ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 15, 2009

15Sept,09//ဆရာဘုန်းကြီး၏ မှတ်စုစာအုပ်…

> ***(မြန်မာ့ကျေးလက်ပုံပြင်များ)**
ရှေးသရောအခါ အထက်အညာရွာတစ်ရွာတွင် ပညာဗဟုသုတမျိုးစုံကို လိုက်စားသော ဘုန်းတော်ကြီးတစ်ပါး ရှိလေသည်။ ထိုဘုန်းတော်ကြီးသည် မိမိကျောင်းသို့ ရောက်ရှိလာသော ရဟန်းရှင်လူအပေါင်းတို့အား မေးမြန်း၍ သတင်းထူးသတင်းဆန်းရှိက မိမိမှတ်စုစာအုပ်ကြီးတွင် ရေးမှတ်ထားလေသည်။
တစ်နေ့သ၌ ထိုဘုန်းတော်ကြီးကျောင်းသို့ ဒကာတစ်ဦး ရောက်ရှိလာရာ အာလာပ သလ္လာပ ပြောဆိုပြီးနောက် ဗဟုသုတ ၀ါသနာကြီးလှသော ဘုန်းတော်ကြီးက “ဒကာက ဘယ်အရပ်ကပါလဲ၊ ဒကာ့နာမည်က ဘယ်လိုခေါ်ပါသလဲ၊

အလုပ်အကိုင်ကကော ဘာများ လုပ်ကိုင်ပါသလဲ”ဟု တစ်သီတစ်တန်းကြီး မေးလိုက်ရာ ဒကာက “တပည့်တော်က ပြည်စိုးကြီးပါဘုရား၊ တပည့်တော် နာမည်ကတော့ ငလူထွားပါတဲ့၊ အလုပ်အကိုင်ကတော့ သားရိုးသမင်ချိုပါဘုရား”ဟု လျှောက်ထားရာ ဗဟုသုတ ၀ါသနာကြီးလှသော ဘုန်းတော်ကြီးက မှတ်စုစာအုပ်တွင် “ပြည်စိုးကြီးသား ငလူထွား သားရိုးသမင်ချို”ဟု ရေးမှတ်ထားလေ၏။
နောက်တစ်နေ့ ရွာထဲ၌ အလှူရှိ၍ သီလပေးလေရာ၊ ဒကာများက “ဆရာတော်မှာ မေ့တတ်လွန်း၍ ဒုတိယမ္ပိ တတိယမ္ပိ မပါပါဘုရား၊ မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ထားလျှင် ကောင်းပါမည်ဘုရား”ဟု လျှောက်ထားပြန်ရာ၊ သားရိုးသမင်ချိုစာပိုဒ်နှင့် ဆက်၍ “ဒုတိယမ္ပိ ဆက်၍ဆို” ဟု ရေးမှတ်ထားပြန်လေ၏။
နောက်တစ်နေ့ ဒကာနှစ်ယောက် ရောက်လာပြန်ရာ ရှေးအတိုင်း “ဒကာတို့ဘယ်ကပါလဲ၊ ဒကာတို့အရပ်မှာ ဘာသတင်းထူးများ ပါရှိသလဲ”ဟု မေးမြန်းရာ၊ ပထမ ဒကာက “တပည့်တော် ရေစကြိုကပါဘုရား၊ တပည့်တော်တို့အရပ်မှာ သတင်းထူးတာကတော့ မိသာအေး ဆိုတဲ့ ဒကာမတစ်ယောက်ဟာ ကလေးသုံးယောက်တောင်မှ မွေးပါသတဲ့ ဘုရား”ဟု လျှောက်ထားလေ၏။
ဒုတိယဒကာက လျှောက်ပြန်သည်မှာ “တပည့်တော်က ကလေးဝကပါဘုရား၊ တပည့်တော်တို့အရပ်မှာ သတင်းထူးတာကတော့ မိသီဒါဆိုတဲ့ ဒကာမတစ်ယောက်ဟာ ဆံပင်သုံးတောင်ထွာ ရှည်ပါသတဲ့ဘုရား”ဟု လျှောက်ထားပြန်ရာ၊ ဘုန်းတော်ကြီးက မှတ်စုစာအုပ်တွင် ဒုတိယမ္ပိ၊ တတိယမ္ပိ ဆက်၍ဆိုနှင့် ဆက်လျက် “ရေစကြိုက မိသာအေး ကလေးသုံးယောက်မွေး၊ ကလေးဝက မိသီဒါ ဆံပင်သုံးတောင့်ထွာ”ဟု ရေးမှတ်ထားလေသည်။
နောက်များမကြာမီ ဘုန်းတော်ကြီး ပျံလွန်တော်မူရာ ဘုန်းတော်ကြီး ဗဟုသုတ လိုက်စားမှန်းကိုသိကြသော တပည့်ဒကာ ရဟန်း သာမဏေ တို့က ဗဟုသုတ ရေးမှတ်ထားသော စာအုပ်ကြီးတွင် ကောင်းနိုးရာရာကို ရေးမှတ်ယူကြလေသည်။ ထိုအထဲတွင် ဦးပဉ္စင်းကြီးတစ်ပါးက ဘုရားရှိခိုးထင်မှတ်၍ ဆရာတော်၏ မှတ်စုစာအုပ်ထဲမှ ကူးယူကျက်မှတ်ပြီးလျှင် ည နံနက် ၀တ်တက် ၀တ်ကပ်အချိန်တွင် “ပြည်စိုးကြီးသား ငလူထွား သားရိုးသတင်ချို၊ ဒုတိယမ္ပိ တတိယမ္ပိ ဆက်၍ဆို၊ ရေစကြိုက မိသာအေး ကလေးသုံးယောက်မွေး၊ ကလေးဝက မိသီဒါ ဆံပင် သုံးတောင့်ထွာ၊ သြကာသ သြကာသ”ဟု ဖတ်သရဇ္ဈာယ် နေလေတော့သည် ဟူ၏။

**လူထု-ဦးလှ**

***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)