(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ စိတ်ချ၍မရသော မိန်းမများအကြောင်းကို ဟောကြားတော်မူသည်။)
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာကြီးဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်မှ ပုဏ္ဏားသူဌေးမကြီးသည် သားကိုမွေးသည့်နေ့မှစ၍ မီးမငြှိမ်းဘဲထားပြီး သားအား မိန်းမတို့၏ အပြစ်များကို သိစေပြီး တောတွင်း၌ မီးကို လုပ်ကျွေးစေလိုသဖြင့် တက္ကသိုလ်သို့ စေလွှတ်၍ ပညာသင်စေ၏။
ပညာသင်ကြားပြီး ပြန်လာသောသားကို ပညာစုံပြီဆိုလျှင် `အသာတမန္တန်ကို သင်ခဲ့သလော´ဟုမေး၏။ `မသင်ခဲ့ရပါ´ ဟုဆိုလျှင် မိခင်က `အသာတမန္တန် မသင်ရလျှင် ပညာမစုံသေး၊ သွား၍သင်ချေ´ဟု တက္ကသိုလ်ပြည်သို့ ပြန်၍လွှတ်၏။
တက္ကသိုလ်ဆရာကြီးသည် အသက် တရာ့နှစ်ဆယ်ရှိပြီး မျက်စိမမြင်သော မိခင်အိုကြီးကို မိမိလက်ဖြင့်ရေချိုးပေး၏။ ထမင်းခ.ွံပေး၏။ လူတို့က ရွံရှာ၍ ကဲ့ရဲ့သဖြင့် လူနှင့်ဝေးရာအရပ်ဝယ် သစ်ရွက်မိုး တဲဆောက်၍ မိခင်ကိုလုပ်ကျွေးနေ၏။ ရာဇဂြိုလ်မှ ပုဏ္ဏားငယ်လည်း ဆရာကြီးရှိရာအရပ်သို့ လိုက်သွားပြီး `မိမိ၏ မိခင်က အသာတမန္တန်မသင်ရသေး၍ ပြန်လည်စေလွှတ်ကြောင်း´ ပြောပြ၍ အသာတမန္တန် သင်ပေးပါရန် တောင်းပန်၏။
တက္ကသိုလ်ဆရာကြီးက အသာတမန္တန်ဟူ၍ မရှိ၊ သူ၏ မိခင်သည် မိန်းမတို့အကြောင်းကို သိစေလို၍ဖြစ်မည်ဟု စဉ်းစားမိပြီး `သင်သည် အသာတမန္တန်ကို လိုချင်လျှင် ငါ့မိခင်အား ငါကဲ့သို့ပင် ရေချိုးပေး၊ အမွှေးနံ့သာ၊ သနပ်ခါးသွေး၍ တကိုယ်လုံးကို လိမ်း၍ ထမင်းခွံ၊
ရေတိုက်၊ အခင်းကြီး အခင်းငယ်ပါတည်ပေးရမည်၊ တတ်နိုင်ပါ၏လော´ဟု မေး၏။ တတ်နိုင်ပါသည်ဟု ၀န်ခံလျှင် `သင်လုပ်ကျွေးလော့၊ ငါ၏ အမိကို ခြေသလုံး၊ ပေါင်၊ ဦးခေါင်းစသည်တို့ကို နှိပ်နယ်ပေးခြင်းစသည့် ပြု လုပ် သည့်အခါတိုင်း မိခင် အသားအရေတို့မှာ နူးညံ့လှပါသည်။ ပျိုရွယ်စဉ်ကာလတွင် အတော်လှပမည်စသည်ဖြင့် ချီးမွမ်းပြောဆိုပါ၊ ငါအမိ ပြောဆိုသည့် စကားကို သင်သည် မကွယ်မ၀ှက် ငါ့ကိုပြောကြားပါ´ဟု မှာကြား၍ တာဝန်ကိုလွှဲပေး၏။
တပည့်သည် အမေအိုကြီးအား ပြုစုပေးရင်း အသားချင်းထိတိုင်း ချီးမွမ်းပြောဆို၏။ ဤသို့ချီးမွမ်းပါများသော်၊ အမေအိုက `သင် ငါနှင့်ပျော်ပါးလိုသလား´ဟုမေး၏။ တပည့်က `ပျော်ပါးလိုသည်။ ဆရာကို ကြောက်ပါသည်´ဟု ဆို၏။ ထိုအခါ အမေအိုက `ငါကို သင်ပစ်မသွားဘူးဆိုလျှင် ငါ့သားကို သတ်မည်´ဟု ပြော၏။ တပည့်သည် အကြောင်းစုံကို ဆရာအား ပြောကြား၏။
ဆရာသည် မိခင်၏ အသက်အပိုင်းအခြားကို ကြည့်သော် ယနေ့ပင် အာယုသက်တမ်းကုန်ဆုံးမည်ကိုတွေ့ရ၏။ တပည့်အား အမေအိုကို စုံစမ်းမည်ဟု ရေသဖန်းပင်ကိုဖြတ်၍ မိမိကိုယ်တိုင်းနှင့် အိပ်ရာပေါ်တွင်ထားပြီး စောင်နှင့် ဦးခေါင်းမှ ခြေဖျားအထိ လူအိပ်နေပုံ ခြုံထား၏။
ထိုနောက်တပည့်အား `ပုဆိန်ယူပြီးအမိအိုလက်သို့ပေးကာ မိမိအိပ်သည့်နေရာကို တွဲပို့ပေးပြီး အမှတ်အသား ပြုပါ´ဟု မှာကြား၏။
အသက်တစ်ရာ့နှစ်ဆယ်ရှိသော မျက်မမြင်အမေအိုသည် ကာမတဏှာဇောဖြင့် လုလင်ပြောသည့်အတိုင်းလုပ်ရန် ပုဆိန်ကို ကိုင်မြှောက်ပြီး သား၏ဦးခေါင်းနေရာကို မှန်းဆကာ ပေါက်ခွဲလိုက်လေ၏။ အသံမှာ သစ်သားကိုခုတ်သည့် အသံဖြစ်၍ အမေအိုလန့်သွားချိန်တွင် ဘုရာ:လောင်းဆရာကြီးက `အမေဘာ လုပ်တာလဲ´ဟု မေးလိုက်ရာ သား၏ အသံကို ကြား၍ ရှက်ခြင်း၊ ကြောက်ခြင်း နှစ်ပါးတို့ဖြင့် စိတ်ထိခိုက်ပြီး ဤနေရာ၌ပင် လဲကျသေဆုံးလေသည်။
ဘုရားလောင်းသည် အမေအိုကို သဂြို င်္ဟ်ပြီးလျှင် တပည့်ကို ခေါ်၍
`သင့်မိခင်သည် မိန်းမတို့၏ အပြစ်ကို သိစေလို၍ သင့်ကို အသာတမန္တန်သင်စေသည်၊ အသာတမန္တန်ဆိုသည်မှာ အခြားမရှိ၊ သင်မျက်မြင် ကိုယ်တွေ့သည်ပင် အသာတမန္တန်ဖြစ်သည်ဟု ပြောကြား၏။
တပည့်သည် ဆရာကိုရှိခိုး၍ မိဘများထံပြန်ပြီး မိခင်အား ရဟန်းပြုပါတော့မည်ဟု ၀န်ခံပြီး…။
`မီးနှင့်တူစွ။ ထိုမိန်းမတို့ ။သက်ရွယ်ပိုင်းခြား
မရှိ ငြားဘဲ။ တွေ့တွေ့သမျှ ။ပုရိသက။ို ရရသမျှ ။မှီဝဲကြသည်
မီးနှင့် မိန်းမ အတူတည်း´ဟု ဟောပြော၍ မိဘတို့ကို ရှိခိုးပြီး ရဟန်းပြုကာ တောသို့ဝင်လေ၏။
ဇာတ်ပေါင်းသော်......
လုလင်၏ မိခင်သည် ယခုဘဒ္ဒကာပိလာနီ
လုလင်၏ ဖခင်သည် မဟာကဿပ
တပည့်သည် အာနန္ဒာ
ဒိသာပါမောက္ခသည် ငါဘုရားဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး***
***(ဧကနိပါတ် ၆၁- အသာတမန္တဇာတ်) ရာဂဆို- အိုသည်မရှိ… (ပစ္စုပ္ပန်ဝတ္ထု)***

No comments:
Post a Comment