ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ကဗျာ.. Show all posts
Showing posts with label ကဗျာ.. Show all posts
Tuesday, November 1, 2016
**သံဝေဂ**
ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ …
အားနာလိုက်တာ..။
  စီးကရက်ကို တဟွတ်ဟွတ် သောက်မိတာလား
 ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျွန်တော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။ 
မေမေရေ ..
 ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
 ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့
 လောကအဝါတစ်ပွင့်ပါပဲ
 ခုတော့..
 လေအလာကို မျှော်လင့်ရင်း
ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ ။
 .........................................
 +တာရာမင်းဝေ+
Read More...
Saturday, January 30, 2016
** ဒီနေ့**
ဒီနေ့တိမ်တွေမှာ
အရောင်တွေပါတယ်
 သိပ်မကြိုက်ချင်ဘူး
 လှပေမယ့် ညစ်ကျယ်ကျယ်နိုင်နေတယ်။
...ဒီနေ့ စိတ်တွေမှာ
 အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
သိပေမယ့် ပြုံးနေလိုက်တယ်။
.ဒီနေ့ စကားတွေမှာ
အကာတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
 ချိုပေမယ့် အဝင်ဆိုးနေတယ်။
ဒီနေ့ မျက်ရည်တွေမှာ
အတ္တ္တတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
 မြင်နေပေမယ့် ယုံလိုက်မိရင် သေသွားနိုင်တယ်...။                      ။
 /////////////////////////////////////////////////////////
+8Yar+
Read More...
Saturday, December 5, 2015
**အသုံးမကျတဲ့ ကောင်းကင်**
အဲဒါပါပဲ …
တလက်လက်ထနေတဲ့ အတ္တတွေ
စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့
 ထုဆစ်ထားတဲ့ ကောင်းကင်ဆီက …
 အနိဌာရုံတွေပဲ ပြုတ်ပြုတ်ကျတတ်တယ်ဆိုတာ … ။
 စိတ်တွေကိုဒုံးဒုံးချထားတဲ့
ဘ၀အပိုင်းအစတွေ လမ်းမတွေပေါ် တဘုံးဘုံးလဲကြ …
အဲဒီ့ညနေမှာ သက်ပြင်းတွေက ဂီတဖြစ်သွားတယ် …။
 ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ခြင်းတွေကို 
မရှိမဲ့ရှိမဲ့ အားအင်နဲ့ကျားကန် 
အဲဒီ့ မျက်လုံးတွေက မသေချာမှုတစ်ခုနဲ့ လေးလံနေကြတယ် …။
 ဘာလဲဟဲ့ မနက်ဖြန် 
ဘာလဲဟဲ့ အနာဂတ် … 
တစ်နေ့တာကိုပဲ အနိုင်နိုင်ကျော်ဖြတ်ရင်း 
နံနက်ခင်းတစ်ခုထဲက ယုံကြည်ချက်တွေကို
 ညနေတစ်ခုနဲ့အတူ ကွပ်မျက် 
အိမ်ပြန်ချိန်မှာ အိပ်မက်တွေတောင်ပါမလာခဲ့ … ။ 
 ခေါင်းငုံ့ ဒူးထောက် စိတ်ဓါတ်တွေကို 
ကုန်းကုန်းကောက်နေတုန်း 
လူက လူကိုနင်းတဲ့ခေတ်က
 တံခါးပေါက်တွေကို လိုက်လိုက်ခေါက်
 ကျောကုန်းပေါ်ဖိနပ်ရာတွေရောက်ရောက်လာတယ် …။
 ပါးစပ်တစ်ပေါက်အလှုပ်မှာ 
ဘ၀ပေါင်းများစွာရဲ့ နှုတ်တွေဆွံ့အသွား …
 မတတ်နိုင်ခြင်းတွေကပဲ လက်ကျန် စာရိတ္တတွေကို တိုက်စားသွားတယ် …။
 အဲဒါပါပဲ … 
တလက်လက်ထနေတဲ့ အတ္တတွေ
 စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့ 
ထုဆစ်ထားတဲ့ ကောင်းကင်ဆီက … 
သန့်စင်မှုတစ်ခုကို ဘယ်လိုမှမျှော်လို့မရဘူးဆိုတာ …
။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 
+ဘုန်းမင်းဇွန်+
Read More...
Thursday, December 3, 2015
** နှမြောတယ်**
 နှမြောတယ် …
တိုင်းပြည် လူမျိုး နိုင်ငံရဲ့အနာဂတ်ကို
ထမ်းပိုးမယ်တဲ့ အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ
 တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။
 နှမြောတယ် …
 ပြည်သူရဲ့ သွေးချွေးမျက်ရည်
တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်
 ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့
 အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။
  နှမြောတယ် … 
အဆင့်မြင့်ပညာရပ်တွေကို အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ
 အညွန့်တလူလူနဲ့ လူတော်တွေ …
 လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။ 
 နှမြောတယ် … 
 မတရားမှုတွေကို ထောက်ခံ
 အမှန်ကိုအမှား အမှားကိုအမှန် အမြင်အာရုံတွေမှာ
 မောဟအမှောင်တွေခံနေတဲ့
 မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။ 
+ဘုန်းမင်းဇွန်+
Read More...
Wednesday, December 2, 2015
**မျက်စိဖွင့်ပြီး အိပ်ကြသူများ**
နေမင်းက ခေါင်းပြူကြည့်
 နံနက်ခင်း ဆိုတာကိုပေးသိပေမယ့်
အိပ်မက်တွေတခမ်းတနားနဲ့
ငါ တို့တွေ မနိုးတမ်းအိပ်ခဲ့ကြတယ် ။
 နောက်မကျဖို့အရေးကြီးတယ်တဲ့
 အော်ခေါ်သံအဟောင်းတွေကြားမှာ
နာရီတွေပြောင်းပြန်လည်
ငါတို့ ဘယ်အချိန်ထရမလဲကွယ် …။
  နံနက်ခင်းမပါတဲ့
 နေ့ရက်တွေထဲက ကျနေဆဲနေရောင်မှာ 
ဘာဒဏ်ရာတွေ ပါလာဦးမှာလဲ 
 လျှောက်နေကြလမ်းတွေကရော 
ဘယ်လို မာယာတွေထဲမျောဦးမှာလဲ …။ 
အဲဒါတွေထားလိုက်ပါ …
 မရှိခြင်းတွေက မွေးဖွားတဲ့
 မသိခြင်းတွေများစွာနဲ့ အိပ်
 ငါတို့ရဲ့ ညတွေကတော့ … 
 အလင်းတွေကို ဘေးချပြီး တိတ်ဆိတ်လို့ …။
 ......................................... 
+နေဘုန်းလတ်+
Read More...
Tuesday, December 1, 2015
“ကုသိုလ်တော့ … ရတယ်”
တချို့က… ငယ်ငယ်ရွယ်ရွယ်နဲ့
သမိုင်းထဲက မထွက်ချိန်
တချို့က… ကြီးတောင်ကြီးမားနဲ့
ကလေးကလားလုပ်တုန်း
 မြင်ရတာ မတော်လို့
မျက်စိမှိတ်ထားရက်က
 မတန်တဆ စကားလုံးတွေ နားဝကို လာလာရိုက်ကြ
အနေအထိုင်မတတ်တဲ့ ပါးစပ်ကနေ
 ဖြစ်သင့်ဖြစ်ထိုက်တာတွေ ထွက်ကျလာ…။  
လေထဲဆောက်တဲ့ တိုက်အိမ်တွေ စ, ဖို့ 
အစီအစဉ်မရှိတဲ့ စိတ်ကူးတွေ 
အာသာပြေတန်းတဲ့ လက်သီးလက်မောင်းတွေ
 အသံကျယ်ပြီး အလုပ်မဖြစ်တဲ့ သင်္ကြန်အမြောက်တွေ 
အလွတ်ကျက် ရွတ်ရွတ်နေတတ်တဲ့ ဆင်ခြေဆင်လက်တွေ
 နေရာဒေသကလဲ… ပစ်မလွဲ ရှောင်မလွတ်…။ 
ကျွန်တော်… နားတွေထဲ ဂွမ်းသွတ်ထားလိုက်တယ် (မကြားရအောင်) 
ကျွန်တော်… မျက်မှန်ကို ချွတ်ပစ်လိုက်တယ် (မမြင်ရအောင်)
 ပြီးတော့… မေတ္တာသုတ် နာနာရွတ်တယ် (မပြောမိအောင်)
 ဟိုသီချင်းလေးထဲကလိုပေါ့… 
ကုသိုလ်ရပါတယ် … ကုသိုလ်ရပါတယ် …။ ။ 
..................................................... 
+နေဘုန်းလတ်+
Read More...
Monday, November 30, 2015
**နောက်ထပ်နီစရာမရှိ**
အစိမ်းရင့်ရောင် အစိမ်းနုရောင် ၀ါကျင်ကျင်အရောင်
 မိုးသည်းထန်စွာ ရွာပြီးနောက် ဈေးတတ်သွားပြီး
 ထိပ်ပိုင်းနှင့် အမြီးဖျားတွင် ဘီလူးတစ်ကောင် တွဲလွဲခို ပြုစုစောင့်ရှောက်နေ။
Tobacco causes cancer စာသားကို သရော်လှောင်ပြုံး ပြုံးပြီးနောက်
45-92-100-အစရှိသည့် နံပါတ်များစွာ ဖြစ်ပေါ်လာ။ (ကင်ဆာ နှစ်ရာဖိုး လုပ်လိုက်ပါဦး)
 လမ်းမပေါ်မှာ တဗြစ်ဗြစ် အထွေးခံရသည့် ရိုးရာယဉ်ကျေးမှုကြောင့်
 မောင်အေးဟာ ဘလက်တုရှ်ပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော် မှတ်တမ်းတင်ခံခဲ့ရ။
ရဲပဒေါင်းခတ်နေသော နှုတ်ခမ်းများကို ဘယ်စော်မှ မကြိုက်ကြကြောင်း ထုတ်ဖော်ပြောကြား။ ဧည့်သည်တော်များအား ကတ္တရာလမ်းမထက်မှ ပလက်ဖောင်းများပေါ်မှ ကားပြတင်းပေါက်ဆီမှ အမှိုက်ပုံးများအတွင်းမှ အာသာဖြေ အကွက်ပေါင်းများစွာက ပျော်ရွှင်စွာ ကြိုဆိုနှုတ်ဆက်ခဲ့။  
အချိုမကြိုက်သော ပါးစပ်များသည်လည်း တဖြည်းဖြည်း ချဉ်၍ ချဉ်၍လာသည်နှင့် 
ကျစ်ကျစ်လိပ်ထားသော ကြွတ်ကြွတ်အိတ်များမှ
 မခြောက်တခြောက်များ ပေစွန်းခံထုတ်ပြီးသည့်နောက်
 ခပ်မို့မို့ ပါးစုံများ ဖောင်းတင်းလာသည် နေရာယူထားပြီးနောက်
 အံကိုကြိတ်၍ နှုတ်ခမ်းကို လျှာဖြင့် ဖြည်းညှင်းစွာသပ်၍ 
အပေါ်သွားနှင့် အောက်သွား ထိကပ်သွားသည်အထိ 
မည်သည့်စကားမျှ မဆိုနိုင်လောက်အောင် ပြည့်လျှံကျသည်အထိ 
အဆက်မပြက် တလှုပ်လှုပ်ဝါးပြီးနောက် အော်ဂလီဆန်စရာ အနီရောင်များ
 အရေမရ အဖက်မရ တံတွေးများ ဖြတ်ရခက်သော စောက်ကျင့်များသည်လည်း
 ဒီမိုကရေစီများထံ လက်နက်ချ ငြိမ်းချမ်းရေးယူသွားကြောင်း။ ။ 
 ...........................................................
 +မိုးရဲ +
Read More...
Friday, November 27, 2015
**နေညိုချိန် နှုတ်ဆက်တေး**
ညနေခင်းတစ်ခုကို
ကိုက်ချီသွားတဲ့တိမ်တိုက်တွေ
အလိပ်လိုက်၊အလိပ်လိုက် ခေါက်သိမ်းခြင်းခံရတယ်။
 ဆိုလက်စ သီချင်းကိုဆက်ညည်းမယ်
 ကောင်းကင်ကြီးကပဲညနဲ့အံဝင်ခွင်ကျနေသလိုလို
 အခုပဲ ပြိုဆင်းလာတော့မလိုလိုနဲ့  
အော်....ဘ၀ဆိုတာ ဒီလိုလား 
မထူးဇာတ်ကိုပဲ လျှောက်လမ်းတွေပေါ် ဖြန့်ခင်းထား...
. ခြေသံတွေဟာ ညကိုတဖြေးဖြေးလှိုက်စားသွားမှ
 ကြယ်တွေစုံတဲ့ညက တိတ်တဆိတ်နဲ့ 
မနက်ခင်းတစ်ခုအဖြစ်ဖူးပွင့်လာ
 အဲဒါ ငါမျှော်လင့်နေတဲ့ ဂီတ
 အဲဒါ ငါမျှော်လင့်နေတဲ့ ဗီဇ...။ ။ 
+ နွေဦးလေ+
 (Hello Journal)
Read More...
Thursday, November 26, 2015
**အိပ်မက်လှလှမက်ပါစေ**
နှင်းလေပြေသွေး
 ခပ်အေးအေးမှာ
 ချမ်းခိုက်တုန်လို့
အိပ်မောကျသူ
လှပျိုပြူအား
ရင်ငွေ့များဖြင့် နွေးစေသား။ ။
 +မိုးငွေ့ +
Read More...
Tuesday, November 24, 2015
** ကြားကာလ**
အောင်မြင်ခြင်း - ရှုံးနိမ့်ခြင်း
 ဒီကြားမှာ ကျွန်တော် နေခဲ့ရဖူးတယ်။
အချစ် - အမုန်း
ဒီကြားထဲမှာ ကျွန်တော် ကျေနပ်ခဲ့ရဖူးတယ်။
 ပျော်ရွှင်ခြင်း - စိတ်ပျက်ခြင်း
 ဒီကြားထဲမှာ ကျွန်တော်ဟာ ခဏခဏ...။
 ရယ်မောခြင်း - ငိုယိုခြင်း
ဒီကြားမှာ ကျွန်တော်ဟာ မက်မက်မောမော နဲ့.........။
 ပြိုင်ဆိုင်ခြင်း - သည်းခံခြင်း
 ဒီကြားမှာ ပြိုင်ဆိုင်မှုတွေနဲ့ ကျွန်တော်ဟာ သည်းခံခဲ့ရတယ်။
 အသက်ရှင်ခြင်း - သေဆုံးခြင်း
 ဒီကြားမတိုင်မှီ ကျွန်တော်ဟာ ရှင်သန်ခဲ့ရဖူးတယ်။
 အခုတော့
ဒီကြားမှာ ရပ်ပြီး
 သေဆုံးခြင်းကို ထိုင်စောင့်နေရပြီ။
..................................................
+ရီနိုမာန်+
Read More...
Saturday, November 21, 2015
နံနက်ခင်းတိုင်း
သူ့အတွက် စံပယ်ခင်း
 သတိရခြင်းကို
လဖက်ရည်နဲ့အတူ ရောမွှေသောက်
သတိရခြင်းကို ကျေနပ်နေမိပြီ .. ။ ။
 +ဆွေနိုင်စစ်+
Read More...
Thursday, November 19, 2015
**ခြွင်းချက်များ**
တိမ်ဗလာကျင်း လကိုခင်းပြီး
 ထင်းထင်းကြီး ကယ်ခဲ့
 အကောင်ကြီးလို့ နှစ်ခါ ပြန်လျှောက်ပြီး
စစ်စစ်ပေါက်ပေါက် ကယ်ခဲ့
“ဒီမိုကရေစီ ငါ့ကိုခိုးတယ်” တဲ့
ညသန်းခေါင်ကျော်မှ စူးစူးဝါးဝါး ယောင်ယမ်း
 ပရိတ်မန္တာန်အတုတွေကြား
 ဖုတ်တစ္ဆေများသွားလာ
 ကံကွက်ကျား
တဲ့ ဖုန်းဆိုးကြပ်ကုန်းမြေ
ကန္တာရပန်းတွေ ပွင့်ချင်လို့ စောင့်နေတုန်း။
 ..................................
+ပန်ဒိုရာ+
Read More...
Wednesday, November 18, 2015
**ချစ်ခြင်းဖွဲ့**
ခေါ်မှာလား မောင်
တွဲလက်နှောင်ရင်း
 ဆူးခက်ခင်းလမ်း..
.ဘယ်လောက်ကြမ်းစေ...။
လာမယ်လား မောင်
 ညဥ့်နက်မှောင်မိုက်
 အိပ်မက်သိုက်မြုံ
ခိုလှုံယှဉ်တွဲ...ကြည်ဖြူရဲစေ..။
  ထားခဲ့နဲ့ မောင် 
မျက်တောင်တခတ် 
ရင်သပ်ရှုမော 
အနမ်းတောလယ်
 ဖြေငယ်ပြေဘူး...
တပ်မက်မူးစေ..။ 
လဲရဲတယ် မောင်
 ကြယ်ပြောင်သောက်ရှုး 
မက်မောဘူးကွယ် ခ
က်နွယ်ဆံမျှင်
 မောင့်ရင်ခွင်ထဲ 
ခိုတွဲဝင်ဆော့
 လေပြေနော့သွေး..
.ဝေးမယ်လားဟင်..။ 
အတွေးနဲ့တင်.. 
လွမ်းမောနွမ်းလျ.. 
ကျမ...တမ်းတတတ်တယ်...မောင်..။ .
....................... 
+ချစ်ကြည်အေး+
Read More...
Monday, November 16, 2015
**ခရီးသွား ကြသူများ**
တနေ့ တနေ့ တရွေ့ရွေ့သွား အချိန်ရထား......
သူ့အလုပ် သူလုပ် မှန်မှန်ခုတ်နေတယ်.....။
အကြံအဖန်ထုတ်သူတွေ
 အမှန်အကန်လုပ်သူတွေ...
 အတင်းစကားဆိုသူတွေ
အချင်းများလိုသူတွေ...
ဇာတ်ရှုပ်နေသူတွေ
အမြတ်ထုတ်နေသူတွေ...
အချစ်ချင်း တူသူတွေ
အပြစ်ကင်း ဖြူသူတွေ...
သဘောကောက် အမှားကိုးနဲ့
 ကျောနောက်ဓါးထိုး...တရားဆိုးသူတွေ...။
  နိမ့် မြင့် ဆူ ကြုံ ကျောရင် ဖြူ မဲ မခွဲခြားပဲ 
အားလုံးကို ဆောင်တင် ခရီးနှင်ဆဲ......။
 သူတို့....သက်ရှုကွဲလည်း
 လူချင်းတူမူ လားရာတူစွာ ....
 ကံ ဇာတ်ဆရာရဲ့ လက်ထဲ
 ကြိုးဆွဲရာ တလှုပ်လှုပ် အချို ကုတ် (Coat) ထားတဲ့
 ဆေးခါး အမှားများစွာနဲ့ အသားကျရှင်သန် နေထိုင် ကြရင်းက..
. အချိန်တန်တော့ အိမ်ပြန်ရ ....
 ခြောက်ပေ ကျယ်တဲ့ကျင်းအတွင်း
 ခုန်ဆင်းကြရတယ်...။ 
အချိန်ရထားကြီးကတော့... 
သူ့လက်တံတွေ သူရွှေ့ရင်း
 ခရီးပြင်းနှင်မြဲ ခုတ်မောင်းဆဲလေ...။ 
ဘဝ အမောတွေ ပြေကြပါစေ...။
 +ချစ်ကြည်အေး+
Read More...
Saturday, November 14, 2015
=နှောင်ထုံးအပြေ =
အပေါ်ယံ အမြင်လှဖို့ သက်သက်နဲ့တော့
 ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်ဘူး...။
ချစ်လွန်းလို့ပါ ဆိုတဲ့
 ကြိုးချိုချိုတွေနဲ့ ရစ်ပတ် အထပ်ထပ်...
 (ငါက) ကိုယ့်ကြိုးကိုယ် ဖြတ်ခဲ့တဲ့
လိုင်စင်ရ ကကြိုးရုပ်...
 ကြိုးစတွေ မရှုပ်ခင်....၊
အစားခံရမယ်ဆိုရင်တောင်
 နောက်ဆုံးမှ လက်နက်ချမဲ့ ငါက..
.ဘုရင်မ ဖြစ်ချင်သူ နယ်ရုပ်ကလေးတွေလို
မင်း ရွှေ့ချင်တိုင်း ရွှေ့မရတာ ငါ့အပြစ်မှ မဟုတ်တာ...၊  
အပြစ်ရှာလိုသူအတွက်
 ထွက်ပေါက်မဲ့ မွန်းကြပ်မှုတွေကြား
 ညခါးခါးတွေ အဖျားတက်... 
တလမ်းမောင်း အချစ်လက်နဲ့
 တဖက်မြင် မင်းအကျင့် ရက်လွန်နေတဲ့ အချစ်တွေက
 လူကို လောင်မြိုက်စေတယ်...။ 
အရှုံးပေးရဖန်များလာတဲ့အခါ... 
ချစ်တာက တခြား မာနက သပ်သပ် 
ဓါးစာခံ နှလုံးသား အပိုင်းပိုင်းစုတ်ပြတ်ရင်း
 ငိုချင်းနဲ့ မိုးအလင်း ပွဲချီတွေ များလှပေါ့...။ 
အပေါ်ယံ အမြင်လှဖို့ သက်သက် 
ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်တော့ဘူး...။ 
 +ချစ်ကြည်အေး+
Read More...
Friday, November 13, 2015
** ဤ = ကျွဲ**
ရာသီတွေ ပျက်နေတဲ့
ယန္တရားတစ်ခုထဲမှာ
ဝဿန်လွန်မှ ရွာချလိုက်တဲ့ မိုးအတွက်
ဘယ်သူကမှ စိတ်ပျက်လက်ပျက် ဖြစ်မနေခဲ့ဘူး။
သူကပဲ ပက်ပက်စက်စက်
 ကာလအတွက်အချက် မှန်နေခဲ့သလိုလို
ထစ်ချုန်းမိုးဟာ ရွာရိုးကိုးပေါက်
 မျက်နှာပြောင်တိုက် လျှောက်တယ်
 ဒါတင်မက.... ဝင့်ဝင့်ထည်ထည်
 ပြိုးကနဲ ပြက်ကနဲ ခြိမ်းများတောင်ခြိမ်းနေလိုက်ပုံ...။
 နောက်ဆုံးတော့
 အောင်ရမည် သုံးကြိမ် ဟစ်ကြွေးပြီး
အခမ်းအနားကို ရုတ်သိမ်းတယ်
ကဲ...လူကြီးမင်းများ သဘောတူရင် လက်ခုပ်တီးကြပါ....။ ။
 .......................
+ချစ်ကြည်အေး+
Read More...
Thursday, November 12, 2015
=စမ်းရေ=
စမ်းရေ...
 ညင်ညင်သာသာလေးပါပဲ
...စီးမြဲ ဆင်းမြဲ...
 မျက်နှာမူရာဘက် ဦးတည်၊
 ခြေဦးလှည့်တဲ့နောက်
လမ်းပေါက်အောင်လျှောက်တယ်...
အရောင်အဝါ တောက်ကြွားလိုက်ပုံကတော့
ကမ္ဘာကိုတောင် ထုတ်ချင်းပေါက် လင်းချင်းတယ်။
 တသွင်သွင် တစိမ့်စိမ့်..
.ငြိမ့်ငြိမ့်ကလေးပါပဲ...
 မျက်နှာပြင်ကြည်တော့
 မြင်မြင်သမျှ မဖောက်မပြန်
အရှိအမှန်တိုင်း ထင်ဟပ်တယ်။
  နွဲ့နွဲ့ကလေးပဲ... 
ဒါပေမဲ့... အရှိန် ရှိတယ် 
အရွေ့ရှိတယ် အင်အားရှိတယ်
 မေတ္တာတရားရှိတယ် ရိုးဂုဏ်ရှိတယ် 
ဉာဏ်ပညာရှိတယ် အလင်းရှိတယ် 
ခွင့်လွှတ်ခြင်းရှိတယ်
 တားဆီးလို့မရဘူး ပိတ်ပင်လို့မရဘူး
 ချည်နှောင်လို့မရဘူး 
သူ့မူ သူ့ဟန်အတိုင်း တစ်လှမ်းချင်း... 
ဘယ်တော့မှ နောက်ပြန်မစီးဆင်းမဲ့ 
သူမဟာ သဘာဝရဲ့ စမ်းရေကြည်... 
သဘာဝရဲ့ စမ်းရေကြည်..... ။ ။ 
+ချစ်ကြည်အေး+
Read More...
Tuesday, November 10, 2015
"မျှော်လင့်ချက်တို့ အိမ်အပြန်"
ကောင်းကင်ပေါ်က
 အဖြူရောင်တွေ သွန်ချလိုက်သလိုမျိုး
 ဖြူလွလင်းလက်လို့
တွဲလက်များအားလုံး
 အပျော်တွေ ချိုးကြ၊ သောက်ကြ။ ။
ဇက်ခွံပြီးသား မြင်းတစ်ကောင်
 လေကိုခွဲ ဒုန်းပြေးသလိုမျိုး
 မြားအစင်းစင်းလို ကောင်းသတင်းတွေ
 ရင်ဘတ်ထဲ ထိုးစိုက်ကြ၊ တိုးဝင်ကြ။ ။
အချိန်အခါမဟုတ်မိုးတွေ
 မျက်ဝန်းမှာ သည်းသည်းလှူပ်...
ခွပ်ဒေါင်းတွေ ခဲခဲအုပ်အုပ်
သုတ်ကနဲ အိမ်အပြန်..
. ငြိမ်းချမ်းရေး ချိုးကူသံတွေထဲ....
 မျှော်လင့်ချက်တွေ အဆုပ်လိုက် ပွင့်ဝေ.....။ ။
 +ချစ်ကြည်အေး+
Read More...
Monday, November 9, 2015
=ဖယောင်းတိုင်အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ=
တစ်ရက်လည်း မလာ
 နှစ်ရက်လည်း မလာ
 လာချင်မှလည်း လာ
မလာချင်ရင်လည်း မလာ
 ခု ပြန်လာမယ်
ခဏနေ ပြန်လာမယ်
 တော်ကြာပြန်လာမယ်
 လာချင်မှလည်း လာ တော့ မယ်
 တစ်နေ့ ၆နာရီလာမယ် 
တစ်နေ့ ၁၂နာရီလာမယ် 
တစ်နေ့ ၂၄နာရီလာမယ် 
တစ်နေ့ ၄၈နာရီလာမယ် 
ပိုနေတာတွေလည်း ပြန်ရောင်း 
လိုနေတာတွေလည်း ပြန်ဝယ်
 ရောင်းတယ် ၀ယ်တယ် 
 ရောင်းတယ် ၀ယ်တယ် ၀ယ်တယ် ရောင်းတယ်
အားလုံး အဆင်ပြေစေရမယ် 
ဒီနေ့လည်း မလာ 
မနက်ဖြန်လည်း မလာ
 ရက်ရာဇာလည်း မလာ
 ပြဿသဒါးလည်း မလာ 
ခုလည်း မလာ 
ခဏနေလည်း မလာ
 တော်ကြာနေလည်း မလာ
 လာချင်မှလည်း လာ တော့ မယ် 
စက်ရပ်သတင်း "ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်
 " ဟုတ်ကဲ့ ဟုတ်ကဲ့ (((( ဖူး ))))
 ဖယောင်းတိုင် မီးမှုတ်သံ.
...။ ......................................... 
+ချစ်ကြည်အေး+
Read More...
Tuesday, September 1, 2015
===ပုတ်သင်ညိုများအတွက် တောအုပ်==
ချောင်းဆိုးပျောက်ဆေးနဲ့ သကြားလုံးကို
အတူတူထားမိသလိုမျိုး
ဘ၀မှာ ခဏခဏ ဆေးစားမှားတယ်
 ဖြစ်လာတာတွေဟာ ပိုဆိုးဖို့လား
ပျက်ခဲ့တာတွေက ပိုကောင်းဖို့လား
 သေချာတာက လက်မြှောက်အရှုံးပေးတတ်တဲ့စာရင်းထဲမှာ
 ငါ့နာမည် မပါဘူး ။
ပုတ်သင်ညိုလို အရောင်မပြောင်းတတ်သရွေ့
 ခေါင်းညိတ်ရခြင်းကို ဘ၀'လို့ထင်နေတတ်တဲ့
 သတ္တ၀ါ တွေထဲမှာ ငါ မပါ ဘူုး ။
 ဒီအရပ်ဒေသမှာ .. ဒီမျိုးစေ့က မဖြစ်ထွန်းဘူး ပြောကြရုံနဲ့
ငါက .. မစိုက်ပျိုးရတော့ဘူး လား ။
ခရီးသွားဟန်လွဲ ဗဟုသုတအဖြစ်တောင်
 သင်တို့ စိတ်မ၀င်စားတဲ့ တောအုပ်တစ်ခုလုံးကို
 ဟော့ဟိုတောင်ကုန်းပေါ်မှာ ငါ ပျိုးပေးခဲ့မယ် ..။
 ခေါင်းညိတ်တတ်သော ပုတ်သင်ညိုများအား
 ငါ .. အငြိုးထားမည်မဟုတ် ... ။ ။
 ======
 ခေါင်းညိတ်ရခြင်းကို ဘ၀-ထင်နေတတ်သူများအတွက် ရည်ညွှန်းပါသည် ။ .
 +မိုဃ်းဝေ+
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)