(ဒီဇင်ဘာ ၇။၂၀၀၉)
ယမန်နေ့ နံနက်ပိုင်းကထိုင်းနိုင်ငံတောင်ပိုင်းကျုံဖေါ်နှင့်ရနောင်းအကြားရှိ အိမ်ကွင်းအမှတ်(၂)စစ်ဆေးရေးစခန်း တွင် ကျုံဖေါ်မှ ဆင်းလာသော ထိုင်းရဲကားတစ်စီးအား တင်ဆောင်လာသည့်မြန်မာအလုပ်သမားများနှင့်အတူ ဖမ်းဆီိးလိုက်သည်။ကားနံပတ် (၁၉၁)/အရေးပေါ်နောက်ဖွင့်ကား၊ ၃၉၂၉၇ ကားဖြင့် အသက်၄၆နှစ်ရှိသူ
မောင်ဝါးအသက် ၄၀နှစ်အရွယ် အလင်းနှင့် အသက် ၂၁နှစ်အရွယ် မအမိုးဆိုသည့်အလုပ်သမတစ်ဦးတို.့ ကိုတင်ဆောင်လာသောကားကိုဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ထိုင်းရဲတပ်သားနိုင်စုန်ပိုး(၄၃)နှစ်နှင့်ထိုင်းရဲတပ်သား နိုင်ကဆင် အသက်( ၅၂)နှစ် တို့ အား အာဏာ ပိုင်များကမေးမြန်းစစ်ဆေးရာ၊ကော့သောင်းမှ ထိုင်းလူမျိုး ရာဘာခြံလုပ်ငန်းရှင်က တင်ဆောင်လာခိုင်းသဖြင့် တင်ဆောင်လာကြောင်းထွက်ဆိုသွားသည်။အဆိုပါ မြန်မာ အလုပ်သမားများမှာ အလုပ်သမားလက်မှတ် (ဘတ်)ရှိသော်လည်း နယ်မြေ ဖြတ်ကျော်ခွင့်မပါသဖြင့် ဖမ်းဆီး ရကြောင်းပြောသည်။ဖမ်းဆီးခံရသည့် ထိုင်းရဲသားနှစ်ဦးက ဘတ်ရှိသဖြင့်တင်လာမိကြောင်းထွက်ဆိုသော်လည်း ၄င်းတို့ ကို မြန်မာအလုပ်သမားများနှင့်အတူ ရနောင်းမြို့ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းးသိမ်းထားသည်။ ယမန်နေ့ နံနက်(၁၀)နာရီခန့် အချိန်စစ်ဆေးရေးဂိတ်မှအဖြတ်တွင်အရေးပေါ်နောက်အမိုးဖွင့်ကားပေါ်တွင်ပန်ကာနှင့်အတူ အိမ်အသုံးအဆောင်များတင်ဆောင်လာသဖြင့် သံသယရှိသဖြင့် စစ်ဆေးရာမှ ယခုကိစ္စပေါ်ပေါက်လာကြောင်း ထိုင်းဘာသာဖြင့်ယနေ.့ ထုတ်ဝေသည့် ထိုင်းရတ်သတင်းစာ မျက်နှာဖုံးတွင်ရေးသားဖေါ်ပြထားသည်။
သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment