လတ်တလောအတွင်း ဘောလုံးလောကမှသေဆုံးခဲ့ကြသူများ ကောင်းကင်ဘုံသို့ရောက်နေကြသည်။ ဘုရားသခင်က မိန်းမများအားလုံးကို စိန့်ပီတာနှင့် လိုက်သွားခိုင်းပြီးနောက် ကျန်ယောင်္ကျားအားလုံးကို မိန်းမကြောက်သူနှင့် မကြောက်သူဟူ၍ အတန်း ၂-တန်းခွဲကာ တန်းစီခိုင်းလိုက်သည်။ မိန်းမကြောက်သူများအတန်းမှာ အံ့သြစရာကောင်းအောင် ရှည်လျားလှသည်။
မိန်းမမကြောက်သူဟူ၍ ပို့စ်မောက်အသင်းနည်းပြဖြစ်သူ ဂရန့်တစ်ဦးသာ ရှိနေသည်။ ဘုရားသခင်က `ကြည့်စမ်း။ မိန်းမဆိုတာက ယောင်္ကျားနောက်မှ ဖန်ဆင်းခဲ့တာ။ မိန်းမကြောက်တဲ့လူတွေ ဒီလောက်များစရာလား။ ဂရန့်ကို ကြည့်စမ်း။ ယောင်္ကျားဆိုတာကိုယ်က ဦးဆောင်တဲ့သူဖြစ်ရမှာပေါ့။ မဟုတ်ဘူးလားဂရန့်´။
ဤတွင် ဂရန့်က `ဒါတော့ ကျနော်မသိပါဘူး ဘုရားသခင်။ မိန်းမက ကျနော့်ကိုဒီမှာပဲရပ်နေဆို လို့ရပ်နေရတာပါ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ ***

No comments:
Post a Comment