*** နှလုံးရောဂါကင်းဝေးစေသည့် သီဟိုဠ်သရက်စေ့…
သီဟိုဠ်သရက်စေ့သည် အခြားသော အခွံမာအသီးအများစုထက် အဆီပိုနည်းသည်။ ၇၅-ရာခိုင်နှုန်းသာရှိသည်။ ထိုမျှမက ယင်းမှာ မပြည့်ဝ အဆီအက်စစ်ဖြစ်ပြီး မပြည့်ဝအဆီ အက်စစ်၏ ၇၅-ရာခိုင်နှုန်းမှာ အဆီအက်စစ်ဖြစ် သည်ကို တွေ့ရသည်။ ထိုအဆီအက်စစ်က နှလုံးသွေးကြောနှင့်ဆိုင်သော ကျန်းမာရေးကို ပိုမိုကောင်းမွန်စေ သည်။
ဆီးချို သွေးချိုဖြစ်သူ တစ်ဦးချင်း၏ ကျန်းမာရေးကိုပါ ကောင်းမွန်စေကြောင်း လေ့လာတွေ့ရှိရသည်။ သီဟိုဠ်သရက်စေ့တွင် ကြေးနီဓာတ်လည်းပါဝင်သည်။ ကြေးနီဓာတ်လိုအပ်သလို မရှိလျှင် မကျန်းမမာ ဖြစ်စေတတ်သည်ဆို၏။ သီဟိုဠ်သရက်စေ့ စားဖြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ သက်သာကြောင်း စစ်တမ်းတွေ့ရှိချက်များသာ ညွှန်ပြနေသည်။ ရက်သတ္တပတ်လျှင် အနည်းဆုံး လေကြိမ်စားသူသည် မစားသူထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၇-ရာခိုင်နှုန်းနည်းသည်။ ထို့ကြောင့် နှလုံးရောဂါကင်းဝေးရန် အနည်းဆုံး ရက်သတ္တပတ်လျှင် သီဟိုဠ်သရက်စေ့ တစ်လက်ခုပ်ခန့် လေးကြိမ်စားသင့်ကြောင်း အကြံပေးထားသည်။ (အင်တာနက်)
+++(Public Health)++

No comments:
Post a Comment