မူရင်းစာရေးသူ။ ။ စုန့်ဖိချစ် လွန့်ဘင်
၂၀၁၀ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ တွင် နေထိုင်အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးမည့် နိုင်ငံခြားသားအလုပ်သ မား များနှင့်ယာယီပတ်စပို့ မလုပ်သည့်သူများကို နေရပ်ရင်းကိုဖမ်းဆီးပြန်ပို့ ရမည်လား(သို့မဟုတ်)မှတ်ပုံတင်
ပြန်လုပ်ပေးရမည်လား စဉ်းစားရင်း ထိုင်းအိမ်ရှင်မများက စိတ်ပူပင်နေကြကြောင်း အလုပ်သမားဝန်ကြီး ဌာန (ရွေ့ ပြောင်းအလုပ်သမားရေးရာမန်နေဂျာ၊နန်းစုထစမီ-စူဝန်ဖက်၏ကွင်းဆင်းလေ့လာချက်အရသိရှိပါတယ်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေကြသော အိမ်ဖေါ်အလုပ်သမလေးများမှာ လက်ကိုင်ဖုန်းများတစ်လုံးမကနှစ်လုံးသုံး အထိ ကိုင်နေကြတာကိုတွေ့ ရပါတယ်။အိမ်ဖေါ်အလုပ်သမားများမှာ မြန်မာနိုင်ငံမှ မိဘများဆီဖုန်းဆက်လိုက်၊ ရည်းစားများထံသို့ ဖုန်းဆက်လိုက်၊ပတ်စပို့ လုပ်တဲ့ လူတွေဆီဖုန်းဆက်လိုက်နဲ့ တွေ့ ရပါတယ်။ တချို့ ကလုပ်လို့ အဆင်ပြေပေမယ့်အချို့ ကျတော့ အဖမ်းခံရပါတယ်။ ဖုန်းတွေရှိတော့သတင်းတွေဟာ လေယာဉ်ပျံလိုမျိုးမြန်မြန် ဆန်ဆန် ပြန့် နှ့ံနေပါတယ်။အချို့ဆိုလျှင်စားမ၀င်အိပ်မရ ၊မျက်ရည်ကျနေစဉ် သူဌေးမ(အိမ်ရှင်မ)များတွေ့ သောအခါ “ဘာကြောင့်ငိုရတာလဲ” ဟုမေးကြည့်ရာ အိမ်ဖေါ်မလေးတွေက “ထိုင်းကဖမ်းရင် အိမ်ပြန်ရောက်ဖို့့ိရှိသေးတယ်။မြန်မာအစိုးရကဖမ်းရင် အချုပ်ထဲမှာပဲ သွားကျိုး၊ဆံပင်ဖြူ ၊လင်လည်းမရဖြစ်မယ်။ပတ်စပို့ မလုပ်တာပဲ ကောင်းမယ်၊အိမ်ပြန်မယ်”လို့ ပြောကြတယ်။အိမ်ရှင်မက စိတ်မကောင်းဖြစ်ပြီးခင်ပွန်းဖြစ်သူနဲ့ တိုင်ပင် ပါတယ်။ခုခေတ်မှာ၊အိမ်အောက်ခြေသိမ်းအလုပ်ဖြစ်သည့် အိမ်ဖေါ်အလုပ်ကိုလုပ်မည့်အလုပ်သမရှာရသည်မှာ မလွယ်ကူကြောင်း ထိုင်နိုင်ငံမှအိမ်ဖေါ်အလုပ်သမားများအလုပ်လာလုပ်ပါကသုံးရက်ခန့် မှာအဆင်ပြေကြသော် လည်း လေးရက်မြောက်သောအခါ လူလည်းပျောက်ပစ္စည်းပျောက်ဖြစ်တတ်ပါတယ်။မြန်မာအိမ်ဖေါ် အလုပ်သမ များနှင့်မတုူပါဘူး။မြန်မာမတွေကအလုပ်ကြိုးစားတယ်။နားရက်လည်းမယူဘူး။စကားလည်းမများဘူး၊လစာက
လည်းသိပ်ဈေးမကြီးဘူး၊နိုင်နိုင်နင်းနင်းလုပ်တတ်ကြတာကိုတွေ့ရပါတယ်။ အိမ်မှုကိစ္စအ၀၀တို့ ကိုလည်းအထူး နိုင်နင်းကြောင်းပြောကြပါတယ်။အိမ်အပြင်ကိုသွားကြမယ်ဆိုရင်လည်း နောက်ပြန်လှည့်ကြည့်စရာမလို ဘူး၊ အလုပ်များတဲ့ နေ့တွေမှာ ပင်ပန်းလားလို့ မေးတော့ မြန်မာအိမ်ဖေါ်မလေးတွေက အပြုံးလေးတွေ နဲ့ နိုင်ပါတယ် ဆိုပြီးပြုံးပြပါတယ်။အိမ်ရှင်နဲ့ အလုပ်သမ ပျော်ပျော်ရွှင် ရင်းရင်းနှီးနှီးပါပဲ။ အိမ်ဖေါ်အလုပ်သမတွေ အကယ်၍ ပြန်သွားရင် အောက်ခြေသိမ်းလုပ်ငန်းများကိုလုပ်ကိုင်ရမည့် အရေးထိုင်း အိ မ်ရှင်မများအထူးစိုးရိမ်ကြောက်လန့် နေကြောင်းပြောပြကြပါတယ်။ ယာယီပတ်စပို့ မလုပ်ပဲ အိမ်အလုပ်သမားကို ဆက်ပြီးတော့ထားရင် တရားမ၀င်နိုင်ငံခြားသားကို အိမ်မှာလက်ခံမှုနဲ့ အမှုက တိုးလာမယ်။ နောက်တစ်ခုက တရားမ၀င်အ လုပ်သမားကိုခိုင်းစေမှု
က တစ်မှု တိုးလာမယ်။ ဒါကြောင့် အိမ်အပြင်ကပြဿနာများနှုင့်အိမ်တွင်းပြဿနာမှားတက်လာနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန(ရွေ့ ပြောင်းအလုပ်သမားရေးရာမန်နေဂျာ၊နန်းစုထစမီ စူဝန်ဖက်၏ကွင်းဆင်း လေ့ လာချက်အရသိရှိပါတယ်။အလုပ်သမားဥပဒေ၊လူဝင်မှုဥပဒေနှုင့် လုံခြုံရေးဥပဒေများနှုင့်ပတ်သက်နေသဖြင့် ၂၀၀၆ ခုနှစ်မှစ၍နှစ်နိုင်ငံသေ ဘာတူညီချက်အရ ယာယီပတ်စပို့ လုပ်ငန်းစဉ်ကို တဖြည်းဖြည်းလုပ်ကိုင်လာ
ခဲ့ပါတယ်။ဒါပေမယ့် တိတိကျကျ မှန်မှန်ကန်ကန် ထိရောက်အောင်မြင်မှုယနေ့ အထိ မရှိသေးတာကိုတွေ့ရှိ ရပါတယ်။ထိုင်းနိုင်ငံတွင် ၂၀၀၉ ခုနှစ်အတွင် မှတ်ပုံတင်ထားသောလူဦးရေ တစ်သန်းလေးသောင်းငါးထောင်ရှိခဲ့ပါတယ်။ထိုအထဲတွင် မြန်မာ ၇ဒဿမ ၈၅ သိန်း။လော ၁ဒဿမ၂၀ သိန်း။ကမ္ဘောဒီယား ၁ဒဿမ၄၈ သိန်းရှိ ခဲ့ပါတယ်။အိမ်အလုပ်သမားများအဖြင့် မှတ်ပုံတင်ထားသောလူဦးရေ သိန်းချီပြီးရှိနေတာကိုကြည့်ခြင်းအားဖြင့်
ထိုင်းအလုပ်သမားများ အိမ်ဖေါ်အလုပ်ကို စိတ်ဝင်စားမှုနည်းပါးကြောင်းသိသာနိုင်ပါတယ်။ဒီအိမ်တွင်း မှုလုပ်ငန်း မှာသာက အခြားလုပ်ငန်းတွေမှာလည်း နိုင်ငံခြားသားအလုပ်းသမားခန့် ထားခိုင်းစေခြင်းမှာ ပြဿနာများ စွာ ရှိနိင်ပါတယ်။ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံကအလုပ်သမားတွေကို ယာယီပတ်စပို့ လုပ်ပေးတဲ့နေရာတွေမှာ နိုင်ငံသားအဖြစ် စစ်ဆေးရာမှာလွယ်ကူပေမယ့်၊မြန်မာနိုင်ငံသားများအတွက် အခက်အခဲ တွေ့နေရတယ်။
ဘာ့ကြောင့်လဲ၊ လိပ်စာမတိကျလို့ လား ဒါမှမဟုတ်စာမတတ်ကြလို့ လား၊အမျိုးမျိုးဝေဖန်ကြည့်နေ
ကြပါတယ်။မြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြားလုပ်ဖို့ အတွက် ရနောင်း/ကော့သောင်း။မဲဆောက်/
မြ၀တီနဲ့ မယ်ဆိုင်/တာချီလိတ်ဆိုပြီး သုံးနေရာမှာ ဖွင့်လှစ်ထားပါတယ်။လာမယ့်ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ကျော်လွန်သွားတဲ့အခါ ထိုင်းအစိုးရအနေနဲ ဖမ်းပို့မှာလား၊မှတ်ပုံတင်ဆက်လုပ်ပေးမလာ့း၊ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(စက်တင်ဘာလ ၉ ။၂၀၀၉-ဒေလီနယူး ပါဆောင်းပါးဘာသာပြန်)
ဘာသာပြန်၊ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
သတင်း.... ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment