ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 11, 2009

11Dec,09//ခေတ်သစ်ရန်ပွဲ !!

> ***ဇာတ်လမ်းအစ...***
အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အ၀င် ကောင်တာတွင်
ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိနေ၏။
ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေး။ကောင်မလေးများ။ မျက်စိအစာကျွေးနေသောဦးလေးကြီးများ တစ်ဖက်အခန်းတွင်
ဖရုသ၀ါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game ဆော့နေကြသော
အရွယ်မျိုးစုံယောက်ျားလေးများလည်းရှိနေကြသည်။

ထိုအချိန်တွင် ဆိုင်အတွင်းသို့
ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို
စိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော
အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည်။
“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း ’’
“ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော်’’

“ လိုင်းတွေကရောကောင်းရဲ့လားကွယ်
ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့်။ အန်တီ့သမီးလေးက
စင်ကာပူမှာလေ။ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့။

အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ။်ခဏခဏပဲ ။အန်တီက
သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ။
တကယ်ဆိုအန်တီကလေ..ဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး။ သိတယ်မှတ်လား။
ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon
အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ”

“ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ…
လှစ်လှစ်ကိုပြေးနေတာပ ။ပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄
နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်..
ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော်။ ဟယ်လို ဟယ်လို
ကြားရလားခဏလေးနော်။ ရော့အန်တီ ..ပြောလို့ရပါပြီ ”…

“အေး သမီးရေ.. မေမေပါ ..ကြားရလား။သမီးလေး။သမီးလေးနေကောင်းရဲ့လား…
ဒီနေ့သမီးလေးနားရက်ဆိုလို့
မေမေလာခဲ့တာလေသမီးရဲ့။သမီးဖေဖေကတော့မလိုက်လာဘူးလေ။
သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် ။တကယ်တော့ဘာရှက်စရာလဲ သမီးရယ်
ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ။
သူများတွေများဒီလိုအခွင့်ရလို့လား။ လမ်းထဲကမိန်းမတွေကလေ…
မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား။
သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ်။် မေမေကလေ…
ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့
မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ။
ဒါမှ သူပြောတာကိုယ်သိကိုယ်ပြောတာသူနားလည်ဖြစ်မှာပေါ့သမီးရဲ့ နော်..”

ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ
အမျိုးသားကြီးတစ်ဦးဝင်လာသည်။်ကောင်တာမှကောင်မလေးကို “သမီး
ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” “ဦးလေးသားကဘယ်သူလဲရှင်”
“ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “
ဟာ.. မဟုတ်ဘူးလေ သမီးရဲ့။ ဦးလေးသားက မလေးရှားမှာလေ။
သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ။
အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်။ဦးလေးကခုမှလာဖူးတာ။
ငါ့တူမပဲခေါ်ပေးပါအုန်း ”

(အမျိုးသမီးကြီး……… )
သမီးအလုပ်ရောအဆင်ပြေရဲ့လားသမီးရေ ။အမ်..ဘာဖြစ်တယ် ဘာလျှောက်တာမရဘူး။ (PR) ဟုတ်လား လျှောက်မနေပါနဲ့သမီးရယ်။ ၀ယ်လိုက်ပါလား.. အဲဒါကို။
..သြော်မရဘူးလား…၀ယ်လို့။ အေးလေ…ဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲကွယ်။
မေမေကပိုက်ဆံပေးရင်ဝယ်လို့ရမယ်ထင်နေတာသမီးရဲ့….
ဒါဆိုသမီးလေးကဘယ်လိုလုပ်မှာလဲ ဒီလကုန်မှာ…
သမီးနေရမယ့်ရက်ပြည့်သွားပြီဟုတ်လား ။အဲလိုဆိုတော့ သမီးကပြန်လာရမှာလား။
ပြန်တော့မလာနဲ့သမီးရယ…် ရပ်ကွက်ထဲကလူတွေကအတင်းပြောကြမှာ။

( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……)
ဟယ်လို ဟယ်လို… မလေးရှားကလားရှင်။ ခဏလေးနော..် မြန်မာပြည်ကဆက်တာပါ။
ဦးလေးရပြီနော်.. ပြောလို့ရပါပြီ ။ဟယ်လို ..ဟယ်လို…. သားလားကွ။ ငါပါ.. မင်းအဖေလေ။
အေး ….ခွီးတဲ့မှပဲကွာ ။မင်းကလည်း ငါတို့ကိုအဆက်အသွယ်တောင်မလုပ်တာကြာပြီ။
မင်းအဆင်ပြေရဲ့လား…. ဘာဖြစ်တယ် ..အိုဖြစ်သွားလို့ဟုတ်လား… မင်းက
မိန်းမဘယ်တုန်းကယူလိုက်လို့ အိုသွားတာတုန်းကွ။ မင်းကွာ…
မိဘကိုတောင်မတိုင်ပင်ပဲ ဘိုမတွေကိုယူလိုက်တာလားကွာ။
ဒါတော့ငါသိပ်စိတ်ဆိုးတယ်… သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ။ဒါဆိုလည်းပြန်လာလေကွာ။
မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ်။ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ။
ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ။ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ။မင်းသွားတုန်းက အဘတို့ရောင်းလိုက်ရတဲ့လယ်တွေနဲ့နွားမကြီးလည်းအခုပြန်ဝယ်ပြီးပါပြီကွ။ငါတို့ဒီမှာအားလုံးအဆင်ပြေတယ်။
မင်းပို့တဲ့ပိုက်ဆံတွေအဘတို့ မဖြုန်းပစ်ပါဘူးကွာ။

(အမျိုးသမီးကြီး……….)
ဟိုဟာလေသမီးအရင်နေတဲ့ အက်စ်ပတ် ( S- pass ) ဆိုလား ဘာလား…
အဲဒါကိုပဲပြန်လုပ်ပါလားသမီးရဲ့။လုပ်ထားလား။ အေး… အေးကောင်းတယ်သမီး။
ပြန်လာဖို့တော့မစဉ်းစားပါနဲ့သမီးရယ်။ နော် ….မရခင် ရက်ပြည့်သွားရင်
အဲဒီမှာနေလို့မရတော့ဘူး ဟုတ်လား။ ဒါဆိုဘယ်လိုလုပ်ရမှာလဲကွယ့်။
Stay ရှောင်ရမယ်။ အေးလေ…ဘယ်တတ်နိုင်ပါ့မလဲကွယ။် ဒါနဲ့…
သမီးကဘယ်ကိုသွားမှာလဲ ။ဘယ်လိုဘယ်လို အော်ဇီ ဟုတ်လား။ ဘာတုန်းသမီးရဲ့။
အော်ဇီဆိုတာဘာတုန်းမေမေမှမသိတာ။ သြော် Australia ကိုလား…
အင်းသမီးကသွားမှဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။သွားပေါ့ကွယ်။
ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး။ မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့။
ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ။်သမီးလိုရင် ညည်းဖေဖေမသိအောင်
မေမေပို့ပေးမှာသိလား ပြန်သာမလာနဲ့ နော်။

(အမျိုးသားကြီး………….)
မင်းတို့က မိုးမလင်းခင်ကတည်းကအလုပ်သွား
မိုးစုန်းစုန်းချုပ်မှပြန်လာရတာဆိုကွ။ ရွာမြောက်ပိုင်းက
ဖိုးထောင်ကသူ့အိမ်ကို စာရေးတာအဲလိုမျိုးပါတယ်တဲ့ကွ။
ပင်ပန်းတာလည်းလွန်ပါရောဆို ။ညပြန်ရောက်တာနဲ့ တချိုးတည်းအိပ်တာ
အချင်းချင်းတောင်စကားမပြောနိုင်ဘူးဆို။
မင်းတို့ဟာကလည်းကွာ ရွာမှာလယ်လုပ်တာထက်ပိုဆိုးနေပါလားကွာ။
ဟိုပွဲစားပြောသွားတုန်းကတော့ အဘတို့တတွေ အေးအေးနေတော့ဆိုကွ။

အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး။ Aircon
ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို… ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့။
နေပစေအုန်း။ တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင်
ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ။ဘာမလုပ်ပါနဲ့လဲကွ။
ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ ။မင်းကလည်း
ေ….ာက်ရေးမပါတာ။ ဘာဂရုစိုက်ရမလဲကွ။ မင်းအဘငါ့အကြောင်းလဲသိတယ်မလား။

(အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. )
အို … အသံကြီးကလည်းအကျယ်ကြီးနဲ့အလိုက်မသိလိုက်တာဒီလူကြီးနှယ်….
ဒီဘက်မှာသူများတွေ စကားပြောနေတယ်ရှင့်။
ရိုင်းရိုင်းစိုင်းစိုင်းတွေကလည်းပါသေး။
အဆင့် ကိုမရှိဘူးတကယ့် တစ်လုံးချိုင့်ပဲ။

အလိုဗျာ… ခင်ဗျားဘာသာစကားပြောတာ။
ကျုပ်ကလာဝင်လုပြောနေလို့လား။အသံကျယ်တာဘာဖြစ်တုန်း။ တိုးတိုးပြောရအောင်
လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ။
ကျုပ်လည်း ဒီမှာနိုင်ငံခြားကကျုပ်သားနဲ့ပြောနေတာပါဗျ။

အမယ်လေး… မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့
သားအကြောင်းများစကားလုပ်ပြောနေသေးတယ်။
ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့်။
အခုလည်းစလုံးမှာသိရဲ့လား။
ရှင့်သားလို O ဖြစ်နေတဲ့ မလေးကလူတွေကိုအခု အုံလိုက်ကျင်းလိုက်
ဒီပြန်ပို့ခံနေရတာအားလုံးအသိပဲ။
လူကိုများဘယ်ခေတ်မှာနေနေတယ်ထင်လဲ။ အခုက Internet ခေတ်ရှင့် သိရဲ့လား။
ဘာမှကိုဖုံးကွယ်ထားလို့မရဘူး။ အားလုံးက Internet ပေါ်တက်လိုက်ရင်
အကုန်ပေါ်တယ်။

ခင်ဗျားသမီးက စလုံးမှာဟုတ်လား …ဘာတုန်းဗျ ။စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ။
စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ။ဘာဘွဲ့ရတာတုန်းဗျ။ မသုဓမ္မစာရီဘွဲ့လား။
ဘယ်နှစ်ဝါရှိပြီတုန်း။ အေးဗျာ ကျုပ်သားလို လူတွေကိုပြန်ပို့တယ်ဆိုတော့လည်း
ကောင်းတာပါပဲ ။ကျုပ်တို့ကလည်း ကျုပ်သားကိုပြန်တွေ့ချင်လှပါပြီ။
အင်တာနက်တက်တာတွေဘာတွေတော့မသိဘူးဗျ ။အိမ်သာတက်ရင်လည်းအားလုံးပေါ်တာပါပဲဗျ။
ခင်ဗျားနှယ်ဗျာ မသိဘူးလား။

ရှင်နော်ရှင် ..ခက်ပါတယ်လေ။ ဘာမှနားမလည်တဲ့သူကိုပြောရတာ။
နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ/ ကျွန်မသမီးအခုစင်ကာပူမှာ..
အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် ။သိပြီလား ။ရှင့်သားလို
အို ဖြစ်နေလို့ပုန်းနေရတဲ့ဘ၀မဟုတ်ဘူး။

ခင်ဗျားဗျာ။ သမီးမိန်းကလေးကိုများ
နိုင်ငံခြားလွှတ်ထားတယ။်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့။
ဒါကြွားစရာလားဗျာ ။တော်တော် နားရှက်စရာ…ကျုပ်သားကယောက်ျားလေးဗျ။ ဒေါင်ကျကျပြားကျကျ။
ခင်ဗျားသမီးကမြန်မာမိန်းကလေးနော်။ မလုပ်ခိုင်းသင့်ဘူး ဒီလိုမျိုး…။

ရှင်ဘာတွေပြောနေတာလဲ ။ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် ။အကောင့်တန့်
(accountant) လုပ်တာ။ Spass ဆိုတာလည်း ရှင့်သားလို
ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင်
အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ။ ခက်ပါတယ်။
တော်ပြီတော်ပြီ …ရှင်နဲ့ပြောရတာ အချိန်ကုန်တယ။်

သမီးရေ…. အေး.. ဆောရီးပါသမီးရယ။် ဒီမှာလေ ဘေးမှာ
ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ။
အေးပါသမီးရယ်။ မေမေသမီးပြောထားတာမမေ့ပါဘူး။ Work permit
နဲ့သွားတဲ့လူရဲ့မိဘတွေဆိုအရောမ၀င်ပါဘူး ။Spass ဆိုတန်းတူပေါ့။ PR ဆို
သေသေချာချာဂရုစိုက်ပေါင်းမယ်နော်။

(အမျိုးသားကြီး…)
အေး.. ဟေ့ကောင် ။မင်းကျန်းမာရေးလည်းဂရုစိုက်ပါကွာ။ မင်းကိုပြောရအုန်းမယ်။
ရွာတောင်ပိုင်းကကျော်ဒွန်းတို့တတွေကမင်းပို့လိုက်တဲ့ပုံတွေကြည့်ပြီးမင်းကို
မြို့သားကြီးနဲ့တောင်တူနေပြီလို့ပြောနေကြတာကွ။
ရွာကလူတွေအားလုံးကမင်းကိုသတိရနေကြတာပါကွာ။

(အမျိုးသမီးကြီး…. )
သမီးရေ… ချစ်သူတွေဘာတွေရောထားနေပြီလား။
ဒီအရွယ်ရောက်မှတော့မထားနဲ့မပြောလိုပါဘူးသမီးရယ်။ သေချာတော့ရွေးနော်သမီး။
သမီးပြောပြထားလို့မေမေတောင်မှတ်မိနေပါတယ် ။ဘာတဲ့ စလုံးကကောင်မလေးတွေက
ကောင်လေးတွေကို C သုံးလုံးနဲ့ရွေးတယ် Condo,, Car,,, Creditcard,,,
ဆိုတာလေ။ သမီးလည်းအဲလိုရွေးနော်။
PR ဆိုအသားမည်းလည်းရတယ်။ သွားကျဲလည်းလှတယ် ဟုတ်လား ဟားဟား။ အေးပါသမီးရယ်။
ညည်းသိရင်ပြီးတာပါပဲ။

သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ်၊ သမီးပို့တဲ့
အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ၊ အမလေးသမီးရယ်။
ရပ်ကွက်ထဲကမိန်းမတွေလေ…၀တ်ထားတဲ့ထမီလေးလှလိုက်တာ၊
အိတ်လေးကဘယ်လောက်ပေးရလဲဟင်ဆိုပြီးအတင်းလိုက်မေးကြတာ။
မေမေကလည်းမကြွားချင်ပါဘူးသမီးရယ။် ဒါတွေကသမီးလေး စလုံးက၀ယ်ပေးထားတာ။
ဒီမှာတောင်ရှိချင်မှရှိအုန်းမှာလို့အားနာနာနဲ့ပဲပြောပြလိုက်ရတယ်။

(အမျိုးသားကြီး…..)
ငါ့သား မင်းအဲဒီက မိန်းမတွေတော့ယူမလာနဲ့ကွာသိလား။ အဘတို့ကငါ့သားကို
ရွာကလုံမတွေနဲ့ပဲယူစေချင်တယ်ကွာ ။အကြောင်းသိချင်းဆိုတော့ကောင်းတာပေါ့ကွာ။
မင်းရည်းစား ရွှေမိလည်း နောက်လဆို ယောက်ျားယူတော့မယ်ဆိုပဲကွာ။
ဟိုဘက်ရွာကဆီစက်ပိုင်ရှင်သားလို့ပြောတာပဲ။
သူ့အမေကြီးကငွေမက်တာမင်းလည်းအသိပဲလေကွာ။
မင်းသွားတော့ရွှေမိခမျာငိုလိုက်တာတဲ့ ။အခုတော့လည်း
သူ့မိဘစကားမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ။
ပူမနေပါနဲ့ငါ့သားရာ…. အချိန်တန်တော့လည်း ထမီလှန်ရမှာပါ။ အာ…မှားလို့ကွာ။
ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ။
အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ။
အဲဒီကမလုံတဲ့မိန်းမတွေသာယူမလာနဲ့ဟုတ်လား။ အဲဒီနိုင်ငံခြားမှာ မိန်းမလည်တွေကများတယ်။
အမေလူလည်မတွေကလည်းသမီးတွေကိုတစ်ထပ်တည်းဖြစ်အောင်သင်ပေးထားတာသိလား။
မင်းကအတီးအတနဲ့ ခံနေရမယ်ကွ။ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ။ ဟိုတစ်ခါမင်းပေးတဲ့
ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူ။ မင်းတူမတွေတောင်မကြိုက်ဘူးကွ။
သူတို့ကပြောတယ် ။မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင်
အရသာမရှိဘူးတဲ့ကွ။ အရောင်ကလည်း မည်းမည်းတူးတူးနဲ့ ။ထန်းလျက်ကမှဖြူသေးတယ်ဆိုလားပဲကွာ။

(အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ။ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ။
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ။ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူး။ပူမနေနဲ့။

(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ။ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့။
ခုကဘေးတင်ပြောနေတာ၊ အတင်းလည်းမပြောဘူး ။လုလည်းမပြောဘူး၊ အမှန်ကိုပြောနေတာ။
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ၊
အောက်လမ်းကပဲသွားသွား၊အထက်လမ်းကပဲသွားသွား ၊ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား။
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ။ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချင်လို့ ငွေကုန်ခံပြီးသားသမီးကိုအဝေးပို့ထားတာမဟုတ်ဘူး။
ဘယ်နှယ့်ဗျာ။ကိုယ့်လည်းတတ်နိုင်သားနဲ့ သားသမီးကိုများ ဂုဏ်ပြိုင်ချင်လို့
မိဘရင်ငွေ့နဲ့ဝေးတဲ့နေရာပို့ထားရက်တာ အံ့သြမဆုံးဘူး။

(အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..)
ရှင် ရှင် လူပါးဝလှချည်လား ။ကျုပ်တို့ဘာသာဘာလုပ်လုပ် ဖြစ်နိုင်ရင်
ကျုပ်တို့ကလေ… သားသမီးကို အဝေးတင်မကဘူး သိကြားမင်းနေတဲ့ တာဝတ
ိံသာတောင်ပို့ချင်သေးတာ။ မြင့်ချင်သလောက်မြင့်ပစေ။
ဘာဖြစ်လဲဂုဏ်ပြိုင်တော့ ပြိုင်စရာရှိမှပြိုင်လို့ရတာ။
ရှင်တို့လိုတောသားတွေကတော့ဒါမျိုးဘယ်နားလည်ပ့ါမလဲ။ ခုခေတ်ကဒီလိုပဲရှင့။်
နိုင်ငံခြားသွားတဲ့ခေတ်၊နိုင်ငံခြားမှာနေမှ လူရာဝင်တဲ့ခေတ်လေ။
ရှင်တို့ကမိုးလင်းကမိုးချုပ်လယ်ကွင်းထဲမှာရွှံ့တွေဗွက်တွေထဲကမတက်စတမ်းအလုပ်လုပ်နေကြရတာကိုး။ ဒါတွေမသိတာမဆန်းပါဘူး။

(အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….)
ဘာဗျ ကျုပ်တို့တွေ အဲဒီလိုလယ်ထွန်ပြီးစပါးစိုက်ထားလို့ခင်ဗျားတို့စားနေတဲ့ ဆန်ဆိုတာရတာ။
စားပြီးနားမလည်ဆိုတာခင်ဗျားလို့လိုလူကုံထံဟန်ဆောင်ထားတဲ့သူတွေကိုပြောတာဖြစ်မယ်။
ကျုပ်ကိုပြောချင်သလောက်ပြောရတယ် ။လယ်သမားတွေရဲ့ဘ၀တွေကိုမစော်ကားနဲ့ဗျ။
ခင်ဗျားဗျာ မိန်းမဖြစ်နေလို့မဟုတ်ရင်တော့လက်သီးတစ်လုံးလောက်တော့ကျွေးလိုက်ပြ။ီ

(အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….)
အောင်မယ် ..လုပ်ရဲလုပ်ကြည့်စမ်းပါ ။ကျုပ်လက်ဝါးကလည်း ပါးမရွေးဘူးရှင့်။
ငြိမ်ခံနေမယ်များမှတ်သလား ။သူများသေးသေးတင်မခံချင်လို့နာမည်ကိုက
မူယာလို့ပေးထားတာ ။သေးသေးတင်မပါဘူးသိလား။

( အမျိုးသားကြီး….)
အေးလေ ဒါကြောင့်၊ အမေရောသမီးရော မူယာမာယာများနေကြတာပေါ့။
မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတဲ့စကားသိပ်မှန်တာပဲကိုး။
ခင်ဗျားမိဘတွေ နာမည်ပေးတာတကယ်တော်တယ်ဗျာ။ ဒီမှာ ဒေါ်မူယာမာယာကြီးကျုပ်ကလည်း
သံခဲတဲ့ တစ်ခဲတည်းရှိတာ။ နှစ်ခဲရှိလို့ကတော့ အရည်ကျို
မီးမြှိုက်ပစ်လိုက်မယ်။ တစ်ပွဲတစ်လမ်းစမ်းချင်လို့လား …အဒေါ်ကြီး လာလေ။
မိန်းမဆိုပြီး ညှာမယ်မထင်နဲ့။

(ဆိုင်ရှင်ကောင်မလေးနှင့် ကောင်လေး …)
ဟာ……. ဦးလေးတို့ အန်တီတို့ တော်ကြပါတော့။ ရန်မဖြစ်ကြပါနဲ့ internet
ဆိုင်ကရန်ပွဲဆိုပြီး ဟိုချောကလက်မြို့က ကုန်ကြမ်းရှာနေတဲ့ လွမ်းတို့ mAy
mE တို့ ဘရဏီ တို့က bLog တွေထဲထည့်ရေးအင်တာနက်ပေါ်တင်လိုက်လို့
ကျွန်မတို့ဆိုင်နာမည်ပျက်နေပါ့မယ်....။

***ရွှေနန္ဒ shwenanda***

http://shwenanda.blogspot.com/

***ဇာတ်လမ်းအစ...***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)