မန်ယူမှ ရီးရဲလ်သို့ ဘောလုံးမင်းသားဘက်ခမ်းပြောင်းရွှေ့ကစားခဲ့စဉ်ကဖြစ်သည်။ ဖခင် ဖြစ်သူမှာ ငယ်စဉ်ကတည်းက ဂရုစိုက်တတ်သူဖြစ်ပြီး စည်းကမ်းလည်း ကြီးသူဖြစ်၍ ဘက်ခမ်းမှာ မိန်းမရသည့်တိုင်အောင် ဖခင်ကိုကြောက်ရသည်။ ဖခင်၏ ရှေ့တွင် အပျော်အပါးအကြောင်းမပြောဆိုရဲ။ တစ်နေ့ အင်္ဂလန်ရှိ အိမ်သို့ဖုန်းဆက်ရာ ဖခင်နှင့် တည့်တည့်တိုးသည်။
ဖခင်။ ။ ငါ့သား မက်ဒရစ်မှာဘောလုံး ကစားရတာအဆင်ပြေရဲ့လား။ အပျော်အပါးရှောင်ပြီး ဘောလုံးကို သေချာကစားနော်။
ဘက်ခမ်း။ ။ အပျော်အပါးတွေ မလုပ်ပါဘူးအဖေရယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အပျင်းပြေပိုကာလေးတော့ ပစ်တာပေါ့။
ဖခင်။ ။ အေး… အေး… ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်၊ တော်ကြာ မျ က်စိမျက်နှာမှန်နေဦးမယ်။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment