မြင်းလောင်းရာတွင် ၀ါသနာပါသော မန်ယူအသင်းတိုက်စစ်မှူး အိုဝင်သည် ၄င်း၏ အိမ်၌ မြင်းများကိုလည်း မွေးမြူသည်။ တစ်နေ့သော် မြင်းတစ်ကောင်မှာ မလှုပ်ရှားဘဲ ထိုင်းမှိုင်းနေသဖြင့် တိရစ္ဆာန်ဆရာဝန်ထံ လာရောက်အကူအညီတောင်းသည်။ ထိုအခါ ဆရာဝန်က ဆေးဖယောင်းတိုင် ၂-ချောင်းပေး၍ အသုံးပြုနည်းကိုပြောသည်။ `နေရာကမထဘဲ ခေါင်းမာနေရင်
အစိမ်းရောင်ဖယောင်းတိုင်ကို မြင်းရဲ့ စအိုထဲထည့်လိုက်ပါ။ အဲ… ဖြည်းဖြည်းချင်းပဲသွားနေရင် အနီရောင်အချောင်းကို ထပ်ထည့်ကြည့်လိုက်ပါ…´
ရက်အနည်းငယ်ကြာသော် မန်ယူပွဲစဉ်၌ ဆရာဝန်နှင့် အိုဝင်တို့ ပြန်လည်ဆုံတွေ့ရာ ဆရာဝန်ကမေးသည်။
`ဘယ်လိုလဲဗျ… ကျုပ်ပေးတဲ့ဆေးက စွမ်းရဲ့လား´
`စွမ်းပါသကောဆရာရယ်။ အဲဒီနေ့က ဒီကောင်အရင်လိုပဲ မထဘူး။ ဂျစ်ကန်ကန်လုပ်နေတယ်။ ဒါနဲပအစိမ်းရောင်ဖယောင်းတိုင်ကို သူ့စအိုထဲ ထည့်လိုက်ရုံရှိသေးတယ်။ တစ်ခါတည်း ဒုံးစိုင်းပြေးတော့တာပဲ´
`ဒီတော့ ခင်ဗျားဘာလုပ်လဲ´
`အနီရောင်ဖယောင်းတိုင်ကို ကျွန်တော့်စအိုထဲထည့်ပြီး ဒီကောင့်ကို အတင်းလိုက်တာ ပေါ့။ ၃-မိနစ်အတွင်း ဒီကောင်ကို မိတယ်ဗျာ၊ ကတယ်´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment