*** ပန်းသီးနှင့် ဗီတာမင်ဓာတ် သတ္ထုဓာတ်များပါဝင်မှု….
ပန်းသီးနှင့် ဗီတာမင်နှင့် သတ္ထုဓာတ်များ အများအပြားက တုနှိုင်းမရအောင် ပေါင်းစပ်ပါဝင်သည်ဟု လူသိများ သည်။ တစ်နေ့လျှင်ပန်းသီးတစ်လုံးသုံးလျှင် ရောဂါကင်းဝေးသည်ဟု အဆိုရှိသည်။ ဗီတာမင် (အေ)၊ ဗီတာမင် (စီ)နှင့် အာဟာရတွင် ပါဝင်သော အမျှင်ဓာတ်အများအပြားလည်း ပန်းသီးတွင် တွေ့ရသည်ဟု ဆို၏။
ထိုမျှအာဟာရဓာတ်ပြည့်ဝသော ပန်းသီးကို အစိမ်းလိုက်သော်လည်းကောင်း၊ အချိုပွဲအများအပြားနှင့် အသုပ်များတွင်ထည့်၍ သော်လည်းကောင်း စားနိုင်သည်။ အာဟာရဓာတ်အများအပြားမှာ ပန်းသီး၏ အခွံတွင်တွေ့ရှိရသဖြင့် အခွံကိုလှီးမပစ်ပဲ စားသုံးခြင်းမှာ အသင့်လျော်ဆုံး ဖြစ်သည်။ ပန်းသီးကို စားသုံးခြင်းဖြင့်အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အူမကြီးကင်ဆာအပါအ၀င်ကင်ဆာရောဂါ အများအပြားကို ကာကွယ်နိုင်သည်ဟု ဆိုသည်။ ပန်းသီးကို မှန်မှန်စားလျှင် ကိုလက်စထရော ၁၆-ရာခိုင်နှုန်းလျော့ပါးစေသည်။ ထို့အပြင် ဆီးချိုရောဂါ၊ ကုသရာတွင်လည်း အထောက်အကူဖြစ်စေ၏။ နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ပန်းသီးမှန်မှန်စားခြင်းဖြင့် ပန်းနာရင်ကြပ်ဖြစ်သူ ကလေးသူငယ်များမှာ ရောဂါသက်သာလာကြောင်း သိရသည်ဟု ဆို၏။ (အင်တာနက်)
***(Public Health)***

No comments:
Post a Comment