ဦးနှောက်ရဲ့ ကြမ်းပြင် ပြေးလမ်းကြောင်းပေါ်
ခြေကျွံကျသွားတဲ့ အတွေးအခေါ်များ
ပါးစပ်ဖျားမှာ ရန်စကားခါးခါး အဖြစ်အသွင်ပြောင်း
စိတ်ဓာတ်တွေဟောင်းပြီး ဒဏ်ရာ ဝေဒနာတွေ အသစ်ဖြစ်ဆဲမို့ 
အနာဂတ် နံနက်ခင်းကို သွေးအားသွင်းရင်း
မျှော်လင့်ခြင်းများ နှလုံးသားမှာ စိုက်ပျိုးနေတယ်..။
ပြတင်းတံခါးကို တွန်းဖွင့်လိုက်စဉ်
အလင်းသစ်နဲ
့လေပြေ လေညင်းတွေ တိုးမ၀င်ပဲ
အိပ်မက်ဆိုးများသာ မဖိတ်ခေါ်ပဲ လှိမ့်ဝင်လာခဲ့
ကြာလာတော့ စကားလုံးတွေ ပုပ်သိုးပြီး
ပစ္စပ္ပုန် နေ့ ရက်တွေ အနံ့ ဆိုးထွက်နေတယ်..။
ကောင်းကင်မှာ အိုဇုန်းလွှာတွေ ပေါက်သွားလို့ 
လူတွေ စိတ်ဓာတ်တွေ ဖောက်ပြားလေသလား
မဆီမလျော်အတွေးနယ်ချဲ့ လျက်
ကောင်းကင်နဲ့ မြေပြင်ကို ရင်ကြားစေ့ရင်း
ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတိုက်ခိုက်မှုအောက်
အငိုက်မိသွားတဲ့ တောင်းတန်းလို ပျောက်ဆုံး
ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့အမှန်တရားကို
စိုက်ကြည့်နေယုံကလွဲပြီး
အလိုက်တသိ ဘာမှမလုပ်နိုင်တော့ပါ..။
အနာဂတ် လေယာဉ်က ထွက်တော့မယ်
ခုထိ အတိတ်ဂိတ်ဝမှာ အစစ်အဆေးကြား ပိတ်မိနေတုန်း
ခံယူချက်က လွဲပြီး ဘာမှ မပါခဲ့လေတော့
လောကအလယ် အသပြာ မရှိရင်
သောကကို ရင်မှာပိုက်ရင်း အသံပြာတဲ့ အထိ ဆုတောင်းလည်း
ကံကြမ္မာက ရောက်မလာပဲ တံခါးဝမှာ စိတ်ကောက်နေတယ်..။
သစ္စာတရားက အိပ်မောကျနေတုန်း
ဒေါသတွေက အိမ်အပြင်ကို ထွက်ပြီးနေပြီ
လောကဓံနဲ့ တည့်အောင် မပေါင်းတတ်လေတော
ပူလောင်ဆဲ နေ့ လည်နေ့ ခင်း ၊မျှော်လင့်ခြင်းတွေ
မီးဇာကုန်ဆီခမ်း
ည ညဆို အမှောင် ပက်ကြားအက်ထဲ
အိပ်မက်တွေ လမ်းလျှောက်ထွက်နေတယ်..။
့
ဘ၀ဆိုတဲ့ ကောင်းကင်အောက်
နောက်ကြောင်းပြန်လှည့်နေတဲ့
ယုံကြည်ချက်တွေ ဒီရေလို တက်လိုက် ကျလိုက်
မိုးမမြင် လေမမြင် ပျော်ရွှင်ဖို့ ရာ အကြောင်းမမြင်တော့
လောကကို အကောင်းမြင်တတ်ဖို့ 
စိတ်ဓာတ်ဟောင်းတွေကို ပေါင်းမြက်ပင်လို သုတ်သင်နေတဲ့
မြို့ ပြ
လမ်းအပျက်တွေကို လက်ဆင့်ကမ်းရင်း
အသက်ရှည်
သချိုင်္င်းကုန်းတွေကိုမြင်လည်း
ခုထိ သံဝေဂ မရသေးဘူး..။
အောင်ခိုင်မြင့်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, August 4, 2017
Saturday, April 22, 2017
**တရားမြဲပြီး ကျားရဲတွေရှင်သန်တဲ့ခေတ် သေဆုံးခဲ့တယ်**
မြင်ရတဲ့လောကမှာ အမှန်တွေလွဲ
အမှားတွေ မြဲ... ပြင်မရတဲ့ သောကများပြီး
တရားကနည်း အမှောင် လောဘ လူ့ ရွာ ၊ကျားရဲ စွန့် ခွာခဲ့ပြီ..။
သိက္ခာ သမာဓိ ၀တ်စုံကို ခုံခုံမင်မင် တစ်သက်တာ ၀တ်ဆင်ပြီး
စိတ်မှာ တွယ်ငြိစေတဲ့ သတ္တိစကားလုံးများနဲ့ ခေတ်ကို အလှဆင်သူ
ပေးဆပ် စွန့် လွှတ် အနစ်နာခံခြင်းမှာ စံတင်ထိုက်သူမို့ 
စစ်တိမ်တိုက်အောက်မှာ ငြိမ်းချမ်းရေး လရောင်ဟာ
ကြေကွဲခြင်းအပြည့်နဲ လေလွင့်ခဲ့ပြီ..။့
နံနက်ခင်းမှာ လေပြင်း မုန်တိုင်းလို သတင်းဆိုး တိုးဝှေ့ စဉ်
အလင်းမဲ့ ကောင်းကင်မှာ ကြယ်တွေ ငိုပွဲ ဆင်နွှဲ
နေရောင်ခြည်ဟာ အလံတစ်ဝက် လွှင့်ထူရင်း ဂုဏ်ပြု
ကျောက်တိုင်တွေကတောင် သူ့ ကို ပြိုင်တူအလေးပြုနေတယ်..။
လျှောက်လှမ်းတဲ့ ဘ၀လမ်းတွေပေါ်မှာ
ဖောက်ပြန်သူတွေက ပျော်ပါးပြီး
သံတိုင်တွေကြား တောင်တန်းကြားမှာ ခေတ်ပြောင်းတော်လှန်သူတွေ ကျဆုံး
ရာသီဥတုလို လောကကြီးလည်း ဖောက်ပြန်
၊စောင်းနေတဲ့ကမ္ဘာမြေလည်း ဖျားနာနေပြီ..။
တောင်တန်းတွေပေါ် စစ်ပွဲတွေ ထိုင်နေတဲ့ခေတ်မှာ
စားပွဲ ကုလားထိုင်ပေါ်မှာ ဆွေးနွေးပွဲများ သေဆုံးခဲ့
စကားနည်း ရန်စဲဆိုပြီး ခေါင်းငုံခံရအောင်လည်း
မတရားမှုတွေကြားမှာ အဆိုးအမှားတွေက မျက်နှာလွှဲ ခဲပစ်နေတယ်..။
ဘာမှ မမြဲတဲ့ သင်္ခါရ လောကမို့ တရား သဘောနဲ့ ဆင်ခြင်လည်း
ထာဝရ ခွဲခွာခြင်းဆိုတာ နှလုံးသားကို ဆွဲထုတ်သလို နာကျင်ခဲ့
တရားမြဲပြီး ကျားရဲတွေရှင်သန်တဲ့ခေတ် သေဆုံးခဲ့တယ်..။
ယုံကြည်ချက်အတွက် ဘ၀နဲ့ အသက်ပေးသွားသူကို ချစ်ခင်လေးစားရင်
ဘ၀တိုက်ပွဲမှာ မျက်ရည်ကျနိုင်တယ် ၊
တော်လှန်တိုက်ပွဲမှာ စိတ်ဓာတ်မကျပါနဲ့ ..
။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+အောင်ခိုင်မြင့်+
၂၁ ဧပြီလ ၂၀၁၇
မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားရေး နဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ် ချုပ်ငြိမ်းရေးအတွက်
ပြည်သူ့ ဖက်ကရပ်တည်ပြီး ဘ၀နဲ့ ရှင်ပြီး ရင်းနှီးပေးဆပ်ခဲ့တဲ့ အဘဦးဝင်းတင် ကောင်းရာ သုဂတိလားပါစေ... ( အဘဦးဝင်တင်ကို ဂုဏ်ပြုသည့် ကဗျာ..)

Labels:
ကဗျာ
Tuesday, April 11, 2017
**နွေဦးအချစ်**
ရေရှားတဲ့နေရာမှာ မိုးခေါင်ပြီး
ရေများတဲ့နေရာမှာ မိုးကြီးတဲ့ အရပ်မှာမှ
ကိုယ်က လူလာဖြစ်ခဲ့တယ်...
ချစ်ခြင်းဟာ အချိုမှုန့်လိုပဲ
အစားများရင် ရောဂါပေးတတ်ပေမဲ့
မပါပြန်တော့လည်း ဘဝဟာ ပေါ့ရွှတ်ရွှတ်
ရောဂါတက်ပေမဲ့ ရောဂါဖြစ်နေတဲ့အပိုင်းကို
ပဲ တစ်ဆစ်ချင်းစီ ဖြတ်တောက်
ဘဝကို ဟောဒီလို ဟိုတစ်စ ဒီတစ်စနဲ့
ရှင်သန်အောင် ကြိုးစားခဲ့ရ....
အချစ်ရေ နေမြင့်လို့ အရူးရင့်တာလား
နေမွန်းတည့်ချိန်မှာ ရူးလောက်အောင်ချစ်မိတာလား
ကိုယ့်မှာ မသဲကွဲဘူး....
ဘဝက တိုတိုလေးပဲ
လမ်းချင်းတူတုန်း လူချင်းဆုံအောင် ကြိုးစား
အသည်းနှလုံးကို ငါးစာအဖြစ်ထား
အချစ်တွေကို ဒီလိုနဲ့ပဲ မျှားကြည့်ရအောင်.....။
...............................................................................
+ပြည့်စုံ+

Monday, April 10, 2017
**နှစ်သစ်မှာ စိတ်ဓာတ်ဟောင်းတွေ ပြောင်းဖို့ လိုပြီ**
ခြစ်ခြစ်တောက် နွေအပူ ဒဏ်ကို မကြောက်တဲ့ပိတောက်လို
ရဲရဲတောက်ပွင့် ဘ၀ သမားတယောက် ရဲ့
ရည်ရွယ်ချက်တွေ ပြည့်ဝလိမ့်မယ်..။
ခေတ်ဆိုးကြီးက မပြောင်းလဲတော့
အပ်ကြောင်းထပ်နေတဲ့ စကားလုံး အဟောင်းတွေကို ပေါင်းတင်ရင်း
ကောင်းကောင်း ဖောက်ပြန်နေတဲ့ မျက်နှာ ကို ပစ်ပေါက်
အလင်းကြောက်သူတွေ ပြတင်းတခါးပေါက်များ ပိတ်ထားကြတယ်..။
အဝေးကြီးကို ငေးကြည့်နေလို့ အနီးအနားကို မမြင်ခဲ့မိဘူး
ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်တဲ့ ဘာသာရေး စိန်ခေါ်မှုတွေနဲ့ 
ရင်ဆိုင်နေရတဲ့ ယဉ်ကျေးမှု ဆွေးနွေး စေ့စပ်ညှိုနှိုင်းနေရတဲ့ အနာဂတ် မြစ်တစင်း
တောင်တန်းတွေ ရေတံခွန်လို မျက်ရည်ကျနေကြောင်း
တနှစ်မှ တခေါက်ရောက်ပေမဲ့ ပိတောက်က ကောင်းကောင်းသိနေတယ်..။
အလင်းသစ်ကို မဖမ်းဆုပ်နိုင်သေးတော့ ရင်ထဲမှာ ကြေကွဲခြင်းကို ထိန်းချုပ်
နှလုံးသားမှာ ယုံကြည်ချက်ကို မြှုပ်နှံ တောင်ပံဖြတ်ခံထားရတဲ့ ငှက်တကောင်လို
အိမ်မပြန်ဖြစ်တဲ့ ကောင်းကင်ကို ရင်နာနာနဲ့ မော့ကြည့်ခဲ့ဘူးတယ်..။
ရပ်တန့် ရန် မဖြစ်နိုင်သေးတဲ့ ခေတ် လှိုင်းတံပိုး အောက်မှာ
စက္ကန့် တန်တွေ ထမ်းပိုးထားတဲ့ နာရီလက်တံလို မမောပမ်းနိုင်ခဲ့
သံတမန် ဆန်ဆန် အတွေးအခေါ်များ အရိုင်းဆန်ဆဲ
မနက်ဖြန်တွေထဲ ခြေလှမ်းတိုးဝင် ငိုကြွေးသံတွေ
အဝေးက သဲ့သဲ့ကြားနေရ
သံသရာမှာ ကံကြမ္မာရဲ့ မျက်နှာ ဘယ်လောက်မဲ့နိုင်မလဲ..။
ဘ၀ ခရီးသွား တယောက်လို အတွေ့ အကြုံ မှတ်တိုင်များ စိုက်ထူရင်း
ယုံကြည်ရာကို တလမ်းထဲ လျှောက်လှမ်းစဉ်
လွဲမှားတဲ့ နေ့ ရက်များနဲ့ ထိပ်တိုက်တွေ့ 
မျှော်လင့်ချက်များ ငါတို့ ကို ကွေ့ ရှောင်သွားကြတယ်..။
အမုန်းများနဲ့ စစ်ပွဲများ မရှိတဲ့ အခါ
အချစ်နဲ့ နေ့ သစ်များ ပြတင်းပေါက်က ၀င်ရောက်
ကလေး တယောက်လို ပျော်ရွှင်ခြင်းများ ဧည့်ခန်းထဲ ငုတ်တုတ်ထိုင်
အနာဂတ် ကြယ်ပွင့် လင်းလက်မှုတွေ ခံစားရင်း
အမေတွေ မျက်ရည်ကို အဖော်လုပ်စရာ မလိုတော့ဘူး..။
ကမ္ဘာသစ်ကြီးထဲ အတွေးအခေါ်မပါ ရန်ဖြစ်
ဦးနှောက် ဗလာနဲ့ ကျန်ရစ် အတွေးအခေါ်တွေ ဦးနှောက်ထဲ ကျပျောက်ခဲ့ဘူးတယ်..။
အတ္တကို ပုံကြည်ချဲ့  အမုန်းပွားနေလို့ အညတရ ဘ၀တွေ ဆုံးပါးခဲ့
အစဉ်ထာဝရ မတည်မြဲကြောင်း သင်္ခါတရားက သက်သေ ပြလိမ့်မယ်..။
ပြင်မရတဲ့ စိတ်ဓာတ်တွေ မပြောင်းလို့ 
မမြင်ရတဲ့ အတိတ်ဟာ မကောင်းခဲ့ဘူး..
နှစ်သစ်မှာ စိတ်ဓာတ်ဟောင်းတွေ ပြောင်းဖို့ လိုပြီ..။
....................................................
( နှစ်သစ်သင်္ကြန် အခါသမယမှာ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ )
+အောင်ခိုင်မြင့်+
၁၀ ဧပြီလ ၂၀၁၇

Monday, March 27, 2017
“လက်ကမ်းအမွေ ... ပေးပါအမေ”
***
အမေ့ကေသာ
ဖြူဖျော့ပါလည်း
ကေသာဆံထက်...
ပန်းတခက်ဖြင့်
ရင့်ကျက်အိနြေ္ဒ
အို ... အမေ ... ။
. အမေ့ခွန်အား
လျှော့ နည်းပါးလည်း
ဇွဲကားမရော့
မာန်မလျှော့သည့်
တိုင်းပြည့်ဂုဏ်ရည် အို … အမေ … ။ .
. အမေ့လက်တွေ
အရေတွန့်လည်း
ခိုင်မာမြဲလျက်
ကမ်းလက်ဆက်ကာ
နောင်လာ သားမြေး
တို့ရှေ့ရေးတွက်
လက်ကမ်း အမွေ ...
ပေးပါ အမေ ... ။ .
......................................
+မေဓာဝီ+
ဖြူဖျော့ပါလည်း
ကေသာဆံထက်...
ပန်းတခက်ဖြင့်
ရင့်ကျက်အိနြေ္ဒ
အို ... အမေ ... ။
. အမေ့ခွန်အား
လျှော့ နည်းပါးလည်း
ဇွဲကားမရော့
မာန်မလျှော့သည့်
တိုင်းပြည့်ဂုဏ်ရည် အို … အမေ … ။ .
. အမေ့လက်တွေ
အရေတွန့်လည်း
ခိုင်မာမြဲလျက်
ကမ်းလက်ဆက်ကာ
နောင်လာ သားမြေး
တို့ရှေ့ရေးတွက်
လက်ကမ်း အမွေ ...
ပေးပါ အမေ ... ။ .
......................................
+မေဓာဝီ+
Labels:
ကဗျာ
Sunday, March 26, 2017
**သောကခြေရာ**
တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။
အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။
သံယောဇဉ်ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။
ပါးစပ်က ပြောမှလား၊
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။
.......................................................................
+မောင်စိန်ဝင်း (ပုတီးကုန်း)+

Friday, March 24, 2017
**သိက္ခာတွေ ဒေါင်ကျကျ ပြားကျကျ ပစ်ကျနေတဲ့ နွေ**
သွေးကြောထဲ အကြောက် တရားတွေနဲ့ 
အတွေး တောထဲ ဖောက်ပြားနေတဲ့ နွေ
အရေးတကြီး မှောက်မှားမှုတွေ ဆက်တိုက်ဖြစ်ကာ
မကြာမကြာ ဘ၀အပူတွေ လာဟပ်လို့ 
ပလာစတာနဲ့ ပါးစပ်ကို ပိတ်ထားလိုက်ပါ နွေ..။
အရူးတယောက်လို ကြယ်ပွင့်တွေ ပုခုံးမှာတပ်ရင်း
အထူ အပါး နားမလည် ၊ ပလိုင်းပေါက်နဲ့ ဖားကောက်
စိတ်ရူးနောက်ကာ သေနတ်ဖောက်ပြီး
တိုင်းပြည်တည်ဆောက် အတွေးအခေါ်တွေ
စကောလောက်မှ ဇောက်မနက်ရင်တော့
အိမ်နောက်ဖေးပေါက်က ငြိမ်းချမ်းရေး ခုန်ဆင်းသွားပြီ နွေ..။
လိုရင်းကို ခရီးမရောက်တဲ့ အကျိုးအကန်းလို
တံတား တခုကို နာမည်ပေးရင်း မိုးချုပ်
ကုလားအတုကို မှတ်ပုံတင်ပေးရင်း ဇယားရှုပ်
ကုလားဖန်ထိုးထားတဲ့ အချိုးအတိုင်း ဘုန်းကြီးအမှု ရွာပတ်ရင်း
အောက်လမ်းနည်းတွေနဲ့ မိုးစင်စင်လင်းခဲ့
အရင်အတိုင်း မပြောင်းလဲတဲ့ နွေ..။
ဘ၀ဆိုတာ ရွေးချယ်စရာ လမ်းမရှိလို့  လှိုင်းထန် ပင်လယ် ၊
စစ်မုန်တိုင်းထဲ ဖြတ်သန်း ရင်ထဲ ကြေကွဲခြင်း ဇာတ်လမ်းတပုဒ်လို
ဝေဒနာတွေ ပွေ့ ဖက်ထားတဲ့ ရွက်ကြွေလို
အမုန်း မျက်ရည်စက်တွေ နဲ့ အဆုံးသတ်ရမှာလား နွေ..။
ဒုက္ခမရောက်ဘူးတဲ့ လူတွေက ဘ၀ကို
ချိုမြိန်တယ်လို့ ယူဆကောင်း ယူဆမယ်.။
သောကကို ခေါင်းပေါ်တင်ပြီး လောကကို ဖြတ်သန်းတဲ့ ဒုက္ခသည်တွေဟာ
မြေတလက်မပေါ် ကျောခင်းဖို့  ကမ္ဘာ့အလယ်မှာ
သိက္ခာတွေ ဒေါင်ကျကျ ပြားကျကျ ပစ်ကျနေတဲ့ နွေ..။
................................................................................

Wednesday, March 15, 2017
**ခရီးသည်**
အနောက်မှ အရှေ့
ရွေ့ခဲ့တယ်။ .
တောင်မှ မြောက်
ရောက်ခဲ့တယ်။ .
တိမ်တွေရဲ့အောက်
တောင်တွေရဲ့အထက်
ခရီးလမ်းတွေ ဖြတ်သန်း
လမ်းဆုံးပန်းတိုင်ဆီ
လျှောက်လှမ်းနေတဲ့ ခရီးသည်။
.......................................................

Monday, March 6, 2017
**အကောင်းအဆိုး အမွေအနှစ် ၊ အကြောင်းအကျိုးတွေ ဖြစ် ဒေါင်းအိုးဝေတွေ တွန်တဲ့ခေတ်**
အကျည်းတန် နွေရက်ရှည်တွေ
ဒဏ်ရာရ သစ်ရွက်ကြွေလို
သံသရာလမ်းမှာ ကျောခင်းပေးဆပ်ခဲ့
ပြန်မရတော့တဲ့ အတိတ်တံတားမှာ
စိတ်တွေ ချွေးသိပ်ဖြေနား မရ
ဖျားနာနေဆဲ တခြားကမ္ဘာမှ ပြန်ပြန်ရောက်
ပြန်ပြန်လျှောက်နေမိတယ်..နွေ..။
အဖိနှိပ်ခံ ခေတ်အဆက်ဆက်မှာ..
ထီးရိပ် နန်းရိပ်လို မငြိမ်းချမ်းတဲ့ စစ်
အဖြစ်အပျက်အောက် မျိုးဆက်အလိုက်
အသစ်စက်စက် အိပ်မက်တွေ
သမဂ္ဂစိတ်ဓာတ်နဲ့ မရမက တောင်းဆိုခဲ့ကြတာ
တက္ကသိုလ် ရင်ဘတ်ထဲ ဘယ်တော့မှ ဟောင်းမသွား ပြောင်းမသွား
အင်းလျား နှလုံးသားမှာ လဲလျောင်း ကိန်းအောင်းနေတယ်..။
ယူနီဖောင်းချွတ်ပြီး မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ 
လွတ်လပ်ရေးကို အရ တောင်းခဲ့တဲ့ ကိုအောင်ဆန်းမှသည်
ကျောင်းနံရံ တလျှောက်မှာ ဒေါင်းအလံ ပြန်စိုက်မယ် ကိုမင်းကိုနိုင်အထိ..။
မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်
ရဲရင့် ပြတ်သားတဲ့ ကိုဗဟိန်း မှသည်
မတရားမှုတွေအောက် သပိတ်မှောက်ချီတက် လမ်းလျှောက်
ပညာရေးတွေ တိုးတက်အောင်စေလိုတဲ့ မဖြိုးဖြိုးအောင် ၊ ကိုကျော်ကိုကို အထိ..။
အမှောင်ရိပ်မှာ ဖြိုချခဲ့ အရိုင်းတွေ ခြိမ်းခြောက်
စိတ်ထဲမှာ အလိုမကျတဲ့ တံတိုင်းတွေ တည်ဆောက်
အတိတ်ဆိုတာ ပြိုကျလည်း ဖျောက်ဖျက်မရတဲ့ သမိုင်း..။
ကျောက်ခေတ် အတွေးအခေါ်လောက်နဲ့ တော့
နောက်တခေတ် တည်ဆောက်လို့ မရကြောင်း
မျိုးချစ်စိတ်ကို အရောင်ပြောင်း
ဒေါင်း ယောင်ဆောင်သော ကျီးများ သိစေ..။
ကျောင်းပရ၀ုဏ်က အကောင်းအဆိုး အမွေအနှစ် အကြောင်းစုံမှ အကြောင်းအကျိုးတွေ ဖြစ် ဒေါင်းအိုးဝေတွေ အပြောင်းအလဲမှာ တွန်တဲ့ခေတ်...။
..........................................................................
+အောင်ခိုင်မြင့်+
၆ မတ်လ ၂၀၁၇

Sunday, February 26, 2017
*အထူးအထွေ မပြောချင်ဘူး ၊ အရူးတွေ မှန်မှန်လိမ်ပါ*
တသက်လုံး မျက်လုံးပြူး မျက်ဆန်ပြူး
အရူးတွေ
လိမ်နေမှန်းသိလည်း အထူးအထွေ ကျိန်ပြောပြော
သတင်းစာ ရှင်းလင်းပွဲပဲ လုပ်လုပ်
တန်ခူးနွေမှာ အမေ့အိမ် လွမ်းပေမဲ့ မပြန်ဖြစ်တော့ဘူး
လက်မည်းကြီးတွေ လူငယ်လို သူငယ်ပြန်ပြီး ကြမ်းရမ်းနေတဲ့ နိုင်ငံ..။
ဘ၀အိမ်မက်တွေ ခါးသထက်ခါး
လက်နက်ကိုင်တွေ ရမ်းကားချင်တိုင်း ရမ်းကား
မတရားမှုတွေ လွတ်လွတ်လပ်လပ် ပျော်ပါး
မုသာဝါဒ တောရော မြို့ ပါ ဆင်နွှဲကြော်ကြား
လက်မည်းကြီး စီမံကိန်းတွေ များများစားစားအထွက်တိုးနေတဲ့ နိုင်ငံ..။
မျှော်လင့်ချက်တွေ ဆူးကြားက ဗူးခါးလို
အမှားတွေမှာ ငွေမည်းများ ချမ်းသာ
အမှန်တွေကတော့ ယက်ကန်ယက်ကန်ပေမို့ 
အဖြစ်အပျက်တွေ ၀မ်းနည်းပက်လက်
ဖောက်ပြန်ခြင်းတွေ မျက်နှာပြောင်တိုက်နေတဲ့ နိုင်ငံ.။
မလူးသာ မလှိမ့်သာ ငြိမ်နေတဲ့ ဘ၀ကြမ်းမှာ
ဆူးတွေခင်းတဲ့ လမ်းထက် ရေတိမ်နစ် စစ်
အမုန်းချင်း အားရအောင်ပြိုင်ကြတော့
နှစ် ( ၇၀ )ကျော် အရှုံးတွေ အလံလွှင့်ထားတဲ့ နိုင်ငံ..။
အပစ်အခတ်တွေကို နှာခေါင်းရှုံ့  ခေါင်းခါပေမဲ့
မကောင်းမှုတွေ နွားသိုး ကြိုးပြတ်
မြင့်မြတ်မှုတွေ ချောင်ထိုး
အလင်းငတ်ဆဲ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ
မျက်စိလည် လမ်းမှားသလို
နိုင်ငံမဲ့ အမှန်တရား ကို လောကဓံတရားက အလဲထိုးတဲ့ နိုင်ငံ..။ ........................................................................................................................................................................................ အောင်ခိုင်မြင့်

Wednesday, February 15, 2017
**ရေစီးကြောင်း**
(၁)
မြစ်တွေရဲ့ အမှားကို မြိုချရင်း
ပင်လယ်ဟာ ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့။ ။
(၂)
နှစ်ချို့ ဒီရေတွေဆန်တက်လာချိန်ကျတော့
ရေငန်တစ်စက်ဝင်ရင်တောင်
မျက်နှာမဲ့တတ်သူ မြစ်ဖျားတွေပါ....အမေရယ်။ ။
..............................................................
+မောင်ချောနွယ်+

Tuesday, February 7, 2017
Tuesday, January 24, 2017
**ဘ၀တိုက်ပွဲမှာ**
ကြေကွဲခြင်း အတိတ်ကို
နှလုံးသားမှာ တိတ်တဆိတ် မြုပ်နှံပြီး
စိတ်ဓာတ်တွေ အတုံးအရုံး မကျဆုံးအောင်
လောကကို ရင်နာနာနဲ့ ပြုံးပြနေရတဲ့အခါလည်း ရှိတယ်..။
ဘ၀တိုက်ပွဲမှာ
သောက ခြံထဲဆင်းပြီး
မစိုပြေတဲ့ နံနက်ခင်းတွေကို
အရောင်လင်းလက်လာအောင်
ပရဟိတနဲ့ အတ္တတွေကို
နေထုတ်လှမ်းရတဲ့အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
ငြိမ်သက်နေတဲ့ ကန်ရေပြင်ထက်
သတိယခြင်း ခဲတလုံးကျသွားသလိုမျိုး
စိတ်လှုပ်ရှားမှုတွေ လှိုင်းခတ်
အမေ့အိမ်နဲ့ ချစ်သူကို အလွမ်းအဆွေးဓာတ်များ
ရင်ဘတ်ကြီးထဲမှာ တပြိုင်ထဲ
မတ်တပ်ထရပ်တဲ့ အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
အရိုင်းဆန်တဲ့ ဘ၀ပင်လယ်ကို
ယဉ်ပါးလာလို လာငြား
မြင်းတကောင်ကို ကျောပွတ်ပေးသလိုမျိုးလည်း လုပ်ရ
လူမိုက် လူဆိုးကို ပြန်လည် သင့်မြတ်ရေး ဆေးလည်းထိုးရ
စက်ဆုတ်စရာတွေ ခဏဘေးချပြီး
တွေးကြည့်မှ ပြက္ခဒိန် အစုတ်ပေါ်က
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်မှန်း
အတိတ် သင်ခန်းစာ ယူရတဲ့အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
စစ်ပွဲတွေ ရှိနေသ၍
မျှော်လင့်ခြင်း အိပ်မက်တွေ မြောင်းထဲ လွှင့်ပစ်
ဆာလောင်တဲ့ မေတ္တာ မျက်ရည်စတွေနဲ့ 
ဘ၀ကို ထုဆစ် အိမ်ပြန်ချိန်တွေ စစ်နွံနစ်နေခဲ့တာ ကြာပြီ..။
ဘ၀တိုက်ပွဲမှာ
ဒုက္ခရောက်လို့ ဆုတောင်းတာလား
ဆုတောင်းလို့ ဒုက္ခရောက်တာလား
ဘုရားအားလုံးကို ခေါင်းစားစေတဲ့ မေးခွန်းများနဲ့ 
သချုင်္ိုင်းကုန်းက လက်ယက်ခေါ်ပြီး
မရဏမင်းက မျက်စပစ်ပြနေတဲ့ စစ်
သစ္စာတရား ကတုပ်ကျင်းထဲ ဖျားနာနေတာ လည်းမြင်ဘူးတယ်..။
ဘ၀တိုက်ပွဲမှာ
စာတမ်းထိုးထားတဲ့ ရုပ်ရှင်တကားလို
လှုပ်ရှားမှုတွေ အဆက်မပြတ်ကြည့်လိုက်
ဘ၀ စာတမ်းတွေ အငမ်းမရဖတ်လိုက်
မြို့ ပြရဲ့ ဇာတ်သိမ်းခန်းမှာ ဘယ်သူတွေ လက်ခုပ်တီးပြီး
ဘယ်သူတွေ ကျောက်ပတ်တီးစီး ငိုကြွေးမလဲ
အမှန်တရားကို ဘာသာပြန်စရာမလိုပဲ
စိတ်ထဲက ဘ၀ပေး အသိနဲ့ သိနေတယ်..။
...................................
+အောင်ခိုင်မြင့်+
Labels:
ကဗျာ
Saturday, January 14, 2017
**လူသားဆန်ချင်တာတရားတယ်**
မြစ်တစ်စင်းနဲ့အတူပူးချည်
စွန့်စွန့်စားစားစီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဘူးတဲ့နေ့တွေကို
မြင်ချင်လွန်းလို့ပါ။
မြေပုံမှာမပါတဲ့ကျွန်းတွေ
ပင်လယ်ထဲမှာအများကြီးရှိတယ်
ရေထဲကငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်ကဖမ်းယူစားတယ်
ဒါသဘာဝပဲလား
နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရင်
ဘာတွေမြင်ရဦးမလဲ
ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ်သိဖို့အရေးကြီးရဲ့
မိတ်ဆွေတစ်ယောက်ပြောတာသတိရမိတယ်
အခန်းတစ်ခန်းလိုချင်တယ်တဲ့
အေးအေးဆေးဆေးဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါထိုးအန်ဖို့
အမျိုးသမီးတစ်ယောက်ကိုဧည့်ခံဖို့တဲ့
အိုး…လူသားဆန်လှချည်လား
ကျွန်တော်ကရောဘာထူးလို့လဲ
အာဇာနည်တွေကိုလေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကိုပြစ်မှားမယ်
ထမင်း၀၀စားချင်တယ်
ဒါလည်းလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့
ဒါပေမယ့်ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော်သေခဲ့ပြီးပြီ
ကမ္ဘောဒီယားပြည်သူတစ်သန်းကျော်သေခဲ့ပြီးပါပြီ
ဘ၀ပေါင်းများစွာကိုလျှော်ဖွပ်ဖို့
လွတ်လပ်မှုရှိမှဖြစ်မယ်
မျှော်လင့်ချက်တွေဟာလုပ်ကြံခံလိုက်ရတယ်
အနာဂါတ်ကတော့အသက်ငင်နေဆဲ
မကြာခင်ရှင်ပြန်ထမြောက်လေမလား
စိတ်ဓါတ်ကျစရာအကြောင်းမရှိ
နောင်တရစရာအကြောင်းမရှိ
ဟောဒီ့ညတစ်ညရဲ့လိုအပ်ချက်ဟာ
“မ” ဓါတ်ဖြစ်နေတာသေချာခဲ့ပြီပဲ..။ ။
...........................................................
+လှသန်း+

Friday, January 13, 2017
**ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ**
ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့
ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာသစ္စာတရား
ကျွန်တော့်ရဲ့မိုက်မဲမှုများ
လောကကြီးကအလိုက်သိပါ့မလား
ရေပြင်ရဲ့မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါ့မလား
ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး
ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ်
ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်
သူငယ်ချင်းရယ်ဒီဇာတ်လမ်းမှာ
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်
ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။

Thursday, January 12, 2017
**နတ်ပူးနေတဲ့ကောင်**
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။
မေမေရေ…
မိုးတိမ်ကြီးထဲမှာ ခြေပစ်လက်ပစ်
သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။
..................................................
+တာရာမင်းဝေ+
Labels:
ကဗျာ
Monday, January 2, 2017
**ပါးချိုင့်လေး **
ပွဲတော်နောက်ဆုံးည ဆိုတာ
ကလေးအတွေးမှာ နှမြော...
လွမ်းမောစရာ . စည်းရိုးနဲ့
မျက်နှာစာ ခြံဝန်းနဲ့ ဧည့်ခန်းမှာ
ထွန်းဖြာရတဲ့ အများနည်းတူပေါ့
( ဖယောင်းတိုင်ဖြစ်မှတော့ )
စွမ်းသမျှ လင်းရတော့မှာပဲ .
လောကဓံဆိုတာမျိုး
အဆိုးချည်းမှ မဟုတ်တာ
အကောင်းလည်း ရှိပါသတဲ့
အလဲ့... ရောင်စုံဖဲကြိုး ထုပ်ပိုးရောက်လာ
လောကဓံမှာ ပါးချိုင့်လေးနဲ့ လှအားရဲ့ .
( လက်ခံယူမယ့် ) သံယောဇဉ် နဖူးမှာလည်း
အမာရွတ်လေးနဲ့...။ ။
............................................................ . -
#မင်းကိုနိုင်
( ၁၇ / အောက်တိုဘာ/ ၂၀၁၆)

Friday, December 30, 2016
*သောကမီးနဲ့  ရေးဖွဲ့ တဲ့လောကကြီးရဲ့ ဧည့်သည်ကြီးအတွက် ကဗျာ*
တောင်တန်းတွေမှာ
ယမ်းငွေ့ ဝေချိန်
ဆရာ့ကို အိမ်ပြန်မပို့ ဖြစ်ခဲ့ပါ...။
သောကမီးနဲ့ ဆက်နွယ်တဲ့ အိမ်မပြန်ဖြစ်ခဲ့
တိမ်လို ရင်နင့် လောကကြီးရဲ့ ဧည့်သည်ဟာ အချိန်မတိုင်ခင် ကြွေလွင့်ခဲ့
လောဘကြီးသူတွေရဲ့ ဖောက်ပြန်မှုမှာ သားကောင်ဖြစ်လိုက်
မောဟတွေ ပြောပြီး အတွေးအခေါ်များ ပစ်ဖောက်တဲ့ မုဆိုးဖြစ်လိုက်
လောင်မြိုက်နေတဲ့ မြစ်များဘ၀ဟာ
ဆေးလိပ်တိုလို ဘ၀တိုခဲ့မှောင်မိုက်မှာ
အသည်းကွဲတောင်တန်းများ
နေညိုရင် ဧရာဝတီနဲ့ အပြိုင် ငိုနေကြပြီ..။
ကောင်းကင်ပြင်အောက် ကြယ်ရောင် ပျောက်ခဲ့
ငါတို့ အိမ်ပြန်မရောက်ပြီ..။
နှလုံးသားမှာ ဆေးလိပ်မီးလို လောင်ကျွမ်းနေလည်း
မဖောက်မပြန် ရှိသမျှ အတွေးအခေါ်တွေ အကုန်ပေးသွားပြီး
ဘ၀မှာ ဒဏ်ရာ နာကျင်ခြင်းတွေသာ ယူဆောင်သွားခဲ့သူ
ညဆိုတာ လရှိမှ လှပနိုင်ပေမဲ့
အုပ်စုဖွဲ့ တိမ်ညို တိမ်မိုက်တွေကြားမှာ
ကြယ်ရောင် လရောင်ပျောက်တဲ့ကောင်းကင်လို
အလင်းမဲ့ညများ ရှည်လျားခဲ့ပြီ..။
သစ္စာတရား ရှား မေတ္တာဓာတ် ခေါင်းပါးတဲ့ ဘ၀လမ်းမှာ
ငြိမ်းချမ်းတဲ့ အမေ့အိမ်ကို လွမ်းတယ်..။
မျှော်လင့်ခြင်းတိမ်တွေကို
လက်ယပ်ခေါ်နေသော ညနေခင်းများ
နာကျင်ခြင်း မြက်ခင်းပေါ် လဲလျောင်းနေသော ဒဏ်ရာများ
အိပ်ရေးပျက်နေတဲ့ တောတောင်တွေပေါ်
ခါးခါးသီးသီး ချောင်းရေစီးသံများ
ကောင်းနိုးရာရာ ထုံးတမ်းစဉ်လာများနဲ့ 
အကြောင်းအကျိုးရှာကာ လုံးပမ်းရင်းကျင့်ကြံစဉ်
မှောင်မိုက်တဲ့ ညသန်းခေါင်မှာ အတွေးစိတ်လဲပြို
ဆေးလိပ်လည်း တိုခဲ့ပြီ..။
သတ်ပုံမှားတဲ့ ည ဘာသာပြန်လွဲတဲ့နေ့ 
အဓိပ္ပါယ်မဲ့ မြို့ ပြဘ၀များ ရှိတယ်..။
အရိုင်းဆန်တဲ့ အိမ်မက်တွေ မြို့ ပြလမ်းမမှာ
ပြန် ကျဲ မုန်တိုင်းမလာခင်
ငြိမ်သက်တဲ့ ပင်လယ်လို ကြေကွဲနေတယ်.
. လူမျိုးခြားတွေ လက်ထဲ ပါတော်မူကာ
မိအေးလို နှစ်ခါနာတဲ့ မန္တလာရေ...
ငတ်မွတ် မွန်းကြပ်ကာ ခရိုနီတွေ
ရန်မကုန်သေးတဲ့ ရန်ကုန်ရေ...
ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ဧည့်သည်ကြီးကို
ဧည့်စာရင်းစစ်ဖို့ မျှော်နေပြီလား..။
.............................................................................
+အောင်ခိုင်မြင့်+
၁၄ ဇန်န၀ါရီ ၂၀၁၅
ဆရာကြီးဦးတင်မိုးကို ရန်ကုန်မှာ ဂူသွင်းကြောင်း ကြားသိရသဖြင့် ဆရာ့ကို သတိရစိတ်ဖြင့် ကဗျာဟောင်းလေးကို ပြန်လည်ဖော်ပြပါရစေ..) ( ၂၂ ဇန်န၀ါရီ ၂၀၀၇ တွင် ကွယ်လွန်ခဲ့သော ချစ်ခင်လေးစားရတဲ့ ကဗျာဆရာကြီးဦးတင်မိုးအတွက် ( ၈ )နှစ်ပြည့် လွမ်းဆွတ်မှု အမှတ်တရ ကဗျာ ) **ဧည့်သည်ကြီး** ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန် ပို့ ကြပါလေ..။ .............................................................. တင်မိုး

Thursday, December 29, 2016
Wednesday, December 28, 2016
" အမှန်တမ်းခြင်း"
အမှန်တရားတွေတဲ့လား
ဒီကမ္ဘာမှာ
'ဆော့ကရိတ်တိ'သောက်ခဲ့တဲ့ အဆိပ်ခွက်ကိုသာ
ငါ့ ပေးပါတော့။
.........................................................................................
+မောင်သုည+
ဒီကမ္ဘာမှာ
'ဆော့ကရိတ်တိ'သောက်ခဲ့တဲ့ အဆိပ်ခွက်ကိုသာ
ငါ့ ပေးပါတော့။
.........................................................................................
+မောင်သုည+
Labels:
ကဗျာ
Subscribe to:
Posts (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)