ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 1, 2009

လင်ယောက်ျား အရောင်းဆိုင်

> လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ
ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ
ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။
စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့
ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက "သင် တစ်ကြိမ်သာ
လာရောက်ခွင့် ရှိသည်" တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန်

ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ
ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို
မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့်
အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို
ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ
အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း
စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့်
ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။
(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က
(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်သော အမျိုးသားများ

တတိယထပ်ရဲ့ ဆိုင်းဘုတ်က
(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ

"ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ
ဆုံးဖြတ်လိုက်တယ်။

အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။
(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ
ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ

"ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ
ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က
(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း

ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက
ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက
နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က
ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က
(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက်
ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့
အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို
ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင်
ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
xxxxxx ဝဝဝဝဝဝ xxxxxxဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။
အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင်
ရေးထားတာ ဆိုပေမယ့် ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ
လူသဘာဝမို့ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့
သက်ဆိုင်မယ်လို့ ထင်တယ်။ ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့်
ရှိမယ်ဆိုရင် ၆ လွှာအထိ ဒီအတိုင်း တက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ
တက်သွားပြီး ဖွက်ထားဦးမလားလို့ တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့်
ရှိတာကိုးဗျ။ ဒီတော့ စိတ်တိုင်းမကျမချင်း ဆက်ရွေးနေဦးမှာ သေချာတယ်။
ဒါကြောင့်လည်း တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ
ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ ရွေးချယ်ခွင့် များလေလေ ထွေပြီး
ဘာယူရမှန်း မသိလေလေပဲလေ။ တစ်ခါတလေတော့လည်း ဘာမှ မရွေးရဘဲ တစ်ခုတည်းကို
လက်ခံရတာ စိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ
ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။
လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ် လို့
ဆိုပါတယ်။

ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော်
ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။
ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော်
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့
သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။ လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့်
ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ
အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့ အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ
ထင်သာတဲ့ ပြဿနာက အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့
အရွယ်ရောက်မယ့်သူ ဦးရေ (Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့
တစ်စိတ်တစ်ပိုင်း အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊
လူပျိုကြီးတွေကို အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို
ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့
အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။
ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ အဲဒီ အချက်
ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့....
"မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း"တဲ့။
***Htoo Aung**

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)