မိုးက တစိမ့်စိမ့်ရွာနေခိုက်
`ကျစိမ့်´တီး(Tea)အရသာနဲ့ မျောချပစ်လိုက်သမျှ
`လောကနီတိ´နဲ့ `လောဘနီတိ´ကျမ်းစာ နှစ်စောင်တွဲ
ဘ၀ကို ခပ်ရဲရဲနဲ့ မရဲတရဲ ဖြတ်သန်းဆဲ
ကျောမွဲတွေရဲ့ ၀မ်းခေါင်းအော်သံဟာ
ရှစ်လေးလုံး အားမာန်လို အမြဲညံနေသတဲ့
`အောင်လံမလဲတမ်း´နဲ့ `ထောင်မာန်အမြဲတမ်း´
တမ်းတတိမ်းညွတ် တွယ်တာ တောင့်တခဲ့တဲ့
ကျမ်းစာ၊ ကျမ်းကိုး၊ ကျမ်းညွှန်း တွေဟာလည်း
`ဇိနုတ္ထပကာသနီ´ကျမ်းကြီး ပမာထားပြီး
ကုလားလက်ထဲက ပတ္တားနီလိုဖြစ်ရ
အဆစ်မရတဲ့ မသာအခေါင်း
ဘယ်သူမှလည်း အဆစ်မတောင်းခဲ့ကြ
ပုံပြင်ဟောင်း၊ ဒဏ္ဍာရီဟောင်းအပေါ်
မျက်စေ့အညောင်းခံပြီး ဖတ်ခဲ့တာတွေကို
အခုဆို လေးလုံးဖြစ်မှ နောက်ကျနောင်တရကြ
အမျှ- အမျှ- အမျှ ယူတော်မူ ကြပါကုန်လို့
(အမ- ညီမ ပေးချင်သူတွေက)
တောင်းဆုအကြုံ၊ ပန်ဆုအဆုံမှာ ပုံအောလိုက်ကြ
ညအခါ တစ်ရေး၊ နှစ်ရေးနိုးခဲ့ တာတွေဆို
ဇော်ဂျီဖိုဝင်သား စားရသလို
လူကိုမြောက်ကြွ မြောက်ကြွရယ်နဲ့
ဟုတ်ကဲ့… ဘာဆက်ရေးရမယ်မသိတော့ ဘူးဗျ….။
*** အာလူးပူတီ (ရွှေ့ပြောင်းတစ်ဦး) ဘန်ကောက်
***(ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ)***
မိုးက တစိမ့်စိမ့်ရွာနေခိုက်
`ကျစိမ့်´တီး(Tea)အရသာနဲ့ မျောချပစ်လိုက်သမျှ
`လောကနီတိ´နဲ့ `လောဘနီတိ´ကျမ်းစာ နှစ်စောင်တွဲ
ဘ၀ကို ခပ်ရဲရဲနဲ့ မရဲတရဲ ဖြတ်သန်းဆဲ
ကျောမွဲတွေရဲ့ ၀မ်းခေါင်းအော်သံဟာ
ရှစ်လေးလုံး အားမာန်လို အမြဲညံနေသတဲ့
`အောင်လံမလဲတမ်း´နဲ့ `ထောင်မာန်အမြဲတမ်း´
တမ်းတတိမ်းညွတ် တွယ်တာ တောင့်တခဲ့တဲ့
ကျမ်းစာ၊ ကျမ်းကိုး၊ ကျမ်းညွှန်း တွေဟာလည်း
`ဇိနုတ္ထပကာသနီ´ကျမ်းကြီး ပမာထားပြီး
ကုလားလက်ထဲက ပတ္တားနီလိုဖြစ်ရ
အဆစ်မရတဲ့ မသာအခေါင်း
ဘယ်သူမှလည်း အဆစ်မတောင်းခဲ့ကြ
ပုံပြင်ဟောင်း၊ ဒဏ္ဍာရီဟောင်းအပေါ်
မျက်စေ့အညောင်းခံပြီး ဖတ်ခဲ့တာတွေကို
အခုဆို လေးလုံးဖြစ်မှ နောက်ကျနောင်တရကြ
အမျှ- အမျှ- အမျှ ယူတော်မူ ကြပါကုန်လို့
(အမ- ညီမ ပေးချင်သူတွေက)
တောင်းဆုအကြုံ၊ ပန်ဆုအဆုံမှာ ပုံအောလိုက်ကြ
ညအခါ တစ်ရေး၊ နှစ်ရေးနိုးခဲ့ တာတွေဆို
ဇော်ဂျီဖိုဝင်သား စားရသလို
လူကိုမြောက်ကြွ မြောက်ကြွရယ်နဲ့
ဟုတ်ကဲ့… ဘာဆက်ရေးရမယ်မသိတော့ ဘူးဗျ….။
*** အာလူးပူတီ (ရွှေ့ပြောင်းတစ်ဦး) ဘန်ကောက်
No comments:
Post a Comment