ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 12, 2008

မြန်မာရွှေ့ ပြောင်း သိစေကြောင်း….. အလုပ်သမားဥပဒေတစေ့တစောင်း

> (ဂုရုဆန်နဲ့  ထိုင်းရှေ့ နေများအင်တာဗျူး)
မလကာပင်ပေါ်မှာ မာလကာသီးစားပါ(အဲလေ) မင်္ဂလာပါမိတ်ဆွေတို့ ရေ…။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်၏ ဆင်ခြေဖုံးဒေသဖြစ်သော နွမ်ထဘူရီမြို့ တနေရာ၌ ဤအိမ်သာဘူး(အဲဟုတ်ပေါင်) ဤအင်တာဗျူးကို စတင်ဖွင့်လှစ်လိုက်ပါသည်။ အချိန်က ၂၀၀၈ ခုနှစ် ဇန္န၀ါရီလ (၂၄၊ ၂၅၊ ၂၆) ရက်တွေမှာပေါ့ဗျာ…။ အဲသည် နွမ်ထဘူရီမြို့ မှာ ကျင်းပတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေနဲ့  ပတ်သက်တဲ့ ထိုင်းနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပ ဒေထဲမှာ ပါဝင်ရမှာဖြစ်တဲ့ (၂၀၀၇)ခုနှစ် ရွှေ့ ပြောင်းအလုပ်သမားများဆိုင်ရာ အက်ဥပဒေတွေအကြောင်း အားကောင်းမောင်းသန် သိရှိရလေအောင် ဖိုရမ်အေးရှဖောင်ဒေးရှင်းရဲ့ ညီနောင်အဖွဲ့ အစည်းတွေဖြစ်ကြတဲ့ ထိုင်းရှေ့ နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန(LLC) ၊ လူ့ အခွင့်အရေးဖွံ့  ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း(HRDF) အပြည်ပြည်ဆိုင်ရာ အလုပ်သမာရေးရာအဖွဲ ချုပ်(ILO)တို့ က ပူးပေါင်းစီစဉ်ကြတဲ့ ဆွေးနွေးပွဲတစ်ခုရှိတယ်လေ။ အဲသည်မှာပဲ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်လို့ ကျောက်ချကာ၊ အုတ်သဲများချပြီး(အဲလေ) မြန်မာပြည်သားများ အရေးကိုဇောက်ချကာ အကျိုးဆောင် နေသော စာပေဗဟုသုတ ဂုရုဆန်ကြီး ဆန်တာကလော့စ်နဲ့  ထိုင်းရှေ့ နေတွေ(ရွှေဓူဝံနဲ့  ၀မ်ချိုင်းပမာ)ပွဲကြီးပွဲကောင်းပိုကာဒေါင်း (အဲဟုတ်ပေါင်) ဆွေး နွေးကြတော့တာပဲဗျို့ ။ ဘာတွေဆက်ဖြစ်သလဲ ဘယ်သူတွေပါဝင်သလဲဆိုတာ ခင်ဗျားစိတ်ဝင်စားနေရောပေါ့။ ငွေရောင်စာလွှာ-ဘလော့ဂ်စာ မျက်နှာ ပေါ်မှာ ခင်ဗျားဖာသာ ဆက်ဖတ်ပေရော့ဗျို့ ။

(ဖိဆုန်ချိုင်း ဟော်နန်အွန်) ကျနော်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖိုရမ်အေးရှဖောင်ဒေရှင်း(ဗဟို)မှာရော၊ LLc မှာပါ အကြီးအကဲ လုပ်ခဲ့သူဖြစ်ပါတယ်။ အခုတော့ အသက်အရွယ်ရလာတော့ (HRDF) မှာ အကြီးအကဲလုပ်နေဆဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ (မစ္စတာ ဆမ်မတ်)ဦးစီးတဲ့ ညွန့် ပေါင်းအစိုးရအဖွဲ့ က လက်မှတ်ရေးထိုးပြီး အတည်ပြုပေးရမယ့် ၂၀၀၇ ခုနှစ်၊ ထိုင်းနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာရှိ မယ်။ နောက်ပြီးတော့ အဲဒီဖွဲ့ စည်းပုံထဲမှာ ပါဝင်ရမယ့် ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  ပတ်သက်တဲ့ အက်ဥပဒေတွေဖြစ်ကြတဲ့ ထိုင်းအလုပ်သမား ကာ ကွယ်ရေး အက်ဥပဒေ၊ ဘီအီး- ၂၅၄၁(၁၉၉၈)ဆိုတာကတခု၊ လျော်ကြေးအက်ဥပဒေ- ဘီအီး ၂၅၃၇(၁၉၉၄)ဆိုတာကတခု၊ အလုပ်ရှင်နဲ့  အလုပ်သမား စေ့စပ်ဖျန်ဖြေရေးအက်ဥပဒေ ဘီအီး- ၂၅၁၈(၁၉၇၅)ဆိုတာကတခု၊ လျော်ကြေးနဲ့  ရာဇ၀တ်မှုမှာတရားခံအတွက် ကုန်ကျစရိတ်အက်ဥပဒေ ဘီအီး- ၂၅၄၄(၂၀၀၀)ဆိုတာကတခု၊ အဲဒါတွေဟာ မစ္စတာ ဆမ်မတ်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးရမယ့် ထိုင်းနိုင်ငံရဲ့  ဖွဲ့  စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘီအီး- ၂၅၅၀(၂၀၀၇)ထဲမှာ အားလုံးအကျုံးဝင်မယ်၊ ပါဝင်မယ်၊ ဒီအတွက်အခုကျွဲရောင်းလာတဲ့(အဲလေ)ကြွရောက်လာတဲ့ မဲဆောက်၊ ဘန်ကောက်၊ ဆမွတ်ဆခွန်(မဟာချိုင်) ချင်းမိုင်စတဲ့ ဒေသကိုယ်စီကလာကြတဲ့ ထိုင်းနဲ့  မြန်မာအဖွဲ့ အစည်းအသီးသီးက အကျိုးဆောင်ကိုယ်စားလှယ်တွေအပြင်၊ (ILO) ရဲ့  သဘော သဘာဝအကြောင်းရှင်းပြတဲ့ မစ္စတာ အန်းဒီကိုလည်း ကျေးဇူးတင်ပါတယ်။
သဟာကတော့ ဂုရုဆန်တို့ ရဲ့  ဂုရုချုပ်များအဖွဲ့ ချုပ်က မဟာ့ မဟာဂုရုကြီးပေါ့ဗျာ။ တကယ်လဲတော်သူ ၁၉၇၃နဲ့  ၁၉၇၆ ခုနှစ်များသီက Until We get the Democracy (1973- 1976- Oct 14) ပိုစတာကျေညာချက်တွေ၊ ပြက္ခဒိန်တွေထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့  အတိတ်ကာလကျောင်းသားနဲ့  ပြည်သူတွေရဲ့  တမ္မာဆတ် တက္ကသိုလ်၊ ချူလာလောင်ကွန် တက္ကသိုလ်တွေအပါအ၀င် ရဲရဲတောက်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာသူ (ဆုန်ချိုင်းဟော် နန်အွန်)ဟာ ရှေ့ တန်းက ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။
ကဲဗျာ… ဒါတွေအသားထားလို့  ဟိုဟာတွေကိုလည်း ဆက်ပြီးသွားကြပါဦးစို့ ရဲ့ ။ ဂုရုဆန်နဲ့ မိတ်ဆွေတွေ ဆွေးနွေးတာဟာ မစ္စတာ ထနူး(LLC အကြီးအကဲ)ဦးဆောင်တဲ့အဖွဲ့ နဲ့ ဟာ သိပ်ကောင်းနေတာမို့  (မြန်မာရွှေ့ ပြောင်းတွေသိစေကောင်းရဲ့ ဗျာ) ဆိုပြီး ဖောက်သည်ချပြလိုက်ပြီဗျို့ ။ ဒီလိုအမေး နဲ အဖြေကို ဂုရုဆန်နဲ့  ထိုင်းရှေ့ နေများအိမ်သာဗျူး(အဲလေ) အင်တာဗျူးရယ်လို့  အမည်တပ်ပြီး မိတ်ဆွေ ရွှေ့ ပြောင်းတွေဆီ ပေးဝေချင် တာက ဒီလိုဗျ ဒီလို…။
(ဖိထနူး) မဲဆောက်မြို့  အထည်ချုပ်စက်ရုံမှာ(နိုင်းစိုင်းအောင်)ကို အလုပ်လုပ်စေရာမှာ လျှောက်လွှာပုံစုံ ဖြည့်ရခြင်း၊ လက်မှတ်လုပ်ပေးခြင်း၊ အလုပ်ချိန် သတ်မှတ်ခြင်းမရှိပဲနဲ့  သူ့ ကိုလစဉ်လတိုင်း ၁၅ရက်နေ့ ဖြစ်ဖြစ်၊ ၃၀ရက်နေ့ ဖြစ်ဖြစ် လုပ်အားခပေးနေတာဟာ အလုပ်ရှင်နဲ့  အလုပ်သမားအကြားမှာ သဘောတူစာချူပ်ရှိဖို့  လိုပါသလား။
(ဂုရုဆန်) မလိုပါဘူး ဖိဆုန်ချိုင်းနဲ့  ဖိထနူး၊ အလုပ်ရှင်ဟာ စိုင်းအောင်ကိုလျှောက်လွှာပုံစံဖြည့်ခိုင်းတာရှိတယ်။ လက်မှတ်လုပ်ပေးတယ်၊ ဒါပေမယ့် အလုပ်ချိန်တော့သတ်မှတ်ခြင်းမရှိဘူး။ လစာကိုလည်း သူကပေးတော့ ပေးနေတာပဲလေ၊ ဒါကြောင့် အလုပ်ရှင်နဲ့  စိုင်းအောင်ကြားမှာ စာချုပ် ချုပ်ဖို့ မလို ပါဘူး။ နုတ်စကားနဲ့ တင်သဘောတူပြီးဖြစ်ပါတယ်။ ဆိုလိုတာက စိုင်းအောင်ရေ၊ မင်းကိုဒီအချိန်၊ ဒီလစာနဲ့  ဒီလိုဒီလိုခိုင်းမယ်၊ အဲဒါမင်းလုပ်နိုင်မလား၊ လုပ်မယ်ဆိုရင်လက်မှတ်ထိုးနော်။ ဒီသဘော သဘာဝအတိုင်း အပြန်အလှန်နုတ်ကတိထားလိုက်တဲ့ ပုံစံမို့ လိုပါ။
(ဖိဆုန်ချိုင်း) အဲဒီစိုင်းအောင်ကို ခိုင်းစေတဲ့ ကုမ္ပဏီက စိုင်းအောင်ကိုနောက်ဆုံးလုပ်အားခ မပေးရင်ကော၊ အဲဒီနောက်ဆုံးလုပ်အားခအတွက် တိုင်ကြား လို့ ရသလားဗျ။
(ဂုရုဆန်) ရပါတယ် ဖိဆုန်ချိုင်း၊ နုတ်ကတိနဲ့  ပုံစံလုပ်လုပ်၊ လက်မှတ်ထိုးပြီးပဲ ပုံစံချချ၊ ဘာမှမပြောပဲအမိန့်  ပေးပြီးခိုင်းခိုင်းပေါ့ဗျာ၊ လုပ်အားခမရဘူး ဆိုရင် အလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါဒိကန်)ကို တိုင်ကြားနိုင်ပါတယ်။
(ဖိဆုန်ချိုင်း) ကောင်းတယ်ဗျာ၊ ဆက်မေးအုံးမယ်နော် တာ့ခ်ခရိုင်မှာ အခုနေခါ အနိမ့်ဆုံးလုပ်အားခ(၁၄၇)ဘတ်ရတယ်။ ဒါကို အလုပ်ရှင်ကနေ စိုင်း အောင်ကိုတနေ့ (၁၀၀)ဘတ်နဲ့  သဘောတူစာချုပ်နဲ့  အလုပ်လုပ်ဖို့ ခေါ်ခိုင်းတယ်။ ပြီးတော့လည်း(ကျနော် စိုင်းအောင်ဟာ တနေ့ ကို ၁၀၀ ဘတ်ကို ယူပြီး အလုပ်လုပ်ပါ့မယ်လို့  သဘောတူကြောင်း၊ ဘယ်သူ့ ကိုမှ မတိုင်ကြားပါကြောင်းလက်မှတ်ထိုးပေးရတယ်၊) ဒါဆိုရင်ကော ဆ၀ါဒီကန်ရုံးကို ရရှိဖို့  ကျန်နေသေးတဲ့(၄၇)ဘတ်အတွက် စိုင်းအောင်က တိုင်ကြားလို့ ရသလား၊ မရဘူးလား။
(ဂုရုဆန်) ရပါတယ် ဖိဆုန်ချိုင်း၊ ရတာမှ ရရရနဲ့ တောင်နေပါသေးတယ်။ အခုရှိနေတဲ့ ဘုရားသာသနာနဲ့ တင် မလုံလောက်ပဲ နောက်ပွင့်မယ့် အရိမတ္တ ယျမြတ်စွာဘုရားကိုပါ ကျမ်းကျိန်ပြီး သစ္စာဆိုထားရင်တောင် ဥပဒေအရအခွင့်အရေးရှိတယ်။ (၁၄၇)ဘတ်အပြည့်မရတာကိုတောင်းလို့  ရပါတယ်။
(ဖိထနူး) ဥပမာတွေ၊ သာဓကတွေကလဲ သိပ်ကောင်းတာပဲဗျို့ ၊ တမ္မာဆတ်တက္ကသိုလ်အရေးတော်ပုံ ဖြစ်ပွားခဲ့တုန်းက ကျောင်းသားခေါင်းဆောင် တွေထဲက တဦးဖြစ်ခဲ့တဲ့ ဆုန်ချိုင်းဟောနန်အွန်ကလည်း အဲသလိုပဲအထေ့အငေါ့၊ အကော်အကတ်ကလေးတွေနဲ့  ပြောခဲ့ဘူးတယ်လို့  ကျနော်ကြားဘူး တယ်ဗျ။ ကဲပါလေ… ကျနော်မေးစရာရှိတာက(သိုးမွှေးစက်ရုံတခုမှာ မန်နေဂျာ ၂ဦးရှိတယ်ဆိုပါစို့ ဗျာ၊ ပထမ မန်နေဂျာက မယုဇနကို ၂၀၀၅ ခုနှစ် ဇန္န၀ါရီလ ၁ရက်နေ့ မှာ အလုပ်သမားအဖြစ်လက်ခံခဲ့တယ်။ ဒါပေမယ့် အကြောင်းတခုခုနဲ့  မယုဇနကို အလုပ်ဖြုတ်ပစ်တဲ့အခါမှာ ဘယ်သူဟာအလုပ် ရှင်တာဝန်ကို တာဝန်ခံရမှာလဲ။
(ဂုရုဆန်) ဥပမာအရဆိုရင် အလုပ်ရှင်တာဝန်ကို တာဝန်ခံရမှာက မန်နေဂျာ ၂ဦးစလုံးဖြစ်ပါတယ်။ နည်းနည်းလေးဋ္ဋိကာချဲ့ ပြရရင် အလုပ်ရှင်ဆိုတာဟာ အလုပ်သမားတွေကို အလုပ်လုပ်တဲ့အတွက် လုပ်ခပေးပါ့မယ်လို့ သဘောတူထားတဲ့ ပုဂ္ဂိုလ်ပဲမဟုတ်လား။ ဒါအပြင် အလုပ်ရှင်ရဲ့  ကိုယ်စားတာဝန်ထမ်း ဆောင်ဖို့ ရွေးချယ်ထားသူဟာလည်း အလုပ်ရှင်ပဲဆိုတော့ မန်နေဂျာဟာ အလုပ်ရှင်အမျိုးအစား(၃)မျိုးထဲက (၁)မျိုးဖြစ်တာမို့  တာဝန်ခံရမှာဖြစ်တယ်။ ၂ဦး ရှိရင် ၂ဦးစလုံးတာဝန်ခံရမယ်။
(ဖိဆုန်ချိုင်း) ဆရာ့ထက်တပည့်က ချိုစောင်းထက်(အဲလေ)လက်စောင်းထက်လာတာမို့  ပီကေကိုစားပြီးအားရှိ(အဲလေယောင်လို့ )ပီတိကိုစားပြီးအားရှိ ရတယ်ဗျို့ ။ ဆက်မေးစရာကိုမေးရဦးမယ်။ အလုပ်ရှင်တဦးဟာ အလုပ်သမား ရဲရင့်အောင်ကို သူ့ ရဲ့ အထည်ချုပ်စက်ရုံမှာ တနေကိုလုပ်အားခ (၁၀၀) ဘတ် နဲ့  အလုပ်ခန့် ထားတယ်၊ ရဲရင့်အောင်ဟာလုပ်သက် ၃နှစ်ရှိပြီး။ မကြာမှီအလုပ်ထုတ်ခံရတယ်၊ ဒီလိုအလုပ်ဖြုတ်တာကို အလုပ်ရှင်က ရဲရင့်အောင် ကို လက်မှတ်ထိုးခိုင်းသေးတယ်။ အဲဒီအခြေအနေမှာ ရဲရင့်အောင်အနေနဲ့  အလုပ်ရှင်ထိုးခိုင်းတဲ့ လက်မှတ်ကိုထိုးရမှာလား၊ အလုပ်ရှင်က ဖြေသိမ့်တဲ့ လမ်း စရိတ်ကလေးနည်းနည်းပါးပါးကို ရယူပြီးပြန်သွားရမှာလား။
(ဂုရုဆန်) အလုပ်ရှင်နဲ့  အလုပ်သမားဘ၀မှာ (အထက်နဲ့ အောက်)ဆိုတာရှိပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်ပြုတ်သွားတဲ့အခါ အထက်နဲ့ အောက်ဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့်အလုပ်ရှင်က လက်မှတ်ထိုးခိုင်းပြီးမှ ပြန်စေချင်တာကို အလုပ်သမားက လက်ခံစရာအကြောင်း မရှိပါဘူး။ ပြီးတော့လည်း မိမိကို(အကြောင်းမဲ့ အလုပ်ကဖြုတ်ပစ်တာမျိုးဆိုရင်) လုပ်သက်အလိုက်နစ်နာကြေးရစရာ၊ ဘက်နောက်ပြန်ကြေး ၂နှစ်စာအပါ အ၀င် နစ်နာကြေးရစရာတွေရှိနေတာမို့  သူပေးတဲ့လမ်းစရိတ်မဆိုစလောက်(သို့ ) နောက်ဆုံးလစာလေးပေးတာလောက်နဲ့  လာရာလမ်းကို ပြန်ခဲ့ရင် အလုပ်သမားတဦးရဲ့  သတ္တိ၊ အခွင့်အရေးနဲ့ ရပိုင်ခွင့်ဆိုတာ(ဥပဒေထဲမှာ ဘယ်လောက်ပဲရှိရှိ) အလုပ်သမားကမသိရင်(၀ါ) မလုပ်ရင်ခံပြီးရင်း ခံနေရအုံး မှာပဲ။
ဆန်တာကလော့စ် (ခေတ္တ- အင်္ဂပူ)
မှတ်ချက်။ ။ ဂျေအေစီဘီအေမှ လစဉ်မပျက်ထုတ်ဝေလျက်ရှိသော မြန်မာပြည်သားစာစောင်( ၂၀၀၈ ခုနှစ် မတ်လထုတ်) စာစောင်ပါဆောင်းပါးအား ကူ။ယူဖော်ပြပါသည်။

(ဂုရုဆန်နဲ့  ထိုင်းရှေ့ နေများအင်တာဗျူး)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)