက်နှက်ဆဲဆိုခံရပုံများအပြင် ကားပေါ်တွင် အလေး
အပေါ့သွားလိုသော်လည်း ကားကိုရပ်နားမပေးပေ။ရေဆာလျှင်ရေမသောက်ရပဲလူကိုပြည့်သိပ်တင်ထားသ
ဖြင့် လာရာလမ်းတစ်လျှောက်တွင်လည်းအထူးပင်ပန်းဆင်းရဲကြောင်း၊သို့ ဖြစ်၍မြ၀တီနှင့်မဲဆောက်တို့ မှ
ပွဲစားတို့ ၏မဲဆွယ်တရားများကိုယုံကြည်၍ တော်လမ်းမှ မလာသင့်ကြောင်း မဝေေ၀လွင်က ခရေစေ့တွင်းကျ
ရှင်းပြပြောဆိုသွားသည်။
**ကိုကျော်သောင်း(ဘန်ကောက်)**
Friday, July 16, 2010
ထိုင်းထီဆုကြီးပေါက်တဲ့မြန်မာအလုပ်သမားနေရပ်ရင်းကိုပျော်ရွှင်စွာပြန်ပြီ

**(ဇူလိုင်၁၆၊၂၀၁၀)**
ထိုင်းထီိဆုကြီပေါက်သည့်မြန်မာအလုပ်သမားထိုင်းဘတ်ငွေ၂၄သန်းထုတ်ယူပြီးနေရပ်ရင်းသို့ပြန်သွားပြီဖြစ်
ကြောင်းသိရှိရသည်။
ဆုံခါအခြေစိုက် ကျမ္မာရေးနှင့်လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခုမှ မြန်မာဝန်ထမ်းအမျိုးသမီးတစ်ဦးက“
တရုတ်သူဌေးတစ်ဦးပိုင်တဲ့တည်ခိုခန်းမှာ သန့်ရှင်းရေးလုပ်တဲ့လင်မယားနှစ်ယောက်ထီပေါက်တာပါ။
သူဌေးကဘဏ်အခွန်အတွက် ဘတ် ၂သန်း၊အစိုးရကအခွန်၂သန်း ဖြတ်ထားလိုက်တယ်။ သူတို့ လင်မယားနှစ်ယောက်လုံး
ကတော့ ဘတ်၂၄သန်း ကိုချောချောမောမောပဲရသွားတယ်။ သူဌေးကိုယ်တိုင်နယ်စပ်မြို့တစ်ခုကိုရောက်အောင်ပို့ လိုက်တာပါ။တော်တော်ကောင်းတဲ့သူဌေးပဲ၊ကျမသာဓုခေါ်ပါတယ်ထီပေါက်တယ်လို့ ကြားတော့ ကျမသူတို့အတွက်စိတ်ပူခဲ့တယ်ပေါ့”ဟုပြောသည်။
ပြီးခဲ့သော၂နှစ်ခန့်က ထိုင်းနိုင်ငံဖူးခက်မြို့တွင်မြန်မာအလုပ်သမားတစ်ဦးနှင့်ထိုင်းလူမျိုးတစ်ဦးတို့ ရှဲထီ
ဘတ် ၆သိန်းပေါက်ခဲ့သည်။ သို့ရာတွင်အဆိုပါ ၂ဦးလုံးမှာ ရှဲထီရောင်းချသူများဟုယူဆရသူများကသတ်
ပြစ်ခဲ့သဖြင့်အသက်ပါသေဆုံးခဲ့ရဖူးကြောင်း၊သူမ အသက်၅၀ ကျော်အရွယ် ထိုင်းမြန်မာအမျိုးသမီးတစ်ဦး
အနေဖြင့် ယခုကဲ့သို့ ဖြောင့်ဖြောင့်ဖြူးဖြူး မိမိငွေကိုအန္တရာယ်ကင်းစွာရရှိသွားခြင်းမျိုးမကြားဖူးကြောင်းပြော
ဆိုသွားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်၊လမ်းစံလမ်းစုံရွာ၊ဟတ်ယိုင်မြို့နယ်၊ဆုံခါခရိုင် နေ ထိုင်းအမျိုး သမီးတစ်ဦးရောင်းချသည့်“မာလွေ”သူဌေးလာဖြစ်ပါ ထီဆိုင် မှ ထီနံပါတ်အတွဲ(၅၃-၅၄) ၄၈၀၂၃၉ ကဏန်းဖြင့်ထီဘတ်၂၈သန်းပေါက်ခဲ့ခြင်းဖြစ်သည်။
(လုံခြုံရေးအရ ထီပေါက်သူ၏အမည်နှင့်နေရပ်တို့ အားမဖေါ်ပြသည်ကိုခွင့်လွှတ်ကြပါရန်)
**ကိုကျော်သောင်း(ဘန်ကောက်)**
တာ့ခ်ခရိုင်ဝန်ကမဲဆောက်အခြေစိုက်အင်ဂျီအိုများနှင့်တွေ့ ဆုံ
(ဇူလိုင် ၁၆၊၂၀၁၀)
ထိုင်း-မြန်မာနယ်စပ်၊တာ့ခ်ခရိုင်အတွင်းရှိကျေးရွာရပ်ကွက်၊မြို့၊အာဏာပိုင်များနှင့်ကျမ္မာရေးပိုင်းဆိုင်ရာတာဝန်ရှိသူများက မဲဆောက်နှင့်အနီးပတ်ဝန်းကျင်တွင်ဝမ်းပျက်ဝမ်းလျောဖြစ်နေကြမှုများကို အထူးအာရုံထားကြရန်ယမန်နေ့ စည်းဝေးပွဲတွင်ပြောဆိုခဲ့ကြသည်။
မဲဆောက်အခြေစိုက် အမျိုးသမီးနှင့်ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး(SAW) အဖွဲ့မှ
မလင်းဒါ က“ခရိုင်ဝန်က မြန်မာအလုပ်သမားတွေဟာ ထမင်းစားလို့ ရှိရင် လက်နဲ့ စားတာဖြစ်လို့ ကာကွယ်ရေး
အတွက်ခက်တယ်။ အစားအစာတွေသန့် ရှင်းမှုအားနည်းတယ်တဲ့။အရာရာကို အေးအေးဆေးဆေးဆွေးနွေးကြဖို့ ကူညီစောင့်ရှောက်ကြဖို့တိုက်တွန်းတယ်။ဒုက္ခသည်တွေရဲအရေးဟာ သူတို့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်တဲ့အကြောင်း၊တတိယနိုင်ငံကိုထွက်သွားကြသူတွေနဲ့ လက်ရှိကျန်နေသေးတဲ့ဒုက္ခသည်တွေအေ၇းတွေ၊နယ်စပ်ဒေသကလက်နက်ကိုင်တွေရဲ စစ်ရေးတိုက်ခိုက်မှုတွေ၊
တော်တော်များများဆွေးနွေးသွားကြပါတယ်” ဟုပြောသည်။
တာ့ခ့်ခ၇ိုင်မှူး နိုင်ဝုစီချစ်စူရ ကဒေသတွင်းပြည်သူများအနေဖြင့်မည့်သည့်ပြဿနာများကိုမဆို တရားဥပဒေ
အတိုင်းမဆောင်ရွက်မည် အချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းဖြင့်ငြိမ်းငြိမ်းချမ်းချမ်းအခြေရှာကြစေလိုကြောင်း
ပြောသည်။မဲဆောက်ဆေးရုံတာဝန်ရှိသူက ယခုဖြစ်နေသည့် ၀မ်းပျက်ဝမ်းလျောေ၇ာဂါမှာမြန်မာပြည်ဖက်မှ
ရောက်လာသူများနှင့်ပါလာခြင်းဖြစ်ကြောင်း၊မြန်မာအလုပ်သမားများမှာ နေရာအစုံသို့ ပြောင်းရွေ့နေသဖြင့်
အထူးသတိထားစောင့်ကြည့်ရန်လိုကြောင်းပြောသည်။မြန်မာအလုပ်သမားများအနေဖြင့် စားသောက်နေ
ထိုင်မှုကိုသန့် သန့်ရှင်းရှင်းနေထိုင်ရန်လိုအပ်ပြီး အစားအစာများကို လက်ဖြင့်စားသောက်တတ်သူများဖြစ်
သဖြင့် ကျမ္မာရေးနှင့်ကိုက်ညီမှုနည်းကြောင်း၊လက်ကိုစင်ကြယ်စွာဆေးကြောပြီးမှ စားသောက်သင့်ကြောင်း
ပြောဆိုဆွေးနွေးကြသည်။
ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် အင်ဂျီအိုအဖွဲ့များနှင့်တာ့ခရိုင်ဝန်အပါအ၀င် နယ်မြေအာဏာပိုင်အဖွဲ့အ
စည်းများပထမဦးဆုံးတွေ့ ဆုံဆွေးနွေးပွဲကိုယမန်နေ့ က မဲဆောက်အန်ဖေ(အလုပ်သမားရုံး)တွင်ကျင်းပခဲ့
သည်။
ထိုင်းနယ်ခြားစောင့်စစ်တပ်၊တာ့ခရိုင်ရဲတပ်ဖွဲ့မှူး၊ကျမ္မာရေးဌာန၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၊အမှတ်
၂ပညာရေးဌာန၊ကုလသမဂ္ဂအဖွဲ့ များအပါအ၀င်နိုင်ငံတကာအင်ဂျီအိုအဖွဲ့ များနှင့်မြန်မာအင်ဂျီအိုအဖွဲ့များ
စုစုပေါင်းအဖွဲ့၆၀နီပါးတက်ရောက်ခဲ့ကြသည်။
ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းFED ၏ မဲဆောက်ရုံးခွဲတာဝန်ခံ ကိုဗညားက
“ ဒေသဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူပြီးတော့ ခုလိုစကားပြောတာ ဒါပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။
အဓိကပြောသွားတဲ့အကြောင်းအရာတွေကတော့ ဒေသတွင်း၊မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေး၊
ကျမ္မာရေးစောင့်ရှောက်မှု၊သဘာဝတောတောင်တွေ။သစ်ပင်တွေကို မခုတ်မလှဲကြဖို့ နဲ့ ဒုက္ခသည်တွေ အ
ရေးကိစ္စတွေကိုပြောကြပါတယ်၊အလုပ်သမားကိစ္စကနည်းနည်းပဲ ပါပါတယ်၊ ကျနော်ထင်တယ်၊ပထမဦးဆုံး
အကြိမ်တွေ့ ဆုံကြရတာမို့ အတိုက်အခံမပြောချင်ကြတာရယ်၊ပြီးတော့ ကြိုတင်ပြီးတော့ ဘာကိုဆွေးနွေး
ကြမယ်ဆိုတဲ့ခေါင်းစဉ်ကိုမသိတာလည်းပါမှာပေါ့လေ၊ဘာပဲပြောပြော၊ မြန်မာအလုပ်သမားတွေအတွက်
တော့အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်” ဟုပြောသည်။
ယခုကဲ့သို့ ထိုင်းဒေသတွင်းအာဏာပိုင်များနှင့် မဲဆောက်အခြေစိုက် နိုင်ငံတကာအင်ဂျီအိုများနှင့်မြန်မာအ
ဖွဲ့ အစည်းအချို့တို့ တွေ့ဆုံခြင်းကို သုံးလတစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။
**ကိုကျော်သောင်း(ဘန်ကောက်)**
Wednesday, July 14, 2010
သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက်ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓကမိုဟာမက်ထက်လဲ
နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ.စွယ်တော်(သွား)ရဲ. သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃)နှစ်ရှိနေပါပြီ။အဲဒီလောက်
သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို.က အဲဒီသွားကို
Genetic Engineering နည်းနဲ. စမ်းသပ် စစ်ဆေးလိုပါတယ်လို. အကြိမ်ကြိမ်တောင်းဆိုလို. တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို.စမ်းသပ်တွေ.ရှိချက်တွေကတော့....
-------
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန်.ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့။
(၂)လူသားတဦးရဲ့ သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့။
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNAနဲ.မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်)ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့။
အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတို.ရဲ.
သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို.အမိန်.ထုတ်လိုက်ပါတယ်တဲ့။
၊ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို. ပါဝါ
ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်။
သူငယ်ချင်းတို.ရေ...........
မှတ်ချက်။။၁၉.၁.၂၀၁၀နေ.၊ထားဝယ်မြို.တွင်ဓမ္မစေတီဆရာတော်ဟောကြားခဲ့သော
ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ။
မှတ်ချက်။ဒီနေရာကပါ
တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့
ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်တယ်၊ ရခဲတဲ့ပုံတွေပါ၊
**မေးလ်တစ်နေရာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
**၀ဏ္ဍခွန်-**
( ကျွန်တော့်ရဲ့ညီကိုမောင်နှမများခင်များနောက်မှဓါတ်ပုံဖော်ပြပါမည်။)
-
**khun aung nge khun aung nge**
-
Monday, July 12, 2010
ဘတ်ရှိသည့်မြန်မာအလုပ်သမားများအားမဟာချိုင်ရဲများဖမ်းဆီးပြီးနယ်စပ်ကိုပို့နေ

**(ဇူလိုင် ၁၂၊၂၀၁၀)**
နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ထားသော်လည်းမဟာချိုင်ရဲများကဖမ်းဆီးပြီးနယ်စပ်သို့ပြန်ပို့ သဖြင့်
မြ၀တီဘက်ခြမ်း DKBA ကိုးသုံးလုံးဂိတ်တွင် မြန်မာအလုပ်သမားတစ်ဦးအား ဘတ်ငွေ ၂၆၀၀ စီပေးနေရ
ကြောင်း အလုပ်သမားကိုခွန်ကျော်ကပြောသည်။
ပြီးခဲ့သည်ရက်ပိုင်းက မဟာချိုင်မှလူ၂၀ ဖမ်းဆီးပြ န် ပို့ သည့်အနက်အလုပ်သမား၎ဦးတို့မှာ နေထိုင်အလုပ် လုပ်ကိုင်ခွင့်(ဘတ်)လက်ဝယ်ရှိသူများဖြစ်ကြကြောင်းပြန်ပို့ ခံရသည့်အလုပ်သမားများကပြောသည်။
မြန်မာအလုပ်သမား၅၀ ကျော်ခန့် ရှိသည့် မဟာချိုင် ဝေလ ရပ်ကွက်ရှိ Thai Potoခြေညှပ်ဖိနပ်အလုပ်ရုံတွင်
၂နှစ်ကျော်ကြာလုပ်ကိုင်ခဲ့သည့် ခွန်ကျော်က တစ်နေရာထဲတွင်မလုပ်ရပဲ အလုပ်ရုံတစ်ရုံအတွင်းနေရာအစုံ
ပြောင်းလဲလုပ်ကိုင်နေရသည်ကို စိတ်မချမ်းသာသဖြင့် အလုပ်ရုံစည်းကမ်းအတိုင်း အလုပ်ထွက်ရန် ၁၅ ရက်
အကြာကပင်ကြိုတင်ထွက်စာတင်ထားခဲ့သည်။ပြီးခဲ့သည့်လကုန်ရက်က ထွက်ခွင်ကျလာသည့်အခါ ၁၉၀၀ ဘိုင်ဆလစ် ကိုမူမပေးလိုက်ပါ။
သို့ဖြစ်၍၉ကြိမ်တိုင်တိုင်တောင်းလို်က်၊ချိန်းလိုက်ဖြင့် အချိန်ကြာနေခဲ့သည်။ မဟာချိုင်အခြေစိုက် အလုပ်သမားအရေးကူညီဆောင်ရွက်သည့်အဖွဲ့တစ်ခုနှင့်ငွေကြေလက်မှတ် ၁၉၀၀ဘိုင်ဆလစ်ကိုရရှိနိုင်ရေး
ဆောင်ရွက်နေစဉ်ဇွန်လ ဇူလိုင်လ ၁ ရက်နေ့ တွင်ထိုင်းရဲဖမ်းဆီးခြင်းကိုခံခဲ့ရသည်။
ခွန်ကျော်က“ကျနော့်ကိုဖမ်းတဲ့အခါ ပုလိပ်ကားမှာ မြန်မာအလုပ်သမား၅ယောက်ဖမ်းထားပါတယ်။အဲဒီလူ
တွေမှာ အသိတွေက တစ်ယောက်ကို ဘတ်ငွေ ၂၀၀၀ စီပေးပြီးလာရွေးလိုက်တော့ ပြန်လွတ်သွားပါတယ်။
ကျနော်ကဘတ်ရှိတယ်ပြောတော့ ၊ငွေကြေလက်မှတ်၁၉၀၀ ဘိုင်ဆလစ် စာရွက်မပါတာကြောင့် လက်ထိပ်
ခပ်လိုက်ပါတယ်။၊ကျနော်အကူအညီတောင်းနေတဲ့ အလုပ်သမားအရေးလုပ်တဲ့အင်ဂျီအိုနဲ့ ကျနော်အလုပ်
ထွက်လာတဲ့ အလုပ်ရုံက စါရေးမကို ဖုန်းဆက်တော့ ရောက်လာကြပါတယ်။ကျနော်ကလည်းလွတ်မယ်ထင်
တယ်ပေါ့။မလွတ်မှန်းသိရင် ကျနော်ငွေပေးလိုက်မှာပေါ့နှော်၊ခု တော့ ကျနော်နယ်စပ်ကိုရောက်လာခဲ့တော့
တယ်” ဟု ပြောပြသည်။
နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိလျှက်နှုင့်နယ်စပ်သို့ဖမ်းဆီးပြန်ပို့ ခံရသည့်သူများမှာ
(၁)ခွန်ကျော် (ဗမာ)အသက်၂၃နှစ်။ပဲခူးမြို့သစ်
(၂)မင်းမင်း (ဗမာ)အသက် ၂၀နှစ်။သျှစ်ပင်ဆိပ်ကျေးရွာ၊ပဲခူးမြို့
(၃)မျိုးမြင့် (ဗမာ)အသက် ၂၅ှနှစ်။ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊မွန်ပြည်နယ်
(၄)ရန်နိုင် (ဗမာ)အသက် ၂၀နှစ်။ဘားအံမြို့၊ကရင်ပြည်နယ်။ တို့ဖြစ်ကြသည်။
ဘန်ကောက်နှင့်အခြားမြို့များမှ ဖမ်းဆီးပြန်ပို့ ခြင်းခံရသည့်မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၂၆၀၀
စီဒီကေဘီအေ ကိုးသုံးလုံးဂိတ်သို့ ပေးသွင်းရသည်။ ငွေမပေးနိုင်သူတို့အား ထိပ်တုံးခပ်ပြီးထမင်းမကျွေးပဲ
ထားခြင်း၊ရေမတိုက်ပဲထားခြင်းများပြုလုပ်လေ့ရှိသည်။
ထိုင်းဘက်မှ အာဏာပိုင်များက မြန်မာဘက်ကမ်းရှိ ဂိတ်များသို့လာရောက်ပို့ဆောင်ပြီးကတည်းက ဒီကေ
ဘီအေ၉၉၉ မှ တာဝန်ရှိသူများက နေရပ်လိပ်စားများကိုမေးခြင်း၊ငွေပေးနိုင်သူများကိုဆက်သွယ်၇န် ဖုန်းများ
ကိုပေးသည်။ အကယ်၍နေချင်းပေါက်မရွေးနိုင်သူတို့အား ထမင်းဖိုးအဖြစ် တစ်နေလျှင်ဘတ်၁၀၀ စီပေး
သွင်းရသည်။
ထိုင်းနိုင်ငံအနှံ့အပြားတို့ မှ စာရွက်စာတမ်းမပြည့်စုံခြင်းကြောင့်ဖမ်းဆီးပြ န်ပို့ ခံရသည့်မြန်မာအလုပ်သမား
များမှာ နေထိုင်ရာတွင်အသုံးအဆောင်ပစ္စည်းများဆုံးရှုံးခြင်း၊ပျောက်ဆုံးခြင်းများရှိတတ်သည်။ အနှစ်နှစ်အ
လလ ၀ယ်ယူသုံးစွဲနေသည့်ပစ္စည်းများအားလက်လွတ်ဆုံးရှုံးသည့်အပြင် ဒီကေဘီအေဂိတ်တွင်လည်း
ဘတ်၂၆၀၀ ပေးသွင်းမှလွတ်မြောက်ပါသည်။
အဆိုပါ အလုပ်သမား ၄ဦးအနက် ခွန်ကျော် ဆိုသည့်အလုပ်သမားက မိမိဆုံးရှုံးနစ်နာမှုများကို မဲဆောက်
အခြေစိုက် မြန်မာနိုင်ငံရှေ့ နေများကောင်စီ BLC ဥပဒေအထောက်အကူပြုဌာနမှ ကိုဇေါ်ထွန်း အားအကူညီ
တောင်းခံခဲ့သည်။
ကိုဇေါ်ထွန်းက“ဒီနေ့ ကျနော် ဆ၀ါဒီကန်ရုံးတွေကိုသွားခဲ့တယ်၊ကွန်ပျူတာထဲမှာ ခွန်ကျော် ကိုရှာတော့
ဒီနှစ်ဘတ်ဆက်ထားတာမတွေ့ ရဘူး၊အလုပ်သမားတွေဆီက ဘတ်ဆက်ဖို့ ဘတ်ငွေ ၄၀၀၀ စီလုပ်ငန်း
ရှင်ကဖြတ်ထားပြီးဖြစ်တယ်ဆိုတာသိရတယ်။ခွန်ကျော်လို အခြားအလုပ်သမားတွေလည်းနစ်နာတော့
မှာပဲ။ကျနော်ပြောချင်တာကထိုင်းအလုပ်သမားကာကွယ်ရေးအက်ဥပဒေတွေကိုမြန်မာအလုပ်သမားတွေကသာ
လိုက်နာပြီးတော့အလုပ်ရှင်တို့ ထိုင်းအာဏာပိုင်တို့ တွေလိုက်နာခြင်းမရှိဘူး၊မြန်မာအလုပ်သမားတစ်ယောက်အနေနဲ့ အထူးနစ်နာပါတယ်။အလုပ်ရှင်တွေရဲ့ ပျက်ကွက်မှုတွေ၊ထိုင်းအာဏာပိုင်တွေခြစားမှုတွေပျောက်နေတယ်။ဒါတွေကို တိတိကျကျအရေးယူနိုင်ဖို့ လိုပါတယ်”ဟုပြောသည်။
ထိုသို့ ဖမ်းဆီးပြန်ပို့ ခံရသည့်လူများအား မြ၀တီဘက်ကမ်းမှ ဒီကေဘီအေဂိတ်တို့က ယခုကဲ့သို့ မတရား
ကောက်ခံလာခဲ့သည်မှာ နှစ်ပေါင်း၂၀ ကျော်ခဲ့ပြီးဖြစ်သည်။ထိုင်းနိုင်ငံအတွင်းအနယ်နယ် အ၇ပ်ရပ်မှ ဖမ်း
ဆီပြန်ပို့ ခြင်းခံရသည့်ရွေ့ ပြောင်း မြန်မာအလုပ်သမားများမှာ မြ၀တီဘက်ကမ်းရှိ ဒီကေအီအေ ကိုးသုံးလုံး
ဂိတ်နှင့်အခြားဝိတ်တို့မှ ငွေကောက်ခံနေသည့်လုပ်ရပ်မှာ တရားဝင်လုပ်ငန်းသဖွယ်မြန်မာစစ်အစိုးရ ခွင့်ပြု
ထားခြင်းဖြစ်ကြောင်းအလုပ်သမားများကပြောပြသည်။ဒုက္ခရောက်
လာသူကိုထပ်မံနှိပ်စက်ခြင်း၊မနိုင်မနင်းဖြစ်နေသူကိုထပ်မံပြီးဝန်ထုတ်ဝန်ပိုးဖြစ်အောင်လုပ်ခြင်းဖြစ်ကြောင်း၊
ဖမ်းဆီးပြန်ပို့ ခံလာရသည့် မြန်မာအမျိုးသမီငယ်အတော်များများမှာ ခန္ဓာကိုယ်ရင်းရသည့်လုပ်ငန်းဘက်သို့ 
မပြောင်းချင်ပဲပြောင်းသွား၇သူအချို့ရှိကြောင်း၊ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်
စရိတ်ကို ရသည့်နည်းဖြင့်ရှာဖွေသွားကြသူများရှိကြောင်း အလုပ်သမားများက ပြောပြကြသည်။
** သတင်း- ဦးကျော်သောင်း (ဘန်ကောက်)**
Thursday, July 8, 2010
မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီဆုကြီး ဘတ်၂၈ သန်းပေါက်
**(ဇူလိုင် ၈၊ထိုင်း၇တ် သတင်းစာ)**
**(ဘာသာပြန်=ကိုတီး -ရခိုင့်တံခွန်ဂျာနယ်)**
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်၊လမ်းစံလမ်းစုံရွာ၊ဟတ်ယိုင်မြို့နယ်၊စုံခါခရိုင် နေ ထိုင်းအမျိုးသမီးတစ်ဦးရောင်းချသည့်“မာလွေ”သူဌေးလာဖြစ်ပါ ထီဆိုင် မှ ထီနံပါတ်အတွဲ(၅၃-၅၄) ၄၈၀၂၃၉
ပေါက်သဖြင့် မြန်မာအလုပ်သမားတစ်ဦးဘတ်သန်းချီပြီးရရှိသွားကြောင်း သတင်းစာတွင်
ရေးသားထားသည်။
မူရင်းဆုကြေးငွေ ဘတ် ရှစ်သန်းအပြင် အတွဲအပိုဆုကြေးအဖြစ်ဘတ်သန်းနှစ်ဆယ် ပါ၇ရှိသဖြင့် စုစုပေါင်း
ဘတ် ၂၈သန်း ရရှိသွားသည်။ထိုင်းရတ်သတင်းစာမှလိုက်လံစုံစမ်းသည့်အခါ ထီလက်မှတ်ရောင်းချသည့်
ထိုင်းအမျိုးသမီးကိုတွေ့ရှိခဲ့ရသည်။နယ်မြေအတွင်းရှိဘဏ်များသို့ထပ်မံစုံစမ်းသည့်အခါ ဇူလိုင်လ ၅ ရက်နေ့က၊ထနာခါခုံထိုင်းဘဏ်မှထိုင်းလူမျိုးတစ်ဦးထုတ်ယူသွားပြီးဖြစ်ကြောင်းသိရှိခဲ့ရသည်ဟုရေးသား
ထားသည်။
မြန်မာအလုပ်သမားတစ်ဦးအနေဖြင့်ထိုမျှများပြားသည့်ငွေကိုထုတ်ယူ၍မရရှိနိုင်သဖြင့်ထီပေါက်သည့်မြန်မာအလုပ်
သမား၏အလုပ်ရှင်သူဌေးကထုတ်ယူသွားကြောင်းရေးသားထားသည်။ ထီလက်မှတ်ရောင်းချသည့် အသက်၃၇နှစ်အရွယ်ထိုင်းအမျိုးသမီးနန်ဖကာမ၀ိုင်းစုန်မ၊ကလည်းရာခိုင်းနုန်းအချိုးကျရရှိရန်မျှော်လင့်ချက်ဖြင့်
့်လိုက်လံစုံစမ်းနေကြောင်းရေးသားထားသည်။ထီပေါက်သည့်မြန်မာအလုပ်သမားနှင့်ထီဆုငွေထုတ်ယူသည့် ထိုင်းသူဌေးတို့၏အမည်နှင့်နေရပ်လိပ်စာတို့ ကိုမူ သတင်းစာ တွင်ရေးသားဖေါ်ပြထားခြင်းမရှိပါ။
ฮือฮา! แรงงานพม่าที่หาดใหญ่ จ.สงขลา ดวงเฮง ถูกลอตเตอรี่รางวัลที่ 1 งวดวันที่ 1 ก.ค. พร้อมรางวัลแจ็คพอต รับเหนาะๆ 28 ล้านบาท ต้องให้นายจ้างไปขึ้นเงินให้ เมื่อวันที่ 5 ก.ค. แต่เก็บตัวเงียบ เกรงจะเกิดอันตราย...
เมื่อวันที่ 7 ก.ค. ผู้สื่อข่าวรายงานว่า มีข่าวลือสะพัดทั่วเมืองหาดใหญ่ จ.สงขลา ว่ามีแรงงานต่างด้าวชาวพม่าถูกลอตเตอรี่รางวัลใหญ่รวมมูลค่า 28 ล้านบาท จึงไปตรวจสอบข้อเท็จจริงที่ร้านมา รวย เลขที่ 97 ถนนศุภสารรังสรรค์ ต.หาดใหญ่ อ.หาดใหญ่ จ.สงขลา ซึ่งเป็นเอเย่นต์ขายลอตเตอรี่ พบนางผกามาศ ไวสมมาตร อายุ 37 ปี เจ้าของร้านให้ข้อมูลว่า มีลูกค้าซื้อลอตเตอรี่จากร้านไปแล้วถูกรางวัล งวดวันที่ 1 ก.ค.ที่ผ่านมา โดยเป็นรางวัลที่ 1 จำนวน 2 ใบ รางวัลละ 4 ล้านบาท รวม 8 ล้านบาท และรางวัลพิเศษอีก 20 ล้านบาท รวมเป็นเงิน 28 ล้านบาท
นางผกามาศ กล่าวว่า เมื่อวันที่ 1 ก.ค.ที่ผ่านมา ซึ่งเป็นวันที่มีการออกรางวัลลอตเตอรี่ ทางร้านได้จัดลอตเตอรี่บนแผงใหม่ และเห็นว่ามีหมายเลข 480239 ซึ่งเป็นรางวัลที่ 1 อยู่บนแผง โดยอยู่ในชุดที่ 53-54 และมีลูกค้ามาซื้อไปในช่วงเช้าวันที่ 1 ก.ค. โดยเป็นเลขชุด 2 ใบ รางวัลละ 4 ล้านบาท รวม 2 ใบ 8 ล้านบาท และยังเป็นลอตเตอรี่ชุดที่ 53 ซึ่งเป็นชุดพิเศษตรงกับรางวัลแจ็กพอตมูลค่า 20 ล้านบาท อย่างไรก็ตาม จำไม่ได้ว่าลูกค้าที่ซื้อลอตเตอรี่ไปเป็นใคร เพราะเป็นลูกค้าขาจร แต่มาทราบภายหลังจากคำบอกเล่าของลูกค้า เพราะมีข่าวลือแพร่สะพัดไปทั่วเมืองหาดใหญ่ว่าผู้ที่ถูกรางวัลใหญ่ซึ่งซื้อจากร้านตนเป็นแรงงานต่างด้าวชาวพม่าทำงานอยู่ในพื้นที่ อ.หาดใหญ่
"มั่นใจว่าเป็นเรื่องจริง และทราบว่าแรงงานพม่าคนดังกล่าวได้มอบหมายให้นายจ้างเป็นคนไปขึ้นเงินแทน เพราะไม่สามารถขึ้นเงินเองได้ และไม่ขอเปิดเผยตัวเพื่อความปลอดภัย" นางผกามาศ กล่าวและว่า ทราบว่านายจ้างได้นำลอตเตอรี่ไปขึ้นเงินที่สำนักงานสลากกินแบ่งรัฐบาลมาให้ และนำเช็คมาเบิกที่ธนาคารกรุงไทยที่ อ.หาดใหญ่ เมื่อวันจันทร์ 5 ก.ค.ที่ผ่านมา โดยมีการปกปิดเป็นความลับ.
Saturday, July 3, 2010
လူမဆန်စွာနှိပ်စက်ခံနေရာမှမြန်မာအလုပ်သမားဇနီးမောင်နှံလွတ်မြောက်
*(ဇူလိုင် ၃၊၂၀၁၀)*
ဘန်ကောက်မြို့၊အထပ်သုံးဆယ်ကျော်ကွန်ဒိုမီနီယံတိုက်ကြီးတစ်ခုတွင်လူမဆန်စွာနှိပ်စက်ခံနေရသည့်အိမ်
ဖေါ်အလုပ်လုပ်ကိုင်နေသည့်မြန်မာအလုပ်သမားဇနီးမောင်နှံပြန်လည်လွတ်မြောက်လာပြီးဖြစ်သည်။
ဘန်ကောက်မြို့Charan Sanit Won လမ်းရ၀၊လိုတကုန်တိုက်နောက်ကြောဘက်ရှိ၊အထပ်၃၀ကျော်ရှိ
သည့်Bangkok River Marina အမည်ရှိကွန်တိုတိုက်အတွင်း၂၈ထပ်ညာဘက်အခန်းတွင်နေထိုင်သည့်
အောက်ပိုင်းသေနေသည့်စုန်ချို့(ခ)(ဖိကျက်)ဆိုသည့်သူဌေး၏အခန်းတွင်ကိုမင်းဇေါ်နှင့်မနီနီဝင်းချိုတို့ဇနီးမောင်နှံနှစ်ဦး၊ပြီးခဲ့သည့်ဇွန်လ၁၄ရက်နေ့မှစတင်၍လစ်လလျှင်ရ၅၀၀ဘတ်
နုန်းဖြင့်အိမ်ဖေါ်အလုပ်လုပ်ခဲ့ကြသည်။
ယမန်နေ့ကမှပြန်လည်လွတ်မြောက်လာသည့် မနီနီဝင်းချိုက“သူဌေးကအလွန်နှိပ်စက်ပါတယ်။တော်တော်
ရက်စက်ပါတယ်။ ဇွန် ၃၀ ရက်နေ့ က ရဲစခန်းကစခန်းမှူးကဖုန်းနဲ့ပြောတဲ့အခါ သူဌေးကဘာပြောလဲဆို
တော့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ လောက်က ထိုင်းနိုင်ငံက ရွေတွေ၊ရတနာတွေကို ဗမာတွေယူသွားတာကို မေ့
သွားလို့မရဘူး၊ငါတို့သူတို့ကိုနှိပ်ကွပ်လို့ရတုန်း၊ရက်စက်လို့၇တုန်း ဂလဲ့စားချေရမယ်လို့ပြောတာ၊ကျမနားနဲ့
ဆပ်ဆပ်ကြားရပါတယ်။ကျမကိုအမျိုးမျိုးနှိပ်စက်ခဲ့ပါတယ်ရှင်၊စခန်းမှူးဖုန်းဆက်တယ်၊ကူညီကြတဲ့ဦးတို့ဖုန်း
ဆက်တယ်။သူမသိချင်သလိုနေတယ်၊ခိုင်းစရာရှိတာတွေကိုတစ်ခုပြီးတစ်ခုဆက်တိုက်ခိုင်းနေတယ်။ကျမဖြင့်
ပြန်လွတ်ပါ့မလားတော်တော်စိုး၇ိမ်ခဲ့ပါတယ်။ပြီးတော့ထိုင်းအစိုးရတွေအသံုးမကျဘူးတဲ့၊ဗမာတွေကိုပတ်စပို့
လုပ်ပေးတယ်တဲ့၊သမီးတို့ပတ်စပို့ရှိလို့အခုလိုအားမတန်လို့မာန်လျော့ရတာ၊အံတော့တကြိတ်ကြိတ်ပဲ”ဟု ပြောပြသည်။
အဆိုပါအိမ်တွင်အလုပ်လုပ်ရင်း၆ရက်အကြာဇွန်၂၀ရက်နေ့တနင်္ဂနွေနေ့တွင်အိမ်ရှင်၊မင်းဇေါ်ဦးနှင့်ကချင်
အိမ်အလုပ်သမ၊မမိုးနှင့်အမည်မသိဘုန်းကြီးကျောင်းတစ်ကျောင်းသို့သွားခဲ့ကြသည်။အဆိုပါဘုန်းကြီးကျောင်း
တွင်စုန်ချို့၏တပည့်ဘီးယားကမင်းဇေါ်အား၎ချက်ခေါင်းကိုရိုက်သကဲ့သို့စုန်ချို့ကပါတစ်ချက်ရိုက်နှက်ခဲ့ပါသည်။
ထို့နောက်သူဌေးကမင်ဇေါ်တွင်ဖုန်းနှင့်ငွေပါ/မပါရှာဖွေကြည့်ခိုင်းခဲ့ပါသည်။ထို့နောက်တလာနတ်ခေါ်ACဈေး
သို့လာခဲ့ကြပါသည်။ဈေးအတွင်းခပ်ခွာခွာလိုက်ပါရန်ပြောသဖြင့်နောက်မှလိုက်လာခဲ့ပါသည်။ထို့နောက် မင်းဇေါ်ကိုထားရစ်ခဲ့ပြီး သူဌေးတို့ကား မောင်းထွက်သွားခဲ့ပါသည်။
“ကျနော့်ကိုဈေးအနားမှာပစ်ထားပြီးကားမောင်းထွက်သွားကြတယ်။နေ့လည်၁နာရီလောက်ရှိပါပြီ။ကျနော့်
မှာငွေတစ်ဘတ်မှမပါဘူး၊ပတ်စပို့လည်းမိန်းမဆီမှာကျန်နေခဲ့တယ်၊ဖုန်းလည်းမပါဘူး၊ထိုင်းစကားလည်းကျနော်
မတတ်ဘူး၊ခြေဦးတည့်ရာပုလိပ်တွေကိုရှောင်ကွင်းရင်းလမ်းလျှောက်လာခဲ့ပါတယ်၊ရေလည်းမသောက်ရ၊ထမင်း
လည်းမစားရဘူး၊ကျနော်မျက်ရည်ကျမိပါတယ်။တံတားကြီးတစ်ခုအောက်ကိုရောက်တော့မှောင်နေပါပြီ၊
်ကျနော်ညအိပ်လိုက်ပါတယ်။မနက်မိုးလင်းတော့လမ်းညွှန်ဆိုင်းဘုတ်တွေကိုကြည်ပြီး ၁နာရီလောက်လမ်းလျှောက်ပါတယ်။ဒီတော့မှ အုန်းနွဲ့နယ်မြေဆိုတာသိပါတယ်။
တက္ကစီတစ်စီးကိုငှါးပြီးအသိတစ်ယောက်အိမ်ကိုလာခဲ့ပါတယ်။ ခရီးပမ်းပြီးကျနော် ၄ရက်တိုင်တိုင်ဖျားပါ
တယ်။၂၇ ရက်နေ့ ညနေမှ ကျနော့်မိန်းမရဲ့အဒေါ်တို့နေတဲ့ဆူကူဗစ်ကိုရောက်လာခဲ့တာပါ”ဟုပြောသည်။
သူဌေးစုန်ချို့အတွက်လိုအပ်သည့်အိမ်အလုပ်သမားများအားဒိုင်ခံရှာဖွေပို့ပေးသူမှာ ဘန်ကောက်မြို့ဆူကူ
ဗစ် …………………..တွင်နေထိုင်သည့်ထိုင်းအမျိုးသမီးပွဲစားမဖြစ်သည်။ဇွန်လ၂၉ ရက်နေ့ ကမနီနီဝင်းချို၏အစ်မ မခင်ချိုဦးနှင့်သူဌေးတို့မနီနီဝင်းချိုနေထိုင်အလုပ်လုပ်ကိုင်နေသည့်အဆိုပါကွန်ဒိုမီနီယံအဆောက်အဦသို့သွား
ေ၇ာက်၍အနုးညွတ်မေတ္တာရပ်ခံပြီးနီနီဝင်းချိုကိုပြန်လည်ထည့်ပေးရန်တောင်းဆိုခဲ့သော်လည်းထည့်မပေးပါ။
သူမအားပြန်လည်ရယူလိုပါကထိုင်းအမျိုးသမီး…….ပွဲစားမကိုပေးချေထားသည့်ဘတ်ငွေသုံးသောင်းကိုပြန်ပေး
ရမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။သူဌေးစေခိုင်းချက်အရ၊တပည့်ဘီးယားကခင်ပွန်းဖြစ်သူမင်းဇေါ်၏ယာယီ
ပတ်စပို့ကိုပင်လျှင်အိမ်ရှင်ကသိမ်းထားလိုက်သေးသည်။
မနီနီဝင်းချိုသည် အိမ်ရှင်အိပ်နေချိန်မှလွဲ၍ကျန်အချိန်များတွင်သွားလာလှုပ်ရှားလုပ်ကိုင်ရမှုဟူသမျှတို့ကို လက်မထောက်ရပဲ။ဒူခေါင်းထောက်၍သွားသာသွားလာရသဖြင့် ဒူးခေါင်းများ ပေါက်ပြဲနာကျင်နေရကြောင်း ၊အောက်ပိုင်းသေနေသည့်အဆိုပါ အိမ်ရှင်က စိတ်အလိုမကျလျှင် သွားတိုက်နေသည့်အာပုပ်ရည်ဖြင့်ထွေး
ထုတ်ခြင်း၊ရေလောင်းချခြင်းများပြုလုပ်လေ့ရှိပါသည်။မနီနီဝင်းချိုက ခင်ပွန်းသည် မင်းဇေါ်နှင့်စကားပြောနေ သည်ကို မြင်သဖြင့် တစ်ညလုံးမအိမ်ရပဲနှိပ်နယ်ခိုင်းရုံသာမက နံနက်မိုးလင်းသည့်အခါ၊အိမ်သာတက်ခွင့်
မပြုခြင်း၊နံနက်စာနှင့်နေ့လည်စာတို့ကိုလုံးဝစားခွင့်မပြုခြင်းများဖြင့်နှိပ်စက်ခံနေရကြောင်းပြေပြပါသည်။
မမိုးနှင့်အိမ်အလုပ်လုပ်ကိုင်ခဲ့ဖူးသူအချို့က အိမ်ရှင်သူဌေးကအောက်ပိုင်းသေနေသဖြင့်လိင်ဆက်ဆံခြင်းမ
ပြုနိုင်တော့သော်လည်း၊သူ၏တပည့်များအား မြန်မာအိမ်ဖေါ်အလုပ်သမများအား အတင်းအကျပ်လိင်ဆက်
ဆံခိုင်းခဲ့ကြောင်းပြောသူအချို့ရှိသည်။
မနီနီဝင်းချို၏အစ်မအရင်းဖြစ်သူမခင်ချိုဦးဆိုသူကဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ
သားများအသင်းသို့ ဇွန်လ ၂၆ ရက်နေ့တွင်လာရောက် အကြောင်းကြားခဲ့ပါသည်။
BATအသင်းကဘန်ကောက်အခြေစိုက်ရွေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်သည့်အဖွဲ့အ
စည်းပေါင်းစုံတို့သို့ဖြစ်စဉ်အကျဉ်းနှင့်၎င်းတို့ဓါတ်ပုံများပေးပို့၍အကူညီတောင်းခံခဲ့ပါသည်။သို့ရာတွင်ဇွန်၂၉၊
ရက်နေ့၃ရက်ကြာလာသည့်တိုင်အောင်မည်သည့်အဖွဲ့အစည်းကမျှကူညီပေးခြင်းမရှိခဲ့ပါ။
ဇွန်လ ၃၀ ရက်နေ့တွင်ဖန်ငအခြေစိုက် FEDမှဒါ၇ိုက်တာဦးထူးချစ်နှင့် ချင်းမိုင်အခြေစိုက် MAP ဖေါင်ဒေးရှင်း
ဒါ၇ိုက်တာ ဂျက်ကီ တို့ က နိုင်ငံတကာအဖွဲ့ အစည်းအချို့တို့အားဆက်သွယ်ဆောင်ရွက်ပေးခဲ့သည်။
ယခုကိစ္စရပ်အားကိုင်တွယ်ဖြေရှင်းသည့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအ
သင်းမှအမျိုးသမီးရေးရာဌာနမှူးဒေါ်သက်သက်ဦးက“ကျမတို့အဖွဲ့ခေါင်းဆောင်နဲ့ထိုင်းဘာသာပြန်
ကိုနေလင်းအောင်တို့Bang Phlat Policestationရဲစခန်းကိုသွားရောက်ခဲ့ပါတယ်။ရဲစခန်းကိုရောက်တာနဲ့
ကျမတို့ကဦးထူးချစ်တို့ညွှန်ကြားထားသလိုပဲအဖွဲ့အစည်းအကြီး၂ဖွဲ့ကိုစခန်းမှူးရှေ့ကပဲဖုန်းခေါ်လိုက်ပါတယ်။
သိပ်မကြာပါဘူး၊စခန်းမှူးဖုန်းတွေရောစားပွဲတင်ဖုန်းတွေရော တစ်လုံးပြီးတစ်လံုးဖုန်းဝင်လာတယ်။ ၇ဲအရာရှိအမျိုးသမီးတစ်ဦးချက်ချင်းပဲကျမတို့တိုင်ကြားချက်ကို ရေးမှတ်ပြီးပရိန့်ထုတ်တာ အဲဒီအောက်ပိုင်း သေနေတဲ့အိမ်ရှင်သူဌေးဓါတ်ပုံနဲ့၊ကိုယ်ရေးအချက်အလက်စာရွက်လာပေးတယ်။သူဌေးကတစ်ပွင့်အဆင့်ရှိခဲ့
တဲ့စစ်တပ်ကအရာရှိဟောင်းဖြစ်နေတယ်။TVချန်နယ်အမှတ်၅မှာလက်တွန်းလှည်းနဲ့အစီအစဉ်တစ်ခုကို၇ိုက
်ကူးပြသနေသူတစ်ဦးလည်းဖြစ်တယ်။စခန်းမှူးကကြားကညှိပေးတဲ့အဆင့်လုပ်ပေးပါတယ်၊တ၇ားမ၀င်လူကုန်
ကူးနေသူကိုတော့ဘာမှအရေးယူတာမတွေ့ခဲ့ရဘူး”ဟုပြောသည်။
အိမ်ရှင်သူဌေး၊လူပွဲစားမ…..တို့နှင့် ရဲစခန်းမှူးတို့ အချိန်အတော်ကြာဖုန်းဖြင့်ညှိနှိုင်းပြီးနောက် ဇူလိုင်လ
၂ရက်နေ့တွင်မနီနီဝင်းချိုအားပြန်လည်ပို့ပေးမည်ဖြစ်ကြောင်းစခန်းမှူးကအာမခံ၍ကာယကံရှင်ကိုမင်းဇေါ်၊
မခင်ချိုဦးနှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းတို့လက်မှတ်ရေးထိုးပြီးစောင့်ဆိုင်းခဲ့ရသည်။
ဇူလိုင်လ ၂ရက်နေ့ သတ်မှတ်ထားသည့်နေတွင် ဘန်ကောက်နယ်မြေအခြေစိုက် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှထိုင်းအမျိုးသမီးအမ်မ်နှင့်အခြားဝန်ထမ်းအမျိုးသမီးတစ်ဦး၊
FARအဖွဲ့မှမြန်မာဝန်ထမ်းကိုမြင့်ဇူတို့လည်းလိုအပ်ပါကဆက်လက်ကူညီနိုင်ရန်ရဲစခန်းသို့ရောက်ရှိလာခဲ့
ကြပါသည်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအသင်းမှဦးကျော်သောင်းနှင့်ဘာသာပြန်ကိုနေလင်းအောင်၊
အမှုသည်ကိုမင်းဇေါ်နှင့်အစ်မဖြစ်သူမခင်ချိုဦးတို့နေ့လည်၁၂နာရီဝန်းကျင်ကတည်းကရောက်ရှိနေခဲ့ကြသည်။ ယခင်သတ်မှတ်ထားသည့်အတိုင်းမွန်းလွဲ၂နာရီထိုးသည့်တိုင်အောင်မနီနီဝင်းချိုအားလာရောက်မအပ်နှံသဖြင့် စခန်းမှူးကဖုန်းဆက်လိုက်သည်။ ထို့နောက်တစ်ပွင့်အဆင့်ရှိဒုရဲအုပ်တစ်ဦးနှင့်တပ်ကြပ်ကြီးအဆင့်ရှိသူတို့အပြင်အမှုသည်၂ဦးနှုင့်အတူ
ဦးကျော်သောင်း နှင့်ကိုမြင့်ဇူတို့အဆိုပါကွန်တိုတိုက်ကြီးသို့လိုက်ပါသွားခဲ့ကြသည်။
နာရီဝက်ကျော်ကျော်ခန့် စောင့်ဆိုင်းနေကြစဉ်လက်တွန်းလှည်းဖြင့်အသက်၅၀၀န်းကျင်အရွယ်အိပ်ရှင်ဆိုသူ
ဆင်းလာခဲ့ပါသည်။ယခင်အပေါက်ဝတွင်စောင့်နေကြသည့်မင်းဇေါ်နှင့်ခင်ချိုဦးတို့ကိုမောင်းထုတ်လိုက်သဖြင့်
ရဲအရာရှိ၂ဦးနှင့်ကိုမြင့်ဇူ၊ဦးကျော်သောင်းတို့ သူ့ရှေ့သို့သွားရောက်ခဲ့ကြသည်။ထိုအခါ သူက ၃ရက်နေ့တွင်
ပေးမည်၊လာစရာမလို၊ဘာကြောင့်လာရသနည်းဟု ရဲအ၇ာရှိများအားအော်ငေါက်ပါသည်။ မြန်မာ၂ယောက်
ကိုလည်း သူကထိုင်းနိုင်ငံသား၊ထိုင်းလူမျိုး၊ဗမာကဘာလုပ်နိုင်မယ်ထင်လို့လာတာလဲ၊စသ ဖြင့်မောက်မာ စွာ ဆက်ဆံပြောဆိုပါသည်။ထို့နောက်ရဲအ၇ာရှိများကပြန်သွားရန်အချက်ပြသဖြင့်အားလုံးပြန်လာခဲ့ကြပါသည်။
ရဲစခန်းသို့ပြန်လည်သတင်းပို့ပြီး စခန်းမှူးနှင့်အိမ်ရှင်တို့အပြန်အလှန်ဖုန်းဆက်ကြပြီးနောက်။ အမှုသည်
များနှင့်ကယ်ဆယ်ရေးအဖွဲ့များအားလုံးစောင့်ဆိုင်းနေခဲ့ကြရသည်။တဖန်ရဲစခန်းသို့ပြန်မပို့ပဲအနီးရှိကုန်တိုက် သို့သာပို့မည်ဆိုသဖြင့်အားလုံးလိုတကုန်တိုက်တွင်လာစောင့်ကြရပြန်ပါသည်။ညနေ၅နာရီကျော်အချိန်တွင်
တပည့်ဖြစ်သူဘီယားကဆိုင်ကယ်ဖြင့်တင်ဆောင်လာပြီးကုန်တိုက်ရှေ့သို့လာရောက်ပို့ဆောင်ခဲ့ပါသည်။
ပြန်လည်လွတ်မြောက်လာသူမနီနီဝင်းချိုက တစ်နေကုန်ထုံးစံအတိုင်းလုပ်နေခဲ့ရပြီးလာခါနီးမှ အ၀တ်အစား
များကိုကောက်သိမ်းပြီးလာခဲ့ရကြောင်းပြောပြပါသည်။ ခင်ပွန်းဖြစ်သူ ကိုမင်းဇေါ်၏ယာယီပတ်စပို့ကိုပြန်ရ
ခဲ့သော်လည်း ဇနီးမောင်နှံ၂ဦးလုပ်အားခ၂၃ ရက်စာအတွက်ငွေကိုမူ ပွဲစားမ….ကိုပေးပြီးကြောင်း ပြော
ဆိုပြီးတစ်ပြားမှမပေးလိုက်ပေ။အားလုံးရဲစခန်းသို့ပြန်လာပြီးနောက် စခန်းမှုကရရန်ကျန်သည့်ငွေကို ပွဲစားမ
အား သူတောင်းကြည့်မည်၊ရရှိပါက အကြောင်းကြားမည်ဖြစ်ကြောင်းပြောဆိုကြပြီးညနေ၆နာရီကျော်အချိန်
တွင်မိမိနေရပ်အသီသီးသို့ပျော်ရွှင်စွာထွက်ခွာသွားခဲ့ကြသည်။
ဈေးတွင်စွန့်ပစ်ခံခဲ့ရသည့်အလုပ်သမားကိုမင်းဇေါ်မှာအသက်၂၃နှစ်ရှိသူသည်၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊
ကမမောင်းကျေးရွာမှဦးမြင့်ဦး၊ဒေါ်အေးသိန်းတို့၏သားဖြစ်ပြီးဘူမိဗေဒဘာသာရပ်ဖြင့်ဘွဲ့ရထားသူတစ်ဦးဖြစ်သည်။ အဖွဲ့အစည်းများကူညီမှုကြောင့်နောက်ဆုံးလွတ်မြောက်လာသည့် အသက်၁၉နှစ်အရွယ် မနီနီဝင်းချိုမှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်လှိုင်ကွယ်ကျေးရွာမှဦးဖိုးချို+ဒေါ်ခင်ဝင်းတို့၏သမီးငယ်ဖြစ်သည်။
သူတို့နှစ်ဦးဘန်ကောက်မြို့တွင်အိမ်ထောင်ပြုကြသည်မှာသုံးလသာကြာမြင့်သေးပြီးယခုကဲ့သို့ကြုံတွေ့
ခဲ့ရခြင်းဖြစ်သည်။အဆိုပါမြန်မာအလုပ်သမငယ်များက၊မိမိတို့အနေဖြင့်အိမ်ဖေါ်အလုပ်မှလွဲ၍အခြားအလုပ်
များကိုမလုပ်ကိုင်ဖူးကြောင်း၊မလုပ်ကိုင်တတ်ကြောင်းပြောပြကြသည်။စက်ရုံအလုပ်ရုံတို့တွင်အခန်းခနှင့်စါး
စရိတ်တို့အကုန်အကျများသဖြင့်အိမ်အလုပ်ကိုသာလုပ်လိုကြခြင်းဖြစ်ကြောင်းပြောပြသည်။ယနေ့နံနက်ပိုင်း
ကလူသစ်မြန်မာအိမ်ဖေါ်အလုပ်သမလာရောက်မပို့ဆောင်သဖြင့်အိမ်ရှင်သူဌေးက၊ပွဲစားမအားအထူးဒေါသ
ထွက်နေကြောင်း။နှစ်အောက်မြန်မာအလုပ်သမ၊ခပ်ချောချောကိုသာလက်ခံမည်ဖြစ်ကြောင်းပြောဆိုခဲ့ကြောင်း
မနီနီဝင်းချိုကပြောပြသည်။အဆိုအိမ်သို့နောက်နောင်ရောက်ရှိသွားမည့်မြန်မာအလုပ်သမတို့၏ကံကြမ္မာမှာ
တွေးဝံ့စရာမရှိအောင်ဆိုးဝါးမည်ဖြစ်ကြောင်းပြန်လည်လွတ်မြောက်လာသူများကအသိပေးပြောဆိုကြသည်။
**ကို ကျော်သောင်း(ဘန်ကောက်)**