မြို့နယ်တရားရုံးတစ်ခုတွင် တရားသူကြီးသည် လင်မယားကွာရှင်းလိုမှု တစ်ခုကို စီရင်ချက် ချမှတ်ရမည်ဖြစ် သည်။ တရားရုံးသို့ရောက်လာကြသော လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စောင်းခဲ၍ (မာန် စောင်၍) နေကြသည်။
`ကဲ… မင်းတို့ လင်မယားနှစ်ယောက် ညှိုနှိုင်းလို့မရတာကြောင့် ကွာရှင်းပေးဖို့ ဆုံးဖြတ်ချက်ချတယ်။ မင်းတို့နှစ် ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကိုလဲ အညီအမျှ ခွဲဝေယူစေ´

`တရားသူကြီးမင်းခင်ဗျာ၊ ကျနော် တစ်ခုမှ မယူဘဲ သူ့ကိုပဲ အကုန်လုံး ပေးလိုက်ချင်ပါတယ် ခင်ဗျာ၊ ခွင့်ပြုပါ…´
`တရားသူကြီးမင်းရှင့် ဒါသက်သက် သူမတရားလုပ်နေတာပါ။ ကျမတို့မှာ ပေးစရာအကြွေးတွေနဲ့ ကျွေးစရာ ကလေးတွေပဲ ရှိတာပါ´
`ဟုတ်လား မောင်မင်း၊ တရားရုံးကို ခုတုံးလုပ်ဖို့ မကြိုးစားနဲ့၊ ကျုပ်ပြောတဲ့အတိုင်း အညီအမျှသာ ခွဲဝေယူကြ´
`ကျမတို့မှာ ကလေးသုံးယောက်ရှိပါတယ်။ အဲဒါ ဘယ်လိုလုပ်ခွဲရမလဲ…´
`ဒါကတော့ မောင်မင်းတို့ချင်း ညှိုနှိုင်းကြပါ´
`ဟဲ့ သေနာကောင် နင် ငါနဲ့ ပြန်လိုက်ခဲ့ဦး…´
ထို့နောက် တရားသူကြီးဘက်သို့ လှည့်ကာ…
`တရားသူကြီးမင်းရှင့်၊ ကလေး လေးယောက်ရမှ တရားသူကြီးဆီ လာခဲ့ပါဦးမယ်…´
ညွန့်လွင့် (လပြည့်ဝန်းမဂ္ဂဇင်း၊ ၂၀၀၇- မတ်လ)မှ

No comments:
Post a Comment