(ဟူစတန်၊ စက်တင်ဘာလ ၁၉-ရက်)
ကမ္ဘာ့လေကြောင်းလိုင်းများသည် ၂၀၀၉-ခုနှစ်တွင် ယခင်က မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားသော အခြေအနေများဖြင့် ရင်ဆိုင်ရဖွယ် အလားအလာရှိကြောင်း၊ ၀င်ငွေ အမေရိကန်ဒေါ်လာ (၁၁-ဘီလီယံ)ဆုံးရှုံးမည့် အနေအထားရှိကြောင်း၊ လက်ရှိကြုံတွေ့နေရသော ကမ္ဘာတ၀ှမ်း စီးပွားရေးကျဆင်းနေမှုသည် ၂၀၀၁-ခုနှစ် စက်တင်ဘာလ ၁၁-ရက်နေ့က အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အုံ(WTO)အဆောက်အအုံကြီး အကြမ်းဖက်ခံရစဉ် အခါက ရင်ဆိုင်ရသည့်
အခြေအနေထက်ပိုပြီး ဆိုးလာနိုင်ကြောင်း အရပ်ဘက်လေကြောင်းလိုင်းဆိုင်ရာ လုပ်ငန်းရှင်များအဖွဲ့က စက်တင်ဘာလ ၁၅-ရက်နေ့က ပြောကြားသည်။ (ဆင်ဟွာ)
*** ဥရောပတွင် ချထားမည့် ဒုံးကာကွယ်ရေးအစီအစဉ်အား ကန်ကဖျက်သိမ်းခြင်းကို ရှားက လက်ကမ်းကြိုဆို**…
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာလ ၁၉-ရက်)
အမေရိကန်နိုင်ငံက အရှေ့ဥရောပဒေသတွင် ချထားရန်စီစဉ်နေသော ဒုံးလက်နက်ကာကွယ်ရေး အစီအစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ထိုကိစ္စအား ကြိုဆိုပါကြောင်း ရုရှားနိုင်ငံက ကျေညာလိုက်ပြီး ရုရှားသမ္မတမက်ဗီဒက်ကလည်း အမေရိကန်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားသည်။ အမေရိကန်သမ္မလောင်း ဂျော့ခ်ျဒဗလှူဘုရှ်လက်ထက်က ဒုံးလက်နက်ကာကွယ်ရေး အစီအစဉ်ကို ပိုလန်နှင့် ချက်နိုင်ငံတို့၌ ထားရှိဆောင်ရွက်ရန် စီစဉ်ခဲ့သည်။ ယင်းကိစ္စကို လက်ရှိ အမေရိကန်သမ္မတ အိုးဘားမား လက်ထက်တွင် ဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာလ ၁၇-ရက်နေ့က ကျေညာလိုက်ခြင်းဖြစ်၏။ (အင်တာနက်)
*** အီရန်နိုင်ငံသည် ညူလက်နက်ထုတ်လုပ်နိုင်စွမ်းရှိသည် ဆိုသောသတင်း မမှန်ကန်ကြောင်း IAEA က ထုတ်ပြန်ကျေညာ**…
(ဂျေရုဆလင်၊ စက်တင်ဘာလ ၁၉-ရက်)
ယခုအခါ အီရန်နိုင်ငံသည် ညူကလီးယားဒုံထုတ်လုပ်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး ညူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သည့် ဒုံးလက်နက်ကိုလည်းထုတ်လုပ်သွားရန် အစီအစဉ်ရှိကြောင်းကို နိုင်ငံတကာ ညူကလီးယားအေဂျင်စီ(IAEA)မှ ကျွမ်းကျင်သူများက အစီရင်ခံတင်ပြထားကြောင်း၊ သို့ရာတွင် အထက်ပါသတင်းတွင်ပါရှိသော ဖော်ပြချက်သည် ဟုတ်မှန်မှု မရှိကြောင်း IAEA ကငြင်းဆိုထားသည်။ အီရန်နိုင်ငံ၏ ညူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ခိုင်လုံသော သက်သေအထောက်အထားတစုံတရာမရှိဟု ထုတ်ပြန်ဖော်ပြထားသည်။ (အင်တာနက်)
*** နေစကြာဝဌာ၏ အပြင်ဘက်တွင် ကျောက်သားများ ရှိသောဂြိုလ်အား တွေ့ရှိ**…
နေစကြာဌာအပြင်ဘက်တွင် ကမ္ဘာမြေနှင့် သိပ်သည်း မှုအလားသဏ္ဍာန်တူသော ကျောက်သားများရှိသည့် ဂြိုလ်တစ်လုံးအား နက္ခတ္တဗေဒပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဥရောပနက္ခတ္တဗေဒအဖွဲ့၏ လေ့လာဖော်ပြချက်အရ စက်တင်ဘာလ ၁၆-ရက်နေ့ထုတ် သတင်းများက ဖော်ပြသည်။ (အင်တာနက်)
*** ဂျာမနီနိုင်ငံ (အထက)တစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်/ကျောင်းသား ၉-ဦးဒဏ်ရာ ရရှိ…
ဂျာမနီးနိုင်ငံ တောင်ပိုင်း၊ အင်စဘတ်ခ်ျမြို့ရှိ (အထက)တစ်ခုတွင် စက်တင်ဘာလ ၁၇-ရက်နေ့၊ နံနက်ပိုင်းက ၁၉-နှစ်အရွယ် အမျိုးသားတစ်ဦးက ပုဆိန်တစ်လက်ဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား ၉-ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ၂၀၀၉-ခုနှစ်တွင် ကမ္ဘာ့လေကြောင်း လိုင်းများ ၀င်ငွေကျဆင်းမည်ဟု ခန့်မှန်းထား**…

No comments:
Post a Comment