(စက်တင်ဘာလ ၄-ရက် ၂၀၀၉) ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော ချင်းမိုင်မြို့နေ မြန်မာကလေးငယ် (မောင် သောင်ဒီ၊ Mong Thongdee)ကို ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဂျပန်ရိုးရာ အိုရီဂါမီစက္ကူလေယာဉ် ပျံပြိုင် ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံက နိုင်ငံကူးလက်မှတ်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ဤဆုံးဖြတ်ချက် သည် မိမိတစ်ဦးထဲ ဆုံးဖြတ်ချက်မဟုတ်ပဲ လူ့အခွင့်အရေးကို လေးစားလိုက်နာသော ထိုင်းအစိုးရအဖွဲ့ တစ်ဖွဲ့ လုံး၏ ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း ထိုင်းဝန်ကြီးချုပ် အဘိဆစ်က ပြောဆိုလိုက်သည်။ ယခုရက်ပိုင်းက မောင် သောင်ဒီကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ထိုင်းပြည်ထဲရေးဌာနက မူလက ငြင်းပယ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနှင့် ထိုင်းလူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်တောင်းဆိုခဲ့ကြသည်။ (VOA)
(စက်တင်ဘာလ ၃-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ အထင်ကရ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်သော ၀ပ်လွမ်(ခေါ်)ကျောင်းကြီးကျောင်းတွင် သစ်သီး၊ ပန်း၊ ဆွမ်းဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းအစုစုကို စုပေါင်းလှူဒါန်းကြသော `ဆွမ်းတော်ကြီးတင်ပွဲကို ယနေ့ မွန်းလွဲ(၂း၃၀)နာရီမှ စတင်ကျင်းပသည်ကို တွေ့ရသည်။
(စက်တင်ဘာလ ၂-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ အရှေ့ပိုင်း၊ ဆာဘားပြည်နယ်၏ ကမ်းရိုးတန်းအရှေ့ဘက် ရေပြင်တွင် ပေါက်ကွဲစေတတ်သော ခံယမ်းမီးကျောက်များ အများအပြားတင်ဆောင်လာသည့် စက်လှေတစ်စင်းကို မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာလ ၂-ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ (အင်တာနက်)
ဖြစ်ရပ်-၂။ ။ အာရှတိုက်တွင် အကြီးဆုံး ဆေးရုံကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စက်တင်ဘာလ ၂-ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း၊ ကျန်းမာရေးအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သောဆေးရုံကြီး ဖြစ်ကြောင်း ထိုင်းကျန်းမာရေးအရာရှိများက ပြောကြားသည်။ (အင်တာနက်)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် တာချီလိပ်မြို့၏ တဖက်ကမ်း မယ်ဆိုင်မြို့ရှိ တရုတ်ဘုံကျောင်းတွင် ဆန်လှူပွဲကို ယနေ့ကျင်းပခဲ့ကြောင်း အနည်းဆုံး မြန်မာပြည်သား ၅၀၀၀-ခန့် လာရောက်အလှူခံကြကြောင်း သတင်းရရှိသည်။ (BBC)
(စက်တင်ဘာလ ၁-ရက် ၂၀၀၉) ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်ဒေသရှိ Lim Line Co.Ltd အထည် ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၂၄-ယောက်တို့သည် ယနေ့ အလုပ်ထုပ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ (NMG)

No comments:
Post a Comment