** သွားတိုက်ဆေးတွင် ပါဝင်သော ဓာတု ပစ္စည်းကြောင့် သန္ဓေသား ဦးနှောက် ထိခိုက်နိုင် **
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ မာဂရက်ဂျိမ်းစ်က “ကျွန်မတို့က ဒီဓာတ်ပစ္စည်းကြောင့် ပြဿနာ ရှိနိုင်ကြောင်း သိပါတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတိမ်အနက်က ဘယ်လောက်ရှိတယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး”ဟု ရှင်းပြခဲ့သည်။ သွားတိုက်ဆေးတွင် ပါဝင်သော ဓာတုဗေဒ ပစ္စည်းတစ်မျိုးကြောင့် ကိုယ်ဝန်ဆောင် သန္ဓေသားများကို ထိခိုက်နိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ Tridosanဟူသော ဓာတုပစ္စည်းသည် သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ စသည်တို့တွင် ထည့်သွင်းထားလေ့ရှိပြီး ယင်းသည် သန္ဓေသားများ၏ ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ မာဂရက်ဂျိမ်းစ်က “ကျွန်မတို့က ဒီဓာတ်ပစ္စည်းကြောင့် ပြဿနာ ရှိနိုင်ကြောင်း သိပါတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတိမ်အနက်က ဘယ်လောက်ရှိတယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး”ဟု ရှင်းပြခဲ့သည်။ Tridosanသည် ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင်သည့် အာနိသင်မျိုး ရှိနေပြီး ဘေးထွက်ဆိုးကျိုးအနေနှင့် သန္ဓေသားလောင်းများ၏ ဦးနှောက်သို့ ထောက်ပံ့ပို့လွှတ်သည့် အောက်စီဂျင်ကို ကန့်သတ်ပစ်နိုင်သည်။
ထိုအခြေအနေသည် သန္ဓေသားက ကလေးငယ်အဖြစ် မွေးဖွားလာချိန်တွင် ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ အမေရိကန် အစားအသောက်နှင့် ဆေးဝါးလုံခြုံရေး ဌာနကမူ ယင်းဓာတ်ပစ္စည်းကို ကန့်သတ်ထားသော ပမာဏအတိုင်း သုံးစွဲခြင်းသည် ဥပါဒ်မဖြစ်နိုင်ကြောင်း ကြေညာခဲ့သည်။ သိုးများတွင် စမ်းသပ်မှုအရ အောက်စီဂျင် ကြွယ်ဝသော သွေးဆဲလ်များကို သွေးကြောများအတွင်း သယ်ယူပေးနေသည့် Oestrogenဟိုမုန်းသည် အန္တရာယ်ကင်းကြောင်း သတ်မှတ်ထားသည့် Tridosan ပမာဏအတိုင်း အသုံးပြုပါက ပြောင်းလဲမှုမရှိကြောင်း သိရသည်။ Oestrogenသည် သန္ဓေသားလောင်းများတွင် အောက်စီဂျင် ပေါကြွယ်သော သွေးများဝင်ရောက် စီးဆင်းနိုင်မှုကို ထောက်ပံ့ပေးသည်။ သွားတိုက်ဆေးကဲ့သို့ ပစ္စည်းများတွင် Tridosanကို ထည့်သွင်းအသုံးပြုရမည့် ပမာဏအား ကန့်သတ်ထားလေ့ရှိပြီး ဥရောပ ကော်မရှင်က သက်ဆိုင်ရာ ကုန်စည်အမျိုးအစား၏ (၀.၀၃)ရာခိုင်နှုန်းထက် Tridosanကို ပိုမသုံးရန် တားမြစ်ထားကြောင်း သိရသည်။
**Source: DailyMail**
**Public Health**

No comments:
Post a Comment