ဘောလုံးမင်းသား ဘက်ခမ်း၏ သားအငယ်ဆုံးခရုဇ်တစ်ယောက် လမ်းမပေါ်တွင် ရှိုက်ကြီးတငင်ငိုကြွေးနေရာ လမ်းသွားလမ်းလာတစ်ဦးက
`ဟေ့ ချာတိတ် ဘာကြောင့် ဒီလောက်ဝမ်းနည်းနေရတာတုန်းကွ´
`ကျနော့်အဖေနဲ့ အမေ အကြီးအကျယ်စကားများကြတယ်လေ´
`သြော်… ဒါကြောင့်ကိုး´
`ဒါတင် မကသေးဘူးဗျ။ အမေက အဖေ့ကို နွားကြီးလို့ခေါ်တယ်။ အဖေကလည်း အမေ့ကို ကြက်မကြီးလို့ ပြန်ခေါ်တယ်လေ´
`အဲဒါနဲ့များ ငိုရလားချာတိတ်ရဲ့´
`ဦးလေးပဲ စဉ်းစားကြည့်လေ၊ ကျနော်က ဘာကောင်ဖြစ်သွားမလဲ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment