ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 5, 2010

နယူးရီးယား… မဟာ ဟောစာတမ်းကြီး

> သက္ကရာဇ် (၂၀၁၀)ခုနှစ်သည် အရေးကြီးသော နှစ်ဖြစ်ရကား ကျွန်ုပ်တို့၏ ဗေဒက၀ိန် `ဆရာ စိတ်ပလိမ်တိန်ဂိန်´သည် ဘီယာပုလင်းကိုထောက်၍ Botton Up လုပ်ကာ ချက်ကင် လုပ်လေရာ ကောင်းကင်ရှိ နက္ခတ်တာရာ ဆဲလ်တဲလ်လိုက်ဂျိုများ၏ ဗြက္စကာကျင့်မှု၊ ဟိုနိုင်ငံ ဒီနိုင်ငံ ဟိုလိုလို ဒီလိုလို နိုင်ငံများမှ ဂျိုများကို တောင်ကြီးမြို့မှ လွှင့်တင်လိုက်သော မီးပုံးပျံများကဲ့သို့ ထင်ထင် ရှားရှားတွေ့ရှိလေ၏။ ၂၀၁၀ ခုနှစ်ကို နွားအဖွဲ့ (နအဖ)ဗလချာ ရာဇာဖြစ်သော ဂြိုဟ်ကုပ်ဒူးကြီးသည် ရွေးကောက်ပွဲ ပရာဒိုအား စီးနင်း၍ ၀င်ရောက်လာ၏။ နိုင်ငံရပ်ခြား ဓာတ်ဆီရှား၍ သော်လည်းကောင်း၊ ဓာတ်ငွေ့များကို နိုင်ငံခြားရောင်းစားပြီး မိမိအိတ်ကပ်ထဲသို့ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း (၅၀၀)ကျော် ခါးပိုက်ဆောင်`ဘုံး´ထား၍ သော်လည်းကောင်း ၄င်း၏ ပရာဒိုအား ကြုံရာဓာတ်ငွေ့ ထည့်စီးမိသဖြင့် ရွေးကောက်ပွဲတည်းဟူသော ပရာဒိုသည် ဖုတ်ချက်၊ ဖုတ်ချက်လိုက်ကာ တရွေ့ရွေ့သာ ရွေ့လျားနေလေ၏။
သို့ဖြစ်ရကာ အဖိနှိပ်ခံပြည်သူလူထုနှင့်တကွ၊ ပါတီထောင်စားမည့်သူအားလုံးသည် ရွေးကောက်ပွဲ ဥပဒေတည်းဟူသော မီးအဖွင့်ကို စောင့်မျှော်နေကြကုန်၏။
*** ဦးသုဝေသည် အထက်၊ အောက်၊ အလယ် မြန်မာပြည်တ၀ှမ်းလုံး စည်းရုံးရင်း ရွေးကောက်ပွဲဥပဒေ မီးအဖွင့်ကိုစောင့်၏။
*** ပြည်ပရောက် ဒီမိုကရေစီ ဘက်တော်သားတို့သည် ရွေးကောက်ပွဲ ဥပဒေထွက်လာသော် မိမိတို့အတွက် `Space´

များရလိမ့်မည်ဟု တရုတ်အပေါင်ဆိုင်မှ ပေသီးကိုင်တွက်ချက်ရင်း၊ ယမကာ တစ်ခွက်ပြီး တစ်ခွက်မော့ရင်း အပြန်အလှန် ငြင်းခုန်ကြကုန်၏။
*** အန်န်ဂျီအို `ဒေါ်ဒိုနာ´၏ သားများသည် ရွေးကောက်ပွဲ ဥပဒေထွက်ရှိသော် `မြန်မာပြည်သို့ ပြန်ကာ အန်န်ဂျီအိုငွေစာ:ရင်း ရွေးကောက်ပွဲဝင်ရသော်ကောင်း၏´ဟု စိတ်စောရင်း ရွေးကောက်ပွဲဥပဒေကို
ေ စာင့်လတ်၏။
*** တိုင်းရင်းသား လူမျိုးများကောင်စီ (ENC)သည် ရွေးကောက်ပွဲဝင်နည်း၊ မဲပေးနည်း နိဿရည်းကို သင်တန်းပေးရန် ဥရောပ-မြန်မာကောင်စီ (EBO)၏ ထောက်ပံ့ငွေကို စောင့်လတ်၏။
*** ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)သည် ရွေးကောက်ပွဲဝင်သင့်၊ မ၀င်သင့်ကို ရေရေရာရာ မပြော ပဲ ရှိရာကား ရွေးကောက်ပွဲ ဥပဒေမှာ ငါတို့အား နအဖက ဖိတ်ကြားလာနိုင်ဟု…
- ၀န်ကြီးချုပ်သည် သူ၏ (၆၀)ကျော်မှ ကံပေါ်၍ ရသော `ဧကပုတ္တံ´ကို ထိန်းရင်း စောင့်၏။
- ဘဏ္ဍာရေးဝန်ကြီး တဖြစ်လဲ နိုင်ငံခြားရေးဝန်ကြီးသည် စက္ကူပေါ်က ဂဏန်းတွက်ချက်ရင်းစောင့်၏။ ကာရာအိုကေဆိုရင်း၊ နိုက်ကလပ်တက်ရင်း `ရွေးကောက်ပွဲသည် ဂုဏ်သိက္ခာရှိပါစေ´ဟု အော်ဟစ်၏။
- ပညာရေးဝန်ကြီးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားကျောင်းများသို့ တစ်ခေါက်မျှ မရောက်ဖူးရကား ဆရာအသင်းမှ အတွင်းရေးမှူးဟောင်းထံသို့ လမ်းကြောင်းတောင်း၊ ကွင်းဆင်းရောက်ရှိကာ စောင့်၏။ ထို့အပြင် ဗုဒ္ဓဂါယာ သွားကာ ဘုရားမှာ ဆုတောင်းရင်းစောင့်၏။
- နယ်စပ်ရုံးဝန်ကြီးသည် မည်သူမျှမခိုးရပဲ ရုံးပျောက်သွားသဖြင့် အိမ်တွင် ရုံးဖွင့်ထားရင်း ရွေးကောက်ပွဲပြီးသည် ရှိသော် ဖက်ဒရယ် အထောက်ပံ့ငွေ တောင်းကာ တိုင်းရင်းသားမဟာမိတ်များအတွက် ထောက်ပံ့ငွေများကို အန်န်ဂျီအိုထံမှ ရရန်မရှိဟု မချိတရိစဉ်းစားရင်း ရွေးကောက်ပွဲဥပဒေကိုစောင့်၏။
- အနောက်ဖက်လွန်ဝန်ကြီးသည် ရွေးကောက်ပွဲပြီးသော် မည်သည့် တတိယနိုင်ငံသို့ ယွန်းရမည်နည်း ဆိုသည်ကို ကြိုတင်စဉ်းစားရင်းစောင့်၏။
- ဘန်ကောက်ရုံး ၀န်ကြီးသည် ရွေးကောက်ပွဲလွန်ကာလ၌ နားခိုမည့် အမေရိကန်ပြည်ထောင်စုသို့ မည်သည့် မဟေသီ (ပြည်တွင်းမှာ ၂-ဦး + ပြည်ပမှာ ၂-ဦး)အနက် မည်သည့် မဒီသက်ထားကို ခေါ်ဆောင်လျှင် ကောင်းမည်နည်းဟု စောကြောရင်း USA သွားစဉ် မဟားဒရား ခုန်ချရင်း စောင့်၏။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) သည် ရွေးကောက်ပွဲ မ၀င်သင့်၊ ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တဖွဖွအော်ဟစ်ရင်း ရွေးကောက်ပွဲ ပြီးလျှင် မိမိတို့ ဇီဝန်ကြွေ နတ်သက်ချောမည်ကို သိနေသဖြင့် ထ္မင်းမ၀ တစ်ဝစားရင်း၊ ဓာတ်ဆီဖိုးခါလီပြရင်း ညှိုးငယ်သောမျက်နှာထားကိုယ်စီနှင့် ရွေးကောက်ပွဲကိုစောင့်၏။
- အန်န်စီယူဘီသည် ခိုင်မာကျယ်ပြန့်သော တပ်ပေါင်းစုဖြစ်လာရန် စောင့်ရင်း မိမိနှင့် ပုခုံးချင်းယှဉ်၊ လက်တစ်မောင်းလှဲရန် စိန်ခေါ်လာကြသော တပ်ပေါင်းစုငယ်များကို စောင့်ကြည့်လျက် မိမိ၏ ညီလာခံကို နောက်ဆုတ်ကာ မိမိ၏ သက်တမ်းရှည်လာမှုကို ပီတိဖြစ်နေလေ၏။
- `ဗိုလ်ဗိုက်ပူ´သည် အဲန်န်စီယူဘီ ညီလာခံတွင် မိမိအား ရွေးမှ ရွေးပါ့မလားဟု ပူပန်ရင်း နှလုံးလေခရကား ဟ`တူမချောတို့၏ အပြုအစု´ကို ခံယူကာ ရွေးကောက်ပွဲ ဥပဒေကို စိတ်မ၀င်စားနိုင်သေး။
- အဲန်စီယူဘီညီလာခံကို လာမည့် ၂၀၁၀ ခုနှစ် သင်္ကြန်တွင်း၌ ကျင်းပရန်ရှိ၏။ သို့မှသာလျှင် `ဗြဟ္မာကြီး ဦးခေါင်း´ကို `ဦးမောင်မောင်မှ ပြည်သစ်ညွန့်ဝေ ထံသို့ လွှဲပြောင်းလတ္တံ´ဟု ဗေဒင်ဟောကိန်း အတိအကျ ရှိရကား ညီလာခံ၌ ကုန်ကျမည့် အသပြာကို စောင့်ရင်း ရွေးကောက်ပွဲ ဥပဒေကို စိတ်မ၀င်စားနိုင်သေး။ ထိုသို့ မေတ္တာပို့သံ၊ စောင့်ကြိုသံ တညံညံတို့ကြောင့် လည်းကောင်း၊ နိုင်ငံတကာ၏ တွန်းအား၊ ဆွဲအားတို့ကြောင့်လည်းကောင်း၊ ရွေးကောက်ပွဲ ပရာဒိုကားကို မောင်းလာသော ဂျိုကုပ်ဒူးကြီးသည် ရွေးကောက်ပွဲပြီးလျှင် မိမိသမ္မတ ဖြစ်မည်ကို တွေးမိပြီး သကာလ ၀တပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့တို့ကြားအောင် တဒက်ဒက်၊ တဒိုင်းဒိုင်း ခြိမ်းခြောက်ကာ (၂၀၁၀)သို့ ချင်းနင်းဝင်ရောက်လာလေ၏။
ထိုသို့ဖြစ်ရကား (၂၀၁၀) ရွေးကောက်ပွဲသည် လာမည့်နှစ် တန်ဆောင်မုန်းလ၌ ကျင်းပလတ္တံ၊ ရွေးကောက်ပွဲ ဥပဒေသည် (၂၀၁၀) မတ်လ မတိုင်မီ ထုတ်ပြန်လတ္တံ၊ ထိုအခါ ရွေးကောက်ပွဲကို `၀င်ရအံ့လော၊ ဆန့်ကျင်ရအံ့လော´ဟု လည်းကောင်း၊ မ၀င်ပါက ပါတီပြုတ်မည့်အရေး အလေးပေးပြီးဝင်ကြရန် ငြင်းခုန်ကြရင်း ၀ရုန်းသုဉ်းကား ဖိုက်ကြလျက် ပါတီများ ဗြန်းကနဲကွဲလတ္တံ၊ ရွေးကောက်ပွဲဝင်လိုသူတို့ ပါတီတွင်းမှ ထွက်ကြလတ္တံ။
`ကြာသပတေး ဂြိုလ်သည် တဖြေးဖြေး သွားရင်းမှ မြန်မြန်သွားသည်ကို တွေ့ရသဖြင့် မြန်မာပြည်စီးပွားရေးကောင်းမည်´ဟု နအဖ အလိုကျ ဂျာနယ် အချို့က ရေးသားသော်လည်း နာမည်ကျော် မီဒီယာဆရာ-စိန်စတင်း၏ သုတေသနပြုချက်အရ စပါးဈေးတက်အံ့၊ ပြည်သူတို့ ဆင်းရဲအံ့၊ အနုပညာသည် မမ၊ ညီမလေးများသည် အ၀တ်အထည် ရှားပါးလာသဖြင့် ရင်လျားအ၀တ် ၀တ်ဆင်ကာ အထက်ပလာ ဖော်ကြအံ့။
ပြည်ပဒီမိုကရေစီဘက်တော်သားများ အဖို့မူ ဒိုနာအလိုကျ ရွေးကောက်ပွဲကို ထောက်ခံသမှုမပြုရကား ဖွတ်ကလိဒင်္ဂါး (အသပြာ)ရှားပါးလတ္တံ၊ အချို့အမ်ပီတို့သည် ၀င်ငွေမရှိ၊ ပေါင်စရာ နတ္ထိ ဖြစ်ရကား စတုတ္ထနိုင်ငံ (တမလွန်)သို့ အမြန်လားရန် လျှောက်လွှာ်တင်ကြအံ့။
ထို့ကြောင့် မြန်မာပြည်တ၀ှမ်းလုံး မိုးခေါင်အံ့၊ ပြည်သူအများတို့သည် စားဝတ်နေရေး လုံးပန်းရသဖြင့် ရွေးကောက်ပွဲကို စိတ်မ၀င်စားပဲ ရှိအံ့၊
ဤကား ဗေဒက၀ိန် - ဆရာ စိန်ပလိန်တိန်ဂိန်၏ နယူးရီးယား မဟာ ဟောစာတမ်းကြီးပေတည်း။

***
ဗေဒက၀ိန် -စိန်ပလိန်တိန်ဂိန်***

သက္ကရာဇ် (၂၀၁၀)ခုနှစ်သည် အရေးကြီးသော နှစ်ဖြစ်ရကား ကျွန်ုပ်တို့၏ ဗေဒက၀ိန် `ဆရာ စိတ်ပလိမ်တိန်ဂိန်´သည် ဘီယာပုလင်းကိုထောက်၍ Botton Up လုပ်ကာ ချက်ကင် လုပ်လေရာ ကောင်းကင်ရှိ နက္ခတ်တာရာ ဆဲလ်တဲလ်လိုက်ဂျိုများ၏ ဗြက္စကာကျင့်မှု၊ ဟိုနိုင်ငံ ဒီနိုင်ငံ ဟိုလိုလို ဒီလိုလို နိုင်ငံများမှ ဂျိုများကို တောင်ကြီးမြို့မှ လွှင့်တင်လိုက်သော မီးပုံးပျံများကဲ့သို့ ထင်ထင် ရှားရှားတွေ့ရှိလေ၏။ ၂၀၁၀ ခုနှစ်ကို နွားအဖွဲ့ (နအဖ)ဗလချာ ရာဇာဖြစ်သော ဂြိုဟ်ကုပ်ဒူးကြီးသည် ရွေးကောက်ပွဲ ပရာဒိုအား စီးနင်း၍ ၀င်ရောက်လာ၏။ နိုင်ငံရပ်ခြား ဓာတ်ဆီရှား၍ သော်လည်းကောင်း၊ ဓာတ်ငွေ့များကို နိုင်ငံခြားရောင်းစားပြီး မိမိအိတ်ကပ်ထဲသို့ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း (၅၀၀)ကျော် ခါးပိုက်ဆောင်`ဘုံး´ထား၍ သော်လည်းကောင်း ၄င်း၏ ပရာဒိုအား ကြုံရာဓာတ်ငွေ့ ထည့်စီးမိသဖြင့် ရွေးကောက်ပွဲတည်းဟူသော ပရာဒိုသည် ဖုတ်ချက်၊ ဖုတ်ချက်လိုက်ကာ တရွေ့ရွေ့သာ ရွေ့လျားနေလေ၏။
သို့ဖြစ်ရကာ အဖိနှိပ်ခံပြည်သူလူထုနှင့်တကွ၊ ပါတီထောင်စားမည့်သူအားလုံးသည် ရွေးကောက်ပွဲ ဥပဒေတည်းဟူသော မီးအဖွင့်ကို စောင့်မျှော်နေကြကုန်၏။
*** ဦးသုဝေသည် အထက်၊ အောက်၊ အလယ် မြန်မာပြည်တ၀ှမ်းလုံး စည်းရုံးရင်း ရွေးကောက်ပွဲဥပဒေ မီးအဖွင့်ကိုစောင့်၏။
*** ပြည်ပရောက် ဒီမိုကရေစီ ဘက်တော်သားတို့သည် ရွေးကောက်ပွဲ ဥပဒေထွက်လာသော် မိမိတို့အတွက် `Space´

များရလိမ့်မည်ဟု တရုတ်အပေါင်ဆိုင်မှ ပေသီးကိုင်တွက်ချက်ရင်း၊ ယမကာ တစ်ခွက်ပြီး တစ်ခွက်မော့ရင်း အပြန်အလှန် ငြင်းခုန်ကြကုန်၏။
*** အန်န်ဂျီအို `ဒေါ်ဒိုနာ´၏ သားများသည် ရွေးကောက်ပွဲ ဥပဒေထွက်ရှိသော် `မြန်မာပြည်သို့ ပြန်ကာ အန်န်ဂျီအိုငွေစာ:ရင်း ရွေးကောက်ပွဲဝင်ရသော်ကောင်း၏´ဟု စိတ်စောရင်း ရွေးကောက်ပွဲဥပဒေကို
ေ စာင့်လတ်၏။
*** တိုင်းရင်းသား လူမျိုးများကောင်စီ (ENC)သည် ရွေးကောက်ပွဲဝင်နည်း၊ မဲပေးနည်း နိဿရည်းကို သင်တန်းပေးရန် ဥရောပ-မြန်မာကောင်စီ (EBO)၏ ထောက်ပံ့ငွေကို စောင့်လတ်၏။
*** ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)သည် ရွေးကောက်ပွဲဝင်သင့်၊ မ၀င်သင့်ကို ရေရေရာရာ မပြော ပဲ ရှိရာကား ရွေးကောက်ပွဲ ဥပဒေမှာ ငါတို့အား နအဖက ဖိတ်ကြားလာနိုင်ဟု…
- ၀န်ကြီးချုပ်သည် သူ၏ (၆၀)ကျော်မှ ကံပေါ်၍ ရသော `ဧကပုတ္တံ´ကို ထိန်းရင်း စောင့်၏။
- ဘဏ္ဍာရေးဝန်ကြီး တဖြစ်လဲ နိုင်ငံခြားရေးဝန်ကြီးသည် စက္ကူပေါ်က ဂဏန်းတွက်ချက်ရင်းစောင့်၏။ ကာရာအိုကေဆိုရင်း၊ နိုက်ကလပ်တက်ရင်း `ရွေးကောက်ပွဲသည် ဂုဏ်သိက္ခာရှိပါစေ´ဟု အော်ဟစ်၏။
- ပညာရေးဝန်ကြီးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားကျောင်းများသို့ တစ်ခေါက်မျှ မရောက်ဖူးရကား ဆရာအသင်းမှ အတွင်းရေးမှူးဟောင်းထံသို့ လမ်းကြောင်းတောင်း၊ ကွင်းဆင်းရောက်ရှိကာ စောင့်၏။ ထို့အပြင် ဗုဒ္ဓဂါယာ သွားကာ ဘုရားမှာ ဆုတောင်းရင်းစောင့်၏။
- နယ်စပ်ရုံးဝန်ကြီးသည် မည်သူမျှမခိုးရပဲ ရုံးပျောက်သွားသဖြင့် အိမ်တွင် ရုံးဖွင့်ထားရင်း ရွေးကောက်ပွဲပြီးသည် ရှိသော် ဖက်ဒရယ် အထောက်ပံ့ငွေ တောင်းကာ တိုင်းရင်းသားမဟာမိတ်များအတွက် ထောက်ပံ့ငွေများကို အန်န်ဂျီအိုထံမှ ရရန်မရှိဟု မချိတရိစဉ်းစားရင်း ရွေးကောက်ပွဲဥပဒေကိုစောင့်၏။
- အနောက်ဖက်လွန်ဝန်ကြီးသည် ရွေးကောက်ပွဲပြီးသော် မည်သည့် တတိယနိုင်ငံသို့ ယွန်းရမည်နည်း ဆိုသည်ကို ကြိုတင်စဉ်းစားရင်းစောင့်၏။
- ဘန်ကောက်ရုံး ၀န်ကြီးသည် ရွေးကောက်ပွဲလွန်ကာလ၌ နားခိုမည့် အမေရိကန်ပြည်ထောင်စုသို့ မည်သည့် မဟေသီ (ပြည်တွင်းမှာ ၂-ဦး + ပြည်ပမှာ ၂-ဦး)အနက် မည်သည့် မဒီသက်ထားကို ခေါ်ဆောင်လျှင် ကောင်းမည်နည်းဟု စောကြောရင်း USA သွားစဉ် မဟားဒရား ခုန်ချရင်း စောင့်၏။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) သည် ရွေးကောက်ပွဲ မ၀င်သင့်၊ ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တဖွဖွအော်ဟစ်ရင်း ရွေးကောက်ပွဲ ပြီးလျှင် မိမိတို့ ဇီဝန်ကြွေ နတ်သက်ချောမည်ကို သိနေသဖြင့် ထ္မင်းမ၀ တစ်ဝစားရင်း၊ ဓာတ်ဆီဖိုးခါလီပြရင်း ညှိုးငယ်သောမျက်နှာထားကိုယ်စီနှင့် ရွေးကောက်ပွဲကိုစောင့်၏။
- အန်န်စီယူဘီသည် ခိုင်မာကျယ်ပြန့်သော တပ်ပေါင်းစုဖြစ်လာရန် စောင့်ရင်း မိမိနှင့် ပုခုံးချင်းယှဉ်၊ လက်တစ်မောင်းလှဲရန် စိန်ခေါ်လာကြသော တပ်ပေါင်းစုငယ်များကို စောင့်ကြည့်လျက် မိမိ၏ ညီလာခံကို နောက်ဆုတ်ကာ မိမိ၏ သက်တမ်းရှည်လာမှုကို ပီတိဖြစ်နေလေ၏။
- `ဗိုလ်ဗိုက်ပူ´သည် အဲန်န်စီယူဘီ ညီလာခံတွင် မိမိအား ရွေးမှ ရွေးပါ့မလားဟု ပူပန်ရင်း နှလုံးလေခရကား ဟ`တူမချောတို့၏ အပြုအစု´ကို ခံယူကာ ရွေးကောက်ပွဲ ဥပဒေကို စိတ်မ၀င်စားနိုင်သေး။
- အဲန်စီယူဘီညီလာခံကို လာမည့် ၂၀၁၀ ခုနှစ် သင်္ကြန်တွင်း၌ ကျင်းပရန်ရှိ၏။ သို့မှသာလျှင် `ဗြဟ္မာကြီး ဦးခေါင်း´ကို `ဦးမောင်မောင်မှ ပြည်သစ်ညွန့်ဝေ ထံသို့ လွှဲပြောင်းလတ္တံ´ဟု ဗေဒင်ဟောကိန်း အတိအကျ ရှိရကား ညီလာခံ၌ ကုန်ကျမည့် အသပြာကို စောင့်ရင်း ရွေးကောက်ပွဲ ဥပဒေကို စိတ်မ၀င်စားနိုင်သေး။ ထိုသို့ မေတ္တာပို့သံ၊ စောင့်ကြိုသံ တညံညံတို့ကြောင့် လည်းကောင်း၊ နိုင်ငံတကာ၏ တွန်းအား၊ ဆွဲအားတို့ကြောင့်လည်းကောင်း၊ ရွေးကောက်ပွဲ ပရာဒိုကားကို မောင်းလာသော ဂျိုကုပ်ဒူးကြီးသည် ရွေးကောက်ပွဲပြီးလျှင် မိမိသမ္မတ ဖြစ်မည်ကို တွေးမိပြီး သကာလ ၀တပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့တို့ကြားအောင် တဒက်ဒက်၊ တဒိုင်းဒိုင်း ခြိမ်းခြောက်ကာ (၂၀၁၀)သို့ ချင်းနင်းဝင်ရောက်လာလေ၏။
ထိုသို့ဖြစ်ရကား (၂၀၁၀) ရွေးကောက်ပွဲသည် လာမည့်နှစ် တန်ဆောင်မုန်းလ၌ ကျင်းပလတ္တံ၊ ရွေးကောက်ပွဲ ဥပဒေသည် (၂၀၁၀) မတ်လ မတိုင်မီ ထုတ်ပြန်လတ္တံ၊ ထိုအခါ ရွေးကောက်ပွဲကို `၀င်ရအံ့လော၊ ဆန့်ကျင်ရအံ့လော´ဟု လည်းကောင်း၊ မ၀င်ပါက ပါတီပြုတ်မည့်အရေး အလေးပေးပြီးဝင်ကြရန် ငြင်းခုန်ကြရင်း ၀ရုန်းသုဉ်းကား ဖိုက်ကြလျက် ပါတီများ ဗြန်းကနဲကွဲလတ္တံ၊ ရွေးကောက်ပွဲဝင်လိုသူတို့ ပါတီတွင်းမှ ထွက်ကြလတ္တံ။
`ကြာသပတေး ဂြိုလ်သည် တဖြေးဖြေး သွားရင်းမှ မြန်မြန်သွားသည်ကို တွေ့ရသဖြင့် မြန်မာပြည်စီးပွားရေးကောင်းမည်´ဟု နအဖ အလိုကျ ဂျာနယ် အချို့က ရေးသားသော်လည်း နာမည်ကျော် မီဒီယာဆရာ-စိန်စတင်း၏ သုတေသနပြုချက်အရ စပါးဈေးတက်အံ့၊ ပြည်သူတို့ ဆင်းရဲအံ့၊ အနုပညာသည် မမ၊ ညီမလေးများသည် အ၀တ်အထည် ရှားပါးလာသဖြင့် ရင်လျားအ၀တ် ၀တ်ဆင်ကာ အထက်ပလာ ဖော်ကြအံ့။
ပြည်ပဒီမိုကရေစီဘက်တော်သားများ အဖို့မူ ဒိုနာအလိုကျ ရွေးကောက်ပွဲကို ထောက်ခံသမှုမပြုရကား ဖွတ်ကလိဒင်္ဂါး (အသပြာ)ရှားပါးလတ္တံ၊ အချို့အမ်ပီတို့သည် ၀င်ငွေမရှိ၊ ပေါင်စရာ နတ္ထိ ဖြစ်ရကား စတုတ္ထနိုင်ငံ (တမလွန်)သို့ အမြန်လားရန် လျှောက်လွှာ်တင်ကြအံ့။
ထို့ကြောင့် မြန်မာပြည်တ၀ှမ်းလုံး မိုးခေါင်အံ့၊ ပြည်သူအများတို့သည် စားဝတ်နေရေး လုံးပန်းရသဖြင့် ရွေးကောက်ပွဲကို စိတ်မ၀င်စားပဲ ရှိအံ့၊
ဤကား ဗေဒက၀ိန် - ဆရာ စိန်ပလိန်တိန်ဂိန်၏ နယူးရီးယား မဟာ ဟောစာတမ်းကြီးပေတည်း။

***
ဗေဒက၀ိန် -စိန်ပလိန်တိန်ဂိန်***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)