(တီဟီရန်၊ စက်တင်ဘာလ ၅-ရက်)
အီရန်နိုင်ငံအတွင်း (အေကေ- ၁-၃ အပေါ့စား ရဟတ်ယာဉ်များ)ကို အီရန်နှင့် ယူကရိန်းနိုင်ငံတို့မှ ပူးပေါင်းထုတ်လုပ်ရေး သဘောတူညီမှုတစ်ရပ်ကို ရရှိသွားပြီ ဖြစ်ကြောင်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အီရန်နိုင်ငံသို့ ရဟတ်ယာဉ်များ ထုတ်လုပ်ရေးနည်းပညာလွှဲပြောင်းပေးရန် ယူကရိန်းနိုင်ငံရှိ `ပိုလ်တာဗာ´ရဟတ်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း အီရန်လေကြောင်းနှင့် အာကာသအဖွဲ့အတွင်းရေးမှူး ဆာရတ်ဂျာအတ်အီဘင်အယ်ရာဇာက
ပြောကြားသည်။ အင်ဂျင်တစ်လုံးတပ် `အေကေ ၁-၃´အပေါ့စား ရဟတ်ယာဉ်မှာ လူနှစ်ဦးစီးနင်းလိုက်ပါကာ စုစုပေါင်း အလေးချိန် (၁၄၃၃)ပေါင်ကို တင်ဆောင်ပျံသန်းနိုင်ပြီး ရဟတ်ယာဉ်တစ်စင်းအတွက် အမေရိကန်ဒေါ်လာ (၁၅၀၀၀၀)ကုန်ကျမည်ဖြစ်သည်။ (အင်တာနက်)
*** ကုလသမဂ္ဂ ပြုပြင်ပြောင်း လဲရေးကိစ္စ၊ အထွေထွေညီလာခံဥက္ကဌက ဆွေးနွေး….
(ဟာဗားနား၊ စက်တင်ဘာလ ၅-ရက်)
ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌ-`မိုက်ကယ်ဒီအက်စ်ကိုတိုဘရောစ်မန်း´သည် ကာရစ်ဘီယံဒေသကျူးဘား နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ကျူးဘားနိုင်ငံ၊ ယာယီနိုင်ငံခြားရေးဝန်ကြီး- မာစယ်လီနိုမက်ဒီနာနှင့် စက်တင်ဘာလ ၃-ရက်နေ့က တွေ့ဆုံခဲ့စဉ် `ကုလသမဂ္ဂအဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲပစ်ရန်လိုအပ်ကြောင်း´ ဆွေးနွေးခဲ့ကြသည်ဟု အင်တာနက် သတင်းမှာ ဖော်ပြသည်။ ယင်းသို့ ဆွေးနွေးကြစဉ် ကုလသမဂ္ဂအဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲရန်အတွက် လိုအပ်ချက်နှင့်တကွ အမေရိကန်နိုင်ငံတွင် ဖမ်းဆီးခံထားရသော ကျူးဘားလူမျိုး ၅-ဦးနှင့် စပ်လျဉ်းသော ကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (အင်တာနက်)
*** ၂၀၁၀-ခုနှစ်၊ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ရေကြောင်းလုံခြုံရေးသရုပ်ပြလေ့ကျင့်…
(ကျိကျန်း၊ စက်တင်ဘာလ ၅-ရက်)
တရုတ်နိုင်ငံတွင် (၂၀၁၀)ခုနှစ်၊ ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲ၏ လုံခြုံရေး ဆိုင်ရာလေ့ကျင့်မှုတရပ်အဖြစ် တရုတ် အရှေ့ပင်လယ်၌ စက်တင်ဘာလ ၄-ရက်နေ့က ရေကြောင်း ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ (အင်တာနက်)
*** ဆားဘီးယားနိုင်ငံရှိ ဂရိသံရုံးကို တိုက်ခိုက်ရန် ကြိုးစားသူများအား ဖမ်းမိ…
ယခင်ယူရိုဆလားဗီးယား ပြည်ထောင်စု၏ ဗဟိုနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော ဆားဘီးယားနိုင်ငံရှိ ဂရိနိုင်ငံသံရုံးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားသူ ၄-ဦးအား ဆားဘီးယားရဲတပ်ဖွဲ့က စက်တင်ဘာလ ၅-ရက်နေ့မှာ ဖမ်းဆီးမိခဲ့ကြောင်း ဆားဘီးယားနိုင်ငံ အရာရှိများက ပြောကြားသည်။ (အင်တာနက်)
***ဘာသာပြန်-မောင်ချစ်ကြည်**
*** ယူကရိန်နိုင်ငံ၏ နည်းပညာဖြင့် ရဟတ်ယာဉ်များအား အီရန်တည်ဆောက်**…

No comments:
Post a Comment