ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 14, 2015

==အမှားခြင်းထပ်နေတဲ့ခေတ်မှာ သိကြားမင်းမြတ်နဲ့ တွေ့  ဆုံခြင်း ( သရော်စာ )==

>
သိကြားမင်းသည် လူ့ ပြည်ဆင်းလာတိုင်း ခေတ်အဆက်ဆက် စစ်အာဏာရှင်အသစ်စက်စက်များ အာဏာရှင် အဟောင်းအဆွေးပေါင်းများစွာနဲ့ ဘောင်းဘီချွတ်လျက်တစ်မျိုး ခေါင်းပေါင်းဝတ် ကာတစ်ဖုံ တစ်ခါတစ်ရံ ပုဆိုးဝတ်ကာ အောက်စလွှတ်ပြနေတဲ့ အိပ်မောကျနေသော လွှတ်တော်အမတ်မင်းများနဲ့ တွေ့ ပြီး လူ့ ပြည်ကို မဆင်းချင်လောက်အောင် စိတ်ဓာတ်ကျဆင်းခဲ့ဘူးသည် ။ သိကြားမင်း လူ့ ပြည်မဆင်းချင်တာကို အပြစ်တင် မစောကြနဲ့ ဦးလေ..။့ မုသာဝါဒကို ခါးဝတ်ပုဆိုးလို မြဲမြဲဝတ်ထားသူတွေက ပြောင်းလဲပါပြီလို့ အော်ကြီးဟစ်ကျယ် မျက်နှာပြောင်တိုက်ခါ ကြွေးကြော်နေသော်လည်း နာမည်ပျက်စာရင်း ခွေးပုရပိုဒ်မှာ ဒီလူတွေသာ နှစ်စဉ်နေရာယူထားသည်က မခက်ပေဘူးလား..။တိုင်းပြည်မှာ မီးပျက်လိုက် ဓာတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ အပြိုင်တက်နေတဲ့ ခေတ်မှာ သိကြားမင်းအနေနဲ့ လည်း လူ့ ပြည်မဆင်းပဲ ချွေတာရေးပဲဆိုဆို အလိမ်ထပ်မခံရအောင်လို့ ပဲပြောပြော ခွေးပုရပိုဒ်ထဲက နာမည်ပျက်စာရင်းတွေကို အစိုးရသက်တမ်း ( ၅ )နှစ်စာ ကော်ပီ ကူးကာ အထက်ကို တင်ပြလိုက်၍ ရသည် ။ သို့ သော် ဒီမိုကရေစီလိုလားကာ ဒီမိုကရေစီ အသိတရားရှိသော ပြည်သူပြည်သားများက နောက်တကြိမ်ရွေးကောက် ပွဲတွင် မှိုတက်နေသော ၀ရဇိန်လက်နက်ကို အသုံးပြုကာ လူဆိုးလူမိုက် အစိုးရအဖွဲ့ ကို မဖြိုခွင်းပဲထားလျက် သိကြားမင်းကိုယ်တိုင် လာဘ်စားနေပြီ အထင်ဖြင့် သိကြားမင်း အသစ်ကို ရွေးချယ်တင်မြောက်လိုက်လျှင် မခက်ပေဘူးလား ။ ကဲတွေးနေတာကြာတယ် ဒီ၂၀၁၅ နှစ်သစ်မှာ လူ့ ပြည်လူ့ ရွာကို ကျည်ကာ အကျီ ၀တ်ကာ သံခမောက်ပါစောင်းပြီး ဆင်းစေသော်...............။ အရင်နှစ်တွေ တုန်းကတော့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး ဆင်နွှဲနိုင်တာကို ကြံကြံဖန်ဖန် ဂုဏ်ယူတတ်တဲ့ ဦးနှောက်မဲ့ အာဏာရှင်များလက်ထက်မှာ အပစ်အခတ်တွေကြား ကျည်ကာအင်္ကျီဝတ်ပြီးဆင်းခဲ့ဘူးတယ်..။

** စောက်ကျင့်တွေခိုင်
 နောက်တဆင့်ယိုင်မှ
 ခြောက်ပွင့်ဆိုင်ချင်တဲ့ နိုင်ငံ...။**
အခုတော့ ခြောက်ပွင့်ဆိုင်တယ်ပြောပြီး အပစ်အခတ်များ ရပ်စဲထားတယ်ဆိုပေမဲ့ ကျည်ဆံများမှာ မျက်စိမပါလေတော့ ကျည်ကာ အင်္ကျီဝတ်ကာ သံခမောက်ပါစောင်းပြီး ဆင်းခဲ့မိပြီ..။ ယခုခေတ်မှာ အစိုးရအာဏာပိုင်များက ခရိုနီများနဲ့ ပေါင်းစားကာ ပြည်သူကို မျက်နှာပြောင်တိုက်ပြီး မိဘပြည်သူများ ခဗျာလို့ လေချိုသွေးကာ ပြောင်ပြောင်တင်းတင်း အကြမ်းဖက်တတ်သော ထိပ်ပြောင်သူတွေ ဦးဆောင်တဲ့ အစိုးရလို့ ကြားတယ်..။ မတရားဥပဒေတွေ စိုးမိုးနေတော့ သစ်တောတွေ ပြုန်းပြုန်းပြုတ်ကာ တောင်ကတုံးများဝိုင်းရံထားတဲ့ နိုင်ငံမှာ လူတွေ ဖောက်ပြန်သလို ရာသီဥတုလည်း ဖောက်ပြန်မြစ်ရေတွေလည်း ခမ်းခြောက်လျက် လူထုများသာ မျက်ရည်ကျကာ ပူလောင်းပြင်းပြသည်ကတကြောင်း ၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော လက်ပံတန်းအကြမ်းဖက်မှုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားကျောင်းသူတွေကို စွမ်းအားရှင် အပါအ၀င် ပြည်သူ့ ရဲအမည်ခံ အာဏာရှင်လက်ကိုင်တုတ်တွေက နံပါတ်ဒုတ်နဲ့ ရိုက်တဲ့ သတင်းများ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွေမှာ တွေ့ နေရသည်ကတကြောင်းတို့ ကြောင့် ပူလောင်တဲ့ ရာသီကို အံတုကာ ကျည်ကာ အင်္ကျီဝတ်ယုံမက သံခမောက်ပါအစစ်ဆောင်းကာ လူ့ ပြည်လူ့ ရွာကို တစ်နှစ်တခါ ထုံးစံအတိုင်း ချီတက်ခဲ့ပေပြီ..။ 

မီးပျက်သွားပါသဖြင့်........................ ဆက်လက်ဖော်ပြပါမည် ။

 နှစ်သစ် မင်္ဂလာမှာ ကို.ယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်းဆိုးမင်းညစ်ဒဏ်ကလွတ်မြောက်ကာ လိုအင်ဆန္ဒများပြည့်ဝကြပါစေ.. 

+အောင်ခိုင်မြင့်+ 

၁၃ ဧပြီလ ၂၀၁၅

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)