Friday, October 9, 2015
*ငါတို့ ဟာအပယ်ခံလူသား၊အကျဉ်ခံလူသားတွေ ဖြစ်နေမလားဆိုတာကိုသံသယရှိကြပါတယ်**
(ထိုင်းနိုင်ငံမှာအကြီးဆုံးရုပ်မြင်သံကြားဌာနတွေထဲကတစ်ခု ဖြစ်တဲ့TBS TVနဲ့  မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ-ဦးမိုးကြိုးအင်တာဗျူး)
**၂၀၁၅အထွေထွေရွေးကောက်ပွဲဟာထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအတွက်
အခြေခံ ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ Freedom၊(လွတ်လပ်မှု)၊Equality(ခွင့်တူညီမျှမှု)၊Justice (တရားမျှတမှု) တွေနဲ့ မပြည့်ဝခဲ့ပါဘူး။ ၂၀၀၈ဖွဲ့ စည်းပုံမှာပါဝင်တဲ့၁၈နှစ်ပြည့်ပြီးတဲ့မည်သည့် မြန်မာနိုင်ငံသားမဆို၊ဆန္ဒ-မဲပေးပိုင်ခွင့်ရှိတယ်-- ဆိုတဲ့အချက်ဟာ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေနဲ့  မဆီမဆိုင်သလိုဖြစ်နေပါတယ်။
ဒါ့အပြင်အခုလာမယ့် အာက်တိုဘာလ၁၇ရက်နေ့ မှာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး(ဘန်ကောက်မြန်မာသံရုံး)မှာ သွားပေးရမယ့်*ြိုတိုတင်မဲ*ဆိုတာကလည်း သတင်းအချက်အလက်မရရှိမှု၊သွားရေးလာရေး (လမ်းခရီးထိုင်းရဲအစစ်အဆေး)၊လမ်းစရိတ်အကုန်အကျ၊ သံရုံးရောက်တော့လည်းမောက်မာတဲ့မျက်နှာကြော တင်းဆက်ဆံရေး၊လုပ်ငန်းခွင်မှာခွင့်မရရှိမှု စတဲ့အခက်အခဲတွေအပြင်ကြိုတင်ဆန္ဒ-မဲပေးဖို့ အတွက်မြန်မာသံရုံးကတောင်းခံတဲ့ အထောက်အထားမပြည့်စုံတာတွေ..စသဖြင့် အခက်အခဲအတားအဆီးအကန့်အသတ် တွေကြောင့်၂၀၁၅အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲဆိုတာရယ်။ ၂၀၁၅နိုဝင်ဘာရဲ့ ဟိုမှာဘက်မှာ ထိုင်းဘုရင်ဘူမီဘောဦးဆောင်ကွပ်ကဲခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနဲ့  ထူးခြားကောင်းမွန်လှတဲ့ ကျန်းမာရေးစနစ်၊ထိုင်းလှုမှုဖူလုံရေးစနစ်စတာတွေကို ဘယ်နှနှစ်တောင်အမီ လိုက်ရပါ့မလဲဆိုတာသံသယရှိကြပါတယ်။ ထိုင်းမှာ၁၈နှစ်ပြည့်ပြီးမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာ ၂သန်းလောက်ရှိပြီး ကျန်တဲ့၂သန်းလောက်ဟာလူအိုတွေ၊၁၈နှစ်မပြည့်သေးသူတွေ၊ကလေးတွေပဲ ထားလိုက်ပါဗျာ။အားလုံးသောမြန်မာရွှေ့ ပြောင်းအလုပ် သမားတွေဟာ အပြောင်းအလဲကိုလိုလားကြပေမယ့်အဲဒီအပြောင်းအလဲဖြစ်စဉ် ကြီးမှာငါတို့ ဟာ အပယ်ခံလူသား၊အကျဉ်ခံလူသားတွေဖြစ်နေမလားဆိုတာကို သံသယရှိကြပါတယ်။**
Tuesday, April 28, 2015
==**'ဒီမိုကရေစီနိုင်ငံလို့ ဆိုပေမယ့်မြန်မာအလုပ်သမားတွေဟာ လုပ်အားခနဲ့ ပတ်သက်ပြီးဒီမိုကရေစီမရသေးပါဘူး**==
Tuesday, February 3, 2015
==ဆရာမိုးနဲ့ နယူးဇီလန်နိုင်ငံကကလေးအလုပ်သမားသုတေသီတစ်ဦးအင်တာဗျူး===
==ဆရာမိုးနဲ့ နယူးဇီလန်နိုင်ငံကကလေးအလုပ်သမားသုတေသီတစ်ဦးအင်တာဗျူး===
**ကလေးအခွင့်အရေး
ကလေးအလုပ်သမား
ကြားလို့ တော့အကောင်းသား
ဘယ်လိုလုပ်စား(အဲလေ)လှုပ်ရှားကြမှာပါလိမ့် ..**
ဒီကနေ့ မနက်မှာကျနော်ယာယီသတင်းသုံးရာမဲဆောက်မြို့ နေ့ သစ် အလကကျောင်းကိုနယူးဇီလန်နိုင်ငံဝယ်လင်တန်မြို့ ကကလေးအလုပ်သမား သုတေသီ Pat Shepherdရောက်လာပါတယ်။ သူကမဲဆောက်အပါအ၀င်တာ့ခ်ခရိုင်(ပြည်နယ်)Tak Province ၉မြို့ နယ်ထဲကမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နဲ့ ကလေးအလုပ်သမား ခန့် မှန်းခြေအရေအတွက်ရယ်၊သူတို့ ဘယ်လိုလုပ်ငန်းခွင်တွေမှာဝင်နေကြသလဲရယ်၊ ဘာဖြစ်လို့ ဒီလိုလုပ်ကြရတာလဲရယ်တွေ့ ဆုံဆွေးနွေးမေးမြန်းပါတယ်။ (ဖတ်လို့ ကောင်းအောင်စကားပြောခန်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။)
Pat ။ ဆရာမိုးရေ..မဂံလာပါ။ကျနော်ကနယူးဇီလန်နိုင်ငံဝယ်လင်တန်မြို့ ကကလေးအလုပ်သမား သုတေသီ
Pat Shepherdပါခင်ဗျာ။ကျနော်သိချင်တာလေးတွေမေးပါရစေ။
Moe/ /မေးပါ..သိသလောက်၊လေ့လာမိသလောက်ပြောပြမှာပေါ့။
Pat ။ ဆရာမိုးရေ....ဒီထိုင်း-မြန်မာနယ်စပ်မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်(ပြည်နယ်)မှာကလေးအလုပ်သမားဦးရေခန့် မှန်းခြေဘယ်လောက်ရှိ ပါသလဲ။
Moe/ ။ဒီထိုင်း-မြန်မာနယ်စပ်မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်(ပြည်နယ်)၈မြို့ နယ်မှာမြန်မာရွှေ့ ပြောင်းအလုပ်သမားက ၄သိန်းလောက်ရှိတယ်။ကလေးအလုပ်သမားက၄သောင်းလောက်ရှိမယ်။ ဒါကထိုင်းဥပဒေအရအသက်၁၅နှစ်နဲ့ အောက်ကလေးအလုပ်သမားအရေအတွက်ကို ပြောတာနော်။
နိုင်ငံတကာစံညွှန်း၁၈နှစ်အောက်ဆိုရင်ဒီ့ ထက်များတယ်။
Pat ။ ဒါကတော့ရှင်းပါပြီဗျ။သူတို့ ဟာတာ့ခ်ခရိုင်(ပြည်နယ်)၉မြို့ နယ်မှာ လူကြီးအလုပ်သမားတွေရဲ့ ၁၀ပုံ၁ပုံထက်မနည်းရှိတယ်နော်။ဒါဆိုရင်သူတို့ က စက်ရုံအလုပ်ရုံ့တွေမှာဝင်လုပ်ကြတာများသလားဗျ။
Moe။ ။တရားဝင်စက်ရုံအလုပ်ရုံ့တွေမှာကထိုင်းဥပဒေအရ အတားအဆီးအကန့် အသတ်ရှိတော့ကာကလေးအလုပ်သမားစေခိုင်းတာ နည်းလာပါပြီ။တရားမ၀င်စက်ရုံအလုပ်ရုံတွေမှာနဲ့ စိုက်ပျိုးရေး၊မွေးမြူရေး၊ဆိုင်အကူ၊ ဆောက်လုပ်ရေးနဲ့ အထွေထွေလုပ်ငန်းတွေမှာကလေးအလုပ်သမား ပိုမိုများပြားပါတယ်။
Pat ။ ။ဒါဆိုရင်ဒီကလေးတွေကသူတို့ ဘ၀ပေးအခြေအနေအရ ကလေးအလုပ်သမားတွေဖြစ်ကြရတာလားဆရာ။
Moe။။သူတို့ ဘ၀ပေးအခြေအနေအရဆိုတာထက်မိဘကဖြစ်စေ၊ပတ်ဝန်းကျင်က
ဖြစ်စေတွန်းပို့ ရာကနေကလေးအလုပ်သမားတွေဖြစ်သွားကြတာများပါတယ်။ မိဘတွေကစနစ်တကျသင်ကြားကြရင်းနဲ့ ကလေးအလုပ်သမားတွေဖြစ်သွားကြတာ များပါတယ်
Pat။ ။ဘာကြောင့်ပါလဲဆရာ။ရှင်းပြပါဦး။
Moe။ ။ဥပမာပေါ့ဗျာ။စိုက်ပျိုးရေးလုပ်ငန်း၁ခုမှာမိဘကငြုပ်သိးဆွတ်ရင်လိုက်ဆွတ် တယ်။မဲဆောက်အမှိုက်ပုံကြီးမှာဆိုရင်မိဘကရှေ့ ကအမှိုက်ကောက်ရင်၆နှစ် အရွယ်လူမမယ်လေးကနောက်ကအမှိုက်လိုက်ကောက်တတ်နေပြီ။ဒါဟာ လက်ဦးဆရာဖြစ်တဲ့မိဘကိုယ်တိုင်ကကစနစ်တကျသင်ကြားကြရင်းနဲ့  ကလေးအလုပ်သမားတွေဖြစ်သွားကြတာမဟုတ်ဘူးလား။
Pat။ ကလေးအလုပ်သမားပြသနာအကြောင်းအရာတွေကိုဆရာမိုးတို့ ဘယ်လိုပညာ ပေးပါသလဲဆရာ။
Moe။ ။ကျနော်တို့ ရဲ့ လစဉ်အလုပ်သမားဆွေးနွေးပွဲတွေရယ်၊မဲဆောက်အခြေစိုက် (၁၀၂ဒသမ.၅၀)မက်ရေဒိယိုကနေအပတ်စဉ်စနေနေ့ တိုင်းအသံလွှင့်တဲ့အခါရယ်၊ လစဉ်ထုတ်မြန်မာပြည်သားစာစောင်မှာရယ်တကူးတကမဟုတ်ပဲကျွဲကူးရေပါဆိုသလို ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးနဲ့တာဝန်ကိုဟောပြောရင်းနဲ့ ပါသွားတာပါပဲ။ သီးခြားအားထုတ်စရာမလိုပါဘူး။ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးနဲ့  လူမှုဖူလုံရေးအက်ဥပဒေ(BE2541)ထဲမှာကိုကကလေးအလုပ်သမားခိုင်းစေခြင်း ဆိုတဲ့ခေါင်းစဉ်ကပါပြီးသားပဲလေ။မက်ရေဒီယိုကတော့မဲဆောက်၊မြ၀တီနဲ့ဖုတ်ဖရာ့မြို့ နယ် မယ်ရမတ်မြို့ နယ်အဖျားရွာတွေလောက်အထိကိုမြန်မာရွှေ့ ပြောင်းလုပ်သား ပရိသတ်၆သောင်းလောက်ကိုာကားအောင်ပြောနိုင်လို့ ထိရောက်မှုပိုရှိပါတယ်။
Pat။ မြန်မာပြည်ရောက်ရင်ကောဆရာ။
Moe။။ မြန်မာပြည်တွင်းမီဒီယာတွေကလည်းကြုံရင်ကြုံသလိုအကြောင်းပေါါ်ပေါက်တိုင်း
ရွှေ့ ပြောင်းပညာရေးအကြောင်းပြောဖြစ်ရင်းနဲ့ ကလေးတွေ။ကလေးအလုပ်သမားပြသနာ အကြောင်းအရာတွေကိုပြောဖြစ်သွားတာပါပဲ။
Pat။။ ။ကျေးဇူးတင်ပါတယ်ဆရာ။
Moe / /ကောင်းပါပြီ။ >>>>>>>>>>>>>>>>>>>>>
;>>>>>>>>>>>>>>>>>>>>
+ဒီလျှပ်စီး+
Thursday, January 22, 2015
==တမ္မာဆတ်တက္ကသိုလ်မှမိစ်အန်းန်ကဦးမိုးကြိုးနှင့်ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများအကြောင်းတွေ့ ဆုံမေးမြန်းခန်း (အပိုင်း-၂)===
အကြောင်းတွေ့ ဆုံမေးမြန်းခဲ့ပါသည်။ (မှတ်ချက်။ ။စာဖတ်ပရိသတ်များစိတ်ဝင်တစားရှိစေရန် စကားပြောခန်းပုံစံဖြင့်တင်ပြလိုက်ပါသည်။)
အန်းန်။။ဆရာမိုးရေး….. ၅နှစ်၊၁၀နှစ်ခံလက်မှတ်တွေအကြောင်းလည်း ပြောပြေးပါဦး။
မိုး။။ ။၅နှစ်နေထိုင်ခွင့်လက်မှတ်၊၁၀နှစ်နေထိုင်ခွင့်လက်မှတ် စသဖြင့်ရှိပါတယ်။နေထိုင်ခွင့်ရှိတဲ့လက်မှတ်တွေပဲဖြစ်ပါတယ်။ဒီလက်မှတ်ကို အလုပ်လုပ်နေကြတာရှိပေမယ့်တရားဝင်အလုပ်လုပ်လို့မရပါဘူး။ တရားဝင်အလုပ်လုပ်ချင်ရင်၅နှစ်၊၁၀နှစ်လက်မှတ်ကဒ်ကိုင်ဆောင်သူ တွေ့ ဟာလည်းအလုပ်သမား
လက်မှတ်လုပ်ရပါတယ်။
အန်းန်။ ။ ထိုင်းစက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်း (FTI) က အခုအခု ပြန်လုပ်ပေးတဲ့ စစ်တပ်ဘတ် (ခေါ်) ပန်းရောင်ကဒ်ကိုသူ့လက်အောက်ခံကုမ္ပဏီ၊ စက်ရုံတွေမှာ ၀င်ရောက်ပါအလုပ်ရုံတွေကို ပြုလုပ်ဖို့ စိတ်ဝင်တစား မရှိကြဘူးတဲ့။ အဲဒါကဘာကြောင့်လို့ ထင်ပါသလှဲရှင့်။
မိုး။ ။ ထိုင်းစက်မှုလုပ်ငန်းရှင်များနဲ့ကုန်သည်ကြီးများအသင်း (FTI) ဟာထိုင်းနိုင်ငံရေးမှာအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ထိုင်းသူဌေးတွေနဲ့ ခုဖွဲ့ထားတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့မူဝါဒ အပြောင်းအလဲအတွက် ဒီအဖွဲ့ကြီးဟာအင်မတန်အရေးပါပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာမူဝါဒအပြောင်းအလဲ တွေကိုသူတို့နဲ့ အလုပ်သဘောပူပေါင်းဆောင်ရွက်မှုအချို့ ကိုကျနော်တို့ ပုံဖော်တည်ဆောက် ရယူကြရပါမယ်။FTIကယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို သိပ်ပြီးစိတ်မ၀င်စားတာကအကြောင်းအချက်၃ချက်လောက်ထက်မနည်းရှိနိုင်ပါတယ်။
အန်းန်။ ။ အဲဒီ၃ချက်ကဘာတွေလဲရှင့်။ဆရာ့ထင်မြင်ချက်က...။
မိုး။ ။(၁)သူတို့ FTIအသင်းဝင်ကုမ္ပဏီတွေ၊စက်ရုံအလုပ်ရုံတွေ၊ကုန်သွယ်ရေး လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ရွှေ့ ပြောင်းအလုပ်သမားတွေဟာ ရှေ့ ရှေ့ ကတည်းကလိုအပ်တဲ့
အထောက်အထားတွေလုပ်ပြီးပြီ။ဒါကြောင့် အခုပန်းရောင်ကဒ်ဆိုတာငါတို့ ရွှေ့ ပြောင်းအလုပ်သမားတွေအတွက်မလိုအပ် တော့ဘူးဆိုပြီး
စိတ်မ၀င်စားတာ။
(၂)FTIအသင်းဝင်ကုမ္ပဏီတွေ၊စက်ရုံအလုပ်ရုံတွေ၊ကုန်သွယ်ရေး လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ဘာအထောက်အထားမှမရှိသေးတဲ့ လူသစ်ရွှေ့ ပြောင်းအလုပ်သမားတွေကိုအထောက်အထားရှိပြီးသားလူတွေနဲ့  ယူနီဖောင်းအပြည့်အစုံနဲ့စတိုင်ကျကျဝတ်ဆင်စေပြီးအလုပ်ခိုင်းနေရင်လည်း အမျာားကြီးထဲကအနည်းစုကိုအာဏာပိုင်တွေမသိနိုင်ပါဘူး။ ဒါကြောင့် အခုပန်းရောင်ကဒ်ဆိုတာငါတို့ ရွှေ့ ပြောင်းအလုပ်သမားသစ်တွေအတွက်မလိုအပ် တော့ဘူးဆိုပြီး
စိတ်မ၀င်စားတာ။
nbsp;(၃)FTIအသင်းဝင်ကုမ္ပဏီတွေ၊စက်ရုံအလုပ်ရုံတွေ၊ကုန်သွယ်ရေး လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ဘာအထောက်အထားမှမရှိသေးပေမယ့် လက်ရှိအာဏာပိုင်အသိုင်းအ၀ိုင်း(စစ်တပ်၊မှုခင်းရဲ၊ထောက်လျမ်းရေး၊ လ၀ကရဲ၊)စတဲ့ထိုင်းအာဏာပိုင်မိသားစုဝင်တွေ၊ဆွေမျိုးတွေကတည်ထောင် ထားတဲ့စက်ရုံမမည်သောထင်း-မြန်မာနယ်စပ်ကအိမ်တွင်းမှုလုပ်ငန်းအမည်ခံ စက်ရုံအလုပ်ရုံငယ်တွေကလည်းအခုပန်းရောင်ကဒ်ဆိုတာငါတို့ ရွှေ့ ပြောင်း အလုပ်သမားအဟောင်း၊အသစ်တွေအတွက်မလိုအပ် ပါဘူး။ဒို့ တတွေကပိုင်တယ်လေဆိုပြီးစိတ်မ၀င်စားတာ။(ရှင်းရှင်းပြောရရင် သူတို့ အိတ်ထဲကအရင်စိုက်ထုတ်ပြီးအခုပန်းရောင်ကဒ်လုပ်ပေး။ပြီးမှ မိမိအလုပ်သမားဆီကလစဉ်အရစ်ကျပြန်ဖြတ် ဆိုတဲ့နည်းလမ်းကိုစိတ်မ၀င်စားကြတာပါ။)
အန်းန်။ ။ဒါတွေကတော့ရှင်းပါပြီ။ရွှေ့ ပြောင်းအလုပ်သမားတွေကို အခုထက်ပိုပြီးသင့်တော်ကောင်းမွန်မယ့်အနေအထားမျိုးရောက်အောင်ဘယ်လို ဖန်တီးတည်ဆောက်လို့ ရမယ်ထင်ပါသလဲ။
မိုး။ ။အဓိကအကျဆုံးနံပါတ်(၁)ကထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေး
အတိုင်း နေ့ စားခ(၃၀၀)ဘတ်ရယ်၊
အချိန်ပို၁နာရီ(၅၆)ဘတ်ရယ်၊အလုပ်မရှိရင် နေ့ စားခရဲ့ ၇၅ရာခိုင်နှုန်းကိုသာအတိအကျပေးကြည့်ပါ။
ဒီအဓိကအကျဆုံး နံပါတ်(၁)ကိုသာဖြည့်ဆည်းပေးနိုင်ရင်ကျန်တဲ့အချက်တွေကတစတစကျွဲကူးရေပါ ဆိုသလိုတဆင့်ပြီးတဆင့်တည်ဆောက်လို့ ၇နိုင်ပါတယ်။
နံပါတ်(၂)-Decent Work(သင့်တင့်မျှတတဲ့လုပ်ငန်းခွင်)ဖြစ်အောင် တည်ဆောက်ပေးပါ။ဥပမာအားဖြင့်လုပ်ငန်းခွင်အတွင်းမှာရော။အပြင်မှာပါ ရွှေ့ ပြောင်းအလုပ်သမားတွေ
ကိုသက်တောင့်သက်သာဖြစ်စေမယ့်ဘယ်လို နည်းလမ်းမျိုးကိုမဆိုကူညီပံ့ပိုးဆောင်ရွက်တာတွေပါပဲ။ နံပါတ်(၃)-ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးအတိုင်းအတိကျအကျိုး ခံစားခွင့်တွေရရှိဖို့ လိုအပ်ပါတယ်။ဥပမာအနေနဲ့ ရာဖ၀တ်မှုတစ်ခုကိုကျူးလွန် တယ်လို့ သ့သယအရှိခံရတယ်ဆိုပါစို့ ။ဒီရွှေ့ ပြောင်းအလုပ်သမားတွေဟာ သံသယရဲ့ အကျိုးကိုအတိအကျခံစားပိုင်ခွင့်ရှိရပါမယ်။ဒါ့အပြင်ကျူးလွန်သူ တွေဆိုရင်လည်းကျူးလွန်သူရဲ့ 
ရပိုင်ခွင့်တွေ၊တရားခံအဆင့်ဆိုရင်လည်း တရားခံရဲ့ ရပိုင်ခွင့်တွေ၊ရှိနေသလိုအတိအကျရသင့်ပါတယ်။လူမျိုး၊ဘာသာ၊ ဆင်းရဲချမ်းသာ၊နိုင်ငံစတဲ့ခွဲခြားဆက်ဆံခံရတာတွေမရှိသင့်ပါဘူး။
အန်းန်။ ။ဆရာအခုပြောပြသွားတာတွေကတော်တော်ကောင်းပါတယ်။ကျမက တမ္မာဆတ်တက္ကသိုလ်ကလက်ထောက်သုတေသနမှူးးတစ်ဦးဖြစ်သလိုထိုင်းအစိုးရနဲ့  မဲဆောက်မြို့ နယ်စည်ပင်သာယာရေးရုံးတို့ ကတာဝန်ပေးတာမို့ လို့  ရွှေ့ ပြောင်းအလုပ်သမားတွေနဲ့ 
ပတ်သက်တဲ့စာတမ်းတစ်စောင်ပြုစုနေတာပါ။ Special economic Zoneဖြစ်လာမယ့်**နခွန်းမဲဆောက်**စီမံချက် အတွက်ဆရာပြောပြတဲ့အချက်အလက်တွေကတစုံတရာအထောက်အကူပြုမှာပါ။
သြော်..ဆရာကCBOနော်။အဖွဲ့ နဲ့ အဖွဲ့ တာဝန်က။
မိုး။ ။ထိုင်နိုင်ငံအခြေစိုက်မြန်မာရွှေ့ ပြောင်းအလုပ်သမားအဖွဲ့ အစည်း၂ခုရဲ့  တာဝန်ရှိလူကြီးတစ်ယာက်ဖြစ်ပါတယ်။တစ်ခုကမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ
(Joint Action Committee for Burmese Affairs-JACBA) အဖွဲ့ ရဲ့ ဥက္ကဋ္ဌ--ဖြစ်ပါတယ်။နောက်တစ်ဖွဲ့ ကထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်း အလုပ်သမားကွန်ရက်(Myanmar Migrants Network Thailand---MMNT) ကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်။
အန်းန်။ ။ဟုတ်ကဲ့ ...ကျေးဇူးပါဆရာ။နောက်မကြာမီနောက်တစ်ကြိမ်မှာ မြန်မာရွှေ့ ပြောင်း
အလုပ်သမားတွေရဲအခက်အခဲနဲ့အဓိကစိန်ခေါါ်မှုတွေအကြောင်း လာရောက်မေးမြန်းပါရစေရှင်။
မိုး။ ။ ။ကောင်းပါပြီ.လာခဲ့ပါ။ ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဆရာမိုး+
Sunday, April 1, 2012
အရက်ဆိုင် အင်တာဗျူး

Q- ဘာကြောင့်သောက်တာလဲ သိလို့ရမလား
A- ဒီနေ့ကတော့ စိတ်ညစ်လို့ပေါ့ဗျာ ၊
မနေ့ကသောက်တာတော့ ပျော်လို့ဖြစ်ရင်ဖြစ်မှာပေါ့ ၊
တရက်နဲ့ တရက်က မတူဘူးလေ
Q- အရက်သမားတော်တော်များများက အဲ့သလို
ဆင်ခြေတွေပေးတတ်ကြတယ်ဗျ ၊ မိတ်ဆွေက အရက်သမားလား
( အဲ့သလိုမေးလိုက်လို့ စိတ်မရှိပါနဲ့ )
A- စိတ်မရှိပါဘူးလို့ဖြေရင် လိမ်ရာကြမှာပေါ့
ခဗျားရောအရက်သမားဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲ
နေ့တိုင်းသောက်ရင် အရက်သမားလား
တခါတလေသောက်ရင် အရက်သမားလား
တခွက်သောက်ဖူးတာနဲ့ အရက်သမားလား . . .?
Q- ဆောရီးဗျာ ၊ အခု ကျနော်က ခဗျားကို မေးတာပါ
ကျနော် အဲ့တာတွေကို အသေအချာမသိဘူး
A- ခဗျားအသေအချာမသိပဲ ၊ ဘာကြောင့်အရက်သမားလားလို့မေးရတာလဲ
ဆိုကြပါစို့ဗျာ ၊ ပန်းသီးဟာချိုတယ်လို့ ခဗျားစာအုပ်ထဲမှာဖတ်ဖူးတယ်ပေါ့
ဒါနဲ့ပဲ ခဗျားစိတ်ထဲမှာ ပန်းသီးဟာချိုတယ်လို့ တရားသေ တသက်လုံးမှတ်လိုက်ရောလား
ချဉ်တဲ့ပန်းသီး ၊ ခါးတဲ့ပန်းသီး သာရှိလာခဲ့ရင်ပန်းသီးအများကြီးမစားဖူးပဲနဲ့
ခဗျား ပန်းသီးချဉ်ခါးရှိမှန်း ဘယ်လိုသိမလဲ
Q- ခဗျားရဲ့ ဥပမာက သိပ်အံမ၀င်လှဘူးဗျ
ပန်းသီးနဲ့ အရက်က တူမှ မတူပဲ ၊ ထားပါလေ
ခဗျား ကျနော်မေးတာ အခုထိမဖြေရသေးဘူး
( အရက်ကို ဘာကြောင့်သောက်တာလဲ )
A- အဲ့ဒီမေးခွန်းကို ကျနော်လူတော်တော်များများကိုမေးခဲ့ဖူးတယ်
ဖြေကြတာလဲ အစုံပဲ ၊ မူးလို့ ၊ ပျော်ရလို့ ၊ စီးပွားရေးနဲ့မကင်းလို့
ဘော်ဒါတွေနဲ့ ဆုံရလို့ ၊ အတွေးအခေါ်ပွင့်လင်းဖို့၊ စကားပြောလွတ်လပ်လို့
( ဘာလို့ ၊ ညာလို့ ) အစုံပေါ့ဗျာ ၊ ဒါပေမယ့် ကျနော်က သူတို့နဲ့မတူဘူးဗျ
Q- ဒါဆို ခဗျားရဲ့ အဖြေက . . .
A- စည်းစိမ် . . . အရက်ကြောင့်ရလာတဲ့ စည်းစိမ်ကို ကြိုက်တယ်
ဦးနှောက်ထဲ အသိညဏ်ထဲ ရစ်ငွေ့ရစ်ငွေ့ ရီဝေ ရီဝေ နဲ့တက်လာတဲ့ စည်းစိမ်ကိုကြိုက်တယ်
Q- ဟား ဟား . . . ဘာများလဲလို့ ၊ ဒါတွေ လူတကာ သိတာပဲ ။
A- လူတကာသိရင် လူတကာ က ကျနော်ဖြေသလို ဘာကြောင့်မဖြေခဲ့ကြတာလဲ ?
ှQ- ထားပါလေ ၊ ဒီအတိုင်းဆို ခဗျားအရက်သမား တကယ်ဖြစ်တော့မှာပဲ
အရက်သမားဖြစ်သွားမှာ မကြောက်ဘူးလား ၊ ဘ၀ပျက်သွားမှာလေ ။
A- ကျနော်အရက်သမား ဖြစ်မယ်မထင်ဘူး
အရက်သမား ဖြစ်ရင်တောင် အရက်သမားကောင်းဖြစ်မယ်မထင်ဘူး
ကျနော် အရက်ကို သုံးရက် လေးရက်ထက် ပိုပြီးသောက်လို့မရဘူး ( စိတ်ကျရောဂါဝင်တယ် )
တရက်လောက် အလွန်အကျွံသောက်မိရင် နောက်တရက်လောက်
အရက်ဆို အသံတောင် မကြားချင်တော့ဘူး ၊ အော့ချင်နေတယ် ၊ အန်ချင်နေတယ် ။
ဖြေတယ်ဆိုပြီး မောနင်းပက်တဲ့ အလေ့ကိုလည်းမကြိုက်ဘူး ( ခါးခါးသီးသီးမုန်းတယ် )
ဒါဟာ ဘာကို ပြလဲဆိုတော့ ကျနော်တသက်လုံးအရက်ကိုအချိန်ပြည့်သောက်နေနိုင်တဲ့ အရက်သမားကောင်းမဖြစ်နိုင်ဘူးဆိုတာကိုပြတာ . . .
ပြီးတော့ ကျနော်ဘ၀ပျက်မယ်မထင်ဘူး ၊ ဘာကြောင့်လဲ ဆိုတော့ ကျနော့်မှာ ဘ၀င်မြင့်တဲ့ရောဂါတခုရှိတယ်
တချိန်မှာ ကြီးကျယ်ထင်ရှားတဲ့လူ တစ်ယောက်ဖြစ်လာမယ်လို့ ထင်နေတဲ့ ရောဂါ
( နေရာကျဉ်းကျဉ်းလေး တခုမှာပဲ ဖြစ်ဖြစ်ပေါ့ ) . . .
Q- ဆောရီး ၊ စကားဖြတ်ပြောတာမဟုတ်ဘူးဗျ
ခဗျားဒီလို ပြောရအောင် ဘောင်ကျော်နေတယ်ထင်တယ်
ခဗျားကို တွေ့ရတာက အရက်ဆိုင်မှာ
ပြောတဲ့စကားတွေက ကြီးကျယ်နေတယ်
( ခဗျားဒီလို ကြီးကျယ်ထင်ရှားလာမယ်လို့ ကျနော် မထင်ဘူး )
A- ထင်တာမထင်တာ ခဗျားကိစ္စ ဖြစ်ပြီး
ဖြစ်လာမှာ မဖြစ်လာမှာက ကျနော့်ကိစ္စဖြစ်တယ် ။ အရက်သောက်တတ်တဲ့လူတိုင်း
မကြီးကျယ်မထင်ရှားဘူးလို့ ဘယ်သူပြောလဲ . . .
Q- အရက်အကြောင်း ကဗျာတွေ ဆောင်းပါးတွေ ရေးတယ်နော်
ခဗျားပရိတ်သတ် ခဗျားကို အထင်သေးသွားမှာ မစိုးဘူးလား
ခဗျား အရက်သောက်တတ်ကြောင်းလူတကာသိမှာ မရှက်ဘူးလား
A- ကျနော် သူများပစ္စည်း ခိုးနေတာမဟုတ်ဘူး ၊ ကျနော် ပါဖော့မန်လုပ်နေတာ
ကျနော်အရက်သောက်တာသည် ဘယ်သူ့ကိုမှ မထိခိုက်ဘူး
ကျနော့်ကို ကျနော်တောင် ထိခိုက်အောင်မသောက်ဘူး
စာရေးတဲ့ ကဗျာရေးတဲ့အတွက် ( ယူတတ်မယ်ဆိုရင် အနည်းဆုံး အရက်မကောင်းကြောင်းနဲ့
အရက်အကြောင်း သောင်းပြောင်းထွေလား ဗဟုသုတတောင် မသောက်ပဲ ရသွားဦးမယ် )
အချုပ်အားဖြင့်ပြောရင် ကျနော်မရှက်ဘူး ၊ ဒီကိစ္စဟာ သမ္မာအာဇီဝ ပါ . . .
Q- အရက်အကြောင်းမကောင်းပြောတဲ့လူတွေနဲ့
အရင်တုန်းက အရက်သောက်ပြီး အခုမှ အရက်မသောက်ဖို့ ဆုံးမတတ်တဲ့လူတွေကို ဘယ်လိုယူဆလဲ
A- အရက်အကြောင်းမကောင်းပြောတဲ့လူတော်တော်များများကိုကြည့်ရင်
အမျိုးသမီး တွေ များတယ် ။ အမျိုးသမီးတွေ ဘာကြောင့်အဲ့လို ပြောကြတာလဲဆိုတာ ခဗျားလဲသိတယ်
သူတို့မှာ အရက်သောက်ဖို့ သဘာဝတရားကြီး က အခွင့်မပေးထားဘူး ( ကျနော်တို့ အေးရှမှာဆိုရင်ပေါ့
ယူရုတ် ကိုတော့ ကျနော်မပြောဘူးနော် ) ၊ ဒီတော့ သူတို့အမြင်မှာ ဒီကိစ္စဟာ အင်မတန်မကောင်းတဲ့
ကိစ္စကြီးတခုလို့ မြင်နေပုံရတယ် ၊ တကယ်ဆိုလည်း ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး ၊ ကျနော်ကတော့
အရက်အကြောင်းမကောင်းပြောတဲ့လူတွေ ( အမျိုးသမီးတွေတွေ့ရင် ရယ်နေလိုက်တယ် )
Q- အရင်တုန်းက အရက်သောက်ပြီး အခုမှ အရက်မသောက်ဖို့ ဆုံးမတတ်တဲ့လူတွေကို ရော . . .
A- သူတို့ကတော့အရက်မကောင်းမှန်း တကယ်သိသွားလို့ဖြစ်စေ ၊ တစုံတရာကိုကြောက်ရလို့ဖြစ်စေ
( မိန်းမ ၊မိဘ ၊ ကျန်းမာရေး ၊ လူမှု့ရေး ၊ အလုပ်အကိုင် ၊ သားသမီး ) အရက်လောကက ပင်စင်ယူသွားတဲ့လူတွေပေါ့
သူတို့ တွေက ပြောလေ့ရှိတယ် ၊ ငါတို့ တုန်းက မင်းတို့ထက်တောင်ဆိုးသေးတယ် ဘယ်လိုသောက်လာတာ
နောက်မှ မကောင်းမှန်းသိလို့ ဘယ်လိုထိန်းရတာ . . . ဘာညာပေါ့ ။ တကယ်လဲ သူတို့စေတနာနဲ့ ပြောတာဟုတ်မှာပါ
ဒါပေမယ့် သူတို့မှားတာတခုက . . . အခုသောက်နေတဲ့လူတွေလဲ တချိန်ကျရင် သူတို့လို အရက်နဲ့ ပြတ်စဲသွားလိမ့်မယ်လို့
သူတို့ တွေးမိပုံမရဘူး . . . ငါတို့တုန်းက ဆိုတာကြီးကိုရှေ့တန်းတင်ပြီး အရက်မကောင်းကြောင်းပြောတော့တာပဲ . . .
ကျနော် အမြင်ကပ်တယ် ( ရယ်ချင်တယ် . . . ရယ်နေလိုက်တာပဲ )
Q- အခု ခဗျားက အရက်ဘက်က ကာပြောသလို ဖြစ်နေတယ်
ဘာလဲ ၊ အရက်သောက်တာ ကောင်းတယ်လို့ ပြောချင်တာလား
A- အရက်သောက်တာကောင်းလား မကောင်းဘူးလားဆိုတာ . . . ငါးနှစ်သား ကလေးကို သွားမေးကြည့်လိုက်
သေချာတယ် . . . လူကြီးနဲ့ယဉ်တဲ့ကလေးဆို အရက်တမား မတောင်းဘူး လို့ ဖြေလိမ့်မယ် ၊
လူတိုင်းသိတာပဲ . . . လူတိုင်းမှာ ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပဲ . . .
Q- ထားပါတော့လေ . . . ကျနော် မေးချင်တာက . . .
A- ထားပါတော့လေ လို့ ခဗျားပြောတာ ကျနော် မှတ်မိသလောက်သုံးခါရှိပြီ
အကျပ်အတည်းတွေ့တိုင်း ထားပါတော့လေ လို့ ပြောလေ့ရှိသလား ?
Q- ဟားး . . . ကျနော်က ခဗျားကို ကဗျာဆရာပဲထင်တာ
ခဗျား ရှေ့နေတစ်ယောက်လို အမှားထောက်တတ်သားပဲ ။
A- ကဗျာဆရာဆိုတာ စကားလုံးအကြွယ်ဝဆုံးလူတွေဗျ
လူတကာထက်လည်း ပိုပြီးတွေးတတ်တယ်
လောကရဲ့ ဟာကွက်တွေကို မြင်တဲ့နေရာမှာ ကဗျာဆရာနဲ့ ကာတွန်းဆရာကို ဘယ်သူမှ မမှီဘူး
ဆက်ပြောရင် ကြွားရကြလိမ့်မယ်
Q- ကျနော် ကဗျာဆရာတွေကို အထင်မကြီးဘူးဗျ
A- ခဗျားအထင်မကြီးတဲ့ ကဗျာဆရာကို ဘာကြောင့်တကူးတက အင်တာလာဗျုးလဲ
ဘာကြောင့် ကဗျာဆရာရေးတာကို ဖတ်နေတာလဲ . . . အချိန်ကုန်ပါတယ် ခဗျားသွားတော့ ။
Q- အဟက် . . . ခဗျားမူးနေပြီထင်တယ်
A- မူးတာ မမူးတာကို ဘယ်လိုခွဲခြားလဲ
ဘယ်သူတိတိကျကျ ခွဲခြားနိုင်သလဲ . . . ?
Q- နေပါဦး ၊ ခဗျားက ကျနော့်ကို ပြန်ပြန်မေးခွန်းထုတ်နေတယ်
ကျနော်က ခဗျားကို မေးရမှာမဟုတ်ဘူးလား
A- ခဗျားက ချည်းပဲ မေးခွန်းထုတ်ရမယ်လို့ ဘယ်သူကအခွင့်အာဏာပေးထားတာလဲ . . . ?
Q- အာ . . . ခဗျား ဗျာ ၊ ခဗျားအခုထိအရက်ကို ဘာကြောင့်သောက်လဲဆိုတာ
ကျနော်အသေအချာမသိရသေးဘူး . . .
A- အေးဗျာ ၊ ဒါဆိုလဲ ဒီနေ့က စိတ်ညစ်လို့သောက်တာ ဆိုတာနဲ့ ပြန်စရအောင်
မနေ့ကတော့ပျော်လို့သောက်တာ ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ . . .
--
**မာဃလုလင်**
Sunday, October 23, 2011
နိုင်ငံရေးက ဦးစားပေး နံပါတ်တစ်ပါ

နိုင်ငံရေးပြက်လုံးများကြောင့် လွန်ခဲ့သည့် နှစ် ၂၀ကျော်ကပင် လူသိများလာခဲ့သည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ မြစ်ကြီးနား အကျဉ်းထောင်မှလွတ်မြောက်လာပြီး နှစ်ရက်အကြာတွင် ၎င်းအကျဉ်းကျခဲ့စဉ်ကာလများအကြောင်းနှင့် အနာဂတ်အစီအစဉ်များကို မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ကျော်ဆုမွန်က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
အတွဲ ၂၇ ၊ အမှတ် ၅၄၀ ( ၂၁ - ၂၇ ၊ ၁၀ ၊ ၂၀၁၁)
* အခုလို လွတ်မြောက်လာပြီးနောက်မှာ နိုင်ငံရေးကော၊အနုပညာကော နှစ်ခုစလုံးကို လုပ်သွားမယ်လို့ ပြောတယ်။ ဘယ်လိုမျှမျှတတဖြစ်အောင် လုပ်သွားဖို့ ရှိပါသလဲ။
နိုင်ငံရေးနဲ့ အနုပညာအလုပ်က နဂိုကတည်းက တွဲလုပ်ခဲ့တာကိုး။ ထောင်ထဲမှာနေကတည်းက ဒီနှစ်ခုကို တွဲလုပ်သွား ရမယ်လို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း ကျတော့ အနုပညာအလုပ်က ကိုယ် မလုပ်လည်း လုပ်မယ့်သူက ရှိသေးတယ်။ နိုင်ငံရေးကျတော့ အရေး ကြီးတဲ့အချိန် ရောက်လာပြီ။ ဒီအချိန်က အပြောင်းအလဲ ကာလအစ ကလေးလို့ ပြောလို့ရပြီ။ ဒီအချိန်မှာ ကျွန်တော့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ၁၉၈၈ အရေးတော်ပုံကာလကလည်း ပါဝင်ခဲ့တယ်။ ဒီမတိုင်မီကာလက လည်း နိုင်ငံရေးပြက်လုံးတွေလုပ်ခဲ့တယ်။ ထားပါ။ ၁၉၈၈ မှာ ပါတီစုံ ဒီမို ကရေစီရရှိရေး တို့အရေးလို့ အော်ခဲ့ကြတယ်။ ဒါဟာ အစ၊ အခု ၂၃ နှစ် အကြာမှာ လွှတ်တော်ကြီးပေါ်လာပြီ၊ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတာကြီး ပေါ်လာခဲ့ပြီ ဆိုသော်ငြားလည်း လိုချင်တဲ့ Multiparties democracy ဆိုတဲ့ အနေအထားကို ရောက်မလာသေးဘူး။ရှေ့ဆက်ပြီး ကိုယ်စတဲ့လမ်းကို ကိုယ်ဆုံး အောင်ဆက်လျှောက်ဖို့လိုတဲ့အတွက် နိုင်ငံရေးကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်တော် လွှတ်တော်ထဲသွားချင်လို့ မဟုတ်ပါဘူး။ ကိုယ်စား လှယ်လုပ်ချင် လို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲကို ကိုယ်စားလှယ်တွေ ပို့ချင်တာ။ ပို့ပေးရမယ့် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စား လိုက်ရှာချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပို့ချင်တယ်။ ကျွန်တော့ စိတ်ကူးကို ဘယ်လိုတောင်မှန်းထားသလဲဆိုရင် ရည်မှန်းချက်တစ်ခုထားတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စီမံချက်ပြည့်စုံရမယ်လို့ ဆုံးဖြတ် ထားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ထက်ငယ်တဲ့ လူငယ်တွေကို လွှတ်တော်ထဲ ရောက်စေချင်တယ်။ ဒီလူငယ်တွေကို ရှာဖွေ ဖို့ရှိခဲ့ရင်လည်း ဘယ်လိုပံ့ပိုးရမလဲ၊ ဘာတွေသင်ချင်သလဲ။ ထောင်ထဲမှာလည်း Nursery လိုပဲ သင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲ။ ဒီလူတွေ ဆီကို အပ်ပြီး ဘယ်လိုသင်ပေးရမလဲ။ သူတို့နားလည်လေ တတ်လေ နိုင်ငံရေး ဆိုတာ ပိုလုပ်လို့ကောင်းတာပေါ့။ ဒီလို ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒက နံပါတ်တစ်ပေါ့။ ဒါကြောင့် နိုင်ငံရေးကို ဦးစားပေး၊ အနုပညာကို ဒုတိယထား ချင်ပါတယ်။ အနုပညာဆိုရာမှာလည်း ညီတွေ၊ သူငယ်ချင်းတွေကို ပံ့ပိုးရုံ၊ နောက်ကနေ အကြံပေးရုံလောက်တော့ လုပ်နိုင်မှာပါ။ လူကိုယ်တိုင် ၀င်ထွက်ပြီးတော့ မလုပ်နိုင်လောက်တော့ဘူး။ နိုင်ငံရေးက ပိုအရေးကြီးနေတာကိုး။
* ဒါဆို နိုင်ငံရေးကို ဘယ်လောက် ရာခိုင်နှုန်းလောက် အားထည့်ပြီး အနု ပညာကို ဘယ်လောက်ပဲရှိမလဲ။
တကယ်တမ်းက နိုင်ငံရေးက ၈၀ ရာခိုင်နှုန်းလို့ သတ်မှတ်တယ်။ အနုပညာ ကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲပေါ့။
* နိုင်ငံရေးကို စတင်ပတ်သက်ကတည်းက ဦးဇာဂနာအနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်ပတ်သက်ချင်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော် အတွက် ပါဝင်မယ့်သူတွေကို မွေးထုတ်ချင်ခဲ့တာလား။
ကျွန်တော် အစတုန်းက ပွင့်ပွင့်လင်း လင်းပြောရရင် လမ်းစဉ်ပါတီခေတ်က စပြောရမယ်။ ဒီတုန်းက အစိုးရကို သရော်ချင်ခဲ့တာ တစ်ခုပဲ။ ဒီကနေ ၈၈ အရေးတော်ပုံမှာပါခဲ့ပြီး ထောင်ထဲလည်း ရောက်သွားပြီ။ ၁၉၉၄ မှာ ထောင်က လွတ်လာတော့ ၃၃ နှစ်ရှိပြီ။ ထောင်ထဲမှာလည်း ငါးနှစ်လောက် ဖြုန်းခဲ့ရပြီးပြီ။ ဒီတော့ ဘယ်လိုစိတ်ကူးရလာလဲဆိုတော့ လူပြက်တစ်ယောက်ရဲ့အမြင်နဲ့ နိုင်ငံရေး ကို စိတ်ဝင်စားသူအမြင် မတူတော့ဘူး။ လူပြက်တစ်ယောက်က ကမောက်ကမ အဖြစ်တစ်ခုကို ဟာသ ရယ်စရာလုပ် လိုက်မှာပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင်တော့ ကမောက်ကမ တစ်ခုကို ဘယ်လိုပြင်ရမလဲဆိုတာပဲ စဉ်းစားမှာ။ ကျွန်တော့ အနေနဲ့ ဒီလို အမြင်ကို ပိုပြီး လက်ခံရတော့မယ်။ သရော်တဲ့စိတ်ကို လူပြက်အနေနဲ့ပဲထားမယ်။ အရင်က အဲဒီလိုအမြင်နဲ့ ကြည့်ပိုင် ခွင့်မရနိုင်ခဲ့ဘူး။ အဲဒီကာလက စစ်အစိုးရလက်အောက်မှာ။ နိုင်ငံရေးနဲ့ လုပ်လိုက်ရင် ကောက်ဖမ်းမှာပဲ။ ကျွန်တော်ဆို ထောက်လှမ်း ရေး(၆)ကို ခဏခဏ သွားနေရတဲ့သူ။ ဒါကြောင့် လေးခါ အဖမ်းခံရတာ။ ကျွန်တော်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့မဟုတ်ဘူး။ အဲလိုနဲ့ ကြာလာတော့ နိုင်ငံခြားမှာ နိုင်ငံရေး သိပ္ပံနဲ့ပတ်သက်ပြီး သင်ချင်တယ်။ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်၊ ပတ်စ်ပို့ မရလို့ မသွားခဲ့ရဘူး။ ဒီတော့ ကျွန်တော် မသွားရလည်း သင်ရတဲ့သူတွေ သင်ရအောင်လုပ်မယ်ဆိုပြီး လိုက်ပံ့ပိုးခဲ့တယ်။
* အရင်အစိုးရလက်ထက်ကနဲ့စာရင် အခုအစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာရှိပြီး ပွင့်လင်းလာပြီလို့ မြင်ပါသလား။
လောလောဆယ်မြင်နေရတာက အဓိက သာမိုမီတာလိုပဲ တိုင်းကြည့်နေရတာက ဂျာနယ်တွေကိုပဲ ကြည့်နေရတာပဲ။ ထောင်ထဲဖတ်တဲ့ ၁၃ စောင်၊ ဒီထဲမှာကိုပဲ တော်တော်ပြောင်းလဲတယ်။ ဒီလို တွေ့လာတော့ သူတို့တောင် ဒီလိုရေးလို့ ရလာရင် ငါတို့ကော ပိုပြီးပြောလို့ ရမလာနိုင်ဘူးလားလို့ တွေးလာမိတယ်။ အမြင် နှစ်မျိုး ရလာတယ်။ လူပြက်အမြင်နဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့အမြင်၊ လူပြက် အနေနဲ့ သရော်ချင်တယ်။ ရယ်စရာ ပြောချင်တယ်။ ဒါပေမယ့် ဒီအချိန်က သရော်ရမယ့် အချိန်မဟုတ်ဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရမှာကို ဘာ မြင်လိုက်သလဲဆိုတော့ ဒီလိုစုစည်းမှုကို ညီညွတ်အောင်လုပ်ကြဖို့ လိုလာတယ်။ ခေါင်းဆောင်တွေ ခေါင်းစဉ်မရှာတတ် လို့ လူတွေက စည်းရုံးချင်လျက်နဲ့ မစည်းရုံးခဲ့ရဘူး။ ခေါင်းစဉ်သာရှာတတ်ရင် စည်းရုံးနိုင်တယ်ဆိုတာ သွားတွေ့တယ်။ ဒါ အမြတ်ပဲ။ လိုအပ်တဲ့နေရာမှာ ပိုပြောလို့ ရလာပြီ။ ထိထိရောက်ရောက် ပြောဖို့ လိုအပ်လာပြီဆိုတာ မြင်လာတယ်။ ပိုပြီး ပြောခွင့်ရလာမယ်။ သိပ် ကွေ့ပတ်နေစရာ မလိုတော့ဘူး။
* ပြန်လွတ်လာချိန်မှာ စီးပွားရေးအနေနဲ့ကော၊ဘာလုပ်ဖို့စိတ်ကူးထားလဲ။
ဘယ်စီးပွားရေးမှ ပြောရရင် မရှိဘူး။ ခေါင်းထဲမှာ အဲဒါကို မတွေးထားမိဘူး။ တကယ်တော့ လိုမှာပါ။ လူတစ်ယောက် ရပ်တည်ဖို့က ငွေကြေးလိုပေမယ့် ကျွန်တော့အတွက်က အထွေအထူး အကုန်အကျနည်းတယ်။ အ၀တ်အစားလည်း သိပ်မကုန်ဘူး။ စွပ်ကျယ် တစ်ထည်၊ ဘောင်းဘီတစ်ထည်နဲ့ လျှောက်သွားနေတာ။ အရင်ရှာထားလို့ နည်းနည်းပါးပါးရှိတဲ့ ပိုက်ဆံလေးတွေ နဲ့ပဲ ဟိုရောင်းဒီချနဲ့ နေလို့ရပါသေးတယ်။ စီးပွားရေးကတော့ လုပ်နိုင်မယ်မထင်ဘူး။ ရုပ်ရှင်ရိုက်ရင်တော့ ပိုက်ဆံရမှာပေါ့။ မရိုက်ချင်ဘူး။ သိပ်အချိန် ကုန်မှာ စိုးရိမ်တယ်။ လူပြက်ကဖို့ကလည်း တစ်ခါလောက် အပျင်းပြေ ကတာလောက်ပဲ လုပ်ချင်တယ်။ စီးပွားရှာဖို့ ပွဲမကချင်တော့ ဘူး။ အခုဆို ကြော်ငြာတွေ လာအပ်နေတယ်။ ရိုက်ပေးချင်ပေမယ့် ဒီထက် အရေးကြီးတဲ့ကိစ္စလေးတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက် အချိန်ပေးနိုင်ရင် တစ်ခုနှစ်ခုလောက်တော့ ရိုက်တာပေါ့လေ။ ဒီလိုရိုက်လို့ ရလာတဲ့ပိုက်ဆံဆိုရင်လည်း ထောင်ကမလွတ် သေးတဲ့ သူငယ်ချင်းတွေဆီကို ထောင်ဝင်စာ ပို့လို့ ရတာပေါ့လေ။ ကြော်ငြာရိုက်လို့ ၁၅ သိန်း ရရင် ခရီးစရိတ်နုတ်ပြီး ၁၀ သိန်း လောက် ပို့နိုင်တာပေါ့။ ကျွန်တော်ရှာလို့ရတဲ့ ပိုက်ဆံ သူငယ်ချင်းတွေဆီ တစ်ထောင်ချင်းစီ လိုက်ပို့ချင်တယ်။ ကိုယ်တိုင် လက်ထိ လက်ရောက် လိုက်ပေးချင်တယ်။ ပိုက်ဆံပေးတာကတော့ ပိုကောင်းတာပေါ့။ ထောင်မှာ ဈေးဘားဆိုတာ ရှိတယ်။ လိုတာမှာလို့ ရတယ်။ ဒီလို စဉ်းစားမိတယ်။
* မှတ်ပုံတင်နဲ့ ပတ်စ်ပို့လျှောက်ပြီး တက်ချင်တဲ့ သင်တန်းကို နိုင်ငံခြား မှာတက်ဖို့ အစီအစဉ်ကော ရှိသေးလား။
အမှန်တိုင်းပြောရရင် ဟိုအရင်ကတည်းက သွားချင်တာ။ ဟိုဘက်ကလည်း ခေါ်တယ်။ ပတ်စ်ပို့တော့ ပေးသင့်ပြီလို့ ထင်တယ်။ သုံးလလောက် ပဲဆိုရင်တော့ သွားချင်တယ်။ သိပ်ကြာရင် မတက်ချင်ဘူး။ ကျွန်တော် တစ်ခု လုပ်ချင်တာရှိတယ်။ မီဒီယာသင်တန်း လည်း တစ်ပတ်တန်သည် သွားတက် ချင်တယ်။ စိတ်ဝင်စားတယ်။ မီဒီယာကို သင်ချင်တယ်။ တပည့်ခံချင်တာ။ အင်တာဗျူးတဲ့ သူလည်း အရမ်းလုပ်ချင်တယ်။ မေးချင်တဲ့ အစီအစဉ်တွေရှိတယ်။ လယ်ရီကင်းလိုပေါ့။ မေးချင်သူတွေရှိတယ်။ အဲလို မေးချင်မြန်း ချင်တာ။
* ထောင်ထဲက အတွေ့အကြုံတွေကို ပြန်ရေးဖို့ ပြန်ထုတ်ဖို့ စိတ်ကူးရှိခဲ့လား။
ရေးပြီးသားရှိခဲ့တယ်။ ပထမအကြိမ် အဖမ်းခံရတုန်းက စအဖမ်းခံရတဲ့ အချိန်ကစပြီး လွတ်လာတဲ့အချိန်ထိ ဒိုင်ယာရီ ရေးခဲ့တယ်။ ခေါင်းထဲ ရေးခဲ့ရတာ။ လွတ်လာတော့ အဲဟာတွေကို မေ့မှာစိုးလို့ ချရေးခဲ့တာ ဗလာစာအုပ်နဲ့ ရှစ်အုပ်ရတယ်။ ဒါကို အရင်က ယူကေ သံအမတ် ဗစ်ကီဘောမန်းက ယူသွားတာ ပါသွားခဲ့တယ်။ အခု သူက အဆင်သင့် သူ့ လက်ထဲမှာ ရှိပါတယ်လို့ ပြောတယ်။
http://www.myanmar.mmtimes.com/2011/news/540/news03.html
Wednesday, October 12, 2011
ဦးဇာဂနာ နှင့် အင်တာဗျူး ( အောက်တိုဘာလ 12 ရက် 2011 ခုနှစ် )

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။
မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။
မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။
မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။
မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။
မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။
**စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း**
The Voice Weekly on Wednesday, October 12, 2011 at 1:02pm
မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။
- စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။
ဘယ်သူတွေ ပါလဲ။
- ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း
ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။
- မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။
လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။
- လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။
လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။
- မရှိပါဘူး။
လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။
- မရှိပါဘူး။
အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။
- လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။
မေး ။ ။ အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလည်း ။
ဖြေ ။ ။ ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။
လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။
မေး ။ ။ အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။
ကိုဇာဂနာ ။ ။ မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။
မေး။ ။ တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။
ကို ဇာဂနာ ။ ။ လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။
မေး ။ ။ အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။
ကိုဇာဂနာ ။ ။ အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။
**From-ဗမာ့ သွေး**
Wednesday, September 21, 2011
ယာယီပတ်စပို့ ဖြင့် လာရောက်ကြတဲ့ မြန်မာအလုပ်သမား အင်တာဗျူး

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရတို့ အကြား တရားဝင် အလုပ်သမားတင်ပို့တဲ့ အစီအစဉ် စတင်နေပေမယ့် မြန်မာအလုပ်သမားတွေ အတွက်တော့ အခက်အခဲတွေ ပြီးဆုံးသွားတာ မတွေ့ရပါဘူး။ အထူးသဖြင့် ကော့သောင်းကနေ ရနောင်းဘက်သို့ အပို့ ခံခဲ့ရတဲ့ အလုပ်သမား တွေအထဲမှာ အခက်အခဲ အမျိုးမျိုး ကြုံနေရသူတွေ ရှိနေပါတယ်။ ပွဲစားတွေရဲ့ မရေမရာ စကားတွေကို ယုံပြီး မလုပ်ချင်တဲ့ အလုပ်တွေ လုပ်ရတာကနေ လုပ်အားခကို အဖြတ်ခံရတာ ၊အဆိုးအဆုံး အနေနဲ့ မိမိရဲ့ ယာယီ နိုင်ငံကူး လက်မှတ် ကိုတောင် သိမ်းဆည်းခံနေရတာ စတဲ့ အဖြစ်တွေ ကြုံနေရတာပါ။
ဒီအထဲမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကနေ ထိုင်းနိုင်ငံရောက်လာတဲ့ အသက်၂၀ ကျော် လူငယ် ၆ ယောက်လည်း ပါဝင်ပါတယ်။ သူတို့ အထဲက ကိုဇော်လင်းအောင်ကို အလွတ်သတင်းထောက် မြတ်ညိုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေ။ ။ ပြည်ပကို ထွက်လာဖို့ အတွက် ပြည်တွင်းမှာ ဘာတွေ လုပ်ဆောင်ခဲ့ရလဲ။
ဖြေ။ ။ ပထဦးဆုံး ကျနော်တို့ ဂျော်ဒန်ကို သွားမယ်ရမယ်ဆိုပြီး ရမ်းဗြဲက ဥပဇင်း တစ်ပါးကို ကျပ်ငွေ ၃သိန်း
အရင်ပေးရပါတယ်။ ရန်ကုန် တာမွေ က ဥပဇင်းရဲ့အစ်မ ဖြစ်သူ ထံသို့ ကျနော်တို့ကို ပို့လိုက်ပါတယ်။
ရန်ကုန်မှာ ပတ်စပို့ လျှောက်ထားပြီးတော့ ကျနော်တို့ မော်တာ အပ်ချုပ်စက်ကို ၁၅ ရက်လောက် သင်ခဲ့ရ ပါတယ်။ ပြီးတော ရခိုင်ကို သုံးလေးလ လောက် ပြန်နေခဲ့ရပါတယ်။
ကျနော်တို့ စောင့်နေချိန်မှာ ဂျော်ဒန် ကို မသွားရတော့ဘူးတဲ့။ ထိုင်းကို သွားရမယ်လို့ပြောတယ်။ ရမ်းဗြဲမှာ ပေးထား တဲ့ပိုက်ဆံကို ပြန်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ တာကြောင့် ကျနော်တို့လည်း ထိုင်းကို လာမယ် ဆိုတော့ ပိုက်ဆံ ၂သိန်းခွဲ ထပ်ပေး ရအုံးမယ်လို့ ရန်ကုန်က ပွဲစားမက ပြောပါတယ်။ ကျနော်တို့က ဈေးပြန်ညှိ တော့ နောက်ဆုံးမှာ တစ်သိန်းခွဲ ထပ်ပေးလိုက်ရပါတယ်။ ရန်ကုန်ကို ကိုယ့်စရိတ်နဲ့ ကိုယ် လာခဲ့ကြတာပါ။ ရန်ကုန်မှာ ၄၅ ရက်လောက် နေပြီးတော့ ကော့သောင်းကို ပို့လိုက်ပါတယ်။
မေး။ ။ ကော့သောင်း ကို ရောက်တဲ့အခါမှာ ဘာအစီအစဉ်တွေ လုပ်ကြရလဲ။
ဖြေ။ ။ ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် ဆရာစံလမ်း မှာရှိတဲ့ အဆောင် တစ်ခုမှာ ကျနော်တို့ကို ထား ပါတယ်။ အမျိုးသမီးတွေလည်း အဲဒီ အဆောင်မှာရှိပါတယ်။ လူတွေများပါတယ်။ ကော့သောင်း ကိုယ်စား လှယ်က ထိုင်းနိုင်ငံ ဆုံခါမြို့ မှာ ပရိဘောဂ အချောလုပ်ရမယ်။ တစ်ရက်ကို၂၂၀ဘတ်ရမယ်၊ အချိန်ပို တစ်နာရီကို ဘတ်၄၀ရမယ် လို့ပြော ပါတယ်။
မြန်မာဘက်က ဗိုလ်ကြီးဟောင်း စိုးနိုင်။ ဦးစိုးလွင်နဲ့ ကော့သောင်း (မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး) မလန ရုံးက အရာရှိ အမျိုးသမီးကြီး တစ်ယောက် PMP ကုမ္ပဏီ ကိုယ်စားလှယ် ကိုဧရာချိန်မောင် တို့ လက်မှတ်ရေးထိုးကြပါတယ်။
မေး။ ။ ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့အခါ အခြေအနေက ဘယ်လိုလဲ။
ဖြေ။ ။ ထိုင်းဘက်ကို ရောက်တာနဲ့ ကျနော်တို့ ပတ်စပို့စာအုပ်ကို ကိုင်ခွင့်မရလိုက်တော့ဘူး။ ကိုသူရအောင်က ထိုင်းဘက်က PMP ကျနော်တို့ ရောက်ရောက်ခြင်း လာအိုနယ်စပ် ခေါင်ကဲန် ကိုပို့ပေးခဲ့တယ်။ အဲဒီမှာ ဆေးစစ်ပြီးတော့ work permit(အလုပ်လုပ်ကိုင်ခွင့်) လုပ်မရ တာကြောင့် ဘန်ကောက်ကို ပြန်လာခဲ့ရတယ်။ ဘန်ကောက်က တစ်ဆင့် ခု sadao ဆာဓဟို ကိုရောက်နေတာပါ။ နောက် အထပ်သား စက်ရုံတစ်ခုမှ ကျနော်တို့ ၂၁ ရက်လုပ်ခဲ့ကြပါတယ်။
အလုပ်ရုံက work permit လုပ်မပေးလို့ ပြောတာကြောင့် ကျနော်တို့က ပွဲစားတွေကို ဖုန်းဆက်ပါတယ်။ ပွဲစားတွေက ဖုန်းမကိုင်ဘူး။ ကျနော်တို့ အားလုံး တိုင်ပင်ပြီးတော့ ပွဲစားတွေလာအောင် ဆိုပြီး အလုပ်တစ် ရက်မလုပ်ပဲ နားလိုက်ကြပါတယ်။ ဒါကြောင့် အလုပ်ရုံက ကျနော်တို့ကို အလုပ်က ထုတ်ပစ်လိုက် ပါတယ်။ ဒီတော့မှ ပွဲစားတွေလည်း ရောက်လာပါတယ်။
မေး။ ။ဘယ်ကုမ္ပဏီလဲ၊ ပွဲစား နာမည်က ဘာတဲ့လဲ ပြောပြပါလား။
ဖြေ။ ။ ကော့သောင်းမှ ကိုရဲသွေးက ရနောင်းက ကိုလှဖုန်း ဆီကိုလွှဲတယ်။ သူက တစ်ဆင့် ဘန်ကောက်က
လှမင်း ဆိုတဲ့ ပွဲစား ဆီကိုလွှဲပါတယ်။ ခုရောက်နေတဲ့ ဆာဓဟို က ပန်းရံဆိုဒ် တစ်ခု ကိုလာပို့ထားပါတယ်။ ကျနော်တို့ ကို ပွဲစားက တစ်ရက်ကို ၂၂၀ ရမယ်။ နေ့တိုင်း အချိန်ပို ၂နာရီ လုပ်ရမယ်။ ကျနော်တို့က ဘတ်၃၀၀ ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး ဒီကို လိုက် လာကြပြန်တယ်။ လုပ်ငန်းခွင်ကို ရောက်လို့ လုပ်ငန်းရှင်နဲ့ ပြောကြတဲ့ အခါ အချိန်ပို နေ့တိုင်း မရှိဘူး။
အလုပ်လုပ်မယ့် တူတွှေ လွှတွေ အကုန်လုံး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ရမယ်။ ရေကအစ ၀ယ်သုံးရမယ် ဆိုတော့ ကျနော် တို့ မလုပ်ချင်တော့ဘူး။ ဘန်ကောက်က ကိုလှမင်း ဆင်းလာပြီး ကျနော်တို့ မှာ ရှိသမျှ စာရွက်စာ တမ်း တွေကို သိမ်းယူသွားတယ်။ ယာယီပတ်စပို့ စာအုပ် လိုချင်ရင် ဘတ် ၁၂၀၀၀ ပေးရမယ်။ work permit ပါယူမယ်ဆိုရင် ၁၆၀၀၀ ပေးရမယ်လို့ပြောပါတယ်။
မေး။ ။ ညီလေးတို့ ပြည်တွင်းမှာ ငွေအများကြီး ကုန်ကျခံပြီး လာခဲ့တော့ ကိုယ်မှန်းခဲ့သလို မဖြစ်ဘူး လို့ ကျနော် နားလည်တယ်။ ညီလေးတို့လို ပြည်တွင်းက နြေ့ပီးတော့ ပြည်ပ ကိုထွက်ခွာဖို့ ပြင်ဆင် နေတဲ့ လူငယ်တွေကို ဘာအကြံပြု ပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ လာမယ် လုပ်တုန်း ကပွဲစားတွေက ပြောတယ်။ ကိုယ့်ဆီမှာလို မပင်ပန်းဘူး။ တစ်လကို ကျပ်ငွေ နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ရတယ်လို့ ပြောခဲ့တယ်။ တချို့အိမ်တွေရောင်း၊ လယ်တွေကို ရောင်းပြီးတော့ လာခဲ့ကြတဲ့ သူတွေပါတယ်။ ဒီပုံစံ အတိုင်းဆိုရင် ကျနော်တို့ ဘယ်လို လုပ်ရမလဲ မသိဖြစ်နေတယ်။ ကျနော်တို့ ဒုက္ခရောက်နေတယ်။ နောက်လူတွေ မလာပါနဲ့လို့ပဲ ပြောချင်ပါတယ်။
**မြတ်ညို**
Tuesday, November 30, 2010
30Nov,10// မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ

မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်
မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်
မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ
မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ
ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်
မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား
မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။
မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ်
ပါလို့ ပေါ့ကွယ်
**စိုးမိုး ကျော်**
(ကိုမြတ် မှကူးယူဖော်ပြသည်)
Monday, November 29, 2010
မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ
မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ
မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်
မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်
အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ
မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ်
အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ
လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ
ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု
(ဆရာကြီး kyawcross ခေါ်မောင်ဇူလူးဟုအမည်ရသောအာဖရိကမှဆရာ့ဆရာကြီးက
မိန့် ကြားသွားပါသည်)
** စိုးမိုး ကျော်**
Friday, October 31, 2008
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တည်ထောင်ခြင်းအမှတ်တရနေ့နှင့် အလုပ်သမားများအ ပေါ် ပြောကြားလိုသော သဘောထားအမြင်များစာမျက်နှာ…
(31 Oct, 2008)
xxxxx မြန်မာပြည်က အလုပ်သမားတွေ သင်တို့ပါဝင်ပါမှ ဒီစနစ်ဆိုးအောက်ကလွတ်မြောက်မယ်ဆိုတာကို တိုက် တွန်းချင်ပါတယ်။
ဒေါ်စန်းစန်း…လက်ရှိ…(MPU)..ဒုတိယဥက္ကဌ (ရန်ကုန်တိုင်း-ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ် စား လှယ်) (ယ္ခင်…အလုပ်သမားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူါ်ဟောင်း)... အခြားသော လူကြီးမင်းများ၏ အမြင်တွေကို အောက်မှာဆက်ဖတ်ပါ...မိတ်ဆွေ...။
xxxxx အခု...ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ်ဆိုတာက အကုန်လုံးကိုထိတဲ့အလုပ်ပဲ။ ဘယ်မှာပဲဖြစ်ဖြစ် အလုပ် ရှင်ရော၊ အလုပ်သမားတွေရော ထိကြတာချည်းပဲ။ သူဌေးသင်္ဘောမှောက်တာ ဆင်ပိန်ကျွဲပဲ၊ ဒါပေမယ့် အလုပ် သမားခွက်ပျောက်ရင်တော့တကယ့် ပြဿနာပါပဲ။ အဲဒီတော့အနိမ့်ဆုံး အခွင့်အရေးတွေကျန်နေအောင် ကြံ့ ကြံ့ခံပြိး အားလုံးတိုင်တိုင်ပင်ပင်နဲ့ ၀ိုင်းဝန်းတိုက်ပွဲဝင်သွားကြစေချင်တယ်။
(ဂါမဏိ)
xxxxx အဓိက... ကတော့ဗျာ။ သေချာတာကတော့ ထိုင်းနိုင်ငံဟာလည်း နိုင်ငံခြားပို့ကုန်ကို အဓိကထားပို့နေ တော့ ရာခိုင်နှုန်း ၃၀လောက်ထိခိုက်နိုင်တယ်။ ဥပမာ- အထည်ချုပ်လုပ်ငန်းလိုမျိုးပေါ့။ အထည်ချုပ်လုပ်ငန်း ဆို တာကလည်း လူတွေ(အလုပ်သမားတွေ)ရဲ့ လုပ်အားအပေါ်အခြေပြုပြီး ထုတ်လုပ်ရမှာဖြစ်တဲ့အတွက် အကျပ် အတည်းဖြစ်မှာသေချာတယ်။ ပိုဆိုးမှာက မြန်မာပြည်မှာပေါ့ဗျာ။ ဆင်းလည်းဆင်းရဲ၊ ပိတ်ဆို့မှုတွေကလည်း ရှိနေတော့ ဒီကိစ္စမှာ ပိုပြီးအကျပ်အတည်းဖြစ်နိုင်တယ်လို့မြင်တယ်။ ကမ္ဘာ့ငွေကြေးဈေးကွက် ပြဿနာမဖြစ်ခင် ကလည်း ထိုင်းနိုင်ငံဟာလည်း ၁၉၉၇ တုန်းက ဖြစ်ခဲ့ဘူးတဲ့အတွေ့အကြုံရှိတယ်လေ။ ကျနော်တို့က ငွေကြေး ဈေးကွက်နှင့်ပတ်သက်ပြီး IMF ရော၊ ITUC ရော ဘယ်သူမှကံသေကံမှပြောလို့မရဘူး။ ကျနော်တို့စိုးရိမ်စရာက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခြေအနေဟာ နောက်နောင်နှစ်တွေမှာ အလုပ်သမားလက်မှတ်(WP)သက် တမ်းတိုးမယ့်အခြေအနေမှာ ကမ္ဘာ့ဘဏ္ဍာရေးရဲ့ အကျပ်အတည်း(၀ါ) လုပ်အားနဲ့သက်ဆိုင်တဲ့ အကျပ်အတည်း က ပိုပြီးရှင်းလင်းမြင်သာပါတယ်။ ကမ္ဘာ့ငွေကြေးပျက်တာဟာ အလုပ်သမားဈေးကွက်ပျက်တာပဲဖြစ်ပါတယ်။ ဆိုလိုတာက ကမ္ဘာ့ဘဏ်တွေမှာ လုပ်နေတဲ့ဥက္ကဌတွေ (ဥပမာ- အမေရိကန်၊ အင်္ဂလန်) ဘဏ်တွေကဥက္ကဌတွေ ဘယ်သူမှ အတိအကျမပြောနိုင်ဘူး။ ဥပမာ- အမေရိကန်က ဘီလီယံ ၇၀၀ ပေးတာမျိုး၊ ဥပမာ- IMF က ကျား ကန်ပေးရတာတွေ၊ စသဖြင့်ပေါ့ဗျာ။ တကယ်တမ်းကျတော့ကျားကန်နေတဲ့သဘောပဲလေ။ တကယ်တမ်းဈေး ကွက်ပျက်ပြီဆိုရင် ဘီလီယံ ၇၀၀ ကလည်းဘာမှလုပ်လို့မရဘူး။ အဓိကစီမံခန့်ခွဲမှု ယန္တားရားပျက်သွားတာပါ။ ငွေကြေးပျက်သွားတာမဟုတ်ဘူး။ အဲဒီတော့ အကြွေးတွေနဲ့ လည်ပတ်နေရတယ်လေ။ နိုင်ငံတကာဈေးကွက် ပျက်တော့ ထိုင်းနိုင်ငံလိုမျိုး နိုင်ငံခြားပို့ကုန်ထုတ်လုပ်ရတဲ့နိုင်ငံဟာ ပျက်သွားနိုင်တယ်။ အော်ဒါတွေရပ်သွားနိုင် တယ်လေ။
ရဲဘော်-သံဒုတ်(မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွှတ်ရေးအဖွဲ့- BLSO)
xxxxx ထိုင်းနိုင်ငံမှာ ခရိုင်အုပ်ချုပ်ရေးဒေသ ၇၆ခု ရှိပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂သန်းခွဲ လောက် ဟာ မြ၀တီ၊ ကော့သောင်း၊ တာချီလိပ်၊ ဘုရားသုံးဆူ၊ စတဲ့ဒေသတွေကနေ ထိုင်းနိုင်ငံထဲရောက်လာကြတယ်။ ရောက်ပြီးတော့ ငတ်မွတ်ခေါင်းပါးပြီး အလုပ်အကိုင်အလွန်ရှားပါးတဲ့ မြန်မာပြည်ကို အလည်တခေါက်ပြန် ရောက်တတ်ကြပြီး ထိုင်းနိုင်ငံထဲမှာပဲ ဆက်လက်အသက်မွေးဝမ်းကြောင်းတာများပါတယ်။ ဆိုလိုတာက ထိုင်း နိုင်ငံကိုပဲ ကိုယ့်မြေ ကိုယ့်ရေအဖြစ် ယာယီသတ်မှတ်ပြီး ပတိရူပဒေသ၀ါသောစ မင်္ဂလာတရားနဲ့အညီ ကောင်း တဲ့အရပ်မှာ နေထိုင်ရပ်တည်ရှင်သန်နေကြတဲ့ သဘောပါပဲ။
ထိုင်းနိုင်ငံမှာ ၁၉၉၇ ခုနှစ်တုန်းက ဘတ်ငွေတန်ဖိုး ထိုးကျပြီး အာရှငွေကြေးဈေးကွက် လည်ပတ်မှုရပ်သွား တယ်။ တဆက်တည်းမှာပဲ ကမ္ဘာ့ငွေကြေးပျက်ကပ်ဆိုက်ရောက်သွားတယ်။ ထိုင်းနိုင်ငံဟာ ၀န်ကြီးချုပ်-ချူဝမ် လိပိုင် လက်ထက်တုန်းက ၁၉၉၇ ငွေကြေးပျက်ကပ်ဖြစ်ဘူးတဲ့ အတွေ့အကြုံရှိတော့ အခုလိုနိုင်ငံရေး မငြိမ်မ သက်ဖြစ်နေလင့်ကစား ဒါကိုရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားမှာသေချာတယ်။ တကယ်တမ်းပျက်ကပ်ဖြစ် လာရင် တနိုင်ငံထဲကြံ့ကြံ့ခံရပ်တည်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်။ IMF တို့ WB(ကမ္ဘာ့ဘဏ်)တို့နှင့် ချိတ် ဆက်ပြီး ပူးပေါင်းဆောင်ရွက်ပါမှ အကျကောင်းမယ်ထင်တယ်။ အခုဆိုရင် ထိုင်း-မလေးရှားနယ်စပ်က ရာဘာ ခြံလုပ်ငန်းတွေ ပျက်ကုန်ပြီ။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း လုပ်ခဲ့ပြီးတဲ့လစာ တ၀က်ပဲရတာတို့၊ လုံးဝမရ တာတို့ ကြားနေရပြီ။ ထိုင်းတနိုင်ငံလုံးက အထည်ချုပ်လုပ်ငန်းတွေ ပြည်ပကရင်းနှီးမြုပ်နှံမှု အသစ်ဝင်လာဖို့ နေနေသာသာ ရှိနေတဲ့လုပ်ငန်းတွေကို အော်ဒါမလိုက်လို့ဖျက်သိမ်းရမယ့်အနေ အထားမျိုး(သို့) အလုပ်သမား လျော့ပစ်ရမယ့်အနေအထားမျိုး ကိန်းဆိုက်နေကြတယ်။ ထိုင်း-လာအိုနယ်စပ်က ပင်လယ်ငါးဖမ်းပိုက်ရုံနှင့် စမွတ်ဆခွန်ခရိုင်ဘက်က ရေထွက်ပစ္စည်းလုပ်ငန်းအမျိုးမျိုးတွေကို ကြည့်ပြန်ရင်လည်း အခုဖြစ်နေတဲ့ ငွေကြေး ကပ်ဆိုးကို ခံနိုင်ရည်မရှိတာ တွေ့ရတယ်လေ။ ဒီတော့ ခါတိုင်းခိုင်းနေကြပုံမှန်အလုပ်၊ ပုံမှန်ဝင်ငွေဆိုတာ ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားတွေမှာ တနေ့ရွှေ, တနေ့ငွေ ဆိုသလို အခုဆိုရင် တနေ့ကြေး, တနေ့ဒန်, တနေ့ဘော်ခဲ စသဖြင့် အခြေအနေတွေလျော့ကျကုန်ပြီးတော့ ဘာမှမသေချာဘူး ဆိုသ လိုဖြစ်တည်နေတယ်။ အထည်ချုပ်ရွှေခေတ်, သိုးမွှေးရွှေခေတ်၊ ရာဘာရွှေခေတ်၊ ငါးပုဇွန်ရေလုပ်ငန်းရွှေခေတ်၊ ဆောက်လုပ်ရေးရွှေ ခေတ် စတာတွေဟာ အခုအခြေအနေတွေနဲ့ဆိုရင် ဒန်ခေတ်၊ ဘော်ခေတ် ရောက်နေတယ်လို့ မြင်ပါတယ်။ အဲဒီ လိုကမ္ဘာ့ငွေကြေး အကျပ်အတည်းအောက်မှာ နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်(ITUC)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တည်ထောင်ခြင်းနေ့မှာ တဦးတဖွဲ့တည်း ကြံ့ကြံ့ခံရပ်တည်တာနဲ့စာရင် လက်ချင်းမြဲမြဲတွဲကြမယ် ဆိုတဲ့ သံကွင်းဆက်သဘောတရား ဒါမှမဟုတ်လက်ချင်းယှက်သဘောတရားတရပ်ကို ညီညာပြိုင်တူထူထောင် ကြမှသာလျှင် ရင်ခံခြင်းများစွာနှင့် ရှင်သန်နေရတဲ့ မြန်မာပြည်သားတွေရော၊ နိုင်ငံတကာအလုပ်သမားတွေ ရောပါ အသက်ရှူချောင်မှာဖြစ်တယ်။ ဗိုက်ပြဿနာဟာ အကြီးမားဆုံးပေါက်ကွဲသံစဉ်ရဲ့ ပြယုဂ်ဖြစ်တာမို့ ၀မ်း တွင်းကအော်သံဟာ နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ အကျယ်လောင်ဆုံးဟစ်ကြွေး သံ(၀ါ) အရိုက်ခတ်နိုင်ဆုံး ရင်တွင်းပဋိပက္ခဖြစ်တာမို့ နိုင်ငံတကာက အစိုးရတွေရော၊ မြန်မာပြည်က စစ်အစိုး ရရော၊ မြန်မာနဲ့ ကမ္ဘာက အလုပ်ရှင်နဲ့ အလုပ်သမားအားလုံးတို့ဟာ မလွဲတမ်းထိကြမှာဧကန်အမှန်ဖြစ်နေတယ်။ ဒါကြောင့် သက်ဆိုင်ရာအစိုးရတွေ၊ ILO, ITUC, အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ကမ္ဘာ့ပြည်သူတွေအား လုံး ဟာ ချိတ်ဆက်မှု၊ ဟန်ချက်ညီမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စတာတွေလုပ်နိုင်ပါမှ အကျမနာမှာဖြစ်ပါတယ်။ ကြောင်ကျကျတဲ့ အကျကောင်းကို အားလုံးကျစေချင်ပါတယ်။ ပင်ပန်းသရွှေ့... အစဉ်ချမ်းမြေ့ကြပါစေ....။
ရဲဘော်-မိုးကြိုး....(မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-ဂျေအေစီဘီအေ)
xxxxx သင့်တင့်မျှတသောလုပ်ငန်းခွင် (Recent Work)ဆိုတာ အလုပ်ရှင်ကလည်း သူ့ပိုက်ဆံစိုက်ထားတာမို့ သူရ သင့်တဲ့အခွင့်အလမ်းကိုသူစားနိုင်ရမယ်။ အလုပ်သမားဆိုတာကလည်း သူ့လုပ်အားနဲ့ သူ့ပိုက်ဆံကို ထိုက်ထိုက် တန်တန်ရရှိပြီး အခွင့်အရေးတိုင်း သူစားနိုင်ရမယ်။ အဲဒီလိုအခြေအနေနဲ့ သင့်တင့်မျှတသောလုပ် ငန်းခွင်ရှိပါမှ လူ့ဘောင်လောကနဲ့ ကမ္ဘာကြီးဟာလည်း သင့်တင့်မျှတပါမယ်။ အထူးသဖြင့် အလုပ်သမားမိသား စုတွေရဲ့ ပညာရေး၊ ကျန်းမာရေးအခြေအနေတွေပေါ့ဗျာ။ ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား ၂သန်းခွဲလောက်ဟာ လုပ်ငန်းခွင်အသီးသီးမှာ ခေါင်းပုံဖြတ်ခံထိတယ်။ လုံခြုံရေးမရှိဘူးဆိုရင် လုပ်ငန်း ခွင်မှာသာမက ပညာရေးလည်းမရှိဘူး၊ ကျန်းမာရေးလည်းမရှိဘူးဆိုရင် ဘယ်လိုလုပ်သင့်တင့်မျှတတဲ့ လုပ်ငန်း ခွင်ဖြစ် မှာလည်း။ ၁၉၉၇ မှာလည်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ဂယက်က ထိုင်းနိုင်ငံဆီရိုက်ခတ်ဖူးပြီးပြီလေ။ အခု ဆိုရင် ထိုင်းနိုင်ငံပို့ကုန်တွေဟာ ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းကျသွားတယ်။ ဆိုတော့ကာ အလုပ်လက်မဲ့နှုန်းတိုး ပွားလာတယ်။ ဒီမှာရှိတဲ့ အလုပ်သမားအကျိုးဆောင်အဖွဲ့တွေ မျက်နှာချင်းဆိုင် တိုင်ပင်ကြပြီး ရွှေ့ပြောင်းအ လုပ်သမားတွေအရေးအတွက် စုပေါင်းဆောင်ရွက်ကြရင်ကောင်းမယ်ထင်ပါတယ်။ တကယ်လို့ အဲဒါတွေသာ မရှိဘူးဆိုရင် လူ့အသိုင်းအ ၀ိုင်းရဲ့ခေါင်းဆောင်တွေကို ဘယ်လိုလုပ်မွေးထုတ်ကြမှာလည်း။ ဖြစ်နိုင်ခြေရှိတာကို စုပေါင်း ဆောင်ရွက်သွားရင် အဆိုးထဲကအကောင်းရရှိလိမ့်မယ်လို့ ထင်ပါတယ်။
ဦးမင်းလွင်... (မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-FTUB)
xxxxx ကျနော်တို့နိုင်ငံမှာ အလုပ်သမားသမဂ္ဂရယ်လို့ ပီပီသသမရှိဘူး။ အလုပ်သမားအရေးကိုဆောင်ရွက်နေ တဲ့သူတွေ၊ ဆောင်ရွက်ချင်တဲ့သူတွေတွေ့ရှိတယ်။ ကမ္ဘာကြီးရဲ့ဖွံ့ဖြိုးမှုနဲ့အညီ အလုပ်သမားလူတန်းစားဆိုတာ လည်း ပီပီသသရှိလာတယ်။ ဒါကြောင့်မို့လိုလွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ မြန်မာပြည်မှာတည်ရှိ ခွင့်သေ သေချာချာလိုအပ်တယ်။ ကာလတခုမှာ ကျနော်တို့ဟာ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေကို အသေအချာ တည်ဆောက်ကြရမှာဖြစ်တယ်။ အဲလိုနည်းနဲ့ ကျနော်တို့ မြန်မာပြည်သစ်ရဲ့ အလုပ်သမားလူတန်း စားတွေကို ရော လူ့အဖွဲ့အစည်းကိုရော ကာကွယ်စောင့်ရှောက်ကြရလိမ့်မယ်။ အဲဒီအချိန်မှာ နိုင်ငံတကာအလုပ် သမားသ မဂ္ဂတွေနှင့် ပိုပြီးခိုင်ခိုင်မာမာလက်တွဲဆောင်ရွက်နိုင်ခွင့်တွေ ရရှိသွားမှာဖြစ်ပါတယ်။ အဲဒီလိုနည်းတွေနဲ့ ကမ္ဘာ သစ်ကို ကျနော်တို့စုပေါင်းတည်ဆောက်ကြရမှာဖြစ်တယ်။
ရဲဘော်ငွေလင်း…(တွဲဘက်အထွေထွေအတွင်းရေးမှူး, လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ- ဒီပီအန်န်အက်စ်)
နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC စတင်တည်ထောင်ခြင်း အမှတ်တရနေ့တွင် ယခုလို စိတ် ရှည်စွာဖြင့် သဘောထားအမြင်များကို ဖြေကြားပေးခဲ့သော အထက်ပါလူကြီးမင်းများအား အထူးကျေးဇူးတင် ရှိပါကြောင်း မြန်မာပြည်သားဘလော့ဂ်နှင့် မြန်မာပြည်သားစာစောင် ၀ိုင်းတော်သားများက မှတ်တမ်းတင်အပ် ပါသည်။
Sunday, October 12, 2008
မြန်မာရွှေ့ ပြောင်း သိစေကြောင်း….. အလုပ်သမားဥပဒေတစေ့တစောင်း
(ဂုရုဆန်နဲ့  ထိုင်းရှေ့ နေများအင်တာဗျူး)
မလကာပင်ပေါ်မှာ မာလကာသီးစားပါ(အဲလေ) မင်္ဂလာပါမိတ်ဆွေတို့ ရေ…။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်၏ ဆင်ခြေဖုံးဒေသဖြစ်သော နွမ်ထဘူရီမြို့ တနေရာ၌ ဤအိမ်သာဘူး(အဲဟုတ်ပေါင်) ဤအင်တာဗျူးကို စတင်ဖွင့်လှစ်လိုက်ပါသည်။ အချိန်က ၂၀၀၈ ခုနှစ် ဇန္န၀ါရီလ (၂၄၊ ၂၅၊ ၂၆) ရက်တွေမှာပေါ့ဗျာ…။ အဲသည် နွမ်ထဘူရီမြို့ မှာ ကျင်းပတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေနဲ့  ပတ်သက်တဲ့ ထိုင်းနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပ ဒေထဲမှာ ပါဝင်ရမှာဖြစ်တဲ့ (၂၀၀၇)ခုနှစ် ရွှေ့ ပြောင်းအလုပ်သမားများဆိုင်ရာ အက်ဥပဒေတွေအကြောင်း အားကောင်းမောင်းသန် သိရှိရလေအောင် ဖိုရမ်အေးရှဖောင်ဒေးရှင်းရဲ့ ညီနောင်အဖွဲ့ အစည်းတွေဖြစ်ကြတဲ့ ထိုင်းရှေ့ နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန(LLC) ၊ လူ့ အခွင့်အရေးဖွံ့  ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း(HRDF) အပြည်ပြည်ဆိုင်ရာ အလုပ်သမာရေးရာအဖွဲ ချုပ်(ILO)တို့ က ပူးပေါင်းစီစဉ်ကြတဲ့ ဆွေးနွေးပွဲတစ်ခုရှိတယ်လေ။ အဲသည်မှာပဲ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်လို့ ကျောက်ချကာ၊ အုတ်သဲများချပြီး(အဲလေ) မြန်မာပြည်သားများ အရေးကိုဇောက်ချကာ အကျိုးဆောင် နေသော စာပေဗဟုသုတ ဂုရုဆန်ကြီး ဆန်တာကလော့စ်နဲ့  ထိုင်းရှေ့ နေတွေ(ရွှေဓူဝံနဲ့  ၀မ်ချိုင်းပမာ)ပွဲကြီးပွဲကောင်းပိုကာဒေါင်း (အဲဟုတ်ပေါင်) ဆွေး နွေးကြတော့တာပဲဗျို့ ။ ဘာတွေဆက်ဖြစ်သလဲ ဘယ်သူတွေပါဝင်သလဲဆိုတာ ခင်ဗျားစိတ်ဝင်စားနေရောပေါ့။ ငွေရောင်စာလွှာ-ဘလော့ဂ်စာ မျက်နှာ ပေါ်မှာ ခင်ဗျားဖာသာ ဆက်ဖတ်ပေရော့ဗျို့ ။
(ဖိဆုန်ချိုင်း ဟော်နန်အွန်) ကျနော်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖိုရမ်အေးရှဖောင်ဒေရှင်း(ဗဟို)မှာရော၊ LLc မှာပါ အကြီးအကဲ လုပ်ခဲ့သူဖြစ်ပါတယ်။ အခုတော့ အသက်အရွယ်ရလာတော့ (HRDF) မှာ အကြီးအကဲလုပ်နေဆဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ (မစ္စတာ ဆမ်မတ်)ဦးစီးတဲ့ ညွန့် ပေါင်းအစိုးရအဖွဲ့ က လက်မှတ်ရေးထိုးပြီး အတည်ပြုပေးရမယ့် ၂၀၀၇ ခုနှစ်၊ ထိုင်းနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာရှိ မယ်။ နောက်ပြီးတော့ အဲဒီဖွဲ့ စည်းပုံထဲမှာ ပါဝင်ရမယ့် ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  ပတ်သက်တဲ့ အက်ဥပဒေတွေဖြစ်ကြတဲ့ ထိုင်းအလုပ်သမား ကာ ကွယ်ရေး အက်ဥပဒေ၊ ဘီအီး- ၂၅၄၁(၁၉၉၈)ဆိုတာကတခု၊ လျော်ကြေးအက်ဥပဒေ- ဘီအီး ၂၅၃၇(၁၉၉၄)ဆိုတာကတခု၊ အလုပ်ရှင်နဲ့  အလုပ်သမား စေ့စပ်ဖျန်ဖြေရေးအက်ဥပဒေ ဘီအီး- ၂၅၁၈(၁၉၇၅)ဆိုတာကတခု၊ လျော်ကြေးနဲ့  ရာဇ၀တ်မှုမှာတရားခံအတွက် ကုန်ကျစရိတ်အက်ဥပဒေ ဘီအီး- ၂၅၄၄(၂၀၀၀)ဆိုတာကတခု၊ အဲဒါတွေဟာ မစ္စတာ ဆမ်မတ်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးရမယ့် ထိုင်းနိုင်ငံရဲ့  ဖွဲ့  စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘီအီး- ၂၅၅၀(၂၀၀၇)ထဲမှာ အားလုံးအကျုံးဝင်မယ်၊ ပါဝင်မယ်၊ ဒီအတွက်အခုကျွဲရောင်းလာတဲ့(အဲလေ)ကြွရောက်လာတဲ့ မဲဆောက်၊ ဘန်ကောက်၊ ဆမွတ်ဆခွန်(မဟာချိုင်) ချင်းမိုင်စတဲ့ ဒေသကိုယ်စီကလာကြတဲ့ ထိုင်းနဲ့  မြန်မာအဖွဲ့ အစည်းအသီးသီးက အကျိုးဆောင်ကိုယ်စားလှယ်တွေအပြင်၊ (ILO) ရဲ့  သဘော သဘာဝအကြောင်းရှင်းပြတဲ့ မစ္စတာ အန်းဒီကိုလည်း ကျေးဇူးတင်ပါတယ်။
သဟာကတော့ ဂုရုဆန်တို့ ရဲ့  ဂုရုချုပ်များအဖွဲ့ ချုပ်က မဟာ့ မဟာဂုရုကြီးပေါ့ဗျာ။ တကယ်လဲတော်သူ ၁၉၇၃နဲ့  ၁၉၇၆ ခုနှစ်များသီက Until We get the Democracy (1973- 1976- Oct 14) ပိုစတာကျေညာချက်တွေ၊ ပြက္ခဒိန်တွေထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့  အတိတ်ကာလကျောင်းသားနဲ့  ပြည်သူတွေရဲ့  တမ္မာဆတ် တက္ကသိုလ်၊ ချူလာလောင်ကွန် တက္ကသိုလ်တွေအပါအ၀င် ရဲရဲတောက်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာသူ (ဆုန်ချိုင်းဟော် နန်အွန်)ဟာ ရှေ့ တန်းက ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။
ကဲဗျာ… ဒါတွေအသားထားလို့  ဟိုဟာတွေကိုလည်း ဆက်ပြီးသွားကြပါဦးစို့ ရဲ့ ။ ဂုရုဆန်နဲ့ မိတ်ဆွေတွေ ဆွေးနွေးတာဟာ မစ္စတာ ထနူး(LLC အကြီးအကဲ)ဦးဆောင်တဲ့အဖွဲ့ နဲ့ ဟာ သိပ်ကောင်းနေတာမို့  (မြန်မာရွှေ့ ပြောင်းတွေသိစေကောင်းရဲ့ ဗျာ) ဆိုပြီး ဖောက်သည်ချပြလိုက်ပြီဗျို့ ။ ဒီလိုအမေး နဲ အဖြေကို ဂုရုဆန်နဲ့  ထိုင်းရှေ့ နေများအိမ်သာဗျူး(အဲလေ) အင်တာဗျူးရယ်လို့  အမည်တပ်ပြီး မိတ်ဆွေ ရွှေ့ ပြောင်းတွေဆီ ပေးဝေချင် တာက ဒီလိုဗျ ဒီလို…။
(ဖိထနူး) မဲဆောက်မြို့  အထည်ချုပ်စက်ရုံမှာ(နိုင်းစိုင်းအောင်)ကို အလုပ်လုပ်စေရာမှာ လျှောက်လွှာပုံစုံ ဖြည့်ရခြင်း၊ လက်မှတ်လုပ်ပေးခြင်း၊ အလုပ်ချိန် သတ်မှတ်ခြင်းမရှိပဲနဲ့  သူ့ ကိုလစဉ်လတိုင်း ၁၅ရက်နေ့ ဖြစ်ဖြစ်၊ ၃၀ရက်နေ့ ဖြစ်ဖြစ် လုပ်အားခပေးနေတာဟာ အလုပ်ရှင်နဲ့  အလုပ်သမားအကြားမှာ သဘောတူစာချူပ်ရှိဖို့  လိုပါသလား။
(ဂုရုဆန်) မလိုပါဘူး ဖိဆုန်ချိုင်းနဲ့  ဖိထနူး၊ အလုပ်ရှင်ဟာ စိုင်းအောင်ကိုလျှောက်လွှာပုံစံဖြည့်ခိုင်းတာရှိတယ်။ လက်မှတ်လုပ်ပေးတယ်၊ ဒါပေမယ့် အလုပ်ချိန်တော့သတ်မှတ်ခြင်းမရှိဘူး။ လစာကိုလည်း သူကပေးတော့ ပေးနေတာပဲလေ၊ ဒါကြောင့် အလုပ်ရှင်နဲ့  စိုင်းအောင်ကြားမှာ စာချုပ် ချုပ်ဖို့ မလို ပါဘူး။ နုတ်စကားနဲ့ တင်သဘောတူပြီးဖြစ်ပါတယ်။ ဆိုလိုတာက စိုင်းအောင်ရေ၊ မင်းကိုဒီအချိန်၊ ဒီလစာနဲ့  ဒီလိုဒီလိုခိုင်းမယ်၊ အဲဒါမင်းလုပ်နိုင်မလား၊ လုပ်မယ်ဆိုရင်လက်မှတ်ထိုးနော်။ ဒီသဘော သဘာဝအတိုင်း အပြန်အလှန်နုတ်ကတိထားလိုက်တဲ့ ပုံစံမို့ လိုပါ။
(ဖိဆုန်ချိုင်း) အဲဒီစိုင်းအောင်ကို ခိုင်းစေတဲ့ ကုမ္ပဏီက စိုင်းအောင်ကိုနောက်ဆုံးလုပ်အားခ မပေးရင်ကော၊ အဲဒီနောက်ဆုံးလုပ်အားခအတွက် တိုင်ကြား လို့ ရသလားဗျ။
(ဂုရုဆန်) ရပါတယ် ဖိဆုန်ချိုင်း၊ နုတ်ကတိနဲ့  ပုံစံလုပ်လုပ်၊ လက်မှတ်ထိုးပြီးပဲ ပုံစံချချ၊ ဘာမှမပြောပဲအမိန့်  ပေးပြီးခိုင်းခိုင်းပေါ့ဗျာ၊ လုပ်အားခမရဘူး ဆိုရင် အလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါဒိကန်)ကို တိုင်ကြားနိုင်ပါတယ်။
(ဖိဆုန်ချိုင်း) ကောင်းတယ်ဗျာ၊ ဆက်မေးအုံးမယ်နော် တာ့ခ်ခရိုင်မှာ အခုနေခါ အနိမ့်ဆုံးလုပ်အားခ(၁၄၇)ဘတ်ရတယ်။ ဒါကို အလုပ်ရှင်ကနေ စိုင်း အောင်ကိုတနေ့ (၁၀၀)ဘတ်နဲ့  သဘောတူစာချုပ်နဲ့  အလုပ်လုပ်ဖို့ ခေါ်ခိုင်းတယ်။ ပြီးတော့လည်း(ကျနော် စိုင်းအောင်ဟာ တနေ့ ကို ၁၀၀ ဘတ်ကို ယူပြီး အလုပ်လုပ်ပါ့မယ်လို့  သဘောတူကြောင်း၊ ဘယ်သူ့ ကိုမှ မတိုင်ကြားပါကြောင်းလက်မှတ်ထိုးပေးရတယ်၊) ဒါဆိုရင်ကော ဆ၀ါဒီကန်ရုံးကို ရရှိဖို့  ကျန်နေသေးတဲ့(၄၇)ဘတ်အတွက် စိုင်းအောင်က တိုင်ကြားလို့ ရသလား၊ မရဘူးလား။
(ဂုရုဆန်) ရပါတယ် ဖိဆုန်ချိုင်း၊ ရတာမှ ရရရနဲ့ တောင်နေပါသေးတယ်။ အခုရှိနေတဲ့ ဘုရားသာသနာနဲ့ တင် မလုံလောက်ပဲ နောက်ပွင့်မယ့် အရိမတ္တ ယျမြတ်စွာဘုရားကိုပါ ကျမ်းကျိန်ပြီး သစ္စာဆိုထားရင်တောင် ဥပဒေအရအခွင့်အရေးရှိတယ်။ (၁၄၇)ဘတ်အပြည့်မရတာကိုတောင်းလို့  ရပါတယ်။
(ဖိထနူး) ဥပမာတွေ၊ သာဓကတွေကလဲ သိပ်ကောင်းတာပဲဗျို့ ၊ တမ္မာဆတ်တက္ကသိုလ်အရေးတော်ပုံ ဖြစ်ပွားခဲ့တုန်းက ကျောင်းသားခေါင်းဆောင် တွေထဲက တဦးဖြစ်ခဲ့တဲ့ ဆုန်ချိုင်းဟောနန်အွန်ကလည်း အဲသလိုပဲအထေ့အငေါ့၊ အကော်အကတ်ကလေးတွေနဲ့  ပြောခဲ့ဘူးတယ်လို့  ကျနော်ကြားဘူး တယ်ဗျ။ ကဲပါလေ… ကျနော်မေးစရာရှိတာက(သိုးမွှေးစက်ရုံတခုမှာ မန်နေဂျာ ၂ဦးရှိတယ်ဆိုပါစို့ ဗျာ၊ ပထမ မန်နေဂျာက မယုဇနကို ၂၀၀၅ ခုနှစ် ဇန္န၀ါရီလ ၁ရက်နေ့ မှာ အလုပ်သမားအဖြစ်လက်ခံခဲ့တယ်။ ဒါပေမယ့် အကြောင်းတခုခုနဲ့  မယုဇနကို အလုပ်ဖြုတ်ပစ်တဲ့အခါမှာ ဘယ်သူဟာအလုပ် ရှင်တာဝန်ကို တာဝန်ခံရမှာလဲ။
(ဂုရုဆန်) ဥပမာအရဆိုရင် အလုပ်ရှင်တာဝန်ကို တာဝန်ခံရမှာက မန်နေဂျာ ၂ဦးစလုံးဖြစ်ပါတယ်။ နည်းနည်းလေးဋ္ဋိကာချဲ့ ပြရရင် အလုပ်ရှင်ဆိုတာဟာ အလုပ်သမားတွေကို အလုပ်လုပ်တဲ့အတွက် လုပ်ခပေးပါ့မယ်လို့ သဘောတူထားတဲ့ ပုဂ္ဂိုလ်ပဲမဟုတ်လား။ ဒါအပြင် အလုပ်ရှင်ရဲ့  ကိုယ်စားတာဝန်ထမ်း ဆောင်ဖို့ ရွေးချယ်ထားသူဟာလည်း အလုပ်ရှင်ပဲဆိုတော့ မန်နေဂျာဟာ အလုပ်ရှင်အမျိုးအစား(၃)မျိုးထဲက (၁)မျိုးဖြစ်တာမို့  တာဝန်ခံရမှာဖြစ်တယ်။ ၂ဦး ရှိရင် ၂ဦးစလုံးတာဝန်ခံရမယ်။
(ဖိဆုန်ချိုင်း) ဆရာ့ထက်တပည့်က ချိုစောင်းထက်(အဲလေ)လက်စောင်းထက်လာတာမို့  ပီကေကိုစားပြီးအားရှိ(အဲလေယောင်လို့ )ပီတိကိုစားပြီးအားရှိ ရတယ်ဗျို့ ။ ဆက်မေးစရာကိုမေးရဦးမယ်။ အလုပ်ရှင်တဦးဟာ အလုပ်သမား ရဲရင့်အောင်ကို သူ့ ရဲ့ အထည်ချုပ်စက်ရုံမှာ တနေကိုလုပ်အားခ (၁၀၀) ဘတ် နဲ့  အလုပ်ခန့် ထားတယ်၊ ရဲရင့်အောင်ဟာလုပ်သက် ၃နှစ်ရှိပြီး။ မကြာမှီအလုပ်ထုတ်ခံရတယ်၊ ဒီလိုအလုပ်ဖြုတ်တာကို အလုပ်ရှင်က ရဲရင့်အောင် ကို လက်မှတ်ထိုးခိုင်းသေးတယ်။ အဲဒီအခြေအနေမှာ ရဲရင့်အောင်အနေနဲ့  အလုပ်ရှင်ထိုးခိုင်းတဲ့ လက်မှတ်ကိုထိုးရမှာလား၊ အလုပ်ရှင်က ဖြေသိမ့်တဲ့ လမ်း စရိတ်ကလေးနည်းနည်းပါးပါးကို ရယူပြီးပြန်သွားရမှာလား။
(ဂုရုဆန်) အလုပ်ရှင်နဲ့  အလုပ်သမားဘ၀မှာ (အထက်နဲ့ အောက်)ဆိုတာရှိပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်ပြုတ်သွားတဲ့အခါ အထက်နဲ့ အောက်ဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့်အလုပ်ရှင်က လက်မှတ်ထိုးခိုင်းပြီးမှ ပြန်စေချင်တာကို အလုပ်သမားက လက်ခံစရာအကြောင်း မရှိပါဘူး။ ပြီးတော့လည်း မိမိကို(အကြောင်းမဲ့ အလုပ်ကဖြုတ်ပစ်တာမျိုးဆိုရင်) လုပ်သက်အလိုက်နစ်နာကြေးရစရာ၊ ဘက်နောက်ပြန်ကြေး ၂နှစ်စာအပါ အ၀င် နစ်နာကြေးရစရာတွေရှိနေတာမို့  သူပေးတဲ့လမ်းစရိတ်မဆိုစလောက်(သို့ ) နောက်ဆုံးလစာလေးပေးတာလောက်နဲ့  လာရာလမ်းကို ပြန်ခဲ့ရင် အလုပ်သမားတဦးရဲ့  သတ္တိ၊ အခွင့်အရေးနဲ့ ရပိုင်ခွင့်ဆိုတာ(ဥပဒေထဲမှာ ဘယ်လောက်ပဲရှိရှိ) အလုပ်သမားကမသိရင်(၀ါ) မလုပ်ရင်ခံပြီးရင်း ခံနေရအုံး မှာပဲ။
ဆန်တာကလော့စ် (ခေတ္တ- အင်္ဂပူ)
မှတ်ချက်။ ။ ဂျေအေစီဘီအေမှ လစဉ်မပျက်ထုတ်ဝေလျက်ရှိသော မြန်မာပြည်သားစာစောင်( ၂၀၀၈ ခုနှစ် မတ်လထုတ်) စာစောင်ပါဆောင်းပါးအား ကူ။ယူဖော်ပြပါသည်။



