အရက်ဘားတစ်ခု တွင်အင်္ဂလန်လက်ရွေးစင်ဟောင်းနှင့် အင်္ဂလိပ် ချန်ပီယံ ရှစ်အသင်းတသင်း၏လက်ရှိနည်းပြဖြစ်သူ တိုနီအဒမ်အရက်ထိုင် သောက်နေသည်။ မကြာခင်မှာ သူ့ ဘေးကိုလူတယောက်ဝင်ထိုင်လိုက်သည်။ အဒမ် က အဲဒီလူကို ကြည့်ပြီး…
“အော် .. အေး .. မင်းရောက်ပြီလား .. သောက်လေကွာ”
သည်လို နှင့် နှစ်ယောက်သား ထိုင်သောက်ကြသည်မှာအတော်လေးခရီးရောက်သွားသည်။
အမူးလွန်လာပြီဖြစ်သော အဒမ်က ရုတ်တရက် ..
”ဟေ့ကောင် .. မင်းအမေ နဲ့  ငါအိပ်ခဲ့တယ်ကွ .. အဲဒါမင်းသိလား။ ကျေနပ်လား…ဟေ့ကောင်”
တစ်ဘက် လူက ဘာမှ မပြော။ထိုအခါ အဒမ်ကထပ်ပြောပြန်သည်။
“ ဟေ့ကောင် .. မင်းအမေနဲ့ ငါအိပ်ခဲ့တယ်ကွ .. မင်းသိလား”
ထိုအခါ တစ်ဘက် လူက ပြန်ပြောလိုက်သည်မှာ..
“ပြန်ကြစို့ ဗျာ… အဖေအရမ်းမူးနေပြီ “ ဟူ၏။
မှတ်ချက် ။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…(အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ .. ဘောလုံးဟာသ )**

No comments:
Post a Comment