အရင်းတည်ခဲ့တဲ့နေ့ရက်မဟာ
ဖခင်ရင်းပမာတိုင်တည်ကာ
ရွှေတိဂုံခြေရင်း
ဝပ်ဆင်းခဲ့တဲ့သံဃာတော်
ဆွမ်းဒကာနဲ့သာသနာအတွက်နော်။
**နေ့စဉ်ရက်ဆက်လို့
လမ်းပေါ်မှာဖိနပ်ပြတ်လဲ
သွေးထွက်တဲ့ဒဏ်အရာ
ပြည်သူတွေရဲ့အပြုံး
လက်ခုပ်သံတဗြုန်းဗြုန်းနဲ့
နေပူမှာသွေးဆူခဲ့သနော်။
နှစ်ဆယ့်လေးစက်တင်ဘာ
ဆရာဒကာလက်တွဲခဲ့တာ
မျိုးဆက်သစ်ကျောင်းသား
ပြည်ချစ်များနဲ့ဖွဲ့တည်
မိမြန်မာပြည်လွတ်လပ်ရေး
ခွေးစစ်များကို ခြောက်လှန့်ပေးသနော်။
**စက်တင်ဘာနှစ်ဆယ့်ခြောက်
သံဃာစင်မှာ မှောက်ခဲ့တဲ့
ပြည်သူတို့ရဲ့မြင်ကွင်း
အရှေ့မုခ်လှေကားဆင်းမှာ
သွေးတွေမြေလူး
စစ်ဘီလူးရှုးခဲ့တယ်နော်။
ဒါပေမယ့်ဒို့သံဃာ
အညံ့မခံတဲ့သက်သေဟာ
ထောင်နံရံတစ်လျှောက်မှာ
အာခေါင်သံပေါက်ပေမယ့်
အာဏရှင်စစ်ရှုး
သူ့သေတွင်း သူတူးစေမယ်နော်။
***အရှင်ရေ၀တ(ရွှေဝါရောင်)***
မြန်မာရဟန်း၊ရှင်၊လူများ အားတက်စေရန်ရည်ရွယ်ပါသည်။
***ဆယ်ခုနှစ် စက်တင်ဘာ
အရင်းတည်ခဲ့တဲ့နေ့ရက်မဟာ
ဖခင်ရင်းပမာတိုင်တည်ကာ
ရွှေတိဂုံခြေရင်း
ဝပ်ဆင်းခဲ့တဲ့သံဃာတော်
ဆွမ်းဒကာနဲ့သာသနာအတွက်နော်။
**နေ့စဉ်ရက်ဆက်လို့
လမ်းပေါ်မှာဖိနပ်ပြတ်လဲ
သွေးထွက်တဲ့ဒဏ်အရာ
ပြည်သူတွေရဲ့အပြုံး
လက်ခုပ်သံတဗြုန်းဗြုန်းနဲ့
နေပူမှာသွေးဆူခဲ့သနော်။
နှစ်ဆယ့်လေးစက်တင်ဘာ
ဆရာဒကာလက်တွဲခဲ့တာ
မျိုးဆက်သစ်ကျောင်းသား
ပြည်ချစ်များနဲ့ဖွဲ့တည်
မိမြန်မာပြည်လွတ်လပ်ရေး
ခွေးစစ်များကို ခြောက်လှန့်ပေးသနော်။
**စက်တင်ဘာနှစ်ဆယ့်ခြောက်
သံဃာစင်မှာ မှောက်ခဲ့တဲ့
ပြည်သူတို့ရဲ့မြင်ကွင်း
အရှေ့မုခ်လှေကားဆင်းမှာ
သွေးတွေမြေလူး
စစ်ဘီလူးရှုးခဲ့တယ်နော်။
ဒါပေမယ့်ဒို့သံဃာ
အညံ့မခံတဲ့သက်သေဟာ
ထောင်နံရံတစ်လျှောက်မှာ
အာခေါင်သံပေါက်ပေမယ့်
အာဏရှင်စစ်ရှုး
သူ့သေတွင်း သူတူးစေမယ်နော်။
***အရှင်ရေ၀တ(ရွှေဝါရောင်)***
မြန်မာရဟန်း၊ရှင်၊လူများ အားတက်စေရန်ရည်ရွယ်ပါသည်။
No comments:
Post a Comment