(ကိုင်ရို၊ မတ် ၂၄)
ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသော အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီအား ထောက်ခံသူ ၅၂၈ဦးကို အီဂျစ် တရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ၎င်းတို့သည် လူသတ်မှု များကိုကျူးလွန်ခဲ့ပြီး အများ ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ဆုံးရှုံးအောင် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
အသတ်ခံရသူများတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ သမ္မတဟောင်း မော်စီအား ထောက်ခံသူ ၁၂၀၀ ကျော်ပါဝင်သော အုပ်စုမှာ တရားစွဲဆိုခြင်းခံနေရပြီး ယင်းတို့အထဲတွင် မွတ်ဆလင်ညီနောင် များအဖွဲ့မှ အထက် တန်းအဖွဲ့ဝင်များလည်း ပါဝင်သည်။ သမ္မတဟောင်း မော်စီအား အီဂျစ်စစ်ဘက်က ရာထူးမှဖယ်ရှားခဲ့သည့် ယမန်နှစ် ဇူလိုင်လကတည်းကပင် အီဂျစ်အာဏာပိုင်များသည်အစ္စလာမ္မစ်ဝါဒီ များအားကြမ်းတမ်းစွာဖြိုခွင်းခဲ့သည်။ သေဒဏ်ချမှတ်ခြင်းခံရသူများအနေဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်း သာခွင့်ရရေး အသနားခံတင်သွင်းကြမည်ဟု မျှော်လင့်ရသည်။ (ဘီဘီစီ)
**ယူကရိန်းရေတပ်စခန်းကို ရုရှားတပ်ဖွဲ့များသိမ်းယူ**
(ကိယက်ဗ်၊ မတ် ၂၄)
ခရိုင်းမီးယား၏ ဆိပ်ကမ်းတစ်ခုဖြစ်သော ဖီအိုဒိုရှား ရှိ ယူကရိန်းရေတပ် အခြေစိုက်စခန်းတစ်ခုကို ရုရှား တပ်များက ၀င်ရောက်စီးနင်းထိန်းချုပ်လိုက်ကြောင်း၊ ၄၈ နာရီအတွင်း တတိယအကြိမ်မြောက် စီးနင်းခြင်းဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြား သည်။ ရုရှားတပ်ဖွဲ့ဝင်များသည် စစ်သည်တင် သံချပ်ကာ ယာဉ်များ၊ လက်ပစ်ဗုံးများအသုံးပြု၍ စစ်ကြောင်း နှစ်ကြောင်းဖြင့် ရေတပ်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗလာဒီဆလပ်ဆီလီညော့ဗ်က ပြောသည်။ ရုရှားနိုင်ငံက ခရိုင်းမီးယားရှိ ယူကရိန်းစစ်စခန်း အများစုကို သိမ်းယူခဲ့ပြီးဖြစ်သည်။ ရုရှားတပ်ဖွဲ့များက ဖီအိုဒိုရှားစခန်းရှိ ယူကရိန်း အရာရှိများ၏ လက်များကိုကြိုးတုပ်ထားကြောင်း ဆီလီ ညော့ဗ်က ဘီဘီစီသို့ ပြောသည်။ ဖီအိုဒိုရှားသည် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသော နောက်ဆုံးကျန်ရှိနေသည့် စစ်စခန်းတစ်ခုဖြစ်ပြီး ရုရှားတပ်များက အချိန်အတန်ကြာ ၀ိုင်းရံထားခဲ့ကြသည်။ (ဘီဘီစီ)
**တက္ကဆက်ပြည်နယ်အနီး ရေနံယိုဖိတ်ခဲ့ ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်း တိုးမြှင့်**
(၀ါရှင်တန်၊ မတ် ၂၄)
အမေရိကန်ပြည်ထောင်စု တက်္ကဆက်ပြည်နယ်အနီး ပင်လယ်ရေကြောင်းလမ်းတွင် ရေနံယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး နောက် ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်းကို တိုးမြှင့်ပြုလုပလျက်ရှိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက မတ် ၂၄ရက်တွင် သတင်းထုတ်ပြန်သည်။ သင်္ဘောများ အသွားအလာထူထပ်သော ဟူစတန် ရေကြောင်းလမ်း၌ မတ် ၂၂ရက်က ရေနံစိမ်းဂါလန် ၉၀၀၀၀၀ ခန့်တင်ဆောင်လာသော ရေနံတင်ရေယာဉ်နှင့် သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ရာမှ ရေနံယိုဖိတ်မှုဖြစ်ပွား ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရေနံတင်ရေယာဉ်ပေါ်တင်ဆောင် လာသော ရေနံစိမ်းပမာဏ၏ ငါးပုံတစ်ပုံအထိ ယိုဖိတ် ခဲ့ကြောင်း ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ပြောကြားသည်။ ကမ်္ဘာပေါ်တွင် ရေနံဓာတုပစ်္စည်း အများဆုံးသယ်ယူ ပို့ဆောင်ရာ ပင်လယ်ရေကြောင်းလမ်းတွင် ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းရေကြောင်းလမ်းအား ပြန်လည်ဖွင့်လှစ်နိုင် မည့်နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း ကမ်းရိုး တန်းစောင့်တပ်ဖွဲ့က ပြောကြားသည်။ မက်္ကဆီကိုပင်လယ်ကွေ့ကမ်းလွန် ၁၂မိုင်အကွာတွင် ယိုဖိတ်နေသော ရေနံကွက်ကို တွေ့ရှိခဲ့ရသည်။ ရေနံ ယိုဖိတ်မှုကိုသင်္ဘော၂၄စင်းအသုံးပြု၍ရှင်းလင်းသုတ်သင်လျက်ရှိကြောင်း၊ ရေနံယိုဖိတ်မှု ဖြစ်ပွားရာနေရာမှာ ပင်လယ်ပျော်ငှက်များနှင့် ဆောင်းခိုငှက်များကျက်စားရာ နေရာတွင်ဖြစ်သဖြင့် တောရိုင်းတိရစ်္ဆာန်များ
ဘေးဥပါဒ်မကျရောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ပြောကြားသည်။ (ရိုက်တာ)
**ခရိုင်းမီးယားရှိ ယူကရန်းတပ်ဖွဲ့ဝင်များအားလုံး ရုပ်သိမ်းထွက်ခွာရန် ကြားဖြတ်သမ္မတ ညွှန်ကြား**
(ကိယက်ဗ်၊ မတ် ၂၅)
ခရိုင်းမီးယားဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ရုပ်သိမ်းထွက်ခွာရန် ယူကရိန်းကြားဖြတ်သမ်္မတ အိုလက်စန်္ဒရာတာချီနော့ဗ်က ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက မတ် ၂၄ ရက်တွင် သတင်းး ထုတ်ပြန်သည်။ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ယူကရိန်းစစ်စခန်း အများစုကို ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသည်။ ရုရှားတပ်ဖွဲ့များသည် ဖီအိုဒိုရှားမြို့ရှိ ရေတပ်စခန်းကို မတ် ၂၄ ရက်က ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။ ယင်းစီးနင်းမှုတွင် ရုရှားအထူးတပ်ဖွဲ့ဝင်များလိုက်ပါလာ သော အမ်အိုင်-၂၄ နှင့် အမ်အိုင်-၈ အမျိုးအစား ရဟတ် ယာဉ်များပါဝင်သည်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဖီအိုဒိုရှားမြို့ရှိ ရေတပ်စခန်းမှ ယူကရိန်းတပ်ဖွဲ့ဝင် ၆၀ မှ ၈၀ အထိကို ရုရှားတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရပုဂ်္ဂိုလ် ဗလာဒီဆလက်က ပြောကြားသည်။ ခရိုင်းမီးယားဒေသ၌ အငြင်းပွားဖွယ်ရာ လူထုဆန်္ဒ ခံယူပွဲအပြီး ယင်းဒေသကို ရုရှားပိုင်နက်နယ်မြေနှင့် ချိတ်ဆက်လိုက်ခြင်းနှင့်ပတ်သက်၍ အနောက်အုပ်စုနိုင်ငံ များက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။ ခရိုင်းမီးယားဒေသမှ ယူကရိန်းတပ်ဖွဲ့ဝင်များအား ၎င်းင်းတို့၏လက်နက်များနှင့်အတူ ထွက်ခွာခွင့်ပေးရန် ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။ ခရိုင်းမီး ယားဒေသရှိ စစ်စခန်းများမှ ယူကရိန်းတပ်ဖွဲ့ဝင် များ၏ မိသားစုများကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်း ထွက်ခွာနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက် ရှိသည်။ (ရိုက်တာ)
**သမ္မတဟောင်း မော်စီအား ထောက်ခံသူ ၅၂၈ ဦး သေဒဏ် ပြစ်ဒဏ်ချမှတ်ခံရ**
(ကိုင်ရို၊ မတ် ၂၄)
ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသော အီဂျစ်သမ္မတဟောင်း
မိုဟာမက်မော်စီအား ထောက်ခံသူ ၅၂၈ဦးကို အီဂျစ်
တရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ဘီဘီစီ
သတင်းတွင် ဖော်ပြသည်။
၎င်းတို့သည် လူသတ်မှု များကိုကျူးလွန်ခဲ့ပြီး အများ
ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ဆုံးရှုံးအောင်
တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ်
ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
အသတ်ခံရသူများတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။
သမ္မတဟောင်း မော်စီအား ထောက်ခံသူ ၁၂၀၀
ကျော်ပါဝင်သော အုပ်စုမှာ တရားစွဲဆိုခြင်းခံနေရပြီး
ယင်းတို့အထဲတွင် မွတ်ဆလင်ညီနောင် များအဖွဲ့မှ အထက်
တန်းအဖွဲ့ဝင်များလည်း ပါဝင်သည်။
သမ္မတဟောင်း မော်စီအား အီဂျစ်စစ်ဘက်က
ရာထူးမှဖယ်ရှားခဲ့သည့် ယမန်နှစ် ဇူလိုင်လကတည်းကပင်
အီဂျစ်အာဏာပိုင်များသည်အစ္စလာမ္မစ်ဝါဒီ များအားကြမ်းတမ်းစွာဖြိုခွင်းခဲ့သည်။
သေဒဏ်ချမှတ်ခြင်းခံရသူများအနေဖြင့် ပြစ်ဒဏ်မှ
လွတ်ငြိမ်းချမ်း သာခွင့်ရရေး အသနားခံတင်သွင်းကြမည်ဟု
မျှော်လင့်ရသည်။ (ဘီဘီစီ)
**ယူကရိန်းရေတပ်စခန်းကို ရုရှားတပ်ဖွဲ့များသိမ်းယူ**
(ကိယက်ဗ်၊ မတ် ၂၄)
ခရိုင်းမီးယား၏ ဆိပ်ကမ်းတစ်ခုဖြစ်သော ဖီအိုဒိုရှား
ရှိ ယူကရိန်းရေတပ် အခြေစိုက်စခန်းတစ်ခုကို ရုရှား
တပ်များက ၀င်ရောက်စီးနင်းထိန်းချုပ်လိုက်ကြောင်း၊ ၄၈
နာရီအတွင်း တတိယအကြိမ်မြောက် စီးနင်းခြင်းဖြစ်ကြောင်း
ယူကရိန်းတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြား
သည်။
ရုရှားတပ်ဖွဲ့ဝင်များသည် စစ်သည်တင် သံချပ်ကာ
ယာဉ်များ၊ လက်ပစ်ဗုံးများအသုံးပြု၍ စစ်ကြောင်း
နှစ်ကြောင်းဖြင့် ရေတပ်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
ဗလာဒီဆလပ်ဆီလီညော့ဗ်က ပြောသည်။
ရုရှားနိုင်ငံက ခရိုင်းမီးယားရှိ ယူကရိန်းစစ်စခန်း
အများစုကို သိမ်းယူခဲ့ပြီးဖြစ်သည်။
ရုရှားတပ်ဖွဲ့များက ဖီအိုဒိုရှားစခန်းရှိ ယူကရိန်း
အရာရှိများ၏ လက်များကိုကြိုးတုပ်ထားကြောင်း ဆီလီ
ညော့ဗ်က ဘီဘီစီသို့ ပြောသည်။
ဖီအိုဒိုရှားသည် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်တွင်
ရှိသော နောက်ဆုံးကျန်ရှိနေသည့် စစ်စခန်းတစ်ခုဖြစ်ပြီး
ရုရှားတပ်များက အချိန်အတန်ကြာ ၀ိုင်းရံထားခဲ့ကြသည်။
(ဘီဘီစီ)
**တက္ကဆက်ပြည်နယ်အနီး ရေနံယိုဖိတ်ခဲ့ ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်း တိုးမြှင့်**
(၀ါရှင်တန်၊ မတ် ၂၄)
အမေရိကန်ပြည်ထောင်စု တက်္ကဆက်ပြည်နယ်အနီး
ပင်လယ်ရေကြောင်းလမ်းတွင် ရေနံယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး
နောက် ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်းကို တိုးမြှင့်ပြုလုပလျက်ရှိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက မတ်
၂၄ရက်တွင် သတင်းထုတ်ပြန်သည်။
သင်္ဘောများ အသွားအလာထူထပ်သော ဟူစတန်
ရေကြောင်းလမ်း၌ မတ် ၂၂ရက်က ရေနံစိမ်းဂါလန်
၉၀၀၀၀၀ ခန့်တင်ဆောင်လာသော ရေနံတင်ရေယာဉ်နှင့်
သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ရာမှ ရေနံယိုဖိတ်မှုဖြစ်ပွား
ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရေနံတင်ရေယာဉ်ပေါ်တင်ဆောင်
လာသော ရေနံစိမ်းပမာဏ၏ ငါးပုံတစ်ပုံအထိ ယိုဖိတ်
ခဲ့ကြောင်း ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ပြောကြားသည်။
ကမ်္ဘာပေါ်တွင် ရေနံဓာတုပစ်္စည်း အများဆုံးသယ်ယူ
ပို့ဆောင်ရာ ပင်လယ်ရေကြောင်းလမ်းတွင် ရေနံယိုဖိတ်မှု
ဖြစ်ပွားခဲ့ပြီး ယင်းရေကြောင်းလမ်းအား ပြန်လည်ဖွင့်လှစ်နိုင်
မည့်နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း ကမ်းရိုး
တန်းစောင့်တပ်ဖွဲ့က ပြောကြားသည်။
မက်္ကဆီကိုပင်လယ်ကွေ့ကမ်းလွန် ၁၂မိုင်အကွာတွင်
ယိုဖိတ်နေသော ရေနံကွက်ကို တွေ့ရှိခဲ့ရသည်။ ရေနံ
ယိုဖိတ်မှုကိုသင်္ဘော၂၄စင်းအသုံးပြု၍ရှင်းလင်းသုတ်သင်လျက်ရှိကြောင်း၊ ရေနံယိုဖိတ်မှု ဖြစ်ပွားရာနေရာမှာ
ပင်လယ်ပျော်ငှက်များနှင့် ဆောင်းခိုငှက်များကျက်စားရာ
နေရာတွင်ဖြစ်သဖြင့် တောရိုင်းတိရစ်္ဆာန်များ
ဘေးဥပါဒ်မကျရောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ပြောကြားသည်။ (ရိုက်တာ)
**ခရိုင်းမီးယားရှိ ယူကရန်းတပ်ဖွဲ့ဝင်များအားလုံး ရုပ်သိမ်းထွက်ခွာရန် ကြားဖြတ်သမ္မတ ညွှန်ကြား**
(ကိယက်ဗ်၊ မတ် ၂၅)
ခရိုင်းမီးယားဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ရုပ်သိမ်းထွက်ခွာရန် ယူကရိန်းကြားဖြတ်သမ်္မတ
အိုလက်စန်္ဒရာတာချီနော့ဗ်က ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက မတ် ၂၄ ရက်တွင် သတင်းး
ထုတ်ပြန်သည်။
ခရိုင်းမီးယားကျွန်းဆွယ်ရှိ ယူကရိန်းစစ်စခန်း
အများစုကို ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသည်။
ရုရှားတပ်ဖွဲ့များသည် ဖီအိုဒိုရှားမြို့ရှိ ရေတပ်စခန်းကို
မတ် ၂၄ ရက်က ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။
ယင်းစီးနင်းမှုတွင် ရုရှားအထူးတပ်ဖွဲ့ဝင်များလိုက်ပါလာ
သော အမ်အိုင်-၂၄ နှင့် အမ်အိုင်-၈ အမျိုးအစား ရဟတ်
ယာဉ်များပါဝင်သည်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော
ဖီအိုဒိုရှားမြို့ရှိ ရေတပ်စခန်းမှ ယူကရိန်းတပ်ဖွဲ့ဝင် ၆၀
မှ ၈၀ အထိကို ရုရှားတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆို
ခွင့်ရပုဂ်္ဂိုလ် ဗလာဒီဆလက်က ပြောကြားသည်။
ခရိုင်းမီးယားဒေသ၌ အငြင်းပွားဖွယ်ရာ လူထုဆန်္ဒ
ခံယူပွဲအပြီး ယင်းဒေသကို ရုရှားပိုင်နက်နယ်မြေနှင့်
ချိတ်ဆက်လိုက်ခြင်းနှင့်ပတ်သက်၍ အနောက်အုပ်စုနိုင်ငံ
များက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။
ခရိုင်းမီးယားဒေသမှ ယူကရိန်းတပ်ဖွဲ့ဝင်များအား
၎င်းင်းတို့၏လက်နက်များနှင့်အတူ ထွက်ခွာခွင့်ပေးရန်
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။
ခရိုင်းမီး ယားဒေသရှိ စစ်စခန်းများမှ ယူကရိန်းတပ်ဖွဲ့ဝင်
များ၏ မိသားစုများကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်း
ထွက်ခွာနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်
ရှိသည်။ (ရိုက်တာ)
No comments:
Post a Comment