နှစ်ကြာကြာ ထောင်ချပြီး
ကလောင် မထနိုင်အောင်ကြံ
ခွပ်ဒေါင်း မပျံနိုင်အောင် ရိုက်ချိုး
ခါးရိုးကို ကန်ကျောက်ကြသတဲ့။
**သတင်းရလို့ ဟင်းတချချနဲ့
မင်းဓားပြတို့ ယုတ်မာရန်ကောလို့
စိတ်မောမိတယ်။
တာဝန်ရှိ ဗိုလ်ချုပ်က
ကျုပ်တို့ ဘယ်သူ့ကိုမှ ဖမ်းမထား
ရမ်းကားသူ တချို့တလေကိုသာ
ဥပဒေအရ အရေးယူသတဲ့။
**ဥပဒေကို အရေးမထား
မလေးမစားလုပ်နေသူတွေက
ဥပဒေကို လေးစားပါ… တဲ့
ရယ်စရာ ကောင်းပါပေ့။
**ထောင်ထဲမှာ အမှောင်သရဲတွေက
ခေါင်းကိုခွဲ လက်ကိုချိုး
နံရိုးတွေကျေမွ ဒုက္ခရောက်ရဲဘော်များ
လူတိုင်းလဲ အသိသားပါ။
**ကျောင်းတွေပိတ် ထောင်တွေဖွင့်
တကယ့် ရန်နင့်စရာဖြစ်ရပ်ပါ။
**လူထုဆန္ဒကို စော်ကား
မတော်မတရား လုပ်ကြံ
မဟုတ်မမှန်တာတွေ ပြောပြီး
ငါတကောကောတဲ့ စစ်အစိုးရ
သူခိုး ဓားပြလို့ ဆိုနိုင်ပါတယ်။
**လူမဆန် သူမဆန်
မူမမှန် အယူမမှန်တာတွေကို
ပလူပျံအောင် ငါရေးလို့
အနီးအဝေး အကြီးအသေးမကျန်
တနိုင်ငံလုံး ဖြန့်လိုက်မယ်
မိုးအနှံ့ မြေအနှံ့ ကြားစေသတည်း။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၉၊ ၁၂၊ ၁၉၉၉၊ ကြာသပတေးနေ့ နေ့လယ်ခင်း)
**ကဗျာဆရာနဲ့ ကျောင်းသားများစွာ
နှစ်ကြာကြာ ထောင်ချပြီး
ကလောင် မထနိုင်အောင်ကြံ
ခွပ်ဒေါင်း မပျံနိုင်အောင် ရိုက်ချိုး
ခါးရိုးကို ကန်ကျောက်ကြသတဲ့။
**သတင်းရလို့ ဟင်းတချချနဲ့
မင်းဓားပြတို့ ယုတ်မာရန်ကောလို့
စိတ်မောမိတယ်။
တာဝန်ရှိ ဗိုလ်ချုပ်က
ကျုပ်တို့ ဘယ်သူ့ကိုမှ ဖမ်းမထား
ရမ်းကားသူ တချို့တလေကိုသာ
ဥပဒေအရ အရေးယူသတဲ့။
**ဥပဒေကို အရေးမထား
မလေးမစားလုပ်နေသူတွေက
ဥပဒေကို လေးစားပါ… တဲ့
ရယ်စရာ ကောင်းပါပေ့။
**ထောင်ထဲမှာ အမှောင်သရဲတွေက
ခေါင်းကိုခွဲ လက်ကိုချိုး
နံရိုးတွေကျေမွ ဒုက္ခရောက်ရဲဘော်များ
လူတိုင်းလဲ အသိသားပါ။
**ကျောင်းတွေပိတ် ထောင်တွေဖွင့်
တကယ့် ရန်နင့်စရာဖြစ်ရပ်ပါ။
**လူထုဆန္ဒကို စော်ကား
မတော်မတရား လုပ်ကြံ
မဟုတ်မမှန်တာတွေ ပြောပြီး
ငါတကောကောတဲ့ စစ်အစိုးရ
သူခိုး ဓားပြလို့ ဆိုနိုင်ပါတယ်။
**လူမဆန် သူမဆန်
မူမမှန် အယူမမှန်တာတွေကို
ပလူပျံအောင် ငါရေးလို့
အနီးအဝေး အကြီးအသေးမကျန်
တနိုင်ငံလုံး ဖြန့်လိုက်မယ်
မိုးအနှံ့ မြေအနှံ့ ကြားစေသတည်း။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၉၊ ၁၂၊ ၁၉၉၉၊ ကြာသပတေးနေ့ နေ့လယ်ခင်း)
No comments:
Post a Comment