ဘောလုံးဝါသနာရှင် ၄ ဦးအတူ ကစားရင်းခေတ္တနားချိန်တွင် စကားစမြည့်ပြောနေကြသည်။
ပထမလ။ ။ ကျုပ်က ဘောလုံးအားကစားကို ၀ါသနာကြီးပေမယ့် ကျုပ်မိန်းမကို ကြောက်ရတယ်ဗျ။ ဒီနေ့ပွဲကို ကြည့်ခွင့်ရရင် ရေကူးကန်အသစ်ဆောက်ပေးမယ်လို့ ကတိပေးခဲ့ရတယ်လေ။
ဒုတိယလူ။ ။ ကျုပ်ကတော့ နောက်တစ်ပတ်ကျရင် တစ်အိမ်လုံးဆေးသုတ်ပေးပါ့မယ်လို့ ကတိပေးထားရတယ်။
တတိယလူ။ ။ ခင်ဗျားတို့နှစ်ယောက် တော်ပါသေးတယ်။ ကျုပ်ဆိုရင် တစ်ပတ်လုံးကလေးထိန်းပေးပါ့မယ်လို့ ပြောထားရတယ်။ ထိုစဉ် စတုတ္ထလူက ဘာမှမပြောဘဲ ငြိမ်နေသဖြင့် ကျန် ၃ ယောက်က ၀ိုင်းမေးကြသည်။ ဟေ့လူ ခင်ဗျားကရော…
`ကျုပ်လား မနက် ၅း၃၀ နာရီသံပတ်ပေးထားတယ်။ သံပတ်မြည်တာနဲ့ မိန်းမကို နှိုးပြီး မေးလိုက်တယ်။ အိမ်ကွင်းလား။ အဝေးကွင်းလားလို့ ဒီမှာတင်သူက အ၀တ်အစားလဲတော့လို့ ပြောတာပဲ။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment