(၀ါရှင်တန်၊ စက်တင်ဘာလ ၂၇-ရက်)
လမျက်နှာပြင်၌ ရေမော်လီကျူးများရှိသည့် သက်သေအထောက်အထားများတွေ့ရှိကြောင်း အမေရိကန်နိုင်ငံဘရောင်း တက္ကသိုလ်နှင့် အခြားသောသုတေသနအဖွဲ့အစည်းအများမှ သိပ္ပံပညာရှင်များက စက်တင်ဘာလ ၂၅-ရက်နေ့တွင် ကျေညာသည်။ ယင်းလေ့လာတွေ့ရှိချက်များကို သိပ္ပံဂျာနယ်၌ စက်တင်ဘာလ ၂၆-ရက်နေ့တွင် ဖော်ပြသည်။ မိမိတို့ အနေဖြင့်
ယင်းလေ့လာတွေ့ရှိမှုသည် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဘရောင်းတက္ကသိုလ်မှ ဘူမိသိပ္ပံပါမောက္ခ ပီတာက ပြောကြားသည်။ (ဆင်ဟွာ)
*** A(H1N1)ရောဂါဖြင့် သေဆုံးသူ ကမ္ဘာပေါ်၌ (၃၉၀၀)ကျော်ရှိ…
(ဂျီနီဗာ၊ စက်တင်ဘာလ ၂၇-ရက်)
ကမ္ဘာတ၀ှမ်းလုံးတွင် ဧပြီလ၌ A(H1N1)တုပ်ကွေးရောဂါစတင်ဖြစ်ပွားပြီးနောက် ထိုရောဂါဖြင့် ယခုအထိသေဆုံးသူ စုစုပေါင်း (၃၉၁၇)ဦးရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စက်တင်ဘာလ ၂၅-ရက်နေ့မှာ ကျေညာလိုက်သည်။ သေဆုံးသူများတွင် အမေရိကန်ပြည်ထောင်စုမှ (၂၉၄၈)ဦး အနောက်ပစိဖိတ်ဒေသမှ (၃၆၂)ဦး၊ အရှေ့တောင်အာရှမှ (၃၄၀)ဦး၊ အရှေ့မြေထဲပင်လယ်ဒေသမှ (၇၂)ဦးနှင့် အာဖရိကမှ (၄၁)ဦး အသီးသီး ဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာ)
*** အီရန်နိုင်ငံက ပြည်တွင်းလုပ် တာဝေးပစ်ဒုံးကျည်စမ်းသပ်…
အီရန်နိုင်ငံက တာဝေးပစ်ဒုံးကျည်တစ်စင်းကို စက်တင်ဘာလ ၂၈-ရက်၌ စမ်းသပ်လွှတ်တင်ခဲ့ကြောင်း၊ ယင်းဒုံးကျည်သည် ပြည်တွင်းလုပ် ဒုံးကျည်ဖြစ်ကြောင်း အီရန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** အာဖရိက- တောင်အမေရိက ထိပ်သီးအစည်းအဝေးအား ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပ…
ဒုတိယအကြိမ်မြောက် `အာဖရိက- တောင်အမေရိက´ထိပ်သီးအစည်းအဝေးအား ဗင်နီဇွဲလားနိုင်ငံ၊ အနောက်မြောက်ပိုင်း ပေါလာမာမြို့တွင် စက်တင်ဘာလ ၂၇-ရက်နေ့၌ ကျင်းပခဲ့ကြောင်း၊ အာဖရိကနှင့် တောင်အမေရိကနိုင်ငံပေါင်း(၂၀)မှ ခေါင်းဆောင်များ တက်ရောက်ကြကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ငြိမ်းချမ်းရေး ညူကလီးယား အစီအစဉ်အား ယူအေအီးနိုင်ငံက စတင်မည်…
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီ)နိုင်ငံက ငြိမ်းချမ်းစွာ ညူကလီးယားအသုံးပြုရန်အတွက် ညူကလီးယား အစီအစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံခြားရေးဝန်ကြီး- ရှိတ်အဗ္ဗဒူလာဘင်ဇာ ယတ်အယ်နာယန်က စက်တင်ဘာလ ၂၇-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
*** ဂါဇာမြို့နှင့် အီဂျစ်နယ်စပ် ဆက်သွယ်ထားသော ဥမင်လိုဏ်ခေါင်းပြိုကျ၊ ၉-ဦးသေဆုံး…
ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာမြို့နှင့် အီဂျစ်နိုင်ငံ နယ်စပ်ကိုဆက်သွယ်ဖောက်လုပ်ထားသော မြေအောက် ဥမင်လိုဏ်ခေါင်းတစ်ခုသည် စက်တင်ဘာလ ၂၇-ရက်နေ့က ပြိုင်ကျခဲ့ရာ လူ ၉-ဦးသေဆုံးပြီး ၂-ဦးဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** လမျက်နှာပြင်၌ ရေရှိသည့် အထောက်အထားအား အမေရိကန်သိပ္ပံပညာရှင်များလေ့လာတွေ့ရှိ…

No comments:
Post a Comment