ပါလက်စတိုင်းရှိ အနောက်ဘက်ကမ်းခြေတွင် အစ္စရေးတို့က လူနေအိမ်များတည်ဆောက်နေမှု လုပ်ရပ်ကို ပါလက်စတိုင်းသမ္မတ-မာမွတ်အဘတ်စ်က စက်တင်ဘာလ ၅-ရက်နေ့၌ ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်။(အင်တာနက်)
*** မက်ဆီဒိုးနီးယား၌ အော်ရစ်ရေအိုင်ကြီးမှာ သင်္ဘောငယ်နစ်မြုပ်၍ ၁၉-ဦးသေဆုံး…
ယခင်ယရိုဆလားဘီးယား ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံဟောင်းဖြစ်သော မက်ဆီဒိုးနီးယားနိုင်ငံရှိ စကော့ဂျေမြို့တောင်ပိုင်း၊ `အော်ရစ်´ရေအိုင်ကြီးတွင် စက်တင်ဘာလ ၅-ရက်နေ့၊ နံနက်(၁၁)နာရီခန့်က ခရီးသည် ၅၀-ဦးတင်ဆောင်လာသော သင်္ဘောငယ် တစ်စင်းနစ်မြုပ်ခဲ့ရာ လူ ၁၉-ဦးသေဆုံးခဲ့ကြောင်း စကော့ဂျေမြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်း ကျဆင်း…
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများကျဆင်းလျက်ရှိရာ အမေရိကန်ဈေးကွက်၌ စက်တင်ဘာလ ၂၅-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၈.၀၂)ဒေါ်လာ ကျဆင်းခဲ့သည်။ (အင်တာနက်)
*** `ဒစ္စကာဗာရီ´အာကာသ လွန်းပြန်ယာဉ်မှူးများ၊ နောက်ဆုံးအကြိမ် အာကာသတွင်းလမ်း လျှောက်ခဲ့….
နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ ရောက်ရှိနေသော `ဒစ္စကာဘာရီ´အာကာသလွန်းပြန်ယာဉ်မှ အာကာသယာဉ်မှူးနှစ်ဦး၏ နောက်ဆုံးအကြိမ်အဖြစ် အာကာသအတွင်း လမ်းလျှောက်ခြင်းကို စက်တင်ဘာလ ၅-ရက်နေ့၌ ပြုလုပ်ခဲ့ကြကြောင်း နာဆာအဖွဲ့က သတင်း-ထုတ်ပြန်သည်။ (အင်တာနက်)
စုစည်းတင်ပြသူ-မောင်ချစ်ကြည်
*** အစ္စရေးလုပ်ရပ်အား ပါလက်စတိုင်းသမ္မတ ပြစ်တင်ရှုတ်ချ**…

No comments:
Post a Comment