ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 15, 2010

ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ် “ရရင်ရ၊ မရရင်ချ”

> ***အချိန်ကား ၂ဝဝ၅ ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။
***နေရာကား ရန်ကုန်တိုင်း၊ တွံ့တေးမြို့

အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးအောင်ဖေက ကျူရှင်မှ တပည့်တွေကို ဗိုလ်ချုပ် အောင်ဆန်း၏ ဂုဏ်ကျေးဇူးအကြောင်း ပြောပြပြီး၊ ဓာတ်ပုံကို အလေးပြုခဲ့သည်။ တမျိုး သားလုံးကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာများကို တိုင်းသူပြည်သားများက လေးစားတာ၊ အရိုအသေပေးတာ နိုင်ငံတိုင်း မှာ ဖြစ်နေကျ၊ ရှိနေကျ။ သို့ပေမယ့် စစ်အာဏာရှင်ဆိုး ဖိနပ်အောက်က မြန်မာ ပြည်မှာတော့ ဤသည်ကပင် ပြစ်မှုတခုဖြစ်သွားခဲ့ကာ ဆရာဦးအောင်ဖေ ခမျာ မတ ရားအစိုးရ၏ အမျက်တော်ရှ၊ ထောင်တွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတော့သည်။ ထောင်ဒဏ်ကား သုံးနှစ်။ ဓာတ်ပုံလေးတပုံနှင့်ပင် စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှဝန်တို မရှုစိမ့် ဖြစ်နေရပါသနည်း။ အဖြေက ရှင်းပါသည်။ ဗိုလ်ချုပ်ဆိုသော ရာထူးဂုဏ်ပုဒ်ချင်းတူပေမယ့် စိတ်ဓာတ်၊ အကျင့် စာရိတ္တ၊ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များက ဆီနှင့် ရေပမာ၊ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်ကိုး။

ယနေ့ခေတ်စစ်အာဏာရှင်များ သူတို့ပခုံးနှင့်ရင်ဘတ်ပေါ်တွင် မည်၍မည်မျှများပြားသော တံဆိပ်ကြီးများ၊ ရာထူးဂုဏ်ဆောင်များ တပ် ဆင်ကာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသည်သော အမည်နာမတို့ကို ခံယူထားစေကာမူ “တို့ဗိုလ်ချုပ်”ဟု လူထုက ကြည် ညိုလေးစားစွာ အခေါ်ခံခဲ့ရသူကတော့ မြန်မာပြည်တွင် တဦးတည်းသာ ရှိခဲ့ပါသည်။ ထိုသူကား

သခင်အောင်ဆန်း (ဝါ) ဗိုလ်ချုပ် အောင်ဆန်း။ မြန်မာတမျိုးသားလုံးကို ကျွန်ဘဝမှ ကယ်တင်ခဲ့သူ၊ ကိုယ်ကျိုးမဖက်ပဲ လူထုအကျိုးကိုသာ သယ်ပိုးခဲ့သူ၊ နယ်ချဲ့ အစိုးရ တို့ နည်းမျိုးစုံဖြင့် သွေးခွဲနေသည့်ကြားမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ကျဉ်းနိုင်ခဲ့သူ၊ မြန်မာပြည်သူတို့အတွက် အ သက်နှင့် ဘဝကို စွန့်လွှတ်ခဲ့သည့် တကယ့်ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတယောက်။

မြန်မာပြည်ကြီး ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်း၍ သူ့ကျွန်ဘဝသို့ အလုံးစုံ ကျရောက်ပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်ကာလတခုတွင် မြန်မာပြည်အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ သူရဲကောင်း တဦး ဖွားမြင်လာခဲ့သည်။ အချိန် အတိအကျဆိုလျှင်တော့ (၁၉ ၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။ “ခေါင်းဆောင်ဟူသည် မွေးရာပါဖြစ်သည်” ဟု အချို့သော ခေါင်းဆောင်မှုပညာ လေ့လာသူ သု တေသနပညာရှင်များက ဆိုကြပါသည်။ အချို့ကလဲ “ခေါင်းဆောင်မှုဟူသည် လေ့ကျင့်ယူ၍ ရသည်”ဟု ဆိုကြသည်။ အဆိုပါ ပညာ ရှင်တို့သည် ဗိုလ်ချုပ်ကိုကား မွေးရာပါခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား။ လေ့လာလေ့ကျင့်မှုမှ တိုးတက်လာသော ခေါင်း ဆောင်ဟု သတ်မှတ်ကြမည်လား မသိ။ ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုကို ခေါင်းဆောင်မှုပညာရပ်ရှုထောင့်မှ ဆန်းစစ်ထားသော စာ တမ်းများကား ပေါ်ထွက်လာခြင်း မရှိသေး။ မည်သို့ဆိုစေ ခေါင်းဆောင်ကောင်း အရည်အချင်းရှိ၍ လူထုက ခေါင်းဆောင်အဖြစ် အသိ အမှတ်ပြု တင်မြှောက်ခြင်း ခံခဲ့ရကဲ့သို့၊ လူထု၏ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်စွာ ခေါင်းဆောင်ကောင်း ပီသခဲ့သူ ဖြစ်သည်မှာကား သိ သာထင်ရှားလှပါသည်။

ခေါင်းဆောင်တယောက်၏ တာဝန်ယူမှု၊ တာဝန်သိမှုနှင့် မိမိခေါင်းဆောင်နေသည့် လုပ်ငန်းဆောင်တာ အပေါ်တွင် ထားရှိသော သစ္စာ တရားတို့ကို ဗိုလ်ချုပ်ထံတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပါသည်။ အထင်ရှားဆုံး ဥပမာ သာဓကတခုကား “ငရဲခွေးကြီး လွတ်နေ ပြီ” ဆောင်းပါး ဂယက်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဘ၀၏ တာဝန်ယူမှုနှင့် သစ္စာရှိမှု။ ကျောင်းသားဘ၀တွင် ရန် ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အလုပ်မှုဆောင် ကော်မတီဝင်ဖြစ်လာခဲ့ပြီး၊ သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်း၏ အယ်ဒီတာဖြစ် လာခဲ့သော အချိန်ကာလတွင် တာဝန်ယူထားသော အလုပ်နှင့် ရဲဘော်ရဲဘက်အပေါ်တွင် ထားရှိသော သစ္စာတရား၊ စွန့်လွှတ်အနစ် နာခံသည့် ခေါင်းဆောင်ပီသသော စိတ်ထားကား ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပါသည်။

(၁၉၃၆) ခု၊ ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းပါ “ငရဲခွေးကြီးလွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်သည့် အာဏာဖီဆန်ရေး ဂယက် ကြီး ပေါ်ထွက်လာခဲ့ပါသည်။ ဆောင်းပါးရေးသူ၏အမည်ရင်းကို တက္ကသိုလ်အာဏာပိုင်တို့က မေးမြန်းစစ်ဆေးသော်လည်း ကျောင်း သားခေါင်းဆောင် ကိုအောင်ဆန်းသည် တာဝန်ခံအယ်ဒီတာ ပီသစွာ ဆောင်းပါးရေးသူ၏ အမည်ရင်းကို ထုတ်ဖော်မပြောခဲ့။ ရဲဘော် ရဲဘက် အချင်းချင်းအပေါ်တွင် သစ္စာစောင့်သိခဲ့သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ အာဏာပိုင်တို့၏ ကျောင်းမှထုတ်ပယ် အရေး ယူမှုကို ကျေနပ်စွာ ခံယူခဲ့သည်။ မခံရပ်နိုင်သူများက အချင်းချင်း သစ္စာစောင့်သိတတ်သည့် တက္ကသိုလ်ကျောင်းသားများ။ ကျောင်း သားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရမှုကို “ငါနှင့်မဆိုင်၊ ငါဘီအေ၊ ဘီအယ်လ်၊ အိုင်စီအက်စ်ရပြီး အရေးပိုင် ဖြစ်ရင်ပြီးရော” ဟူသည့် စိတ်ထားမျိုး မထားခဲ့ကြ။ ကိုယ်ကျိုးရှာရုန်းထွက်လိုစိတ်တွေ မမွေးခဲ့ကြ။ လက်သည်းဆိတ်လျှင် လက်ထိတ် နာ ဆိုသကဲ့သို့ ဝန်းရံပေးခဲ့ကြပြီး၊ ကျောင်းသားသပိတ် အရေးတော်ပုံကြီးပင် ဖြစ်လာခဲ့ရသည်။ “စုစည်းမှုတရပ်ဆီမှ ထွက်ပေါ်လာ သော အင်အားတရပ်ကို အဘယ်သို့သော အာဏာပိုင်သည် မာန်တင်းခံနိုင်ပါအံ့နည်း”။ နောက်ဆုံးတော့ အာဏာပိုင်များ အလျှော့ ပေးကာ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

အရေးကြုံလာသော အခြေအနေနှင့် အချိန်အခါတွင် ကိုယ်လွတ်မရုန်းတတ်သော သူများကိုသာ လူအများက ခေါင်းဆောင်ကောင်း အဖြစ် အထင်ကြီး လေးစားတတ်ကြသည်မှာကလဲ လူ့သဘာဝ။ ခါတော်မီခေါင်းဆောင်နှင့် လူအများရင်ထဲကို စွဲစွဲမြဲမြဲ စူးစိုက်ဝင် ရောက်နိုင်သည့် ခေါင်းဆောင် တို့၏ တန်ဖိုးက တခြားစီဖြစ်သည်။ ခေါင်းဆောင်ဟူသည် ဆုတ်ခွာချိန်တွင်ပင် နောက်လိုက်များကို စွန့် ခွာမထားခဲ့ရ။ ပြေးဖို့ လိုအပ်လျှင်လဲ ကိုယ်လွတ်ရုန်း မပြေးရ။ ထမ်းပိုးပြေးသင့်လျှင်ပင် ထမ်းပိုးပြေးရမည်။ တာဝန်ခံရမည်။ တာဝန်ယူ ရမည်။ အနစ်နာခံရမည်။ “နောက်ကျခြေထောက်၊ သစ္စာဖောက်” ဆိုပြီး အရေးကြုံသည့်အချိန်တွင် စွန့်ခွာ ပြေးတတ်သူများကို ခါ တော်မီ ခေါင်းဆောင် ဖြစ်နေစေကာမူ ခေါင်းဆောင်ကောင်းအဖြစ် လူအများက သတ်မှတ်လေ့မရှိကြ။ ကျောင်းသားခေါင်းဆောင် ကို အောင်ဆန်းကား ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းနှင့် သတ္တိသွေးတို့ ပြည့်စုံလှသည်ဖြစ်ရာ ကျောင်းသားခေါင်းဆောင် ဘ၀မှ အမျိုးသားခေါင်းဆောင်အဖြစ်သို့ တမုဟုတ်ချင်း ရောက်ရှိလာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ၊ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအ တွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ရန် လူအများက ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ထိုမှတဆင့် တို့ဗမာအစည်းအရုံးဝင် ဖြစ်ကာ သခင်အမည်ခံယူ၍ သခင်အောင်ဆန်းဟူ၍ မြန်မာပြည်တဝှမ်းဝှမ်း ဟိုးဟိုးကျော်လာသောအခါတွင်ကား နယ်ချဲ့တို့ လျစ်လျူ မရှုရဲကြတော့။ ဆုငွေထုတ်၊ ဖမ်းဝရမ်းထုတ်ကာ အပူတပြင်း လိုက်လံဖမ်းဆီးကြတော့သည်။

သခင်အောင်ဆန်းကား ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆက်စပ်စဉ်းစားနိုင်သော အမြော်အမြင်ရှိသည့် ခေါင်းဆောင်ကောင်း တဦး လည်းဖြစ်သည်။ မည်သို့သောအခြေအနေတွင် မည်သည့်တိုက်ပွဲဝင်ပုံစံကို အကောင်အထည်ဖော်ရမည်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိ သည်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ချပြဆွေးနွေးပြီး၊ သဘောတူဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင် စွမ်းလည်းရှိသည်။ လူအများနှင့် ချပြဆွေးနွေးရာတွင် လှေကားချ စည်းရုံးနိုင်စွမ်း ရှိရမည်။ “ငါသိ၊ ငါတတ်” သဘောမျိုးနှင့် အပေါ်စီး က ဆွေးနွေးတတ်သူကို မည်သူမှ ခေါင်းဆောင်ကောင်း မသတ်မှတ်။ “ငါ့စကားနွားရ” ပြောတတ်သူဟုသာ သတ်မှတ်ပြီး ရှောင်ဖယ် သွားလေ့ ရှိကြသည်။

သခင်အောင်ဆန်းကား အားတက်သရော ငြင်းခုန်ဆွေးနွေးတတ်သော်လည်း အချက်အလက်နှင့် ဆွေးနွေးတတ်သူဖြစ်သည်။ တောင် စဉ်ရေမရ ပြောချင်ရာ၊ ပြောနေတတ်သူ မဟုတ်။ မြန်မာလူ့ဘောင်၏ အခက်အခဲနှင့် အခြေအနေကို နားလည်သကဲ့သို့၊ ကမ္ဘာ့အခင်း အကျင်းကိုလဲ နားလည်ခဲ့သူ ဖြစ်သည်။ ကမ္ဘာစစ်ဖြစ်ပွားနေသော ခေတ်အခါသမယတွင် လက်နက်ဆို၍ အပ်တိုတချောင်းပင် ကိုင် ဆောင်ခွင့်မရသော မြန်မာတို့အဖြစ်၊ တနေ့တခြား လုံးပါးပါးတော့မည်ကို သူနားလည်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေးမလုပ်ပဲ နယ်ချဲ့စနစ်ကို သုတ်သင်နိုင်မည်မဟုတ်ကြောင်း သိမြင်သည်။ ဤသို့သောအကြောင်းများဖြင့် ရဲဘော်သုံးကျိပ်ပေါ်လာခဲ့ကာ မြန်မာ့ လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မွေးဖွားလာခဲ့ရသည်။ သခင်အောင်ဆန်းသည် မြန်မာ့တပ်မတော်၏ ဖခင်ရင်းအစစ်။

နယ်ချဲ့ထွက်ပြီး၊ ဖက်ဆစ်ဝင်လာ၍ မင်းသားရုပ်ကိုခွာကာ ဘီလူးရုပ်ကို လှစ်ပြပြန်တော့လဲ ဖက်ဆစ်ပေးထားသော ရာထူးစည်းစိမ်တို့ တွင် မွေ့လျော်ခြင်းမရှိ။ ပြည်သူ့မျက်နှာ တမျက်နှာတည်းကိုသာ ကြည့်ခဲ့သည်။ ပြည်သူ့သစ္စာကိုသာခံယူခဲ့သည်။ နိုင်ငံတကာ အခြေ အနေကို စောင့်စားခဲ့သည်။ အချိန်အခါကောင်းကိုစောင့်၍ ဂျပန်တို့ ကမ္ဘာစစ်တွင် အရေးနိမ့်စ ပြုလာသောအချိန်တွင်မှ လှည်းနေလှေ အောင်း၊ မြင်းဇောင်းမကျန်လူထု တရပ်လုံးပါဝင်သည့် ဖက်ဆစ်တော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွှဲခဲ့သည်။ အခွင့်အခါကောင်းကို စနစ်တကျ အသုံးချတတ်ခဲ့သူ ဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေးအပြီး၊ ဖတပလမှ အမည်ပြောင်းလာသော ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရပြီး မြန်မာ့ လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းဝင် အောင်ဆန်း၊ အက်တ လီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်မနှင့် တောင်တန်းသားများ သွေးစည်းညီညွတ်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးကာ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

တောင်တန်းဒေသများတို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့သည်။ ဗိုလ် ချုပ်ကျဆုံးပြီး နောက်တနေ့၌ ဒူးဝါးကြီးဆမားဆင်ဝါနောင်သည် တာဝါလိမ်းအိမ်ရှိ ဗိုလ်ချုပ်ရုပ်ကလာဘ်ကိုကြည့်ပြီး မျက်ရည်ပေါက် ကြီးငယ်ပင် ကျခဲ့သည်။ ဤမျှအထိ တောင်တန်းသား ခေါင်းဆောင်ကြီးများ၏ ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သူဖြစ်သည်။ ဖက်ဆစ် တော် လှန်ရေးတွင် ဂျင်းဖော၊ ကရင်၊မွန်၊ချင်း၊ သျှမ်းစသော တိုင်းရင်းသားများအားလုံး ဗမာများနှင့်အတူ လက်တွဲပါဝင်ခဲ့ပုံနှင့် ပတ်သက်၍ ဦးပုကလေးရေးသားသော “ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” စာအုပ်တွင် “ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဥာတိအစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်ကမှ မငဲ့ညှာပဲ အဂတိတရားကင်းရှင်းစွာ ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးလိမ့်မည်ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစု တိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက်ရှိလေပြီ” ဟူ၍ ဗိုလ်ထွန်းလှက နိဒါန်းရေးထားခဲ့လေသည်။

ထိုသို့ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ ချစ်ခင်လေးစား၊ အားကိုးအားထားခြင်းကို ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းကား ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူများ လက်ချက်ကြောင့်၊ အခြားအစိုးရအဖွဲ့ဝင် ခေါင်းဆောင်ကြီးများ၊ သက်တော်စောင့် ကို ထွေးတို့နှင့်အတူ ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်ကား သူချစ်သော မြန်မာပြည်သူပြည်သားတို့အတွက် သူ၏ အသက်ခန္ဓာကို ပေးလှူ သွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာ ဗိုလ်ချုပ်ကျေးဇူးကြီးမားပေစွတကား။

သို့ပေမယ့် ကျေးဇူးဟူသည် ကျေးဇူးသိနေရုံနှင့် မပြီးသေး။ “ဗိုလ်ချုပ်ပုံကို အိမ်မှာချိတ်ကာ နေ့စဉ်ထိုင်ကန်တော့ပါသည်၊ ဗိုလ်ချုပ်မွေး နေ့တိုင်း အခမ်းအနားတွေ ကျင်းပပါသည်” ဆိုသည်က ကျေးဇူးသိတတ်မှုမျှသာ ဖြစ်သည်။ ကျေးဇူးဆပ်ခြင်းကား မဟုတ်။ ကျေးဇူးသိ လျှင် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြဖို့လိုသည်။

ဗိုလ်ချုပ်၏ ကျေးဇူးအားဆပ်ရန်နှင့် ပတ်သက်၍ ဆရာကြီးရန်အောင်က ...

“မြန်မာပြည်ဖွား၊ ပြည်ထောင်သားတို့
ကွဲပြားမရှိ၊ မြင်လိုဘိ၏။
နတ္ထိဝမ်းစာ၊ စုတ်ချာအိုးအိမ်
ရောင်မှိန်အဝတ်၊ မွဲငတ်အလုပ်သမား
လယ်သမားတို့၊ ဖွံ့ထွားချမ်းသာ
ဆန္ဒာတောင့်တ၊ တွေ့လိုလှ၏။
မွေးဖဗိုလ်ချုပ်
အားထုတ်တောင့်တ၊အဝဝကို
စေ့ငပြီးပြေ၊ ဆောင်ရွက်လေလျှင်
မည်ပေကျေးဇူးဆပ်ခြင်းတည်း”
ဟု စပ်ဆိုခဲ့လေသည်။

ယခုကား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ အနှစ်ခြောက်ဆယ်ကျော် ခဲ့လေပြီ။ သူအသက်ပေးပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေးအရသာကို သူချစ်သော တိုင်းရင်းသားပြည်သူများကား ယခုအချိန်ထိ မခံစားကြရသေး။ ဤအဖြစ်ကို သာ တမလွန်မှ တွေ့မြင်နေပါက မည်မျှ ဝမ်းနည်းနေရှာမည်မသိ။ သူတည်ထောင်ခဲ့သော ပြည်သူ့တပ်မတော်ကြီး၊ စစ်အာဏာရှင် လက်ကိုင်ဒုတ် လူသတ်စစ်တပ်ကြီးအဖြစ်သို့ အသွင်ကူးပြောင်းနေသည်ကို ကြည့်ရင်းဖြင့်လည်း မည်မျှ နှမြောတသ ဖြစ်နေမည်မသိ။ သူမြင်တွေ့လိုသော ပြည့်စုံကုံလုံသည့် မြန်မာပြည်သူပြည်သားတို့ဘဝမှာ အာဏာရှင် လက်ပါးစေများကြောင့် မသေချာမရေရာ၊ ပုံပြင် ပမာဖြစ်နေရသည်ကို တွေ့မြင်ရင်း မည်မျှ ယူကြုံးမရ ဖြစ်နေရှာမည်မသိ။ (၁၉၈၉) ခုနှစ်က သူကျဆုံးခဲ့သော အာဇာနည်နေ့ အထိမ်း အမှတ် နှစ်ပတ်လည် ချီတက်ပွဲအား ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံအထွက်၊ ဗီယက်နမ်သံရုံးရှေ့တွင် အာဏာရှင်များက ပိတ် ဆို့တားဆီး၊ ဝိုင်းဝန်းရိုက်နှက်သဖြင့် သွေးချောင်းစီးဖြစ်ခဲ့ရသည်ကို ကြည့်ရင်းဖြင့် လူထုကြီးကိုယ်စား မည်မျှ ဒေါသထွက်နေရှာမည် မသိ။

မည်သို့ဆိုစေ သူသာ သက်ရှိထင်ရှား ရှိနေသည်ဆိုပါက ဒီမိုကရေစီတိုက်ပွဲဝင်နေကြသော မြန်မာပြည်သူလူထုကြီးအား စကားတ ခွန်းတော့ သေချာပေါက်မှာလိမ့်မည် မလွဲပါ။ ဤအရာသည် ...
“ရရင်ရ၊ မရရင်ချ”
မှလွဲ၍ မည်သည်များ ဖြစ်နိုင်ပါဦးမည်နည်း။

***ခင်မမမျိုး***
(၂၀၀၇) ခုနှစ်က ရေးသားဖြန့်ဝေထားသော ဆောင်းပါးဟောင်း တပုဒ်ဖြစ်ပါသည်။

***အချိန်ကား ၂ဝဝ၅ ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)