(ဒီဇင်ဘာ ၉။၂၀၀၉)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး လုဘူရီမြို့ ပြင်တွင်ရှိသော SAHA FRAM Co.Ltd ကြက်သား ထုတ်ထုတ်သည့် အလုပ်တစ်ရုံတွင်ယမန်နေ့ညဥ့်က ယာယီပတ်စပို့ မလုပ် လိုသည့်မြန်မာအလုပ်သများ နှင့်အလုပ်ထွက်လို သည့်မြန်မအလုပ်သမားများကိုလုပ်ငန်းရှင်ကဖမ်းဆီ;ခိုင်းသဖြင့်ထိုင်းရဲများကဖမ်းလိုက်သည်။ယမန်နေ့ညနေပိုင်း ကအလုပ်ရုံမှအလုပ်သမားများကလုပ်အားခငွေများကိုထုတ်ယူပြီးနောက်၊ယာယီပတ်စပို.့မလုပ်သည့်သူများနှုင့်
အလုပ်ပြောင်းလိုသူများအား လုပ်ငန်းရှင်ကစက်ရုံအနီး ဘော လုံးကွင်းတွင် ပိတ်များဝိုင်း၍ အကျဉ်းထောင်သဖွယ်ပြင်ဆင်
ထည့်သွင်း ထားခဲ့သည်။
နံနက် (၃)နာရီအချိန်ခန့် တွင်အမိုးအကာမရှိပဲ ပိုက်ကာရုံထားသည့်လှောင်ကွင်းအတွင်းမှ မြန်မာအလုပ်သမားသုံးဆယ်
ကျော်တို့ ကို နယ်မြေခံ ထိုင်းရဲများက ကားများဖြင့်လာရောက်ဖမ်းဆီးခေါ်ယူသွားခဲ့သည်။
ညဘက်လုပ်သည့်မြန်မာအလုပ်သမားများသိမြင်သွားသောကြောင့် မကျေနပ်သဖြင့် အလုပ်ရုံ ရုံးခန်းတစ်ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။
အလုပ်သမား ကိုစိုးမိုးက “ကျနော်တို့ ကိုယာယီပတ်စပို့ လုပ်ရမယ်တဲ့၊ကျနော်တို့ ကမလုပ်
ချင်ဘူး၊ တစ်လကို ဘတ်၁၁၀၀ စီ ရှစ်လတိတိဖြတ်မယ်တဲ့ ။ဘတ်လည်းလုပ်ရမယ်တဲ့။
ကျနော်တို့ ကဘာကိုစားမလဲ၊မလုပ်နိုင်ဘူးလို့ ပြောကြတယ်။ ပြန်တဲ့လူတွေကိုဖြောင့်
ဖြောင့်ဖြူးဖြူးပြန်ခွင့်မပြုဘူး။ ပုလိပ်ကိုခေါ်ပြီးဖမ်းခိုင်းလိုက်ပါတယ်” ဟုပြောသည်။
စက်ရုံအလုပ်သမားကိုအာကာက“ကျနော်တို့ စက်ရုံမှာ ယာယီပတ်စပို့ လုပ်ခိုင်းတယ်။လူတွေကမလုပ်လိုကြဘူး၊ပြီးတော့ တစ်လကို လူတစ်ယောက် ၄၅၀၀ ဘတ်ပေးတယ်၊ထမင်း။ဟင်းမကောင်းလို. အ့ပြင်မှာဝယ်စားရတယ်။ဘာမှမကျန်ဘူး၊အလုပ်ချိန်က
မနက် ၆နာရီကနေ ညနေ ရှစ်နာထိ နေတိုင်းလုပ်ရတယ်။အဲဒါကြောင့်လုပ်ခလစာထွက်
ပြီးအခြားကိုပြောင်းကြမယ်ဆိုပြီးတိုင်ပင်ထားကြတာ။အဲဒီလူတွေကို ဘောလုံးကွင်းထွက်
ခိုင်းပြီးတစ်ညလုံးထိုင်ခိုင်းထားတယ်”ဟုပြောသည်။
အဆိုပါ စက်ရုံ် SAHA FRAM အသားထုတ်လုပ်ရေးကုမ္ပဏီ တွင်
ထိုင်းသာဖြင့် ပက်ပက်၊ကောက်ကောက် (၈၈)နှင့် (၉၉) အလုပ်ရုံဟူ၍ရှိသည်။
ယခုပြဿနာဖြစ်သော(ပက်ပက်.)အလုပ်ရုံတွင်မြန်မာနိုင်ငံသားအလုပ်သမားသုံးထောင်ခန့်ရှိသည်။းကြက်၊၀က်များမွေးမြူပြီးအသား
ထုတ်လုပ်ရုံမျှမကငါးပုဇွန်များမွေးမြူရေးလုပ်ငန်းကိုလည်းလုပ်ကိုင်သည်။
အဆိုပါအလုပ်ရုံသို့ အ၀င်လွယ်ကူသလောက် မိမိဆန္ဒအလျှောက် ထွက်ခွင့်မရှိပေ။ မျက်မြင်အလုပ်သမ မဖြူက“ပတ်စပို. .့လည်းမလုပ်တော့ဘူး၊အလုပ်ထွက်မယ်လို့ ပြောတဲ့အလုပ်သမားတွေကို အထုတ်အပိုးတွေနဲ့ ဘောလုံးကွင်းမှာ သိပ်တယ်၊အမိုး လည်းမရှိ၊အကာလည်းမရှိ၊အခင်လည်းမရှိဘူး။အဲဒါကိုမြင့်တွေ့ တဲ့ အခြားအလုပ်သမားတွေက မကျေနပ်တဲ့အတွက် ရုံးခန်းကွန်ပျူတာ
တို့  ၊တီဗွီတို့ ကိုဝင်ရောက်ဖျက်ဆီးကြတာ။စာရွက်စာတမ်းတွေကိုမီးတောင်ရှို.လိုက်ကြတယ်”
ဟုပြောသည်။
ယနေ့ တွင် မြန်မာအလုပ်သမားများအားလုံးအလုပ်မဆင်းသဖြင့် လုပ်ငန်းရှင်က ရုံးခန်း
အမှတ်(၂) သို့ ထိုင်းဘာသာစကားကျွမ်းကျင်သည့်မြန်မာအလုပ်သမားအချို့ ကိုခေါ်ယူ
ပြီး အလုပ်ပြန်ဆင်းကြရန်နှင့် ထိုင်းအလုပ်သမားများနည်းတူ အခွင့်အရေးပေးမည်ဖြစ်
ကြောင်းပြောဆိုခဲ့သည်။
ညကဖမ်းဆီးခံထားရသည့်ပတ်စပို့ မလုပ်လိုသူများနှင့်အလုပ်ပြောင်းရွေ့ လိုသူများ ကိုမူ
ညနေ ၆နာရီအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း အလုပ်သမားများ
ကပြောသည်။
ယာယီပတ်စပို့ လုပ်ကိုင်ရမည့်လုပ်ငန်းကိုသတင်းကြားကတည်းက မြန်မာအလုပ်သမားမှာ
အလွန်စိတ်ဆင်းရဲနေကြ၇ကြောင်း စက်ရုံအလုပ်သမားများကပြောကြသည်။
***ကိုကျော်သောင်း(ဘန်ကောက်)***

No comments:
Post a Comment