ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Sunday, September 21, 2014

==ဆရာတော်ဦးဇောတိက အကြံပေးတာဝန်ကိုလက်ခံလိုက်ပါပြီ==

ထိုင်းနိုင်ငံဘန်ကောက်မြို့ အောင်သပြေကျောင်းဆောင်ရှိ ဆရာတော်ဦးဇောတိက သည်ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ အားတတ်စွမ်းသမျှသော လူမှုရေးအကူအညီများကိုအကျိုးဆောင်ပေးနေသည့်တိုင်းကျိုးပြည်ပြုရဟန်းတော်တစ်ပါးဖြစ်သည်နှင့်အညီ
မိမိတို့  ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်းအလုပ်သမား ကွန်ရက်ကြီး၏**အကြံပေးနာယကတာဝန်**ကိုအားလုံးသောဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကိုယ်စားပထမဆုံးအထွေထွေအတွင်းရေးမှူးး ဦးမိုးကြိုး(ဆရာမိုး)၏ပန်ကြားချက်ကိုယနေ့ ပင်လက်ခံလိုက်ပြီဖြစ်ကြောင်း၊ ဆရာတော်ဦးဇောတိသည်လည်းကိုယ်စိတ်နှစ်ဖြာကျန်းခံသာလို့ မာပါစေကြောင်း၊ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ အတွက်လည်းယခင်ကထက် ပိုမိုနွေးထွေးသည့်မိသားစုပုံစံတစ်ခုကိုမိမိတို့ နှင့်အတူတကွလက်တွဲပုံဖော်နိုင်ပါစေ ကြောင်းလေးနက်
တည်ကြည်စွာဆုမွန်ကောင်းတောင်းအပ်ပါသည်။

 ပင်ပန်းသရွေ့ -အစဉ်ချမ်းမြေ့ကြပါစေ

 ဦးမိုးကြိုး
 ပထမဆုံးအထွေထွေအတွင်းရေးမှူးး
ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ရက် Myanmar Migrants Network Thailand(MMNT)

၂၁-၉-၂၀၁၄      မဲဆောက်

Read More...

==ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများကွန်ရက် အစည်းအဝေး အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပထမဆုံးအထွေထွေအတွင်းရေးမှူးကြေငြာချက်==

ယနေ့ကျင်းပသော ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ပြောင်းအလုပ်သမားကွန်၇က် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ စုပေါင်းသတ်မှတ်ခြင်း အစည်းအဝေးတွင် ကျွန်ုပ်အား အထွေထွေအတွင်းရေးမှူးအဖြစ် မဲဆန္ဒဖြင့် ရွေးချယ်ခံရခြင်းအပေါ် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊

ကျွန်ုပ်တို့သည်မိမိတို့ဘာကောင်ညာကောင်ဆိုသည်ထက် ကျွန်ုပ်တို့  ကိုယ်စားပြုသောမြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားရေးရာ၊ ပညာရေးရာ၊ကျန်းမာရေးရာ၊ သာရေးနာရေးလူမှုရေးရာအခက်အခဲများတွင် ကျွန်ုပ်တို့မည်မျှကူညီအကျိုးဆောင်နိုင်သနည်း ဆိုတာက ပိုမိုအရေးကြီးပါသည်။ ကျွန်ုပ်တို့သည် မိသားစုပုံစံ၊ ညီအစ်ကိုမောင်နှမပုံစံဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တတ်စွမ်းသမျှဘက်ပေါင်းစုံမှကူညီအကျိုးဆောင် ကြပါရန် အကျိုးမျှော်၍နိုးဆော်လိုက်ပါသည်။

အားလုံးကျန်းမာကြပါစေ

 ဦးမိုးကြိုး

 ပထမဆုံးအထွေထွေအတွင်းရေးမှူးး
ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ပြောင်းအလုပ်သမားကွန်၇က်

 ခေတ္တ ဘန်ကောက်

၂၀-၉-၂၀၁၄

Read More...

Thursday, February 6, 2014

==ပြည်ပသို့ သွားရောက်မည့်မြန်မာအလုပ်သမားများသိရှိစေရန်အသိပေးခြင်း===

Photo--ဦးအေးမြင့်၊ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန


အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် လုပ်ငန်း ခွင်အေးချမ်းသာယာရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ အလုပ်သမားရေးရာသုတေသနနှင့် စာရင်းဇယားများစုဆောင်းပြုစုရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့် များအတွက် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန်္တရာယ်ကင်းရှင်း ရေး၊ လူမှုဖူလုံရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်တွင်း ကုန်စည်စီးဆင်းမှုသွက်လက်မြန်ဆန်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအလုပ်သမားရေးရာကိစ်္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် အလုပ်အကိုင်နေရာချထားရေးနှင့် လေ့ကျင့်ရေးဌာနခွဲမှ ပြည်တွင်း/ပြည်ပအလုပ်အကိုင်နေရာချထားရေးကို
 ဆောင်ရွက်ခဲ့ရာမှ ပြည်ပတွင်ရောက်ရှိနေသော မြန်မာအလုပ်သမားများ များပြားလာသောကြောင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန် ရွှေ့ပြောင်း အလုပ်သမားဌာနခွဲကို ဖွဲ့စည်း၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ် ခြင်း၊ ပြည်ပနိုင်ငံရှိ အလုပ်သမားများ၏ အလုပ်သမားရေးရာကိစ်္စများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်၊ တရားဝင်ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်၊ ပြည်ပ မှရရှိလာသော အတွေ့အကြုံအသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်၍ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီ ၁၈၄ ခုမှတစ်ဆင့် ပြည်ပသို့ မြန်မာအလုပ်သမား များကို တရားဝင်စေလွှတ်လျက်ရှိပါသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည်ဆိုပါက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကြော်ငြာထားသော ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများစာရင်းကို Websitewww. mol.gov.mmတွင် လည်းကောင်း၊ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ၏ ဖုန်းနံပါတ်-၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၁၈၅ သို့လည်းကောင်း၊ မိမိတို့နှင့် ဆက်သွယ်သွားရောက်မည့် အေဂျင်စီ အမှန်တကယ်ရှိ မရှိ ၊ အလုပ်ခေါ်စာ Demand Letter မှန်ကန်မှုရှိ မရှိတို့အား စိစစ်ရန်လိုအပ်ပြီး သွားရောက် အလုပ်လုပ်ကိုင်မည့်သူသည် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို၍ မိမိသွားရမည့် နေရာနှင့် လုပ်ငန်းဆိုင်ရာအချက်အလက်များအား ကြိုတင်သိရှိပြီး ပြည်ပ အလုပ်အကိုင်သက်သေခံကတ်ပြားပါရှိမှသာ သွားရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

 ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ နှင့်အညီ အခွင့်အရေးများရရှိစေရေးနှင့် ကာကွယ်စောင့်ရှောက်မှုပေးရေး အတွက် ထိုင်းနိုင်ငံ၊ ကိုရီးယားသမ်္မတနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိ (Labour Attache ) များ ခန့်ထားဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်ခြင်းနှင့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအား ကြီးကြပ်ရန် မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်း ထားပါသည်။

““ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမား များ၏ တရားဝင်အခွင့်အရေးများ အပြည့်အ၀ရရှိရေးအတွက် ကြိုးပမ်း လုပ်ဆောင်ရန်”” နိုင်ငံတော်က ချမှတ်ထားသောမူဝါဒနှင့်အညီ ပြည်ပရောက် မြန်မာအလုပ်သမားများအား မည်သည့်နိုင်ငံတွင် ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။ ပြည်ပရောက် မြန်မာအလုပ်သမားရေးရာကိစ်္စရပ်များကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိများ၊ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား များနှင့် ပြည်ပသို့သွားရောက်၍ အလုပ်လုပ်ကြမည့်သူများသည် တရား မ၀င် ဆောင်ရွက်နေသည့် အေဂျင်စီများ၊ ကြားပွဲစားများနှင့် လုံးဝ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်နှင့် ပြည်ပ၌ အခက်အခဲများကြုံတွေ့ရပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေး အပ်ပါသည်။


 ရွှေ့ပြောင်းလုပ်သားဌာနခွဲအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန
ရုံးအမှတ် ၅၁ ၊ နေပြည်တော်
ဖုန်းနံပါတ် - ၉၅-၆၇-၄၃၀၁၈၃ ၉၅-၆၇-၄၃၀၁၈၅
Email-migration.dol@gmail.com

 Complaints Mechanism Center၊ နေပြည်တော်
ဖုန်းနံပါတ် - ၉၅-၆၇-၄၃၀၁၈၄ ၉၅-၆၇-၄၃၀၂၈၄
 Email-complaint.moles@ gmail.com

Complaints Mechanism Center၊ရန်ကုန်
ဖုန်းနံပါတ် - ၉၅-၁-၆၅၀၁၈၇ ၉၅-၁-၆၅၀၀၈၉

ကိုရီးယားသမ်္မတနိုင်ငံ - ဒေါ်မေသူညို(အလုပ်သမားသံအရာရှိ)
ဖုန်းနံပါတ် - ၀၀၈၂-၁၀၃-၇၉၉-၄၆၉၀
 Email-maythunyo@gmail.com

မလေးရှားနိုင်ငံ -
 ဦးစိုးဝင်း (အလုပ်သမားသံအရာရှိ)
 ဖုန်းနံပါတ် - ၀၀၆-၀၁၀-၂၅၉-၇၇၅၀
 Email-soewinlabour@gmail.com

 ထိုင်းနိုင်ငံ - ဦးကျော်ကျော်လွင် (အလုပ်သမားသံအရာရှိ)
ဖုန်းနံပါတ် - ၀၀၆၆-၈၆၇-၇၄၆-၈၂၅
 Email-kklwinlabor@gmail.com


အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန



 Ref=မြန်မာ့အလင်းသတင်းစာ

Read More...

Friday, January 31, 2014

===မဲဆောက်မှာ ရက်ပိုင်းသောင်တင်ခဲ့ကြသည့် မြန်မာလုပ်သား ၂၀၀ ခန့်တို့၏ မြ၀တီမြို့ ကျောက်လုံးကြီး စခန်းအတွင်း နေထိုင်မှု လက်ရှိအခြေအနေ ကွင်းဆင်းလေ့လာချက်===

Photo=JACBA===မဲဆောက်ဒေသတာဝန်ခံ ဦးမိုးကြိုးနှင့်JACBAအဖွဲက ဦးစီးအရာရှိဦးကျော်နိုင်ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးဦးမျိုးသာတို့ နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့===

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး ဘွန်းဘွန်းအေဂျင်စီ အဆောက်အအုံတွင် ရက်ပိုင်း သောင်တင်ခဲ့ကြသော ပုလဲမိုးပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ခေါ်ယူထားသည့် မြန်မာအလုပ်သမား ၂၀၀ ခန့် (၁၉၅ ဦး) တို့၏ မြ၀တီမြို့ ကျောက်လုံးကြီး စခန်းအတွင်း နေထိုင်မှု လက်ရှိအခြေအနေ ကွင်းဆင်းလေ့လာချက်ကို တင်ပြအပ်ပါသည်။
အဆိုပါ မြန်မာအလုပ်သမား ၁၉၅ ဦးတို့သည် မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ လူပွဲစားများမှတစ်ဆင့် မြန်မာငွေ ၄သိန်း ၅ သိန်းကျပ် ပေးကာပုလဲမိုး အေဂျင်စီသို့ ရောက်လာကြခြင်းဖြစ်သည်။ လူထက်ဝက်ကျော်သည် ပုလဲမိုး အေဂျင်စီမှ စာရွက်စာတမ်းအတု ပြုလုပ်ကာ ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ရန် ကြံစည်ရင်း ထိုင်းရဲအဖမ်းခံခဲ့ရသော ပုလဲမိုးအေဂျင်စီဒါရိုက်တာအဖွဲ့ဝင် မျိုးသူရအောင်၏ နေရာတွင် စာရွက်စာတမ်း အစစ်ဖြင့် ကိုယ်စားလှယ်ပါဝါ ကိုယ်တိုင်ရယူမည့် ဒါရိုက်တာဦးဝီလျံ၏ ထိုင်းနိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်ခွင့်ရရှိရန် ဆက်သွယ်ကြိုးပမ်းမှုကို လက်ခံကြသည်ကိုတွေ့ရသည်။
လူအနည်းစုမှာမှု အေဂျင်စီမှ ရယူထားသော အကျိုးဆောင်ငွေကြေးနှင့် အေဂျင်စီမှ လုပ်ပေးထားသော နိုင်ငံကူးလက်မှတ်စာအုပ်ကြီး ကို ပြန်လည်ရယူကာ မိမိတို့သက်ဆိုင်ရာ ရပ်ရွာသို့ ပြန်ရန် ဆန္ဒရှိကြသည်။ ဤအကြောင်းအချက်များနှင့်ပက်သက်၍ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်မှ စေ့စပ်ညှိနိုင်းဆောင်ရွက်ကာ လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အလုပ်ရှင်အလုပ်သမား သဘောတူညီချက်တစ်ရပ်ကို ရယူမည်ဖြစ်သည်။


==မြ၀တီမြို့ ကျောက်လုံးကြီးစခန်းရှိ အဆိုပါမြန်မာအလုပ်သမား ၂၀၀ ခန့် နှင့်ရင်းရင်းနှီးနှီးတွေ့ ဆုံ==

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာအလုပ်သမား စောင့်ရှောက်ရေးကော်မတီဝင် မဲဆောက်ဒေသတာဝန်ခံ ဦးမိုးကြိုးနှင့်JACBAအဖွဲ့ သည် ယနေ့ မွန်းလွဲပိုင်းတွင် မြ၀တီမြို့ ကျောက်လုံးကြီးစခန်းရှိ အဆိုပါမြန်မာအလုပ်သမား ၂၀၀ ခန့်နှင့် လည်းကောင်း၊ ကျောက်လုံး ကြီးစခန်း မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိဦးကျော်နိုင်ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးဦးမျိုးသာ တို့နှင့်လည်းကောင်း၊ မြန်မာအလုပ်သမားရေးရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

 မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)

 31-1-2014

Read More...

Friday, April 20, 2012

*သက်ဆိုင်သူ မိဘဆွေမျိုးများမှ အမြန်ဆက်သွယ်ရန်အသိပေးကြေညာချက်*



နေ့စွဲ-၂၀-၄-၂၀၁၂

မိမိတို့ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) ၏ ရှေ့နေထောက်ကူကွန်ယက်အဖွဲ့ဝင်များသည် (၁၇-၄-၂၀၁၂) နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာခရိုင် လ၀ကရဲဌာနမှ မဲဆောက် (တာ့ခ်ခရိုင်) လ၀က ရဲဌာနသို့ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၁၀ ဘီးကားဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည့်ဖြစ်ရပ်၏နောက်ဆက်တွဲ ရာဇ၀တ်မူအဖြစ်ယင်းကားပေါ်တွင် လိုက်ပါလာသော မြန်မာအလုပ်သမားနှစ်ဦး သေဆုံးရမှုနှင့်ပတ်သက်၍ထိုင်းနိုင်ငံ လူု့အခွင့်အရေးကော်မရှင်နှင့် အခြားဆက်စပ်လူ့အခွင့်အရေး အဖွဲ့များထံသတင်းအချက်အလက်နှင့် တိုင်ကြားလွှာကို ပေးပို့ရန်စီစဉ်လျက်ရှိပါသည်။ (၁၇-၄-၂၀၁၂) နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာခရိုင် လ၀ကရဲဌာနမှ မဲဆောက် (တာ့ခ်ခရိုင်) လ၀က ရဲဌာနသို့ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၁၀ ဘီးကားဖြင့် ပြန်လည်ပို့ဆောင်ခဲ့ရာတွင် အသက်ရှူမွန်းကြပ်ပြီး မောင်စိုး(၂၅နှစ်) နှင့် မမိလာ(၃၆နှစ်) တို့ သည် မဲဆောက် (တာ့ခ်ခရိုင်) လ၀က ရဲဌာနရှေ့ရောက်ရောက်ချင်း လူစစ်ဆေးရာတွင် သေဆုံးနေကြကြောင်း သိရပါသည်။ ၄င်းတို့နှစ်ဦး အလောင်းကို မဲဆောက် (တာ့ခ်ခရိုင်) လ၀က ရဲဌာန၏အစီအစဉ်ဖြင့် မဲဆောက်ဆေးရုံကြီးတွင် (၁၉-၄-၂၀၁၂) နေ့အထိ မိဘဆွေမျိုးများ လာရောက်ဆက်သွယ်ကြရန် ထားရှိခဲ့ပါသည်။ သက်ဆိုင်သူမည်သူမျှလာရောက် ဆက်သွယ်ခြင်းမရှိကြသဖြင့် မဲဆောက် (တာ့ခ်ခရိုင်) လ၀က ရဲဌာနက (၁၉-၄-၂၀၁၂) နေ့တွင် မီးသဂြိင်္ုလ်လိုက်ကြောင်း သိရပါသည်။
အကြောင်းကြောင်းသော အကြောင်းအကြောင်းများကြောင့် ဆက်သွယ်ရန်အခက်အခဲရှိသော
သက်ဆိုင်သူ မိဘဆွေမျိုးများသည် ဤအသိပေးကြေညာချက်ကို တိုက်ရိုက်ဖြစ်စေ၊ တဆင့်ကြားသိ၍ဖြစ်စေ၊ သိရှိပါက မိမိတို့ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) ၏ ရှေ့နေထောက်ကူကွန်ယက်အဖွဲ့ဝင်များထံ အလျင်အမြန်ဆက်သွယ်ကြပါရန် နိုးဆော်တိုက်တွန်းအပ်ပါသည်။


လေးစားစွာဖြင့်

ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) ရှေ့နေထောက်ကူကွန်ယက်အဖွဲ့ဝင်များ


*ဦးမိုးကြိုး - ၀၈၃၁၆၅၆၇၁၅ *စောကိုထွေး - ၀၈၁၇၈၆၀၉၂၅
*ဦးစိုင်းအောင် - ၀၈၃၆၃၀၈၄၃၃ *ဦးစိုင်းလတ် - ၀၈၇၈၄၉၈၉၄၁
*ဦးကျော်မြင့် - ၀၈၁၄၉၆၁၇၃၆

Read More...

Thursday, March 1, 2012

facebook မှ ကြေငြာချက်



**ကြေငြာချက်**

Facebook Page တွေ March 30, 2012 နောက်ဆုံးထားပြီး Timeline ပုံစံမျိုးပြောင်းတော့မှာဖြစ်ပါတယ်။ အဲဒီရက်မတိုင်မီ မိမိသဘောနှင့် ပြောင်းနိုင်သလို အဲဒီရက်ရောက်ရင်တော့ အလိုအလျောက်ပြောင်းသွားမှာဖြစ်ပါတယ်။ မတ်လ 30 ကစပြီး Page တွေကို ပုံစံအသစ်နဲ့မြင်တွေ့ရပါမယ်။

**facebook မှကြေညာချက်**

Coming Soon: New Facebook Pages On March 30, 2012, all Facebook Pages will get a new design. Preview your page now to see what it looks like and try out the new features.

**လင်းဇော်ထက်**

Read More...

Tuesday, December 27, 2011

မျှော်လင့်ချက်တွေကို စုထားတဲ့ အသံ



ယခုအချိန်ထိ စုစုပေါင်း လူ ၈၄၃ ယောက် ပါ၏။ တစ်နေ့ထက်တစ်နေ့ ဆက်ကာ ဆက်ကာ တိုးပွားနေဆဲ။

ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူစုံစွာ ဒီအဖွဲ့ထဲမှာ ရှိ၏။ ပြည်တွင်းက ပြည်ပက ... ။

နိုင်ငံရေးသမား၊ အနုပညာသမား၊ စီးပွားရေးသမား၊ ကျောင်းသား ... အယုတ်အလတ်အမြတ်မရွေး ညီညာစွာ ပါဝင်ကြကုန်သည်။

ကျွန်ုပ်တို့အားလုံးကို ညီအောင်ညှိထားသောအရာကား တစ်ခုတည်း။

ကျွန်ုပ်တို့အားလုံး၏ ဦးတည်ရာကား တစ်ခုတည်း။

ကျွန်ုပ်တို့အားလုံး၏ ဟစ်ကြွေးမှုက တစ်သံတည်း။

နေ့စဉ်မပြတ် တစ်ရံမလတ် ဟစ်ကြွေးနေကြ၏။

ယင်းသည်ကား ...

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေး။ ခုချက်ချင်းလွှတ်ပေး။

ဘ၀ဆိုသည်မှာ အိပ်မက်ကြီးတစ်ခုဟု ဆိုပါလျှင် အိပ်မက်၏ ဦးတည်ရာမှာ မျှော်လင့်ချက်ပင်ဖြစ်လိမ့်မည်။

ယင်းမျှော်လင့်ချက်များအား စုပေါင်းလိုက်သောအခါ အသံတစ်သံထွက်လာ၏။

ကို မင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေး။ ခုချက်ချင်း လွှတ်ပေးပါ။


ကိုယ့်ထမင်းကိုယ်စား ကိုယ့်ဘ၀ကိုယ်နေ၍ ကျွန်ုပ်တို့ ဒီအသံတစ်ခုတည်းကို ဘာကြောင့်ထပ်တလဲလဲ ပြုနေကြပါသနည်း။ မသက်ဆိုင်သလို မနေသာသောကြောင့်ဖြစ်ပါသည်။



မြန်မာလူငယ်အားလုံး၏ အကိုကြီးသဖွယ်ဖြစ်သော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များသည် စစ်အစိုးရ၏ လူမဆန်သော အကျဉ်းထောင်များ အတွင်း တရားမဲ့စွာ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံနေကြရသည်။



ယခုအခါ အရပ်သားအစိုးရဟု အမည်ခံသော စစ်ဗိုလ်တို့ အုပ်ချုပ်လေသည်။ ပြည်သူ့အသံကို နားထောင်သည်ဟု ဆို၏။ ဒီမိုကရေစီကို ဖော်ဆောင်သည်ဟု ဆို၏။ အမေရိကန်က၊ ဗြိတိန်က၊ ထိုင်းက၊ တရုတ်က၊ ဂျပန်က ၀န်ကြီးများ လာကြကုန်၏။ ဖက်လှဲတကင်း လက်တွေဆွဲကြ ပွေ့ဖက်ကြကုန်၏။

သို့သော် မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် တက်ကြွလှုပ်ရှားခဲ့သူများမှာတော့ သံတိုင်တွေကြားရှိနေဆဲ။



အကယ်၍ မြန်မာပြည်သည် ဒီမိုကရေစီနိုင်ငံဖြစ်နေပြီဟု ဆိုပါလျှင် ဒီမိုကရေစီရဖို့ ကြိုးစားခဲ့သူများကို ယခုထိ ဘာကိစ္စ ဖမ်းဆီးထောင်ချထားဖို့ လိုပါမည်နည်း။ ယနေ့ခေတ် ကမ္ဘာအရပ်ရပ်တွင် ဘယ်ဒီမိုကရေစီနိုင်ငံမှ ယခုကဲ့သို့ တရားမဲ့စွာ နှစ်ရှည်ချုပ်နှောင်ထားခြင်းမရှပါ။ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ အရှင်ဂမ္ဘီရနှင့် ရဟန်းတော်များ၊ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများကို

ဆက်လက်ချုပ်နှောင်ထားခြင်းမှာ ဒီမိုကရေစီဟု လက်သီးလက်မောင်းတန်းချင်နေသော မြန်မာအစိုးရ၏ လက်မောင်းအား အောက်သို့ ဆွဲချထားသကဲ့သို့ရှိသော ကျောက်တုံးကျောက်ခဲကြီး ဖြစ်ပေလိမ့်မည်။ မြန်မာအစိုးရ၏ လက်ဖဝါးအလယ်ခေါင်တွင် ဆူးနေသော သံမှိုဖြစ်ပေလိမ့်မည်။


ကျွန်ုပ်တို့အားလုံးမှာ မြန်မာပြည်သူပြည်သားများဖြစ်ပါသည်။ ကျွန်ုပ်တို့အစိုးရကို ကျွန်ုပ်တို့သည်လည်း (တခြားနိုင်ငံများကဲ့သို့) အားကိုးချင်လှ ယုံကြည်ချင်လှပါသည်။ သို့အတွက် အစိုးရဘက်ကလည်း ပထမဦးဆုံး လုပ်ပြရမည့် ကိစ္စမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရေးပင် ဖြစ်ပါသည်။ သို့မှသာ အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းကိုလျှောက်လှမ်း နိုင်ပြီး ပြည်တွင်းစစ်မီး ငြိမ်းအေးစေမည်။



အစိုးရက အစိုးရလို ကျင့်မှ ပြည်သူကလည်း ပြည်သူလို ကျင့်ပေလိမ့်မည်။

အစိုးရက ပြည်သူကို ရန်သူထင်၍ ရန်မူနေပါလျှင် ပြည်သူတို့က ဘယ်လို နေထိုင်ရပါမည်နည်း။

ပြည်တွင်းရေးတွင် စစ်အင်အားသုံးစရာမလိုပါ။ နှစ်ရှည်ထောင်ချထားစရာမလိုပါ။ ယခုအခါ အစိုးရဖွဲ့ထားသည့် လူ့အခွင့်အရေးကော်မရှင်က အလီလီထုတ်ပြန်သော ကြေငြာချက်တို့တွင် တိုင်းပြည်လုံခြုံရေး မထိပါးသူများအား ပြန်လွှတ်ရန်ဆိုသော စကားရပ်ပါ၏။





အာပေါင်အာရင်းသံသော ပါးစပ်တစ်ပေါက်နှင့် မျိုးချစ်စိတ်ဓါတ်မှလွဲ၍ ဘာမှ မရှိသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များမှာ တိုင်းပြည်လုံခြုံရေးကို မည်သို့ ထိပါးနိုင်ပါသနည်း။

ဆွမ်းစားစရာ သပိတ်တစ်လုံးနှင့် မေတ္တာတရားမှလွဲ၍ ဘာမှ မသယ်ဆောင်တတ်သော အရှင်ဂမ္ဘီရနှင့် ရဟန်းတော်များမှာ တိုင်းပြည်လုံခြုံရေးကို မည်သို့ ထိပါးနိုင်ပါသနည်း။ ပါးစပ်ဖြင့်ပြောသူကို ပါးစပ်ဖြင့် တုန့်ပြန်ပါ။ သေနတ်ဖြင့် မတုန့်ပြန်ရန် အကြံပြုလိုပါသည်။ အရပ်သားအစိုးရဟု ဆိုပါလျှင်၊ ဒီမိုကရေစီအစိုးရဟု ဆိုပါလျှင် အရပ်သားဆန်စွာ ဒီမိုကရေစီဆန်စွာ ကျင့်ကြံရပါမည်။

ထိုသို့ ကျင့်ကြံရန်လည်း ကျွန်ုပ်တို့တိုက်တွန်းပါ၏။



သို့သော် ကျွန်ုပ်တို့သည်ကား သာမာန်ပြည်သူများသာ ဖြစ်သောကြောင့် တိုက်တွန်းတောင်းဆိုခြင်းမှလွဲ၍ တခြားဘာမျှ မစွမ်းနိုင်ပါ။ သို့သော် မိုးစက်ပေါက်များ ကျဖန်များသော် သမုဒ္ဒရာပင်ပြည့်နှက်စေသည်သို့ ကျွန်ုပ်တို့အဖန်တလဲလဲ တောင်းဆိုရမည်သာဖြစ်ပါသည်။



အတ္တဟိ အတ္တနော နာထော...ဟု မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့အတိုင်း ကျွန်ုပ်တို့သည် ကိုယ့်အားကိုယ်ကိုး၍ အဖန်ဖန်တလဲလဲ တောင်းဆိုနေပါမည်။ နားရှိသောသူမည်ကား ကြားပါစေ ... ဟု သမ္မာကျမ်းစာ၏ အဆိုအတိုင်း ပြည်သူ့အသံကို နားထောင်သော အစိုးရဆိုလျှင် ကျွန်ုပ်တို့၏ အသံကို ကြားပါစေ။

ကျွန်ုပ်တို့သည်ကား မြန်မာပြည်သူပြည်သား စစ်စစ်မျြားဖြစ်ပါချေ၏။

ကျွန်ုပ်တို့၏ တူညီသော ဆန္ဒသည်ကား နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးဖြစ်ပါသည်။

ကျွန်ုပ်တို့သာမက မြန်မာနိုင်ငံသားအားလုံးလည်း ဤသို့တစ်သဘောတည်းရှိနေလိမ့်မည်ဟု ယုံကြည်မိပါသည်။



လွှတ်တော်ထဲ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရန် အဆိုတင်သွင်းသောအခါမှာ တပ်မတော်သားတွေကပင် ထောက်ခံခဲ့ကြသော အဖြစ်က ယင်းဆန္ဒအား အထင်အရှားပြနေပါ၏။ ထပ်၍ ပြောပါဦးမည်။ ကျွန်ုပ်တို့အစိုးရအား ကျွန်ုပ်တို့ယုံချင်ပါသည်။ ထို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းလွှတ်ပေးပါရန် လေးမြတ်ပြင်းထန်စွာ ပန်ကြားအပ်ပါသည်။


**From-Ma Nandar**

Free Min Ko Naing Now Group အဖွဲ့ဝင်များ။

https://www.facebook.com/groups/freepoliticalprisoners/

Read More...

Tuesday, October 11, 2011

အကျဉ်းသား (၆၃၅၉)ဦးကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ပြီးလွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်


မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက်အကျဉ်းသား (၆၃၅၉) ဦးကို အောက်တိုဘာလ ၁၂ရက် (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး
လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှအောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

**လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း**

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သောစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊
ဒီမိုကရေစီကျင့်စဉ်ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကိုကျူးလွန်ဖောက်ဖျက်ခဲ့သူများအား
တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များစီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့်အသက်အရွယ်ကြီးရင့်သူများ၊ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င်
ကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၂၀၄ (ခ) ပါပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့်နိုင်ငံသားများအဖြစ်သို့ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။


၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့်သနားချစ်ခင်မှုတို့ကို အလေးထားသည့်
အနေဖြင့်လည်းကောင်း၊ ယင်းတို့၏မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ
တာဝန်ထမ်းဆောင်သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ်၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကိုလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်




--












**From-မာဃလုလင်**

Read More...

Sunday, July 10, 2011

Building Trust


tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRUst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRusT TRUST TruSt trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust TRUST TRUST TRUST TRUST TRUST TRUST tRUst Trust TRuSt tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRusT TRUST TruSt trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust TRUST TRUST TruST TRuST TrUST Trust tRUst Trust TRuSt tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRusT TRUST TruSt trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust TRUST TRUST TrusT tRUst Trust TRuSt TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRusT TRUST TruSt trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust TRUST TRUST TRUST TruST TruST TRUST tRUst Trust TRuSt tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt trUst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRusT TRUST TruSt trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust TRUST TRUST TruST TRUST TrUST TRuST tRUst Trust TRuSt tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt turst TRUSt TruSt TruST TRUST trust TRuST tRUST trust TRUST trust Trust tRUST TRUST tRusT TRUST TruSt tRusT TRUST TruSt trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust trust TRUST TRUST TRUST tRUst Trust TRuSt TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST TRUST



Posted by pandora

Read More...

Wednesday, March 30, 2011

စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း


အမေရိကန် နိုင်ငံ သမတ၊ အထက်လွှတ်တော်(ဆီးနိတ်)။အောက်လွှတ်တော် (ကွန်ဂရက်) အမတ်များ၊ ဒီမိုကရေစီကို လေးစားမြတ်နိုးးသော ကမ္ဘာခေါင်းဆောင်များ ထံသို့  မြန်မာမျိုးချစ်များ မှ တောင်းဆိုချက်။



**အကျဉ်းတင်ပြချက် **



စစ်အာဏာရှင်စနစ်ကြောင့်မြန်မာပြည်သူများအားလူမှုဒုက္ခမျိုးစုံပေးနေခြင်းကိုရပ်တမ်းကရပ်ဖို့  အချိန်ရောက်ပြီဖြစ်သည်။လစ်ဗျားနိုင်ငံအရေး အခင်းတွင် ပြည်သူများကို အာဏာရှင်မှမတရား သတ်ဖြတ်ခြင်းမှကာကွယ်သည့်အနေဖြင့်နိုင်ငံတကာမှဝင်ရောက်ခဲ့သည့် သာဓကအတိုင်းကျွနုပ် တို့  မြန်မာပြည်သူပြည်သားများ ကိုလည်း ဒီမိုကရေးကိုတန်ဖိုးထားသည့် နိုင်ငံများမှ အလား တူအကူစစ်ရေးအရ အကူအညီများပေးရန်တောင်းဆိုလိုက်သည်။



**တင်ပြချက်**



- လစ်ဗျားနိုင်ငံ အာဏာရှင် ကဒါဖီ ၏ တပ်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ နိုင်ငံတကာ တပ်များမှ လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ကျွန်ုပ်တို့ အားလုံးအတွက် မျှော်လင့်ချက်ကို ပေးလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အနေနှင့် လည်း နိုင်ငံတကာ မှ လစ်ဗျားနိုင်ငံ အားအရေးယူသကဲ့ သို့  မြန်မာနိုင်ငံ မှ ပြည်သူများ လွတ်မြောက်ရေး အတွက်ကူညီမှု့ ပေးရန် လိုလားသည်။

မြန်မာပြည်သူများသည် စစ်အာဏာရှင် မျိုးဆက်တဆက်ပြီး တဆက် ၏နှိပ်စက်မှု အောက်တွင် ၁၉၆၂ ခုနှစ် မှ စ၍ ယနေ့ ထက်တိုင် ကျရောက် နေခဲ့ သည်။



- မြန်မာပြည်သူများသည် မျှော်လင့်ချက်ကင်းမဲ့ စွာဖြင့် စစ်အာဏာရှင် စံနစ်အောက်တွင် လွတ်လပ်မှု့ မရှိ ဆိုးဝါးမှု့ များစွာကို ခါးစည်းခံစားပြီး ကြောက်ရွံ့ စွာနေထိုင်ခဲ့ ကြရသည်။

-ဆေးဝါးကုသမှု့  မလုံလောက်ခြင်း၊ နိမ့် ကျသော ပညာရေးစနစ်၊ အစာအဟာရ ချို့ တဲ မှု ၊အဓမ္မ လုပ်အားပေး ခိုင်းစေမှု့ ၊ အဓမ္မ ကလေးစစ်သားများ စုဆောင်း ခြင်း၊ လျှင်မြန်စွာ ကူးစက်ပြန့်  ပွား နေ သော အေအိုင်ဒီအက်ရောဂါ၊ အပူပိုင်းဒေသ ကူးစက်ရောဂါများ ပွားများနေခြင်း တို့ သည် ယနေ့  ပကတိ အခြေအနေ ဖြစ်သည်။



- မြန်မာပြည်သူများတွင် လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ အဖွဲ့ အစည်း အသင်းအပင်း ဖွဲ့ စည်းခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေပိုင်ခွင့် နှင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် တို့ သည် စစ်အုပ်ချုပ်မှု့ အောက်တွင် ခွင့်ပြုထားခြင်း
မရှိချေ၊ မြန်မာနိုင်ငံ တွင်တရားမျှတစွာ ဥပဒေနှင့်စိုးမိုးအုပ်ချုပ်မှုအလျှင်းမရှိချေ။

၁၉၈၈ ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးဖြစ်သည့် ရှစ်လေးလုံး လူထုအုံကြွမှု့ ကြီး ကို ရက်စက်စွာ နှိုမ်နင်းခဲ့  ခြင်းတွင်
အပြစ်မဲ့  ပြည်သူ (၃၀၀၀) ကျော်တို့  အသက်ဆုံးရှုံးခဲ့  ကြရသည်။



-၂၀၀၃ ခုနှစ် မေလ(၃၀) ရက်နေ့ တွင် ဒီပဲယင်းအရေးအခင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ထောက်ခံသူ
လူဦးရေ ရာကျော်အား ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ ကြရသည်။



-၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်သော ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်
ရဟန်းသံဃာ တော်များနှင့်ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ဖြိုခွဲပြီ့း ကျောင်းသားပြည်သူများ နှင့်  ရဟန်းသံဃာ
တော်များကို ထောင်သွင်း အကျဉ်းချခဲ့သည်။



-မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်း၊အိန္ဒိယ၊တရုတ် နှင့်  ဘင်္ဂလာဒေ့ နိုင်ငံများတွင် ဒုက္ခသည်ပေါင်း
၂ သန်းကျော် ရောက်ရှိနေခဲ့ ကြပြီး ဆယ်စုနှစ် နှစ်ခုခန့် တိုင် တနေ့ အိမ်ပြန်ရနှိုး နှင့်  စောင့်ဆိုင်း နေကြရသည်။

-၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း ဒါဏ်ကြောင့်  မြစ်ဝကျွန်းပေါ်ဒေသတွင်နေထိုင်သော ပြည်သူ ၁၃၇၀၀၀ ခန့် 
သေကြေခဲ့ ကြပြီး လူနှစ်သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ကြရသည်။ သို့ ရာတွင် စစ်အစိုးရသည် နိုင်ငံတကာမှ အချိန်ကိုက်အကူအညီပေးမှု့ ကိုငြင်းပါယ်ခဲ့ ပြီး ကိုယ့်ပြည်သူများ၏ ဒုက္ခကို မျက်ကွယ်ပြုရ်ျ သတင်းပတ်များစွာ
ပိတ်ဆို့ ထားခဲ့ သည်။ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး
ဘားနတ်ကောချနာက ကုလသမဂ္ဂ မှ ပြည်သူများ ကိုကာကွယ်ရန်တာဝန်ရှိသည် ဆိုသည့် ကုလဆုံးဖြတ်ချက်အရ
စစ်အာဏာရှင်က ခွင့်ပြုခြင်းမရှိသော်လည်း မိမိသဘော နှင့်  ၀င်ပြီး ပြည်သူကို ကယ်တင်သင့်ကြောင်း ပြောကြားခဲ့ သည်။



ပြင်သစ်သမတနီကိုလပ်ဆာကိုဇီ က ယနေ့ မှစရ်ျ မည်သည့် အာဏာရှင်မဆို မိမိပြည်သူကို သတ်နေပါက
လက်ပိုက်ကြည့်နေတော့ မည်မဟုတ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထိုပြောကြားချက်သည် ကျွန်ုပ်တို့ အား
ခွန်အားဖြစ်စေခဲ့ ပါသည်။ ကျွန်ုပ်တို့  အနေနှင့် လည်း ပြင်သစ် သမတက ပြောစကားအတိုင်း ပြုလုပ်မည်ကို စောင့်မျှော်ကြည့်နေမည်ဖြစ် သလို အခြား ဒီမိုကရေစီ နိုင်ငံများ နှင့်  အမေရိကန်နိုင်ငံ တို့ ကလည်း ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်အတိုင်း ပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်။



-၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဂီရိမုန်တိုင်း ဒါဏ်ကို ဒုတိယအကြိမ်ခံခဲ့ရပြန်သည်။ သို့ ရာတွင် စစ်အစိုးရက
ပျက်စီးမှုများ ကို ဖုံးကွယ်ရ်ျ ထိခိုက်မှု့  သိပ်မရှိသယောင် နိုင်ငံတကာ ကူညီမှု့ ကို မ၀င် ရောက်နိုင်ရန်
ပြုလုပ်ခဲ့ ပြန်သည်။



-ကျွန်ုပ်တို့ အနေနှင် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာမှ ကိုယ်ထိလက်ရောက် ၀ိုင်းဝန်း ကူညီ ကြရန် အချိန်
ရောက်ပြီဟု တိုက်တွန်းချင်သည်။ ကုလသမဂ္ဂ မှ လစ်ဗျားနိုင်ငံ သို့ဝင်ရောက်နိုင်ခဲ့ လျှင် အဘယ်ကြောင့်
မြန်မာနိုင်ငံ သို့ မ၀င်ရောက် နိုင်သနည်း? ဟုမေးချင်ပါသည်။

-မြန်မာနိုင်ငံသည် အိပ်ပျော်နေသော မီးတောင် နှင့် တူပါသည်၊ အကယ်ရ်ျ ပြည်သူများက၎င်းတို့  ၏ အခွင့် အရေးများကိုအုံကြွတောင်းဆိုလာပါကစစ်အစိုးရမှရက်စက်စွာ သတ်ဖြတ်အုံးမည်ဖြစ် သည်။ ကျွန်ုပ်တို့ အနေ နှင့်  နိုင်ငံတကာအစိုးရများမှ အနာဂတ်ဖြစ်ပေါ်လာမည့်လူထုအုံကြွမှုကို သတိနှင့်စောင့် ကြည့်ရ်ျ ငြိမ်းချမ်းစွာ မိမိတို့ လိုလား
ချက်များကိုတောင်းဆိုသောပြည်သူများကို အကာအကွယ်ပေးဖို့ လိုပါသည်။ ကျွန်ုပ်တို့  အနေ နှင့်  တရုပ် နှင့်  ရုရှား အစိုးရတို့ ကိုလည်း ယင်းကဲ့ သို
့ဖြစ်ပေါ်လာပါက ယခင်က ၎င်းတို့  မြန်မာအရေးတွင် ဗီတို အာဏာ သုံးရ်ျစစ် အစိုးရအားအကာအကွယ်ပေးမှု့ မျိုးကို ဆက်လက်မပြုလုပ်ရန် တောင်းဆိုလိုက်ပါသည်။



-ကုလသမဂ္ဂဆုံဖြတ်ချက်များကို စစ်အစိုးရသည် ဘယ်သောအခါကမျှ ဂရုပြုလိုက်နာခဲ့ ခြင်းမရှိခဲ့ပါ ထိုဆုံးဖြတ်ချက်များ တွင်ထိရောက်သည့်ဖိအားလက်နက် မပါရှိသဖြင့် မြန်မာပြည်သူတို့  ၏ ဒုက္ခ ကို လွတ်မြောက်သွားရန် မပြုလုပ်နိုင်ခဲ့ ပါ။ မြန်မာပြည်သူများကို စစ်ကျွန်ဘ၀ မှ လွတ်မြောက်ရန် ပြုလုပ်နိုင်သော တခုတည်းသောနည်းလမ်းမှာ လစ်ဗျားနိုင်ငံ ကဲ့ သို့  ပြည်သူများကိုသတ်ဖြတ်မှုမှ ကာကွယ်ရန်စစ်ရေးအရ၀င်ရောက်စွက်ဖက်မှု မှု့ ပင်ဖြစ်သည်။ ကျွန်ုပ်တို့  မြန်မာပြည်သူများ
အနေ နှင့်  မိမိတို့ ၏ လွတ်မြောက်ရေးအတွက် စစ်ရေးအရ ၀င်ရောက်မှု့  ကိုလိုလားပါသည်။

ထိုကဲသို့ စစ်ရေးအရ၀င်ရောက်မှုသည် မြန်မာနိုင်ငံကို နိုင်ငံခြားတပ်များမှ ကိုလိုနီပြုရန် ၀င်ရောက် ခြင်း ဟု မြန်မာပြည်
သူများမှ လုံးဝ ယူဆလိမ့်မည် မဟူတ်ဘဲ မိမိတို့  အားစစ်ကျွန်ဘ၀မှ လွတ်လပ် သော ဂုဏ်သိက္ခာရှိသောလူသားများ
အဖြစ် ကမ္ဘာ့ အလယ်တွင်ရပ်တည်နိုင်ရန် လူသားခြင်းစာနာ ထောက်ထားသောစိတ်ထားဖြင့် ၀င်ရောက်ကူညီသည်ဟု သတ်မှတ်ကာထာဝစဉ်ကျေးဇူးတင်ရှိ နေမည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးသို့  ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။





စစ်ကျွန်ဘ၀သို့ ရောက်နေကြသောပြည်သူများကိုယ်စားမြန်မာမျိုးချစ်များ

Military Intervention on Burma Petition

OVERVIEW

Burmese people have been suffered enough under military rule and now Libya case proved that we will have the same rights to demand from the democracy loving countries to help us. Our people have been slaughtered by the military for decades. We need the world to know that we are human being and we deserve to choose the government we like. Our destiny for freedom will not come to reality if there is foreign military intervention in Burma.

Burmese people have been suffered enough under military rule and now Libya case proved that we will have the same rights to demand from the democracy loving countries to help us. Our people have been slaughtered by the military for decades. We need the world to know that we are human being and we deserve to choose the government we like. Our destiny for freedom will not come to reality without foreign military intervention in Burma.

To Honorable World Democratic Leaders

An Appeal to the International Communities by Burmese Nationalists



The current attack on Libyan dictator Muammar Gadaffi’s troops by international air strikes gave our people hope. We want the same action from the international communities for our beloved country Burma, which has been under successive military regimes since 1962.



The Burmese people have been living hopelessly in fear under terrible conditions: brutal military regimes that have ruled for more than four decades, lack of medical care, a poor education system; malnutrition, forced labor, the taking of child soldiers, and rapidly spreading AIDS and tropical diseases are indicative of Burma today.



Burmese people have no freedom of expression, organization, or publication, and we lack of property rights under military rule. There is no rule of law in Burma.



Nationwide demonstrations on August 8, 1988, which was known as the Four-Eighths Movement, were crushed by brutal force, with government forces killing more than 3,000 unarmed demonstrators.



On May 30, 2003, the Depeyin Massacre killed more than a hundred members of the opposition political party, the National League for Democracy.



In September 2007, a peaceful demonstration known as the Saffron Revolution was led by Buddhist monks. It was crushed and thousands including monks were put into prisons.



Over two million refugees have been staying in Burma’s neighboring countries (Thailand, China, India, and Bangladesh) for more than two decades and are hoping to go home someday.



In 2008, Cyclone Nergis hit hard Burma’s delta region, killing more than 137,000 people and leaving two and a half million homeless. But the military regime refused foreign aid for weeks and let its people die. The French foreign Minister Bernard Kouchner suggested that the United Nations should invoke its “responsibility to protect” civilians as the basis for a resolution to allow the delivery of international aid even without the Junta’s permission.



We were encouraged by French President Nicolas Sarkozy’s assurance that from now on France will not allow any dictatorial regime to slaughter its own people. We are counting on his words and want to see the USA and other democratic countries take the same stand.



In 2010, Burma was hit again by Cyclone Giri, but still the Junta downplayed the damage and ignored offers of help from international donors.



We think it is time for the international community to act on Burma. If the United Nations can intervene in Libya, why not in Burma?



Burma is like a sleeping volcano; it can erupt any time. When people rise up for their rights, the regime will slaughter thousands of innocent people again. We want the international community to prepare for that moment so that it can help our peaceful demonstrators who want to decide their own destiny. We also request that the Chinese and Russian governments not use their veto again, as they did in the past, if something happens in Burma in the near future.



Many United Nations’ resolutions were never complied with by the Burmese regime and were ignored time after time. The United Nations’ resolutions on Burma never help the suffering people because the resolutions have no teeth. The only thing that can save the Burmese people from the slavery of the military Junta is international intervention just like in Libya. We, the people of Burma, want to see international military intervention in Burma to free us from our suffering.

Burmese people will not see the international military intervention as occupational forces, we see it as the liberation forces which aim is to free Burma from military yoke.





Burmese Nationalists, 88 Generation and new generations.


Read More...

Wednesday, January 19, 2011

Anti-Conscription Manifesto ( စစ်မှုမထမ်းမနေရ ဥပဒေ ဆန့်ကျင်ရေး ကြေညာစာတန်း )



ကမ္ဘာ့သမိုင်းမှာ စစ်မှုမထမ်းမနေရဥပဒေ/conscription ကို ဆန့်ကျင်တဲ့ကြေညာစာတန်းနှစ်စောင်ထုတ်ဖူးတယ်.......

တစ်စောင်က ၁၉၂၆က ထုတ်တာပါ Anti-Conscription Manifesto 1926 လို့လူသိများတယ် . . . ဒီကြေညာစာတန်းကို အိုင်စတိုင်း၊ ဘာထရန်ရပ်ဆဲလ်၊ ဂန္ဒီ၊ ရာဘင်ဒြာနတ်တဂိုး၊ ပြင်သစ်စာရေးဆရာဟင်နရီဘာဘူဆေး၊ အိတ်ဂျီဝဲလ်၊ အင်္ဂလိပ်ကဗျာဆရာ အက်ဒွပ်ကာပင်တာ စတဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီးတွေလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ . . .

နောက်တစ်စောင်ကိုတော့ ၁၉၃၀ မှာထုတ်ပြန်ခဲ့တယ်. . . ဒီတစ်ခါတော့

Against Conscription and the Military Training of Youth 1930 ဆိုပြီးထုတ်ပြန်တာပါ . . . ဒီတစ်ခါတော့ ဘာထရန်ရပ်ဆဲလ်၊ အိတ်ဂျီဝဲလ်၊ ရာဘင်ဒြာနတ်တဂိုး၊ အပ်တန်ဆင်ကလဲယား၊ ဒသနဆရာဂျွန်ဒီဝေး၊ ဆစ်ဂမန်ဖရိုက်၊ သောမတ်စ်မန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေပါဝင်လက်မှတ်ထိုးခဲ့ကြ ပါတယ်။

ဒီကြေညာချက်နှစ်စောင်ကို အခြေခံပြီး Gandhi Information Center ကနေ Manifesto Against Conscription and the Military System ဆိုတာကိုထပ်မံထုတ်ပြန်ထားတာရှိပါတယ် . . .

ဒီထဲက စစ်၊ စစ်မှုထမ်းစနစ်နဲ့ပတ်သတ်ပြီး အတော်လေးအလင်းပွင့်စေနိုင်တဲ့ ရေးသားချက်လေးတွေကို တွေ့လိုက်ရတယ်။ တစ်ချို့ကိုထုတ်နှုတ်ပြချင်တယ်။

- စစ်မှုမထမ်းမနေရဥပဒေဆိုတာ လွတ်လပ်မှုကိုဖျက်ဆီးပစ်တာ လူ့ကိုယ်ရည်ကိုယ်သွေးကို သိက္ခာချပစ်လိုက်တာပဲ။ စစ်တန်းလျားထဲကဘ၀၊ စစ်ရေးလေ့ကျင့်ခန်း၊ တရားမဲ့ ရူးမိုက်တဲ့ အမိန့်တွေကို မျက်စိမှိတ်လိုက်နာရမှု၊ လူသတ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိလေ့ကျင့်နေရမှုတွေဟာ တစ်သီးပုဂ္ဂလလူသား၊ ဒီမိုကရေစီနဲ့ လူသားဘ၀တွေကို လုံးဝအလေးမထားတာ၊ မစဉ်းစားတာပါပဲ။

- လူသားတွေကို သူတို့ဆန္ဒမပါဘဲ၊ ယုံကြည်ချက်မရှိဘဲ အတင်းအကျပ် သေခိုင်းသတ်ခိုင်းတာဟာ လူ့ရဲ့ဂုဏ်သိက္ခာကို အဆင့်ချပစ်လိုက်တာပါ။

- နိုင်ငံတော်/State အနေနဲ့ သူ့မှာ သူ့နိုင်ငံသားတွေကို အတင်းအကျပ်စစ်တိုက်ခိုင်းနိုင်ခွင့်ရှိတယ်လို့ ထင်နေရင်တော့ ဒါဟာငြိမ်းချမ်း တဲ့ ဘ၀တွေရဲ့ပျော်ရွှင်မှုနဲ့တန်ဖိုးကို လုံးဝလေးစားမှုမရှိတာပါပဲ . . .

- နောက်ပြီး စစ်မှုထမ်းဥပဒေဆိုတာ စိတ်ကိုပုံသွင်းရလွယ်တဲ့အရွယ်မှာ ပုရိသအမျိုးသားထုကြီးတစ်ရပ်လုံးကို ရန်လိုတဲ့စစ်သွေးကြွစိတ် သွင်းပေးလိုက်တာပါပဲ

( မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေပါပါမယ်လို့ဆိုတယ်)

- စစ်ပွဲအတွက်လေ့ကျင့်ပေးတာဟာ လူတွေကို စစ်ပွဲဆိုတာ ရှောင်လွှဲလို့မရဘူး လို့မြင်လာအောင် လုပ်ပေး လိုက်တာဖြစ်သလို စစ်အပေါ် ဆန္ဒတိမ်းညွတ်မှုတွေကိုတောင်ဖြစ် လာစေပါတယ်။

- စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတာဟာ တစ်သီးပုဂ္ဂလ ကိုယ်ရည်ကိုယ်သွေး တွေကို စစ်ဝါဒအောက် အတင်းအကြပ် သွတ်သွင်း လိုက်တာလည်းဖြစ်တယ်

- နောက်ပြီး ဒါဟာလူကိုကျွန်ပြုတဲ့ပုံစံတစ်မျိုးလည်းဖြစ်တယ်။

- စစ်ရေးလေ့ကျင့်သင်ကြားပေးတာဟာ လူသတ်တဲ့ပညာကို စိတ်ရောကိုယ်ပါ သင်ကြားပို့ချပေးတာပဲ။ စစ်ရေးလေ့ကျင့်သင်ကြားပေးတာဟာ စစ်ပညာသင်ပေးတာပဲ။ စစ်သွေးကြွစိတ်ကို အမြဲရှင်သန်နေအောင်လုပ်ပေးတာပဲ။ ငြိမ်းချမ်းလိုစိတ်ဖြစ်ထွန်းလာမှုကို ဟန့်တားလိုက်တာပဲ . . .

- ကျွန်ုပ်တို့အနေနဲ့ လူတွေကို ဒီစစ်ကျွန်ပြုစနစ်ကနေလွတ်အောင်ရုန်းဖို့ တိုက်တွန်းအားပေးတယ်။ ဒါကြောင့်လွတ်အောင်ရုန်းမယ်ဆိုရင် ဂန္ဒီတို့၊ မာတင်လူသာတို့ရဲ့ အကြမ်းမဖက်အာဏာဖီဆန်တဲ့လမ်းစဉ်ကို သုံးဖို့ ကျွန်ုပ်တို့ တိုက်တွန်းလိုတယ်. . .

ဲ့- ဒီခေတ်ဟာ ကျွန်ုပ်တို့စိတ်တွေ၊ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွေကို စစ်ရိပ်စစ်ငွေ့တွေဖယ်ရှားအောင်လုပ်ရမယ့် အချိန်ကာလအခါသမယကြီးပဲ၊ စစ်နဲ့ စစ်အတွက်ပြင်ဆင်မှုတွေကိုရဲရဲရင့်ရင့် ဆန့်ကျင်ရမယ့် အခါသမယကြီးပဲ။


# ကြေညာစာတန်း အပြည့်အစုံမဟုတ်ပါ။ ထုတ်နုတ်ဘာသာပြန်ထားတာပါ။ မူရင်းကတော့ Manifesto Against Conscription and the Military System ဆိုတာပါ။ ကျွန်တော့်အာဘော်တွေမဟုတ်ပါဘူး။

# ကျွန်တော်ကတော့ (တကယ်လို့ စစ်မှုထမ်းဥပဒေသာအတည်ဖြစ်မယ်ဆိုရင်) ကိုယ့်အခွင့်အရေးကိုယ်ပိုင်တဲ့နိုင်ငံသားတွေအနေနဲ့ ဒီကြေညာစာတန်းကို ရဲရဲရင့်ရင့် ကိုင်စွဲထားသင့်တယ်လို့မြင်ပါကြောင်း . . . .။



**မောင်ယဲ**

Read More...

Thursday, December 16, 2010

ဗိုလ်ချုပ်အောင်ဆန်း ၏ လမ်းညွှန်ု (ရ) ချက်။ (အနှစ် သာရ သဘောဖေါ်ပြချက်)


...............................................................................

၁။ ငါတို့ ရေးဆွဲမည့် အခြေခံဥပဒေသည် တမင်းတနိုင်ငံစနစ် (Unitary System) ကို၎င်း၊ ဘုရင်စနစ် ကို၎င်း ပြဌာန်းမည့် အခြေခံ ဥပဒေ မဟုတ်။ ပြည်ထောင်စု စနစ် (Federal System) ကို ပြဌာန်း သည့် အခြခံ ဥပဒေ ဖြစ် ရမည်။
၂။ ငါတို့ ထူထောင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံခေါ် ဒီမိုကရေစီလူ့ဘောင်သစ် တွင် ပြည်နယ်များ သည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် (ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ) ရှိစေရမည်။
၃။ ပြည်နယ်များ အပါအ၀င် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အာဏာ သည် တိုင်းသူ ပြည် သားများထံမှဆင်းသက်ရမည်။
၎။ တိုင်းသူပြည်သားမှန်သမျှ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင်တရားမျှတမှုရှိ စေလျက် လွတ်လပ်သော ဒီမိုကရေစိ အခွင့် အရေးများကို ဥပဒေ သက်ရောက်မှုတွင် ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တန်းတူ ခံစားကြရမည်။
၅။ လူနည်းစုများ အတွက် လုံလောက်သော ကာကွယ် ချက်များ ပြဌာန်းထား ရမည်။
၆ နှင့် ရ။ တိုင်းပြည် ကာကွယ်ရေး နှင့် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ လမ်းညွှန် ပြဌာန်းချက်များ။




**kyi phyo**

Read More...

Monday, November 15, 2010

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း .............Universal Declaration of Human Rights

................

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်အောက်ဖေါ်ပြပါအချက်များတွင်အပြည့်အစုံပါရှိသည်။
ဤကဲ့သို့ ရာဇ၀င်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန်ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။

** စကားချီး.**
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တစ်ကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှူ၊ တရားမျှတမှူ၊ ငြိမ်းချမ်းမှူတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း....
လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကိုချိုးဖေါက် ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုမှူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှူ၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှူတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကောင်း.....
နိုင်ငံအခြင်းခြင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း......
ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောင်္ကျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း ၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှူကြီးပွား တိုးတက်ရေးနှင့်တစ်ကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိန်ဌာန်ချပြီးဖြစ်သောကြောင့် လည်းကောင်း.....
ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း........
ထို့ကြောင့်...အထွေထွေညီလာခံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်းအဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမယ်ဟုလည်းကောင်း...........
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့်အားထုတ်ကြရမည်ဟုလည်းကောင်း...................
ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာဆောင်ရွ် နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။
အပိုဒ်ခွဲ ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း ၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ။
အပိုဒ်ခွဲ၂
လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှူအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်းဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေစီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်လည်းကောင်း၊ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချူပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော် နယ်မြေများ ဖြစ်သည်၊ ဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ ။
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။

အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကိုကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ် ၅
မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှူမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှူံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည် ။
အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း ၊အခြားဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖေါက်ဖျက်ဆီးသော ပြုလုပ်မှူကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။
အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ချူပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှူကြောင့် တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှူကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှူနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှူကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှူအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအားပေးပြီး ဖြစ်စေရမည်။

(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှူမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှူအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ၊ထို့အပြင် ပြစ်မှူကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုးကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက် စွက်ဖွက်ခြင်းမခံစေရ၊ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှာ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ နယ်နမိတ် အတွင်း၌ လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊အခြားတိုင်းပြည်မှလည်းကောင်း၊ထွက်ခွာသွားပိုင်ခွင့်ရှိသည့် အပြင် မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှင်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းသွာ ခိုလှူံနေနိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သတ်သည့် ပြစ်မှူများမှ သော်လည်းကောင်း၊ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားမှူများကို ဖီဆန်သော အမှူများမှ သော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှူကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှူအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်းငြင်းပယ်ခြင်း မခံစေရ။
အပိုဒ် ၁၆
(၁) အရွယ်ရောက်ပြီးသော ယောင်္ကျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချူပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောင်္ကျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ်အချိန်အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိပ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

(၂) သတို့သားနှင့် သတို့သမီးနှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။

(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့ အစည်း၏ သဘာဝကျသောအခြေခံအဖွဲ့တစ်ရပ်ပင်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင် မည်သူမှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။
အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်းပါဝင်သည်။
အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။

(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချူပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင်မိမိနိုင်ငံရှိပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့် အခွင့်အရေးရှိသည်။

(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချူပ်အာဏာ၏ အခြေခံဖြစ်ရမည်။အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားချက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။
အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှူရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှူဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ကာပူးပေါင်းဆောင်ရွက်မှူဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့်လည်းကောင်း၊သယံဇာတာအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာလွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှူရေးနှင့် ယဉ်ကျေးမှူ အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ်၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှူအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။

(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။

(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့်မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်၊ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှူရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။

(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ်၂၅

(၁) လူတိုင်းတွင် မိမိနှင့်တစ်ကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တစ်ကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ၊ အ၀တ်အတည် နေအိမ်၊ ဆေးဝါး အကူအညီနှင့်လိုအပ်သည့် လူမှူအထောက်အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှူအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။

ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌သော်လည်းကောင်း၊

မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သော အခါ၌သော်လည်းကောင်း၊

မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊

အသက်အရွယ်အိုမင်းသောအခါ၌သော်လည်းကောင်း၊

မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသော အခါ၌ သော်လည်းကောင်း၊

နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှူ အခွင့်အရေးရှိသည်။

(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်း နှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။

ဥပဒေအရထိမ်းမြားခြင့်ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှူကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အပိုဒ် ၂၆

(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှူလက်မှူပညာနှင့် အသက်မွေးမှူပညာများကို ယေဘုယျအားဖြင့်သင်ကြားရယူနိုင်စေရမည်။ထို့ပြင် အထက်တန်းပညာအတွက အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေးရရှိစေရမည်။

(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတိုက်မှူအပြင်၊ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်ရိုသေလေးစားမှူတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။
ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊လူမျိုးစုများတွင်လည်းကောင်း၊ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊အချင်းချင်း နားလည်မှူ၊သည်းခံမှူနှင့် ခင်မင်ရင်းနှီးမှူများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။

(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။
အပိုဒ်၂၇

(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှူ လောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ် များကို
လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့်
ထိုပညာ၏အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊စာပေမှဖြစ်စေ၊သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည်ဖန်တီးမှူမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှူကို ရရှိရန် အခွင့်အရေးရှိသည်။
အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှူဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည့်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
အပိုဒ် ၂၉

(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။

(၂) မိမိ၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်၊ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌါန်းထားသည့် ချူပ်ချယ်မှူများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့် အမှူကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊
အခြေခံမူများနှင့် လည်းကောင်းဆန့်ကျင်၍ မသုံးစွဲရ။
အပိုဒ် ၃၀

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ
လူတစ်ခုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊
ကိုယ်တိုင်ဆောာင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရ။



**လူ့ အခွင့်အရေး**

လူ့ အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။
လူသားတို့သည် မွေးဖွားလာကတည်းက တူညီသောဂုဏ်သိက္ခာနှင့်အခွင့်အရေးတို့ဖြင့် မွေးဖွားလာခဲ့ကြသည်။
လူသားဖြစ်သောကြောင့် တူညီသော ဂုဏ်သိက္ခာများရှိကြပြီး ထိုဂုဏ်သိက္ခာရှိရှိ နေနိုင်ရန်အတွက် လိုအပ်သော အရာများသည် လူ့အခွင့်အရေးများပင်ဖြစ်သည်။လူသားတစ်ယောက် အသက်ရှင်နေထိုင်နိုင်ရေးနှင်ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အရာများကို လူ့အခွင့်အရေးဟူ ယေဘူယျအားဖြင့် အဓိပ္ပယ်ဖွင့်ဆိုနိုင်သည်။
လူသားတို့သည် လူသားဖြစ်နေသော အချက်ကြောင့် ထိုအရာများကို လူတစ်ဦးချင်း တယောက်ချင်းတိုင်း ပိုင်ဆိုင်နေသည်။မည်သူတို့ဖြင့်သာသက်ဆိုင်သည်၊မည်သူတို့ကတော့ဖြင့် ခံစားခွင့်မရှိဟူ ခွဲခြားမရနိုင်ပေ။ထိုအချက်များသည် လူသားအားလုံးနှင့် သက်ဆိုင်နေသည်။ထိုအရာများကို အခြားမည်သူကမှ ယူဆောင် သိမ်းပိုက်မရချေ။နိုင်ငံတော်အစိုးရတရပ်က ထိုအရာများကို နိုင်ငံသားတဦးဦးအား ခံစားခွင့်မပေးသည့်တိုင်အောင် လူသားတယောက်ဖြစ်သောကြောင့် ထိုအရာများကို ထိုနိုင်ငံသားက ခံစားပိုင်ခွင့်ရှိသည်။
ထိုအယူအဆများကို ယနေ့တွင် လူ့အခွင့်အရေးများဖြစ်သည်ဟူ တွင်တွင် ကျယ်ကျယ် ပြောဆိုနေခြင်းဖြစ်သည်။
နိုင်ငံတကာနှင့် နိုင်ငံတော်တရားဥကဒေများ ရေးဆွဲရာတွင် ထိုအယူအဆများကို ဆွေးနွေး ထည့်သွင်းရေးဆွဲ
ပြဌာန်းလာခဲ့ကြသည်။ တရားဥပဒေအရ အကာအကွယ်ပေးရမည့် အရာများအဖြစ် အသိအမှတ်ပြုလာခဲ့ကြသည်။
လူ့အခွင့်အရေးအယူအဆများသည် တစ်ကမ္ဘာလုံးနှင့်အကြုံးဝင်ပါသလား ..
ယခုအချိန်တွင် လူ့အခွင့်အရေးဟူ မိမိတို့ တွင်တွင်ကျယ်ကျယ်ပြောဆိုနေသော လူသားတို့၏ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမူတို့အပေါ်တန်ဖိုးထားသည့် အယူအဆများကို ရှေးယခင်ကတည်းက တည်ရှိခဲ့သော ဘာသာရေးအယူအဆများ၊အတွေးအခေါ်အယူအဆများ၊ယဉ်ကျေးမူထုံးစံများအတွင်းတွင် တွေ့မြင်နိုင်သည်။
လူ့အခွင့်အရေးဟူသော စကားလုံးကို ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှသာ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးစွဲလာခြင်း
ဖြစ်သော်လည်း လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အယူအဆသဘောတရားတို့ကို ရှေးနှစ်ပေါင်းများစွာကပင် အသွင်အမျိုးမျိုးဖြင့်လက်ခံကျင့်သုံးလာခဲ့ကြသည်။ထိုအယူအဆနှင့် ဆင်တူသော အယူအဆများကို လူသားတို့၏ ယဉ်ကျေးမူပေါင်းစုံ၊ထုံးတမ်းဓလေ့မျိုးစုံတို့တွင် တွေ့နိုင်သည်။
ရှေးဟောင်း လူမူအဖွဲ့အစည်းများအကြားတွင် “မိမိအပေါ်ဆက်ဆံလိုသည့် ပုံစံအတိုင်း အခြားလူများကို
မိမိကစတင်ဆက်ဆံပါ” ဟူသောထုံးတမ်းစဉ်လာများကို လက်ကိုင်စွဲ ကျင့်သုံးခဲ့ကြသည်။
ဟိန္ဒူဝေဒကျမ်းစာများ၊ ဗုဒ္ဓဘာသာ ဟောကြားချက်များ၊ ခရစ်ယာန် သမ္မာကျမ်းစာများ၊
အစ္စလာမ် ကုရ်အာန်ကျမ်းစာများ နှင့် ကွန်ဖြူးရှပ်အဆိုအမိန့်များတွင် ပါဝင်သော လူသားတို့ စောင့်ထိမ်းရမည့်
ကိုယ်ကျင့်တရားများမှာ ယခုပြောဆိုနေသည့် လူ့အခွင့်အရေး အယူအဆတန်ဖိုးများ၏ အနှစ်သာရများပင် ဖြစ်သည်။
ထိုတန်ဖိုးများသည် လက်တွေ့တွင် ဘယ်လိုအခြေအနေမျိုးရှိနေပါသလဲ။
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာများအား အသိအမှတ်မပြုမူများကို ယနေ့တိုင်ရင်ဆိုင်
တွေ့မြင်ရလျက်ရှိသော်လည်း လူသားတိုင်းသည် တူညီမူရှိသည်ဟူသော အယူအဆကို
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကပင်လက်ခံကျင့်သုံးလာခဲ့သည်။၁၈ရာစုနှင့်၁၉ရာစုကာလ
အတွင်းများက ဥရောပတိုက်တွင် “လူသည် လူသားဖြစ်သော သဘာဝတရားကြောင့်အခွင့်အရေးပိုင်ဆိုင်ခွင့်ရှိသည်။
နိုင်ငံ တနိုင်ငံ၏ နိုင်ငံသားဖြစ်သောကြောင့်၊လူမျိုးနှင့် ဘာသာရေးအုပ်စုဝင်ဖြစ်သော အကြောင်းအချက်များကြောင့်
မည်သူမှ အခွင့်အရေး ပိုမိုပိုင်ဆိုင်ခွင်မရှိ” ဟူသော သဘာဝအခွင့်အရေး(Natural Rights) အယူအဆပေါ်ထွန်းခဲ့သည်။
လူသားတိုင်း တန်းတူဖြစ်သည်ဟူသော အယူအဆကို ရှေးနှစ်ပေါင်းများစွာထဲက ထိုသဘာဝ အခွင့်အရေးဥပဒေထဲတွင်
လက်ခံခဲ့ပြီးသား ဖြစ်သည်။ သို့သော် လစ်လျူရူမူများ၊အစွဲများနှင့် တန်းတူညီမျှမူကို လက်မခံသည့်
မှားယွင်းသော အယူဝါဒများကြောင့် ခွဲခြားဖိနှိပ်မူများသည် ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်။
ထိုအယူဝါဒများမှတဆင့် ရှေးယခင်နှင့် ယခုမျက်မှောက်အချိန်အထိ လိင်ကွဲပြားမူ၊ အသားအရောင် ၊
လူမျိုး၊မျိုးရိုးနှင့် ဘာသာရေးအယူအဆကွဲပြားမှုများကိုအခြေခံသည့် ကျွန်ပြုခြင်းများ၊ဖိနှိပ်ခွဲခြားမူများ
ဖြစ်ပေါ်စေရန် လူံ့ဆော်ပေးနေသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပါသည်။



(Human Rights Questions and Answers စာအုပ်မှ )
မြန်မာနိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အ၀ရရှိခံစားနိုင်ကြပါစေ…





**San Maung**

Read More...

Tuesday, November 2, 2010

မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ

(၁) ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။
(၂) ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။


**(က) “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”**
ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။

**(ခ) “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”**
စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပါတီဖြစ်ပါသည်။ ယင်း တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။

**(ဂ) “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”**
ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။

**(ဃ) “တသီးပုဂ္ဂလများ”**
ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
(၃) မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။
(၄) ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။
(က) ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။
(ခ) ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။
(ဂ) ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။
(ဃ) ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။
(၅) စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။

(၆) အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

(၇) အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။
(၈) မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ - ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။


**ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု**

Read More...

Monday, November 1, 2010

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးသို့

(ကလေးမြို့ကြေညာစာတမ်းအပေါ် လူထုတိုက်ပွဲကော်မတီ၏ သဘောထား)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများစုပေါင်း၍ ၂၀၁၀ ရွေးကောက်ပွဲကိုပယ်ချပြီး ဒီမိုကရေစီနှင့်တန်းတူရေးကို အခြေခံ သော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် ဒုတိယပင်လုံညီလာခံ အမြန်ဆုံးခေါ်ယူကျင်းပရန် ကြိုးပမ်း ဆောင်ရွက်မည့် အောက်တိုဘာ ၂၄ ရက်၊ ၂၀၁၀ ခုနှစ်နေ့စွဲပါ ထုတ်ပြန်ကြေညာချက်ကို ကျွန်ုပ်တို့ လူထုတိုက်ပွဲ ကော်မတီ (၂၀၁၀) က ကြိုဆိုထောက်ခံပါသည်။
ယင်းဆုံးဖြတ်ချက်သည် ၁၉၄၇ ပင်လုံညီလာခံ၊ ၁၉၆၁ တောင်ကြီးညီလာခံ၊ ၁၉၆၂ အသံလွှင့်ရုံနှီးနှောဖလှယ်ပွဲ၊ ၁၉၉၀ ဗိုလ်အောင်ကျော်လမ်းကြေညာချက်၊ ၁၉၉၂ မာနယ်ပလောစာချုပ်၊ ၁၉၉၇ မယ်သရောထကြေညာချက်၊ ၁၉၉၈ သူမွဲကလိုးကြေညာချက်တို့နှင့် တသဘောတည်းဖြစ်သည်ဟု အလေးအနက်ခံယူပါသည်။ တဆက်တည်း တွင် ဒုတိယပင်လုံညီလာခံ အကောင်အထည်ပေါ်ရေးအတွက် လက်တွေ့အကြံပြုချက်များကိုလည်း အောက်ပါအ တိုင်း အဆိုပြုလိုပါသည်။
၁၉၄၇ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော (လွတ်လပ်ရေးမတိုင်မီ) ကြားဖြတ်အစိုးရ နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲဖြစ်ပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအစိုးရ သည် ၁၉၄၁-၄၂ အင်္ဂလိပ်တော်လှန်ရေး၊ ၁၉၄၅ ဂျပန်တော်လှန်ရေးနှင့် ၁၉၄၅-၄၆ နယ်ချဲ့ဆန့်ကျင်ရေး အထွေထွေ သပိတ်ကြီးတို့မှ ပေါ်ထွက်လာသည့် ကြားဖြတ်အစိုးရဖြစ်ခဲ့ပါသည်။ တနည်းအားဖြင့် ပြည်သူလူထု၏ဆန္ဒ၊ ပြည်သူ လူထုကိုကိုယ်စားပြုချက် ရရှိထားပါသည်။ တိုင်းရင်းသားခေါင်းဆောင်များမှာ ထိုစဉ်က ခြွင်းချန်နယ်မြေများဟု ခေါ် သည့် တောင်တန်းဒေသနယ်မြေ(၃)ခု၏အာဏာပိုင် (ဝါ) တောင်တန်းဒေသအစိုးရများ ဖြစ်ကြပါသည်။ ပထမပင်လုံ ညီလာခံတွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ မပါဝင်ခဲ့ပါ။ သို့ဖြစ်၍ ရရှိလာသောပင်လုံစာချုပ်မှာ ခိုင်မာပြီး အင်္ဂလိပ်နယ်ချဲ့ထံမှ လွတ်လပ်ရေးရရှိဖို့ အားကောင်းသောလက်နက်တခု ဖြစ်ခဲ့ပါသည်။
ထို့အတူ ယခု ဒုတိယပင်လုံညီလာခံ ပီသဖို့ဆိုလျှင် ၁၉၈၈ အရေးတော်ပုံကြီးနှင့် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ပြည်သူ့အစိုးရ သို့မဟုတ် ကြားဖြတ်အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များကြားဆွေး နွေးပွဲ ဖြစ် ရန်လိုပါသည်။ ၉၀ mandate ရ ပြည်သူ့အစိုးရနှင့် ၉၀ mandate ရ တိုင်းရင်းသားခေါင်းဆောင်များ၊ အပစ်ရပ်/ အပစ်မရပ် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၏ နယ်မြေခံတိုင်းရင်းသားအစိုးရအာဏာပိုင်များ သဘောတူ ချုပ်ဆိုသည့် ဒုတိယပင်လုံသဘောတူညီချက်သာလျှင် ရလာဒ်များခိုင်မာ၍ ပြည်တွင်းပြည်ပတွင် တရားဝင်မည်ဖြစ် ပါသည်။ ဒုတိယလွတ်လပ်ရေး ရရှိဖို့ အားကောင်းသောလက်နက်လည်းဖြစ်လာပါမည်။ ပထမပင်လုံညီလာခံတွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ မပါဝင်သကဲ့သို့ ဤဒုတိယပင်လုံညီလာခံတွင်လည်း နအဖစစ်အစိုးရ သို့မဟုတ် ဂီရိရွေး ကောက်ပွဲထွက်စစ်အစိုးရ ပါဝင်ရန် မလိုပါ။
အနှစ်သာရရှိသော ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ပေါ်ဖို့ ဤနည်းလမ်းမှတပါး အခြားမရှိ ပါ။ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုအားလုံးနှင့် ပြည်သူလူထုတရပ်လုံးသည် ၂၀၁၀ ရွေးကောက်ပွဲကို အကြွင်းမဲ့ ဆန့်ကျင်ပြီး စစ်မှန်ပီပြင်သည့်ဒုတိယပင်လုံညီလာခံ အမြန်ဆုံးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက် တွန်းနှိုးဆော်အပ်ပါသည်။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀)

ဆက်သွယ်ရန်။
မိုးသီးဇွန် ၀၈၄ ၄၅၉ ၁၁၈၆
ဒေါက်တာလွဏ်းဆွေ ၀၈၁ ၂၈၄ ၁၄၁၈

Read More...

Thursday, October 7, 2010

ထိုင်းနိုင်ငံ ခွန်ကယ်မြို့က မြန်မာအလုပ်သမားများ အရေးပေါ်အကူအညီ လိုအပ်နေခြင်း

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ ဒေချာဖန်းနစ်ငါးဖမ်းပိုက်စက်ရုံက အလုပ်သမား ၁၀၀၀ နီးပါးရဲ့ ဆန္ဒပြမှုဟာ ...
အပြည့်အစုံသို့

Read More...

Saturday, July 3, 2010

ဘန်ကောက်မြို့နှင့်အနီးပတ်ဝန်းကျင်မှ မြန်မာအလုပ်သမငယ်များအားအသိပေးအပ်ပါသည်




ဘန်ကောက်မြို့ Charan Sanit Wongလမ်း၇၀ရှိ၊လိုတကုန်တိုက်ကြောဘက်အထပ်၃၀ကျော်ရှိသည့် Bangkok River Marinaအမည်ရှိသည့်ကွန်တိုအဆောက်အဦးတွင်အိမ်ဖေါ်အလုပ်မလုပ်မိကြစေရန်သတိ
ပေးအပ်ပါသည်။
အဆိုပါအဆောက်အဦး၏ ၂၈ ထပ်ညာဖက်အခန်းတွင် အသက်၅၀ ၀န်းကျင်အောက်ပိုင်းသေနေသည့်
ထိုင်းစစ်တပ်မှ တစ်ပွင့်ရာထူးဖြင့်အငြိမ်းစားယူထားသူ စုန်ချို့ဆိုသည့်သူဌေးမှာ လူမဆန်စွာရက်စက်
ယုတ်မာသဖြင့်အသိပေးလိုက်ရခြင်းဖြစ်ပါသည်။
အဆိုပါအဆောက်အဦးအနီတွင်ဆောက်လက်စ ကွန်ဒိုတိုက်တစ်လုံးရှိပါသည်။အသေးစိတ်သိလိုပါက
ကျနော်တို့ ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
**ကျော်သောင်း**
တာဝန်ခံ
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း
ဘန်ကောက်မြို့

Read More...

Wednesday, February 17, 2010

ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံအတွင်းလုံခြုံ စိတ်ချစွာ အလုပ်လုပ်နိုင်ရေးအတွက် အကြံပြုသည့် အိတ်ဖွင့်စာ

***(အတိုချုပ် ဘာသာပြန်ခြင်း)***
သို့
လေးစားအပ်ပါသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ခင်ဗျား / ရှင့်.....
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား (၂)သန်းကျော်သည် ဖေဖော်ဝါရီလ (၂၈)ရက် (၂၀၁၀)ခုနှစ်အတွင်း အလုပ်လုပ်ခွင့် သက်တမ်းနှင့် နိုင်ငံသားစီစစ်မှုလုပ်ငန်းမလုပ်နိုင်ပါက မိမိတို့ နိုင်ငံများသို့ ပြန်ပို့ခံရမည့်အရေးနှင့် ကြုံနေရပါသည်။ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားစုစုပေါင်း၏ (၈၀-ရာခိုင်နှုန်း)ကျော်ရှိသည့် မြန်မာပြည်သားများသည် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ပဋိပက္ခများနှင့် မိခင်နိုင်ငံ၏ စီးပွားရေးယိုယွင်းလာမှုများကို ရင်ဆိုင်နေရပါသည်။
ထိုင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားအများစုမှာ စာရွက်စာတမ်းများမရှိသော်လည်း ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် ယာယီအလုပ်လုပ်ကိုင်ခွင့်ပြုထားသည်။ ၄င်းယာယီခွင့်ပြုချက်သည် နှစ်စဉ်သက်တမ်းတိုးပေးသည့်စနစ်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများသည် အရေးပါသည့် လစ်ဟာနေသော ထိုင်းနိုင်ငံ၏ စီးပွားရေးကို တောင့်တင်းခိုင်မာစေသည်ကို အသိအမှတ်ပြုသည်။

ဇန်န၀ါရီလ (၁၉)ရက်နေ့ (၂၀၁၀)ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ၀န်ကြီးအဖွဲ့မှ နိုင်ငံသားစီစစ်ရေးစနစ်ဖြင့် အလုပ်လုပ်ခွင့်သက်တမ်းများကို တိုးမြှင့်ပေးရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ (၂၀၀၉)ခုနှစ်၌ အလုပ်လုပ်ခွင့်လက်မှတ်ရရှိထားသည့် (၁.၃)သန်းကျော်ရှိသော ရွှေ့ပြောင်းအလုပ်သမားများသည် ၄င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ၄င်းတို့ နိုင်ငံအစိုးရထံသို့ (၂၀၁၀)ဖေဖော်ဝါရီလ နောက်ဆုံးထားတင်သွင်းပြီး သူတို့မှာ (၂၀၁၂)ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ကိုင်ခွင့် ဆက်လက်ရရှိကြမှာဖြစ်ပြီး နိုင်ငံသားစီစစ်ရေးမှာလည်း ပြီးဆုံးမည်ဖြစ်သည်။ သို့သော် နိုင်ငံသားစီစစ်ရေးမလုပ်သော ရွှေ့ပြောင်းအလုပ်သမားများနှင့် စာရွက်စာတမ်းမရှိသော (၁-သန်း)ခန့်မှာ မိမိနိုင်ငံသို့ ပြန်ပို့ခံရနိုင်ဖွယ်ရှိသည်။
ထိုင်းအစိုးရ၏ အရေးကြီးသော ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဆိုင်ရာ ဥပဒေမူဝါဒကို ကျနော်တို့ နားလည်သဘောပေါက်ပါသည်။ ကျနော်တို့ကလည်း နိုင်ငံများအကြားနည်းလမ်းမကျသော ရွှေ့ပြောင်းသွားလာနေမှုအဟုန်အကြား နိုင်ငံသားစီစစ်ရေးပြုလုပ်ပေးသည့် အစီအစဉ်ကိုအားပေး ပါသည်။ သို့သော်လည်း ကျနော်တို့သည် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကိုကာကွယ်ရန် ရွှေ့ပြောင်းမှုဆိုင်ရာ မူဝါဒကို ပိုမို၍ အလေးထားစီစဉ်ဆောင်ရွက်သင့်သည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်၍ အစိုးရအဖွဲ့မှ ဇန်န၀ါရီလ ၁၉-ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့သည့် အပေါ်တွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လက်တွေ့ကျမှုမရှိခြင်းနှင့် သင့်တင့်လျော်ကန်မှု မရှိသည်ကိုတွေ့ရပါသည်။
သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အကြောင်းအရာများကို စာနာစွာဖြင့် ပြန်လည်သုံးသပ်စဉ်းစားပေးပါရန် အရေးတကြီး တောင်းဆိုလိုက်ပါသည်။
နိုင်ငံသားစီစစ်ခြင်း နောက်ဆုံးသတ်မှတ်ရက်၊ လုပ်ငန်းစဉ်နှင့် နိုင်ငံမှ နှင်ထုတ်ခြင်း….
* ထိုင်းအစိုးရအနေဖြင့် (ဖေဖော်ဝါရီလ ၂၈-ရက်နေ့ ၂၀၁၀)ခုနှစ်တွင် သက်မှတ်ထားသော ရွှေ့ပြောင်းအုလပ်သမားများ နိုင်ငံသားစီစစ်ခြင်း ပြုလုပ်ခြင်းနှင့် အလုပ်သမားများအား ခြိမ်းခြောက်နေသည့် ၄င်းတို့၏ နိုင်ငံဥို့ ပြန်ပို့ခြင်းများအား ချက်ချင်း ရပ်စဲပေးပါရန်။
အလုပ်သမားများလိုက်နာလုပ်ဆောင်ရမည့် ရောက်လုနီးနေသည့် နောက်ဆုံးသတ်မှတ်ရက်နှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ရင်ဆိုင်နေရသော အခက်အခဲအခြေအနေများကို လျစ်လှူရှုလျက်နိုင်ငံသို့ ပြန်ပို့ခံရမည့် အစီအစဉ်တို့မှာ အလုပ်သမားများအား ခြိမ်းခြောက်နေသည်။ အလုပ်သမား အများအပြားကို ပြန်ပို့ခြင်းဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၌ တည်မှီနေသော စီးပွားရေးလုပ်ငန်းများကို သာထိခိုက်နစ်နာစေမည်ဖြစ်သည်။ ဤနောက်ဆုံး သတ်မှတ်ရက်သည် အလုပ်သမားများ (သို့)အလုပ်ရှင်များကို ဤနိုင်ငံသားစီစစ်ရေး အစီအစဉ်အားပါဝါင်လုပ်ဆောင်စေလိမ့်မည်မဟုတ်သကဲ့သို့ နိုင်ငံသားစီစစ်ခြင်းနှင့် ၄င်း၏ ရရှိမည့် အကျိုးကျေးဇူးများကို အသိပေးနှိုးဆော်ရန် လုံလောက်သော အချိန်အတိုင်းအတာတစ်ခုမဟုတ်ပါ။ ကျနော်တို့ လက်ခံရရှိသော အစီရင်ခံစာများအရ အလုပ်သမားများသည် ဤအစီအစဉ်အပေါ် ရှုပ်ထွေးမှုရှိပြီး နောက်ဆုံးသတ်မှတ်ရက်အတွက်လည်း စိုးရိမ်မှုရှိနေပါသည်။ သို့ဖြစ်၍ အချို့အလုပ်သမားများမှာ ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်းနိုင်ရန် နိုင်ငံသားစီစစ်မှု၏ ဖြည့်စွက်ရန်ပုံစံတွင် မှားယွင်းသော သတင်းအချက်အလက်များကို ဖြည့်စွက်ကြပါသည်။ ထို့ကြောင့် ရှေ့ဆက်၍ ဤလုပ်ဆောင်မှုအစီအစဉ်အား အောင်မြင်မှုရှိစေရန် ညှိနှိုင်းရပါမည်။ အချို့သော ရွှေ့ပြောင်းအလုပ်သမားများမှာ နိုင်ငံသားစီစစ်ခြင်းကို ရှောင်လွဲနိုင်ရန် မှောင်ခိုစီးပွားရေးလုပ်ငန်းများတွင် ၀င်ရောက်ရန်ပြင်ဆင်လျက်ရှိပါသည်။
* ထိုင်းအစိုးရအနေဖြင့် ပွဲစားများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များအတွက် နိုင်ငံသားစီစစ်ရေးလုပ်ဆောင်ပေးနေမှုများကို ထိန်းညှိပေးသင့်ပါသည်။
နိုင်ငံသားစီစစ်ခြင်း လုပ်ပေးသော ပွဲစားများအား မထိန်းညှိပေးနိုင်ပါက မသမာသော ပွဲစားလုပ်ငန်းနှင့် ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစီစစ်ရေးအတွက် ကုန်ကျမှုများကို ပုံမှန်ထက်ပို၍ ကုန်ကျခြင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းတို့ကို ထွက်ပေါ်လာစေလိမ့်မည်။ ပွဲစားများလက်ရှိ တောင်းခံသော ကုန်ကျစရိတ်များထက် သိသိသာသာလျော့နည်းသည့် ကုန်ကျငွေကို တောင်းဆိုစေရန် ချုပ်ကိုင်ပေးခြင်း၊ ထိုင်းအစိုးရအနေဖြင့် နိုင်ငံသားစီစစ်မှုပွဲစားလုပ်ငန်းအား အလုပ်သမားရေးဌာနတွင် မှတ်ပုံတင်ရန်အတွက် လုပ်ဆောင်သင့်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များသည် နိုင်ငံသားစီစစ်ခြင်းကို လုံခြုံမှုရှိပြီး ကိုယ်တိုင်လုပ်ဆောင်ရန် ထိရောက်သော လမ်းညွန်မှုပေးခြင်းသို့မဟုတ် ဈေးနှုန်းအပြိုင်အဆိုင်ဖြင့် ပွဲစားလုပ်ငန်းများကို လွတ်လပ်စွာရွေးချယ်နိုင်ရန် ဆောင်ရွက်ပေးသင့်ပါသည်။
* ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းပြီး နိုင်ငံသားစီစစ်ခြင်းကို ထိုင်းနိုင်ငံအတွင်း၌သာ လုပ်ဆောင်နိုင်ရန်…
နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းအား ပိုမိုလွယ်ကူရှင်းလင်းရန်နှင့် မြန်ဆန်စေရန်၊ မလိုလားအပ်သော ကုန်ကျမှုများသက်သာစေရန်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘေးကင်းလုံခြုံမှုနှင့် အခြားသော ရွှေ့ပြောင်းအလုပ်သမားများအားလည်း ဤအစီအစဉ်တွင်ပါဝင်ရန် တွန်းအားပေးနိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံတွင်း၌သာ နိုင်ငံသားစီစစ်ခြင်းကို ပြုလုပ်ပေးသင့်ပါသည်။
* အလုပ်သမားဝန်ကြီးဌာနမှ တိုင်းရင်းသား ဘာသာစကားပေါင်းစုံဖြင့် နိုင်ငံသားစီစစ်ရေးကိစ္စအကြောင်းနှင့် အကျိုးခံစားခွင့်များကို အလုပ်ရှင်၊ အလုပ်သမားများသိအောင် ရေးသားဖြန့်ဖြူးသင့်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ၏ အကူအညီ အကြံပြုချက်များယူသင့်ပါသည်။
ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်ခြင်း….
* ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားအားလုံး ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်နိုင်ရန် အခွင့်ထပ်မံပေးစေလိုပါသည်။
မှတ်ပုံတင်မလုပ်ရသေးသည့် အလုပ်သမားမှတ်ပုံတင်ထားသူ၏ မိသားစုများအရေအတွက် (၁)သန်းကျော်ရှိသည့်အတွက် မှတ်ပုံတင်ခွင့် အသစ်ကို စီစဉ်ပေးလိုပါသည်။ ၄င်းနောက် ထိုသူများအားလုံး နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်တွင် ၀င်ခွင့်ပြုစေလိုပါသည်။
အဓမ္မ အလုပ်ခိုင်းစေခြင်း….
* အလုပ်လုပ်ခွင့်လက်မှတ်ကိုင်ဆောင်သူ ရွှေ့ပြောင်းအလုပ်သမားများကို လွတ်လပ်စွာအလုပ်ရှင်ပြောင်းရွှေ့ခွင့်ပေးခြင်းဖြင့် ဖိနှိပ်ခံရခြင်းနှင့် အဓမ္မအလုပ်ခိုင်းစေခံရခြင်းတို့မှ ကာကွယ်ပေးသင့်ပါသည်။
ဝန်ကြီးအဖွဲ၏ နောက်ဆုံးထုတ်ပြန်သည့် ဆုံးဖြတ်ချက်တွင် အလုပ်ရှင်ပြောင်းခွင့်ကို ကန့်သတ်ထားသဖြင့် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်နိုင်ပါသည်။ အလုပ်သမားတို့၏ လူနေမှုနိမ့်ကျစေနိုင်ပြီး အဓမ္မအလုပ်ခိုင်းစေခြင်းဘောင်အတွင်း ၀င်သွားနိုင်ပါသည်။ ထိုင်းအစိုးရမှ နိုင်ငံတကာ လူအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးဖြစ်သည့် `လွတ်လပ်စွာ အလုပ်ရွေးချယ်ပိုင်ခွင့်´ကို ချိုးဖောက်လာကြမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲရေးတွင် ရွှေ့ပြောင်းလုပ်သားတို့၏ အခြေခံအခွင့်အရေးကို အလေးထား၍ ဆောင်ရွက်စေလိုပါသည်။ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ပေါ်လစီများကို မှန်ကန်သဘာဝကျသည့် စီးပွားရေးအခြေအနေနှင့် ရွှေ့ပြောင်းလုပ်သားတို့၏ လုပ်အားလိုအပ်ချက်များအရ စဉ်းစားပေးစေလိုပါသည်။
လေးစားစွာဖြင့်
လက်မှတ် ……………………………………………..
အမည် …………………………………………………
မိတ္တူကို -
ဥက္ကဌ၊ နိုင်ငံခြားလုပ်သားစီမံမှုကော်မတီ
အတွင်းရေးမှူး၊ အမျိုးသားလုံခြုံရေးကောင်စီ
ဥက္ကဌ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
အလုပ်သမားဝန်ကြီး
ပြည်ထဲရေးဝန်ကြီး
နိုင်ငံခြားရေးရာဝန်ကြီး
စက်မှုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးရုံးဦးစီးအရာရှိချုပ်
ဥက္ကဌ၊ အထက်လွတ်တော် အလုပ်သမားနှင့် လူမှုဖူလုံရေးရာဆပ်ကော်မတီ
ဥက္ကဌ၊ အောက်လွတ်တော် အလုပ်သမားရေးရာ ဆပ်ကော်မတီ
ဥက္ကဌ၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပြုကော်မတီ
ပါဝင်လက်မှတ်ထိုးသည့် အထောက်အကူပြုအဖွဲ့များ (Support Signatories)
(1) The Human Rights and Development Foundation, Thailand (HRDF)
(2) Human Rights Watch, New York
(3) American Center for International Labor Solidarity
(4) Action Network for Migrants, Thailand
(5) Migrant Working Group, Thailand


*** အတိုချုပ် ဘာသာပြန်- FTUB***

Read More...

Friday, January 22, 2010

ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်သက်တမ်းနှင့် ပတ်သက်၍ ထိုင်းအစိုးရ သတင်းထုတ်ပြန်ချက်

***(တရားဝင်ဘာသာပြန်မဟုတ်)***
http://www.thaigov.go.th
***သတင်းထုတ်ပြန်ချက် ဝ ၁/ ဝ ၁/ (၁၉) ရက်။ ဇန်နဝါရီ၊ ၂ဝ၁ဝခုနှစ်***
ယနေ့ (၂ဝ၁ဝခုနှစ် ဇန်နဝါရီလ ၁၉ရက်) မနက် ၉ နာရီ ၌ ထိုင်းနှိုင်ငံ ဝန်ကြီးချုပ် အဘီဆစ် ဝီဂျာဂျီဝ ဥက္ကဌအဖြစ်အမှူးပြုသော ဝန်ကြီးများအဖွဲ့ အစည်းအဝေးကို ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးရုံး ဒုတိယအထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးအစီအစဉ် - ၁၂ ။ နိုင်ငံသားစီစစ်ရေးပြုမှု အချိန်ကာလတိုးမြှင့်ခြင်းနှင့် နီုင်ငံခြားသားအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း တည်ရှိနေမှုကို သက်ညှာခွင့် ပေးအပ်ခြင်း/နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေးကော်မတီအတွက် ကော်မတီဝင်ထပ်မံတိုးချဲ့မှု ပြုလုပ်ရေး။
အစိုးရအဖွဲ့မှ အလုပ်သမားဝန်ကြီးဌာန. ထောက်ခံချက်ဖြင့် အောက်ပါအချက်များကို သဘောတူလိုက်သည်၊
(၁) နိုင်ငံသားစီစစ်ရေးပြုမှု အချိန်ကာလတိုးမြှင့်ခြင်းနှင့် (၁၈) ရက် ဒီဇင်ဘာ ၂ဝဝ၈ ခုနှစ်၊ (၂၆) ရက် မေ ၂ဝဝ၉ခုနှစ်၊ (၂၈) ရက် ဇူလိုင် ၂ဝဝ၉ခုနှစ် နှင့် (၃)ရက် နိုဝင်ဘာ ၂ဝဝ၉ခုနှစ်များတွင် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်များအရ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာခဲ့သော်လည်း ၂ဝဝ၉ ခုနှစ်အတွင်း အလုပ်လုပ်ခွင့် ခွင့်ပြုချက်လက်မှတ် ရရှိပြီးသား မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နီုင်ငံခြားသား အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း တည်ရှိနေမှုကို ယာယီသက်ညှာခွင့် ပေးအပ်ရန်၊ စုစုပေါင်းအားဖြင့် ၁၃၁ဝ၆၉ဝ တွင် မြန်မာ ၁ဝ၇၆၁၁ဝ၊ လာအို ၁၁ဝ၄ဝ၆ နှင့် ကမ္ဘောဒီးယား ၁၂၄၁၇၄ တို့ဖြစ်ကြသည်။ ဤအထဲမှ ၆၁၅၄၃ ဦးသည် အလုပ်လုပ်ကိုင်ခွင့်သက်တမ်း (၂ဝ)ရက် ဇန်နဝါရီ ၂ဝဝ၉ ခုနှစ်နှင့် ၁၂၄၉၁၄၇ ဦးတို့သည် (၂၈)ရက် ဖေဖေါ်ဝါရီလ ၂ဝဝ၉ တို့တွင် သက်တမ်းကုန်ဆုံးမည့်သူများဖြစ်ကြသည်။ ဤသက်တမ်းတိုးမှုကို

အသက်ဝင်စေခြင်းအလို့ဌာ ဤအလုပ်သမားများသည် နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ်အတွင်းသို့ ပါဝင်လာမည် ဆိုသည့် ရည်မှန်းချက် ဆနရြှိရမည်ဖြစ်ပြီး။ ဤမှသာလျှင် ၂နှစ်ထက်မပိုသော ကာလအတွက် နေထိုင်ခွင့် ရှိမည်ဖြစ်ပြီး နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခြင်းမှ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဤသက်ညှာခွင့် ကာလသည် (၂၈) ရက် ဖေဖေါ်ဝါရီလ ၂ဝ၁၂ ခုနှစ်တွင် အဆုံးသတ် မည်ဖြစ်သည်။ ဤအလုပ်သမားများသည် ၁၉၇၉ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေအခန်း ၅၄ နှင့် ကိုက်ညီရန် မလိုအပ်ပေ၊ ဤအလုပ် သမားများသည် (၂၈)ရက် ဖေဖေါ်ဝါရီလ ၂ဝ၁ဝ ခုနှစ်မတိုင်မှီ နိုင်ငံသားစီစစ်ရေးပြုမှု ပုံစံကို ဖြည့်စွက်တင်သွင်း ရမည်ဖြစ်ပြီး နိုင်ငံသားစီစစ်မှု ပြုရေးလုပ်ငန်းစဉ်သည် ပေးအပ်ထားသော အချိန်ကာလဖြစ်သည့် (၂၈)ရက် ဖေဖေါ်ဝါရီလ ၂ဝ၁၂ ခုနှစ့် အမှန်တကယ် ပြီးဆုံးရမည် ဖြစ်သည်။
အစိုးရအဖွဲ့မှ အောက်ပါ အာဏာပိုင်များအား အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။
(က) ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် အောက်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်ရမည်။
(၁) ၁၉၇၉ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ အခန်း(၁၇) ဥပဒေပြဌာန်းချက်ပါ လုပ်ပိုင်ခွင့်အရ ထိုင်းနိုင်ငံအတွင်း ဆက်လက် တည်ရှိနေခြင်းကို သက်ညှာခွင့် ပေးအပ်ခြင်း ကြေငြာချက် ထုတ်ပြန်ရန်၊ (၁၈) ရက် ဒီဇင်ဘာ ၂ဝဝ၈ ခုနှစ်၊ (၂၆) ရက် မေ ၂ဝဝ၉ခုနှစ်၊ (၂၈) ရက် ဇူလိုင် ၂ဝဝ၉ခုနှစ် နှင့် (၃)ရက် နိုဝင်ဘာ ၂ဝဝ၉ခုနှစ် များတွင် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်များအရ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့သော်လည်း ၂ဝဝ၉ခုနှစ်အတွင်း အလုပ်လုပ်ခွင့် ခွင့်ပြုချက်လက်မှတ် ရရှိပြီး (၂ဝ)ရက် ဇန်နဝါရီ၂ဝဝ၉ခုနှစ် နှင့် (၂၈)ရက် ဖေဖေါ်ဝါရီလ ၂ဝဝ၉ တို့တွင် သက်တမ်းကုန်ဆုံးမည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နီုင်ငံခြားသားအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း တည်ရှိနေမှုကို ယာယီ သက်ညှာခွင့် ပေးအပ်ခြင်းအား အစိုးရအဖွဲ့အနေဖြင့် သဘောတူသည်။ သို့ရာတွင် ဤသက်တမ်း တိုးမှုကို အသက်ဝင်စေခြင်းအလို့ဌာ အလုပ်သမားများသည် နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ်အတွင်းသို့ ပါဝင်လာမည်ဆိုသည့် ရည်မှန်းချက် ဆန္ဒရှိရမည်ဖြစ်ပြီး၊ ဤမှသာလျှင် ဖေဖေါ်ဝါရီလ ၂ဝ၁၂ခုနှစ် တွင် အဆုံးသတ်မည့် ၂နှစ်ထက်မပိုသော ကာလအတွက် နေထိုင်ခွင့် ရှိမည်ဖြစ်ပြီး နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခြင်းမှ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဤအလုပ်သမားများသည် ၁၉၇၉ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေအခန်း ၅၄ နှင့် ကိုက်ညီရန် မလိုအပ်ပေ။
(၂) လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံခြားသား အလုပ်သမားများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရာ နေရာများသို့ အထောက်အထားများအား အသုံးပြုခြင်းကိုလက်ခံကြောင်း အသိပေးစာထုတ်ပြန်ခြင်း၊ တဖန် မြန်မာနိုင်ငံသား အလုပ်သမားများအား မြန်မာနိုင်ငံသို့ နိုင်ငံသားစီစစ်မှုပြုရေး ပြန်လည် လုပ်ဆောင်ရန် ခရီးသွားလာခွင့် (ပြည်ထဲရေးဌာနမှ အသိပေးခွင့်ပြုသည့် အုပ်စုများသာ) ပြုသည့် အသိပေးစာများ ထုတ်ပြန်ခြင်း၊ လုပ်ပိုင်ခွင့်အာဏာသည် ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ အခန်း(၁၇) ဥပဒေပြဌာန်းချက်ပါ လုပ်ပိုင်ခွင့်အရ အသိပေးစာ ထုတ်ပေးရမည် ဖြစ်ပြီး ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ အခန်း(၁၂-၁)နှင့် အခန်း (၁၂-၃) တို့ကို အသုံးမပြုဘဲ စီစစ်ရေးအောင်မြင်ပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်ခွင့်ရှိသူ (သို့မဟုတ်) ၂ နှစ်ကြာကာလ တရားဝင်နေထိုင်ခွင့် ခွင့်ပြုချက် ရရှိထားသူ မြန်မာ။ ကမြောဒီးယား နှင့် လာအို နီုင်ငံခြားသား အလုပ်သမားများအား ဥပဒေပြဌာန်းချက်ပါ လုပ်ပိုင်ခွင့်အရ အာဏာပိုင်ဆိုင်ခွင့်ပြုသည်။ ထိုနောက်ပိုင်း ဤအလုပ်သမားများသည် နောက်ထပ် ၂ နှစ် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လျှောက်ထားခြင်းကို ခွင့်ပြုမည်ဖြစ်သည်။
(ခ) ခရိုင်အုပ်ချုပ်ရေးဌာနအနေဖြင့် အောပ်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်ရမည်။
(၁) ခရိုင်အုပ်ချုပ်ရေးဌာနသည် ထိုင်းနိုင်ငံအတွင်း နေထိုင်ရန် သက်ညှာခွင့် ရရှိခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက် လက်မှတ် ရရှိထားသူ နိုင်ငံခြားသား အလုပ်သမားများအား သက်သေခံ အထောက်အထား လက်မှတ်များ ထုတ်ပေးရမည်။ လုပ်ပိုင်ခွင့် အာဏာသည် ၁၉၉၁ ခုနှစ် အစိုးရ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၅) နှင့် ၁၉၉၁ခုနှစ် အစိုးရ မှတ်ပုံတင်ခြင်းဥပဒေ (မွမ်းမံ) အခန်း (၈-၂)တို့အရ လုပ်ပိုင်ခွင့်ရှိစေရမည်၊ ဌာနသည် ဤနိုင်ငံခြားသား အလုပ်သမားများအား သက်သေခံ အထောက်အထား ထုတ်ပေးရမည်ဖြစ်ပြီး “ထိုင်းနိုင်ငံသားမဟုတ်သော သက်သေခံကဒ်ပြား” တခု ထုတ်ပေးရမည်ဖြစ်သည်။
(ဂ) လူထုကျန်းမာရေးဌာနအနေဖြင့် အောက်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်ရမည်။
(၁) သက်တမ်းတိုးပေးထားသော ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ရန် သက်ညှာခွင့် ရရှိခဲ့သူ နိုင်ငံခြားသား အလုပ်သမား များအား ဆေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံ ထုတ်ပေးရမည်။ ဤနိုင်ငံခြားသား အလုပ်သမားများမှ ကျန်းမာရေးဆေးစစ်ခ ၆ဝဝ ဘတ်နှင့် ကျန်းမာရေးအာမခံငွေ ဘတ် ၁၃ဝဝ တို့ကို ပေးဆောင်ရမည်။ ယခင်ရှိခဲ့ပြီးသော ခွင့်ပြုချက်အရ နိုင်ငံခြားသား အလုပ်သမား အနေဖြင့် ကျန်းမာရေးအာမခံ ရှိနေသေးသည့် အခြေအနေ၊ အလုပ်လုပ်ခွင့် လက်မှတ်သက်တမ်း မကုန်ဆုံးသေးခြင်း (သို့မဟုတ်) နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ် ပြီးဆုံးသူစသဖြင့် ဤအခြေအနေတွင် ယခင်ရှိခဲ့ပြီးသော ခွင့်ပြုချက်အရ နိုင်ငံခြားသား အလုပ်သမားအနေဖြင့် ကျန်းမာရေးအာမခံ ရှိနေသေးပြီး ထပ်မံလုပ်ဆောင်ရန် မလိုအပ်သော အခြေအနေတို့ကြောင့် လူထုကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ထိုသူတိုဏ္ဍအား နိုင်ငံခြားသား အလုပ်သမားများ ဆေးစစ်မှု ခံယူခြင်းမှ ကင်းလွတ်ခွင့် ပြုရမည်ဖြစ်သည်။
(ဃ) အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အောက်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်ရမည်။
(၁) သက်တမ်းတိုးပေးထားသော ထိုင်းနိုင်ငံအတွင်းယာယီ နေထိုင်ရန် သက်ညှာခွင့် ရရှိခဲ့သူ နိုင်ငံခြားသား အလုပ်သမား များအား အလုပ်လုပ်ကိုင်ခွင့် ပြုရန် စဉ်းစားရမည်၊ ဝန်ကြီးဌာန၏ ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများအရ ကျသင့်ငွေကို နိုင်ငံခြားသား အလုပ်သမားများသည် ပေးဆောင်ရမည်ဖြစ်ပြီး ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။ ထို့နောက် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နိုင်ငံခြားသား အလုပ်သမားဥပဒေ ၂ဝဝ၈ ခုနှစ်အရ အလုပ်လုပ်ခွင့် သက်တမ်းကို နှစ်စဉ် ထုတ်ပေးရမည်၊ ထို့အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုထားခြင်းခံရသူ နိုင်ငံခြားသား အလုပ်သမားများ၏ အချက်အလက်များအား ခရိုင်အုပ်ချုပ်ရေးဌာနများသို့ ပေးပို့ရမည်ဖြစ်ပြီး ထိုဌာနမှ ၄င်းတို့၏ တာဝန်နှင့် တာဝန်ယူမှု (ယခင်ကဲ့သို့ ခရိုင်အုပ်ချုပ်ရေးဌာနနှင့် အတူတကွ အလုပ်လုပ်ခွင့် ခွင့်ပြုချက် မထုတ်ပေးနိုင်သော နိုင်ငံခြားသား အလုပ်သမားဥပဒေ ၂ဝဝ၈ အရ)ကို ဆက်လက် ဆောင်ရွက် နိုင်မည်ဖြစ်သည်။
(၂) နိုင်ငံသားစီစစ်မှု ပြုပြီးသား နိုင်ငံခြားသား အလုပ်သမားများ. အလုပ်လုပ်ကိုင်ခွင့် တောင်းဆိုချက်ကို စဉ်းစားပေးရမည်။ နိုင်ငံခြားသား အလုပ်သမားများမှ ဖော်ပြထားသော သင့်တော်သည့် ကျသင့်ငွေ အချိုးအစားအလိုက် ပေးဆောင် ရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့် ခွင့်ပြုချက်ကို တောင်းခံရမည် ဖြစ်သည်၊ အချို့သော ယခင်ကာလ သက်ညှာခွင့်အရ အလုပ်လုပ်ခွင့် လက်မှတ်ရှိပြီး သက်တမ်း မကုန်သေးသော နိုင်ငံသားစီစစ်မှု ပြုပြီးသား နိုင်ငံခြားသား အလုပ်သမားများ. အလုပ်လုပ်ခွင့် တင်သွင်းငွေအား သက်တမ်းကာလ ကူးယှက်မှု မရှိစေရန်အတွက် ကင်းလွတ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ စဉ်းစားပေးရမည်။
(၃) တယ်လီဗွီးရှင်း။ ရေဒီယို နှင့် သတင်းစာများတွင် ထိုင်း-မြန်မာ၊ ထိုင်း-လာအို၊ ထိုင်း-ကမ္ဘောဒီးယား စသည့် ဘာသာများဖြင့် နိုင်ငံသား စီစစ်ရေးပြုမှုကို ရွှေ့ပြောင်းအလုပ်သမား များနှင့် အလုပ်ရှင်များ ပိုမိုအာရုံစိုက် နားလည်မှု ရှိလာစေရန် အတွက် ဖြစ်နိုင်ခြေရှိသော လူထုဆက်ဆံရေး စနစ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်။
(င) နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အောက်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်ရမည်၊
(၁) နိုင်ငံသားစီစစ်မှု ပြုပြီးသား မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံခြားသား အလုပ်သမားများ. ပြည်ဝင်ခွင့်ဗီဇာ(ဗီဇာ ပုံစံ (non-immigrant LA) ကို ထုတ်ပေးခွင့်နှင့် စစ်ဆေးစုံစမ်းခွင့်ကို လူဝင်မှုကြီးကြပ်ရေးဌာနအား လုပ်ပိုင်ခွင့် ပေးအပ်ရမည်။
(၂) မြန်မာအာဏာပိုင်များအား နိုင်ငံသားစီစစ်ရေးပြုမှု ဖောင်ပုံစံများအား စစ်ဆေးမှုကို မြန်ဆန်စေရန် စဉ်ဆက်မပြတ် တွန်းအား၊ ဖိအားပေးသွားရန်။
(၃) ထိုင်းနိုင်ငံသို့လာရောက်၍ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်း (သို့မဟုတ်) ခိုင်လုံသော အထောက်အထား မှတ်တမ်း ထုတ်ပေးခြင်းဖြင့် တသီးပုဂ္ဂလများအား နိုင်ငံသားစီစစ်မှု ပြုရေး ပြီးမြောက်အောင်မြင်ရန် အတွက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့နှင့် ညှိနှိုင်း ပေါင်းကူးဆောင်ရွက်သွားရန်။
(စ) စစ်ရုံးချူပ်များ၊ ကြည်းတပ်၊ ရေတပ်နှင့်၎င်းအား ကိုယ်စားပြုသော ဌာနအသီးသီးတို့အနေဖြင့် ပုံစံအမျိုးမျိုးဖြင့် တရားမဝင် အသစ်ဝင်လာရန် ကြိုးစားနေသူများအား တားဆီးရန်နှင့် အသစ်ဝင်လာသူများအား ပြန်လည်ပို့ဆောင်ခြင်းများကို နယ်မြေခံ အုပ်ချုပ်ရေးမူးအဖွဲ့များနှင့် လက်တွဲကာ နိုင်ငံ၏လူမှုရေးနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိအောင် ဥပဒေဘောင်အတွင်း တရားမဝင် ဝင်လာခြင်းကို တားဆီးသောအားဖြင့် ထိရောက်စွာဖြင့် လုပ်ဆောင်သွားရမည်။
(ဆ)တော်ဝင်ထိုင်းရဲရုံးချုပ်များနှင့် သက်ဆိုင်ရာဌာနများသည် နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် မလုပ်ဆောငှ်ု အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများ။ ၄င်းတို့အား အလုပ်ခန့်ထားသော အလုပ်ရှင်များ၊ နေထိုင်ခွင့် ပေးထားသူများနှင့် တရားမဝင်သူများကို ခေါ်လာသော ပွဲစားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအပြစ်ပေး အရေးယူခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
(ဇ) လူဝင်မှုကြီးကြပ်ရေးဌာနမှ အောက်ပါအတိုင်းဆောင်ရွက်သွားရန်….
(၁) ဗီဇာလျှောက်လွှာများကို လက်ခံရန်နှင့် နိုင်ငံသားစိစစ်ရေး ပြုလုပ်ပြီးသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် နိုင်ရန်အတွက် ဗီဇာထုတ်ပေးရမည်၊ နိုင်ငံသားစိစစ်ပြီးသော မြန်မာ၊ ရွှေ့ပြောင်းအလုပ်သမားများအား တာခ့်ခရိုင်ရှိ မဲ့ဆောက်မြို့၊ ချင်းရိုင်ခရိုင်ရှိ မဲ့ဆိုင်မြို့နှင့် ရနောင်းခရိုင် ရနောင်းမြို့များရှိ လူဝင်မှု ကြီးကြပ်ရေးရုံးများမှ ဗီဇာလျှောက်လွှာလက်ခံရန်နှင့် ဗီဇာထုတ်ပေးရမည်၊ ဗီဇာခမှာ လျှောက်လွှာတစ်စောင်လျင် ၅ဝဝ ဘတ် ဖြစ်သည်။
(၂) နိုင်ငံသားစိစစ်ရေး မပြုလုပ်လိုသော ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီး၍ မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိဌာနများအားလုံး ပူးပေါင်း၍ မဟာဗျူဟာ ချမှတ်ကာ ဆောင်ရွက်သွားရမည်။ နိုင်ငံသားစိစစ်ရေး မပြုလုပ်သောအလုပ်သမားများနှင့် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအား ထိရောက်စွာ ဖမ်းဆီး၍ မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ဆောင်ရွက်သွားရမည်။
(ဈ) နိုင်ငံတော် လုံခြုံရေးကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ နိုင်ငံသားစိစစ်ရေး ပြုလုပ်ရာတွင် နိုင်ငံသားအဖြစ် အသိအမှတ် မပြုခြင်းခံရသော မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ထည့်သွင်း စဉ်းစားသွားရမည်။
(ည) ဝန်ကြီးများအဖွဲ့၏ ဆုံးဖြတ်ချက် ချသည့်နေ့မှစ၍ အောက်ပါလုပ်ဆောင်ချက်များကို ဝန်ကြီးများအဖွဲ့ အထွေထွေအတွင်း ရေးမှုရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းရန်မလိုဘဲ အမြန်ဆုံး ဆောင်ရွက်သွားရမည်။
(၁) နေထိုင်ခွင့်သက်တမ်းတိုးရန် အတွက်ကြေညာချက်ကို ပြည်ထဲရေးဌာနမှ ဤဝန်ကြီးများအဖွဲ့၏ ဆုံးဖြတ်ချက် ချသည့်နေ့မှစ၍ အမြန်ဆုံး ထုတ်ပြန်ရမည်။ ဇန်နဝါရီလ ၂ဝ ရက် ၂ဝ၁ဝခုနှစ်နှင့် ဖေဖေါ်ဝါရီလ ၂၈ ရက်၂ဝ၁ဝခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများသည် နိုင်ငံသားစိစစ်ရေးအား လုပ်ဆောင်မည်ဟု ဂတိပြု အမည်ပေး စာရင်းသွင်းပေးမှသာ ဆက်လက်နေထိုင်ခွင့်ပြုရမည်။
(၂) အလုပ်လုပ်ခွင့် လျှောက်ထားခြင်းနှင့် ခွင့်ပြုခြင်းများကို အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည်။ သက်တမ်းတိုးရန် လျှောက်တင်လာသော ၂ဝဝ၉ ခုနှစ်တွင်မှတ်ပုံတင်ခဲ့ပြီး။ ဇန်နဝါရီလ ၂ဝ ရက် ၂ဝ၁ဝခုနှစ်နှင့် ဖေဖေါ်ဝါရီလ ၂၈ ရက် ၂ဝ၁ဝခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် အလုပ်လုပ်ခွင့် လက်မှတ်များသည် ဤဝန်ကြီးများအဖွဲ့၏ ဆုံးဖြတ်ချက်ချသည့် နေ့ရက်မှစှု ဖေဖေါ်ဝါရီလ ၂၈ ရက် ၂ဝ၁ဝ ခုနှစ်အတွင်း နိုင်ငံသားစိစစ်ရန်အတွက် လုပ်ဆောင်မည်ဟု အမည်ပေး စာရင်းသွင်းပါက၊ သက်တမ်းတိုးရန် အတွက်ဆောင်ရွက်ပေးရမည်။ သက်တမ်းတိုးရန်အတွက် စိစစ်နေချိန်အတွင်း အလုပ်သမားသည် ဆက်လက် အလုပ်လုပ်ပိုင်ခွင့်ရှိသည်။
(၃) ရွှေ့ပြောင်းအလုပ်သမားများအတွက် မှတ်တမ်းတင်ခြင်း ပြုလုပ်ရာတွင် ခရိုင်များ စီမံခန့်ခွဲရေးဌာနမှ တာဝန်ယူ၍ ကိုယ်ရေးမှတ်တမ်းတင်ခြင်း၊ ထိုင်းနိုင်ငံသား မဟုတ်သူများအတွက် ကတ်ပြားများ ထုတ်ပေးခြင်းကို အလုပ်အလုပ်ခွင့် မှတ်တမ်းများ ရရှိသည်မှစ၍ ပြီးဆုံးသည်အထိ အမြန်ဆုံး ဆောင်ရွက်ပေးသွားရမည်။
(၄) ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးစစ်ခြင်းနှင့် ကျန်းမာရေးအာမခံ ပြုလုပ်ခြင်းများကို ၂ဝဝ၉ခုနှစ်တွင် အလုပ်သမား မှတ်ပုံတင်သူများအား အမြန်ဆုံးပြီးစီးနိုင်ရန်အတွက် ဤဝန်ကြီးများအဖွဲ့၏ ဆုံးဖြတ်ချက်ချသည့် နေ့ရက်မှစှု အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နိုင်ရန် အမြန်ဆုံးလုပ်ဆောင်သွားရမည်၊
(၅) စစ်ရုံးချူပ်များ၊ ကြည်းတပ်၊ ရေတပ်နှင့်၎င်းအားကိုယ်စားပြု ကော်မတီခွဲ အသီးသီးတို့အနေဖြင့် နည်းအမျိုးမျိုးဖြင့် တရားမဝင် ဝင်ရောက်လာရန် ကြိုးစားသူများအား တားဆီးကာကွယ်သွားရမည်။
(၆)နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် မလုပ်ဆောင်၍ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းအလုပ်သမားများ။ ၄င်းတို့အား အလုပ်ခန့်ထားသော အလုပ်ရှင်များနှင့် နေထိုင်ခွင့် ပေးထားသူများအား ထိရောက်စွာ ဖမ်းဆီး အပြစ်ပေး အရေးယူနိုင်ရန် အတွက် တော်ဝင်ထိုင်း ရဲရုံးချုပ်များ နှင့်သက်ဆိုင်ရာဌာနများ တာဝန်ယူဆောင်ရွက်ရမည်။
(၇) နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် မလုပ်ဆောင်၍ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ ထိရောက်စွာ ဖမ်းဆီးအရေးယူခြင်းနှင့် မိမိနိုင်ငံ ပြန်လည်ပို့ဆောင်ခြင်း များကို ပြုလုပ်ရမည်၊
(၈) အခြားစည်းကမ်းချက်များမှာ – နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးခွင့် ရသော ရွှေ့ပြောင်းအလုပ်သမားများသည် သတ်မှတ်ထားသည့် အချိန်အတွင်း နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူး လက်မှတ်ကို လုပ်ဆောင်ရမည်၊ အကယှ်ု သတ်မှတ်ချိန် ကျော်လွနှ်ု နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ်ကို မလုပ်ဆောင်ပါက ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မှာ ကုန်ဆုံးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ မိမိမူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်၊ အလုပ်လုပ်ခွင့် သက်တမ်းရှိသည့် အချိန်အတွင်း သက်ဆိုင်ရာမှ လိုအပ်သည့်အချိန်တွင် စစ်ဆေးနိုင်ရန် အတွက် အလုပ်ရှင်မှ မိမိတို့၏ အလုပ်သမားများအား ကြီးကြပ်စောင့်ရှောက်ရမည်၊ သို့မဟုတ် အလုပ်သမားများ နေထိုင်နိုင်ရန် အတွက်နေထိုင်ခင်းကို စီစဉ်ပေးရမည်၊ အလုပ်လုပ်ခွင့် ရရှိထားသော အလုပ်သမားများသည် အလုပ်ရှင် သေဆုံး၍သော်၎င်း၊ အလုပ်ရပ်နား ဖျက်သိမှ်းုသော်၎င်း။ အလုပ်ရှင်မှ မတရားအနိုင်ကျင့်၍သော်၎င်း။ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို အလုပ်ရှင်မှ မလိုက်နာပါက စသည့် အချက်များမှ လွဲ၍ အလုပ်ရှင် ပြောင်းရွှေ့ခွင့်မရှိရ။
(၂) နိုင်ငံခြားသားအလုပ်သမား ကြီးကြပ်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့အား လိုအပ်သည့် အာဏာပိုင် အဖွဲ့အစည်းများဖြင့် တိုးမြင့်ဖွဲဏ္ဍစည်းလိုက်သည်၊ ခရိုင်များစီမံခန့်ခွဲရေးဌာန၏ ညွန်ကြားရေးမှူးချုပ်အား နိုင်ငံခြားသားအလုပ်သမား ကြီးကြပ်စီမံခန့်ခွဲရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခန့်ထားရန် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၏ ၂ဝဝ၁ခုနှစ်တွင် ထုတ်ပြန်သော ရွှေ့ပြောင်းအလုပ်သမားများ ကြီးကြပ်စီမံခန့်ခွဲရေး စည်းမျဉ်းအား ဖြည့်စွက်ပြင်ဆင်ရမည်၊


http://www.thaigov.go.th
***ကိုသက်ခိုင် အီးမေးလ်မှ/ From NCGUB: News on Migrants & Refugees- 20 January, 2010 (English & Burmese)***

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)