မြန်မာ နိုင်ငံသားများသည်။ထိုင်းနိုင်ငံတွင်တရားမဝင်အလုပ် လာလုပ်ကြရပါသည်။
(နိုင်ငံခေါင်းဆောင်မကောင်းလို့)တရားမဝင် လာကြတယ်ဆိုတော့ ထိုင်းရဲတွေဖမ်းတာ သဘဝ
ကျပါတယ်။(တရားဝင် သမားတွေကိုတော့ တရားဝင် ဖမ်းပါတယ်)ထိုင်းနိုင်ငံအတွင်း ထိုင်းရဲတွေ
အနည်းမီူးစုံနဲဖမ်းတာ ကိုယ်တွေ့၊စာတွေ့၊တစ်ယောက်ပြောစကားတစ်ယောက်ကြားပါ။ထိုင်းရဲ တွေဖမ်းဆီးတာကတော့နယ်မြေလိုက်ကွာခြားပါတယ်။ထိုင်းရဲတွေဖမ်းဆီးပုံကတော့ အခန်းတွင်းဆေးခြေက်
တွေတယ်လို့ဖမ်းတယ်၊ဖုန်းနံပါတ်မှတ်ထားတဲ့စာနုပ်တွေရင် လူပွဲစားဟူ၍ဖမ်းတယ်၊ချဲထိထွက်တဲ့ရက်ဆိုရင်
သုံးလုံးထိလက်မှတ်တွေတယ်ဆိုပြီး ဖမ်အနည်းမီူးစုံပေါ့။ထိုင်းနိုင်ငံတောင်းပိုင်း ဖူကစ်မြို့ ထိုင်းရဲတွေက
တော့နည်းတမီူးဗျကိုယ်တွေ့ပါ။ကျွန်တော် ဖူကစ်မြို့ စူပါချိပ် ကုမ္ပဏီမှာတုန်းကတွေ့ကြုံလေးပါ။၂၀၀၉ ခုနှစ်
တုန်းကလူသစ်တွေကိုဘတ်မလုပ်ပေးသေးဘူးလူဟောင်းမှာတော့ဘတ်ရှိကြတယ်။ကျွန်တော်ညီမ
(ဝေလင်း)လင်မယားမှာ ဘတ်ကိုယ်စီရှိကြတယ်။ဝေလင်း ရဲသမီးလေး ကျွန်တော်ရဲ့တူမလေး ၆ လသမီး
လေးအရွယ်မှာတော့ ဘတ်မရှိဘူးပေါ.။ကျွန်တော် ညီးမလေး(ဝေလင်း)က ဘတ်ရှိရဲသားနဲ့ ရှောင်းပုန်းပြေး
နေတယ်။ကျွန်တော်က နင့်မှာဘတ်ရှိလျှက်သားနဲ့ ဘာဖြစ်လို ခလေးချီပြီး ရှောင်ပုန်းပြေး နေတာလဲမေး
တော့ သမီးလေးမှာ ဘတ်မရှိလို့ဆိုပြီးပြောတယ်။ကျွန်တော်က ခလေး က ၆ လရွယ်ဘဲရှိသေးတယ် မဖမ်း
ပါဘူးဆိုပြောတော့။တခြားနေရာ(ပူကစ်)မှာ ခလေး ကိုဘတ်မရှိဘူလို့ဆိုပြီး ထိုင်းရဲဖမ်းသွားတယ်တဲ့။
နောက်ခလေးကိုပြန်ရွှေးရတာပေါ့။ထိုင်းရဲတွေရဲ့အနည်းမီူးစုံထဲကတစ်မီူးပါ။မြန်မာနိုင်ငံသားများအပေါင်းတို့
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ဆုတောင်းကြပါစို့။ကိုယ်လဲကျန်းမာဖို့လိုသည်။
ပေးပိုသူ- ဟန်ဝင်း မှတ်ပုံတင်အမှတ် ၆/လ လ န(နိုင်)၀၆၉၁၉၆
ယာယီနိုင်ငံကူး လက်မှတ် kt ၀၃၃၀၄၄ ထုပ်ပေးသည့် ရက်စွဲ ၁၈-၆-၂၀၁၀
Monday, April 16, 2012
ထိုင်းနိုင်ငံအတွင်း ထိုင်းရဲတွေ
Thursday, April 12, 2012
**အငှားကျွန်လုပ်ငန်း တိုးချဲ့မည့်သတင်းနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတသို့ မေတ္တာရပ်ခံခြင်း**

(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..
လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..
မြန်မာနိုင်ငံသည် ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးလျက်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ တိုင်းတပါးသို့ အိမ်ဖော်တင်ပို့သည့်လုပ်ငန်းသည် တိုးတက်လာမည့် နိုင်ငံတော်သစ်အတွက် မည်ကဲ့သို့ အထောက်အကူဖြစ်နိုင်ပါသနည်း။ နိုင်ငံရပ်ခြားသို့ အိမ်ဖော်စေလွှတ်ခြင်းအားဖြင့် ရနိုင်မည့် အတတ်ပညာမှာ လူတဦး (သို့) မိသားစုတစု၏ အောက်ခြေသိမ်း ဝေယျာဝစ္စများဖြစ်သော အိမ်တွင်းဗာဟီရကိစ္စများ ပြုလုပ်ပေးရခြင်း၊ အတွင်းခံအ၀တ်အစားများမှအစ ခြေအိတ်အဆုံး လျှော်ဖွတ်ပေးရခြင်း၊ ချက်ပြုတ်ကျွေးမွေးရခြင်း၊ ကလေးထိန်းပေးရခြင်း စသည့်တို့သာ ဖြစ်ပါသည်။ အိမ်ဖော်အဖြစ် တင်ပို့ခံရမည့် အမျိုးသမီးတဦး၏ ကုန်လွန်ရမည့် အချိန်ကာလအတွင်း နိုင်ငံတော်မှ လူသားရင်းမြစ် ဆုံးရှုံးရသည့်အတွက် ပြန်လည်ရရှိလာမည့် အတတ်ပညာမှာ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူမဖြစ်နိုင်ဟု ထင်မြင်မိပါသည်။ ထိုအမျိုးသမီးငယ်များသည် အိမ်ဖော်လုပ်ငန်းသို့ တင်ပို့ခံရမည့်အစား ၄င်းတို့ထဲမှ အစွမ်းအစရှိသူများ ထိုကာလအတွင်း တဦးတယောက်မျှ ပေါ်ထွက်လာခဲ့ပါက တိုင်းပြည်အတွက် လွန်စွာတန်ဖိုးရှိလှပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားဝင်ငွေရနိုင်သည်ဆိုသော အကျိုးအမြတ်တခုတည်းနှင့် နိုင်ငံ၏ အဖိုးတန်လှစွာသော လူသားရင်းမြစ်များ အချိန်ကာလတခုအထိ ဆုံးရှုံးရမည်ကို ထည့်သွင်းစဉ်းစားပေးပါရန် ပဏာမ မေတ္တာရပ်ခံလိုပါသည်ခင်ဗျား….။
သမ္မတကြီးခင်ဗျား…………..
သမ္မတကြီးတို့၏ လက်ရှိအစိုးရ မအုပ်ခင်အချိန် ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းပြည်မှ လူသားရင်းမြစ်များစွာတို့သည် မိမိနိုင်ငံတွင် ၀မ်းစာဖူလုံအောင် ရှာဖွေမရနိုင်သည့်အတွက် တပြည်ရပ်ခြားတွင် အငှားကျွန်အဖြစ် လာရောက်လုပ်ကိုင်နေကြသည်မှာ ယခုအချိန်ထိပင် ရှိနေပါသေးသည်။ လက်ရှိ မလေးရှားနိုင်ငံတွင်လည်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ ထိုကဲ့သို့ မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေစဉ်ကာလအတွင်း ဘာသာစကားမကျင်လည်မှု၊ ပွဲစားများမှလိမ်လည်မှု၊ သူဌေးမှမတရားခိုင်းစေမှု၊ လုပ်ခလစာမရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မတရားသဖြင့်ပြန်ပို့ခံရမှု၊ တရားဝင်ပတ်စပို့ အလုပ်လုပ်ခွင့်ပါမစ်များနှင့် နေထိုင်နေသော်လည်း အဖမ်းခံရမှု၊ စသည့်ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြဿနာဖြစ်လာပါကလည်း ယခင်စစ်အစိုးရလက်ထက် မြန်မာသံရုံးများမှ မိမိလူမျိုးများအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့သည်မှာလည်း ယနေ့အချိန်ထိပင် ဖြစ်နေပါသေးသည်။ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာလူမျိုးများမှ နိုင်ငံတကာရှိ မြန်မာသံရုံးများကို အခွန်ရုံးဟုပင် တင်စားခေါ်ဝေါ်ရလောက်အောင် မြန်မာသံရုံးမှ အခွန်ကောက်သည့်အလုပ်တခုတည်းကိုသာ လုပ်ဆောင်ခဲ့ပါသည်။
သမ္မတကြီးဦးဆောင်သော လက်ရှိအစိုးရအနေနှင့် ပြည်သူများ၏အကျိုးကိုလိုလားပြီး တိုင်းပြည်တိုးတက်ကောင်းစားဖို့ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါလျှင် အိမ်ဖော်တင်ပို့မည့်လုပ်ငန်းကို ဦးစားပေးမစဉ်းစားဘဲ မိမိတိုင်းပြည်နှင့်ခွဲခွာ၍ တိုင်းတပါးတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခများ၊ ပြဿနာများကို ပထမဦးစားပေးအဆင့်အနေနှင့် မြန်မာသံရုံးများမှတဆင့် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီဖြေရှင်းပေးစေလိုပါသည်ခင်ဗျား…….။
ထပ်မံ၍လည်း တိုင်းတပါးတွင် သွားရောက်အလုပ်လုပ်ကြရန် မတိုက်တွန်းစေလိုဘဲ လက်ရှိ တိုင်းတပါးတွင် အငှားကျွန်အဖြစ် အလုပ်လုပ်နေကြရသည့် မြန်မာလူမျိုးများကိုသာ အနှေးနှင့်အမြန် ပြန်လည်ခေါ်ယူနိုင်ရန် စွမ်းဆောင်ပေးစေလိုပါသည်ခင်ဗျား…..။
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား……….
မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်အဖြစ်တင်ပို့ရာတွင် ဖြစ်လာနိုင်မည့် အကြီးမားဆုံးပြဿနာမှာ ဘာသာစကားအခက်အခဲပင် ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မလေးရှားဘာသာစကားနှင့် အကျွမ်းတ၀င် မရှိပါ။ မြန်မာအမျိုးသမီးသည် အင်္ဂလိပ်ဘာသာစကား အထိုက်အလျောက် ပြောနိုင်ပါသည် ဆိုစေကာမူ မလေးရှားလူမျိုးအများစုသည် အင်္ဂလိပ်ဘာသာစကားကို လိပ်ပတ်လည်အောင် ပြောနိုင်ခြင်းမရှိပါ။ မလေးရှားတွင် အင်္ဂလိပ်စကားကို အသုံးပြုပြောဆို၍ ရနိုင်မည့်နေရာများမှာ ရုံးများ၊ လူစည်ကားရာနေရာများ၊ စီးပွားရေးအချက်အချာကျရာနေရာများ စသည့်အနည်းငယ်သာ ရှိပါသည်။ သို့သော် အိမ်ဖော်ဆိုသည်မှာ ထိုကဲ့သို့သော နေရာများတွင် အလုပ်လုပ်ရမည် မဟုတ်ပါ။ အိမ်ဖော်ဆိုသည်မှာ အလုပ်ရှင်နှင့် နှစ်ဦးတည်းသာ ဆက်ဆံရမည် ဖြစ်ပါသည်။ ကြားမှကူညီပြောပေးရန်၊ ဘာသာပြန်ပြရန် တခြားသူမရှိပါ။ ပြဿနာတစုံတရာ ပေါ်ပေါက်ပါက နစ်နာရမည့်သူ၊ ခံရမည့်သူမှာ အိမ်ဖော်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာစကားအခက်အခဲကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား………။
ပြီးခဲ့သည့်နှစ်များအတွင်းက ကမ္ဘောဒီယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရများသည် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို ရပ်တန့်လိုက်ကြောင်း သတင်းများကိုလည်း သမ္မတကြီးတို့ ကြားသိပြီးဖြစ်ကြောင်း ယုံကြည်မိပါသည်။ အင်ဒိုနီးရှားဘာသာစကားသည် မလေးဘာသာစကားနှင့် လွန်စွာတူညီပါသည်။ မလေးရှားနိုင်ငံသို့ စရောက်စအင်ဒိုနီးရှားနိုင်ငံသားတိုင်းသည် မလေးဘာသာစကားကို ကျင်လည်စွာ ပြောဆိုနိုင်ကြပါသည်။ ထို့ကဲ့သို့သော အင်ဒိုနီရှားနိုင်ငံမျိုးကပင်လျှင် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို မည်ကဲ့သို့သော အကြောင်းရင်းများကြောင့် ရပ်တန့်ပစ်ခဲ့ရသည်ကို နိုင်ငံတော် သမ္မတကြီးတို့မှ ပညာရှိပီသစွာ မိမိနိုင်ငံသားတို့၏ အကျိုးကိုလိုလားစွာ သုံးသပ်ဆန်းစစ်စေလိုပါသည်ခင်ဗျား…….။
မလေးရှားအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေများကို ၁၉၅၅-ခုနှစ် မလေးရှားအက်ဥပဒေအတွင်း ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိပါ။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံသားအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်ရှိကြောင်း သိရှိရပါသည်။ မလေးရှားအလုပ်ရှင်သူဌေးများသည် ရွေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားများနည်းတူ အကျိုးခံစားခွင့်ပေးရန် မဆိုထားဘိ၊ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို အရင်းရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက်ရှိကြသောကြောင့် အထက်ဖော်ပြပါ အလုပ်ရှင် အလုပ်သမားပြဿနာများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိပါသည်။ မလေးရှားအစိုးရအနေနှင့်လည်း အလုပ်လုပ်ခွင့်ပါမစ်ကြေးကိုသာ နှစ်စဉ်မပြတ်တောင်းယူလျက်ရှိပြီး ထိုထိုသော ပြဿနာများကို လျစ်လျူထားကြသည်။ ရွေ့ပြောင်းအလုပ်သမားများမှ မခံနိုင်၍ နီးစပ်ရာ NGOs များမှတဆင့် အစိုးရဌာနများသို့ တိုင်တန်းသောအခါတွင်လည်း နိုင်ငံသားအလုပ်ရှင်သူဌေးများဘက်မှသာ ဘက်လိုက်ဆုံးဖြတ်ပေးလေ့ရှိပြီး အလုပ်သမားများမှာ နစ်နာကြစမြဲသာ ဖြစ်သည်။ သို့ဖြစ်၍ ယခု မလေးရှားသို့ အိမ်ဖော်တင်ပို့ရေးလုပ်ငန်းတွင်လည်း အမျိုးသမီးငယ်များ၏ ဘ၀လုံခြုံမှုနှင့် အထွေထွေပြဿနာများအတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ တာဝန်ယူနိုင်မှုအပေါ် သမ္မတကြီးတို့မှ အလေးထားစဉ်းစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား…………။
လေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား….
နိဂုံးချုပ်အနေဖြင့် မေတ္တာရပ်ခံပြောကြားလိုသည်မှာ ကိုယ်ချင်းစာတရားနှင့် ပတ်သက်ပါသည်ခင်ဗျား……။ သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ အသက်အရွယ်သည် သမီးများ၊ မြေးမကလေးများနှင့် ပျော်ရွှင်ချမ်းသာစွာ နေနေကြသည့်အရွယ်များ ဖြစ်ပါသည်။ ထိုကဲ့သို့ ပျော်ရွှင်စွာနေနေကြမည့် သမီးများ၊ မြေးမကလေးများအား မိမိတို့ရင်ခွင်တွင်းမှနေ၍ တခြားနေရာဒေသသို့ အငှားကျွန်အဖြစ် အပို့ခံရမည်ဆိုပါလျှင် နာကျင်ကြေကွဲရမည်ဖြစ်သော သမ္မတကြီးတို့၏ ခံစားချက်များကို စဉ်းစားတွေးတောပြီး မိမိနိုင်ငံတွင်းမှ အမျိုးကောင်းသမီးငယ်များကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ်စေလွှတ်ရန် စီစဉ်နေမှုများကို ရပ်တန့်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား……………..။
**မောင်ပါလ**
(ပြည်ပရောက် မြန်မာလူမျိုးတဦး)
၁၂.၄.၂၀၁၂
--
Posted By မောင်ပါလ
Thursday, March 15, 2012
DSTA ပြင်ဦးလွင်မှရုရှားပြန်ယုတ်မာရက်စက်သည့် ကြည်း၄၃၂၉၆ ဗိုလ်ကြီးရန်မျိုးနောင်အကြောင်း၊
(စစ်ဗိုလ်ဆိုအထင်ကြီးစရာမလိုမြန်မာမိန်းက
လေးများသိရှိစေရရန်ရည်ရွယ်ပါသည်။)
သို့
ကျောင်းအုပ်ကြီး
တနတ -DSTA
ပြင်ဦးလွင်မြို့ ။ ။
ပြင်ဦးလွင်DSTAကျောင်းတော်ကြီးတွင်တာဝန်ထမ်းဆောင်နေသော
ITဌာနမှလက်ထောက်ကထိက..ကြည်း၄၃၂၉၆ ဗိုလ်ကြီးရန်မျိုးနောင်နှင့်ကျမ
မအိရွှေစင်တို့သည်၁၆.၁၁.၂၀၁၁ခုနှစ်တွင်ပြင်ဦးလွင်တရားရုံးတွင်လက်မှတ်ရေးထိုးပြီး
ကျောက်မီးကျေးရွာတွင်မင်္ဂလာဆောင်ခဲ့ပါသည်။ကျမတို့ဧ။်မင်္ဂလာပွဲမှရရှိသောလက်ဖွဲ့ငွေအားလုံးနှင့်လက်ဖွဲ့များ
အားလုံးကိုသူဧ။်မိဘများမှသိမ်းစည်းခဲ့ပြီးလက်ဖွဲ့
ထုပ်၁၇ထုပ်သာပေးခဲ့ပါသည်။။ထိုပေးလိုက်သောလက်ဖွဲ့ထုပ်၁၇ထုပ်မှာတန်ဘိုးမရှိသော.ကော်ပလားစတစ်
ပန်းကန်များသာဖြစ်ပါသည်။မင်္ဂဆောင်စဉ်သတို့သားခင်ပွန်းဖြစ်သူဝတ်ဆင်သည့်စစ်ယူနီဖေါင်းမှာ၁သိန်းခန့်နှင်
့ရွှေကြယ်သီး-အပွင့်စသည်တို့ကိုလည်းကျမမိဘပေးသောငွေဖြင့်သာအသုံးပြုခဲ့ပါသည်။
ထို့နောက်မင်္ဂဆောင်ပြီးသောအခါတွင်ယောင်္ကျားဖြစ်သူမှသူ့မိဘများတွင်အကြွေးတင်ရှီသွားပါသဖြင့်သူ့အား
မိဘများကအကြွေးဆပ်ရန်တောင်းဆိုလာပါဖြင့်ကျမ၏လက်ဝတ်လက်စား-ကျမမိဘဆီမှပါလာသောလက်ဝတ်ရတနာများကိုရောင်းပေးရမည်ဟုကျမအားတောင်းဆိုလာပါသည်။
ကျမကမိဘဆီမှယူလာသောလက်ဝတ်ရတနာများအားမရောင်းပေးနိုင်ယသူတို့အကြွေးတင်နေသည်
ဆိုသောငွေအားလည်းမဆပ်ပေးနိုင်မင်္ဂလာဆောင်မှရသောငွေအားလုံးကိုသူတို့မှသိမ်းယူထားသောကြောင်
့ဆပ်ပေးရန်မလိုကြောင်းပြောရာမင်္ဂလာဆောင် ပြီးနောက်နေ့တွင်ကျမအားသူ့မိဘဘဲရွေးချယ်
တော့မည်။
ကျမအားဆက်မပေါင်းနိုင်တော့ပါဟုသူဘက်မှစပြီးပြောဆိုလာပါသည်။
ဒါဆိုကျမလည်းတော်တော်လေးစိတ်ဆင်းရဲစိတ်ထိခိုက်လာပြီးယောင်္ကျားတစ်ယောက်မှမပေါင်းချင်ဘူးဟုပြော
လာမှတော့ကျမ၏မာနကိုထိခိုက်စော်ကားလာတာဖြစ်လို့သူ့အားမပေါင်းရန်ဆုံးဖြတ်လိုက်ပြီးဒါဆိုကွဲမယ်..
အခုစောစောလမ်းခွဲလိုက်ကြတာအကောင်းဆုံးလို့နှစ်ဦးသဘောတူဆုံးဖြတ်လိုက်ပြီးသူမှနေပြီးကျမအားပြင်ဦး
လွင်တရားရုံးသို့ခေါ်ဆောင်လာခဲ့ပြီးနှစ်ဦးသဘောတူကွာရှင်းခွင့်ပေးပါရန်ကျမတို့လက်ထပ်စာချုပ်အားပြသော
အခါတွင်တာဝန်ရှိသောရှေ့နေနှင့်တရားသူကြီးမှယောင်္ကျား
ဖြစ်သူမှာတပ်မတော်အရာရှိတစ်ယောက်ဖြစ်
ပါသောကြောင့်သူ့အထက်ဌာနမှူးထောက်ခံ
ချက်ပါမှသာကွာရှင်းလို့ရမှာဖြစ်ကြောင်းပြော
လိုက်မှသာကျမတို့နှစ်ဦးကွာရှင်းခွင့်မရဘဲ
ဆက်လက်ပေါင်းသင်းခဲ့ရပါသည်။ထိုသို့ဆက်လက်ပေါင်းသင်းရာတွင်လည်းကျမအား
စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေမည့်စကားလုံး
များဖြင့်ထိုးနှက်ပြောဆိုခဲ့ပါသည်။ကျမအားသူ့အားကပ်ပါးကောင်လိုလိုက်ကပ်မနေနဲ့-ကွာရှင်းလို့မရလို့ပေါင်းသင်းနေ
တာနင့်ဆီမှာစိတ်မရှိဘူး-သူလည်းနောက်မယားငယ်ထားချင်လည်းထားမည်ဟုကျမအားခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
ထိုနောက်ပိုင်းတွင်ကျမအားမယားတစ်ယောက်ပိုင်ဆိုင်ခွင့်ဖြစ်သောသူလစာ့ချက်စာအုပ်အား
ပေးအပ်ခြင်းမရှိခဲ့ပါ။ကျမ၏မိဘများထံမှတစ်လနှစ်သိန်းသုံးသိန်းတောင်းယူသုံးစွဲခဲ့ရပါသည်။မိဘများသည်
ရန်ကုန်မှပြင်ဦးလွင်သို့ငွေလွှဲရာ
တွင်သူ၏ကြည်းနံပတ်၊သူ၏နာမည်ဖြင့်သာအမြဲပို့ပေးနေပါသည်။ထို့ကြောင့်သူသာလျှင်အသိဆုံးဖြစ်ပါသည်။
ကြာလာသောအခါကျမမှ
ချက်စာအုပ်အပ်ရန်-သူ့မိဘဆီမှတောင်းပေးရန်အကြိမ်ကြိမ်စကား
များရန်ဖြစ်ပြီးမှတောင်းဆိုရပါသည်။
ထိုအခါသူမှချက်စာအုပ်ယူရန်သူကိုယ်တိုင်ရွာသွားမှဖြစ်မည်။သူ့ရွာတွင်ညအိပ်သွားပြီးမှယူရ
မည်ဖြစ်ကြောင်းပြောဆိုကာကျမအားလူပျိုအ
ရာရှိများနေသောကျောက်မြောင်းဆောင်
(မင်္ဂဆောင်ပြီးနောက်ပိုင်းတွင်ကျမတို့မှာအိမ်
ထောင်သည်လိုင်းခန်းမရရှိသေးသဖြင့်လူပျို
ကျောက်မြောင်းဆောင်သူ၏အခန်း)တွင်ယာယီနေထိုင်ခဲ့ရပါသည်။ထိုလူပျိုအရာရှိ
များနေသောကျောက်မြောင်းဆောင်တွင်
ကျမအားသူနှင့်တစ်ပတ်စဉ်အရာရှိလူပျိုသုံးယောက်-ထိုသူတို့မှာယခုစာပေဌာနတွင်တာဝန်ထမ်း
ဆောင်နေသောဗိုလ်ကြီးဇော်လွှမ်းအောင်၊ယခုအင်္ဂလိပ်စာဌာနတွင်တာဝန်ထမ်းဆောင်နေသောဗိုလ်ကြီး
ကံမြင့်နှင့်ဗိုလ်ကြီးဇော်လင်းပိုင်-ထိုအရာရှိသုံးယောက်နှင့်ကျမအားညအိပ်စောင့်ထားခဲ့ပြီးသူရွာသို့တစ်ညပြန်အိပ်ပြီးနောက်တစ်နေ့နေ့လည်၁၂
နာရီကျော်မှချက်စာအုပ်အားယူပီးပြန်လည်ရောက်ရှိလာခဲ့ပါသည်။သို့ရာတွင်သူ့ရွာနှင့်ပြင်ဦးလွင်သည်
ဆိုင်ကယ်နှင့်သွားလျှင်တစ်နာရီကျော်မျှသာ
ကြာမြင့်သောခရီးတစ်ခုအားပြန်မလာဘဲကျမ
အားလူပျိုအရာရှိများနှင့်ရက်ရက်စက်စက်ထားရစ်ခဲ့ပါသည်။ထိုလူပျိုအရာရှိများမှာလည်းကျမအားညီမလေး
တစ်ယောက်လိုသဘောထားပြီးစောင့်ရှောက်ပေးခဲ့ပါသည်။ကျမအားစိတ်မညစ်နဲ့ဆိုပြီးညနေပိုင်းသူရွာပြန်ပြီး
နောက်ပိုင်းတွင်ဘုရားကြီးသို့လိုက်ပို့ခဲ့ပါသည်။အမှတ်တရဓါတ်ပုံများလည်းရိုက်ပေးခဲ့ပါသည်။ဘုရားမှပြန်လျှင်
ဆိုင်တစ်ဆိုင်တွင်
ညစာအတူဝင်စားကြပြီးအဆောင်သို့ပြန်လာခဲ့ပါသည်။ကျမ၏အခန်းတွင်ညလုံးပေါက်စကား
တွေပြောပြီးကျမအားစောင့်ပေးခဲ့ပါသည်။မနက်သုံးနာရီကျော်တွင်ကျမမှအရမ်းအိပ်ချင်ပြီဖြစ်
ကြောင်းပြောပြီးမှသူတို့အား
ပြန်ခိုင်းလိုက်ပါသည်။ဗိုလ်ကြီးကံမြင့်မှာလည်းကျမတို့၏အခန်းဘေးတွင်နေထိုင်သူဖြစ်သော
ကြောင့်ကျမတို့ဇါတ်လမ်းအားလုံးအားအထူးသဖြင့်မြင်တွေ့ကြားနေရပါသည်။
ကျမအားချက်စာအုပ်ပေးအပ်ပြီးနောက်ပိုင်းတွင်လည်းကျမအားသူ့အားကပ်ပါးကောင်လိုတွယ်မနေနဲ့ငါကနင့်
အပေါ်မှာဘာစိတ်မှမရှိတော့ဘူးဟုကျမအားမခံမရပ်နိုင်စေသောစကားလုံးများဖြင့်ပြောဆိုခြိမ်းခြောက်ရာကျမ
မှာအရမ်းဒေါသထွက်သဖြင့်လေ့ကျင့်ရေးမှတပ်ရင်းမှူး
ဗိုလ်မှူးကြီးမြင့်နိုင်နှင့်ဇနီးဒေါ်နီလာအား
သွားရောက်တိုင်ကြားခဲ့ပါသည်။ထိုစဉ်သူမှာစာပေဌာနမှလေ့ကျင့်ရေးသို့ခဏတာဝန်ထမ်း
ဆောင်နေရသူဖြစ်သောကြောင့်တပ်ရင်းမှူး
ဗိုလ်မှူးကြီးမြင့်နိုင်နှင့်ဇနီးဒေါ်နီလာအားသွား
ရောက်တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။
ထိုအခါဒေါ်နီလာမှကျမနှင့်သူ့အားဖြစ်စဉ်များအားလုံးမေးပြီးသောအခါသူမှအရာရှိလူပျိုများနှင့်
လူပျိုကျောက်မြောင်းဆောင်တွင်ထားပြီးချက်စာအုပ်ယူရန်ညအိပ်သွားရောက်ခဲ့ကြောင့်ဝန်ခံပြီးဖြစ်ပါသည်။
ထိုအခါတပ်ရင်းမှူးဗိုလ်မှူးကြီးမြင့်နိုင်နှင့်ဒေါ်နီလာမှသူ့အားကိုယ်ယူထားသည့်မိန်းမအားတန်ဘိုးထားရမည်
ဖြစ်ပြီးအရာရှိချက်စာအုပ်မှာမိန်းမရသွားရင်ယူထားသည့်မိန်းမနှင့်သာဆိုင်ကြောင်းသူ့အားဆိုဆုံးမပြီးဖြစ်ပါ
သည်။သူမှလည်းနောက်အခါဒိလိုမလုပ်တော့ပါဘူးဟုကတိပေးပြီးဖြစ်ပါသည်။
ထိုနောက်ပိုင်းတွင်သူနှင့်ကျမအိမ်ထောင်ရေးမှာအဆင်ပြေသလိုလိုရှိပေမယ့်သူ့တွင်ရောဂါတစ်ခုရရှိခဲ့ပါသည်။
ထိုရော၈ါမှာသူ၏မိဘများထံသို့စနေတနင်္ဂနွေနေ့များတွင်အပတ်တိုင်းဆင်းချင်သည့်ရောဂါပင်ဖြစ်ပါသည်။
သူ့ရွာသို့တစ်ခါဆင်းလျှင်ဆိုင်ကယ်အားအင်ဂျင်အသစ်လဲရခြင်း-လိုအပ်သောဆိုင်ကယ်ဆီနှင့်သူ့မိဘများ၊တူ-တူမများအတွက်မုန့်ပဲသရေစာများဝယ်ပေးရခြင်းဖြင့်တစ်ပတ်ဆင်းလျှင်၅သောင်းကျော်၊၆သောင်းနီးပါးကုန်နေ
ရပါသည်။သူရရှိသောလခမှာတစ်လ၁သိန်းခွဲသာဖြစ်ပါသည်။ကျမမှနေပြီးအပတ်တိုင်းဆင်းရင်ပိုက်ဆံ
ကုန်ကြောင်းတစ်လတစ်ခါမှသာဆင်းရန်ပြောသောအခါတွင်သူမှနေပြီးရန်ရှာခြင်းခံရပြီးအမြဲစိတ်ဆင်းရဲခဲ့ရ
ပါသည်။
သို့သော်ကျမသည်မြန်မာမိန်းကလေးဖြစ်သည့်အလျောက်တစ်လင်တစ်မယားစနစ်ကျင့်သုံးချင်ပါသောကြောင့်
သူ၏အလိုလိုက်သူ့အကြိုက်ဆောင်ခဲ့ပြီးလိုက်လျောခဲ့ပါသည်။
သို့ဖြစ်ပါ၍ကျမတို့အိမ်ထောင်ရေးမှာအိမ်ထောင်ဦးစီး၏လခအားမစားရဘဲကျမ၏မိဘထံမှမှာယူကာမိဘပို့သောငွေဖြင့်သာစားသောက်ခဲ့ရပါသည်။ဒီလိုနှင့်သူနှင့်ကျမပေါင်းသင်းဆက်ဆံလာတာ၁နှစ်ကျော်ကာလတွင်ကျမမိဘထောက်ပံ့
ငွေများမှာစုစုပေါင်း၅၅သိန်းကျော်ခန့်ရှိခဲ့ပါ
သည်။အခုကျမတို့အိမ်ထောင်တွင်သုံး
စွဲနေသောလူသုံးကုန်၊စားသောက်ကုန်များမပါရှိသေးပါ။ကျမ၏မိဘပို့သောအချိန်တစ်နှစ်ကျော်ကာလတွင်သူမှလည်းပျော်ပျော်ကြီးမြိန်ရေရှက်ရေစားသောက်ခဲ့ပါသည်။ဒီလိုနဲ့ကျမတို့တွင်
သားလေးတစ်ယောက်ကိုယ်
ဝန်ရှိလာသောအခါတွင်လည်းသူမှနေပြီးက
လေးအားမလိုချင်ဘူးဟုပြောပြီးဖျက်ချခိုင်းပါ
သည်။ကျမမှာလည်း
သူပြောစကားအားဂရုမစိုက်ဘဲမိခင်ပီသစွာ
ရဲရဲကြီးမွေးခဲ့ပါသည်။သူမှနေပြီးကလေးရတာမပျော်ရွှင်ကြောင်း၊
သူများတွေဆိုလျင်ကလေးရရင်ပျော်ရွှင
်ကြောင်း၊သူမှတော့မပျော်ရွှင်ကြောင်းကျမအားသူ့ပါးစပ်ကြီးမှနေပြီး
ထုတ်ဖေါ်ပြောခဲ့ပါသည်။ကျမမှာကိုယ်ဝန်ရှိစအချိန်မှစပြီးကလေးမွေးပြီးတဲ့အချိန်ထိမျက်ရည
်လည်ရွှဲစိတ်ဆင်း
ရဲမျိုးစုံကိုဘယ်သူမှမသိဘဲမျိုသိပ်ခံစားခဲ့ပြီးတစ်လင်တစ်မယားစနစ်ဖြင်လင်ရှိ့မုဆိုးမမဖြစ်ချင
်သောကြောင့်
ဒီလိုဘဲဆက်လက်ပေါင်းသင်းပြီးသားလေးကို
မွေးထုတ်ခဲ့ပါသည်။
ကျမ၏သားလေးကိုရန်ကုန်မြို့ SSCဆေးရုံတွင်မိဘများမှ၁၅သိန်းကျော်ကုန်ခံကာဗိုက်ခွဲမွေးထုတ်ခဲ့ပါသည်။
ကလေးအတွက်လိုအပ်သည့်များဝယ်ပေး၅သန်းကျော်နှင့်ဆိုင်ကယ်တစ်စီး၃သိန်း၊
စုစုပေါင်း၂၃သိန်းကျော်ခန့်မိဘများမှဆိုက်ထုတ်ပေးခဲ့ပါသည်။
သားလေးမမွေးခင်၃လကျော်မှာသူသည်တောင်ငူတွင်ယာယီတပ်ခွဲမှူးသင်တန်းသွားရောက်တက်နေသည့်
ကာလတွင်လည်းကျမသည်သူ့အားရန်ကုန်မှနေပြီးလိုအပ်သည်များစားသုံးကုန်အစသူသုံးရန်ငွေများပို့နေရ
သည်မှာ၅သိန်းကျော်ခန့်ရှိပါသည်။
သူသင်တန်းတက်ပြီး၊ကျမလည်းသားလေးမွေး
ပြီးအချိန်တွင်သူမှနေပြီးသူ့ညီမလေးရန်ကုန်တွင်ကျောင်းဆက်
တက်ရသည့်အတွက်တစ်လ၁သိန်းထောက်ပံ့ရမည်ဟုသူ့အမေမှပြောသည့်အတွက်သူသည်
ပေးချင်ကြောင်းပြောလာသည်မှလင်မယား
စကားများခဲ့ရပါသည်။
ထိုအခါကျမ၏မိဘများမှာသူတို့ဆိုက်ထုတ်
ထားသောငွေ၂၃သိန်းမှသူများဆီမှအတိုးဖြင့်ငွေချေးယူထားတာဖြစ်သောကြောင့်ငွေ၂၃သိန်းမှ
၁၀သိန်းပြန်ပေးရန်သူ့အားပြောပါသည်။ကျန်၁၃သိန်းကတော့သားလေးအားမုန်းဘိုးပေးလိုက်သည်။ပြန်ပေးရန်မလိုကြောင်းပြောပြီးသူ့အားမင်းမိဘတွေဆီတစ်ချက်ရှာခိုင်းလိုက်၊
မင်္ဂလာဆောင်တုန်းကလည်းဘာမှလက်မဖွဲ့တဲ့အပြင်မင်္ဂလာဆောင်ငွေတွေအကုန်သူတို့သိမ်းလို့သူတို့
ကိုတောင်းလို့ကျမမိဘများမှပြောရာသူမှနေ-မပြောဘူး။သူ၏လခချက်စာအုပ်အားပေါင်ပေးမည်ဟုပြောပြီးသူသည်ကျမတို့ချက်စာအုပ်အားသူနဲ့သံတောင်
တွင်သင်တန်းတက်စဉ်ခင်မင်လာခဲ့သည့်ဗိုလ်
ကြီးငြိမ်းအေးကျော်+ဇနီးဒေါ်မျိုးငယ်ငယ်-ယခုကန့်ဘလူတပ်တွင်တာဝန်ထမ်းဆောင်နေသူထံတွင်လခဖပါင်ချင်လိုကြောင်းဖုန်းဆက်ရာဒေါ်မျိုးငယ်ငယ်မှမန်းလေးတွင်နေထိုင်သည့်သူ၏ပွဲစားဟုပြောသောဦးခင်ကျော်+ဒေါ်ယုယုတို့အိမ်တွင်ချက်စာအုပ်အားသွားပေးပြီးငွေ၁၀
သိန်းယူဖုန်းဖြင့်ပြောရာကျမတို့လင်မယားနှစ်ယောက်သွားရောက်ခဲ့ပါသည်။
ထိုသို့ချက်စာအုပ်ပေါင်ပြီးနောက်ပိုင်းတွင်စားဝတ်နေရေးအရမ်းခက်ခဲပါသည်။ကျမမိဘများမှာလည်းနောက်ထပ်
မပို့ပေးတော့ပါ။သူ့မိဘများထံတွင်လည်းဘာဆိုဘာမှသူသည်အကူညီမတောင်းခံခဲ့ပါ။
ထို့နောက်သူသည်ကျမအားကျမ၏အရင်ရည်းစားဟောင်းကိုအောင်နေမင်းဆိုသူအားသူမှစဆက်သွယ်ပြီးပိုက်
ဆံတောင်းပါသည်။ကျမအားလည်းပေးအိပ်ပါသည်။ကိုအောင်နေမင်းကိုလည်းအရှက်မရှိစွာဆိုင်တစ်ဆိုင်
သို့ခေါ်ပြီးထမင်းလိုက်ကျွေးခိုင်းပါသည်။ကိုနေမင်းအားပြင်ဦးလွင်ခေါ်ယူပြီးကိုနေမင်းနှင့်ကျမအားအပြင်တွင်
တစ်နေ့တာလုံးတွေ့ဆုံစေခဲ့ပါသည်။ကိုနေမင်းဆီမှမတ်တူးကားတစ်စီးရအောင်တောင်းပါ။ငွေတွေလည်းရ
သလောက်ယူလာပြီးမှပြန်လာပါလို့လည်းပြောခဲ့ပါသည်။ထိုအဖြစ်ပျက်အားကြည့်လျှင်ကျမသည်ကျမယော
င်္ကျားတော်စပ်သူအရာ၇ှိရရှားပြန်ကြီးအားအလွန်မှပင်ရွံရှာလာပါသည်။ရင်နင့်အောင်လည်းခံစားရပါသည်။
လူပျိုဆောင်တွင်အရာရှိလူပျိုများနှင့်ညအိပ်ထားခဲ့ပြီးမသင့်တော်၊တန်ဘိုးမထားစွားလုပ်ခဲ့သော်လည်းကျမမှာ
ပြည်ဖုံးကားချပြီးသူ့အားတစ်လင်တစ်မယားစနစ်ဖြင့်လည်းကောင်း၊သားလေးမှာလောကကြီးတွင်ဖခင်မရှိမှာ
စိုးရိမ်သောကြောင့်သူသည်ကျမအပေါ်တွင်ယောင်္ကျားကောင်းတစ်ယောက်မဖြစ်ခဲ့သော်ငြားကျမသည်အားလုံး
ကိုပြည်ဖုံးကားချပြီးသည်းခံအနစ်နာခံစွာကြိတ်မှိတ်ပေါင်းသင်းခဲ့ပါသည်။
သို့သော်ယခုဒုတိယအချိန်တွင်ကျမ၏မိဘများငွေမပို့ပေးနိုင်သောအချိန်တွင်ကျမအားမကောင်းတဲ့မိန်းမ
တစ်ယောက်လိုဆက်ဆံပြုမူစေပြီးကျမ၏ရည်းစားဟောင်းနှင့်အိပ်ခိုင်းပြီးငွေရှာခိုင်းသော်လည်းကောင်း၊
ကားတောင်းခိုင်းသော်လည်းကောင်းကျမအားဘယ်သူမှမသိသောနှိပ်စက်ညှင်းပန်းမှုဖြင့်ငွေရှာခိုင်းပါသည်။
ကျမအားနင့်ကိုချူစားချင်လို့ယူထားတာ၊ချူစားလို့မရရင်မပေါင်းနိုင်ဘူး-ယောင်္ကျားတစ်ယောက်ကမပေါင်းချင်
ဘူးပြောတာအရှက်မရှိဘူးလားဟုပြောဆိုရန်ဖြစ်သည့်နေ့တွင်ကျမသည်သူ၏သူငယ်ချင်းများဖြစ်သောစာပေ
ဌာနမှဗိုလ်ကြီးဇော်လွှမ်းအောင်၊ဗိုလ်ကြီးကံမြင့်နှင့်ဇနီး၊သူတိုITဌာနမှဗိုလ်ကြီးသော်ထွန်းမြင့်အောင်နှင့်ဇနီးတို့
အားဖုန်းဖြင့်ဆက်ပြီးကျမတို့လိုင်းခန်းသို့ခေါ်ယူပြီးပြသာ
နာအားပြောပြရာဗိုလ်ကြီးဇော်လွှမ်းအောင်မှနေပြီးမိန်းကလေးတစ်ယောက်ကိုအဲလိုနစ်နစ်နာနာမပြောရဘူးလေ
ကွာဟူပြီးပြောဆိုဖြန်ဖြေခဲ့ပါသည်။
သို့ဖြစ်ပါသော်လည်းသူမှနေပြီးအလုပ်ပြန်လာလျှင်တစ်ရက်ညနေ၅နာရီခွဲ
သို့မဟုတ်၆နာရီ၊
နောက်တစ်ရက်၃နာရီ.ပုံမှန်ပြန်လာခြင်းမရှိဘဲကျမနှင့်သားလေးအားဂရုမစိုက်။
ဖခင်တစ်ယောက်ရဲ့အကြင်နာလည်းပေးခြင်းမရှိဘဲသူထင်ရာသူစိုင်းလုပ်ချင်ရာလုပ်-သူပြန်လာချင်တဲ့အချိန်မှပြန်လာပါတယ်။
ကျမမှာဘာလို့အလုပ်နောက်ကျတာလည်းလို့ဆိုပြီးမေးခွန်းမေးပိုင်ခွင့်မရှိ။မေးလျှင်ကျမအားမပေါင်းချင်မပေါင်းနဲ့။ငါကတော့
မယားငယ်ထားချင်လည်းထားမှာဘဲဆိုပြီးအမြဲခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
ပြီးလျှင်သူ့ဦးလေးမှာလည်းတစ်မြို့ဝင်တစ်မြို့ထွက်ပြီးတရားဝင်မိန်းမတွေအများကြီးယူထားတာဖြစ်ကြောင်း၊
သူ့အဖေဆိုလျှင်လည်းမိန်းမနှစ်ယောက်ယူထားတာသူ့၏အမေသည်ဒုတိယမိန်းမဖြစ်ကြောင်း၊သူ့အမေသည်လမ်းဘေးတွင်ထမီချွတ်သွားပြီး၁နှစ်ကျော်ရူးဘူးခဲ့ကြောင်း၊အကြောင်းမှာသူ့အ
ဖေသည်ပထမမယားကြီးနှင့်၁နှစ်ကျော်ပြန်
ပေါင်းပြီးသူတို့မိသားစုအားသူ့အဖေမှ
ပစ်ထားခဲ့လြိ့သူ့အမေရူးခဲ့ပါကြောင်းကျမအား
ပြောဆိုခဲ့ပါသည်။
ကျမသည်သူပြောခဲ့သည်များကိုမယုံကြည်ပါသ
ဖြင့်သူ့၏ရွာတွင်သွားရောက်စုံစမ်းခဲ့ရာတကယ်အားလုံးအမှန်ပင်ဖြစ်နေပါသည်။ထို့ကြောင့်ကျမသည်သူ၏ခြိမ်းခြောက်စကားများကိုပိုကြောက်လာမိပါသည်။
သည်လိုနှင့်သူနှင့်ကျမတွင်ငွေနှင့်ပတ်သတ်ပြီးတစ်စတစ်စအိမ်ထောင်ရေးအဆင်မပြေမှုတိုး
ပွားလာခဲ့ရာမှပြင်ဦးလွင်တန်ဆောင်တိုင်ပြီး
သည့်ကာလတွင်၊ရက်စွဲအတိကျမမှတ်မိတော့
ပါ။ကျမနဲ့စကားများစိတ်ဆိုးပြီးကလေးနဲ့ကျမ
အားထားရစ်ခဲ့ပြီးအိမ်ပေါ်မှ၂ရက်ကြာဆင်းသွားခဲ့ပါသည်။
၂ရက်ကြာသည့်နောက်နေ့တွင်သူ၏မိဘများမှ
ယာယီဌာနမှူး--ယခုရင်းမှူးသင်တန်းတက်နေသူဗိုလ်မှူးဇော်
လင်းအိမ်သို့သွားရောက်ပြီးကျမအားသူ့သားနှင့်ကွာရှင်းပေးပါ။
တပ်ထဲတွင်ဖြစ်သောကြောင့်ကွာမပေးပါက-ခွဲထားပေးပါဟုလာရောက်ပြောဆိုပါကြောင်း
ဗိုလ်မှူးဇော်လင်းမိန်းမမှကျမနှင့်ကျမ၏မိခင်
အားပြန်ပြောပြလို့သိရှိရပါသည်။ထို့နောက်သူတို့မိဘမှဗိုလ်မှူးဇော်လင်းအိမ်မှတဆင့်သူ့ဌာနသို့သွားရောက်ပြီးကျမအားဗိုလ်မှူးဇော်လင်းမ
ှဌာနသို့လာရောက်ရန်ခေါ်ဆိုခဲ့ပါသည်။
ကျမမှသူတို့ဌာနသို့ရောက်ရှိချိန်တွင်ဗိုလ်မှူး
ဇော်လင်းမှကျမအားသူ၏မိဘများရှေ့တွင်
တစ်ဖတ်သတ်ပြောစကားများအားယုံကြည်ပြီး
-နင်ကဆေးစွဲနေတာလား၊ဆေးသမားလားဟု
ပြောကာနင်နဲ့ရန်မျိုးနောင်နဲ့ကိုခွဲထားမယ်။နင်ကကိုယ့်မိဘအိမ်ပြန်နေ၊ရန်မျိုးနောင်အကျီအ
ဝတ်စားတွေကိုအိမ်ပြန်ယူပြီးဒီဌာနကိုလာပို့ပါဟုတစ်ဖတ်သတ်ပြောဆိုဆုံးဖြတ်ခဲ့ပါသည်။ကျမ
မှာယောင်္ကျား၇ှိရက်နဲ့လိုင်းခန်းတွင်သားလေးနှင့်ကြောက်ကြောက်နေခဲ့ရပါသည်။
သားလေးမှာလည်းနေမကောင်းသောကြောင့်ထိုညများတွင်သားလေးဖခင်မရှိ၊လင်ယောင်္ကျားမရှိဘဲ.သားလေးမှာလည်းလေနာပါပြီးတစ်ည
လုံးငိုနေခဲ့ပါသည်။ကျမလည်းဘာမှမလုပ်တတ်မကိုင်တတ်နဲ့များစွာသောကရောက်ခဲ့ရပါတယ်။ထိုညများကိုကျမလုံးဝမမေ့နိုင်ပါ။သူ့တွင်ဖခင်
စိတ်မရှိဘဲရက်ရက်စက်စက်နေနိုင်လွန်းခဲ့ပါ
သည်။
ဗိုလ်မှူးဇော်လင်းမှလည်းတစ်ဖတ်သတ်ပြောစကားများကိုယုံပြီးနှမသားချင်းကိုယ်ချင်းမစာနာစွာ-မယားချင်းကိုယ်ချင်းမစာနာစွာဖြင့်
ထိုသို့လုပ်ခဲ့ပါသည်။
နောက်နေ့တွင်ကျမအမေလိုက်လာပြီးဒီလိုလုပ်တာတော့မတရားဘူးဟုဆိုပြီးဗိုလ်မှူးဇော်လင်းဌာနသွားရောက်ရှင်းခဲ့ပြီးဒုကျောင်းအုပ်ကြီးနှင့်တိုက်ရိုက်သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုမှာမှဒုကျောင်းအုပ်ကြီးမှသူနဲ့ကျမအားပြန်
လည်ပေါင်းစည်းပေးခဲ့ပါသည်။
ယခု-ဒုတိယအကြိမ် ၂၆.၂.၂၀၁၂
မနက်၅နာရီခွဲတွင်ကျမအိပ်ယာထသောအခါ
တွင်သူသည်အိမ်တွင်မရှိတော့ပါ။
ကျမ၏ငွေ၉သောင်းကျော်အားတစ်ပြားမှမချန်ဘဲအကုန်ယူကာကျမအမေ၀ယ်ပေးထားသောဆိုင်ကယ်အားယူသွားပါသည်။သူ၏နိုင်ငံရေးစိ
စစ်ရေးကဒ်ပြား၊ကျောင်းမှဝန်ထမ်းကဒ်ပြား ၂ကဒ်လုံးယူဆောင်သွားခဲ့ပါသည်။
ယနေ့တိုင်ပြန်လာခြင်းမရှိပါ။ကျမသည်သူ၏ဌာနမှူးဒုတိယဗိုလ်မှူးကြီးမျိုးသိမ်းကျော်နှင့်ဌာနမှတာဝန်ရှိသူများအားသွားရောက်ပြောပြခဲ့ပါ သည်။ထို့နောက်ကျမမိဘများရှိရာသို့သား
လေးနှင့်ပြန်လာခဲ့ရပါသည်။
ပြန်လာပြီးနောက်ပိုင်းတွင်သူ၏ဌာနမှူးဒုတိယ
ဗိုလ်မှူးကြီးမျိုးသိမ်းကျော်
-phone-၀၃၃၃၅၆၇၁
Hand Phone- 0939103179
ဗိုလ်ကြီးစိုးမိုးလွင် ၀၉-၄၃၁၁၂၄၉၃
ဗိုလ်ကြီးဇော်လင်းဦး ၀၉၄၉၁၀၂၂၈၁
ဗိုလ်ကြီးရဲနန္ဒထွန်း ၀၉-၄၉၂၁၈၆၁၄
တို့အားဖုန်းဆက်ပြီးသူပြန်လာကြေင်းမေးရာရန်မျိုးနောင်မှာပြန်မလာကြောင်း၊သူနှင့်ပတ်သတ်
ပြီးဗေဒင်ဓါတ်ရိုက်ဓါတ်ဆင်လုပ်နေကြောင်း၊ဘာသတင်းမှမထူးကြောင်းပြောပါသည်။
ယခုအခါကျမမှာချက်လက်မှတ်အပေါင်ခံသူဒေါ်မျိုးငယ်ငယ်အားဖုန်းဆက်မေးရာသူ၏အမမှနေ
ပြီးဒေါ်မျိုးငယ်ငယ်အားခေါ်ယူပြီးသူ၏ချက်စာ
ရွက်များအားပြန်လည်ရွေးယူသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါသည်။
အကယ်လို့သူသာတကယ်တပ်မတော်မှထွက်
ပြေးသွားသောစစ်ပြေးဖြစ်ပါကသူ၏အမသည်သူ၏ချက်စာအုပ်အားပြန်ရွေးစရာအကြောင်းမရှိတော့ပါ။
သူ၏မိဘများမှာလည်းကျမနဲ့သာခွဲထားပေးပါ-ကွဲပေးပါဟုမတရားတစ်ဖတ်သတ်လုပ်ခဲ့သောမိဘများသာဖြစ်ပါသည်။
သူ့သားအားစစ်ပြေးအဖြစ်တော့အရောက်မခံ
ပါံ။ကျမ၏လင်ယောင်္ကျားဖြစ်သူမှာလည်းမိဘ
မောင်ဖွားများအားအင်မတန်မှခင်မင်မြတ်နိုးသ
ူဖြစ်ပါသည်။
သူ၏မိဘထားပေးခဲ့သောပညာဖြင့်စစ်ဗိုလ်ဘ၀ရောက်ခဲ့တာဖြစ်သောကြောင့်တပ်မတော်တွင်
ပြေးထွက်သွားမည့်သူမဟုတ်ဟုကျမတစ်ထစ်ချယုံကြည်ပါသည်။
သူ၏ဌာနတွင်လည်းယခုထိထွက်ပြေးနေသည်ဟုဆိုသောအရာရှိအားအရေးယူခြင်းဘာတစ်ခုမှမပြုပါ။
ဖုန်းဆက်မေးရာတွင်လည်းဌာနသို့ပြန်မလာဘူးဟုဘဲဖြေကြားနေပါသည်။
သို့စေကာမူအထက်ပါအကြောင်းရာတွေကြည့်
ခြင်းအားဖြင့်သူသည်ဌာနတွင်ရှိနေသည်ဟုတစ်ထစ်ကျယုံကြည်ပါသည်။
ကျမသည်မြန်မာမိန်းကလေးတစ်ယောက်မိကောင်းဖခင်သားသမီးတစ်ယောက်ပီပီထိုသို့ယောင်္ကျားတစ်ယောက်
မှကလေးတစ်ယောက်နဲ့ပြန်မလာဘဲပစ်ခွာသွားသူအားဘယ်လိုမှပင်ခွင့်မ
လွှတ်နိုင်တော့ပါ။
လူသားချင်းစာနာချင်းမရှိသူများနှင့်လည်းရှေ့
လျှောက်လက်တွဲသွားရန်စိတ်တွင်မရှိတော့ပါ။
ကျမမှာလည်းကလေးတစ်ယောက်နဲ့ကျန်နေခဲ့
ပြီးများစွာနစ်နာခဲ့ရပါသည်။
ကျမသည်ယခုတွင်စိတ်ဝေဒနာခံစားပြီးကျန်နေခဲ့ရပါသည်။
သူမပေါင်းချင်လျှင်နောက်ဆုံးတရားဝင်ကွာ၇ှင်းခွင့်ရရက်နဲ့ဒီလိုလူမဆန်တဲ့ဇါတ်လမ်းမျိုးနဲ့ကျမ
နှင့်သားလေးအားပစ်ခွာပြီးခွဲနေသောကြောင့်ကျမမှာသူ့အားဆက်လက်ပေါင်းသင်းလိုစိတ်မရှိ
တော့ပါ။
ထို့ကြောင့်ကျမနှင့်ဗိုလ်ကြီးရန်မျိုးနောင်အားတရားဝင်ကွာဂှင်းခွင့်ပြုပါရန်နှင့်
တရားမျှတစွာဆုံးဖြတ်ပေးပါရန်ဂါရ၀တရားရှေးထားပြီးတိုင်ကြားအပ်ပါသည်ရှင့်။
**မအိရွှေစင်ကျော်**
(DSTA-Pyin Oo Lwin)
မိတ္တူကို-
ကျောင်းအုပ်ကြီး DSTA ပြင်ဦးလွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နေပြည်တော်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေး။
ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး၊ ပြင်ဦးလွင်
နှင့်တာမွေမြှိုနယ်
တာမွေမြို့နယ်ရဲစခန်း
ပြင်ဦးလွင်မြို့နယ်ရဲစခန်း
The Voice Weekly ဂျာနယ်
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၊ရန်ကုန်မြို့၊
အမျိုးသမီးရေးရာဌာန ၊ပြင်ဦးလွင်။
ဌာနမှူး_ IT ဌာန ၊ စာပေဌာန ၊ အင်္ဂလိပ်စာဌာန ။ ပြင်ဦးလွင်။
Wednesday, February 29, 2012
မိစ္ဆာကောင်ကြီးမျာ:၏လောဘ

**အများသူငှာသိစေရန်**
ဘုရားကျောင်းမြေများကို အလွဲသုံစားလုပ်ခြင်း။
ရန်ကုန်တိုင်း ၊မရမ်းကုန်းမြို့နယ် ၊အမှတ်(၃) ရပ်ကွပ် ၊ အောင်သိဒ္ဓိ ၊
ရွှေညောင်ပင်လမ်း အမှတ် (၁၁၁) ၌ တည်ထားကိုးကွယ်လျှက်ရှိသော
ရှရိသျှိဝ(သိဝ)ဟိန္ဒူ ဘုရားကျောင်းပိုင်
မြေများအား ၊ ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များဖြစ်ကြသော (၁)
ဦ်းဘဟာဒူပန်ဒေး
( ဒု ဥက္ကဌ ) မှ ငွေကျပ် သိန်း ကိုးဆယ် ( ၉၀ ) ၊ ( ၂ ) ဦးဘန်စရား
(ယာဒ၀) မှ ငွေကျပ် သိန်း ရှစ်ဆယ်ခြောက်သိန်း (၈၆) ၊ ( ၃ ) ဦးမောင်မောင်
(အတွင်းရေးမှူး) မှ
ငွေကျပ်နှစ်ဆယ့်ငါးသိန်း ဖြင့်အ
သီးသီးရောင်းချ၍ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ကြ
ပါသည်။ ၄င်း
ကိစ္စကိုမြန်မာနိုင်ငံလုးံဆိုင်ရာဟိန္နူဘာသာရေးအဖွဲ့ချုပ်ကိုရပ်ကွက်သူရပ်ကွက်
သားများမှတိုင်ကြားခဲ့ပါသည်။
အဖွဲ့ချုပ်မှနေ၍ဘုရားကျောင်းမြေအလွဲသုံးစားလုပ်သူများ
ကိုခေါ်ယူ၍စစ်ဆေးမေးမြန်ပြီးအပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိပြီးမရမ်ကုန်းမြို့နယ်သက်ဆိုင်ရာအာဏပိုင်အဖွဲအ
စည်းများနှင့်သာသနာရေး
မှူးတို့အားလိုအပ်သလိုအရေးယူနိုင်ရန်လွှဲအပ်ပေးခဲ့ပါသည်။
ထိုအဖွဲ့ချုပ်မှဘုရားကျောင်းမြေရောင်းစားသူများအားဘုရားကျောင်းနစ်နာကြေးအနေဖြင့်
ဒဏ်ငွေ ( ၁၅ ) သိန်းစီပေးလျှော်ကြရန်
နှင့်ဂေါပကအသစ်ပြန်လည်ဖွဲ့စည်ပေးရန်တို့ကို
(၁၇.၁၀.၂၀၀၈)နေ့တွင်သတ် မှတ်ခဲ့ပါသည်။
သို့သော်သတ်မှတ်ခဲ့သည့်လျှော်ကြေးကိစ္စနှင့်ဂေါပ
ကအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းရန်ညွှန်ကြားသည့်ကိစ္စကိုယနေ့
( ၂၈.၂.၂၀၁၂ )နေ့အထိ
ဟိန္နူအဖွဲ့ချုပ်မှသော်လည်ကောင်း၊သက်ဆိုင်ရာအဖွဲ့အစည်မှသော်လည်းကောင်း၊
ဂေါပကအဖွဲ့ဝင်များမှသော်
လည်းကောင်း လုံးဝ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။
ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များမှဘုရာကျောင်းပိုင်စာရွက်စာတန်းမျာကိုလည်း
လက်စဖျောက် ပစ်ခဲ့ပါသည်။ သိုဖြစ်ပါ၍အများ သူငှာသိစေရန်တင်ပြအပ်ပါသည်။
ဤကိစ္စနှင့်ပါတ်သတ်၍ ပိုမိုသိရှိလိုပါလျှင် bttl@mptmail.net.mm (phone -
253601,245201 သို့ သွား၍ဆက်သွယ်မေးမြန်းနိုင်ပါသည်။
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
Tuesday, February 21, 2012
မပြောင်းလဲသေးသော မြန်မာ့လေကြောင်း
ဖေဖေါ်ဝါရီ ၉ ရက်နေ့က ကျနော် အလုပ်ကိစ္စတစ်ခုနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို သွားဖို့ဖြစ်လာတယ်။ ဒါနဲ့ လေယာဉ်လက်မှတ် အရောင်းဆိုင်တွေကိုဆက်သွယ်တော့ ပုဂလိက လေကြောင်းလိုင်းတွေမှာ လက်မှတ်မရတော့ဘူး လို့သိရတယ်။ မြန်မာ့လေကြောင်းကဘဲရနိုင်မယ်တဲ့။ အိုကေပေါ့ ကမ်းနားလမ်းမှာရှိတဲ့ မြန်မာ့လေကြောင်း လက်မှတ်အရောင်းဌါနကို သွားလိုက်တယ်။ အဖြေကတော့ထုံးစံအတိုင်း လက်မှတ်ကုန်ပီတဲ့။ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာတော့ အပြင်ကစောင့်နေတဲ့ပွဲစားတွေက အကိုဘယ်သွားချင်လဲ လက်မှတ်ရှိတယ်တဲ့။ ကိုယ်ကလည်းအရေးကြီးနေတော့ လုပ်မယ်ကွာ ဗန်းမော်သွားချင်တယ် ၉ ရက်နေ့လက်မှတ်လိုချင်တယ်ဆိုတော့ အကိုခဏစောင့် ဆိုပြီးအထဲဝင်သွားတယ်။ ခဏနေပြန်ထွက်လာပြီး ၂ သောင်းပိုပေးရမယ် လက်မှတ်ရမယ်တဲ့။ လွယ်လိုက်တာ.. ဒီလိုနဲ့ မနက် ၁၁ ခွဲလောက်ကျတော့လက်မှတ် ရလာတယ်..
၉ ရက်နေ့မနက် လေယာဉ်ထွက်ချိန်က ၇နာရီ ၃၀ ကွင်းချိန်းက ၅ နာရီ ၃၀၊ ကျနော် အိမ်ကနေ မနက် ၅ နာရီလောက်ထွက်လိုက်တယ်။ နှင်းပိတ်နေလို့တဲ့ လေယာဉ်က ၉ နာရီခွဲမှ ထွက်တယ်။ ထားပါတော့ ရာသီဥတုကိုး ဘယ်တတ်နိုင်မလဲပေါ့။
ဟိုရောက်တော့ ရောက်ရောက်ချင်းနောက်နေ့ဘဲ အပြန်အတွက် လက်မှတ်သွားဝယ်တယ် ကြိုမရောင်း ဘူးတဲ့။ လိုချင်တဲ့နေ့ မတိုင်ခင် ၃ ရက်လောက် အလိုမှ ရောင်းပေးမယ်တဲ့။ ဒီလိုနဲ့ အဲ့နေ့ရောက်တော့ သွားဝယ်တယ်။ မရတော့ဘူးတဲ့ ဟိုနားဒီနားကြည့်တော့လဲ ပွဲစားကမတွေ့။ ပြသနာဘဲပေါ့။ ဒါနဲ့သူငယ်ချင်းတစ်ယောက် သူကဌါနတစ်ခုက လူကြီး ဟဲဟဲ သူ့ဘဲအားကိုးရတော့တာပေါ့. ပြောလိုက်တော့ သူကစာတစ်စောင်ရေးပေးလိုက်တယ်. သူ့စာနဲ့ဝယ်တော့မှရတယ်. အဲ့ချိန်မှာဘဲ ကောင်မလေးတစ်ယောက် လက်မှတ်ရောင်းဆီမှာ ငွေ ၂၀၀၀၀ ပိုပေးပြီးဝယ်နေတာတွေ့တော့မှ အော်ဒီမှာက ပွဲစားမလိုပါလား တိုက်ရိုက်ငွေပေးရင် ရပါလားဆိုတာသိသွားတော့တယ်။
ဒီလိုနဲ့ လေယာဉ်စီးရမယ့်နေ့ (၁၆ ရက်ဖေဖေါ်ဝါရီ ၂၀၁၂) ရောက်တော့ မနက် ၈နာရီခွဲ ကွင်းချိန်းတဲ့ ၉နာရီလောက်ရောက်အောင်သွားလိုက်တယ်.. လေယာဉ်ကရောက်မလာဘူး နေ့လည် ၁၂ နာရီလောက်မှ လေယာဉ်ရောက်လာတယ် ရန်ကုန်၊ မန်းလေး သွားမယ့်သူတွေက တက်လို့မရသေးဘူးတဲ့ လေယာဉ်ကမြစ်ကြီးနားကို အရင်သွားမှာ အပြန်မှ ရန်ကုန်၊ မန်းလေးခရီးသည်တွေကို ၀င်ခေါ်မယ်တဲ့. ဒါနဲ့ဗိုက်ကလဲ ဆာလာတော့ ဆိုင်ကယ်တက်စီနဲ့ အပြင်ထွက်ပြီးထမင်းစားလိုက်တယ်. နေ့လည် ၂ နာရီလောက်မှလေယာဉ်ပြန်ဝင်လာတယ်. ကိုယ်တွေတော့သွားရတော့မယ်ပေါ့ဆိုပြီး အထုပ်ဆွဲ ကျောပိုးအိတ်လွယ်နဲ့ပေါ့။ ဒီလိုနဲ့ ၂နာရီခွဲလောက်မှ ကွင်းတာဝန်ခံဆိုတဲ့သူက ၀င်လာပြီး လေယာဉ်က ဘီးပေါက်သွားလို့ပါ၊ ရန်ကုန်က လေယာဉ်တစ်စီးလာကြိုပါ့မယ် ညနေ ၄ နာရီလောက်ပြန်လာခဲ့ပါတဲ့။ ဒါပထမဆုံးအကြိမ် လေယာဉ်ကွင်းက ရတဲ့ information ဘဲ။ ဒီလိုနဲ့ပြန်ပေါ့ တည်းတဲ့နေရာကို ညနေ ၄နာရီပြန်လာတော့  ခဏစောင့်ရင်း ညနေ ၅ နာရီလောက်မှာ ရန်ကုန်က လေယာဉ်တစ်စီး ရောက်လာတယ်။ ကဲဒီတစ်ခါတော့ သွားရပီပေါ့စိတ်ကူးနေတုန်း ရောက်လာတဲ့လေယာဉ်ကသေးလို့တဲ့ နေပြည်တော် သွားမယ့်သူတွေဘဲလိုက်လို့ ရမယ်တဲ့။
အဲ့ဒီ့လေယာဉ်က ဘီးလဲဖို့ လိုအပ်တဲပစည်းတွေသယ်လာတယ်၊ ဘီးလဲပြီးရင်ထွက်ပါမယ်တဲ့။ ဒီလိုနဲ့စောင့်ရင်း စောင့်ရင်း ကြည့်နေတာ ဘီးက ဖြုတ်လို့ကို မရသေးဘူး ညက ရနာရီထိုးနေပြီ၊ လေယာဉ်ကွင်းမှာက မီးလဲမရှိဘူး၊ ဘီးလဲနေတဲ့သူတွေက ဓါတ်မီးသေးသေးလေးနဲ့ လဲနေတာ၊ စောင့်နေတဲ့ခရီးသည်တွေက ကြောက်လာပြီ၊ ကျနော်ကတော့မစီးရဲတော့ဘူး မီးမရှိတဲ့လေယာဉ်ကွင်းက ထွက်မယ့်လေယာဉ်ကို ပြင်နေတာက လက်နှိပ်ဓါတ်မီးသေးသေးလေးနဲ့၊ ခရီးသည်အကုန်လုံးကလဲ မစီးရဲတော့ဘူး မစီးဘူး အပ်ထားတဲ့အိတ်တွေပြန်ပေးဖို့ တောင်းမယ်ဆိုတော့ လေယာဉ်ကွင်းမှ တာဝန်ရှိတဲ့သူ ကိုရှာမတွေ့ဘူး ကွင်းတာဝန်ခံဆိုတဲ့သူက ဘာ information မှလဲမပေး၊ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတဲ့ ခရီးသည်တွေကိုလဲ မထိန်းသိမ်းဘဲ သူနဲ့ဘာမှမဆိုင်တဲ့ လေယာဉ်ဘီးလဲတဲ့ဆီမှာ သွားယောင်နေတယ်။ ခရီးသည်အချို့ပြသနာရှာတော့မှ ရဲတစ်ယောက်ကသွားခေါ်ပေးတယ်။ အဲ့ဒီ့ တာဝန်ခံဆိုတဲ့လူက စောင့်ပါတဲ့ ပြင်နေပါတယ်တဲ့ လိုတဲ့ပစည်းကို မြို့ထဲထွက်ဝယ်နေပါတယ်တဲ့၊ လေယာဉ်ပစည်း ဗန်းမော်မှာရမှန်း ကျနော်လဲအဲ့တော့မှသိတော့တယ်။ ခရီးသည်တွေအကုန်လုံးက မလိုက်ရဲတော့ဘူး ပြန်မယ် အိတ်တွေပြန်ထုတ်ပေးပါ အတင်းတောင်းဆိုတော့မှ ည ဂ နာရီ ခွဲမှာ အိတ်တွေပြန်ရတယ်၊ နောက်ရက်မနက် ၁၀ နာကို ကွင်းချိန်းပြန်ပေးလိုက်တယ်။ နောက်နေ့မနက်ရောက်တော့ ရန်ကုန်ကနေလေယဉ်တစ်စီး ရောက်နေတာတွေ့တယ်။ ကျနော်တို့ကိုလာခေါ်တဲ့လေယာဉ်လို့ထင်တာပေါ့ ဟုတ်ဘူးဗျ ဘီးလဲဖို့ မေ့ကျန်ခဲ့တဲ့ ပစ်စည်းတွေလာပို့တာတဲ့၊ သေလိုက်ပါတော့၊ ဒီလိုနဲ့ နေ့လည် ၁၂ နာရီခွဲမှာ တကယ်လေယဉ်ထွက်ဖြစ်သွားပါတယ်။ ထမင်းက မစားရသေးတော့ ဗိုက်တွေကက ဆာနေတာပေါ့၊
လေယဉ်မောင်၊ မယ် တွေကလဲ ဆက်ဆံရေးကောင်းပါတယ်၊ သူတို့လဲ ဗန်းမော်မှာတစ်ညအိပ်လိုက် ရတာကိုး၊ ကျနော်တို့ကြောင့်အိပ်လိုက်ရတဲ့ ပုံစံနဲ့ တောင်းပန်စကားတစ်ခွန်းမပြောဘူး၊ မျက်နှာက ရှစ်ခေါက်ချိုးနဲ့၊ ခရီးသည်တွေကပြန်ကြောက်နေရတယ်။ ဒီလိုနဲ့ ညနေ ၃ နာရီခွဲလောက်မှာ မန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်ကြီးဟာ ရန်ကုန်မြို့တော်ကြီးကို အောင်မြင်စွာဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ဗန်းမော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့လာတာ ကြာချိန်စုစုပေါင်း ၂၇ နာရီခွဲကြာသွားပါတယ်။
မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများခင်ဗျား ပြုပြင်ပါအုံးလို့ ပြောလိုက်ပါရစေ။
**black bear**
Sunday, February 19, 2012
တိုင်ရီ စက်ရုံရှေ့မှ လုံထိန်းရဲဘော်များ သို့ အိတ်ဖွင့်ပေးစာ

တိုင်ရီ စက်ရုံရှေ့မှာ ဒိုင်းတွေ လွှားတွေနဲ့ စောင့်နေတဲ့ ညီအကိုရဲဘော်တို့ရေ. . .
အဲဒီ ခင်ဗျားတို့ရှေ့က နေပူထဲမှာ မျက်နှာငယ်လေးတွေနဲ့ ဆောင့်ကြောင်ထိုင် နေကြတဲ့
အလုပ်သမားတွေဟာ. . .
လစဉ် ခေါင်းခဲအောင် စီစဉ်နေရတဲ့ မလောက်မငှလစာငွေလေးက အသက်ရှုချောင်မလားလို့ . . . တောင်းဆိုကြတဲ့ ခင်ဗျားတို့ကျနော်တို့ မြန်မာပြည်သားသွေးသားဆွေမျိုးတွေပါ.။
အဲဒီ ပြည်ပ လုပ်ငန်းရှင်က တိုးမပေးနိုင်ဘူး လို့ ငြင်းလိုက်တဲ့အတွက်များ တုတ်တွေနဲ့ ရိုက်ဦးနှက်ဦးကြမလို့လား ဗျာ... . စဉ်းစားကြပါဦး။ ခု ကိုပဲ လစာ မတိုးခင်
မီတာခတွေတိုး လို့၊ ခင်ဗျားတို့မိသားစုတွေထဲမှာကော.
. .အိမ်ရှင်မတွေ၊
မိခင်တွေ ညည်းကြတွားကြတာတွေ မလုပ်ဖြစ်ကြဘူးလား။ သူတို့ရတဲ့လစာ
နဲ့ဆို ပို ဆိုးမယ်. . .လို့ မတွက်မိကြဘူးလား။
သူတို့ . . .သူဌေးဖြစ်တောင်းဆိုနေတာ မဟုတ်ဘူး. . .
သူတို့ . . .NLD အတွက် တောင်းဆိုနေတာ မဟုတ်ဘူး
သူတို့. . . .ဒီမိုကရေစီ ဆိုတာလည်း စိတ်မ၀င်စားဘူး
သူတို့. . . .ထမင်း၀၀ စားရဖို့
သူတို့ . . .ကလေးတွေ ပညာသင်နိုင်ဖို့
သူတို့. . . ကြပ်တည်းလွန်းတဲ့ ဘ၀တွေကနေ အသက်ရှုချောင်ရုံလေး . . .
ဒီခေတ်ကြီးထဲ တလလုံး ၂သောင်းခွဲနဲ့ ဘယ်သူလောက်မလဲဗျာ. .
သူတို့ တကယ်ကို စားမလောက်လို့. . .
တောင်းဆိုနေကြတာပါ. . .။
ဒီလို လစာ ဖြစ်နေရတာကိုးက ရင်နာစရာကောင်းလှပြီ။
သမ္မတကြီးနဲ့ အစိုးရ၀န်ကြီးများ၊ အမတ်မင်းများ. . .
ခင်ဗျားတို့ဗျာ. . .
ခင်ဗျားတို့. . .ဒီလိုပဲ . . .အကြမ်းဖက်နှိမ်နှင်းလိုက်ကြမလို့လားဗျာ. . .
ရဲဘော်တို့ရေ. . .
ခင်ဗျားတို့ရဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ တုတ်တွေနဲ့ အဲဒီ မျက်စိသူငယ်နားသူငယ်နဲ့
ထိုင်နေတဲ့ အဲဒီအလုပ်သမားတွေရဲ့ ချွေးစို့နေတဲ့ မျက်နှာတွေကို မရိုက်ခင်မှာ. . .
ခင်ဗျားအိမ်က အိမ်ရှင်မ ကို . . .အမေ့ကို သတိရမယ် ဆိုရင်. .
ခင်ဗျားတို့ရဲ့ တုတ်တွေကို လွှတ်ချပြီး အဲဒီ အလုပ်သမားတွေရဲ့. . .လက်တွေကို
ဆုပ်ကိုင်လိုက်ကြစေချင်တယ်။
**ချိုတူးဇော်**
Sunday, February 5, 2012
လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ

ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။ဒါတွေ
အားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကိုလုံးဝချမပြပါဘူး သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး၊ကျွန်တော်တို့အတတ်ပညာရှင်တွေကိုတောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး။
ငါသိတယ် ငါတတ်တယ်၊ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်
မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်
ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာမေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။စာချုပ်စည်းကမ်းတွေကတော့အရင်စာချုပ်ထဲက
အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံကိန်းမှာစိုက်ထုတ်
ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်းအရပြောင်းသွားတာဘဲကွာပါတယ်။
ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ်တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆိုပြီးမလှိမ့်တစ်
ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန်
ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာသိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းကြီးတစ်ခုလုံးပါ၊မြစ်ဆုံလေးတစ်ခု
တင်မဟုတ်ပါဘူး၊ချီဖွေကိုလုပ်ရင်လည်းလူမှုရေးရော၊သဘာဝပတ်ဝန်းကျင်ရောထိခိုက်
ပျက်စီးမှာဘဲ၊အဲဒီနယ်ကလူမျိုးတွေရောသယံဇာတတွေရောအကုန် တရုပ်ကသိမ်းမှာဘဲ
ထွက်လာမယ့်လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါးဦးထွန်းမြင့်နိုင်၊ဦးဇော်
မင်းနဲ့ဒုသမ္မတ-၁တို့မိသားစုကော်မရှင်ရ၊ကောင်းစားရေးအတွက်ကချင်လူမျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင်မယ်။သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်
လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ကျွန်တော်တို့အတတ်ပညာရှင်တွေကိုကြေ
ညက်စွာဆွေးနွေးခွင့်ပြုပါ။ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်
ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်အောင်လေ့ကျင့်ပျိုးထောင်
ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။
--
အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်။
**From-globallinn**
Monday, January 23, 2012
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သို့ အိတ်ဖွင့်ပေးစာ (၁)
(ကိုသန့်ဇော်)
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ခင်ဗျား …
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တယောက်အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူပြီး သည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ ရော ၀န်ကြီးချုပ်အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့ တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အ များကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်းမရှိဘဲ ထောင်သွင်းအကျဉ်းချထား တာကလည်း တခု အပါအ၀င် ဖြစ်ပါတယ်။
အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်း ထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ်ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီ တုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့ အ တွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေး၊ လူမှုရေး ဒုက္ခတွေဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါ ဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန်ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။
မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတ ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။
ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တခု ဖြစ်ပါ တယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင် ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာ ကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအ တွက် တာဝန်ရှိပါတယ်။
အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။
**ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း**
နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည် ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုး သားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေကြသည်ဟု နောက်မှ သိရပါ သည်။
ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ်သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင်ပတ်သက်ခြင်းကို သိရှိသွား သဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရို ဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီးလာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အ စီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။
သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်း စား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့ လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ ရှိပါတယ်။
ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ် ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါ တယ်။ ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများ ပင် မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာ အား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။
နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တယောက်ချင်းဖြင့် လည်း ကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေ ချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံး ဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက် လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ခြေဖျားထောက်ပြီး ခြေဖနောင့်အောက် တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။
၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံး ဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုး ရဆန့်ကျင်ရေး စာရွက်စာတမ်း တစောင်တလေသော်လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော်လည်းကောင်း အလျဉ်း ရှာဖွေတွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက်ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။
ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ ‘….’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး …. ထောက်လှမ်း ရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ “မင်းလည်း မ ဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။
….. ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်း ကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ် ဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတဦး ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်း ပန်း၍ အတင်းအဓမ္မ ဝန်ခံခိုင်းပြီး ကျွန်ုပ်အား … ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ် ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦး လည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်း သိကြောင်း စသည့် တိကျသေချာ ခိုင်လုံသည့် အ ထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။
မရှေးမနှောင်းမှာပင် … ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ” ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မ ကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “… မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ် သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတ ပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။
ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တ ရားခံ အစစ်အမှန်များ လုံးဝ အလျဉ်းမဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေး အဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တ ခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲ လှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခံခိုင်းနေပါ သည်။
ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ …. ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ် လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ …. ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်း နည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေ ပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ …. ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက် နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့” တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။
ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေ လဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အ သား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။
ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက် က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော် ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။
ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ် နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေး လိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာ လဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ် ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ် ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတပုံ ကို ညွှန်ပြလိုက်တယ်။
ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာ ပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့ ၏ လက်ချက်ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါ တယ်။)
၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှ နေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချ လိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ် ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူ တို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်း ရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှ ထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက် ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကို လည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။
တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက် ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစား ပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏ အချိန် ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။
အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍အပြင်သို့ခေါ်သွားပြီး တခြားအခန်းတခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကိုခွာလိုက်ပြီး မျက်နှာကို လက် သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရား လမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရား ရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန်တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။
အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာ သော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကို ကြေ ညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး (၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲ မှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန် ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။
အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။
ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက် ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများ ကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့ နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။
၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။ အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာ များကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ် ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။ သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင် ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။
ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟုဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံးတရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ စော်ကားသိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အ ထောက်အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့ အား အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေး များ အလိုကျ ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။
နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့် (လေ) က “တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုး ကျော်သူ တို့အား စစ်တရားခုံရုံး အမှတ် (၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ” ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက် ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အ တွက် အပြစ်ပေးစရာ မလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် “ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်” ဟု မိန့်ဆိုထား သည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိ သည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ ‘သေဒဏ်’ အမိန့် ချမှတ်လိုက်ပါတယ်။
ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ် တခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေ ဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ် (၁) နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ် ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။
ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုး ဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲချေပသော် ငြားလည်း ကျွန်ုပ် အပါအဝင်
မောင်ညီညီဦး (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်နိုင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင် (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင် (လူ့ဘောင်သစ်ဒီမိုကရက်တပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက် (လူ့ဘောင်သစ်ဒီမိုကရက်တပါတီ၊ ကော့မှူးမြို့နယ်)
စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂ (၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ် တိုက်ပွဲများ ပြုလုပ်ဖန်တီးသည်ဟုဆိုကာ သရက်အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြု လုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။
ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တသက်တကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေး လိုက်ပါတယ်။
မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက် အထား တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအ တွင်း လှောင်ပိတ်ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ ။
မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)
မှကူးယူဖေါ်ပြသည်။
( လက်ဆင့်ကမ်းဖြန့်ဝေခြင်းဖြင့်ကူညီစေလိုပါသည်။ )
**Lwin Maung Than**
Read More...
Monday, January 2, 2012
ရင်ဖွင့်ခြင်း

`` အလွယ်ဆုံး အလုပ်``
( သူတစ်ပါးကို အပြစ်ပြော ကဲ့ရဲ့ခြင်း )
`` အခက်ဆုံး အလုပ် ``
( သူတစ်ပါး ကအပြစ်ပြောမခံရအောင်နေခြင်း)
အဲဒီစာတန်းလေးတွေ ဖတ်မိကတဲက သူတစ်ပါးကိုအပြစ် မပြောမိဘို့ ဆင်ခြင်ပါတော့တယ် ။ အလွယ်ဆုံး အလုပ်ကို မလုပ်ချင်လို့ပါ ---
စက်ဆန်း မှာပေါက်ကွဲမှုဖြစ်တော့ မီးသတ်သမား ငါးဦး အသက်ဆုံးရှုံးခဲ့ရတယ် ။ အဲဒီသတင်းကြားတော့ ကိုယ့်ဆွေမျိုးမဟုတ်ပေမယ့် တော်တော်လေး ရင်နင့်အောင် ခံစားရပါတယ်။ ဒဏ်ရာပြင်းထန်စွာရပြီး အချိန်အကြာကြီး မေ့မြောနေရာက သတိရ ရခြင်း `` မီးညိမ်းပြီလား --- မိုးလင်းပြီလား --`` ဆိုပြီး ကယောင်ကတန်းအော်ခဲ့တာလည်း ရုပ်ရှင်ရိုက်နေတာ မဟုတ်လို့ ပိုပြီး ရင်နာရပါတယ် --
အောက်မှာ မီးသတ်သမား တစ်ယောက်ရဲ့ ခံစားချက်လေးတွေကို မျှဝေ လိုက်ပါတယ် -----
`` သူငယ်ချင်းရေ ----- ငါလဲ မီးသတ်သမား ဘဝကို ပရဟိတ အလုပ်တွေ ဝါသနာပါလွန်းလို့သာ ဆက်လုပ်နေရတယ်ကွာ --တစ်ခါတစ်လေကျရင် ငါမှားများနေပြီလား လို့တောင် အားငယ်မိတယ် --နိုင်ငံကျော် လူရွှင်တော်တွေဖြစ်တဲ့ သီးလေးသီး က ငါတို့ဘဝကို သေသေချာချာ မသိဘဲ ပရိသ၁တ် လက်ခုပ်သံ ရချင်တာနဲ့ ငါတို့ဘဝကို မြေပေါ်ချနင်းပြီး ဖနောင့်နဲ့လှိမ့်နင်းခြေတာကို ခံစားရတိုင်း ငါရင်နာတယ် -- မင်းသိပါတယ်ကွာ -- ငါတို့ဘဝတွေဟာ ရွှေပေါ်မြတင် တဲ့ ဘဝတွေမဟုတ်ပါဘူး - အားလုံးနုံချာပါတယ် -- နောက်ပြီး အစိုးရ လိုမျိုးအုပ်ချုပ်တဲ့အဖွဲ့အစည်း - အာဏာရပါတီလိုမျိုး အခွင့်ထူးခံလူတန်းစားတွေလဲ မဟုတ်ပါဘူး -- တကယ်ကို ပရဟိတဆန်တဲ့ အဖွဲ့အစည်းပါကွာ ---အဲဒါတောင် ငါတို့အဖွဲ့အစည်းကို လူထုနဲ့ သွေးကွဲပြီး အထင်လွဲအောင် သူတို့ ပျက်လုံး ထုတ်ရက်တယ် ---ငါတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေစွန့်လွှတ်ပြီး -- ငါတို့ရဲ့ အသက်တွေစွန့်လွှတ်ပြီး ရွတ်ရွတ် ချွန်ချွန် တာဝန်ထမ်းဆောင်ခံကြတာတွေ အများကြီးရှိပါတယ် -- အဲဒါတွေ သူတို့တွေ မသိတာလားး သိရက်နဲ့ မသိချင်ဟန်ဆောင်တာလားတော့ ငါလဲမသိဘူး---အများပြည်သူတွေ အထင်လွဲစေတဲ့ အချက်တွေကို ငါသိသလောက်ရှင်းပြချင်တယ်ကွာ ----ရင်ဖွင့်တာပေါ့ကွာ -------
၁။ မီးလောင်ပြင်ကို အချိန်မီဘာဖြစ်လို့ မရောက်တာလဲ --------
`` မင်းစဉ်းစားကြည့်ကွာ -- အိမ်တစ်အိမ် မီးလောင်မယ် -- ပထမဆုံးကြိတ်ပြီးတော့ သူတို့ဘာသာငြှိမ်းမယ် -- မနိုင်တော့ရင်ပါတ်ဝန်းကျင်က သိပြီး ဝိုင်းငြှိမ်းပြန်တယ် --- အဲဒါတောင်မနိုင်တော့ဘဲ မီးကြီးပြီဆိုမှ ငါတို့မီးသတ်ဌာန ကိုဖုန်းဆက်မယ် -- ငါတို့က တတိယလူပေါ့ကွာ--- ဖုန်းဆက်ရင်လဲ ပြာပြာသလဲနဲ့ ``ဒီမှာ မီးလောင်နေပြီ`` ``ဒီမှာ မီးလောင်နေပြီ `` `` ဂွပ် `` ဆိုဖုန်းချသွားရော --ငါတို့မှာ အဆင်သင့်ပြင်ရင်းနောင်တစ်ကြိမ် ဖုန်းခေါ်မှာကို စောင့်နေရပြန်ရော -- ဘယ်မှာလောင်မှန်းမသိဘဲ -ဘယ်ကိုလိုက်သွားရမှာလဲ ----
အဲဒီလိုဖြစ်လို့နောက်ကျရတာဘဲ --- ငါတို့ညွှန်ချုပ်ကပြောဘူးတယ် `` မီးလောင်မယ့်နေရာကိုသာ မလောင်ခင်ကြိုသိရ လို့တော့ကွာ ငါတို့မီးသတ်အဖွဲ့ ကရှေ့ဆုံးကရောက်မယ့် အဖွဲ့ဘဲ `` လို့ အရွှန်းဖောက်ပြောဘူးတယ်။
၂။ လောင်နေတဲ့အိမ်ကို မငြှိမ်းဘဲ မလောင်သေးတဲ့အိမ်တွေကို ဘာလို့ရေနဲ့ရွှဲနေအောင်ပတ်တာလဲ ---- အဲဒီအိမ်ကပိုက်ဆံယူထားလို့လား
`` မီးသတ်ပညာရဲ့ သဘာဝကို သာမန်ပြည်သူတွေမသိရင် နားလည်ပေးလို့ရပါတယ် --ဘွဲ့ရ ပညာတတ်တွေဖြစ်တဲ့ လူရွှင်တော်တွေကတော့ သိသင့်တယ်ကွာ-- လောင်အားအရမ်းကောင်းနေတဲ့အိမ်ကို ရေနဲ့ပတ်တော့ ဆင်ကိုဖြုတ်ကိုက်သလို ဖြစ်နေမှာပေါ့ -- အင်အားဖြုန်းတီးရာလဲရောက်တယ်-- စကားပုံတောင်ရှိတယ်ကွာ ဘာတဲ့ `` ရေများ ရေနိုင် -- မီးများ မီးနိုင် `` ဆိုတာလေ ။ ဒါကြောင့်မလောင်သေး မကူးသေးတဲ့အိမ်တွေကို ရေနိုင်နိုင်ပက် ထားရတာပေါ့ကွာ --ငါလဲသာမန်မီးသတ်သမားလေးမို့ အဲဒီလောက်ဘဲနားလည်တယ်ကွာ မှားရင်ငါညံ့လို့ပါ မီးသတ်အဖွဲ့ကို အပြစ်မပြောပါနဲ့--
၃။ ရေမပါတဲ့ မီးသတ်ကားတွေလဲ တွေ့နေရတယ်
`` ရေ မပါတာမဟုတ်ဘူးကွ -- မီးသတ်ကားထဲက ရေဟာ ပန့်အား ကောင်းကောင်းနဲ့ ပက်တာဆိုတော့ ၃ မိနစ် ၅ မိနစ်အတွင်းရေကုန်ရော -- ဒီလိုကုန်သွားတာကို မသိလိုက်တဲ့သူက ဇွတ်ပက်ခိုင်းတယ် --ရေကုန်သွား လို့ဆိုပြီးပြောရင် ဟာ-- ခုဏမှ ဒီကားဝင်လာတာ မင်းတို့ရေမပါဘဲ ဒီကိုဘာလာလုပ်တာလဲဆိုပြီး ဒေါကန်ရော --စိတ်ညစ်တဲ့အထဲမှာ အဲဒါတွေလဲပါတယ်ဟေ့
၎။ ရပ်ကွက်ထဲမှာ အရံမီးသတ်ဆိုလား ဘာလား ကြော်ညာတွေကပ်ပြီး ငွေတောင်းတာကရော--
``မင်းသေချာကြည့်ရင်သိမှာပါကွာ - အဲဒီလိုသတိပေးစာလေးတွေကပ်ရင်း ၁၀၀ စ ၂၀၀ စသဖြင့်ပေါ့ငွေတောင်းတတ်တာ ငါလဲသိပါတယ်။ သူတို့ရဲ့ယူနီဖောင်းတွေမင်းကြည့်မိလား ညှိုးညှိုးနွမ်းနွမ်း နဲ့ပိန်ပိန်လှီလှီလေးတွေဆိုတာ --ပြီးတော့အပေါ်စီးကလဲ မတောင်းရဲကြပါဘူး --ဒီကိစ္စနဲ့ပါတ်သတ်ပြီး မိတ်ဆွေတစ်ယောင်နဲ့စကားပြောဖြစ်တယ် --လည်ကတုံးနဲ့ ဥပဒိရုပ်ကောင်းကောင်း ခန့်ခန့်နဲ့လူတစ်ယောက်က ဟိုဘုရားတည်မယ် ဒီဘုရားတည်မယ်ဆိုပြီး အလှုခံရင် ၅၀၀၀ -- ၁၀၀၀၀ စသဖြင့် လှုတယ် --အဲဒီလူအကြောင်းကိုကသိထားတော့ ခင်ဗျား သူအလှုခံရင် မလှုနဲ့ သူက ခင်ဗျားတို့လှုတဲ့ငွေနဲ့ ဘီယာသောက် - မိန်းမပွေလုပ်နေတာလို့ပြောတော့ ``အဲဒါ ငါ့ကိစ္စမဟုတ်ဘူး ငါက ဘုရားတည်ဘို့လှုတာ သူသုံးရင် သူခံလိမ္မယ် `` တဲ့-----ကောင်းရောကွာ -- ငါတို့ကျတော့ ---------
၅။ ``တစ်ဖက်က ငွေသွင်းမှ -တစ်ဖက်က ရေထွက်တယ် `` ဆိုတဲ့ပျက်လုံးကိုရော --
`` ငါ အနာဆုံးပျက်လုံးဟာ အဲဒါဘဲ -- အလွန်ယုတ်ညံ့စုတ်ပျက်နေတဲ့စိတ်ဓါတ် -- လူမဆန်အောင်ယုတ်မာတဲ့သူမှ အဲသလိုလုပ်မှာ --အများဒုက္ခရောက်နေတဲ့အချိန်ကွာ-------မင်းဘဲစဉ်းစားကြည့်----- မင်းဆိုရင်ရောအဲဒီလိုလုပ်မှာလား ------ ကိုယ်ချင်းစာကြည့်ပေါ့ -- ငွေမပြောနဲ့ အဲဒီအချိန်မှာ ကိုယ့်အသက်တောင်ဂရုမစိုက်နိုင်ဘူး -- ဒီပျက်လုံးထုတ်တဲ့သူဟာ တော်တော်ယုတ်ညံ့မယ်လို့ငါထင်တယ် သူသာဆိုရင် ဒီအခြေအနေမှာ ငွေဖန်မယ်လို့စိတ်ကူးမိလို့နေမှာပေါ့ ကိုယ်တိုင်မီးလောင်လွင်ပြင်ကိုရောက်ဘူးရင် ဒီလိုမတွေးလောက်ဘူး ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းဆိုသလိုပေါ့ကွာ---သေချာတာတစ်ခုတော့ပြောမယ် ငါတို့မီးသတ်တပ်ဖွဲ့မှာ အဲဒီလောက်စိတ်ဓါတ် ယုတ်ညံ့တဲ့လူမရှိဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒီလောက်ယုတ်ညံ့ရင်လဲ ဒီအလုပ်ကိုလုပ်လို့ မရလို့ဘဲ -------
(ဟုတ်ကဲ့ --- မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ရင်ဖွင့်သံပါခင်ဗျာ----)
သံသယ ကင်းနိုင်ကြပါစေ--
**ကိုစိုးနိုင် **
Wednesday, December 28, 2011
ရန်ကုန်မြို့ ဝန်ကြီး... ဒါတွေသိပါသလား

ရန်ကုန်မှာ စည်ပင်သာယာအဖွဲ့ က ၂၀၁၀ ရွေးကောက်ပွဲ မစခင်လောက်ကတည်း
က ကွန်ကရစ်လမ်းတွေကို ယခင်အချိန်တွေကထက် တိုးချဲ့ ခင်းပေးလာတာကို
တွေ့ ရပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ရန်ကုန်ရဲ့ မြို့ နယ်အနှံ့ မှာရှိတဲ့
လိုင်စင်လက်ဝယ်မရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကို ဒဏ်ကြေးငွေ (၁၀)ဆ ဆိုပြီး
ထပ်မံကောက်ခံလာပါတယ်။
လက်ဘက်ရည်ဆိုင်တွေ ဖွင့်ခွင့်လိုင်စင်မရှိတာက ၂၀၀၅ ခုနှစ်လောက်ကတည်းက
စပြီး တရားဝင်လိုင်စင်လျှောက်ထားခွင့်ကို ချထားပေးခြင်းမရှိလို့  ၀မ်းရေးအတွက်
ရိုးရိုးသားသား ရှာဖွေစားသောက်လိုသူတွေအဖို့  အခက်အခဲဖြစ်နေရပါတယ်။
ဒါပေမယ့် စည်ပင်သာယာအဖွဲ့ ရဲ့  တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ လိုင်စင်ရ
ဆောက်လုပ်ရေးကန်ထရိုက်တွေကတော့ သူတို့ ဆောက်လုပ်တဲ့ အဆောက်အဦ
တွေရဲ့  အထပ်အမြင့်နဲ့ အကျယ်အ၀န်းတွေကို တရားမ၀င်တဲ့နည်းလမ်းအမျိုးမျိုးနဲ့ 
သက်ဆိုင်ရာဌာနအရာရှိတွေကို လာဘ်ထိုးပြီး ဆောက်လုပ်နေကြပါတယ်။
ဓာတ်လှေကားတပ်ဆင်ဆောက်လုပ်ခွင့်စည်းကမ်းနဲ့ မညီတဲ့ နေရာတွေမှာလည်း
လာဘ်ငွေအပေးအယူနဲ့ ဆောက်လုပ်နေကြပါတယ်။ မြို့ တော်ရဲ့ ဂရမ်မြေမဟုတ်တဲ့
ပါမစ်မြေတွေမှာတော့ တရားဝင်လိုင်စင်ကိုင်မထားတဲ့ ဆောက်လုပ်ရေးကန်ထရိုက်
တွေက ဆောက်လုပ်ခွင့်ပြုမိန့် မယူဘဲ စည်ပင်အရာရှိတွေနဲ့  “ဒဏ်ကြေးဆောင်ပြီး
ဆောက်”ဆိုတဲ့ နားလည်မှုနဲ့  ဒဏ်ကြေးနဲ့ အတူ လာဘ်ငွေပါ ယူပြီး (၃)ထပ်ခွဲ
အဆောက်အဦတွေ ဆောက်လုပ်နေကြပါတယ်။
တရားဝင်လိုင်စင်မရှိဘဲ ဆောက်လုပ်နေတဲ့ကန်ထရိုက်တွေဟာ ပြဿနာတစ်ခုခု
ဖြစ်ပေါ်လာရင်လည်း ရှောင်ပြေးဖို့ လွယ်ကူနေတာကြောင့် မြေကွက်ပိုင်ရှင်တွေနဲ့ 
အခန်းကြိုဝယ်သူတွေအပေါ် လိမ်ညာအခွင့်အရေးယူနိုင်ဖို့  လမ်းဖွင့်ပေးထားသလို
ဖြစ်နေပါတယ်။ အရင်တုန်းကလည်း ဆောက်လုပ်ရေးကန်ထရိုက်တွေ လိမ်ညာမှု၊
အရေအသွေးမပြည့်မီတဲ့ အဆောက်အဦတွေ ဆောက်လုပ်မှုတွေကြောင့် ဆောက်လုပ်
ရေးလိုင်စင်ကို တရာဝင်လျှောက်ထားခိုင်းပြီး အာမခံငွေ တင်ပြီးမှ အလုပ်လုပ်ခွင့်ပြု
တာဖြစ်ပါတယ်။
ခုတော့ တရားဝင်လိုင်စင်ရှိတဲ့ကန်ထရိုက်တွေကို ဂရမ်မြေရှိတဲ့နေရာတွေမှာ
ဆောက်လုပ်ခွင့်ပေးပြီး လိုင်စင်မဲ့ ကန်ထရိုက်တွေကို အာမခံငွေ တင်စရာမလိုဘဲ
ပါမစ်မြေရပ်ကွက်တွေမှာ လုပ်ကိုင်ခွင့်နဲ့ အတူ လိမ်ညာခွင့်ကိုပါ ပေးထားသလို
ဖြစ်နေပါတယ်။ ဒါ့ကြောင့် မည်သည့်နေရာမဆို ဆောက်လုပ်တဲ့ကန်ထရိုက်တွေကို
အာမခံငွေ ပေးစေပြီးမှ တရားဝင်ကန်ထရိုက်လိုင်စင်နဲ့ သာ ဆောင်ရွက်လုပ်ကိုင်
စေသင့်ပါတယ်။
ဝမ်းရေးအတွက် ရိုးရိုးသားသား ရှာဖွေလုပ်ကိုင်နေကြတဲ့ လက်ဘက်ရည်ဆိုင်
တွေက ရရှိမယ့်အခွန်ငွေတွေနေရာမှာ တရားမ၀င် ဆောက်လုပ်နေတဲ့ ကန်ထရိုက်
တွေဆီက ဥပဒေအတိုင်း ကြပ်ကြပ်မတ်မတ် ကောက်ခံလို့ တဲ့အခွန်ငွေတွေနဲ့ 
ညီညွတ်မျှတအောင် အစားထိုးခုနှိမ်ခြင်းကသာ အောက်ခြေအလွှာလူတန်းစားများ
အတွက် အသက်ရှူချောင်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့  ထင်မြင်ယူဆမိ
ပါတယ်။
S ခင်ဇိုင်
လဘက်ရည် ဆိုင်ကိစ္စက အမှန်ပါ။
** ကိုပီတာ(စမ်းချောင်း)**
--
Thursday, December 8, 2011
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရဲစခန်းမှ အကြောင်းပြန်ကြားစာ

သို့
ဦးဝင်းချို
ဒဂုံမြို့နယ်
အကြောင်းအရာ။ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကိစ္စ
ရည်ညွှန်းချက် ။ ။ ၅.၁၂.၂၀၁ ရက်စွဲပါ ဦးဝင်းချိုပါ ၆ ဦး၏ တောင်းခံစာ
၁ ။ ဦးဝင်းချို၏ ရည်ညွှန်းစာပါ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတောင်းခံခြင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက်ထားတောင်းခံခြင်းဖြစ်သော်လည်း အဆိုပါ ဥပဒေပုဒ်မ ၂၄ ၌ ပြဌာန်းထားသည့်အတိုင်း
ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းဥပဒေ စည်းမျည်း(သို့)စည်းကမ်းများ လိုအပ်သော
အမိန့်ကြေညာစာ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ပေးရဦးမည် ဖြစ်ပါသည်။
၂ ။ ဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ရရှိပြီးမှသာ
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားမှုများအပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို နည်းဥပဒေလုပ်ထုံး
လုပ်နည်းများနှင့် အညီ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
၃ ။ သို့ဖြစ်ပါ၍ ရည်ညွှန်းစာပါ ဦးဝင်းချိုပါ ၆ ဦး၏ လျှောက်ထားတောင်းခံမှုကို ပုဒ်မ ၂၄ အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန်ပြီးမှသာ
ပြန်လည်လျှောက်ထားရန် အကြောင်းကြားပါသည်။
--**From- PETER URE**
Friday, December 2, 2011
အိုဘားမားထံမှ ပေးစာနှစ်စောင်

01.12.2011
Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:
It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.
I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.
Sincerely,
---------------------------–
His Excellency
Thein Sein,
President of the Union of Burma, Naypyidaw
Dear President Thein Sein:
I am please we had an opportunity to see each other in Bali, at the U.S.-ASEAN Leaders Meeting two weeks ago. I am encouraged that under your leadership your country has undertaken several encouraging steps on the path toward reform.
I have asked Secretary of State Clinton to visit your country to discuss your vision for reform, explore how the United States can support and advance your efforts to transition to democracy and promote protection of human rights, and talk directly to your government and citizens about prospects for enhancing relations between our two countries. To that end, she will engage your government about our continuing concerns in the spirit of mutual interest and mutual respect. There is much work to be done, and as Secretary of State Clinton and I have said previously, the United States stands ready to serve as a genuine partner in your effort to achieve lasting change.
I appreciate your government's help in planning and preparing for this milestone visit. I look forward to hearing the tangible outcomes of Secretary Clinton's discussions, which we all hope will put us on a path to a new phase in our bilateral relationship.
Sincerely,
Ref:http://www.lankamsma.org
**မေမွန်ကျော်**
Sunday, November 27, 2011
မြန်မာပြည်သူလူထု အလွန်ဖတ်ရှုချင်နေသောအင်တာဗျူးတစ်ခု

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှန်တကယ် အနားယူ မယူ၊
လက်ရှိစစ်တပ်အပေါ် သြဇာငြောင်းမှု ရှိ မရှိ၊
ယနေ့ သမ္မတအပါအ၀င် အစိုးရအဖွဲ့ ဝန်ကြီးများနဲ့  တစ်နည်းမဟုတ်တစ်နည်း ထိတွေ့ 
မတွေ့ ...
ဒါတွေဟာ လမ်းဘေးလက်ဘက်ရည်ဝိုင်းတွေထဲအထိ အငြင်းအခုန် ဖြစ်ရလွန်းပါတယ်။
၂၀၀၈ အခြေခံဥပဒေရဲ့  ခေါင်းကိုင်ဖခင်ကြီးကို အင်တာဗျူးခွင့်ရရင် သိပ်ကောင်းမယ်။
ဦးသိန်းစိန်တောင် ဗျူးတွေ ပေးနေသေးတာဘဲ။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးနဲ့  တွေ့ ဆုံမေးမြန်းခွင့်ရဖို့  မီဒီယာတွေဘက်က
ကြိုးစားသင့်ပါတယ်။
( ကျွန်တော့်ဖေ့စ်ဘွတ်ခ်မှ ကူးယူပါတယ် )
--
**AMT**
11-mingalar,sanchaung
yangon
01510698, 092032925
Saturday, November 26, 2011
ဦးခင်ရွှေ (ဇေကမ္ဘာ) ၏ သတင်းစာဆရာများအပေါ် ပြင်းထန်စွာပုတ်ခတ်ပြောဆိုမှုအား ကန့်ကွက်ခြင်း။

သို့
နာယက
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်။
ရက်စွဲ။ ။ ၂၅ ၊ နိုဝင်ဘာလ၊ ၂၀၁၁။
အကြောင်းအရာ။ ။ ဦးခင်ရွှေ (ဇေကမ္ဘာ) ၏ သတင်းစာဆရာများအပေါ် ပြင်းထန်စွာပုတ်ခတ်ပြောဆိုမှုအား
ကန့်ကွက်ခြင်း။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ(ဇေကမ္ဘာ)သည် ၂၀၁၁၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် မြို့၊ ယုဇနဂါးဒင်း ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်း အဝေး၊ ခရီးသွားလုပ်ငန်းပြပွဲနှင့် ဓာတ်ပုံပြပွဲများ ပုဂံတွင်ကျင်းပမည့် အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းအနား တွင် သတင်းစာဆရာများ၏ ကျင့်ဝတ်နှင့် အတတ်ပညာဆိုင်ရာများအပေါ် ပြင်းထန်စွာပုတ်ခတ် ပြောဆိုခဲ့ပါသည်။
ယင်းပွဲတွင် ဇေကမ္ဘာဦးခင်ရွှေ ပြောကြားခဲ့သောစကား အချို့ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြလိုက် ပါသည်။
ဦးခင်ရွှေ ပြောစကားကောက်နှုတ်ချက်အချို့
““ .............. ယှဉ်ပြီးပြောရရင် အာဆီယံ+ဂျပန်မှာ ဘယ်သူမှအကောင်းမြင်ဝါဒနဲ့ ရေးတာတော်တော်နည်း တယ်။ အဆိုးမြင်နဲ့ရေးတာလောက်ပဲ သွားတွေ့ရတယ်။ ၀မ်းနည်းစရာကောင်းတာ နောက် ဒီဗွီဘီမှာတောင်မှ ကြား လိုက်ရသေးတယ်။ နောက်ဆုံး အန်ကယ် အနေနဲ့က သတင်းအဖွဲ့တွေအကုန်လုံးကိုရေးသင့်တာ မရေးသင့်တာလေး တွေ ကိုယ့်သားသမီးလိုသဘောထားပြီးဆုံးမတယ်။
အဲဒီိအချိန်မှာ ဒီဗွီဘီမှာ သတင်းအဖွဲ့ကို ဝေဖန်သွားတယ်။ ၀န်ကြီးချုပ်ရုံးနဲ့ပတ်သတ်လို့ ဘာညာဘာညာ ဆိုတဲ့ အဆိုးမြင်ပဲအသံ ကြားပြီး ကောင်းတာမမြင်ဘူး။ အားလုံးက မီဒီယာပေါ်မှာ မူတည်တယ်။ ကောင်းမွေ၊ ဆိုးမွေ ဆိုတာလဲ မီဒီယာပေါ်မှာမူတည်တယ်။ အခု တခါ အဲဒီ အပတ်တုန်းက စိတ်ပျက်သွားပြီးတော့ မီဒီယာကိုပြန်တွေ့ဖို့ တောင်မှ တော်တော်စိတ်ဓါတ်ကျသွားတယ်။ ပြည်ပကသူတို့ အလုပ်က ပြည်ပမီဒီယာက မကောင်းမြင်တာရေးဖို့က သူ့တာဝန်။ သူ့ အလုပ်သူလုပ်တာ။ တချို့ အပိုင်းလေးတွေ ၊ အဲ့ဒါကို ပြည်တွင်းက သတင်းအဖွဲ့ကပါ လိုက်ပြီးတော့ မကောင်းမြင် ရေးမှ ဂျာနယ်ရောင်းရမယ်ဆိုတဲ့ Idea မျိုးရှိနေရင်တော့အတွေးတွေလွဲနေပြီ။ မှားနေပြီ အတွေးတွေ အကုန်လုံးက။
ဘာလို့လဲ ရေးပေးရတော့မှာ နိုင်ငံကြီးတိုးတက်ဖို့ အတွက်၊ ဥပမာ နိုင်ငံတော်သမ္မတကြီး ဆိုလို့ရှိရင်လည်း ပြည်သူ့အသံ နားထောင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း ဂျာနယ်တွေဖတ်တယ်။ နားထောင်တယ်။ ပြီးတော့ ပြည်သူမကြိုက်တဲ့လုပ်ငန်းဆိုချက်ချင်း သူ ပြောင်းပေးတဲ့ အနေအထားမျိုးတွေရှိတဲ့အချိန်မှာ အဲ့ဒီတော့နိုင်ငံတော် အစိုးရကြီးလမ်းကြောင်းကသွားနေတဲ့လမ်းကြောင်းကြီး ဖြောင့်နေတဲ့လမ်းကြောင်းကြီးကောက်မသွားအောင်ရေးဖို့  တာဝန်ဟာ ဒီမှာရှိတဲ့မီဒီယာတွေရဲ့ တာဝန်ဖြစ်တယ်။
ခုဆိုလည်း မကြာသေးခင်က ဆွေးနွေးပွဲတွေလုပ်လာ ၊ လုပ်လာပြီးတော့ အခု ဒီဆွေးနွေးပွဲဆိုလို့ ရှိရင်လည်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက်။ ပြောပါပြီးကော ဘယ်လောက်ရှက်စရာကောင်းလည်း လာအိုဆိုလို့ရှိ ရင်လူဦးရေ ၆ သန်းပဲရှိတယ်။ ဒီနေ့ ခရီးသွားက ၂ သန်းနဲ့ ၃ သန်းကြား၊ လာအို နိုင်ငံသေးသေးလေး။ ကြည့်စရာ တစ်ရက်ကြည့်ရင် ပြီးသွားတဲ့တိုင်းပြည်မျိုးက ၂ သန်းကျော် ၃ သန်းလောက်သွားနေပြီ။ မြန်မာနိုင်ငံ ဟိုးထိပ်က ပူတာအိုကနေစပြီး ဒီ ထားဝယ်၊ မြိတ်၊ ကော့သောင်း ထိဆိုရင် တစ်လကြည့်လို့  ဘယ်လိုမှမကုန်နိုင်တဲ့တိုင်းပြည်။ သဘာဝအများကြီးရှိတဲ့နေရာ။ ၃ သိန်းပဲလာတယ်၊ ပြီးခဲ့တဲ့နှစ်က ၊ ဒီနှစ်တက်လာတယ်၊ ၃၀ ရာခိုင်နုန်း လောက် တက် လာတယ်။ နောက်ပိုင်းဆို အများကြီးတက်လာနိုင်တဲ့ အနေအထားရှိတယ်။
အဲ့ဒီတော့ ၀မ်းနည်းစရာပြောရလို့ရှိရင်တော့ ပြီးခဲ့တဲ့ အာဆီယံ + ဂျပန်တုန်းက အကျိုးအကြောင်းလေး ပြောပြပါတယ် ဧည့်သည်တွေများလာမယ် ၊ များလာတဲ့အတွက်ကို ဟုတ်လား ၀န်ကြီးချုပ်ရုံးလိုဟာမျိုးတောင်မှ ဟိုတယ်လုပ်ဖို့ ရှိပါတယ်ပြောတယ်။ အဲ့ဒါကို အန်ကယ် ထိုင်နေတဲ့အချိန်မှာ အဲ့ဒါဘယ်လိုလည်းဆိုတော့ ဟေ့ကောင် ငါပြောချင်တာ၊ ပြောချင်တဲ့အကြောင်းအရာက တစ်မျိုး။ ပြောချင်တာက တို့ဂုဏ်ယူပြီးတော့ ဧည့်သည်တွေ ဘယ် လောက် များများလာမလဲ။ လာတဲ့အတွက်တို့ ဘယ်လောက်ထိ လုပ်ဖို့။ ဒီလိုမျိုး အားတတ်သရော ပြောနေတဲ့ကာလ မှာမှ တခါတည်း နှိုက်နှိုက် ချွတ်ချွတ်လိုက်ပြီးတော့ ။ အား… ၀န်ကြီးချုပ်ရုံးကတော့မလုပ်သင့်ဘူးဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ ချလိုက်တာ ပွက်လောရိုက်ကုန်ကော။
နောက်တစ်နေ့မှာပဲ သမ္မတကြီးက သိတယ်။ သိတဲ့အချိန်မှာ သမ္မတကြီးက ဒါကြီးတော့ပြည်သူ့ အသံ ၊ ဒီမိုကရေစီရဲ့အနှစ်သာရ ဒါကြီးကို မလုပ်တော့ဘူး။ ရှေးဟောင်းကို တို့လွှဲကြရအောင် ဆိုတော့၊ အင်မတန် ဒါ သူ့ အနေနဲ့  ဒါ စဉ်းစားပြီးလုပ်လိုက်တယ်။ ကောင်းပါတယ်။ ဒါပေမယ့် ပြောချင်တာက တမျိုး ၊ အဆိုးမြင်က တစ်မျိုးနဲ့ ဖောက်ထွက်သွားတာလေးတွေမြင်ရတယ်၊ အခုလည်းပြောနေမှာပဲ၊ အဲ့ဒီထဲကနေပြီးတော့ ဘယ်ကောင်ကဆိုးပြီး ဘယ်ကောင်က ငါ့အတွက် လုပ်နိုင်လည်းဆိုပြီး သွားတယ်။ အခုဆိုရင် သတင်းတစ်ပုဒ် စောစောကပဲ ဂျာနယ် တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဘယ်ဂျာနယ်လည်း ဆိုတော့ အဲ့ဒီမှာဖတ်လိုက်ရတယ်။ ခေါင်းစဉ်က ဘာလည်းဆိုတော့ ၀န်ကြီးများ ရုံးကို ဘာလည်းမသိ ဘယ်ပေတံနဲ့ တိုင်းမလဲဆိုတာ။
အဲ့ဝန်ကြီးများရုံးဟာ ဗြိတိသျှက သူရဲ့ နန်းတော်လုပ်ခဲ့တယ်တဲ့ အဲ့မှာရေးထားတယ်။ ခုပဲ ဖတ်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း မကျခင် နှစ်လ၊ သုံးလလောက်က၊ နှစ်လသုံးလလောက်ပဲ သူကရုံးထိုင်လိုက်ရတာ ဟိုးတုန်းက ဗမာတွေ အဲ့ဘက်ကိုဝင်ခွင့်မပေးတဲ့ နေရာတွေ။ အဲ့တာကြီးကိုမြန်မာတွေကနေပြီးတော့ ထိန်းရမလား။ အင်္ဂလိပ်က ထိန်းရမလား။ ကိုယ်အုပ်ချုပ်ဖို့ လုပ်သွားတဲ့ ရုံးကြီးရဲ့ အနေအထားကို ပြတိုက်အနေနဲ့ လုပ်စားရမယ်။ ဒါပေမယ် ထိန်းသိမ်းဖို့တာဝန်က တို့တာဝန်လား အင်္ဂလိပ်ရဲ့တာဝန်လား။ အင်္ဂလိပ် ကျေးကျွန်လုပ်လာခဲ့တဲ့ နေရာကြီးကို သုံးခါ သိမ်းလာခဲ့တဲ့နေရာကြီးကို ပြမလား။ ဒါမှမဟုတ်ဘယ်သူကထိန်းမလဲ။
နိုင်ငံတော်က ထိန်းမယ်ဆို သိန်းငါးထောင်တစ်သိန်းမျိုး ကုန်မယ်။ အဲ့ဒါလည်း ဘယ်သူပိုက်ဆံလည်း နိုင်ငံ တော်ရဲ့ပိုက်ဆံတွေ ဖြစ်တယ်ဘာညာနဲ့ အဲ့မှာရေးထားတာလေးတွေတမျိုးပေါ့။ အမြင်ချင်းက ပေတံချင်းက..။အဲ့မှာမှ တစ်ခါတည်း မရေးပါနဲ့လိုပြောထားတာကိုမီးမောင်းထိုး ရေးလိုက်တဲ့အချိန်မှာ တချို့ကလည်း ကြားပါတယ်။ ငါ အသက်ပေးလို့ ကာကွယ်မယ်။ ဒါကြီးမထိအောင်ဆိုတဲ့ပုံစံမျိုး။ အသက်ပေးစရာ မလိုပါဘူး တစ်ယောက်တစ်သိန်းစီ ထည့်ကြဦး။ ထည့်ပြီး ဒါကြီးကို တို့ maintaines လုပ်မယ်ဆို။ အဲ့ဒီလူတွေ လာမှာမဟုတ်ဘူး။ တစ်သိန်း လာထည့်မှာ မဟုတ်ဘူး။ အသက်သာပေးကြမှာ။ တကယ့်တကယ်ကြတော့ တစ်သိန်းထည့်မှာ မဟုတ်ဘူး။ဆိုတော့ ပုံစံက အမျိုး မျိုး။ ဘာလို့လည်းဆိုတော့ အကောင်းမြင်အဆိုးမြင်ရှိကြတာကိုး။ အဲ့ဒီတော့ အဆိုးမြင်နည်းနဲ့ သွားတယ်။ တစ်ဖက်က ပြန် ကြည့်ရင်လည်း ဒါကြီးကို ဘယ်လိုလုပ်မလဲ။
ဟိုတစ်ပတ်ကလည်းပြောလိုက်သေးတယ်။ ဒါကြီးက ကျားတောင်မွေးလို့ရသေးတယ်။ တောတွေတော်တော် ထူနေတယ်။ landscape ကောင်းကောင်းနဲ့ ပြစားမယ်လို့။ အဲ့တာကြီးကိုပြောလိုက်ကာမှ ကျားမွေးလို့ရတယ် ဆိုတဲ့ အဆင့်ထိကို တခါတည်း မကောင်းမြင်ပြောသွားပါတယ်ဆိုပြီး ဦးခင်ရွှေကိုချပြန်ရော ၊ ချတာမှ ကောင်းတာလေးတွေ ပြောနေတာ ဥပမာလေးတွေပြော နေတာကနေ ချတယ်။ အဲ့ဒီတော့ သတင်းဆိုတာ နှိုက်နှိုက်ချွတ်ချွတ်နဲ့ ဖဆပလ ခေတ်ကလို နာမည်ကြီးတဲ့လူပြောတာကို အနောက်က နေလိုက်ချတာ သတင်းမဟုတ်ပါဘူး။ ဟိုမှာ မီးခွက်မှုတ်တဲ့ ဦးဘရွှေတို့  မီးခွက်မှုတ်တာကိုချတာသတင်းမဟုတ်ပါဘူး။ ဒါတွေအကုန်လုံးက အဲ့ဒီခေတ်ကြီးကလည်းကုန်ခဲ့ပြီ။ နာမည်ကြီးတဲ့လူကိုလိုက်ပြီး ဗြင်းတာ အဲ့ဒီခေတ်ကြီးကကုန်ခဲ့ပြီ။ အခုကတိုင်းပြည်ကတိုးတက်အောင် သွားရတော့မယ် ကာလရောက်ပြီ ။ ရောက်တဲ့အချိန်မှာ သတင်းရဲ့အထောက်အကူလိုချင်လို့ ဒီပွဲမျိုးလုပ်တာ။
တစ်ခါက နှစ်ခါ နှစ်ခါက သုံးခါ ဖြစ်လာရင် သတင်းအပေါ်ယုံကြည်မှုလုံးဝနည်းသွားလိမ်မယ်။ နည်းရင်အခုလို ပေါ့။ ထိုက်ထိုက်တန်တန် လူကြီးမင်းတို့ကိုခေါ်ကျွေးမွေး။ ပြီးခဲ့တဲ့ ဆီဒိုးနားမှာဆိုရင် ခေါ်တယ်၊ ကျွေးမွေးတယ်၊ စာအုပ်တွေပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ သတင်းတွေပြန်ကြည့်လိုက်တာ ဘယ်မဂ္ဂဇင်းမှာမှ အာဆီယံ၊ ဂျပန်ကိုမရေးခဲ့ဘူး။ အေး…မကောင်းတဲ့အမြင်လေးနဲ့ပဲ ဖတ်ခနဲ တစ်နေရာ ၊ နှစ်နေရာမှာတွေ့လို့ ဦးဇင်ယော်ကြီးကို (ဇင်ယော်မောင်မောင်) တစ်နေ့ကဆိုရင် ဦးဇင်ယော်ကြီးရာ ခင်ဗျား ကြည့်ပါဦး….. ခင်ဗျားတို့ သတင်းအဖွဲ့တွေ ဒီလောက်တောင် နိုင်ငံတော်အတွက် အရေးကြီးတဲ့ကဏ္ဍ အာဆီယံ။ ဂျပန်ပေါင်း ၆၀ ကျော် အာဆီယံနိုင်ငံ ၁၀၀ ကျော်လာတဲ့ ဒါကြီးကို တစ်ယောက်မှ မရေးဘဲနဲ့ မဟုတ်က၊ဟုတ်ကတွေရေးတယ်ဆိုတည်းက တော်တော်လေးကို စိတ်ဓာတ်ကျဖို့ကောင်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဒီကောင်းတာမမြင်တဲ့ သဘောမျိုးသွားဖြစ်နေတယ်။ နိုင်ငံတော် ကသွားနေတဲ့လမ်း ကြောင်း၊ ကောင်းတာပဲ အကောင်းလို့အသိအမှတ်မပြုတဲ့ သဘောမျိုးသာဖြစ်နေတယ်။
မိမိ အချိန်တွေကုန်တယ်။ ငွေဆို သိန်း လေးငါးရာ ကုန်တယ်။ တစ်ယောက်တည်းချရတာ။ ကုန်ပြီးတော့ ဘာကြောင့်လုပ်လဲ ဆို တိုင်းပြည်အတွက်လုပ်တာ အတ္တဆန်ချင်မှတော့ ဗျုးတစ်ခုမှာပြောထားပါတယ်။ ဟိုညီလာခံ တုန်းကဆို နှစ်နဲ့ချီသွားတက်ရတယ်။ ပြီးတော့မှ အခုဆို လွတ်တော်ဆိုရင် အခုဆိုရင် လနဲ့ချီတက်တာ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိထိုင်နားတောင်ရတယ်။ နောက် ကိုယ်ပိုက်ဆံနဲ့ကိုယ်။ အဲ့ဒီကပေးတာမှ တစ်လမှ လွတ်တော်ကိုယ်စားလှယ်ဖြစ်တာ ၃ သိန်းပဲပေးတာ။ တစ်နေ့သုံးတာ ၄ သိန်းနဲ့ ကိုယ်.. ကိုဥာဏ်ဝင်းတို့ဆီမှာ သွားငှား နေတာ။ ဟိုတယ်နေတယ်။ တစ်နေ့ ၄ သိန်းနဲ့နေတာ ။ ဘာကြောင့်လည်းဆိုတော့ ၀ိုင်းပြီးတော့ ဒီမိုကရေစီ ကို သွားတဲ့ လမ်းကြောင်းမှာ အားလုံးမျှမျှတတနဲ့ ဆင်းရဲမှု ပပျောက်ရေး၊ အလုပ်အကိုင်ရရှိရေး အတွက်ကို။
ဟို.. ဗျူး တစ်ခုမှာ ဟိုတစ်လောကပဲ ဗျုးလိုက်ပါတယ်။ NLD ၀င်ဖို့မ၀င်ဖို့ ကိစ္စ။ အန်ကယ်တို့ အနေနဲ့ ၀င်တွန်းတာ။ အတ္တဆန်ချင်မှတော့ ကိုယ့်ပိုက်ဆံတွေနဲ့ကိုယ် စင်ကာပူမှာသွားပြီး သွားနှပ်နေလို့ရတယ်။ အမေရိ ကား သွားနှပ်နေလို့ရတယ်။ ဒီမှာ အပင်ပန်းခံပြီးတော့။ ပိုက်ဆံတွေ အကုန်အကျခံပြီးတော့၊ ပွဲတွေတက်ပြီးတော့ အခုဆို ဒီလိုပွဲမျိုးတွေလုပ်ပြီးတော့ လုပ်တယ်ဆိုတည်းကိုက သာမန်လူတစ်ယောက်တွန်းတာနဲ့ကို အန်ကယ်တို့ အနေနဲ့ ဆယ်ယောက်စာတွန်းနိုင်လို့ သွားထိုင်တာ။ လွတ်တော်မှာသွားထိုင်တာ။
အန်ကယ်တို့ထက်ကို ဒေါ်အောင်ဆန်းစုကြည် ၁၀ ယောက်စာတွန်းနိုင်ပါတယ်။ ဒါကြောင့် ၀င်လာပါဆိုတဲ့ သဘောမျိုး။ ဟိုနေ့ကပဲအင်တာဗျူးတစ်ခု ဗျူးတာ။ သူ့လယ်ဗယ်( Level ) နဲ့ သူတွန်းနိုင်တဲ့ လယ်ဗယ်တွေရှိတယ်။
အဲ့တော့ အန်ကယ်တို့လို စီးပွားရေးသမား များများစားစားမရှိပါဘူး။ လွှတ်တော်မှာ။ အန်ကယ်နဲ့ ဦးဌေးမြင့်နဲ့ နှစ်ယောက်ပဲ ရှိတယ်။ ဒါကော်မတီရဲ့ ဥက္ကဌရဲ့နှစ်ယောက် သွားရှိတယ်။ ဒါပိုတွန်းနိုင်တယ်။ ပိုပြောနိုင်တယ်။ သူများ ပြောတာထက်ပိုပြောနိုင်လို့။ အချိန်တွေ ငွေတွေ အကုန်ခံပြီး လုပ်ခြင်းဖြစ်ပါတယ်။ နောက် ဒီ MTB လုပ်တယ်ဆိုတာ လည်း ရေးကြတာပဲ။ အာဖျံကွီးတို့ ၊ ဘာတို့ ညာတို့ ကအစ ။ အကြံအဖန်လုပ်ချင်လို့လုပ်တယ်ဆိုတာ။
အားလုံးသိပါတယ်။ အထဲဝင်လာကြည့်ပါ။ ကိုယ့်ရဲ့အချိန်တွေ၊ငွေတွေ ဘယ်လောက်ထိ ကုန်တယ်ဆိုတာ။ ဒီပေါ်မှာ တပြားတချပ်မှ လုပ်တဲ့လူတွေအားလုံးဟာ မရဘူး။ မလုပ်ဘဲနေလည်းရတဲ့ပုဂ္ဂိုလ်တွေ ချည်းပဲ အကုန်လုံး။ ကိုယ့်ဟာကိုယ်စားနိုင်တဲ့ပုဂ္ဂိုလ်ချည်းပဲ။ နိုင်ငံခြားမှာ သွားပြီးတော့ မီလျှံနာ ဆိုတဲ့နာမည်ခံပြီးနေနိုင်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံး လုပ်နေကြတဲ့အနေအထား။ ဘာကြောင့်လုပ်လဲဆိုတော့ မြန်မာနိုင်ငံကို ခရီးသည်တွေလာကြမယ်။ လာကြတဲ့အခါကျရင် ဈေးရောင်းတဲ့ လူတွေကအစ။ လမ်းဘေးကလူတွေကအစအကုန်လုံး အလုပ်အကိုင်တွေရ သွားကြမယ်။ ၃သိန်းကနေပြီး ၃သန်းလောက် ဖြစ်လာတဲ့အခါ ကျလို့ရှိရင် အကုန်လုံးအလုပ်အကိုင်နဲ့ စားဝတ်နေရေး တွေ ပြေလည်မယ်။
မီဒီယာဆိုရင်လည်း မီဒီယာကအကုန်လုံးရသွားစေချင်တဲ့ဆန္ဒလေးတစ်ခုနဲ့ ကိုယ့်ကိုကိုယ်အတ္တမဆန်ဘဲနဲ့ ဒီထဲ ၀င်လုပ်နေခြင်း ဖြစ်ပါတယ်။ ဒါလေးကိုတော့နဲနဲအသိအမှတ်လေးပြုပေးကြပါ။ဘာကြောင့်လုပ်လဲဆိုတာ အားနေ လို့ အားအား ယားယားလုပ်တာလည်း မဟုတ်ဘူး။ နော်။
နောက်။ အဓိကအားဖြင့်ပြောရရင်တော့ ဟိုတယ်ဝန်ကြီးဋ္ဌာနရဲ့ဝန်ကြီး၊ အားကစားဝန်ကြီးဋ္ဌာနရဲ့ဝန်ကြီး။ နှစ်ဌာနကိုကိုင်ထားတဲ့ ၀န်ကြီးဆိုရင်လည်း အန်ကယ်တို့စီးပွားရေးသမားထဲကနေပြီး ၀န်ကြီးဖြစ်သွားတာ။ သူ့ခမျာ ၀န်ကြီးဖြစ်တဲ့အတွက်ကြောင့် အန်ကယ့်အနေနဲ့ ဖိုးကပ်စ်လုပ်ရရင် အခုဆို ၆လမှာ သူ့ရဲ့ကိုယ်ပိုင်ဝင်ငွေ မသုံးဘူး ဆိုရင် သိန်း၁သောင်းအနည်းဆုံးသုံးပြီးသွားပြီ။ ဘာဖြစ်လို့ လဲဆိုတော့ ပြီးခဲ့တဲ့နေပြည်တော်မှာ မဏ္ဍပ်တွေဆောက် တယ်။ သူ့ပိုက်ဆံနဲ့သူဆောက်တယ်လေ။
ဘာလုပ်လုပ်သူ့ပိုက်ဆံနဲ့သူ။ ဘာကြောင့်ဝန်ကြီးကကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်ရသလဲဆိုတော့ ….။ ပြချင်တာ။ ကိုယ့်သမိုင်းကိုယ် ရေးချင်တာ။ ငါ့သမိုင်းမှာ ငါဘယ်လောက်ထိကောင်းအောင်လုပ်ခဲ့လဲ။ အန်ကယ်ကိုယ်တိုင်လည်း သမ္မတကြီးကို သွားပြောတယ်။ သမိုင်းရေးချင်လို့ ကျွန်တော်တို့ဒီထဲဝင်လာတာ။ ကျွန်တော်တို့က ငွေမလိုဘူး။ သိန်း ၅သောင်းမျိုး၊ ၁ သိန်းမျိုး လာဘ်လာဘ လာပေးလည်း အန်ကယ်တို့မလိုဘူး။ ဘ၀မှာလုံလောက်သွားပြီ။ ဘာပဲဖြစ်ဖြစ် ထိုင်နေလို့ရပြီ။ သားစဉ်မြေးဆက် စားလို့လည်း မကုန်တော့ဘူး။ ဒါပေမယ့် တဖက်မှာ တာဝန်ကျေချင်တယ်။ တိုင်းပြည်အတွက်ကိုသမိုင်းရေးပြချင်လို့ ဒါတွေလုပ် ခြင်းဖြစ်ပါတယ်။
လုပ်ငန်းတစ်ခု လုပ်တိုင်းလုပ်တိုင်းမှာ စီးပွားရေးအရ အင်တာဗျူးဆိုလည်းအများကြီးပဲ။ ကိုတေဇတို့၊ ကိုဇော်ဇော်တို့ဆို ဟိုဟာ လည်းသူ၊ ဒီဟာလည်း သူဆိုရင်၊ အန်ကယ်ပြောလိုက်တာတစ်ခုပဲရှိတယ်။ လုပ်နှိုင်တဲ့သူ လက်ထဲကို လုပ်မယ့် လုပ်ငန်းရောက် သွားတာပဲ ဖြစ်တယ်။ လူ တစ်ယောက်ဟာ အလုပ်မရှိရင် ကိုယ့်ရဲ့စားဝတ် နေရေးအတွက် သိပ်ဒုက္ခရောက်ပါတယ်။ အဲဒီတော့ သူ့အတွက်ကို အလုပ် တစ်ခုပေး လိုက်ရင် စားဖို့လေးရှိမယ်။ ကလေးကျောင်းထားဖို့ရှိမယ်။ အဲဒီအတွက်သူ့ကိုနောက် တစ်ခုပေးလိုက်ရင် သူ့ကိုနိမ္ဗာန် Pluses လို့မသုံးဘူး။ Minusလို့သုံးမယ်။ လုပ်ငန်းများလေများလေ သူ့အတွက် Minus ဖြစ်ပြီးတော့ သူ့အတွက် အချိန်တွေ …………………..
…………… အန်ကယ်တို့လုပ်ငန်းတွေလုပ်တယ်။ ဥပမာ-ပြောကြတယ်။ ဘိလပ်မြေစက်ရုံ ဘီးလုံးကြီးကိစ္စ။ ဒေသဖွံ့ဖြိုးရေးအခန်းကိုသွားလုပ်တယ်။ ဒါကြီးဆို သန်း၁၅၀-၂၀၀လောက်ရှာဖွေရတာတစ်မျိုး၊ ပြဿနာကသောင်း ခြောက်ထောင်ကတစ်မျိုး၊ ဒီပေါ်မှာ အတ္တဆန်ဆန် နိုင်ငံရေး ပယောဂတွေ၊ မီဒီယာ ပယောဂတွေက ၀ိုင်းတိုက်တာ ကတစ်မျိုး။ မလုပ်ရင်ဘာဖြစ်လဲ၊ မလုပ်ရင်ပိုပြီးနိဗ္ဗာန်ရောက်နိုင်တယ်။ လုပ်တဲ့အတွက် ငရဲရောက်တာ။ အများ အတွက်ကို မလုပ်ပဲမနေနိုင်လွန်းလို့ဝင်လုပ်ကြတာ။ ဒီအချိန်မှာ မီဒီယာလက်နက်နဲ့ဝိုင်းပြီးတော့ ကောင်းတဲ့လမ်း သွားရာကနေ ပြီးတော့ ၀ိုင်းပြီးတွန်းချမယ်၊ ချောက်ထဲတွန်းချမယ်ဆိုရင် မီဒီယာကလည်းတာဝန်ကျေမှာမဟုတ်ဘူး။ ပြီးတော့မှ ကိုယ့်ဟာကိုယ်ပိုက်ဆံရအောင်ရှာ။ ပြီးတော့ အတိုင်းအတာတစ်ခုထိရောက်ပြိးတော့ အိမ်မှာပဲ ကားနဲ့နေ မယ်။ ဂေါက်သီးရိုက် နေမယ်။ ပြီးတော့မှ နိုင်ငံခြားလေးထွက်မယ်။ သွားနေမယ်ဆိုရင် အန်ကယ်တို့လို စီးပွားရေး တစ်ယောက်အနေနဲ့လဲ တာဝန်ကျေမှာ မဟုတ်ဘူး။ တိုင်းပြည်အတွက်။
အဲ့တော့ ဒီနေ့နိုင်ငံတော်မှာလုပ်နေတဲ့ စီးပွားရေးသမား လက်ထောင်ရေလို့ရပါတယ်။ အားလုံးဟာ လုပ်မယ့်သူမရှိလို့ ကိုယ့် ဒုက္ခကိုယ်ရှာပြီးလုပ်တာ။ အကုန်လုံးမေးကြည့်လိုက် ခင်ဗျားတို့ပျော်နေကြသလားလို့။ မပျော်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘီးကြီးလိုပဲ။ ဘီးကြီးပေါ်ရောက်ပြီးတဲ့အချိန်မှာ အဲ့ဒီဘီးကြီးဟာ ရပ်လို့မရလို့ လည်နေရတဲ့ အနေအထားများသာရှိတယ်။ ဒါကြောင့် မိမိရဲ့ အမြင်လေးတစ်ခုတည်းနဲ့ ခုနကလိုပေါ့ ၀န်ကြီးများရုံးကို အမြင်လေးတစ်ခုနဲ့ပြောမဲ့အစား အမြင်တွေကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့ လိုတယ်။
အခုလဲ မဲခေါင်ရဲ့ ခရီးသွားပြပွဲ ဓာတ်ပုံတွေ ဘာတွေညာတွေပြတဲ့အချိန်မှာလည်း နိုင်ငံတော်အတွက် အများကြီးကောင်းတဲ့ပြပွဲကြီး။ နောက်မဲခေါင်ဒေသမှာရှိတဲ့ တကယ့်ပုဂ္ဂိုလ်တွေခေါ်ပြီးပြမယ်။ ပုဂံကဘယ်လို၊ နိုင်ငံက ဘယ်လို။ ပြီးခဲ့တဲ့ အာဆီယံမှာလဲ ဂျပန်ကအစ လက်ခံသွားတယ်။ မြန်မာနိုင်ငံဟာ တကယ်တမ်းလာပြီးကြည့်ရင် တကယ်တမ်းအေးချမ်းတယ်။ သာယာတယ်ဆိုတာ သူတို့လက်ခံတယ်…………
………. ပြည်ပမှာ မြန်မာနိုင်ငံဟာ ချို့နဲ့နေတဲ့အခါကျတော့ မြန်မာနိုင်ငံကနေ တစ်နေရာကိုသွားပြီး တစ်ပတ် လောက်နေလိုက်တာနဲ့ သတင်းစာဖတ်လိုက်တာနဲ့ ဟာ…. မြန်မာနိုင်ငံမှာ ကေအိုင်အေကပဲ ရန်ကုန်မြို့အထိ ရောက်နေပြီ…ဘာကဘာဖြစ်နေပြီ ကြောက်ခမန်းလိလိသတင်းတွေက ကြားနေရတယ်။ တကယ်တမ်းကျတော့ ဒီထဲမှာ ကြည့်လိုက် ဘယ်လောက်အေးချမ်းနေလဲအားလုံး သတင်းသမားတွေအသိပါ။ နယ်စပ်ကအစ ကြိုက်တဲ့ဆီ သွားနိုင်တဲ့ အနေအထားမျိုးတွေရှိပါတယ်။
ဒါကြောင့်မို့ သတင်းဆိုတာ မဟုတ်တာရေးမှ သတင်းမဟုတ်ပါဘူး။ ဟုတ်တာလေးတွေလဲ တိုင်းပြည် အတွက် တစ်ဖက်ကနေ ပြန်ပြီးတော့ အထောက်အကူဖြစ်ဖြစ်ပြန်လုပ်ကြပါ။ နောက်တစ်ခုက မိမိအမြင်လေးတွေပေါ့ ဒီ့ထက်ထိ ကိုအမြင်လေးတွေ ကောင်းလာအောင် ခဏခဏလဲပြောတယ်။ အန်ကယ်တို့က စာအုပ်တစ်အုပ်ဖတ်ပြီ ဆိုရင် ပိုက်ဆံ ပေးပြီးဖတ်ရတဲ့အတွက် တန်အောင် ကိုယ့်ထက်တတ်တယ် ဒီမှာရေးတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးဟာ ငါ့ထက်တတ်တယ် လို့ယူဆလို့ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပြီးဖတ်ခြင်းဖြစ်ပါတယ်။ အန်ကယ်တို့ဒီမှာ စီးပွားရေး သမားတွေရော အခု ဒီမှာရှိတဲ့ပုဂ္ဂိုလ်တွေထက်တတ်အောင် ကြိုးစားပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်တို့ အနေနဲ့ ပိုက်ဆံကုန်ရကျိုး နပ်ပါတယ်။ ဒီစာရွက်ဖတ်ပြီးတော့ ကုန်ချင်ပါတယ်။ တန်အောင်လဲကုန်ချင်ပါတယ်။ တန်အောင်လည်း မိမိတစ်ဦးချင်း တစ်ဦးချင်းကလည်း ထိုက်ထိုက်တန်တန်လေးတွေရေးပေးပါလို့ ကျွန်တော်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။
အဲ့တော့ ကျွန်တော့်အနေနဲ့ နိဂုံးချူပ်ရလို့ရှိရင် ဒီကနေ့ အင်မတန်ကံကောင်းစွာနဲ့ လွတ်တော်က ဒီနေ့ တစ်ရက်နားတဲ့ အတွက်ကြောင့် လာရောက်တွေ့ဆုံခွင့်ရတဲ့အတွက်ကြောင့်လည်း အများကြီးကျေးဇူးတင်ပါတယ်။ အခုဆိုရင် နိုင်ငံတော်ဟာ ကောင်းတဲ့ လားရာကို ရွေ့နေပါပြီ ။ စီးပွားရေးရော၊ လူမှုရေးရော၊ ခုနတုန်းက အကုန်လုံး ရွေ့လျားနေတဲ့အချိန်မှာ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းအဖွဲ့တွေ အားကိုးပါရစေ။ အဲ့တော့ တကယ်တမ်း မကောင်းရင် လဲ မကောင်းတာပေါ့။ လမ်းလေးတည့်တည့်သွားနေတုန်း တွန်းလိုက်လို့ ဘေးရွေ့တာထက်စာရင် ဘေးကိုရွေ့နေတာ လေးကို အလယ်ကိုပြန်တွန်းဖို့ပဲအရေးကြီးတယ်။
ဒီတော့မှ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတကယ်အလုပ်လုပ်ပါ။ တည့်တည့်သွားနေတာကို တွန်းနေမှတော့ တည့်တည့်မသွားပဲဘေးများစောင်းသွားရင် အန္တရာယ်သိပ်ကြီးပါတယ်။ ဒါကြောင့် စတုတ္တမဏ္ဍိုင်ဟာ အရေးကြီးပါတယ်။ ဒါကြောင့်မိမိတို့အမြင်တွေအတွေးအခေါ်တွေအားလုံးကိုတော့ကျွန်တော်တို့ဖတ်နိုင်အောင်လို့ ကျွန်တော်တို့ထက် တော်အောင်လုပ်ကြပါလို့ ပြောကြားရင်း နိဂုံးချူပ်အပ်ပါတယ်။””
ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပြီး နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ တံဆိပ်များ ရရှိထားကာ မြန်မာနိုင်ငံဟိုတယ်နှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ (MTB)ဥက္ကဌ၊ ဂျပန်-မြန်မာလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ လည်းဖြစ် သည့် ဦးခင်ရွှေ(ဇေကမ္ဘာ) ၏ အထက်ပါပြောစကားများတွင် သတင်းမီဒီယာများအပေါ် ပုတ်ခတ်သည့်စကားလုံးများ ထည့်သွင်း ပြောကြားခြင်းသည် စတုတ္ထမဏ္ဍိုင်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည်ဟု ရှုမြင်ပါသည်။
သတင်းစာဆရာများအနေဖြင့်ဝေဖန်အကြံပြုပြောဆိုခြင်းအပေါ်ကြည်ဖြူစွာလက်ခံနိုင်သော်လည်း အထက်ပါ ကဲ့သို့ပြောဆိုခဲ့ခြင်းသည်သတင်းစာဆရာများ၏ကျင့်ဝတ်နှင့် အတတ်ပညာဆိုင်ရာများကို ၄င်း၏အမြင်ဖြင့် လက်လွတ် စပယ် ပုတ်ခတ်ခြင်းပင်ဖြစ်သည်ဟု သုံးသပ်ပါသည်။
သို့ဖြစ်ပါ၍ ဦးခင်ရွှေ၏ပုတ်ခတ်ပြောဆိုခြင်းအပေါ် သတင်းစာဆရာများမှ ကန့်ကွက်ပါကြောင်း လက်မှတ်ရေး ထိုးပါသည်။
သတင်းစာဆရာများ
(မှတ်ချက်။ ။ ကန့်ကွက်စာ၊ ကန့်ကွက်ကြောင်း လက်မှတ်စာရင်းများနှင့်အတူ ၎င်းပြောကြားခဲ့သည့် အသံဖိုင် မူရင်း စီဒီအား ပူးတွဲပေးပို့အပ်ပါသည်)
မိတ္တူကို -
- သမ္မတ၊ နိုင်ငံတော်သမ္မတရုံး
- ဥက္ကဌ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ
- ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- ၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ
- ဥက္ကဌ၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့
- ဒုတိယဥက္ကဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
--
**Posted By လူဗိုလ်**