ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label interview. Show all posts
Showing posts with label interview. Show all posts

Sunday, March 23, 2014

==လူထုကျန်းမာရေး ( ကြံရည်၏ ကျန်းမာရေးအာနိသင်များ(==

**Public health**

 ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝအရည်ဖြစ်ပြီးသကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။

+ကျန်းမာကြံ့ခိုင်စေပါတယ်+

 ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

 +အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်+

 ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို တချို့က ဆိုပါတယ်။

 +ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်+

 ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

 +စွမ်းအင်ရရှိစေပါတယ်+

 ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။

+ ရေဓာတ် ပြည့်ဝစေပါတယ်+

ပူပြင်းတဲ့ရာသီဒဏ်ခံရရင်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုကိုကြာကြာလုပ်ရင်ကြံရည်ကို သောက်သင့်ပါတယ်။ ဒါကခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေပါတယ်။အထူးသဖြင့်ဆော်ဒါလိုအချိုရည်တွေအစားကြံရည်ကို သောက် သင့် ပါတယ်။

+ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်+

 ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။  

+ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်+ 

ကြံရိုးဟာဆီးလမ်းကြောင်းကိုသန့်စင်စေပြီးကျောက်ကပ်တွေကိုလုပ်ငန်းဆောင်တာကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ကြံရိုးဟာဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။ 

 +သက်လုံကောင်းစေပါတယ်+

 ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။ 

+ဝမ်းမှန်မှန်သွား စေပါတယ်+

 ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။ s

ource>>> http://myawady.net.mm/mwdhealth/index. shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_3116.html#more

Read More...

Friday, March 30, 2012

စသုံးလုံးတွင် စစ်ဆေးနေစဉ် ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

(မနန်းဝိုးဖန်)


by Yangon Press International on Monday, March 26, 2012 at 8:54pm ·

မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

(ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်ဇာတိ အသက်၁၉ နှစ်အရွယ်မနန်းဝိုးဖန် သည် ယုံကြည်အပ်နှံ မှု ပုဒ်မ ၄၀၆ နှင့်ပတ်သက်သည့် ကိစ္စဖြင့် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တွင် အစစ်အဆေးခံယူနေစဉ် ပြီးခဲ့သည့် ၂၄ ရက်နေ့ နံနက်ငါးနာရီက အဆောက်အအုံ ပဉ္စမထပ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင်များ ရန်ကုန်မြို့သို့ လာရောက် နေဆဲဖြစ်ရာ သေဆုံးရသည့် အဖြစ်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးသော်လည်း ၎င်းနှင့် အတူ စစ်ဆေးခံခဲ့ရသူ သူမ၏ရှေ့နေ ဒေါ်အိအိအောင်အား YPI မှ အကျိုးအကြောင်းကို ဆက်သွယ်မေးမြန်းထားခြင်းကို ဖေါ်ပြလိုက်ပါသည်။)



YPI ။ ။ အစ်မတို့ကိုဘယ်နေ့က ခေါ်သွားတာပါလဲ။

ဒေါ်အိအိအောင်။ ။၂၁ ညနေကပါ။

YPI ။ ။ဘာကိစ္စနဲ့ခေါ်သွားတာပါလဲ။

ဒေါ်အိအိအောင်။ ။ ဘာကိစ္စလဲဆိုတော့ စီပွားရေးလမ်းကြောင်းလို့ အဲဒီနန်းဝိုးဖန်က သူ့အမျိုးသားရယ်သူရယ် နှစ်ယောက်က အိမ်ခြံမြေတွေဝယ်ထားတယ်။ နန်းဝိုးဖန်နာမည်နဲ့ပါဘဲ ။ သူဝယ်တဲ့အိမ်တွေခြံတွေမှန်သမျှက Unity ကုမ္မဏီက အကျိုးဆောင်ပြီးဝယ်ထားတာ။ အကွက်က တော်တော်များတယ်၂၇ ကွက် ၂၈ ကွက်လောက်ရှိတယ်။ အဲဒါနဲ့ပါတ်သက်လို့ မေးစရာရှိလို့ ဖြေရှင်းပြရုံပါဘဲ ခဏပါဘဲလို့ဆိုပြီးခေါ်သွားတာပါရှင့်။



YPI ။ ။အစ်မကိုရောဘာကြောင့်ခေါ်သွားတာပါလဲ။

ဒေါ်အိအိအောင်။ ။ ဟုတ်ကဲ့ပါရှင့် အစစ်အဆေးခံစာရရှိတယ်။ မ၀ိုးဖန်ကနေပြီးတော့ သူ့ရဲ့အလုပ်သမား ကိုကိုဆိုတာရှိတယ်လေ။ အဲဒီကိုကိုနဲ့ပါတ်သက်လို့ သူရဲ့အိမ်ခြံမြေတွေကို အဲဒီလူက အလွဲသုံးစား လုပ်ထားတာရှိတယ်။ အဲဒါနဲ့ပါတ်သက်လို့အမှုဆွဲထားတော့ ။အဲဒီိတရားခံကို ၄၀၆ နဲ့အမှုဆွဲထားတာ။ ဆွဲတာတော့ကြာပြီ ဒါပေမယ့် တရားခံကမမိဘူး တရားခံပြေးဖြစ်နေတယ်။အဲဒီမှာ တရားခံပြေး အနေနဲ့ဆွဲပေးပါလို့ပြောတယ်။ ပြောတဲ့အခါကျတော့ အဲဒီမှာ လှိုင်သာယာက ဒုရဲအုပ်ကိုကိုဇော်က နေပြီးတော့ခေါ်တွေ့ပါတယ်။ အဲဒီမှာ စီပီ ကိုယ်တိုင်က သူ့ရုံးကို ဆက်ဆက်လာခဲ့ပါတဲ့ နန်းဝိုးဖန်နဲ့ ဒေါ်အိအိအောင်ကို တွေ့ချင်လို့ပါ တဲ့ ဘာကြောင့်တွေ့ချင်တာလဲမေးတော့ မဟုတ်ပါဘူးတဲ့ ဒီလိုမျိုး ပါ စစသုံးလုံးက ခေါ်စစ်ဖို့ပါတဲ့။ ဒါနဲ့ ကျွန်မတို့ ကျွန်မတို့သွားမယ်လို့ လိုက်ပို့ပေးစရာမလိုဘူးလို့ ကျွန်မ အမှန်တရားလုပ်ထားတာ မှားတာတစ်ခုမှမပါဘူး ။ ကျွန်မတို့ဘာသာ ကျွန်မတို့ သွားမယ်လို့ မဟုတ်ပါဘူး စသုံးလုံးကိုသွားပြီးမှ ဒီတရားခံပြေးမှုကို တင်ပေးမှာဆိုပြီး ဒုရဲအုပ်ကိုကိုဇော် ကိုယ်တိုင်ကပြောပါတယ်ရှင့်။



YPI။ ။စသုံးလုံးကို ကိုယ်တိုင်ဘဲသွားခဲ့ကြတာလား။

ဒေါ်အိအိအောင်။ ။ သူတို့က လိုက်ပို့ပေးမယ်ဆိုတဲ့အခါကျတော့ တရားခံတွေမဟုတ်ဘူးလေ ကျွန်မတို့ဘာသာသွားတယ် ။ သွားခဲ့တဲ့အခါကျတော့CID ကအငြိမ်းစားရဲမှုး စောအဲလ်ဘတ် ကနေဘာကြောင့် ကလေးတွေကိုခေါ်တွေ့တာလဲဘာလဲဆို လိုက်မေးပါတယ်။ လိုက်ခဲ့ပေးပါတယ်။ လိုက်ခဲ့ပေးတော့ ရဲမှုးစောအဲလ်ဘတ်ကို ဘာမှမဟုတ်ပါဘူး နဲနဲလေး စစ်စရာရှိလို့ပါ။ စီးပွားရေးလမ်းကြောင်းအရပါ ဆိုပြီးလူကြီးကိုယ်တိုင် စစ်ပြီးမှ ကျွန်မတို့ကိုထားခဲ့တာပါ။



YPI။ ။ စသုံးလုံးရောက်သွားတဲ့အခါမှာဘာတွေမေးလဲ။

ဒေါ်အိအိအောင်။ ။အိက ရှေ့နေလေ ရှေ့နေနဲ့ပါတ်သက်လို့အမှုအကြောင်းတွေမေးတယ်လေ။ ၄၂၀ ကဘယ်လိုဖြစ်တာလဲ ၄၀၆ ကဘယ်မှာအမှုဖွင့်တာလဲ။ဘယ်မှာဘာဖြစ်လဲ ညာဖြစ်လဲ ။ အိကကြတော့ ရှေ့နေတစ်ယောက်အနေနဲ့ တိုင်စာလည်းရေးပိုင်ခွင့်မရှိဘူးလေ အဲဒီအခါကျတော့ သူတို့ဘာသူတို့ ဘယ်မှာအမှုသွားဖွင့်တယ်။ဘယ်သူ့ကိုမှလည်း ပိုက်ဆံပေးရတာမဟုတ်ဘူးလေ။ကိုယ်က အမှန်တရားလေ။အဲဒါတွေစစ်တယ် ပြီးတဲ့အခါကျတော့ ကိုယ်ရေးကိုယ်တာ ပါဆင်နယ်ကိစ္စလေးတွေ နဲနဲမေးပါတယ်။



သေဆုံးသွားရသူ မနန်းဝိုးဖန်



YPI ။ ။ ကိုယ်ရေး ကိုယ်တာကိစ္စ ဘာမေးပါသလဲ။

ဒေါ်အိအိအောင်။ ။ ကျွန်မဘာဖြစ်လဲ ညာဖြစ်လဲ ပေါ့ ဘယ်မှာလုပ်သလဲ ပေါ့ အဲဒါဘဲ ပြီးတဲ့အခါကျတော့ သူနဲ့ပါတ်သက်လို့ အရောင်းအ၀ယ်ဘာလုပ်ထားလဲမေးတယ်လေ။ကျွန်မနဲ့ပါတ်သက်လို့ အရောင်းအ၀ယ်ရှိတာတွေပြောပြတယ်လေ။အရောင်းတော့မရှိဘူး အ၀ယ်ပါ။အ၀ယ်ဆိုတာကလည်း နန်းဝိုးဖန်ဆိုတဲ့နာမည်နဲ့ဘဲ။ ဘယ်ကငွေရလဲတော့မသိဘူး ကျွန်မတို့က အရောင်းအ၀ယ် စာချုပ်ချုပ်ဖို့ရှိပြီဆိုကျွန်မတို့က ချုပ်ပေးလိုက်ရတာဘဲလေ။ အဲဒါကျွန်မရှင်းပြလိုက်ပါတယ် ။ ကျွန်မကိုတစ်ညလုံးစစ်တယ် ညမီးပျက်သွားတယ် တစ်နာရီ နေ့ခင်း ၁၁ နာရီလောက်ရောက်တော့ ကျွန်မကိုပြီးသွားပါတယ်။ ကျွန်မကိုစစ်တဲ့လူကတော့ ဘာမှဟောက်တာဟိန်းတာတော့မရှိဘူးပေါ့ အေးအေးဆေးဆေးဘဲ ပြောတယ်။ ဒါပေမယ့်သူကပြောတာကပေါ့နော် CID က အဘကို CID သာလိုက်လို့ရမယ် ကျွန်တော်တို့ စသုံးလုံးကို လာမလိုက်နဲ့လို့တော့ပြောတယ်။ အဲဒီတစ်ယောက်က။ကျန်တာတော့ အဲဒီလူက ဘာမှဟောက်တာ ဟိန်းတာတော့မရှိဘူး အေးအေးဆေးဆေးဘဲ။ ဒါပေမယ့်စစ်ဆေးရေး အခန်းကျတော့ နန်းဝိုးဖန်စစ်တဲ့အခန်းနဲ့ ညီမ စစ်တဲ့အခန်းမတူဘူး သူကတစ်ခန်းထားတယ်။ ညီမနားမှာ အမျိုးသမီးတစ်ယောက်ထားတယ် နန်းဝိုးဖန်မှာလည်း တစ်ယောက်ထားထားတယ် ဒါပေမယ့် စကား တစ်ယောက်နဲ့တစ်ယောက် အပြောအဆိုလုပ်လို့မရဘူး မြင်နေလို့တော့ရတယ်။



YPI။ ။ နန်းဝိုးဖန်ခုန်ချသွားတာတွေ့လိုက်လား။

ဒေါ်အိအိအောင်။ ။ဟာ ..ခုန်ချတာတော့မဟုတ်ဘူး နန်းဝိုးဖန်က အရမ်းကြောက်တတ်တာ ။ကြောက်တတ်တဲ့လူတစ်ယောက်ပါ သူကအဲဒီလိုဘယ်တော့မှလေ အမြင့်ဆိုတာတော့လူတိုင်းသိပါတယ်။ တိုက်ပေါ်ကနေ တောင်သူကမကြည့်ရဲဘူး။ ကြည့်ရဲတဲ့ လူတစ်ယောက်မဟုတ်ဘူး။ ပြီးတော့သူကအဲဒီမှာ အစားလည်းသိပ်မစားဘူး ဓါတ်ဆားရေဘဲ သောက်တယ်။အသီးလိုဟာမျိုး နည်းနည်းလေးဘဲစားတယ်။ သူကအသက်ကလည်း ၁၉ နှစ် ရှမ်းလူမျိုးလည်းဖြစ်တယ် ပြီးတော့သူက အရမ်းကြောက်တတ်တယ်။စကားကို မြန်မြန်သွက်သွက်လည်း မပြောတတ်ဘူး ပြောရင်တောင်မှ အရမ်းအားယူပြီးပြောရတာ။



YPI။ ။ခုန်ချတာမဟုတ်ရင်ပြုတ်ကျတာလား။

ဒေါ်အိအိအောင်။ ။ခုန်ချတာတော့မဟုတ်ဘူး ပြုတ်ကျတာလို့ထင်တယ် ။ပထမနေ့တစ်ခေါက်က သူကသွားအန်လိုက်သေးတယ်။ ပထမနေ့တစ်ည က မုန့်သွားစားပြီးပြန်လာကြတယ် အဲဒီကယောကျာင်္းလေးက သုံးယောက်မိန်းခလေးက သုံးယောက်ပါတယ် အိတို့နှစ်ယောက်နဲ့ဆို ခုနှစ်ယောက်ပေါ့ နောက်ပြီးအဲညမှာဘဲ ဖြစ်တဲ့ညမှာဘဲ သွားကြတယ် ခုနှစ်ယောက်လေ။ သွားပြီးတော့ ညီမလေး(နန်းဝိုးဖန်) ငှားထားတဲ့တိုက်ခန်းမှာရေမိုးချိုးတယ်။ ချိုးပြီးတော့ အစားအသောက်တွေဘာစားချင်လည်းဆိုတော့ ဘူဖေးဆိုင်မှာ ခုနှစ်ယောက်သွားစားကြတယ်။စားပြီး တော့ ကိုးနာရီကျော်ကျော်လောက်မှာပြန်လာတယ် ပြန်လာပြီးတော့ သူကအိပ်ချင်တယ်ဆိုတစ်အောင့်အိပ်တယ်။ သူကမျက်နှာချင်းဆိုင်ကနေပြီးအိပ်ပြီးတော့ ခဏနားတဲ့အခါကျတော့ လာစစ်မယ်ဆိုပြီးသူတို့က၀င်လာတယ် ၀င်လည်းဝင်လာရော မဟုတ်ဘူး ဒီမှာအိပ်နေတယ်ဆိုတော့ နာရီဝက်လောက်နေတဲ့ အခါကျတော့သူကထွက်သွားတယ်။ထွက်တဲ့အခါမှာ အိကလည်းမသိတော့ နကို တုန်းကဆိုရင် သူပြန်လာတဲ့အချိန်ကိုသိတယ်။ သူကအိပ်ရင် အိကမအိပ်ဘူးသိနေတယ်။အိပ်ရေးပျက်တာလည်းများတဲ့အခါကျတော့ သတိမထားမိဘူး မနက်လေးနာရီလောက်ကျတော့ ခေါင်းရင်းမှာသူက ငုတ်တုတ်လေးထိုင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသံတွေကြားလို့တဲ့။ အစောင့်ဘယ်ရောက်လဲဆိုတော့ အိမ်သာသွားနေတယ်တဲ့။ ပထမတစ်ခေါက်သွားအန်တယ် ပြန်အန်ချင်သေးတယ်တဲ့ ပထမတစ်ခေါက်လည်းသွားအန်တယ် ဒါပေမယ့်ဘာမှတော့မထွက်ဘူး။ ပြီးတော့သူဘာသာသူ အစောင့်နဲ့နေနေတာ။ ဆယ်မိနစ်လောက်ဘဲရှိတယ် အသံကြားတော့ အန်မယ်ဆိုပြီးတော့ သူကရွီ့ဆိုထွက်သွားတယ်။ထွက်တဲ့အခါမှာ အိကသူ့နောက်ကို ထပ်ချပ်မကွာလိုက်ပိုင်ခွင့်မရှိဘူး။ အိမ်သာသွားမယ်ဆိုပြီးထွက်သွားတယ် သူ့နောက်က အိကလိုက်ပိုင်ခွင့်မရှိဘူး။



YPI။ ။ ဘယ်မှာဖြစ်တာလဲ ။

ဒေါ်အိအိအောင်။ ။ ဆိမ်းကမ်းသာလမ်းက ရုံးအနီကြီး။ငါးလွာမှာပါ။



YPI။ ။ ရှေ့ပေါက်က ပြုတ်ကျတာလား နောက်ပေါက်ကပြုတ်ကျတာလား။

ဒေါ်အိအိအောင်။ ။ ရှေ့ပေါက်ကပါရှင့် ရှေ့ပေါက်ကပါ။ သူက ပထမအခါအန်တဲ့အခါကျတော့ အဲဒီနားမှာတစ်ခေါက်သွားအန်တယ်။နောက်တစ်ခေါက်က အန်မယ်လို့သာပြောလိုက်တာ အိကလည်းမမြင်လိုက်ရဘူးထွက်သွားတာတွေ့တော့။ အရှေ့လည်းထွက်ကြည့်ရောဘာမှမရှိဘူး ပြီးတော့ဘယ်သွားမှန်းမသိဘူး အဲဒီမှာပြတင်းပေါက်က ကြည့်လည်းကြည့်ရော ထမီစလေးဘဲမြင်လိုက်ရတယ်။ သူကအဲဒီနေ့က ထမီအစိမ်းလေးဝတ်ထားတော့ မီးရောင်အောက်မှာဆိုတော့ ကျွန်မလည်းမျက်လုံး မကောင်းတော့ အစိမ်းလေးဘဲမှတ်မိတယ် ကျန်တာဘာမှမသိတော့ဘူး။ အဲဒီမှာကျွန်မဆေးရုံအထိပါသွားတယ် အောက်ကိုလည်း ဆင်းလည်းဆင်းရော အော်နေသေးတယ် ၀ိုးဝိုး ၀ိုးဝိုး နဲ့အသံ ကျွန်မသိတယ်။ ရုတ်တရက်မသေဘူးပေါ့နော် ၀ိုးဝိုးအော်တယ် ။ ကျွန်မလည်းသေတယ်မသိဘူး သေတယ်ဆိုတာမနေ့က မနက်ကမှသိရတာပါ။ ပထမဆေးရုံကမေးတယ် အဲဒီမှာစသုံးလုံးအဖွဲ့တွေချက်ခြင်းလိုက်ပို့ပေးတယ်။ အိကလည်း အသိစိတ်ကလွတ်သွားတော့ ဆေးထိုးပေးတယ် ဆေးသွင်းပေးတယ် အကုန်လုပ်ပေးတယ်။ သူတို့မေးတော့ ၇၀/၃၀ ရာခိုင်နှုန်းတဲ့ ကြိုးစားနေတယ်။ နောက်နေ့မနက်ရောက်တဲ့အခါကျမှ အိကနေမယုံလို့ ကျန်တဲ့ရဲဌာနဆိုင်ရာတွေလိုက်မေးတော့ ဆုံးပြီလား မဆုံးသေးဘူးလားဆေးရုံက တစ်မျိုးပြောတယ် အဲဒီမှာ အဲနေ့မနက်ကတည်းကဆုံးသွားပြီဆိုတာသိရတယ်။ အဲဒါနဲ့ ရှမ်းက အမျိုးတွေကိုလှမ်းမှာတယ်။ လှမ်းမှာတော့ စသုံးလုံးကနေလက်မှတ်စီစဉ်ပေးတယ်။ ရှမ်းတွေကကျတော့ စသုံးလုံးကစီစဉ်ပေးတဲ့ လက်မှတ် ကိုမယူဘဲနဲ့ သူတို့ဘာသူတို့လာတယ်လို့ အသံကြားပါတယ်ရှင့်။

(ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း စသုံးလုံး ရုံး အဆောက်အဦ)



YPI ။ ။အန်တယ်ဆိုတာက ဘာဖြစ်လို့အန်တာလဲ။

ဒေါ်အိအိအောင်။ ။ ဘာဖြစ်လို့လဲမသိဘူး ။ပြီးတော့ ပရက်ရှာလည်းကျချင်ကျနေမှာပေါ့နော် ။အဲဒီနေ့က သူကပင်လယ်စာထွက်စားတယ်။ ဖရဲသီးတွေလည်းတအားစားတယ်။ ဖရဲသီးစားတယ် ပင်လယ်စာဆိုသူကအရမ်းကြိုက်တာ ဂဏန်းတို့ ပုဇွန်တို့ အဲဒီညက အများကြီးစားတာ။



YPI။ ။ ကိုယ်ဝန်တွေဘာတွေသူ့မှာရှိသလား။

ဒေါ်အိအိအောင် ။ ။မရှိပါဘူး မရှိပါဘူး ကောင်မလေးမှာ အဲဒါတော့လုံးဝမရှိဘူး ။နောက်ပြီးတော့ အဲဒီနေ့က အမျိုးသမီးကိစ္စတွေဖြစ်နေတဲ့အချိန်။


YPI ။ ။အစ်မအနေနဲ့ နန်းဝိုဖန်း ကခုန်ချတယ်လို့မြင်လားပြုတ်ကြတယ်လို့မြင်လာ။ဘယ်လိုမြင်ပါသလဲ။

ဒေါ်အိအိအောင်။ ။ခုန်ချတာတော့ မဖြစ်နိုင်ဘူးရှင့် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မနဲ့အနေနီးတာ လေးလရှိနေပြီ။ အဲဒီလိုအမြင့်တောင်မှ ကြည့်ကြည့်ပါသမီးဆို ဟင့်အင်းသမီးမကြည့်ရဲဘူး ကြောက်တယ် ။သူကအဲဒီလိုအရမ်းကြောက်တတ်တာ ။ စကား ဆိုလည်း တစ်ယောက်ယောက်ကအဲဒီလိုပြောရင် အရမ်းကြောက်တတ်တဲ့လူ။ သူကခုန်မချရဲဘူး အဲဒီလောက်လည်းသတ္တိမရှိဘူး။ အရမ်းကြောက်တတ်တာလေ ။ စကားကလည်းသိပ်မပြောတတ်နဲ့ အရမ်းရိုးသားတယ်လေ။ လက်ထိသွားရင် လုပ်ကြပါအုန်းလက်ထိသွားပြီ။ တစ်ခုခုဖြစ် ရင်ဆေးခန်းပြပါ သူက သေမှာလည်းတအားကြောက်တတ်တာကိုး။



YPI ။ ။ စစ်နေတဲ့အချိန်မှာ အစောင့်က လိုက်ရသလား။

ဒေါ်အိအိအောင်။ ။ အမြဲတမ်းလိုက်ရပါတယ် ။ အိတို့အိမ်သာသွားလည်းလိုက်ရတယ် ။ဟိုသွားလည်းလိုက်ရတယ် ဒီသွားလည်းလိုက်ရတယ်။အကုန်လိုက်ရပါတယ်ရှင့်။



YPI ။ ။ ပြုတ်ကျတဲ့အချိန်မှာအစောင့်တွေရှိနေပါသလား။

ဒေါ်အိအိအောင်။ ။ အဲဒီမှာရုံးစားပွဲတွေမှာ အိတို့က အိပ်ယာလည်းမရှိဒီအတိုင်းဘဲလေ ခဏလာပြီးသွားအိပ် ဒီအတိုင်းဘဲခေါ်စစ် အဲဒီလိုဘဲလုပ်ကြတာလေ။ အဲဒီဘဲ နေ့ခင်းဘက် စားပွဲတွေမှာ ဆက်ပြီးအိပ်တယ်။သူကခေါင်းရင်းမှာ အိပ်တဲ့အခါကျတော့ အစောင့်နှစ်ယောက်ကလည်းအဲလိုမျိုးပေါ့ တုန်းလုံးလှဲနေကြတာ။ အိအစောင့်ကကျတော့ တုံးလုံးလှဲတယ် သူ့အစောင့်ကလည်းတုံးလုံးလှဲနေတယ်။ လေးနာရီလောက်ကျတော့ မနန်းနင်အိပ်လိုက်တော့နော် နင်ခုနှစ်နာရီလောက်မှာတစ်ခါအစစ်ခံရအုန်းမှာ လို့ပြောတော့ အိပ်အိပ်လို့ပြောတော့သူကလည်းလှဲအိပ် ကျွန်မကလည်းလှဲအိပ် နေတာ ။ကျွန်မကလည်း ပင်ပန်းတာကလည်းသုံးရက်ရှိနေပြီဆိုအိပ်လိုက်တာ ။

သူကအရင်ဆုံးထွက်သွားတာ အန်မယ်ဆိုပြေးထွက်သွားတဲ့ပုံစံမျိုး အစ်မရေအန်မယ်လို့ပြောတယ် သူ့စကားကိုကျတော့ဘယ်သူသိပ်နားမလည်ဘူး ရှမ်းလိုဆိုတော့ မြန်မာစကားကသိပ်မတတ်ဘူးလေ။ အဲလိုမျိုးအသံကြားတော့ အိကနေပြီးအန်မယ်လို့ပြောတယ်ဆိုအစောင့်နှစ်ယောက်ကတော့လိုက်သွားတယ်။ သွားလည်းသွားကြည့်တော့ ဘာမှမတွေ့ရတော့ဘူး အစောင့် နှစ်ယောက်ကငိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကသွားကြည့်ပြီးတဲ့ပုံဘဲ။ သွားကြည့်တဲ့အခါကျတော့ ထမီစလေးဘဲ အိမျက်စိထဲမှာ အဲလိုပေါ့ ထမီစလေးဘဲမြင်နေရတယ်။



YPI ။ ။ဝရန်တာက ဘယ်လောက်မြင့်ပါသလဲ။

ဒေါ်အိအိအောင်။ ။ ဗိုက်အောက်လောက်ပါဘဲ။အရမ်းကြီးအမြင့်ကြီးလည်းမဟုတ်ဘူးအနိမ့်လေးလည်းမဟုတ်ဘူး။



YPI။ ။ အခုစသုံးလုံးက သူ့အတွက်ဘာတွေ လုပ်ပေးနေပါသလဲ။

ဒေါ်အိအိအောင်။ ။ သူတို့ကတော့ လိုအပ်တာပြောလို့ပြောပါတယ်ရှင့် ။ ဒါပေမယ့် ရှမ်းတွေကတော့ မလိုဘူးတဲ့ သူတို့ဘာသူတို့လုပ်မယ်။ သူ့ယောကျာင်္းက အခုဂျပန်ကနေ ပြန်လာခါနီးနေပြီလေ။ ချက်ခြင်းလာမယ်လို့ပြောပါတယ်။ သူ့ယောင်္ကျားလာမှ ဘာလုပ်သင့်လဲ ဘာတွေစီစဉ်မလဲ နောက်ပြီး သူတို့ကိုကြေနပ်လား မကြေနပ်လားမေးတယ် သူတို့က ကြေနပ်တယ်လည်းမပြောဘူး မကြေနပ်ဘူးလို့လည်းမပြောဘူး သူတို့မှာလည်းအသိုင်းအ၀ိုင်းရှိတယ် အဖွဲ့အစည်းရှိတယ် သူတို့ရအောင်လုပ်မယ်။ ကျွန်မအနေနဲ့ကျတော့ဘာမှလုပ်ပိုင်ခွင့်မရှိဘူး သူတို့မှာသူတို့ရှေ့နေရှိတယ်တဲ့ သူတို့ဘာသူတို့ ဆက်လုပ်မယ်လို့ပြောနေတယ်။



YPI ။ ။ အခုလိုဖြေကြားပေးတဲ့ ဒေါ်အိအိအောင်ကို ကျေးဇူးတင်ပါတယ်။




Read More...

Sunday, November 6, 2011

ဇာဂနာပြောသော အနုပညာနွယ်သည့် နိုင်ငံရေး Art and Politics: Zarganar Interview

(လွတ်မြောက်သည့်နေ့ နေအိမ်တွင် တွေ့ရသည့် ဇာဂနာ)

(by Yangon PressInternational on Saturday, 05 November 2011 at 19:44)

**နိုဝင်ဘာ ၅၊ ၂၀၁၁ (YPI)**

* ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

(ဇာဂနာဟာ လူရွှင်တော် ၊ ဒါရိုက်တာ အနေနဲ့ နိုင်ငံကျော် လူသိများသလို လူတွေကြားထဲ ခံစားနေရတဲ့ ခံစားချက်၊ အမြင်မတော်တဲ့ နိုင်ငံရေး အဖြစ်အပျက်တွေကို ပျက်လုံးအဖြစ်နဲ့ ပြောဆိုရာမှာ ထိမိလွန်းတဲ့အတွက်လည်း ထင်ရှားသူ တဦးဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်းကလုံး တိုက်ခတ်ပြီးနောက် မကြာခင်မှာ ဇာဂနာဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်၆၀ နီးပါး အပြစ်ပေးလိုက်ပါတယ်။ ဒီနောက် ၂၄နှစ်လျော့ပေါ့ပေးပြီး ၃ နှစ်ကျော် အကျဉ်းထောင်ထဲမှာ နေထိုင်ပြီး ယခင်လဆန်းက လွတ်မြောက်လာပါတယ်။ သူလွတ်မြောက်လာပြီး မကြာခင်မှာပဲ နိုင်ငံရေး အကျဉ်းသား ကူညီရေးကိစ္စ၊ အနုပညာနွယ်တဲ့ နိုင်ငံရေး ကိစ္စတွေ စတင် လုပ်ဆောင်နေပါပြီ။ သူနားလည်ယုံကြည်တဲ့ အနုပညာနဲ့ နိုင်ငံရေးအကြောင်းနဲ့ ဆက်နွယ်ပုံကို YPI ကယခု သီတင်းပတ်အတွင်း မေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။)



YPI: Art Flavored Politics ဆိုတဲ့စကားကို "The Art of Freedom Film Festival" သတင်းစာရှင်းလင်းပွဲမှာတုန်းက သုံးသွားခဲ့ပါတယ်။ အဲဒီ စကားလုံး ဖြစ်ပေါ်လာပုံလေး ပြောပြပါလား၊

Zarganar: ဒါကတော့စကားလုံးပေါ့၊ စကားလုံးကတော့ အနုပညာ အရသာပါတဲ့ နိုင်ငံရေးလို့ ပြောရမှာပေါ့။ ဘယ်လိုလဲလို့ဆိုတော့ နိုင်ငံရေးနွယ်တဲ့ အနုပညာလား၊ အနုပညာနွယ်သော နိုင်ငံရေးလားလို့ စဉ်းစားကြည့်တော့ အနုပညာနွယ်သော နိုင်ငံရေးဖြစ်ရမယ်လို့ ကျွန်တော်က လေယာဉ်ပျံပေါ်မှာကတည်းက စဉ်းစား လာတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို တစ်ကယ့်တစ်ကယ် စဉ်းစားမိတာကတော့ ထောင်ထဲမှာ စဉ်းစားမိတာ။ ဘယ်လိုစဉ်းစား မိလည်းဆိုတော့ အနုပညာနဲ့နိုင်ငံရေးကို မတွဲဘူးလို့ ပြောပြောနေကြတဲ့လူတွေက သနားစရာလေးတွေပဲလို့ အဲဒီမှာ စဖတ်မိတာ။

အနုပညာသမားတွေက နိုင်ငံရေးကို ကင်းကင်းရှင်းရှင်း နေရမယ်လို့ သူတို့က ပြောကြတယ်၊ တော်တော်သနားစရာ ကောင်းပါလားလို့ ဆိုပြီးတော့ ကျွန်တော်က သူတို့ကို သနားနေတာ ထောင်ထဲမှာ။ ထောင်ထဲမှာနေရင်း သနားနေတော့ ဒုက္ခပဲပေါ့၊ ဒီလူတွေကို ဘယ်လိုရှင်းပြရမလဲ၊ သူတို့လုပ်နေတဲ့ ရုပ်ရှင်အနုပညာပဲဖြစ်ဖြစ်၊ ဂီတအနုပညာပဲဖြစ်ဖြစ်၊ ဇာတ်သဘင်အနုပညာပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဘယ်လိုမှ မကင်းနိုင်ဘူး၊ ဒီလိုကင်းလို့မရဘူးလို့သူတို့ကိုပြောနေတာ ပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောနေတာမဟုတ်ဘူး၊

နိုင်ငံရေးက ဘယ်လိုလူမျိုးမှ မကင်းဘူး၊ ပြီးတော့ သူတို့နားလည်အောင် ကျွန်တော် ဘယ်လိုရှင်းပြရမလဲဆိုတော့ ပါးစပ်ကရှင်းပြနေလို့ကြာတယ်။ အလုပ်ကနေ သက်သေပြတာ ကောင်းပါတယ်လို့ စဉ်းစားမိတယ်။


အနုပညာ အရသာပါနေတဲ့ နိုင်ငံရေးဆိုတော့ အခု ကျွန်တော်တို့တွေ ဟိုတစ်နေ့က ကန့်တော့ပွဲပေးတဲ့ Film Festival ကိစ္စက ဒါ အနုပညာနွယ်တဲ့ နိုင်ငံရေးပဲ၊ တစ်ကယ့်တစ်ကယ်ပြောရရင် လူတွေဟာလွပ်လပ်မှုကို မြတ်နိုးကြတယ်လို့ ပြောတယ်၊

လွပ်လပ်မှုကိုလိုချင်ကြတယ်လို့ ပြောတယ်၊ သို့သော် လွပ်လပ်မှုကို လုပ်ရမယ်ဆိုပြီး ကျွန်တော်တို့ လက်သီးလက်မောင်းတန်းပြီး တရားဟောလည်း လာနားထောင်နေမှာ မဟုတ်ဘူး။ဒီအနုပညာလေးနဲ့ ပြလိုက်တဲ့အခါကျတော့ လွပ်လပ်မှုဆိုတာကို နားလည် လာမယ်၊ မသိတဲ့လူလည်း သိလာမယ်၊ သိတဲ့လူလည်း ပိုသိလာမယ်။

နေ့ခင်းတုန်းကဆိုရင် ရုပ်ရှင်လုံးဝမရိုက်ဖူးတဲ့ မိန်းကလေးက ကျွန်တော့်ကိုပြောတယ်၊ ဘာပြောလည်းဆိုတော့ သူလုပ်ထားတဲ့ဟာလေး တစ်ခုကို လာပြချင်တယ်တဲ့၊ ပြပါဆိုတော့ ဒီခလေးက ပညာရှင်၊ ဘာပညာရှင် လဲဆိုတော့ ကွန်ပျုတာပညာရှင်၊ ရုပ်ရှင် တစ်ခါမှမရိုက်ဖူးဘူး၊ ဘာမှနားမလည်ဘူး၊ ဒါပေမဲ့ သူဟာ လွပ်လပ်မှုအကြောင်းကိုသူ ဖီလင်ရှိနေတယ် ဆိုတာကို သူပြောတာကို နားထောင်ရင်းနဲ့ သိတယ်၊ ဆိုတော့ ဒီခလေးတွေမှာ နိုင်ငံရေး Sense ရှိနေတာပေါ့။ အဲဒါလေး ကနေ ကျွန်တော်က ခုန( Art Flavored Politics ) ဆိုလိုက်ခြင်းအားဖြင့် ဒီ အနုပညာကနေတစ်ဆင့် နိုင်ငံရေး၊ နိုင်ငံရေးကနေ တစ်ဆင့် အနုပညာ ရောယှက်ပြီးတော့ ပါဝင်လာကြမယ်လို့ တွေးမိတော့ ဒါ အလုပ်နဲ့အရင် သက်သေပြလိုက်တဲ့ သဘောပါပဲ။ ဒီ့အတွက်ကြောင့် ကျွန်တော် ဟိုနေ့ကလည်း ( Art Flavored Politics ) ဆိုတာကို ကျွန်တော်ဇောင်းပေးပြီး ပြောသွားတာပါ။


YPI: အင်တာဗျူးတွေမှာ နံမည်ကြီး အနူပညာသမားတွေက နိုင်ငံရေးစိတ်မ၀င်စားဘူး လို့မကြာခဏ ပြောကြတာ ကြားဖူးတယ်။ အဲဒါနဲ့ပါတ်သက်လို့ရော ဘယ်လိုမြင်လဲ၊



Zarganar: ကျွန်တော်တို့ဆီက အနုပညာသမားတွေရဲ့သနားစရာ ကောင်းတဲ့ အဖြစ်အပျက်ဆိုတာ အဲဒါပဲ။ ကျွန်တော်တို့က နိုင်ငံရေးကိုစိတ်မ၀င်စားပါဘူး ကျွန်တော်တို့နိုင်ငံရေးနဲ့ ကင်းကွာပါတယ်၊ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ပြောတဲ့လူတွေက ပြီးခဲ့တဲ့ န၀တအစိုးရရဲ့ကြော်ငြာမှန်သမျှ သူတို့ ရိုက်ပေးတယ်၊ အဲဒီ ပြောတဲ့လူတိုင်းက န၀တအစိုးရရဲ့ ဆည်တွေပေါ်လည်း တက်ခုန်ကြတယ်၊

သူတို့ ဆောက်တဲ့ တံတားတွေပေါ်မှာလည်း တက်ကပြတယ်၊ ပြောတော့ သူတို့က နိုင်ငံရေး မလုပ်ဘူး ၀ါသနာမပါဘူးပြောတယ်။ န၀တအစိုးရလက်ထက်မှာ လုပ်သမျှကိစ္စအကုန် သူတို့ ကြော်ငြာလုပ်ပေးတယ်၊ အဲဒါ သူတို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဖူးလား။ နိုင်ငံရေး လုပ်တာ မဟုတ်ဘူးဆိုရင် န၀တအစိုးရ လက်ထက်တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နှစ်ပတ်လည်ကားမှာဆိုရင် မပါရမှာတောင် ကြောက်နေတယ်။ မပါများ မပါရရင် သူတို့ကိုယ်သူတို့ သတ်သေမလား တောင်မသိဘူး အနုပညာသည်တွေက။

အဲဒီတုန်းကကျတော့လည်း လုပ်လိုက်ကြတဲ့ဟာ၊ အဲဒါ နိုင်ငံရေး မဟုတ်ဘူးလား။ သူတို့ အစိုးရရဲ့ဝါဒဖြန့်ချီရေးမှာ သူတို့ပါဝင်ခဲ့ကြတာပဲ။ အဲဒီတော့ မဆလခေတ်တုန်းကလည်း ဒီတိုင်းပဲ မဟုတ်ဘူးလား၊ ပြောတော့လည်း ကျွန်တော်တို့က နိုင်ငံရေးဝါသနာမပါပါဘူး၊ မလုပ်ပါဘူးဆိုပြီးတော့ ဒီအလုပ်တွေလုပ်ခဲ့တာဟာ ဒါနိုင်ငံရေးနည်းအရ ၀ါဒဖြန့်ချီရေးကို ထဲထဲဝင်ဝင် မက်မက်သက်သက် ၀င်လုပ်ခဲ့ကြတာ ဒီ အနုပညာသည်တွေပဲ။

အခုကျတော့မှအဲဒီတုန်းက အဲလိုတွေလုပ်ပြီး တစ်ဖက်မှာကျတော့ ကျွန်တော်တို့က နိုင်ငံရေး ၀ါသနာမပါဘူး၊ နိုင်ငံရေးဝါသနာမပါဘူးဆိုလို့ ကျွန်တော်က သြော် သနားစရာလေးတွေပါလားလို့ သူတို့ကိုမြင်တာ။

သူတို့ စာလည်း မဖတ်ကြဘူးဗျ၊

နိုင်ငံတကာအမြင်လည်း မရှိကြပဲနဲ့ ရမ်းပြောနေကြတာမျိုးတော့ မဖြစ်စေချင်ဘူးလို့၊ ဒါကြောင့် ကျွန်တော်ဒါတွေ လုပ်ရတာ။ ဆိုတော့ သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးရဲ့ Instrument လေးတွေဖြစ်ခဲ့တာ ကိုလည်းသိပုံမပေါ်ဘူး၊ကိုယ့်ကိုကိုယ် နားမလည်ရှာသောသူများသည် မြန်မာ့ရုပ်ရှင်လောကမှ ပညာရှင်များ ဖြစ်နေသည် ဆိုတာမျိုးကျတော့ ကျွန်တော်စိတ်မကောင်းဘူး။

YPI: ဒါကရော နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြောက်စရာ လန့်စရာဖြစ်အောင် စနစ်တကျ ဖန်တီးထားခဲ့ တာကြောင့်မဖြစ်နိုင်ဘူးလား၊ ၈၈ နောက်ပိုင်းမှာ ကျောင်းသားတွေကျောင်းပြန်တက်ခွင့်ရဖို့ ၀န်ထမ်းတွေ ရုံးပြန်တက်ခွင့်ရဖို့ နိုင်ငံရေးနဲ့မပတ်သက်ပါဆိုပြီး လက်မှတ်တွေထိုးခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လေ။ အဲဒီဟာတွေရဲ့ Impact က တော်တော်ကြီးခဲ့လို့ရော မဖြစ်နိုင်ဘူးလား။



Zarganar: အဲဒီကြောင့်ပေါ့၊ စဉ်းစားကြည့်။ အဲဒီဟာကြီးရဲ့ Impact က ဘယ်လောက်ကြီးသွားသလဲ ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ရိုးရိုးသာမန် ဈေးသည်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ ဥပမာကိုယ့်အချင်းချင်းကြားထဲမှာတောင် လ္ဘက်ရည်ဆိုင်မှာ ၀င်ထိုင်ပြီးပြောရင် တစ်ခုတစ်ခု ပြောရင် နိုင်ငံရေးမပါနဲ့နော် လူတိုင်းလူတိုင်း။ တစ်ခုတစ်ခုလေးပေါ့၊ ဥပမာဆိုပါတော့၊ ကျွန်တော်တို့က လ္ဘက်ရည်ဆိုင်ထိုင်ပြီးတော့ ရ၀တက ဘာညာလို့ပြောမိတာလေးနဲ့ကို…ဟာ… နိုင်ငံရေး မပါနဲ့နော်၊ အဲဒီတော့ တဖြည်းဖြည်းနဲ့ အဲဒီနိုင်ငံရေးမပါနဲ့နော် ဆိုတဲ့စကားက တော်တော်ရွံစရာကောင်းလာတယ်။ ဘယ်လောက်ထိ ဆိုးလာလည်းလို့ဆိုရင် ကိုယ့်အိမ်မှာပြဿနာဖြစ်လာလို့ ပြောတာတောင်မှ နိုင်ငံရေးမပါနဲ့နော်လို့ ကိုယ့်အချင်းချင်းက ပြောရတဲ့ ဘ၀ ရောက်တော့တယ်။



သူတို့ Impact က ဘာဖြစ်လာလည်းလို့ ဆိုရင် တော်တော်ကြီးလာတယ်။ နိုင်ငံရေးဆိုတာက ကြောက်စရာကြီး တစ်ခုဖြစ်အောင်၊ နိုင်ငံရေးဆိုတာ လုပ်ရင်ဘ၀ ပျက်မယ်၊ မိသားစုပျက်မယ်၊ နိုင်ငံရေးဆိုတာသည် မထိရဘူး မကိုင်ရဘူး၊ ကြောက်စရာ အကောင်းဆုံး ရွံစရာအကောင်းဆုံး ဖြစ်အောင် ပုံဖော်လိုက်တာကို ကျွန်တော်တို့လူတွေ အကုန်လုံးခံလိုက်ရတာပဲ။ အနုပညာသည်တွေတင် မကပါဘူး၊ အရပ်ထဲကလူတွေပါ ခံလိုက်ရတယ်။ အခုတော့ ကျွန်တော်ထင်တယ်လေ၊ နည်းနည်းပြန်ပြီးတော့ ပွင့်လာပြီထင်တယ်။



အဲဒီအချိန်တုန်းကတည်းက ကျွန်တော်တို့ကတော့ နိုင်ငံရေးဆိုတာကို ထိနေမှာပဲ၊ ကိုင်နေမှာပဲ၊ လုပ်နေမှာပဲ ဆိုတဲ့စိတ်နဲ့သာ ကျွန်တော်တို့ တောင့်ခံခဲ့ကြရတာ၊ ကျွန်တော်တို့သာ တစ်ကယ်လို့ အဲဒီတုန်းကသာလဲခဲ့ရင် ခုချိန်မှာ ဒီလိုဒီလိုတောင် ပြောနေနိုင်တော့မှာမထင်ဘူး။ ကျွန်တော်ထောင်ထဲမှာ ဖတ်ရပါတယ် လူပြက်တစ်ယောက်ကလည်း ကျွန်တော်တို့က လူပြက်သန့်သန့်လုပ်တာပါ၊ နိုင်ငံရေးမပြောပါဘူးဆိုတာ။ အဲဒါဆိုရင် ဘာဖြစ်လို့အစိုးရပေါ်လစီကား တွေကျ သူတို့ဝင်ရိုက်နေတုန်း၊



ဗမာပြည်မှာ ပထမဦးဆုံးပေါ်လာတဲ့ လူပြက်က ဦးချစ်ဖွယ်ဆိုတဲ့ လူပြက်၊ သူ့ကို ၀ံသာနုကြီးဦးချစ်ဖွယ် လို့တောင်ခေါ်တယ်။ သူပြက်ခဲ့တဲ့ပြက်လုံးတွေက အင်္ဂလိပ်ကိုချည်းဆော်တာပဲ။ ၀ံသာနုကြီးလို့ခေါ်ရတဲ့အကြောင်းရင်းက သူက “နုဝံသာ” ဆိုတဲ့သီချင်းကိုဆိုတယ်ဗျ။ ဒါကြောင့်သူ့ကို ၀ံသာနုကြီး ဦးချစ်ဖွယ်လို့ခေါ်ရတယ်။ မန္တလေးလူရွှင်တော်ကြီး၊ ဘယ်လောက်တောင်ပြောလည်းဆိုရင် “ဟိုတယ်ဆိုင်ကိုမသွားရဘူး၊ ဘီးဟိုက်ဘရန်ဒီ မသောက်ရဘူး၊ ဘီးဟိုက် ဘရန်ဒီ သောက်မဲ့အစား ချက်အရက် ၊ ထန်းရည်ကိုသောက်၊ ဟိုတယ်ဆိုင်ကိုမသွားနဲ့ ပဲနဲ့ထမင်းနဲ့စား၊ စီးကရက်မသောက်နဲ့ ဆေးပေါ့လိပ်ကိုတွယ် ” စသဖြင့်ဒီလိုတွေ ပြောကြတာဟာ အင်္ဂလိပ်ကို သူ့နည်းသူ့ဟန်နဲ့ မရရအောင် ဆန့်ကျင်တာပဲ။ ဒါဟာ နိုင်ငံရေးပဲပေါ့၊



ဒါလောက်ကလေးတောင်မှ တာဝန်မယူချင်တဲ့ အနုပညာသမားတွေ ဘာဖြစ်လို့ဗမာပြည်မှာ ရှိနေတာလဲ အသက်ဘာပြုလို့ရှင်နေကြတာလဲ၊ ကျွန်တော်နားမလည်ဘူးသူတို့ကို၊ အဲဒီကနေ အခုပိုပိုဆိုးလာတာက လူပြက်တွေတင် မကပဲ ရုပ်ရှင်မင်းသား မင်းသမီးတွေရော ဒါရိုက်တာတွေရော ဒီစကားမျိုးပြောလာတော့ ဒါတော့မှားပြီလို့၊ သေချာတာက သူတို့လိုလူတွေက ပြောလိုက်ရင် သူတို့ကို နည်းနည်း အထင်ကြီးနေတဲ့ သူတို့နားပတ်ဝန်းကျင်က ခလေးတွေပါ ဆက်မှားတော့မယ်။



ကျွန်တော်ထောင်ထဲမှာ တုန်းက ဖတ်ရတယ် “ ပြည်သူ့ခေတ်” ထဲမှာပဲလို့ ထင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် အင်တာဗျူးတွေကို ဖတ်လိုက်တော့ ဟာ ဆိုးလိုက်တာလို့ ဒီခလေးတွေ မင်းသားမင်းသမီး အသစ်ကလေးတွေ၊ ဘုမသိဘမသိတွေ လျှောက်ပြော၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရှေ့က ဒါရိုက်တာတွေက ထင်ရာမြင်ရာ လျှောက်ပြောထားတယ်။ မင်းသားကြီးတွေက ထင်ရာမြင်ရာလျှောက် ပြောတော့ ခလေးတွေကလည်း ထင်ရာမြင်ရာ လျှောက်ပြောတယ်။ ခလေးတွေ ဦးနှောက်တွေပါ ကြောင်ကုန်တယ်။ အဲဒီတော့ ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

http://www.facebook.com/notes/yangon-pressinternational/%E1%80%87%E1%80%AC%E1%80%82%E1%80%94%E1%80%AC%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8-art-and-politics-zarganar-interview/197507166991539

**From-Htar Htar**

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)