ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 14, 2008

ရာဇ၀တ်မှု ဆိုင်ရာလျော်ကြေး အက်ဥပဒေ ဘီအီး-၂၅၄၄(၂၀၀၁) Act Thai Labour Law

> (14 Oct, 2008)

အစိုးရဟာ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့  အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ရန်တာဝန်ရှိပါတယ်။ တကယ်လို့ အစိုးရအနေနဲ့  ပျက်ကွက်ခဲ့မယ်ဆို ရင် ချိုးဖောက်ခံရသူကို ဆုံးရှုံးမှုအတွက် နစ်နာကြေးပေးရမယ်။
(နစ်နာသူ) အနေနဲ့  လူဆိုးတွေရဲ့  ရာဇ၀တ်မှု ချိုးဖောက်တာမို့
``သောက အသက်သေ၊ စိတ်တွေထွေခြင်း
ချို့ ယွင်းခန္မာကိုယ်၊ ဤလေးဗိုလ်
မှတ်ထို နစ်နာသူ…`

နစ်နာသူဟာ…
• သောကရောက်ရမယ်။
• အသက်သေဆုံးတာရှိမယ်။
• စိတ်ပိုင်းဆိုင်ရာ ထွေပြားထိခိုက်တာရှိမယ်။
• ခန္မာကိုယ် ချို့ ယွင်းတာရှိမယ်။
ဒါတွေ ဒါတွေကြောင့် မည်သူကျူးလွန်တယ်လို့  မသိစေကာမှု ဖမ်းဆီးရမိတာပဲဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း နစ်နာ ကြေးကို ခံစားရမှာဖြစ်တယ်။
နစ်နာကြေးရပိုင်ခွင့်မရှိတာက
တကယ်လို့ နစ်နာသူဟာ နစ်နာကြေးရလိုတာမို့ မိမိကိုယ်ကို အန္တရာယ်ပြုမယ်ဆိုရင် နစ်နာကြေးရပိုင်ခွင့်မရှိဘူး။ (ဒါကြောင့် ရာဇ၀တ်မှု တခုခု ကြောင့်သာ နစ်နာသူဖြစ်ရမယ်။ လိင်မှု၊ အသက်အန္တရာယ် ထိခိုက်မှု၊ ခန္မာကိုယ်နာကျင်စေမှု၊ ကလေး၊ လူနာ၊ ဒဏ်ရာရသူ၊ သက်ကြီးရွယ်အို၊ စွန့်  ပစ်မှု၊ လူသတ်မှုစတာတွေကို ကျူးလွန်ခံရရင် ရာဇ၀တ်မှုနဲ့  အရေးယူခြင်းခံရမယ်။
ပုဒ်မ (၁၈) အရ
• ၃၀၀၀ ဘတ်ထက် မပိုတဲ့ ဆေးကုသစရိတ်။
• ၂၀၀၀ ဘတ်ထက်မပိုတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည်ထူထောင်စရိတ်။
• တနေ့  ၂၀၀ ဘတ်ထက် မပိုတဲ့ အလုပ်မဆင်းနိုင်တဲ့ စရိတ် (၁)နှစ်စာ လုပ်အားခ။
• နစ်နာသူ သေဆုံးတဲ့အမှုမှာ ၃၀၀၀ ဘတ်ကနေ ၁သိန်း ဘတ်ထက် မပိုတဲ့ကျန်ရစ်သူ မိသားစုအတွက် လျော်ကြေး။
• ကျန်ရစ်သူ မိသားစုကို ပေးအပ်ရမယ့် အသုဘစရိတ်က ၂၀၀၀၀ ဘတ်ထက်မပိုတဲ့ငွေ။
• ၃ သောင်းထက် မပိုတဲ့ ကျန်ရစ်သူ မိသားစုကို ထောက်ပံ့စရိတ်။
• ၃ သောင်းထက် မပိုတဲ့ အခြားထောက်ပံ့ စရိတ်တွေ။
``တနေ့  ၂၀၀ က၊ ၁ နှစ်ရ
ဆေးကုသ သုံးထောင်
ပြန်လည်ထူထောင် နှစ်ထောင်
သေသော် သုံးထောင်က တစ်သိန်း
မိသားစု အငြိမ်းရ၊ အသုဘအတွက် ၂သောင်း
၃ သောင်းက မိသားစုအတွက်
၃သောင်းက အခြားထောက်၊
ဤကောက်ချက်များ ပြဌာန်းထား….``
နစ်နာသူ ခံစားခွင့်တွေက…
နစ်နာသူ သေဆုံးခဲ့ရင် မိဘဆွေမျိုးတွေ၊(သို့ ) လုပ်ပိုင်ခွင့် အာဏာလွှဲပြောင်းခံရသူက ခရိုင်တရားရုံးမှာ တောင်းဆိုနိုင်တယ်။ ယူသွားရမှာက လိုအပ်တဲ့ စာရွက်စာတမ်း၊ နိုင်ငံသားလက်မှတ် မိတ္တူ၊ ရဲရဲ့ အမှုစစ်ဆေး မှုမှတ်တမ်းတွေ ယူသွားရမယ်။ ကျူးလွန်မှုဖြစ်ပွားပြီး (၁)နှစ်အတွင်း တင်ပြ ရမယ်။ လက်မခံပဲငြင်းဆန်ခြင်းခံရမယ်ဆိုရင် နစ်နာသူဘက်က မကျေနပ်ခဲ့ရင် (၁)လအတွင်း တရားရုံးမှာ အယူခံဝင်နိုင်ပါတယ်။
ဒို့ ရွှေ့ ပြောင်းတွေ လက်မှတ်တခုခု မပြနိုင်လို့ ၊ လက်မှတ်ပြနိုင်ပါလျက်နဲ့  အဖမ်းခံနေကြရတာတွေဟာ ထိုင်းနိုင်ငံရဲ့  လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဘီအီး-၂၅၂၂(တောမော ၁၉၇၉)ပုဒ်မကြောင့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲရောက်လာရင်….
(၁) နေထိုင်ခွင့် လက်မှတ်(ထောရော ဆမ်ပက် ၃၈/၁) ရှိရမယ်။ (နေထိုင်ခွင့်က နေထိုင်ခွင့်သက်သက်ပဲနော်။ အလုပ်လုပ်လို့ မရဘူး၊ လုပ်ငန်းခွင်မှာ မိရင်ဖမ်းလို့ ရတယ်။)
(၂) အလုပ်သမားလက်မှတ် (W.P-13)ရှိရမယ်။ (W.P-13 ရှိရင်တောင် သက်တမ်းရှိတဲ့ ဘတ်ဖြစ်ရမယ်။ သက်တမ်းမရှိရင် ဘတ်ရှိလည်း ဖမ်းလို့ ရ တယ်။ ဘတ်က အလုပ် ၁၂ မျိုး လုပ်လို့ ရတယ်နော်။)
(၃) ပတ်စ်ပို့ ၊ ဗီဇာရှိရမယ်။ ကိုယ်ကိုင်ထားတဲ့ ပတ်စ်ပို့ ၊ ဗီဇာက သက်တမ်းမရှိရင် ဖမ်းလို့ ရတယ်။
(၄) တောင်ပေါ်တိုင်းရင်းသား လက်မှတ်(၅- နှစ်ခံ ကဒ်) ရှိရမယ်။ (တောင်ပေါ်တိုင်းရင်းသားဆိုပြီး ကရင်စကား၊ မွန်စကား၊ ထိုင်းစကား မတီးမိ၊ မခေါက်မိရင် စကားပြောကြည့်လို့  မဟန်ရင် ဖမ်းမှာပဲ။ ၅- နှစ်ခံကဒ်ကလည်း အစစ်ဖြစ်ရမယ်။ သက်တမ်းလည်းရှိရမယ်။ ၅-နှစ်ခံကဒ် ကိုင်ဆောင်ထားရင် အလုပ် ၂၇ မျိုး လုပ်လို့ ရတယ်။)
ဒီလိုလက်မှတ် (၄)မျိုးထဲက တမျိုးမျိုးမှ သင့်မှာမရှိရင် ပုလိပ်တို့ ၊ တောမောတို့ ၊ တောချရောတို့ ၊ ချောလောပေါတို့ က သင့်ကို အသင့်စောင့်ကြိုနေမယ်။ ချောင်းမြောင်းကြည့်ရှုနေမှာ ဧကန်ပါပဲ။
လက်မှတ်ရှိခြင်း အကျိုးတရား….
``အဖမ်းမခံ၊ လုပ်ခမှန်
ပေးရန်သုံးဆယ်၊ ဆေးရုံမယ်
ကာကွယ်ဥပဒေမှတ်``

ဆန်တာကလော့စ် (ခေတ္တ- အင်္ဂပူ)

(14 Oct, 2008)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)